Wednesday, October 30, 2013
Re: ကလောမြို့ နယ် အောင်ပန်း မြို့ တွင် အိမ်ခြံမြေ ပြသနာများ စွာ ဆက်တိုက် ပေါ် ပေါက် ( ပေးစာ) (ပြည်သူ့ အသံ)
0 comments
Admin များသာသိစေရန် ။
ကိုစိုးမိုး ၊ ကို စိုး နိုင် ၊ ကိုအောင် မြင့် ထွန်း
၀၉ ၃၆၀ ၂၁ ၄၃၄
ပြည်သူ့ အရေးတက်ကြွ လှုပ် ရှားသူ ဒေသခံများ
အောင်ပန်း မြို့ 
ကလော မြို့ နယ် ၊ ရှမ်းပြည်တောင်ပိုင်း
ကျေးဇူး တင်ပါသည် Admin များခင်ဗျား
>
ကလောမြို့ နယ် အောင်ပန်း မြို့ တွင် အိမ်ခြံမြေ ပြသနာများ စွာ ဆက်တိုက် ပေါ် ပေါက် ( ပေးစာ) (ပြည်သူ့ အသံ)
0 comments
အောင်ပန်း မြို့ ပေါ် ရှိ အချို့ သောပြည်သူ လူထု များ မှာ လွန်ခဲ့ သော
၁၀ နှစ်ကျော် ကာ လ များ မှ အိမ်ခြံမြေများ ၀ယ်ယူ ခဲ့ ရာ တွင် ယခု
အချိန်အောက်ပါ ပြသနာ များ ဆက်တိုက် ဆင့် ကဲ ဖြစ်ပေါ် လျက်ရှိနေပါ သည်။
(၁)အိမ်တစ်အိမ်ကို ပိုင်ရှင် နှစ်ယောက် ဖြစ်ပေါ်လာခြင်း ၄င်း ၂ ခု
စလုံးမှာ မြို့ နယ်မြေစာရင်း ဦးစီး ဌာန ၏ လက်မှတ် တံဆိပ် တုံးအစစ် ဖြင်
့အိမ် ဂရမ် ရှိနေခြင်း
(၂) ၁၉၉၆ တွင် မြေစာရင်း မှ စာသင် ကျောင်း ဆောက်ခွင့် လက်မှတ်
ရထားပြီးသော မြေကို ၂၀၀၇ တွင် ပြည်သူ လူထု မသိလိုက်ပဲ အိမ်ရာ အဖြစ်
ကွက်စိပ် ရိုက်ကာ ရောင်းစား ထား ခြင်း
(၃) ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာသော လယ်ယာမြေကို အကြောင်း
အမျိုးမျိုး တပ်ကာ ခြိမ်းခြောက် ဈေး နှိမ် ၀ယ်ယူ ခြင်း
စသော အမှု များကို ဒေသခံ တက်ကြွ လှုပ် ရှားသူ များ က ပြည်သူ များ
မနှစ် နာစေ ရန် အတွက် တတ်စွမ်းသမျှကူညီ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ၄င်း
ကိစ္စများမြို့ နယ် တရား ရုံး တွင် ဖြေရှင်း ရာတွင်လည်း တရားသူ ကြီးများ
အဂတိ လိုက်စား မှု နှင့် လာဘ်ပေး လာဘ် ယူ မှု ရှိ မရှိ ၊ တရား စီရင်
ရေးတွင် လွတ်လပ် ပွင့် လင်းမြင်သာ မှု ရှိ မ ရှိ ဒေသ ခံ များက အမြဲ စောင်
့ကြည့် လေ့ လာမည်ဖြစ် ကြောင်း အသိပေး အကြောင်းကြား အပ်ပါ သည် ။
ပြည်သူ့ အရေးတက်ကြွ လှုပ် ရှားသူ ဒေသခံများ
အောင်ပန်း မြို့ 
ကလော မြို့ နယ် ၊ ရှမ်းပြည်တောင်ပိုင်း
ဦးရွှေမန်းရဲ့ အမှားတော်ပုံများ
0 comments
၂၀၁၂ ဧပြီလ (၁၁) ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလကုန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ အစိုးရအဖွဲ့ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးများကိုသော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက် နှင့်မှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ရုတ်တရက် ပြောဆိုလိုက်ပါတယ်။
ဦးရွှေမန်းမှ “အောက်ခြေဝန်ထမ်းတွေ အဆင်မပြေဘူးဆိုတာကိုသိရင် ဒီလိုဖြစ်ကြတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ၊ ရုံးအဆင့်အတန်းအလိုက် လျော်ညီစွာအသုံးပြုရန် သင့်တင့်မျှတ သော ရုံးအသုံးစရိတ်၊ အထွေထွေစရိတ်၊ ဝန်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြားစရိတ်များကို စိစစ်တိုးမြှင့်ပေးဖို့နှင့် တကယ်လို့ငွေပိုနေသေးလျှင် ဝန်ထမ်းများအတွက် လစာငွေနှင့် ထောက်ပံ့ငွေပေးနိုင်ရေး အတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိကြောင်းကိုလည်း လေ့လာတွေ့ရှိထားပါ တယ်။ ဒီကိစ္စအတွက် လွှတ်တော်သို့ တင်ပြလာလျှင် အတည်ပြုပေးသင့်ကြောင်း တင်ပြအပ်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။
