Saturday, March 30, 2013
မန္တလေးမြို့မှယဉ်ပိုင်ရှင်များ ပြောပြချက်
ပြင်ဦးလွင် တသန ဗိုလ်ကတော် တစ်ဦး၏ တောင်းပန် အသိပေးစာ
အကူညီတောင်းစာ
အယ်ဒီတာ ခင်ဗျား
ကျနော် အားကိုးကြီးစွာဖြင့် စာရေးလိုက်ပါတယ်။ ကျနော်က သိပ္ပံ နှင့် နည်းပညာ ကျောင်းသား တစ်ယောက်ပါ။ ကျနော် အခု ME(Master of Engineering ) သင်တန်းကို မန္တလေး နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေဆဲ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျနော်တို့ကျောင်းက ရန်ကင်းတောင် အနားမှာ ရှိတဲ့ ကျောင်းပါခင်ဗျာ။ ကျနော်တို့ ခံစားနေရတဲ့ ပြသနာက နေ့စဉ်နှင့် အမျှပြောင်းလဲနေသော သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးတို့ရဲ စည်းကမ်းတွေပါ။ ကျနော်တို့ ကျောင်သားတွေဟာ ကျောင်းမှစစ်ဆေးသော 2 လတစ်ကြိမ်စာမေးပွဲကို 2 လပြည့်တိုင်းဖြေဆိုကြရပါတယ်။ ထိုသို့ စစ်ဆေးသော စာမေးပွဲတွင် 2 ခါဆက်တိုက် သို့မဟုတ်၊ ခုန်ကျော် ပြီး 3 ကြိမ်ဆက်တိုက်ကျရင် ကျောင်းထုတ်ခံရမည် ဆိုသော စည်းကမ်း ကို ထုတ်ပြန်ထားသော် လည်း ထိုစစ်ဆေးသော စာမေးပွဲသည် ယခင်က ပုံမှန် သင်တန်းသား ကို စစ်ဆေးလေ့မရှိပါ။ Inservice ဟုခေါ်သော သိပ္ပံ နှင့် နည်းပညာ ၀န်ထမ်းမှ တာဝန်ထမ်းဆောင် ရင်း ကျောင်းလာတက်တဲ့ ဆရာ ဆရာမတွေကိုသာ စစ်ဆေးလေ့ ရှိသော စာမေးပွဲ ဖြစ်ပါသည်။ 2012 နှစ်မှစတင်ပြီး ပုံမှန် (Regular) နှင့် (inservice )တို့ပေါင်းသင်ရမည် ဆိုသော စည်းကမ်း စတင်ချမှတ်ခြင်းဖြစ်ပါတယ်။ နောက်ပြီး ထို 2လ တစ်ကြိမ်စာမေးပွဲသည် နိုင်ငံခြားသို့ ပညာတော်သင်သွားမယ့် ဆရာ ဆရာမ တွေကို သာ စစ်လေ့ရှိတဲ့ စာမေးပွဲလို့ ဆရာမတွေ ဆီက တစ်ဆင့်သိခဲ့ရပါတယ်။ သိုသော်လည်း 2 လတစ်ကြိမ်စာမေးပွဲဖြေဆိုခြင်းကို အပြစ်ပြောခြင်း မဟုတ်ရပါ။ ဆက်တိုက်ကျသဖြင့် ထုတ်ခံလိုက်ရသော အကြောင်းအရာ ကိုသာ ပြောပြချင်ပါတယ်ခင်ဗျာ။ ခုကျနော် ပေးပို့လိုက်သော စာမှာ လွတ်တော်ကိုယ်စားလှယ်တစ်ဦး ထံ အကူညီတောင်းပြီး ကျနော်တို့ရဲ အခက်အခဲကို လွတ်တော်တင်ပြပေးရန် အကူညီတောင်းစာဖြစ်ပါတယ် ခင်ဗျာ။
သို့
ဒု- ညွှန်ကြားရေးမှုးချုပ်
လွှတ်တော်ရုံး
နေပြည်တော်။ နေ့ စွဲ။ ။ ၂၀ - ၁၁ - ၂၀၁၂ ။
အကြောင်းအရာ။ ။ မန္တလေးနည်းပညာတက္ကသိုလ် မဟာ အင်ဂျင်နီယာနှင့် မဟာသိပ္ပံသင်တန်းတွင်
တက်ရောက်နေသော လပတ်စာမေးပွဲ (၂ ) ခါကျ၊ သင်တန်းရပ်နားစေခြင်း ပြစ်
ဒဏ်နှင့်ပတ်သက်၍ ကျောင်းသားများ၏အသနားခံစာနှင့်ပတ်သက်၍မေးခွန်းမေး
မြန်းလိုခြင်း။
ရည်ညွှန်းချက် ။ ။ (၁၉-၁၁- ၂၀၁၂) နေ့စွဲပါ၊ သင်တန်းသူ/သင်တန်းသား ၁၅၂ ယောက်လက်မှတ်
ရေးထိုးလျက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ( )ထံ ပေးစာ။
၁။ မန္တလေး နည်းပညာတက္ကသိုလ် မဟာအင်ဂျင်နီယာ နှင့် မဟာသိပ္ပံသင်တန်း Course work နှင့် Thesis ကျောင်းသူ/ ကျောင်းသားများ၏ (၂) လတစ်ကြိမ်ဖြေဆိုရသောလပတ်စာမေးပွဲ (၂) ခါကျရှုံးလျင် တက်ရောက်နေသော သင်တန်းမှရပ်နားစေသည့်ပြစ်ဒဏ်ကြောင့် ယခုနှစ်တွင်သင်တန်းသူ/သင်တန်းသား ၇၁ ယောက်မှာ သင်တန်းမှထွက်ရတော့မည့်အရေးနှင့်ရင်ဆိုင်နေရပါသည်။ ထိုစနစ်မှာ ယခင်နှစ်များက အစိုးရအ လုပ်ဝင်ရောက်လုပ်ကိုင်နေသော (In-service) သင်တန်းသားများအပေါ်တွင်သာကျင့်သုံးခဲ့သော်လည်း ယခု နှစ်တွင်မှစတင်ကာ သင်တန်းသားအားလုံးအပေါ် ထိုစနစ်ကိုကျင့်သုံးခြင်းဖြစ်သည်ဟုသိရပါသည်။
၂။ ထိုလပတ်စာမေးပွဲကိုဖြေဆိုရခြင်းမှာ English ဘာသာရပ်ကို (4 skills) ကျွမ်းကျင်အောင်အ တွက်၎င်း၊ ကျောင်းသူကျောင်းသားများ၏အရည်အချင်းကိုမြှင့်တင်ရန်အတွက်၎င်း၊ ရည်ရွယ်ခြင်းဖြစ်၍ကောင်း မွန်ပါသော်လည်း Course work နှင့် Thesis ကျောင်းသူကျောင်းသားများအတွက် အဓိကဘာသာရပ်များမ ဟုတ်ကြသဖြင့် ယခင်က ပုံမှန်တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများမှာ ဖြေဆိုခဲ့ရခြင်းပင်မရှိပါ။
၃။ သို့ဖြစ်ပါ၍ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အဓိကဖြစ်သော နှစ်ဝက်စာမေးပွဲကိုအောင် မြင်အောင်ဖြေဆိုနိုင်ရေးအတွက်လုံးပမ်းနေရခြင်း၊ Thesis ကျောင်းသူ/ကျောင်းသားများမှာ သုတေသနလုပ် ငန်းပြီးမြောက်ရန်အချိန်(၇) လသာလိုတော့ခြင်း စသည်တို့ကြောင့် ထိုနှစ်လတကြိမ်ဖြေဆိုရသော စာမေးပွဲ များကို များစွာအာရုံမစိုက်နိုင်ကြပါ။ ထို့ပြင် သင်တန်းတက်ရောက်သည့်အခါ အပြင်ဆောင်တွင်နေထိုင်ရသ ဖြင့် သွားရေးလာရေးခက်ခဲခြင်း၊ နည်းပညာတက္ကသိုလ်အသီးသီးမှ မန္တလေးနည်းပညာတက္ကသိုလ်သို့ စုပြုံ ပြောင်းရွှေ့လာနေရသဖြင့် ဘာသာရပ်အပြောင်းအလဲရှိခြင်း၊ အမှတ်ပေးစည်းမျဉ်း မည်သို့ရှိသည်ကိုမသိခြင်း စသည့်အခက်အခဲများလည်းရှိကြောင်းသိရပါသည်။
၎။ ကမောက်ကမအနိုင်ဆုံးဖြစ်ရပ်မှာ Course work ကျောင်းသူ/ကျောင်းသားများ၏ (၂) လတကြိမ် အောင်စာရင်းမှာ နှစ်ဝက်စာမေးပွဲဖြေဆိုပြီးချိန်မှထွက်လာသဖြင့်၊ နှစ်ဝက်စာမေးပွဲအောင်မြင်ခဲ့သော်လည်း (၂) လတကြိမ်စာမေးပွဲရှုံးထားသောအချို့ကျောင်းသူ/ကျောင်းသားများမှာ သင်တန်းမှထွက်ရတော့မည်အခြေအ နေဆိုးနှင့်ရင်ဆိုင်နေရရာ သင်တန်းသားများအတွက် အချိန်/ ငွေကြေးနစ်နာဆုံးရှုံးမှုများရှိသလို၊ တိုင်းပြည်အ တွက်လည်းများစွာ လေ့လွင့်ဆုံးရှုံးနစ်နာသည်ဟု ယူဆမိပါသည်။
၅။ ယခုအခါ နိုင်ငံတော်တည်ဆောက်ရေး၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝ သော နိုင်ငံ့သားကောင်း/ သမီးကောင်းများ များစွာလိုအပ်နေသည့်အချိန်ဖြစ်ရာ သင်တန်းသူ/ သင်တန်းသား များကို သေဒဏ်အမိန့်ချမှတ်လိုက်သကဲ့သို့နလံမထူနိုင်စေသော ပြစ်ဒဏ်မျိုးမပေးဘဲ ပိုမိုသက်ညှာစွာဖြင့် ပြု ပြင်ပြောင်းလဲခွင့် ပေးသည့်ပြစ်ဒဏ်မျိုးဖြင့် အစားထိုးပေးရန်ဖြစ်နိုင်-မဖြစ်နိုင်၊ သင်တန်းရပ်စဲခံရတော့မည့် ၎င်းတို့၏ အသနားခံစာကိုစဉ်းစားပေးနိုင်-မပေးနိုင်ဆိုသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ကြယ်ပွင့်မပြ မေး ခွန်း မေးမြန်းလိုပါသည်ခင်ဗျား။
လေးစားစွာဖြင့်
-------------
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( )နယ်မဲဆန္ဒနယ်။
မိတ္တူကို - ဥက္ကဌ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ပြည်သူ့လွှတ်တော် သို့ သိရှိနိုင်ပါရန်ပေးပို့အပ်ပါသည်။
