Showing posts with label အကူညီတောင်းစာ. Show all posts
Showing posts with label အကူညီတောင်းစာ. Show all posts

Sunday, November 30, 2014

ကျင့်ဝတ်မညီ၊ မာနထောင်လွှားနေသော စစ်ကိုင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း ပညာရေးဝန်ကြီးဌာန နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ

0 comments

စစ်ကိုင်းမြို့နယ် ပဲကတိုးကျေးရွာအနီး  ..

စစ်ကိုင်းတက္ကသိုလ်ရှိ .. ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့ရဲ့ တဖက်လက်ဖြင့်ကျူရှင်သင်ခြင်း .. သူတို့ဆီ ကျူရှင်ယူတဲ့ ကျောင်းသားတွေကို မျက်နှာသာပေးခြင်း .. ပညာရေးကို စိတ်ကြိုက်ဖန်တီး လုပ်ချင်ရာလုပ်နေခြင်း .. ဆရာမအချင်းချင်း .. ပါမောက္ခအချင်းချင်း မာနထောင်လွှားနေခြင်းများမှာ .. အလွန်ပင်စိတ်ဆင်းရဲစရာအကြောင်း လူအများသိစေရန်နှင့် ..  .. ပြုပြင်ပြောင်းလဲရေးတွေုလုပ်နေပါတယ်ဆိုတဲ့ အစိုးရ နှင့် ကျောင်းသားထု အလိုမရှိတဲ့ အကျင့်ပျက် အစိုးရ၀န်ထမ်း ပညာရေးဝန်ထမ်းတွေ အကြောင်းကို စိတ်ပျက်ဖွယ်ရာ အများပြည်သူသိစေလိုခြင်းငြာ တင်ပြလိုက်ရပါသည်။  ..

ပဲကတိုးကျေးရွာအနီး စစ်ကိုင်းတက္ကသိုလ် တွင် တာဝန်ကျနေသည့် ..  ပါမောက္ခ ဒေါ်နွယ်နွယ်အေး သည် စစ်ကိုင်းမြို့အတွင်းတွင် နောက်ကွယ်မှ ကျူရှင်ဖွင့်ထားပြီး ကျူရှင်တတ်သူများကို မျက်နှာသာပေးခြင်း .. လာရောက် ကန်တော့သူများကို အမှတ်တိုးပေးခြင်း .. အဆင့်တိုးပေးခြင်း .. ကျူရှင်မတက်သူများကို .. ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ဒေါက်တာ ဒေါ်ခင်တိုးတိုးအောင်မှာလည်း  .. အတူတူဖြစ်ပြီး .. ဒေါ်နွယ်နွယ်အေး အရှိန်နဲ့ စစ်ကိုင်းတက္ကသိုလ်အတွင်း ကျောင်းသားများကို ကျင့်ဝတ်မညီစွာနဲ့ စိတ်ကြိုက်ဖန်တီးနေပါသည်။

ဒေါ်နွယ်နွယ်အေးမှာ တခြားပါမောက္ခများကိုလည်း  .. အချင်းချင်းလေးစားခြင်းမရှိပဲ မထီမဲ့မြင် ဆက်ဆံခြင်း .. မာနထောင်လွှားခြင်း .. ဆရာဆရာမများအပေါ် .. အာဏာပြခြင်းများကို ပြုလုပ်လျှက်ရှိပါသည် ..

အဲဒီအကြောင်းကို မြို့နယ် ပညရေးမှု့ ပြည်နယ်ပညာရေးမှု  .. နှင့်  .. ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ..  ယခုအချိန်ထိ . ဒေါ်နွယ်နွယ်အေး နင့် ဒေါ်ခင်တိုးတိုးအောင်တို့ အမူအကျင့်မှာ ပြောင်းလဲခြင်းမရှိသေးပါ ..