ဦးရွှေမန်းရဲ့ ပြောဆိုမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံစိုက်နေတဲ့ လူထုတစ်ရပ်လုံးက ဦးရွှေမန်းကို အာရုံစိုက်သွားကြပါတယ်။ ဝန်ထမ်အများအပြားနဲ့ ဝန်ထမ်းများကို မှီခိုနေရတဲ့ ပြည်သူများကလည်း လစာတိုးပေးဖို့ နိုင်ငံတော်မှာ အဆင့်(၃) တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခြင်း ဖြစ်တာကြောင့် သေချာပေါက်တိုးပြီဆိုပြီး ဝမ်းသာ ပျော်ရွှင်ခဲ့ရပါတယ်။ မြန်မာ့အရေးလေ့လာသူများကလည်း ဦးရွှေမန်းအနေနဲ့ ယခင် လုပ်ဖော်ကိုင်ဖက် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေကို တိုင်ပင်ပြီးတာကြောင့် အခုလို ပြောဆိုတာ ဖြစ်နိုင်ကြောင်း၊ လစာတိုးဖို့ သေချာကြောင်း သုံးသပ်ခဲ့ကြပါတယ်။ 
ဒါပေမယ့် ဘဏ္ဏာရေးဝန်ကြီးက လစာတိုးမြှင့်ရေး အစီအစဉ်မရှိသေးကြောင်း လွှတ်တော်တွင် ဖြေရှင်းခဲ့ရာ ဦးရွှေမန်းအရှက်ရခဲ့ပြီး နောက်တစ်ကြိမ် ထပ်တင်ခဲ့ပြန်ပါတယ်။ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း အချို့ကို ရပ်နားထားပြီး ဝန်ထမ်းလစာကို အရင်တိုးဖို့ ထောက်ပြပါတယ်။ ဒီလိုနဲ့ စီမံကိန်းအချို့ ရပ်နားခဲ့ရပြီး စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ မျှော်လင့်တောင့်တနေတဲ့ ဝန်ထမ်းတွေလည်း ငွေနှစ်သောင်းနဲ့တင် ကျေနပ်ခဲ့ရပါတယ်။ လစာတိုးဖြစ်စဉ်အပြီး ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ  မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ရတာဟာ ဦးရွှေမန်းရဲ့ မဆင်မခြင် နာမည်ကောင်းဝင်ယူခဲ့တာကြောင့် ဆိုပြီး နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြပါတယ်။
ဒုတိယနဲ့ တတိယအချက်ကတော့ ကော်မတီကော်မရှင်တွေ ကိစ္စနဲ့ခုံရုံးနှုတ်ထွက်သွားရတဲ့ ကိစ္စပါ။ လွှတ်တော်ခေါ်ပြီး မကြာခင်မှာပဲ ကော်မတီမျိုးစုံ၊ ကော်မရှင်မျိုးစုံ ယခင် ဝန်ကြီးဟောင်းတွေနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ ယခင် ဝန်ကြီးဟောင်းများက ၎င်းတို့တာဝန်ယူခဲ့သည့်လုပ်ငန်းနှင့် သက်ဆိုင်သော နာမည်ဖြင့် ကော်မတီပြန်ဖွဲ့ကာ ဥက္ကဌပြန်လုပ်ကြပါတယ်။ ကော်မတီ၊ ကော်မရှင် ဥက္ကဌများကို ဦးရွှေမန်းက အထူး အရေးပေးသည့်အပြင် အခါအားလျှော်စွာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ယခင်ဝန်ကြီးဟောင်း ကော်မတီ ကော်မရှင် ဥက္ကဌတွေက လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးတွေရဲ့ လုပ်ဆောင်မှုများကို ဝင်ရောက် စွက်ဖက်မှုတွေရှိလာပါတယ်။  အဲဒီနောက် ကော်မတီဥက္ကဌနဲ့ ဝန်ကြီး နှစ်ယောက် ဘယ်သူက ပိုကြီးသလဲဆိုတဲ့ ပြဿနာပေါ်လာပါတယ်။ ပြဿနာအတွက် အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် ရယူခဲ့ချိန်မှာ အခြေခံဥပဒေ ခုံရုံးမှ  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ (ဂ)၊ ပုဒ်မ ၉ဝ၊ ၉၁၊ ၉၃ (ခ)၊ ၉၇ (ဃ) (၁)၊ ပုဒ်မ ၁ဝဝ၊ ၁ဝ၁၊ ၁ဝ၃ စသည့် ပုဒ်မပေါင်း ၁၄ ခုကို ကိုးကား၍ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကိုရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုရမည် ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့အဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ထုတ်ပြန်ခဲ့ရာ ခုံရုံးနဲ့ လွှတ်တော်ကြား တင်းမာမှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