ကျနော် လွတ်တော်ကိုယ်စားလှယ်နာမည်နဲ့ မြို့နယ် မဲဆန္ဒနယ် ကို မဖော်ပြ လို့ တောင်းပန်ပါတယ်ခင်ဗျာ။
အခု ပြောင်းလဲသွားတဲ့ စနစ်က တော့ သုံကြိမ်ကျလည်း မထုတ်တော့ပါဘူး။ နောက်ပြီး ကျနော်တို့ ဖြေဆိုစဉ်က မေးခဲ့သော English Question ဟာ IELT level အကုန်လုံး နီးပါးကို ကိုကြည့်ပြီးဖြေဆိုခဲ့ရတာပါ။ Eng+ Major ကို တစ်ဘာသာ တစ်ရက် နှုန်းဖြင့် စနေ တနင်းဂနွေ နေ့ကို 2 လတစ်ကြိမ်ပြည့် တိုင်း ဖြေဆိုစေခဲ့ပါတယ်။ အဲဒီတုန်းက ကျနော်တို့ အပါအ၀င် ကျောင်းသား 200 ကျော်လောက်ဟာ Major အောင်ပြီး Eng ပဲကျ ရှုံး ခဲကြပါတယ်။ အဲလိုဖြစ်ပြီးတဲ့အထဲမှာ ကျနော်တို့ဟာ 2 ကြိမ်ဆက်တိုက်ကျသဖြင့်ကျောင်းထုတ်ခံခဲ့ရပါတယ်။ ကျနော်တို့ဟာ Inservice လို အစိုးရ ရဲ့ အထောက်အကူဖြင့်ကျောင်းတတ်ရတဲ့ကျောင်းသားတွေ မဟုတ်ရပါ။ ကျနော်တို့မိဘတွေရဲ့ သွေးနဲ့ ချွေးနဲ့ ရှာထားတဲ့ ပိုက်ဆံဖြင့် ကျောင်းတတ်ခဲ့ရတာပါ။
ရင်နာဖို့ကောင်းတာက အခုလိုမျိုး monthly test လိုTutorial လိုစစ်ပြီး ကျလို့ထုတ်ခံရတဲ့ စားမေးပွဲပါ။ နောက်ပြီး ကျောင်းတတ်ချိန်လေးလပြည့်တဲ့အချိန်မှာတော့ Midterm ဆိုတဲ့ နှစ်ဝက်စာမေးပွဲ ဖြေဆို၇ပါတယ်။ 2 လတစ်ကြိမ်၇ဲ့ ဒုတိယမြောက်စာမေးပွဲ အောင်စရင်းမထွက်ခင်မှာပဲ Midterm ဖြေဆိုခဲ့ရတာပါ။ Midterm ဖြေဆိုပြီးချိန်မှ 2 လတစ်ကြိမ်စာမေးပွဲ Result ကိုသိ၇တော့ ဆက်တိုက်ကျ ခဲ့တာကြောင့်ကျောင်းထွက်ခဲ့ရပါတယ်ခင်ဗျာ။ ကျနော်တို့ ကြိုးစားထားတဲ့ Midterm စာမေးပွဲဟာ 2 လတစ်ကြိမ်ကျခဲ့တာကြောင့် ဘာဖြစ်ဖြစ် အကျုံးမ၀င်တော့ပဲကျောင်းထွက်ခဲ့ရပါတယ်။ Midterm result သိရတော့ ကျနော် အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် 2 လတစ်ကြိမ်ကြောင့်ကျောင်းထွက်ခဲ့ရပါတယ် ခင်ဗျာ။ခုတော့ 3 ကြိမ်ဆက်တိုက်ကျလည်း မထုတ်တော့ပါဘူး။ ကျနော်တို့ ကျောင်းထွက်ပြီးနောက် Eng(IELT) ဖြေဆိုတာ ရမှတ်တွေ ဟာ ကျောင်းသားတိုင်းလိုလို 70 အထက်မှာပဲ ရှိနေပါတော့တယ်။ နောက်ပြီး ကျရှုးံသူ လည်းမရှိတော့ပါ။ ကျနော်တို့ ကိုေ ကျာင်းထုတ် ပေးခဲ့တဲ့ ဒေါ်မြမြဦး(ရန်ကုန် နည်းပညာ နှင် မန်းလေး နည်းပညာ ပါမောက္ခ) လည်း မ၇ှိတော့ပါ။ စနစ်တွေ ဟာ မနေ့ကနှင် ဒီနေ့၊ ဒီနေ့ နှင့်မနက်ဖြန်လုံးဝ မတူ တော့တဲ့ သိပ္ပံ နှင့် နည်းပညာ ၀န်ကြီး နှင့် အပေါင်းပါ တွေရဲ့ ကြားထဲမှာ မြေစာပင် ဖြစ်ခဲ့ရလို့ ရင်နာပြီး ရေးလိုက်ရတာပါ အယ်ဒီတာ ခင်ဗျာ။ ကျနော်ရေးတာ အမှာများပါသွားခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ကျနော်ရေးထားတာ အဆင်မပြေရင်လည်း ကျနော့် ရင်ဖွင့်စာလေးကိုတော့ ပြည်သူတွေသိအောင် ကူညီးပေးကြပါဗျာ။
မြို့ နယ် အုပ်ချုပ်ရေးမှူးနှင့်အရက်အတူသောက်တဲ့ လောင်းကစား ဒိုင်ကြီးများလောင်းကစားဥပဒေကင်းလွတ်ခွင့် ရသလားဟု အိမ်မဲ မြို့ ဒေသခံ များ မေးစရာ ဖြစ်ပွား
Tuesday, March 19, 2013
နိုင်ငံတော်သမ္မတကြီးထံပေးစာ
သမ္မတကြီးရှင့်
သမ္မတကြီးမှ လာဘ်ပေး၊ လာဘ်ယူ ပပျောက်စေဖို့ လုပ်ဆောင်နေတာကို ကျွန်မတို့ပြည်သူတွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ လာဘ်ပေး၊ လာဘ်ယူကိစ္စနှင့်ပါတ်သက်လို့ ရဲတပ်ဖွဲ့အတွင်းမှာ တလွဲအရေးယူမှုတခုကို အသိပေးတင်ပြလိုပါတယ်။
ရှမ်းပြည်နယ်တုန်းက လာဘ်ပေးတဲ့ကိစ္စနှင့်အစစ်ခံရသည့် ရဲမှူးကြီး ကျော်ခိုင်ဦး အား အပြစ်ပေးခံရတာ၊ အရေးယူခံရတာမရှိသည့်အပြင် ရာထူးပါတက် တိုးသွားတယ်လို့သိရပါတယ်။ သူ့ကိုတိုင်တဲ့ တိုင်စာကိစ္စအစစ်ဆေးခံရသူအားလုံး ဆိုင်သူကော၊ မဆိုင်တဲ့သူကိုပါ အရေးယူတယ်လို့သိရပါတယ်။ ရဲမှူးကြီး ကျော်ခိုင်ဦး မြန်မာနှစ်ဆန်းရက်ရောက်လာလို့ ထိုင်ကတော့ခဲ့သူတွေကိုလည်း အရေးယူခံရတယ်လို့ကြားမိပါတယ်။ တကယ်တော့ပေးကြရသူတွေမှာက မလာခဲ့ရင် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဒုက္ခပေးမှာ ပြဿနာအရှာခံရမှာကြောက်လို့ ပေးခဲ့ကြရတာ ဖြစ်မှာပါ။
ဒါတွေဟာ လာဘ်ပေး၊ လာဘ်ယူကိစ္စအတွက်မဟုတ်ပါဘူး။ ဘယ်လိုအခွင့်အရေးကို ဘယ်လောက်ဆိုပြီး ရဲမှူးကြီး ကျော်ခိုင်ဦး အား လာဘ်ကိုမရရအောင် လုပ်ပိုင်ခွင့်ကိုသုံးကာ ဖန်တီးတောင်းယူတဲ့ကိစ္စတွေပါ။ ငယ်သားတွေချည်းကိုဘဲ ဖိပြီးအရေးယူခဲ့ရင် ဒီလိုလာဘ်တောင်းတဲ့ကိစ္စတွေ ထပ်ဖြစ်နေဦးမှာပါ။ ဒါကြောင့်လာဘ်တောင်းသူကိုသာ ထိထိရောက်ရောက် အရေးယူပေးပါလို့ သမ္မကြီးထံ ရိုသေမြတ်နိုးစွာနဲ့ တင်ပြလိုက်ရပါတယ်။
အမှန်တရားကိုမြတ်နိုးသူ
Sunday, March 17, 2013
လယ်ယာမြေ၊ ရွှေထွက်မြေနှင့် ဘုရားတည်မည့်မြေများပါမကျန် သိမ်းယူနေသည့် ၀န်ကြီးချုပ်(တိုင်စာ)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ အောင်ပင်လယ်ကန်ရိုးထိပ်တွင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်သစ်ကြီး ဆောက်လုပ်ပြီးစီး၍ လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်ပါသည်။
မန္တလေးမြို့တော်ကြီးမှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တည်ဆောက်ခြင်းမှာ မဆန်းပါ။ အဲဒီဟိုတယ်ကြီး ဘယ်လိုဖြစ်လာသလဲ၊ ဘယ်သူတွေနဲ့ဆက်နွယ်နေလဲဆိုတာက ဆန်းကြယ်ပါသည်။
၎င်းဟိုတယ် ဆောက်လုပ်ထားသည့်မြေမှာ ယခင်က တောင်သူလယ်သများများ၏ စိုက်ပျိုးမြေများဖြစ်ပြီး ထိုနေရာကို ယခင် လ.ပ.ခ တိုင်းမှူး ဗိုလ်ချုပ်ကြီး ရဲမြင့်မှ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်ရန် သတ်မှတ်လျာထားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ရဲမြင့် ပြောင်းရွှေ့သွားသောအခါ ယခု လက်ရှိ ၀န်ကြီးချုပ်တာဝန်ယူ ထားသူ ဗိုလ်ချုပ် ရဲမြင့်က လ.ပ.ခ တိုင်းမှူးဖြစ်လာပါသည်။ တိုင်းမှူးဖြစ်လာသောအခါ ဘုရားမတည်ဖြစ်လိုက် သော မြေနေရာရှိကြောင်းသိရှိသွားပြီး ၎င်း၏ လူယုံတပည့်ရင်း ဦးသိန်းတန် (ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ) နှင့် ပူးပေါင်း၍ ၎င်းလယ်မြေများအား ရယူပြီး ဟိုတယ်ဆောက်လိုက်သည်။