ဒေါ်နွယ်နွယ်အေးနဲ့ ဒေါ်ခင်တိုးတိုးအောင်တို့ကြောင့် စစ်ကိုင်းတက္ကသိုလ်ထဲက  .. ကျောင်းသားတွေရော ဆရာတွေပါ  .. သဘောထားတင်းမာနေကြပြီး မကြာခင်မှာ ပေါက်ကွဲမယ့်အနေအထားကို ရောက်နေပြီဖြစ်ပါသည် .. ကျောင်းသားအချို့က  .. စစ်ကိုင်းခရိုင်ကျောင်းသားများသမဂ္ဂကနဲ့ ဆက်သွယ်လာပြီး  .. ဆရာများကလည်း ကျောင်းသားများဘက်က ရပ်တည်လာပါသည်။

အဲဒါကြောင့် အမြဲတန်း အကျင့်ပျက်ကာ ..  ပါမောက္ခဆိုပြီး အခြားဆရာမများအပေါ် .. တပည့်များအပေါ် .. တပည့်များအပေါ် လုပ်ချင်တိုင်းလုပ်နေတဲ့ ဒေါ်နွယ်နွယ်အေး နဲ့ ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း သက်ဆိုင်ရာ ပညာရေးဌာနမှ  .. အထက်လူကြီးများ သိစေရန် အသိပေး တိုင်ကြားအပ်ပါသည်။

ဝန်ထမ်းတွေ လစာတိုးဖို့ ဆွေးနွေးနေတဲ့ လွှတ်တော်အမတ်များကိုရော .. Clean Gov , Good Gov ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန် ကိုရော .. သိစေချင်ပါသည်။ .. .


By/

ကျောင်းသားဟောင်းတစ်ယောက် ...

Saturday, March 30, 2013

အကူညီတောင်းစာ

0 comments
သို့
အယ်ဒီတာ ခင်ဗျား
ကျနော် အားကိုးကြီးစွာဖြင့် စာရေးလိုက်ပါတယ်။ ကျနော်က သိပ္ပံ နှင့် နည်းပညာ ကျောင်းသား တစ်ယောက်ပါ။ ကျနော် အခု ME(Master of Engineering ) သင်တန်းကို မန္တလေး နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေဆဲ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျနော်တို့ကျောင်းက ရန်ကင်းတောင် အနားမှာ ရှိတဲ့ ကျောင်းပါခင်ဗျာ။ ကျနော်တို့ ခံစားနေရတဲ့ ပြသနာက နေ့စဉ်နှင့် အမျှပြောင်းလဲနေသော သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးတို့ရဲ စည်းကမ်းတွေပါ။ ကျနော်တို့  ကျောင်သားတွေဟာ ကျောင်းမှစစ်ဆေးသော 2 လတစ်ကြိမ်စာမေးပွဲကို 2 လပြည့်တိုင်းဖြေဆိုကြရပါတယ်။ ထိုသို့ စစ်ဆေးသော စာမေးပွဲတွင် 2 ခါဆက်တိုက် သို့မဟုတ်၊ ခုန်ကျော် ပြီး 3 ကြိမ်ဆက်တိုက်ကျရင် ကျောင်းထုတ်ခံရမည် ဆိုသော စည်းကမ်း ကို ထုတ်ပြန်ထားသော် လည်း ထိုစစ်ဆေးသော စာမေးပွဲသည် ယခင်က ပုံမှန် သင်တန်းသား ကို စစ်ဆေးလေ့မရှိပါ။ Inservice ဟုခေါ်သော သိပ္ပံ နှင့် နည်းပညာ ၀န်ထမ်းမှ တာဝန်ထမ်းဆောင် ရင်း ကျောင်းလာတက်တဲ့ ဆရာ ဆရာမတွေကိုသာ စစ်ဆေးလေ့ ရှိသော စာမေးပွဲ ဖြစ်ပါသည်။ 2012 နှစ်မှစတင်ပြီး ပုံမှန် (Regular) နှင့် (inservice )တို့ပေါင်းသင်ရမည်  ဆိုသော စည်းကမ်း စတင်ချမှတ်ခြင်းဖြစ်ပါတယ်။ နောက်ပြီး ထို 2လ တစ်ကြိမ်စာမေးပွဲသည် နိုင်ငံခြားသို့ ပညာတော်သင်သွားမယ့် ဆရာ ဆရာမ တွေကို သာ စစ်လေ့ရှိတဲ့ စာမေးပွဲလို့ ဆရာမတွေ ဆီက တစ်ဆင့်သိခဲ့ရပါတယ်။ သိုသော်လည်း 2 လတစ်ကြိမ်စာမေးပွဲဖြေဆိုခြင်းကို အပြစ်ပြောခြင်း မဟုတ်ရပါ။ ဆက်တိုက်ကျသဖြင့်  ထုတ်ခံလိုက်ရသော အကြောင်းအရာ ကိုသာ ပြောပြချင်ပါတယ်ခင်ဗျာ။ ခုကျနော် ပေးပို့လိုက်သော စာမှာ လွတ်တော်ကိုယ်စားလှယ်တစ်ဦး  ထံ အကူညီတောင်းပြီး ကျနော်တို့ရဲ အခက်အခဲကို လွတ်တော်တင်ပြပေးရန် အကူညီတောင်းစာဖြစ်ပါတယ် ခင်ဗျာ။