အဓိက တာဝန်ရှိသူ ဦးရွှေမန်းက လွှတ်တော်ဖက်ကနေပြီး ရပ်တည်ခဲ့တာကြောင့် အခြေခံဥပဒေအရ လွှတ်တော် ကော်မတီများကို ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အား စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတကြီးကိုယ်တိုင်က ခုံရုံးနဲ့လွှတ်တော်ကြား ညှိညှိနှိုင်းလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပေမယ့် ဥက္ကဌ ဦးသိန်းစိုးအပါအဝင် ၉ ဦးလုံး ၂၀၁၂ စက်တင်ဘာလမှာ နှုတ်ထွက်ခဲ့ရပါတယ်။ လွှတ်တော်က တစ်ဖက်၊ ခုံရုံးနဲ့ အစိုးရက တစ်ဖက် အားပြိုင်မှုမှ လွှတ်တော်က အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့ ဦးသိန်းစိုးတို့အပေါ် အနိုင်ရမှုအတွက် ဦးရွှေမန်းလည်း ကျေနပ်ခဲ့ပါတယ်။
ဦးရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ်ကိုင်တွယ်တတ်ပြီး စနစ်တကျ အကွက်ချတတ်တယ်။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာ ဒေါက်တိုင်ကြီးသုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာပါ။ ဒီအညှာကိုချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင် တွေ အချိန်မရွေးဖြိုပစ်လို့ရပြီဆိုတဲ့ သဘောပါ။ အသေအချာစဉ်းစားကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ ဦးရွှေမန်း က အာဏာရှင်ဒီမိုကရေစီကိုစပြီး ခြေလှမ်းလိုက်တာလို့ ပြောလို့ရပါတယ်။ 
စတ္ထုထမြောက် ဖြစ်စဉ်ကတော့ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးလွန်းမောင်ရဲ့ နောက်ကျောကို  ဓားနဲ့ထိုးခံခဲ့ရတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဦးရွှေမန်းနဲ့အတူ ဂေါက်ရိုက်တုန်းမှ စေတနာနဲ့ သတိပေးခဲ့တာတစ်ခုကို အခွင့်ကောင်းယူပြီး ဦးရွှေမန်းက ပညာပြန်ပေးခဲ့တဲ့အတွက် စာရင်းစစ်ချုပ် ဦးလွန်းမောင် ရာထူးကနေ ဖယ်ရှားခံရပြီး အခု ထမင်းရောင်းနေရပါတယ်။ ဦးလွန်းမောင်က “ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။”လို့ပြောပါတယ်။ နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ကိုင်လာသူ တစ်ယောက်ကို ဘဝပျက်သွားတဲ့အထိ  လုပ်ရက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပဉ္စမအချက်ကတော့ တခြားသူတွေကို စာအုပ်ထဲကအတိုင်း အတိအကျလိုက်ကိုင်တဲ့ ဦးရွှေမန်းဟာ ကိုယ်တိုင်ကတော့ မိသားစုတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ သွယ်ဝိုက်သောနည်းနဲ့ ကူညီအားပေးနေတာပါပဲ။ ဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလားဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင်ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့အပြိုင် စပါးပေးငွေ (စိုက်ပျိုးစရီတ်ချေးငွေ)ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံး မှတစ်ဆင့် သိမ်းယူမှုတွေ အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။
ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေး အပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်နေပါပြီ။
မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာ လည်း မြေကွက်အမြောက်အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေပြည်တော် မြို့တော်တည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း ဦးအောင်သောင်း သားအပါအ၀င် တခြား လူကြီးသား သမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက် အမြောက် အများ ရရှိခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါဦးမည်။
(မောင်ပေါက်ကျိုင်း)
လွတ်ငြိမ်းချမ်းသာခွင့်မပေးသင့်သော ရာဇဝတ်မှု ကျူးလွန်ထားသည့် စစ်ထောက်လှမ်းရေး အကျဉ်းသားများ
0 comments
 ဦးခင်ညွန့် နှင့်အတူ ဖမ်းဆီးထောင်ချခြင်းခံထားရသည့် စစ်ထောက်လှမ်းရေးဟောင်းများကို လွှတ်ပေးရန် ၎င်းမိသားစုများမှ ရေးသားထားသောစာများကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုလွှတ်တော်နာယက၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ၊ တရားသူကြီးချုပ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော်အမတ် ဦးသိန်းညွန့်၊ လွှတ်တော်အမတ် ဒေါက်တာ အေးမောင်၊ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ဥာဏိဿရ၊ အလိုတော်ပြည့်ဆရာတော်နှင့် ယခင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ကို ပေးပို့ထားကြောင်း သိရသည်။ သူတို့(၂၂) ဦးအား ပြောင်းလဲ လာသော မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသော ယခုလို ခေတ်ကာလမျိုးတွင် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သော အခွင့်အရေးအရ တောင်းဆိုရခြင်းဖြစ်ကြောင်း၊ လူသားချင်းသနားငဲ့ညှာသောအားဖြင့် ပြန်လွှတ်ပေးသင့်သည်ဟု ထင်မြင်ကြောင်း၊ အကယ်၍ မလွှတ်ပေးနိုင်ပါကလည်း သူတို့၏ အမှုများကို ပြန်လည်စိစစ်ပေးရန် နိုင်ငံတော်အကြီးအကဲများထံ တောင်းဆိုလိုကြောင်း ပြောကြားထားသည်ဟု သိရသည်။
 စစ်ထောက်လှမ်းရေးဟောင်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုပါက ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ပြင်းပြင်းထန်ထန်ကန့်ကွက်သွားမည်ဖြစ်သည်။ ယခင် စစ်ထောက်လှမ်းရေး အဖွဲ့သည် ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ထားသူများဖြစ်ကြသည်။ အထူးသဖြင့် အပြစ်မဲ့ ပြည်သူ များကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ဒီမိုကရေစီလှုပ်ရှားသူများ၊ ကျောင်းသားများ၊ တော်လှန်ရေးသမားများ နှင့်အတိုက်အခံများကို မတရားဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြသည်။
 ဒီမိုကရေစီအရေးလှုပ်ရှားသူအများအပြားမှာ စစ်ထောက်လှမ်းရေးကြောင့် ဘဝပျက်ခဲ့ကြရသည်။ ၎င်းတို့ကို မှီခိုနေကြသည့် အပြစ်မဲ့အမျိုးသမီးများနှင့် ကလေးများ ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။ ၎င်းတို့၏ မိဘအများအပြားမှာ သား/သမီး စိတ်ဖြင့် အိပ်ယာထဲ လဲသူလဲ၊ အသက်ဆုံးရှုံးသူ ဆုံးရှုံး ဖြစ်ခဲ့ကြရသည်။ စစ်ထောက်လှမ်းရေးများကြောင့် အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့ကြသည့် ဒီမိုကရေစီလှုပ်ရှားမှုများ သွေးထွက် သံယိုဖြစ်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူများစွာ နှုတ်ပိတ်ခံခဲ့ရသည်။ မိသားစုများစွာ ဘဝပျက်ခဲ့ရသည်။
ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် စစ်ထောက်လှမ်းရေးများ၏ ရပ်တည်ချက်သည် ပြဒါး တစ်လမ်း၊ သံတစ်လမ်းဖြစ်သည်။ ဤကဲ့သို့ အပြုအမူ၊ အပြောအဆို၊ အကျင့်စရိုက် ဆန့်ကျင်ဘက် ဖြစ်နေသော အမျိုးအစားနှစ်ခုကို တစ်မျိုးတည်းသတ်မှတ်ကာ စစ်ထောက်လှမ်းရေးဟောင်းများကို နိုင်ကျဉ်းဟောင်းများနှင့် တန်းတူသဘောထားပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုပါက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လုံးဝလက်မခံနိုင်ပါ။