နောက်တစ်ခုက ရွှေထွက်သည့်မြေများကိစ္စဖြစ်ပါသည်။ ၀န်ကြီးချုပ် ဦးရဲမြင့်သည် သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရွှေထွက်ရှိရာ ရွှေတောမှ မြေကွက်များကို ဦးသိန်းတန်(ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ)နှင့် ပူးပေါင်း၍ လိုက်လံသိမ်းဆည်းပြီးနောက် ၎င်း၏သားဖြစ်သူ ဗိုလ်ကြီး နိုင်လင်းအောင်အား တပ်မတော်မှထွက် စေလျက် အဆိုပါရွှေတောများကို ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်စေလျက်ရှိသည်မှာ ယခုတိုင်အောင်ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် လယ်ယာမြေ၊ ရွှေတောမြေများသာမက ယခင် တိုင်းမှူး ဘ၀တုန်းက ဒူးကြားမြေကိုလည်း သိမ်းယူခဲ့ဖူးသေးသည်။ ဖြစ်ပုံမှာ ၎င်းလက်ရှိပိုင်ဆိုင်နေထိုင်သော ဗိုလ်ချုပ်ရွာ ရှိ မြေကွက်တွင် ဒူးကြားမြေ (၁၂)ပေအား အုတ်တံတိုင်းခတ်ကာရံ၍ သိမ်းယူခဲ့သည်။ ယခု ၀န်ကြီးချုပ်ဘ၀တွင် လည်း မန္တလေးမြို့ ၆၄ လမ်းနှင့် ၃၈ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် အပိုင်း(၂)ရှိ ၎င်းပိုင် မြေကွက် (၂)ကွက်တွဲနှင့် ကပ်လျက်ရှိသော မြေကွက် (၂)ကွက်တွဲအား ၀ယ်ယူကာ ၎င်းမြေကွက်ကြားရှိ ဒူးကြား လမ်း မြေ (၁၂)ပေအား အုတ်တံတိုင်းခတ်သိမ်းယူပြီး တရားဝင်ဂရန်ရရှိအောင် မန္တလေးစည်ပင်သို့ညွှန်ကြား ခိုင်းစေခဲသည်။ မြေကွက် (၄)ကွက်တွဲကို ၀န်ကြီးချုပ်၏သမီး ဒေါ်ဖြိုးမင်းသူ အမည်ပေါက် ဂရန်ဖြစ်အောင် အာဏာကိုအလွဲသုံးစားပြုလုပ်လျက် ရယူထားရှိခဲ့သည်။
ဒူးကြားမြေများကိုသိမ်းယူစဉ်က လျှို့ဝှက်စွာလုပ်ကိုင်ခဲ့သော်လည်း လျှို့ဝှက်ချက်ပေါက်ကြားသွား ချိန်တွင် ၀န်ကြီးချုပ်မှာ လွန်စွာဒေါသထွက်ပြီး မန္တလေးစည်ပင်မှဝမ်းထမ်းများကြောင့်ဟုစွပ်စွဲကာ စည်ပင်ဝန်ထမ်း (၂၀)ကျော်ကို နေရာပြောင်းရွှေ့ခြင်း အငြိမ်းစားယူစေခြင်းများ ပြုလုပ်အရေးယူခဲ့ပါသည်။ အရေးယူခံခဲ့ရသော ၀န်ထမ်းများမှာ မျက်ရည်မဆည်နိုင်အောင်ပင် စိတ်ထိခိုက်ခံစားခဲ့ကြရပါသည်။
ဆိုပါ ဒူးကြားလမ်းများမှာ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက်မှစ၍ အင်္ဂလိပ် အစိုးရနှင့် ယခင်အစိုးရ အဆက်ဆက်အထိ အမှိုက်သိမ်းကားများဝင်ရန်၊ အရေးပေါ် မီးသတ်ကားများဝင်နိုင်ရန် သတ်မှတ်ပြုလုပ်ပေးထားသော လမ်းကြားများဖြစ်ပါသည်။ ယခု ဒူးကြားမြေမရှိတော့သဖြင့် အရေးပေါ်ကိစ္စများ ဖြစ်ပွားလာပါက မည်သို့မျှဖြေရှင်းဆောင်ရွက်နိုင်တော့မည်မဟုတ်ပါ။
ဤကိစ္စများကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အကျိုးအကြောင်းများဖြင့် တင်ပြခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်ဟုမသိရပဲ ၀န်ကြီးချုပ်မှာ ယခုထိအရေးယူခံရခြင်းမရှိခဲ့ပါ။ ၀န်ကြီးချုပ်၏ ဥပဒေမဲ့ ဆောင်ရွက်ချက်၊ အာဏာအလွဲသုံးစားလုပ်၍ ဖိနှိပ်မှုများကို လက်မခံနိုင်ကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ တိုင်ကြားစာနှင့်အသနားခံစာကော်မတီများ သို့ စာရေးတင်ပြထားကြပါသည်။
အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော ၀န်ကြီးချုပ် ဦးရဲမြင့်၏ အာဏာရှင်ဆန်ဆန် ပြုလုပ်နေမှုများကို မန္တလေး မြို့နေ ပြည်သူများ၊ စည်ပင်သာယာမှဝန်ထမ်းအားလုံးလည်း သိရှိကြပြီးဖြစ်သလို တစ်နိုင်ငံလုံးရှိပြည်သူများလည်း ဥပဒေအပေါ်တက်ထိုင်ပြီး အာဏာအလွဲသုံးစား ပြုမူလျက်ရှိသော မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် အကြောင်းကို သိရှိနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။Friday, March 15, 2013
မော်လမြိုင်ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးညွန့်ဝေ အကြောင်း (တိုင်စာ)
Saturday, March 9, 2013
မသမာမှု ကျူးလွန်သော စာ၇င်းစစ်မှူး အေးအေးကြွယ်
မြန်မာ့သစ်လုပ်ငန်း၇ုံး သို့ စာ၇င်း စစ် ၀င်ေ၇ာက် ၇ာတွင်---- --- ---
အေ၇းကြီးသော စက်မောင်းဆီစာ၇င်းများ။ကွာခြား
၇ပ်နားသောကားများဆီအထုတ်ပြစားမှ
ယာဉ်ပြင်ဆင်ခြင်းများ။အဆောက်အဦ
ဗွေ ယူခြင်း မ၇ှိ ဘဲ၊ အခြား ပုံမှန် တာဝန်ဖြင့် ခ၇ီးသွားလာခြင်း
များအတွက်-
မြန်မာ့မီး၇ထားဌာနမှ ၂၅% လက်မှတ်ခ လျော့ချ ပေး၇န် ဖြစ်သဖြင့်-
ဝန်ထမ်းများမှ ပြန်လည်ပေးသွင်းစေ၇မည် ဟု ဆိုနေ ပါသည်။
တောင်ငူမြို. မြန်မာ့ မီး၇ထားမှ မူ- တောင်ငူ-၇န်ကူန် အထက်တန်း လက်မှတ်ခ
တစ်စောင်လျှင်
ကျပ် ၄၀၀၀ အပြည့် နှုံ့း ဖြင့်သာေ၇ာင်းချ ပြီး- အဆိုပါ ၂၅% ဖြစ်သော
ကျပ် ၁၀၀၀ိ ကို မူ ခ၇ီးသွား
ဝန်ထမ်းမှ အသားလွှတ် စိုက်သွင်းကြ၇န်ဖြစ်နေပါသည်။
အေ၇းကြီးသော -ကျပ် သိန်း။ သန်း ကိစ များကိုမူ
ညှိနှိုင်းအဆင်ပြေလျှက်၇ှိနေပါေ
နိုင်ငံတော် သမတ လမ်းညွှန် မှု နှင့် လုံးဝ မကိုက်ညီ သဖြင့်
အများပြည်သူ သိ၇ှိ နိုင် ၇န်- သတင်းပေးပို့ တိုင် ကြားအပ်ပါသည်။
ဝန်ထမ်းလဘ်ပေးလဘ်ယူမှုအမြန်ကင်း
တင်ဒါအောင်မပျော်နိုင်တဲ့ ဘဝ
အယ်ဒီတာ ရှင့် မီဒီယာ ကို အလွန်အားကိုးလို့ အိမ်မဲ မီးအိမ်ရှင် စာရေးလိုက်ရပြန်ပြီ။
မီဒီယာ ကို အလွန်အားကိုးလို့ အိမ်မဲ မီးအိမ်ရှင် စာရေးလိုက်ရပြန်ပြီ။ ရေးဖို့ အကြောင်းဖြစ်လာရတာကတော့ ကျွန်မတို့ အိမ်မဲမြို့ မှာ ရပ်ကွက် ကျေးရွာ
အုပ်ချုပ်ရေးမှူးတွေကိုရွေးကော
ဒီစာကိုရေးလိုက်ရတာပါ။ အဲ့ဒီ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲလုပ်ရာမှာ မမျှမတလုပ်တယ် မမှန်မကန်လုပ်တယ် စဉ်းမျဉ်းသက်
မှတ်ချက် နဲ့ မညီပါဘူး ဥပဒေ နဲ့ မညီဘူး စသဖြင့် တိုင်လိုက်ကြတာ အိမ်မဲမြို့ နယ် အုပ်ချုပ်ရေးမှူး ရုံးမှာရော ၊ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ်
ရုံးမှာရော တခြားမသိတဲ့ နေရာတွေ မှာပါ ရွေးကောက်ပွဲအပေါ် တိုင်ကြားချက်တွေကို စစ်ဆေးကြတယ်။
၈၊၂၊ ၂၀၁၃ နေ့ က အိမ်မဲမြို့  လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ စစ်ဆေးတဲ့ ကိစ္စ အပေါ် အိမ်မဲမြို့ က သတင်းစာ ဆရာကြီး ကဗျာ ဆရာကြီး ဆိုတဲ့သူက
သတင်းယူပြီးတော့ သတင်းဂျာနယ်တွေထဲမှာ ပါမယ်လို့  အများပြည်သူတွေကိုပြောခဲ့တယ်။ အများပြည်သူဆိုတာ မီးအိမ်ရှင်တို့ လို မီဒီယာမှာပါလာတာ
ကို တွေ့ ချင်ကြတဲ့ပြည်သူတွေ ဆိုတော့စိတ်ဝင်တစား မေးလာကြတယ်။ မီးအိမ်ရှင် အယ်ဒီတာထံ ပေးစာ ဂျာနယ်ထဲ ပါတုန်းကဆိုရင် မီဒီယာရဲ့ အကျိုးကို
အိမ်မဲမြို့ က ခံစားရတော့ ပါမယ်ဆိုပြီး မပါတော့တာ ဘယ်လိုဖြစ်ပါလိမ့်ဆိုပြီး တစ်ဦးနှင့်တစ်ဦး စုံစမ်းမေးမြန်း နေကြပြီ။
စုံစမ်းစစ်ဆေးရေး လုပ်တဲ့လူကြီး လူကောင်းတွေ စုံစမ်းခံရတဲ့ ပြည်သူတွေကို သတင်းဂျာနယ်မှာ ပါအောင်ဆိုပြီး ရုပ်တွေဖမ်း အသံတွေဖမ်း လုပ်သည့်တိုင်
မီဒီယာထဲ မှာ မထည့်တော့တာလား ဒါမှမဟုတ် ဘယ်မီဒီ ယာ မှ မပါအောင်လုပ်နိုင်တဲ့ သူတွေ ရှိနေတုန်းပဲလား။ မီဒီယာမှာပါဖို့  ဘာတွေ လိုအပ်ပါသလဲ?