သို့
          ဒု- ညွှန်ကြားရေးမှုးချုပ်
          လွှတ်တော်ရုံး
          နေပြည်တော်။                                                               နေ့ စွဲ။         ။ ၂၀ - ၁၁ - ၂၀၁၂ ။
အကြောင်းအရာ။           ။ မန္တလေးနည်းပညာတက္ကသိုလ် မဟာ အင်ဂျင်နီယာနှင့် မဟာသိပ္ပံသင်တန်းတွင်
                                  တက်ရောက်နေသော လပတ်စာမေးပွဲ (၂ ) ခါကျ၊ သင်တန်းရပ်နားစေခြင်း ပြစ်
                                  ဒဏ်နှင့်ပတ်သက်၍ ကျောင်းသားများ၏အသနားခံစာနှင့်ပတ်သက်၍မေးခွန်းမေး
                                  မြန်းလိုခြင်း။
ရည်ညွှန်းချက် ။             ။ (၁၉-၁၁- ၂၀၁၂) နေ့စွဲပါ၊ သင်တန်းသူ/သင်တန်းသား ၁၅၂ ယောက်လက်မှတ်                                                                                                                
                                  ရေးထိုးလျက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ (    )ထံ ပေးစာ။
၁။               မန္တလေး နည်းပညာတက္ကသိုလ် မဟာအင်ဂျင်နီယာ နှင့် မဟာသိပ္ပံသင်တန်း Course work နှင့် Thesis ကျောင်းသူ/ ကျောင်းသားများ၏ (၂) လတစ်ကြိမ်ဖြေဆိုရသောလပတ်စာမေးပွဲ  (၂) ခါကျရှုံးလျင် တက်ရောက်နေသော သင်တန်းမှရပ်နားစေသည့်ပြစ်ဒဏ်ကြောင့် ယခုနှစ်တွင်သင်တန်းသူ/သင်တန်းသား ၇၁ ယောက်မှာ သင်တန်းမှထွက်ရတော့မည့်အရေးနှင့်ရင်ဆိုင်နေရပါသည်။ ထိုစနစ်မှာ ယခင်နှစ်များက အစိုးရအ လုပ်ဝင်ရောက်လုပ်ကိုင်နေသော (In-service) သင်တန်းသားများအပေါ်တွင်သာကျင့်သုံးခဲ့သော်လည်း ယခု နှစ်တွင်မှစတင်ကာ သင်တန်းသားအားလုံးအပေါ် ထိုစနစ်ကိုကျင့်သုံးခြင်းဖြစ်သည်ဟုသိရပါသည်။
၂။                ထိုလပတ်စာမေးပွဲကိုဖြေဆိုရခြင်းမှာ English ဘာသာရပ်ကို (4 skills) ကျွမ်းကျင်အောင်အ တွက်၎င်း၊ ကျောင်းသူကျောင်းသားများ၏အရည်အချင်းကိုမြှင့်တင်ရန်အတွက်၎င်း၊ ရည်ရွယ်ခြင်းဖြစ်၍ကောင်း မွန်ပါသော်လည်း Course work နှင့် Thesis ကျောင်းသူကျောင်းသားများအတွက် အဓိကဘာသာရပ်များမ ဟုတ်ကြသဖြင့် ယခင်က ပုံမှန်တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများမှာ ဖြေဆိုခဲ့ရခြင်းပင်မရှိပါ။