 ပြည်ပရောက် ဒီမိုကရေစီအင်အားစုများကလည်း ယခင်စစ်ထောက်လှမ်းရေးဟောင်းအားလုံးကို နိုင်ငံတကာခုံရုံးသို့တင်ရန် စီစဉ်ထားပြီးဖြစ်သည်။ မြန်မာအစိုးရက ဖမ်းဆီးအပြစ်ပေးခဲ့သဖြင့် ထိုအစီအစဉ်ကို ရပ်နားထားခဲ့ခြင်းဖြစ်သည်။ အမှန်ဆိုလျှင် လွတ်မြောက်နေသည့် စစ်ထောက်လှမ်းရေး ဟောင်းများအားလုံးကိုပါ ဖမ်းဆီးအပြစ်ပေးသင့်သည်။ သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် ၎င်းတို့ကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ကာ ပြန်လွှတ်ပေးခြင်းသည် ရာဇဝတ်မှုကျူးလွန်သူများကို အားပေးရာရောက်သလို နိုင်ကျဉ်းဟောင်းများ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါသည်။ ရာဇဝတ်မှု ကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနေသည့် သမ္မတကြီး ဦးသိန်းစိန် အပေါ်တွင် အလွန် အံ့သြော်မိပါသည်။ ယခင် စစ်ထောက်လှမ်းရေးဟောင်းများ၏ ပြစ်မှုကျူးလွန်မှုများတွင် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ပါဝင်ပတ်သက်နေမှု ရှိ/မရှိကိုလည်း သံသယဖြစ်ရပါသည်။
သမီးအကို( shweaunglan123@gmail.com)ဖြင့်ပို့ပေးလို့တင်ပေးလိုက်ပါတယ် အမှန်တွေနော်---
Tuesday, October 29, 2013
တိုင်းဧရာက သိပါတယ်
0 comments
အောက်တိုဘာ ၂၄ ရက်နေ့က ဦးရွှေမန်းအနေနဲ့ လွှတ်တော်အဆောက်အဦထဲမှာ လုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ “မိမိသော် လည်းကောင်း၊ မိမိမိသားစုအတွက်သော်လည်းကောင်း တာဝန်ယူတယ်၊ စီးပွါးရေးကိစ္စနဲ့ ပတ်သတ်ပြိး အချိန်မရွှေး အစစ်ခံ နိုင်တယ် ၊အချိန်မရွေးလာရောက် လေ့လာနိုင်ပါတယ်” လို့ ပြောခဲ့တယ်နော်။ Eleven Media အင်တာနက်စာမျက်နှာမှာ ဦးရွှေမန်းကိုယ်တိုင် အဲဒီလိုပြောခဲ့တဲ့စကားတွေအကြောင်း သတင်းရေးထား တာကိုလည်း ဖတ်လိုက်ရတယ်။တော်တော်လေးကို လူပြောသူပြောများသွားတဲ့ သတင်းဖြစ်သွား တာကိုး။ ဦးရွှေမန်းအနေနဲ့ ပြည်သူတွေရဲ့ သုံးသပ်ချက် Comment တွေ ကိုဖတ်ကြည့်သင့်တယ်။မဖတ်ဝံ့လို့ မဖတ်ဖြစ်ရင်တော့ မသိပေါင်၊ တကယ်လို့ ဖတ်ပြီးပြီ ဆိုရင်လည်း ရှက်တတ်တဲ့စိတ် ကလေးရှိရင်တော့ လဲသာသေ ဖို့ကောင်းနေပြီနော်။
 အပြောမှာ ရွှေမန်း
တကယ်တော့ ဦးရွှေမန်းရယ် ၊ ယူနီဖောင်းကြီးဝတ်တုန်းက ပျော့ပျော့လေးနဲ့နံခဲ့တာတွေကို ဘယ်လိုဖုံး ဖိထားမှာလဲ။ ဦးရွှေမန်း သားတွေ ရမ်းချင်တိုင်းရမ်းခဲ့တာတွေ အတွက်ရော အစစ်ခံ တာဝန်ယူ/ တာဝန်ခံနိုင်ရဲလား။ “ကလေးတွေ အတွက်လည်း ကလေးတွေ တာဝန်ယူနိုင်အောင်လုပ်ထားတယ်” အပြောလေးနဲ့ ၀မ်းချမယ့်ပျားရည်တွေ မတိုက်ပါနဲ့လား။ “အပြောမှာတော့ ရွှေမန်း” ဆိုတဲ့ စကား လွှတ်တော် ဥက္ကဌကြီးအတွက် များ ဖြစ်ခဲ့သလား။ဦးရွှေမန်းကြီး တိုင်းမှူးဘ၀က ဘာတွေလုပ်ခဲ့သလဲဆိုတာ ဧရာဝတီတိုင်းက လယ်သမားတွေ သိတယ် ။ လယ်/ဆည် က ၀န်ထမ်းတွေ ၊မြေစာရင်းက ၀န်ထမ်းတွေသိတယ်။ အဖေက မြေသိမ်းပေးပြီး သားတွေထောင်တဲ့ ကုမ္ပဏီတွေနဲ့ လုပ်စားတယ် ။ရောင်းစားတယ်။ ကျုပ်တို့ရဲ့ လယ်ကွက်တွေ၊ စိုက်ခင်းတွေ.. ဒါတွေကို နိုင်ငံတော်ဆိုတဲ့ စကားလုံးနဲ့ကိုင်ပေါက်၊အတင်းလုယူပြီး သားတွေရဲ့ ကုမ္ပဏီတွေ၊ ခမည်း