မီးအိမ်ရှင် အယ်ဒီတာထံပေးစာ ပထမပါတုန်းက ဟုတ်လိုက်လေ မီးအိမ်ရှင်ရယ်လို့  အိမ်မဲက၀ိုင်းပြီး ချီးမြှောက်နေချိန်မှာ အဲ့ဒီ သတင်းစာဆရာကြီး ကဗျာ
ဆရာကြီးက အင်တာနတ်ထဲမှာ အယ်ဒီတာ့ထံ ပေးစာ ဆိုတာသူတို့ လောက်စာပေ အဆင့်အတန်း မရှိဘူ လို့ နှိမ်ချတဲ့ အပြင် ပုဒ်မတွေနဲ့ လည်း ခြိမ်းခြောက်
ခဲ့သေးတယ်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အရေးယူနိုင်မဲ့ သက်ဆိုင်ရာဌာနတွေကိုအားကိုး
ထောင်ခုနှစ် နှစ်နဲ့ ဒဏ်ငွေ ၅၀၀၀၀ ဖြင့် ဒဏ်ခံရမယ်လို့  ဘာကို အားကိုးမှန်းမသိတဲ့လူတွေက အိမ်မဲက ပြည်သူတွေကို ခြိမ်းခြောက်နေပြန်ပါပြီ။
ယခုအခါမှာဆိုရင် ရပ်ကျေး ရွေးကောက်ပွဲ အပေါ် စဉ်ဆက်မပြတ်စစ်ဆေးမှု့ တွေ ပြုလုပ်နေပေမဲ့ ရွေးကောက်ပွဲ ရလာဒ် အတိုင်း အလုပ်လွှဲခိုင်းခြင်း ရွေး
ကောက်ခံအုပ်ချုပ်ရေးမှူးတွေကို သင်တန်းပေးတာတို့ ပြုလုပ်ပြီး ရပ်ကွက်ကျေးရွာတွေကို အုပ်ချုပ်နေကြပြီ။
လွှတ်တော်ဂျာနယ်ထဲမှာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲ နှင့်ပက်သက်လို့ သတင်းတွေ အများကြီးပါလာကြပြီိ။ အဲ့သလိုမီဒီယာမှာ ပါလာ
တာကြောင့်ဖြစ်စေ၊ စုံစမ်းစစ်ဆေးခံရတဲ့ အုပ်ချုပ်ရေးမှူးတွေ ဘာဖြစ်ကြဦးမလဲ မီဒီယာကို ဂရုမစိုက် စုံစမ်းစစ်ဆေးမှု့ ကိုဂရုမစိုက်ပဲ အုပ်ချုပ်ရေးမှာ သူတို့ 
တွေပဲ ဆက်လက်အုပ်ချုပ်ရေးမှာ မှူးနေကြဦးမလား
ရပ်ကွက်ကျေးရွာ အဆင့်ကိုပြည်သူက ရွေးချယ်တင်မြှောက်ခွင့် ရွေးချယ်တင်မြှောက်ပွဲအပေါ်တိုင်
နဲ့ အသိစိတ်တွေကိုအရေးတယူရှိလာချိ
ကိုတော့ မြို့ မိမြို့ ဖတွေ ခရိုင်မိ ခရိုင်ဖ တွေဦးထိပ်ထားပြီး ပြည်သူကဖြစ်စေ ပြည်သူ့ ကိုယ်စားလှယ်တွေက ဖြစ်စေ ရွေးချယ်ခွင့်တော့ မရသေးပါဘူး
အိမ်မဲမြို့ က မြို့ နယ်အုပ်ချုပ်ရေးမှူးဆိုရင် အထူးတလည်လေ့ကျင့်သင်တန်းပေးပြီး သင်တန်းကပြန်လလာတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သင်တန်း
ပြန်ပေးနေပြီ ဖြစ်ပါတယ်။အသက်ကြီး ၀ါရင့်ဝန်ထမ်းတွေ နဲ့ ပြည်သူကရွေးပေးတဲ့ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အသက်ငယ်ငယ် ၀ါနုနု အုပ်ချုပ်ရေးမှူး
ကလေးက ဆရာလုပ်ပြီး အုပ်ချုပ်နေပါပြီ။
မြို့ နယ်အုပ်ချုပ်ရေးမှူး ကလေးက ဆရာလုပ်တဲ့ အုပ်ချုပ်ရေးမှူးသင်တန်းမှာ အသက်ကြီးကြီး ၀ါရင့်ရင့် လူထုဆန္ဒ နဲ့ ရွေးချယ်ပေးထားတဲ့ရပ်ကျေးအုပ်
ချုပ်ရေးမှူး တစ်ယောက်ကို လူထုရွေးပေးထားတဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများရှေ့ မှောက်မှာ ပါးရိုက်မယ်လို့  ဆုံးမသွန်သင်တာကို ခံလိုက်ရပြန်ပြီ။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များအတွက် ရွေးချယ်ရာတွင် အုပ်ချုပ်ရေးမှူးဖြစ်ရန်ရှိရမည်
ဥပဒေ များဖြင့် သတ်မှတ်ပြဌာန်းသည် ဟုသိရပြီး ပြဌာန်းသတ်မှတ်ချက်မရှိ မြို့ နယ်အဆင့် ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးမျာ
ချယ်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မည်သို့ မည်ပုံ ထောက်ပြဝေဖန်ခွင့်ရှိမလဲ(သို့ မဟုတ်) ပြည်သူ့ ကိုယ်စားလှယ်မဟုတ်သူက အဆင့်
မြင့်မြင့် က အုပ်ချုပ်နေတာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအဖြစ်အုပ်စိုးမှု့ ကိုသည်းခံနေရမည်လား ပြောင်းလဲပါတယ်ဆိုတဲ့ဒီမိုကရေစီ
ရိုးတလျှောက်မှာစက်တပ်ရေယာဉ်အစီ
ထွေအုပ်အတွက်အလှူငွေသုံးသောင်း
အယ်ဒီတာကြီးရှင့်.....
မီဒီယာကိုပဲ အားကိုးရတော့မှာပါ။ သိတယ်မဟုတ်လား မီဒီယာ အားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီ ဆိုပြီး ချေမှုန်းရင်ဖြင့် အသေဆုံးသည်ထိ ခံယူပြီး မီဒီယာကို
အားကိုးသွားမယ့် အိမ်မဲ မီးအိမ်ရှင်.....
ဒေါ် မော်မော်ခင်
ချောင်းဝ ရပ်ကွက် ၈ လမ်း
“စား” သည်ဖြစ်စေ၊“မစား ”သည်ဖြစ်စေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့နံနက် ထမင်း တစ်နပ်စာ အတွက်(၁၅၀၀)ကျပ်ပေးရသော အိမ်မဲမြို့ရပ်/ကျေးအုပ်ချုပ်ရေးမှူးသင်တန်းသားများ
စက်မှု(၁)ဌာန လက်အောက်ရှိ (EI) လျှပ်စစ်စစ်ဆေးရေးဝန်ထမ်းများ လုပ်ငန်းရှင်များထံမှ တောင်းရမ်းလာဘ်စားမှုအလွန်များ
လျှပ်စစ်လုပ်ငန်းစစ်ဆေးရေးမှ ၀န်ထမ်းဖြစ်သူ အင်ဂျင်နီယာ
ထွန်းအောင်ကျော်နှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ စက်မှုဇုံများ၌ ဖြစ်စေ ၊
ကိုယ်ပိုင်ဖြစ်စေ၊ ထရန်ဖော်မာ တပ်ဆင်ခြင်းလုပ်ငန်းများ ၊
ခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများ၌ မိခင်ဌာနဖြစ်သော ရန်ကုန်မြို့တော်
လျှပ်စစ်ဓါတ်အားပေးရေးမှ ခွင့်ပြုလက်ခံစစ်ဆေးပြီးသော လုပ်ငန်းများအားလည်း
၎င်းတို့ EI ထံမှ ခွင့်ပြုပြီးမှသာလျှင် လျှပ်စစ်ဓါတ်အား
လွှတ်ခွင့်ရခြင်းကြောင့် 315 KVA တစ်လုံးလျှင် ၃၀၀,၀၀၀ိ/- 500 KVA
တစ်လုံးလျှင် ၅၀၀,၀၀၀ိ/- နှင့် လုပ်ငန်းကြီးလျှင်ကြီးသလောက် ပေးရပါသည်။
မပေး၍ မရအောင်လည်း အလွန်ရစ် ပြဿနာရှာပါသည်။ သို့သော်
လာဘ်ပေးလိုက်မှသာလျှင် အဆင်ပြေချောမွေ့သွားပါသည်။ မီးလွှတ်ခွင့်ကျပါသည်။
စစ်ဆေးခ တရားဝင်မည်မျှပေးသွင်းရသည်ကို မည်သူမျှမသိပါ။ မြန်မာပြည်၌
စစ်ဆေးရေးအဖွဲ့ တဆင့်ပိုသွားတိုင်း တစ်ခါငွေကုန်တတ်ပါသည်။ ၎င်း AE
ထွန်းအောင်ကျော်မှာ မန္တလေး ၊ ရန်ကုန်ရောက်သည့်နေရာတိုင်းတွင်
လုပ်ငန်းရှင် ၁၀၀ လျှင် ၉၉% မှာ ၎င်းအား ငွေကြေးပေးရပါသည်။ ဟုတ်မဟုတ်သည်ကို
ထရန်ဖော်မာ တပ်ဆင်ဖူးသူ လုပ်ငန်းရှင်တိုင်းအား စုံစမ်း၍ ရနိုင်ပါသည်။
ဤလာဘ်ပေးရသော အလေ့အကျင့်မှာ ဆယ်စုနှစ်မကရှိခဲ့ပါသည်။
ဆင်းရဲမှုပပျောက်ရေးဆိုသည်မှာ အလွှာ အဆင့်ဆင့် ပြေလျှော့ သက်သာမှသာလျှင်
အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊
(ဗိုလ်ချုပ်များ ၊ ၀န်ကြီးများနှင့် ပတ်သက်ရာ ပတ်သက်သူများထံမှ
မယူရဲသဖြင့် လာဘ် ကင်းလွတ်ခွင့်ရရှိကြပါသည်။ )
လုပ်ငန်းရှင်တစ်ဦး
မန္တလေးမြို့မှကားသမားများကတင်ပြပေးစေလိုပါတယ်
ကားပိုင်ရှင်များအတွက်လက်ကျန်ငွေမကျန်သလောက်ဖြစ်နေသောကြောင့် MOGE ၏ ခွင့်ပြုချက်ဖြင့် CNG ဓာတ်ငွေ့ကားများအဖြင့်သို့ ပြောင်းလဲပြေးဆွဲကြသည်မှာ တစ်ချို့က ခြောက်လ တစ်ချို့က
တစ်နှစ်ခန့်ကြာမြင့်ပြီဖြစ်ပါသည်။ ပြောင်းလဲတပ်ဆင်ချိန်မှာ ပြောင်းလဲခအဖြစ် ကျပ်နှစ်သိန်း နှင့်တပ်ဆင်က သုံးသောင်းကျပ်ပေးသွင်းခဲ့ရပြီးဖြစ်ပါသည်။ MOGE သည်ယခုအချိန်ကျမှ ကားသမားများကို နံမည်ပြောင်း
ထပ်ပြီးပြုလုပ်ရမည်ဟု ပြောကြားလာပါသည်။ နံမည်ပြောင်းလဲခမှာ ဈေးကြီးနေလျှင် ကားသမားများ ယဉ်ပိုင်ရှင်များအတွက် နစ်နာနိုင်ပါသဖြင့် တာဝန်ရှိသူများ လိုအပ်သလို ကွင်းဆင်း ဆောင်ရွက်ပေးကြပါရန်
မန္တလေးမြို့မှယဉ်ပိုင်ရှင်များ ပြောပြချက်အရ တင်ပြလိုက်ရခြင်းဖြစ်ပါသည်
သမတကြီးထိန်းပေးပါ (တိုင်းပြည်မျက်နှာကြည့်ကြပါ)
ဘ၀င်မြောက်နေသူ များဟု နိုင်ငံရေးအမြင်ရှိသူများသုံး
နိုင်ငံတော်အဆင့် ထိုပုဂ္ဂ္ဂိုလ် ၂ဦးအား ယခုအတိုင်းဆက်လွှတ်ထားရင်
တိုင်းပြည် ငြိမ်းချမ်းရေး ရ မရတော့မသိပါ။
အစိတ်စိတိအမွှာမွှာပြိုကွဲသွားနို
လက်ပန်းတောင်းတောင်တွင် ----ကိုလည်းကြောက်ရတယ်ဘုရာ့ ဆိုတဲ့
နိုင်ငံရေးပါးမ၀တဲ့ စကား။
မတွေ့သင့်သူမခေါ်သင့်သူတွေ ပြာရရင်ဒီကနေ့ peace process
မှာနိုင်ငံရေးအဆင့်မရှိသူတွေကို
ဆက်သွယ်ပြီး popular politics တွေလုပ်ပြီး
မိမိကိုယ်မိမိဂုဏ်တင်နေတာမျိုးေ
တိုင်းပြည်ပြိုကွဲသွားနိုင်တယ်
နိုင်ငံရေးသမားဟောင်းကြီးတစ်ေ
ပြောလာပါတယ်။တချိန်က နိုင်ငံခေါင်းဆောင်ကြီး္ဂ္ဂ္စ္စ၏
ကတိစကားတစ်ခွန်းကိုကျနော်တို့နှ
နားကပ်လာသည့်တိုင်ရှင်းလို့မဆုံ
ယခုလည်း ပြောလိုက်ပြန်ပါပြီ လက်လွတ်စလွယ်နိုင်လွန်းသည်ဟုဆို
လက်ရှိအခြေအနေမှာ သူတို့၂ဦးဟာ အာမခံလွန်လာတာမို့ သမတအနေနဲ့
အချိန်မီထိန်းချုပ်သင့်တယ်လို