၃။               သို့ဖြစ်ပါ၍ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အဓိကဖြစ်သော နှစ်ဝက်စာမေးပွဲကိုအောင် မြင်အောင်ဖြေဆိုနိုင်ရေးအတွက်လုံးပမ်းနေရခြင်း၊ Thesis ကျောင်းသူ/ကျောင်းသားများမှာ သုတေသနလုပ် ငန်းပြီးမြောက်ရန်အချိန်(၇) လသာလိုတော့ခြင်း စသည်တို့ကြောင့် ထိုနှစ်လတကြိမ်ဖြေဆိုရသော စာမေးပွဲ များကို များစွာအာရုံမစိုက်နိုင်ကြပါ။ ထို့ပြင် သင်တန်းတက်ရောက်သည့်အခါ အပြင်ဆောင်တွင်နေထိုင်ရသ ဖြင့် သွားရေးလာရေးခက်ခဲခြင်း၊ နည်းပညာတက္ကသိုလ်အသီးသီးမှ မန္တလေးနည်းပညာတက္ကသိုလ်သို့ စုပြုံ ပြောင်းရွှေ့လာနေရသဖြင့် ဘာသာရပ်အပြောင်းအလဲရှိခြင်း၊ အမှတ်ပေးစည်းမျဉ်း မည်သို့ရှိသည်ကိုမသိခြင်း စသည့်အခက်အခဲများလည်းရှိကြောင်းသိရပါသည်။
၎။             ကမောက်ကမအနိုင်ဆုံးဖြစ်ရပ်မှာ Course work ကျောင်းသူ/ကျောင်းသားများ၏ (၂) လတကြိမ် အောင်စာရင်းမှာ နှစ်ဝက်စာမေးပွဲဖြေဆိုပြီးချိန်မှထွက်လာသဖြင့်၊ နှစ်ဝက်စာမေးပွဲအောင်မြင်ခဲ့သော်လည်း (၂) လတကြိမ်စာမေးပွဲရှုံးထားသောအချို့ကျောင်းသူ/ကျောင်းသားများမှာ သင်တန်းမှထွက်ရတော့မည်အခြေအ နေဆိုးနှင့်ရင်ဆိုင်နေရရာ သင်တန်းသားများအတွက် အချိန်/ ငွေကြေးနစ်နာဆုံးရှုံးမှုများရှိသလို၊ တိုင်းပြည်အ တွက်လည်းများစွာ လေ့လွင့်ဆုံးရှုံးနစ်နာသည်ဟု ယူဆမိပါသည်။
၅။           ယခုအခါ နိုင်ငံတော်တည်ဆောက်ရေး၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝ သော နိုင်ငံ့သားကောင်း/ သမီးကောင်းများ များစွာလိုအပ်နေသည့်အချိန်ဖြစ်ရာ သင်တန်းသူ/ သင်တန်းသား များကို သေဒဏ်အမိန့်ချမှတ်လိုက်သကဲ့သို့နလံမထူနိုင်စေသော ပြစ်ဒဏ်မျိုးမပေးဘဲ ပိုမိုသက်ညှာစွာဖြင့် ပြု ပြင်ပြောင်းလဲခွင့် ပေးသည့်ပြစ်ဒဏ်မျိုးဖြင့် အစားထိုးပေးရန်ဖြစ်နိုင်-မဖြစ်နိုင်၊ သင်တန်းရပ်စဲခံရတော့မည့် ၎င်းတို့၏ အသနားခံစာကိုစဉ်းစားပေးနိုင်-မပေးနိုင်ဆိုသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ကြယ်ပွင့်မပြ မေး ခွန်း မေးမြန်းလိုပါသည်ခင်ဗျား။