ခမက်ကြီးရဲ့  လုပ်ပိုင်ခွင့်တွေထဲ အကုန်သွန်ချပေးခဲ့တာတွေ မေ့ပစ်ပြီလား။ လိပ်ပြာ လုံပြီလား။ ကျုပ်တို့ ဧရာဝတီတိုင်းရဲ့ ချွေးတွေ ဘ၀တွေကို ဦးရွှေမန်းတို့မိသားစုဘ၀ကြီးသာယာဖို့ အရင်း အနှီးဖြစ်ခဲ့ရတယ်။ သူ့နောက်မှ တတ်လာတဲ့ သူရမြင့်အောင်ကိုလည်း သူ့သြဇာမခံလို့ဆိုပြီး ဂွင်ထောင် အပိုင်ကိုင်ပြီး ဖြုတ်ပစ်လိုက်တာလည်း အားလုံးသိတယ် ။ သူရမြင့်အောင်ကို စီးပွါးရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး တိုင်းရံပုံငွေ လုပ်ခိုင်းတာကို သူရမြင့်အောင်က မလုပ်နိုင်ဘူးဆိုလို့ အငြိုးတကြီးနဲ့ ဖြုတ်/ထုတ် လုပ်ပစ်ခဲ့တယ်။
သူရမြင့်အောင်ကို ဖြုတ်ချ အပြီး အခုတော့.. ဦးသိန်းစိန်ကို ဒေါက်ဖြုတ် ဖို့ကြံနေပြန်ပြီ။ပြည်သူတွေ ချစ်တဲ့ ဦးသိန်းစိန် ကို ဒုက္ခအမျိုးမျိုးပေး ၊နောက်ဆုံး ပက်စက်တဲ့အကြံနဲ့ စစ်တပ်ကို စေတနာရှိသလိုလိုနဲ့ လစာတိုး ဖို့ပြောပေး၊ ဦးသိန်းစိန်က လောလောဆယ် မဖြစ်နိုင်ပြောတော့ စစ်တပ်နဲ့တိုက်ပေး၊စစ်တပ်က ဘာမှ မဖြစ်တော့ ဒေါ်စုနဲ့ ပေါင်းသွားပြန် ပါရောလား။ ဒေါ်စုသမ္မတဖြစ်အောင်ပဲ ကူညီပေးမလိုလိုနဲ့ ပြည်သူလူထု နားထဲ အပျော့ဆွဲ စကားလုံးတွေနဲ့ လူတွင်ကျယ်ဇာတ် ၀င်ခင်းနေပြန်ပြီ။ အကယ်၍ ကိုယ်တိုင် သမ္မတ မဖြစ်ရင်တောင် ဒေါ်စု သမ္မတဖြစ်ခဲ့ ရင် ဒုသမ္မတတော့ ဖြစ်နိုင်ကောင်းရဲ့ ဆိုပြီးများ ဆင်ကြံကြံနေသလား သမ္မတဖြစ်ချင် လွန်းနေတဲ့ ဦးရွှေမန်းရေ။ အတိတ်ကို ပြန်ကြည့်ဦးဗျ။ ပြည်သူကို ချစ်တယ်။ အမျိုးကို ချစ်တယ် ဆိုပြီး အမျိုးတွေ၊ သားသမီးတွေ ကြီးပွါးသွားအောင်လုပ်ခဲ့တာတောင်၊ ကျုပ်တို့ ဧရာဝတီ တိုင်းကြီး တစ်ခုလုံးကို  အိပ်ကပ်ထဲလိုသလို ထည့်ပြီး တာတောင် မကျေနပ်လို့ မြန်မာတစ်နိုင်ငံလုံးကို အိတ်ထဲထပ်ထည့်ဖို့ ကြံစည် နေသလား။ ကျုပ်တို့ နင်းပြားတွေ နဲ့ ကော်လံပြာ လူတန်းစား တွေကတော့ ဦးရွှေမန်း နိုင်ငံရေး ဇာတ်ခုံပေါ် တတ်မကခင် ခွန်းထောက်လေး ရွတ်ပြရုံနဲ့ ဘယ်လိုခြေထိုး၊ဘယ်လိုလက်ကွက်နဲ့ ကမယ်ဆိုတာ ကြိုမြင်နေပါ့ဗျား။။ နိုင်ငံရေးလောကမှာ Sorry ပါဆိုတဲ့ စကားပြောလာပြီဆိုရင်တော့ အတော်နောက်ကျနေတဲ့ အဓိပ္ပါယ်ပဲ။ ဒီတော့ကာ အချိန်လွန်မှ ပြောရ/ ကြားရမယ့်စကားတစ်ခွန်းကို မလိုလားလို့ ဇာတ်လမ်း မစခင် ကတည်းက ကြိုပြီးတော့ သာ ပြောလိုက်ချင်ပါတယ်။
“တိုင်းဧရာက သိပါတယ်….. ဦးရွှေမန်းရေ ”
ငသိုင်းချောင်းသား
ပေးစာ
0 comments
(28.10.2013).နေပြည်တော် ပြည်ထောင်စုအစိုး၇အဖွဲ့ရုံး ရုံးအမှတ် ၁၈ မှ ပြည်သူ ၁ ဦး မှ ၀င်ခွင့်တောင်း ခံရာ တာဝန်ကျဒုရဲအုပ်စီုးနီုင် မှညွန်မှုးဦးမင်းဇော်ျမှ ညွန်ချုပ်ခွင့်ပြုမှ သာ ၀င်ခွင့်ပြုမည်ဖြစ်ကြောင်း ညွန်ချုပ်မရှိသဖြင့် ၀င်ခွင့်မပြုပါ။နောက် လူမြားညွန်ချုပ်ထံကြိုတင်ဝင်ခွင့်တောင်းပြီးမှသာ သွားကြပါရန်။
မည် သူမျှအလကားသက်သက်မသွားပါ။၁နှစ်ကျော်အစိုးရ မှမဖြေရှင်းပေးသဖြင့်သွားရောက် စုံစမ်းခြင်းဖြစ်သည်။
၂၉.၁၀.၂၀၁၃နေ့တွင်လည်းသမတရုံးဝန်ကြီးဋ္ဌာနမှ လည်းဝင်ခွင့်မပေးပါ။
သို့ဖြစ်ပါ   အစိုးရအဖွဲ့အားတိုင်ခြင်းသည်ဝန်ထမ်းများ၏အမုန်းသာရပြီးဟိုင်စာဋ္ဌအဖြေမရပါ။
Sunday, October 27, 2013
1 comments
ရွှေမန်းသူ(ရန်ကုန်)ကအရာရှိတွေ ဘီလူးစီးနေပြီ
မြန်မာနိုင်ငံအား မူးယစ်ကင်းစင်သော နိုင်ငံ ဖြစ်စေလိုပါသည်
0 comments