ပြည်သူ့သဘောထားသိရအောင် လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံေ
ယခုထက်ပိုမိုပွင့်လင်းမြင်သာအော
၎င်းအဖွဲ့များရဲ့တောင်းဆိုမှုတွေ
လွှတ်တောကိုတင်ပြပြီး
ဆောင်ရွက်သင့်တဲ့အခြေအနေဖြစ်ေ
အဆုံးအဖြတ်မစောသင့်ဘဲ ပြည်သူ့သဘောထားရယူသင့်ကြောင်း
ဒီကိစ္ဂ္ဂ္စ္စဟာတိုင်းပြည်ရဲ့အနာဂတ်ဖြစ်
ထိုသူ၂ဦးရဲ့သဘောထားအဆုံးအဖြတ်
လွှတ်တောအနေနဲ့လည်းတာဝန်ယူမှုရှိ
အထူးသဖြင့်စလည်ဝင်ဖင်မမဲခင်ကွဲ
နောက်တစ်ခု ဒါအရမ်းအရေးကြီးတယ်လို့ထင်လို့ အထူးတင်ပြချင်ပါတယ်။
ဒါကတော့ ယခုတိုင်းရင်သားလက်နက်ကိုင်အဖွဲ
အဲဒီတိုင်းဒေသ ပြည်နယ်လူမျိုးစု ဒီအထဲမှာမှ
မတူညီတဲ့တိုင်းရင်းသားလူမျိုးေ
ကိုယ်စားပြုမှာလား။
ကျနော်တို့အများကြီးစဉ်းစားဖို
အမှန်တကယ်တော့ ကျနော်တို့လက်ရှိမြန်မာပြည်ြေ
ပုံစံပြောင်းမသွားစေချင်တာ နိုင်ငံသားအများစုသဘောမှာရှိ
ဗမာအပါအ၀င် မျက်ကန်းမျိုးချစ်အချို့ရဲ့ ခလောက်ဆန်မှုတွေ အခြားအခြားသော
ပယောဂမျိုးစုံတွေကလည်းအဟန့်အတား
ဝိုင်းဝန်းအဖြေရှာမှရပါမယ်။
ဘယ်သူသေသေငတေမာရင်ပီးရောဆိုတြဲ့
ဝမ်းတွင်းရူးလို သူမျိုးတွေကလည်းရှိနိုင်တာမို့ လွယ်လွယ်ပြောတတ်တဲ့
ထိုသူ၂ဦးကိုယခုအတိုင်းအပြောမှာ
ကာလထက်ပိုဆိုးသွားနိုင်ပါတယ်။
အစိုးရအဖွဲ့အစည်း လွှတ်တော ပါတီများ လက်နက်ကိုင်အဖွဲ့အစည်းများ မီဒီယာများ
တိုင်းပြည်မျက်နှာကြည့်ကြပါ။
မိမိ၊မိမိပါတီ၊မိမိအဖွဲ့အစည်း၊
တိုင်းပြည်မျက်နှာကြည့်ကြပါ။
တိုင်းပြည်မျက်နှာကြည့်ကြပါ။
တိုင်းပြည်မျက်နှာကြည့်ကြပါ။
ကျနော်တို့တိုင်းပြည်အေးချမ်းေ
တိုးတက်စေချင်ပါသည်။
မပြိုကွဲစေချင်ပါ။
သမိုင်းအမှားတွေမရေးစေချင်ပါ။
သမတကြီးခင်ဗျား
ကြမ်းကျွံရင်နငတ်လို့ရပါသည်။
စကားကျွံရင်နှုတ်လို့ခက်ပါသည်။
ထိုသူ၂ဦး စကားကျွံမှုကြောင့် သမတကြီးလုပ်ရခက် ရှင်းရခက်မဖြစ်စေချင်တာမို့။
တိုင်းပြည်မျက်နှာကြည့်ပြီး ထိန်းပေးပါခင်ဗျား။
Monday, February 11, 2013
သမ္မတကြီး ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ
သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တရားဥပဒေ စိုးမိုးရေးကို အခြေခံပြီး ရခိုင်-ရိုဟင်ဂျာ အတူတကွနေထိုင်ရေးနှင့် ဒုက္ခသည်များအား မျှတစွာ အတူနေရာချထားရာတွင် ဟန့်တားမှုများကို တားဆီးချေမှုန်းရေး တင်ပြခြင်း
(၁) နိုင်ငံတော်၏ ဒီမိုကရေစီ ကူးပြောင်းရေးတွင် အနောက်သား ရခိုင်တို့၏ အကြမ်းဖက် မှုကြောင့်နိုင်ငံတ ကာ အလယ်တွင် ယုံကြည်မှုနှင့်ဖွံ့ဖြိုးမှုကို ဟန့်တားမှုဖြစ်စေသော မဟာလူမျိုးကြီးဝါဒ ဆန်မှုကို ခွင့်မ လွှတ် နိုင်သော ကျူးလွန်မှုတစ်ရပ်အဖြစ် မှတ်ကျောက် တင်ပါ၏။
(၂) ထိုနည်းတူ သမိုင်း ကြောင်းအရ အတူတကွ နိုင်ငံတော် တာဝန်ကို ပါဝင်ဆောင်ရွက် လာခဲ့သော ရခိုင်- ရိုဟင်ဂျာ တို့၏ တန်းတူ ညီမျှသော လူ့အခွင့် အရေးများကို စစ်အာဏာရှင် မဆလပါ တီခေါင်းဆောင် နေ၀င်း မှဦးဆောင်၍ ဘင်္ဂလားနိုင်ငံသား ဗိုလ်မှူးကျော်မောင်အားပြည်နယ် တာဝန်ခန့်ပြီး ရခိုင်လူမျိုးကြီးဝါဒဖြင့် သွေးခွဲ အုပ်ချုပ်ခဲ့သလို ယခုတဖန် အနောက်သား ရခိုင် အုပ် စုခေါင်း ဆောင်ဖြစ် သော အေးမောင် တို့ကလည်း အကြမ်း ဖက်မှု တစ်ခု ဆင်ပြီးသွေးခွဲနေ သည် မှာ ထင် ရှားနေ ပါ သည်။
(၃) ယခု တဖန်ပြည်နယ်တွင် သွေးခွဲမှုနည်း လမ်းသစ် တစ်ချို့ကျင့်သုံးလျက်ရှိ ရာနိုင်ငံတော်မှ အသိအ မှတ်ပြုစေ လိုပါသည်။
(က) ရခိုင်နှင့် ရိုဟင်ဂျာ အတူတကွ မနေထိုင်လိုကြောင်း ရာဇသံဖြင့်ဒေသ ခံအုပ်ချုပ်ရေးမှူးများ အား ခြိမ်း ခြောက်ခြင်း
(ခ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်နှင့်မျိုးနွယ်စု များကို ဥပဒေမဲ့ ဖိတ်ခေါ်၍ အခမဲ့နေအိမ်နှင့် လယ်ယာမြေ များထောက်ပံ့ ကာလက်ရှိ ဒုက္ခသည်အား မငဲ့ညှာခြင်း
(ဂ) အကြမ်းဖက်မှုတွင် ဒုက္ခသည် ရခိုင်အုပ်စုများအား ခွဲထုတ်၍ ဆတ်ရိုးကျချောင်းဘေး စက်မှုဇုံတွင်နေ အိမ်ပေါင်း ၆၉၉ အိမ်ဆောက်ပေးနေခြင်း
(ဃ) လူမျိုးခွဲခြား စစ်တမ်းကောက်ခြင်းနှင့် လူမျိုးမှန်အား တင်ပြခြင်းကို ဖီဆန်၍ အတင်း ဘင်္ဂလီ ဟုရေး မှတ်ခြင်း၊ မရလျှင် မတရားနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ သည်းမခံနိုင်လျှင် တိုင်းတပါးသို့ ထွက်ပြေးရန် ဖန် တီးပေးခြင်း တို့ဖြစ်ပါသည်။
(င) ရခိုင် အကြမ်းဖက်အရေးသည် ဥပဒေချိုးဖောက်မှုဟု မယူဘဲ လူမျိုးစု များနိုင်ငံသားဖြစ်တည်ရေး၊ မတည်ရေး ဟူသော မှားယွင်းသော ယူဆချက်ဖြင့်လျှောက် လှမ်းပြီးဒေသ လုံခြုံရေးကို ထိပါးနေခြင်း
(၄) ရိုဟင်ဂျာသည် ဥပဒေကြောင်းနှင့် အညီတရား ၀င်နိုင်ငံသားဖြစ် လင့်ကစား လ၀က၀န်ကြီးမှ ရိုဟင်ဂျာ သည်နိုင်ငံသားမဟုတ်သော် လည်းနိုင်ငံမဲ့ မဖြစ်စေ လိုသောကြောင့်နိုင်ငံ တွင်းနေထိုင်ခွင့်ပေး ထား ခြင်း ဟူသောဥပဒေ မဲ့ပြောဆိုနေခြင်း စသည်တို့သည် ဥပဒေကြောင်း အရအန္တရာယ်ဆိုးနှင့် ရင်ဆိုင် ရမည် ဖြစ် သည်။
(၅) ထို့ကြောင့်နိုင်ငံတော်သည် ဒီမိုကရေစီဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားလျက် ရခိုင် အကြမ်းဖက်မှုတွင် နည်းမျိုးစုံဖြင့် ပါဝင်ဆက်နွယ်လျက် ရှိသော ထိပ်တန်း (၁၀) ဦးကို အမှုတွဲဖြင့် မှတ် တမ်းတင် ထားပါသည်။
(က) အငြိမ်းစားဗိုလ်ချုပ်ကြီးခင်ညွန့်
(ခ) အနောက်သား ရခိုင်ဒေါက်တာအေးမောင် (ပြည်နယ်ခွဲထွက်ရေးမြေပေါ်ခေါင်းဆောင်)
(ဂ) ဗိုလ်မှူးကြီးထွန်းမြတ်နိုင် (စစ်ဦးစီး) ရခိုင်သူပုန်အဖွဲ့ - ပြည်နယ်ခွဲထွက်ရေးမြေအောက်ခေါင်းဆောင်
(ဃ) မှူးဇော် (ခ) ဦးဇော်ဌေး (သမ္မတရုံး) - သတင်းလိမ်ညာလှည့်စားမှု
(င) ဦးခင်ရီ (လ၀က၀န်ကြီး) - မဆလဥပဒေဖြင့်ဒီမိုကရေစီလူ့အခွင့်အရေးကိုချိုးဖောက်ခြင်း
(စ) ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး (နယ်စပ်ဒေသရေးရာဝန်ကြီး) - လူမျိုးစုခွဲခြားဆက်ဆံခြင်း
(ဆ) ဦးဝင်းမြိုင် (ရခိုင်ပြည်နယ်ရုံး) - သတင်းလိမ်ညာလှည့်စားမှု
(ဇ) မောင်တောနစကမှူး (ဗိုလ်မှူးကြီးအောင်နိုင်) - သွေးစုတ်ငွေညှစ်နှိပ်စက်ခြင်း (ယခုထောင်ကျပြီ)
(ဈ) ကိုကိုကြီး (၈၈ ကျောင်းသားအမည်ခံ) - သမိုင်းမသိ၊ လူမျိုးမသိဘက်လိုက်ခြင်း
(ည) ဦးညီပု (RNDP ကျောက်နီမော်တာဝန်ခံ) - ၁၀ လောင်းပြိုင်သတ်ဖြတ်မှုဖန်တီးခြင်း
စသည်တို့ကိုပထမအသုတ်အဖြစ်အရေးယူချေမှုန်းရမည်ဖြစ်သည်။
(၆) တဖန် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့် အတိုင်း ရခိုင်-ရိုဟင်ဂျာတို့၏ ကွဲပြားခြားနားသော အရေး ကို ဥပဒေ ကြောင်းပေါ် အခြေခံ၍ အတူယှဉ်တွဲနေထိုင်မှု ကို နားလည်မှု ရယူပြီး၊ သေနတ်ကျည် ဆံများဖြင့် ဘက်လိုက်မှုများရှောင်လွှဲပြီး ကိုင်တွယ်လိုပါကြောင်း ဟူ၍လည်းကောင်း၊ နေပြည်တော်တွင် ကျင်းပရန် စီစဉ် ထားသော ရခိုင်အရေး ဖိုရမ်တွင်လည်း ရခိုင်နှင့် ရိုဟင်ဂျာ ပါတီခေါင်းဆောင် များနှင့် မြန်မာမွတ်စလင် ခေါင်းဆောင် များပူးတွဲ ပါဝင်စေပြီး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဒုက္ခသည် ဘ၀မှ ကယ်ဆင်ရေး၊ သူ့မြေ၊ သူ့ အိမ်သို့ ဦးစားပေး ကာနှစ်ဖက်နားလည်မှုဖြင့် လုံခြုံမှုရှိသောပြည်နယ် သစ်ကြီး ကို ဖန်တီးနိုင်မည်ဟုယုံ ကြည် ပါ သည်။
(၇)တဖန်နိုင်ငံတော်သည် လွတ်လပ်ရေးရပြီး အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်၏ မှတ်တမ်း ဆင်ခဲ့ သောတိုင်း ရင်းသားအရးကို အစဉ်လေးစား ကျင့်သုံးရေးနှင့် ယခု လွှတ်တော်သို့ တင် သွင်း နေသော အေး မောင်၏ တင်ပြချက်တွင် ယခင်အစိုးက မှားခဲ့ပါသည်။ နယ်စပ်မှာ တံခါးမရှိ၊ ဓါး မရှိ ဟူ၍ စွပ်စွဲမှုကို နား ယောင်လွဲ မှားမှုမှရှောင်လွဲစေပြီး၊ ယနေ့ နယ်စပ်တံခါးမှ ဘင်္ဂလား ရခိုင်များ ဥပဒေ မဲ့ မည်သို့ဖောက်ထွင်း ၀င်လာနေ သည်ကိုဥပဒေ၊ နည်းဥပဒေ ဟူသမျှချိတ်ပိတ်သလို အန္တရာယ်ကြီး ပင်တွေ့မြင်ရသည်။