                                          လေးစားစွာဖြင့်
                                                                                             -------------
                                                                                  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
                                                                                     (   )နယ်မဲဆန္ဒနယ်။

မိတ္တူကို - ဥက္ကဌ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ပြည်သူ့လွှတ်တော် သို့ သိရှိနိုင်ပါရန်ပေးပို့အပ်ပါသည်။
         
                                        

ကျနော် လွတ်တော်ကိုယ်စားလှယ်နာမည်နဲ့ မြို့နယ် မဲဆန္ဒနယ် ကို မဖော်ပြ လို့ တောင်းပန်ပါတယ်ခင်ဗျာ။
အခု ပြောင်းလဲသွားတဲ့ စနစ်က တော့ သုံကြိမ်ကျလည်း မထုတ်တော့ပါဘူး။ နောက်ပြီး ကျနော်တို့ ဖြေဆိုစဉ်က မေးခဲ့သော English Question ဟာ IELT level အကုန်လုံး နီးပါးကို ကိုကြည့်ပြီးဖြေဆိုခဲ့ရတာပါ။ Eng+ Major  ကို တစ်ဘာသာ တစ်ရက် နှုန်းဖြင့် စနေ တနင်းဂနွေ နေ့ကို 2 လတစ်ကြိမ်ပြည့် တိုင်း ဖြေဆိုစေခဲ့ပါတယ်။  အဲဒီတုန်းက ကျနော်တို့ အပါအ၀င် ကျောင်းသား 200 ကျော်လောက်ဟာ Major အောင်ပြီး Eng ပဲကျ ရှုံး ခဲကြပါတယ်။ အဲလိုဖြစ်ပြီးတဲ့အထဲမှာ ကျနော်တို့ဟာ 2 ကြိမ်ဆက်တိုက်ကျသဖြင့်ကျောင်းထုတ်ခံခဲ့ရပါတယ်။ ကျနော်တို့ဟာ Inservice လို အစိုးရ ရဲ့ အထောက်အကူဖြင့်ကျောင်းတတ်ရတဲ့ကျောင်းသားတွေ မဟုတ်ရပါ။ ကျနော်တို့မိဘတွေရဲ့ သွေးနဲ့ ချွေးနဲ့ ရှာထားတဲ့ ပိုက်ဆံဖြင့် ကျောင်းတတ်ခဲ့ရတာပါ။
ရင်နာဖို့ကောင်းတာက အခုလိုမျိုး monthly test လိုTutorial လိုစစ်ပြီး ကျလို့ထုတ်ခံရတဲ့ စားမေးပွဲပါ။ နောက်ပြီး ကျောင်းတတ်ချိန်လေးလပြည့်တဲ့အချိန်မှာတော့ Midterm ဆိုတဲ့ နှစ်ဝက်စာမေးပွဲ ဖြေဆို၇ပါတယ်။ 2 လတစ်ကြိမ်၇ဲ့ ဒုတိယမြောက်စာမေးပွဲ အောင်စရင်းမထွက်ခင်မှာပဲ Midterm ဖြေဆိုခဲ့ရတာပါ။ Midterm ဖြေဆိုပြီးချိန်မှ 2 လတစ်ကြိမ်စာမေးပွဲ Result ကိုသိ၇တော့ ဆက်တိုက်ကျ ခဲ့တာကြောင့်ကျောင်းထွက်ခဲ့ရပါတယ်ခင်ဗျာ။  ကျနော်တို့ ကြိုးစားထားတဲ့ Midterm စာမေးပွဲဟာ 2 လတစ်ကြိမ်ကျခဲ့တာကြောင့် ဘာဖြစ်ဖြစ် အကျုံးမ၀င်တော့ပဲကျောင်းထွက်ခဲ့ရပါတယ်။ Midterm  result သိရတော့ ကျနော် အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် 2 လတစ်ကြိမ်ကြောင့်ကျောင်းထွက်ခဲ့ရပါတယ် ခင်ဗျာ။ခုတော့ 3 ကြိမ်ဆက်တိုက်ကျလည်း မထုတ်တော့ပါဘူး။ ကျနော်တို့ ကျောင်းထွက်ပြီးနောက် Eng(IELT) ဖြေဆိုတာ ရမှတ်တွေ ဟာ ကျောင်းသားတိုင်းလိုလို 70 အထက်မှာပဲ ရှိနေပါတော့တယ်။ နောက်ပြီး ကျရှုးံသူ  လည်းမရှိတော့ပါ။ ကျနော်တို့ ကိုေ ကျာင်းထုတ် ပေးခဲ့တဲ့ ဒေါ်မြမြဦး(ရန်ကုန် နည်းပညာ နှင် မန်းလေး နည်းပညာ ပါမောက္ခ) လည်း မ၇ှိတော့ပါ။ စနစ်တွေ ဟာ မနေ့ကနှင် ဒီနေ့၊ ဒီနေ့ နှင့်မနက်ဖြန်လုံးဝ မတူ တော့တဲ့  သိပ္ပံ နှင့် နည်းပညာ ၀န်ကြီး နှင့် အပေါင်းပါ တွေရဲ့ ကြားထဲမှာ မြေစာပင် ဖြစ်ခဲ့ရလို့ ရင်နာပြီး ရေးလိုက်ရတာပါ အယ်ဒီတာ ခင်ဗျာ။ ကျနော်ရေးတာ အမှာများပါသွားခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ကျနော်ရေးထားတာ အဆင်မပြေရင်လည်း ကျနော့် ရင်ဖွင့်စာလေးကိုတော့ ပြည်သူတွေသိအောင် ကူညီးပေးကြပါဗျာ။