ဤသို့ နိုင်ငံတော်၏ စေတနာဖြင့် ဥပဒေကြောင်းပေါ် မူတည်၍ ရခိုင်-ရိုဟင်ဂျာတို့၏ အရေးကိုဖြေရှင်းရာ တွင် ဦးစွာ ဒုက္ခသည်များကို သူ့အိမ်၊ သူ့မြေနေရာချထား ပေးနိုင်မှ သာနားလည်မှုနှင့် လုံခြုံမှု ရှိအောင် ဖန်တီး မည်ဟု ယုံကြည်မိ ပါ သည်။ နေရာ ချထားပေးခြင်း ကြန့်ကြာနေမှုသည်ပြဿနာ အားမီးမွှေး သလိုအားပြင်း လာပြီး ၂၀၁၃ တွင် ထပ်မံစိုးရိမ်နေကာ အနီးကပ် ရန်သူအား ရှာဖွေတားဆီးချေ မှုန်းရေးနှင့် လက်နက်အား ကိုးပုဆိန်ရိုးမှ ကာကွယ်ရေးကို အလေးအနက် တောင်းဆိုအပ်ပါသည်။
သမ္မတကြီးကျန်းမာချမ်းသာပါစေ။
လေးစားစွာဖြင့်
ဇာနည်မောင်
National Foundation BKK
Wednesday, January 16, 2013
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ထံသို့ အိတ်ဖွင့်ပေးစာ
သို့ဖြစ်ပါ၍ ကျွန်တော်တို့သည် တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်း ခံစားခွင့်ရရှိကာ တပ်မတော်သားတိုင်းရရှိနေကြသော စစ်ဘက်ဆိုင်ရာ မည်သည့် အဆင့်သက်မှတ်ချက်တစ်ခုကိုမဆို ခံစားခွင့် ရရှိလိုပါသည်ခင်ဗျား။ ထိုသက်မှတ်ပေးမည့် အဆင့်နှင့်အညီလည်း ခံစားခွင့်ရရှိလိုပါသည်ခင်ဗျား။ လူသားတိုင်းတွင် အခွင့်အရေး၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ တန်းတူထားနိုင်၊ တန်းတူရှိနိုင်သကဲ့သို့ တပ်မတော်သားတစ်ဦးတွင်လည်း ရည်မှန်းချက်၊ မျှော်မှန်းချက် နှင့် အခွင့်အရေးများ တန်းတူထားနိုင်၊ ရှိနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော်တစ်ရပ်လုံး နှင့်အတူ တူညီစစ်ဝတ်စုံကို ၀တ်ဆင် ရသကဲ့သို့၊ အခြားသောတပ်မတော်သားများနည်း တူ တာဝန်ထမ်းဆောင် ရသကဲ့ သို့၊ အခြားသောကျောင်းဆင်းများ၊ တပ်မတော်သားများ နည်းတူ သင်တန်းများ သင်ယူတက်မြောက်ခဲ့ရသကဲ့သို့ပင် အားလုံးသောတပ်မတော်သားများကဲ့ သို့ပင် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်မှ အသိအမှတ်ပြုသော ” သား ” တစ်ဦးအဖြစ် တပ်မတော်၏ သင့်လျှော်သော စစ်ဘက်ဆိုင်ရာအဆင့်တစ်ခုအား သက်မှတ် ပေးနိုင်ပါရန် ရိုသေလေးမြတ်စွာဖြင့် ဦးတိုက်တင်ပြအပ်ပါသည်ခင်ဗျား
Monday, August 13, 2012
ကိုကိုကြီး သို့ အိတ်ဖွင့်ပေးစာ
အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း
စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသား ခေါင်းဆောင်
ဆလိုင်း ကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။
ကျမတို့ မိသားစု အကြောင်းကို ကိုကိုကြီး ကြားဘူးကောင်း ကြားဘူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရ
စေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် (၉) နှစ်၊ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် (ရ) နှစ် ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် (၅) နှစ်စီ၊ မောင် အငယ်ဆုံး ကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်း ပမ်းခံခဲ့ရ စသဖြင့် မိသားစု တစုလုံးဘ၀ပျက် ခဲ့ရတာ မြန်မာ နိုင်ငံ တနိုင်ငံလုံးမှာ ကျမတို့ မိသားစု တစုဘဲ ရှိမယ် ထင် ပါတယ်။ ဒီလို ဘ၀ပေး အသိရရှိခဲ့ တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံ မုန်းပြီး၊ စစ်အာဏာရှင်စနစ် ကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ ရဲရင့် သတ္တိရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကိုလေးစား ချစ်ခင်တဲ့  နေရာမှာ ကျမတို့ ထက်သာသူ မရှိ ဘူးလို့ တောင် ပြောနိုင်ပါတယ် ရှင်။
ကျမတို့  မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအား ဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်း မှာ နေလို့ မရတော့လောက်အောင်ကို အခြေအနေ ဆိုက်ရောက်လာတဲ့ အတွက် ရှစ်လေးလုံးပြီးကထဲက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံမှာ အခြေချ နေထိုင်လျှက်ရှိပါတယ်။
ကျမရဲ့ အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့ ကို ပြီးခဲ့တဲ့ ဇွန်လ၂၆ ရက်နေ့ တုံးက ရန်ကုန်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေ ဖြစ်တဲ့ (အသက်ကြီး လှပြီဖြစ်ပေ မယ့် သတ္တိရှိစွာ လှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ အခြားခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမ ပြော ခြင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေ ထဲမှာကိုကိုကြီး လဲ ပါရင် ကျေးဇူး တင်ပါရစေ ရှင်။
ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲ ခဲ့ကြတာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီး မတိုင်ခင် လူထုလှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာတွေ စတာတွေကို ကျမတို့ မိသားစု တစုလုံးက လေးစား အသိအမှတ်ပြု လျှက်ရှိဆဲပါ ရှင်။
အခုလူတွေ အတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့ မိသားစုတစုလုံး မျက်ခြေ မပြတ်ကြည့်နေပါတယ်။ ကျမတို့ ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန် အရသာ အရေခွံဟောင်းကို ခွာ၊အေ၇ခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့  အနှစ်သာရ အရ ဘာမှ မပြောင်းဘူး။
၁၉၆၂ ခုနှစ်တုံးက ကျောင်းသားသမဂ္ဂကို ဖြို၊ သားသမီးတွေလို သဘောထားရမယ့် ကျောင်းသားတွေကို သတ်ပြီး ဗိုလ်ချုပ် နေ၀င်းက ဓါးဓါးခြင်း လှံလှံခြင်း စိမ်ခေါ်ခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ ကိုကိုကြီး အမွှမ်း တင်ဘို့ အစချီလာတဲ့ တပ်မတော် ဆိုတာဟာ သည်အတွေး အခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင် စွဲထားတာကို သတိမပြုမိဘူး လားရှင့်။ အခု ခဏကလေးဖုံးထားတဲ့ အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့ တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့ အစွယ်ကို တချက်လောက်ဘဲ လှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။
အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက် တည်ရှိနေတယ် ဆိုတာ ကိုကိုကြီး သိမှာ မလွဲပါဘူး။
အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ စစ်ဗိုလ်ချုပ်သစ်တွေကဘဲ တိုင်းပြည်အာဏာကို ဆက်လက် ချုပ်ကိုင်ထားတာကြောင့်လူသစ်တွေလဲ နေရာရသင့်တယ်ရယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
တောင် ပြောဆိုသွားခဲ့တာကိုကိုကြီးကြားမှာပါ။
ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာ ကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည် အပေါ်မှာ ကိုကိုကြီး တိုင်းသိပြည်သိ ပြောကြားလိုက်တဲ့ အောက်ပါ စကားတွေကို ကြားလိုက်ရတော့ ကျမတို့ အံသြ တုန်လှုပ် သွားခဲ့တယ် ရှင့်။
ဒါကြောင့်လဲ ဒီ အိပ်ဖွင့်ပေးစာကို ရေးလိုက်တာပါဘဲ။
" ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့  ဘူးသီးတောင် မောင်းတော ကိစ္စတွေမှာနိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့မျက်နာ မပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး
တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”
အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေ ဟာ ကျမတို့ မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။
"နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော် နဲ့လက်တွဲ ဖြေရှင်း သွားမယ်..။”
ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသား ခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လား ရယ်လို့ ကျမတို့ သံသယ ၀င်သွားခဲ့တယ် ရှင့်။ ကိုကိုကြီးလေမျိုးကို ကျန်တဲ့ကျောင်းသားတွေ အတုယူလာရင် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကို အကျိုးပြု တဲ့ ကျောင်းသားတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်။
ရှစ်လေးလုံးကာလ အတွင်းမှာ ဒီမိုကရေစီ ဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော် ရှည်ပါစေလို့ လူထုက တန်ဘိုးထား ကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက "တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့  ” လို့ပြောခဲ့ တဲ့ အတွက် လူထုက နိုင်ငံရေး မြောင်းထဲကို ပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေခြင်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကို သာ ခိုင်မာအောင် လုပ်နေကြ တာ မျက်မြင်ပါဘဲ။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေကို ပုံသဏ္ဍာန် မျိုးစုံနဲ့ဆက်ပြီး ဆင်နွှဲသွားအောင် ရှင်းလင်းတဲ့ အမြင်တွေ တင်ပေး၇မယ့် အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့ လမ်းကြောင်းကို ဦးတည်မယ့် စကားလုံးတွေကိုကျောင်းသားခေါင်း ဆောင်တဦး အနေနဲ့  မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။
၁၉၆၇ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ဖန်တည်းခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းတုံးက ကျမတို့ မိဘတွေရောကျမအကိုကြီး ဆလိုင်း ကိုတင်မောင် ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြသနာဖြစ်ပြီး စစ်တွေမှာ ဆန်လုပွဲတွေပေါ်တော့ ရခိုင်လူထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ သို့ မဟုတ် ငယ်သေးလို့ များ မသိတာလား။ ဆန်ပြသနာ အရေးအခင်းကို အာရုံလွှဲခြင်တော့ တရုတ် ဗမာ အဓိကရုဏ်းဖြစ်အောင်နေ၀င်းက ဖန်တည်းခဲ့တယ်။
တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထုတ်၊ သူ့ လုံခြုံရေး အဖွဲ့ လက်ပါးစေတွေ ကိုအရပ်ဝတ် လဲ၊ အခြေမဲ့အနေမဲ့  လူရမ်းကားတွေကို မြှောက်ပေး၊ တရုတ်အိမ် တွေကို ၀င် ရောက် မီးရှို့ဖျက်ဆီး (တချို့
သတ်ဖြတ်တာတွေပါ) လုပ်ကြတော့ မီးသတ်ကားနဲ့ စစ်တပ်က လူအုပ်ကြီး နောက်က လိုက်ပေးတယ်။ ဘာမှ မတားဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင် အောင်သာ မီးငြိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊နှိပ်စက်၊ တရုတ်အိမ်တွေ မီးရှို့တဲ့ လူရမ်းကားတွေ အပေါ် ဘာမှ ထိထိ ရောက် ရောက် အရေးမယူခဲ့ဘူး။
ကျမ အကိုကြီး ဆလိုင်းကိုတင်မောင်ဦး ဆိုရင် အဲသည်တုံးက သူ့ အသက် (၁၆) နှစ်ဘဲရှိသေးတာပေါ့။ အသက်ဘေးကနေ လက်လွတ်ထွက်ပြေးကြရတဲ့ တရုတ်မိသားစု တစုကို ဘုန်းကြီးကျောင်းထဲမှာ ၀ှက်ပြီး ကယ်ခဲ့သေးတယ်။
တရုတ်တွေ အပေါ် လူမျိုး မတူတာ အပထား၊ လူသားချင်း စာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူတွေရဲ့) လူ့အသက်တွေကိုတော့ကယ်တင်သင့်တယ် ဆိုတဲ့ ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။
စစ်အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ ဘဲဖန်တည်းပြီး လက်နက်အားကိုးနဲ့အုပ်ချုပ်ခွင့်၇အောင် အဲသည်လို လုပ်ခဲ့ကြတာပါ။ ကိုကိုကြီးပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာ သည်လိုမျိုးဖြစ် မှာ ကျမတို့ သိတ်ကို စိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီ လို့ လဲ ယူဆတယ်။
ကျမတို့ က ရိုဟင်ဂျာတွေ ဘက်က သတ်ဖြတ်ကျူးလွန်မှုတွေ မရှိဘူးလို့ ဘက်လိုက်ပြီး ခုခံ ကာကွယ်ပြောဆိုနေတာမဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေ ရှိသလို ဗလီတွေ ဖျက်ဆီးခံရတာတွေ ရှိကြောင်းကြားရတယ်။
ပြစ်မှုကျူးလွန်တဲ့ နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလို မဟုတ်ဘဲနဲ့ အမျိုးသားရေး ကိစ္စဆိုပြီးရိုဟင်ဂျာတွေကိုသာကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့ အပြုအမူတွေ ပြုကျင့်မယ် ဆိုရင်တော့ ကျမတို့လက်မခံနိုင်ဘူး ရှင့်။ ကိုကိုကြီး သုံးနှူံးသွားတဲ့ စကားလုံးအသုံးအနုန်းတွေဟာ သည်လို မတရားတာတွေ ပြုကျင့်စေဘို့ အားပေးရာ ရောက်တာမျိုး မဖြစ်သင့်ဘူးလို့  ပြောပါရစေ။
ကိုကိုကြီး အပါအ၀င် ပြည်တွင်းကလူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ် တချို့လောက် ပြင်ပ ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုဘဲ စစ်အာဏာရှင် လွှမ်းမိုးကြီးစိုးခဲ့တဲ့  အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြီးလေ့လာကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေ အများစုကြီးက အပြောင်းအလဲ လို့  ယူဆနေကြတဲ့ အနေအထားတွေဟာလွန်ခဲ့တဲ့ ၁၅ နှစ် လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှား နိုင်ငံမှာ အာဏာရှင် ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ GuidedDemocracy လို့ ခေါ်တဲ့ လမ်းညွှန် ဒီမိုကရေစီ အောက်က ရခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကို တောင်မမှီသေးဘူးရှင့်။
အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေ ရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရ တဲ့အဆင့်ဘဲရှိသေးတယ်။ သည့်ထက်သာတဲ့ အခွင့် အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို ရှိစဉ်ကထဲက ရခဲ့တာပါ။ တကယ်တော့ အနှစ်သာရအရ ဘာမှ မပြောင်း လဲသေးဘူးဆိုတာရှင်းနေပါတယ်။
ဘာဘဲဖြစ်ဖြစ် ရသမျှ အခွင့်အရေးကလေးတွေကို ယူပြီး စစ်အာဏာရှင်စနစ် ကို တောက်လျှောက်ဆန့် ကျင် တိုက်ပွဲဝင်ခဲ့ တဲ့ အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းကြီး
တွေ၊ ၁၉၆၂ ခုနှစ်ကျောင်းသားခေါင်း ဆောင်ဟောင်းကြီးတွေက အချင်းချင်း အပြန်အလှန် စုစည်း စည်းရုံးနေ ကြတာတွေ၊ ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့ ခေါင်း ဆောင်တဲ့ ရှစ်လေးလုံးမျိုး ဆက်ကျောင်းသားတွေက တပြည်လုံး ထွက်၊ စည်းရုံးလှုပ်ရှားနေကြတာတွေ၊ ကိုကျော်ကိုကို ခေါင်းဆောင်တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံး မှာ ဗကသ တွေ ပြန်လည် ဖွဲ့စည်းဘို့ လုပ်နေကြတာတွေ၊ ဒါတွေ အားလုံးကို ကျမတို့ လုံးဝ တန်ဘိုး ထား အသိအမှတ်ပြုပါတယ်။
အခက်အခဲတွေအကြားကနေ လုပ်နေကြရတဲ့အခြေအနေကိုလဲ သဘောပေါက်ပါရဲ့ရှင်။
ဒါပေမယ့် တချိန်ထဲ မှာ လူထုတွေကျောင်းသား တွေကို အခြေအနေမှန်ကို အမှန်အတိုင်း အသိပေး ဘို့ ၊ မြှော်လင့်ချက်အမှားတွေ ရှိမလာ စေဘို့ ၊ နိုင်ငံရေး အရ လမ်း ကြောင်းချော်သွားစေမယ့် အပြောအဆို မျိုးတွေ မပြောမိစေဘို့  ရိုးရိုးသားသား အကြံပေး ခြင်တာကြောင့် သည်စာကို ရေးလိုက် တာပါဘဲရှင်။
"ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော်နှင့်လက်တွဲဖြေရှင်းသွားမယ်..”လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ "ဒီမိုကရေစီ အင်အားစုတွေ အားလုံးကလို့” ကိုကိုကြီးဘာကြောင့်သုံးသွားတာလဲ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သဘောဆန္ဒလဲ တိတိကျကျ ထုတ်ဖေါ်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖွင့်ပြောတာ လဲ နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ ရွာတွေ မီးရှို့တာ၊ ရှိရင် အဲဒါတွေ အားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ထိထိရောက်ရောက်အရေးယူဘို့လဲတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်က ပါရိုဟင်ဂျာနဲ့ ရခိုင် လူထုတွေ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အသွင် ဆောင်တဲ့ ပြဿနာမှာ အမျိုးသားရေးလို့ သတ်မှတ်တယ်ဆိုပြီး ဘက်တဘက် ထဲ က ဘဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ခြင်သလိုသတ်ဖြတ်၊ ရက်စက်ခြင်သလို ရက်စက်၊လူသားချင်းစာနာထောက် ထားတဲ့ အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင် မရအောင် ခံစားနေကြရတဲ့ အခြေ
အနေ မျိုးဖြစ်စေ မယ် ဆိုရင် တော့ ဒါကို လျှစ်လျှရှုထား၊ မသိခြင်ယောင်ထားပြီး ထောက်ခံတဲ့ သဘောနဲ့ နေလိမ့်မယ်လို့  ကျမတို့ တော့မထင်ဘူးရှင့်။
ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက လို့ ကိုကိုကြီး သုံးသွားတာ ကျမတို့ လို မလွှဲသာ လို့ တိုင်းပြည် ပြင်ပရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီ ရေးလှုပ်ရှားတက်ကြွတဲ့အဖွဲ့ အစည်းအသီးသီးတွေ ကို ထည့်မတွက်တော့ဘူးလား ရှင့်။ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကို ကိုယ်စားပြုပြီး ပြောခြင်ဆိုခြင်တယ် ဆိုရင် သူတို့ သဘောထားဆန္ဒကို ကြိုတင်မေးဘို့ မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ကိုကိုကြီးတို့ ထောင်ထဲမှာ ရှိနေတုံးက နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဘို့ ကမ္ဘာပတ်ပြီး တောင်းဆို၊ စစ်အစိုးရကို ဖိအားပေး ခဲ့ကြသူတွေပါ။ သူတို့ သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့ သဘောဆန္ဒ ကို လဲ မယူ ဘဲနဲ့ ကိုကိုကြီးနဲ့ နီးစပ်သူ တချို့လောက်ရဲ့ သဘောထားနဲ့ဘဲ ဘာကြောင့် အမျိုးသားရေး ကိစ္စဆိုပြီး သတ်မှတ်လိုက်တာလဲရှင့်။
ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ် ဆိုရင်ရော ဒါဟာအမျိုးသားရေးကိစ္စဖြစ်သွားပြီလား။ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ရဲ့ သဘော ဆန္ဒကို မယူသင့်ဘူးလား။ သူတို့ သဘောမပါဘဲနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားခြင်းတူရုံနဲ့ အမျိုးသားရေးကိစ္စလို့သတ်မှတ် လို့ရပါ့ မလားရှင့်။အခု ရိုဟင်ဂျာ ရခိုင်အရေး အခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီး စဉ်းစားကြည့်ပါ။
လက်ရှိ တက်နေတဲ့သမ္မတ ဦးသိန်းစိန် နဲ့ သူ့အောက်က ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဘဲ။ တိုင်းပြည်အုပ်ချုပ်နေရင်ကိုယ့်လူထုအကြောင်းကို ကိုယ်သိရ မှာပေါ့။ ရိုးရိုးသားသား ဖြစ်ဦးတော့ ရခိုင်ပြည် နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခဖြစ်သွားနိုင်တယ် ဆိုတာ ကလေး က အစသိတယ်။ ဖြစ်ဖြစ်ခြင်း ဘယ်ဘက်ကဘဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူနှစ်ဖက်လုံးကို ချက်ခြင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ခြင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ခြင်းလုပ်။
အဓိကရုဏ်း မဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေ အရစဖြစ်ကထဲက ကျမတို့ မှာ သံသယရှိခဲ့တာ။ အခု နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့  Human RightsWatch ရော အခြားလူ့အခွင့်အရေး အဖွဲ့ အစည်းတွေ အတော်များများကပါ က ဦးသိန်းစိန် အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို အတိအကျစွပ်စွဲလာတဲ့ အခါကျ တော့မှ ကျမတို့ ပိုပြီး သေချာသွားတယ်။
တကယ်တော့ သံလျှက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ် နေတာဘဲ မဟုတ်လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ်ဘူးလား။ အားနည်းသူရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာမှာရောက်အောင်တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့်ပါခြင်ရတာလဲ။
ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသား လုံခြုံရေးပြသနာဖြစ်တယ် ဆိုရင် တရုတ်တွေကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တေလေး တမြို့လုံးလောက်နီးနီး တရုပ်တွေ သိမ်းထားသလို ဖြစ်တာဘယ်လိုရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ် အမျိုးမျိုး ကိုင်နေကြတာတွေကိုဘယ်လို ရှင်းမလဲရှင့်။
နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီး ၀င်လာတဲ့ ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်ကအခု အချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှ သွားပြီးပြဿနာ မရှာရဲ၊ အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုးသားလူထုတွေ အတွင်းမှာ မတည် မငြိမ် တောက်လျှောက် ဖြစ်၊ ကိုယ့် လုံခြုံရေးတောင် ကိုယ်စိတ်မချရဘူး ဆိုရင် စီးပွားရေး လဲ စိတ်အေးလက်အေး လုပ်ခွင့်မရ၊ ဒီ လိုအခြေအနေဟာ ရခိုင် လူထုအတွက် အမျိုးသား အကျိုးစီးပွား လို့ ပြောနိုင် ပါ့မလားရှင့်။
ကျမတို့ မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထုအပေါ်ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖေါက် တာ၊Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာ မျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ ရှင်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စိတ်ဓါတ်ကို ကျမတို့ မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ရင်းပြီးထူထောင် ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ် လို့  လုံးဝယုံ ကြည်တယ်။တော်လှန် ရေးဟာ မပြီးသေးဘူးလို့ ကျမတို့ ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့အရှိန် အဟုန်ပြင်းပြင်းလာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီးတာက စိတ်ဓါတ်ဘဲ။ ကျောင်းသားခေါင်းဆောင်ဆလိုင်း ကိုတင်မောင်ဦးဟာ သူ့ အသက်ကို ပေးပြီး စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ကို အမြင့်ဆုံးတင်သွားခဲ့တယ်။
ကိုကိုကြီး ပြောလိုက်တဲ့ စကား တလုံး၊ နောင်သည်လိုမျိုး ဆက်ပြောနိုင်တဲ့ စကားလုံးတွေ ကြောင့် ကျောင်း သားတွေ၊လူထုတွေ စိတ်ဓါတ် ဦးကျိုးသွားမှာကို စိုးရိမ်တယ်။
စစ်အာဏာရှင်စနစ်ကို အသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက် ဆက် အောက်မှာ ကိုကိုကြီးပြောတဲ့ တပ်မတော် ဆိုတာ ဟာ လူထုကို ကာကွယ်တဲ့ အနှစ်သာရပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာ ကြာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းစတင်တည် ထောင်ခါစက လူထုချစ်တဲ့တပ်မတော် ဆိုတာ သမိုင်းထဲမှာဘဲ ကျန်သွားပြီ။ တိုင်းရင်းသား ပေါင်းစုံ လူထုတွေ ကိုသာမက သံဃာတော်တွေ ကိုပါ ပစ်သတ်တဲ့ "သတ်မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် အောက်မှာစစ်ခေါင်း ဆောင်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ရက်စက်မှုတွေ ကြောင့် အမျိုးသား စည်းလုံးညီညွတ် ရေးပြိုကွဲခဲ့တာဘဲရှင့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင် စနစ်ရှိနေသမျှ ကိုကိုကြီးစိတ်ကူး မယဉ် စေခြင်ဘူး။
ရဲရင့်တဲ့ ကျောင်းသားခေါင်းဆောင် တဦး အနေနဲ့ ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေစစ်အာဏာ ရှင်စနစ် ကို အရင်ဖြုတ်ပါလို့ ဘာကြောင့် မပြောသလဲ ရှင့်။
ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီ စစ်တပ်ကို သူရဲကောင်းလို လူထုတွေက ထင်ယောင် ထင်မှား ဖြစ်လာစေ မယ့်စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေ မသုံးဘို့  မေတ္တာရပ်ခံပါရစေရှင်။
မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ ရဲ့ခွပ်ဒေါင်း စိတ်ဓါတ် ကို ပြန်လည်တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင့်တိုက်ပွဲဝင်သွား မယ့် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ကိုကိုကြီး ကို မြင်တွေ့ လိုပါကြောင်း ပြောရင်း သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။
မလှမြိုင် (ခေါ်) မိုင်ပိုပို
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ၏ မိသားစု တစုလုံးကိုယ်စား
ဇူလိုင်လ (၃၀) ရက် ၂၀၁၂ ခုနှစ်