***မူးယစ်ဆေးရာဇာ မွတ်ကုလားများ***
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာအနီး ဇီးကုန်းကျေးရွာတွင် မွတ်ကုလားများ စိတ်ကြွရူးသွတ်ဆေးပြားများ အပါအဝင် အခြားမူးယစ်ဆေးမျိုးစုံ ရောင်းဝယ်ဖောက်ကားနေသည်ဟု ထန်းကုန်းရွာမှ ပြည်သူတစ်ဦးမှ သတင်းပေးလာသဖြင့် အများသိရှိစေရန် တင်ပြလိုက်ပါသည်။ ၄င်းဇီးကုန်းကျေးရွာတွင် မွတ်ကုလားအိမ်ထောင်စု ၅စုမှာ မူးယစ်ဆေးလုပ်ငန်းဖြင့် တဟုန်တိုးစီးပွါးတက်လာသည်ဟု လူပြောများနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း တာဝန်ရှိသူများမှာ စစ်ဆေးအရေးယူမှု လုံးဝ မရှိသေးသည်မှာလည်း ထူးဆန်းနေပြန်သည်။ ယင်းရွာတွင် ထိုမွတ်ကုလားထံမှ  မူးယစ်ဆေးမျိုးစုံအား လိုသလောက် လွတ်လပ်ပွင့်လင်းစွာ ဝယ်ယူရရှိနိုင်ကြောင်း လူငယ်အများကြား ရေပန်းစားနေသည်မှာ အနာဂါတ်မျိုးဆက်အတွက် ရင်လေးစရာတစ်ခုပင်။ ယခင်က ကုန်းကောက်စရာမရှိအောင်ပင် ဆင်းရဲသော မွတ်ကုလားအချို့မှာ နွားကူးသည်ကို အယောင်ပြကာ မူးယစ်ဆေးကူးခြင်းဖြင့် ချမ်းသာလာနေကြောင်းလည်း သိရပြန်သည်။ ကန့်ဘလူမြို့နယ်နေရာအနှံ့လိုလိုပင် မူးယစ်ဆေးဝယ်လို့ လွယ်ကူကြောင်း ကြားသိနေသည်မှာတော့ ကြာပါပြီ။ ကန့်ဘလူမြို့နယ်တွင်း လူသိနည်းသော ကုလားအမှုများတွင် တရားခံလူစားထိုးမှုများလည်း အလွန်များကြောင်း သိရသည်။ လူစားထိုးအမှုတစ်ခုကို ဥပမာအဖြင့် တင်ပြရလျင် အရေးအခင်းမတိုင်မီ ထန်းကုန်းဗလီတွင်း ဖမ်းဆီးမိသော လက်နက်များ၏ တရားခံ ဗလီဆရာများနှင့် ခေါင်းဆောင်များမှာ ငွေထိုးလူစားလဲကာ ရာဇဝတ်ဘေး ပြေးလွတ်နေပေသည်။ ရွှေဘိုထောင်တွင် စုံစမ်းနိုင်သည်။ နောက်အခြား ဥပဒေမဲ့ လုပ်ငန်းများ ပေါ်တင်လုပ်ကိုင် နေသည်များလည်း ရှိသည်။ ဇီးကုန်းမွတ်ကုလား၏  မူးယစ်ဆေးလုပ်ငန်းများအား ငွေမျက်နှာ မကြည့်ဘဲ အရေးယူဆောင်ရွက်နိုင်ရန် အနာဂါတ်လူငယ်မျိုးဆက်များ၏ အကျိုးကို ရည်မျှော်လျက် နိုင်ငံတော်သမ္မတကြီးနှင့် အထူးမူးယစ် မှ တာဝန်ရှိသူ လူကြီးအပေါင်း သိရှိနိုင်ပါရန် တင်ပြပါသည်။
Please share to know all.(လူငယ်များ မူးယစ်ဆေးသားကောင်အဖြစ်မှ ကင်းရှင်းစေကာ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ရှယ်ပေးခြင်းဖြင့် ကူညီကြစေလိုပါသည်။)
0 comments
       မန္တလေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာ ဝင်းလှိုင်၏လာဘ်စားမှု 
ကျွန်တော်တို့တင်ပြလိုတာက မန္တလေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်(မျက်စိအထူးကုဆရာဝန်ကြီးဒေါက်တာဦးကိုလေး၏သား) မန္တလေးတိုင်းဒေသကြီး အတွင်းခေါ်ယူသော ကျန်းမာရေးဦးစီးဌာန၏ Tender ခေါ်ယူမှုများတွင်တွေ့ရသော လာဘ်စားမှုများဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှကျေးလက်ဒေသများအတွက် နိုင်ငံတော်မှဘတ်ဂျက်ဖြင့်တည်ဆောက်မည့် ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံများ၏ Tender ဖွင့်ပွဲကို စက်တင်ဘာ ၁၃ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဋ္ဌာနမှာပြုလုပ်ခဲ့ပါသည်။ကုမ္ပဏီများတင်သွင်းသော Tender ပမာဏငွေများကိုဖွင့်ဖောက်ကြေငြာ၍ အသေးစိတ်တွက်ချက်မှု ပုံစံများအား အင်ဂျင်နီယာအဖွဲ့ဖြင့်စစ်ဆေး၍ Tender အောင်မြင်သော ကုမ္ပဏီကို ထပ်မံကြေငြာမည်ဟု ပြောဆိုပါသည်။ထို့နောက်အောက်တိုဘာ ၈ ရက်နေ့တွင် ကျန်းမာရေးဦးစီးဋ္ဌာန၌ Tender အောင်ကုမ္ပဏီများကိုကြေငြာမည်ဖြစ်ကြောင်းအကြောင်းကြား၍ ကုမ္ပဏီများအား နေ့လည် ၁ နာရီအရောက် ကျန်းမာရေးဦးစီးဋ္ဌာနသို့လာရန် ညွှန်ကြားပါသည်။ထို့နောက် ၁ နာရီ ၄၅ မိနစ်ခန့်မှ ဝန်ကြီးဒေါက်တာဝင်းလှိုင်ရောက်ရှိလာပြီး ၃ နာရီခန့်တွင်မှ ကျန်းမာရေး ဦးစီးမှူးဒေါက်တာ မိုးဆွေ အားဝန်ကြီးမှသူကိုတိုင်စိတ်ကြိုက်ရွေးချယ်ထားသော ကုမ္ပဏီများ၏ အမည်ကိုကြေငြာပေးရန် စေခိုင်းပါသည်။အဘယ်ကြောင့် ဒေါက်တာဝင်းလှိုင်မှစိတ်ကြိုက်ရွေးချယ်သည်ဟုဆိုရခြင်းမှာ ကျန်းမာရေးဦးစီးမှူးဒေါက်တာမိုးဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် Tender အောင်ကုမ္ပဏီများအားရွေးချယ်ရာတွင် လူမှူရေးဝန်ကြီးဒေါက်တာဝင်းလှိုင်မှ စိတ်ကြိုက်ရွေးချယ်ခြင်း ဖြစ်ကြောင်းသေသေခြာခြာထည့်သွင်းပြောကြားသွားသောကြောင့် ဖြစ်သည်။ထိုသို့ပြောကြားခြင်းမှာလည်း ရွေးချယ်မှုပုံစံများ မှန်ကန်မှု၊ရိုးသားမှု အားနည်းသည်ကို သိရှိရိပ်မိ၍ ၎င်းအပေါ်တွင့်မှုပါတ်မည်စိုး၍ ကာကွယ်ပြောကြားသည်ဟုယူဆပါသည်။ နိုင်ငံတော်မှ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံများအတွက် ဘတ်ဂျက်ရာထားချက်မှာကျပ်သိန်း ၆၀၀၀ ဖြစ်ပါသည်။သို့သော် ကုမ္ပဏီအများစုတင်သွင်းထားသော တန်ဖိုးမှာ ကျပ်သိန်း ၄၅၀၀ နှင့် ၅၀၀၀ ဝန်းကျင်များဖြစ်သော်လည်း ဒေါက်တာဝင်းလှိုင်ရွေးချယ်ခိုင်းသော ကုမ္ပဏီများမှာ ဘတ်ဂျက်ငွေအတိုင်းတင်သွင်းထားသောကုမ္ပဏီများနှင့် (ဥပမာ- ကျပ်သိန်း၆၀၀၀ နှင့် ၅၉၀၀ ဝန်းကျင်) ၎င်းဘတ်ဂျက်ငွေနှင့် အနီးစပ်ဆုံး ကုမ္ပဏီများကိုသာ ရွေးချယ်ထားသည်ကိုတွေ့ရပါသည်။ဥပမာ- ဒဏ္ဍိနနိုင် ၅၉၇၃ သိန်း(တောင်သာ၊ကျောဇီ)
          ရွှေဝါလင်း ၅၈၂၀ သိန်း(တောင်သာ၊ရုံးစည်ကြီး)
         ပြည့်ဝခိုင်မာ ၅၉၇၃သိန်း(အမရပူရ၊ရဲလွန်ူးကျော်)
           ရွှေထီးရွှေနန်း ၅၉၉၅သိန်း(မလှိုင်၊ဆည်တို)
          ရန္တပိုရ် ၆၀၀၀သိန်း(စဥ့်ကူး၊ထုံးကြီး)
 ကျွန်တော်တို့အနေနှင့်ဤ Tender ရွေးချယ်မှုအပေါ်တွင်  လူမှုရေးဝန်ကြီးဒေါက်တာ ဝင်းလှိုင် အနေဖြင့်လာဘ်ကွေအမြောက်အများ ရရှိသည်ဟုပြောနိုင်ပါသည်။( ရန္တပိုရ် နှင့် ကြယ်စင်မင်း ပိုင်ရှင်တူ ကုမ္ပဏီအမည်ကွဲ ဆိုလျှင် သိန်း၃၅၀ ထိ ဒေါက်တာဝင်းလှိုင်အားပေးရသည်ဟုကြားသိရ၊ ရန္တပိုရ် အမည်နှင်ကော ကြယ်စင်မင်းအမည်နှင့်ပါ ၁လုံးစီ Tender အောင်ထားသည်ကိုတွေ့ရှိနိုင်ပါသည်)
အဘယ့်ကြောင့် ထိုသို့ပြောနိုင်သနည်းဟုဆိုလျှင် ပြည်နယ်နှင့်တိုင်းအားလုံးတွင် ပုံစံတူတည်ဆောက်ရသော ယခု၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံများကို အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း Tender ခေါ်ယူ၍ အောင်မြင်ခဲ့ကုမ္ပဏီများ၏ ငွေပမာဏများမှာ သိန်း ၄၅၀၀ နှင့် ၅၀၀၀ ကြားတွင်သာရှိကြောင်းလေ့လာကြည့်လျှင်တွေ့ရမှာဖြစ်ပါတယ်။အခြာ့းပြည်နယ်နှင့်တိုင်းများတွင် ကုန်ကြမ်းဈေးနှုန်း(ဥပမာ- အုတ်၊သဲ၊ကျောက်) အလုပ်သမားခ၊ လမ်းပန်းဆက်သွယ်ရေး မန္တလေးတိုင်းထက်ပိုမိုခက်ခဲသော်လည်းကုမ္ပဏီအမြတ်ပါပြီး သိန်း ၄၅၀၀ နှင့် ၅၀၀၀ ကြားတွင်လုပ်နိုင်လျှင် မန္တလေးတိုင်းတွင် ထိုထက်ပင်ပိုမိုလျော့၍လုပ်နိုင်မည်ဖြစ်သည်။(သိန်း ၂၀၀၊ ၃၀၀ ခန့်လျော့၍လုပ်ပေးနိုင်သည်ကိုဆိုလိုပါသည်) ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ကုန်ကြမ်းရရှိနိုင်မှုပိုမိုလွယ်ကူသော မန္တလေးတိုင်းဒေသကြီးတွင် သိန်း ၅၉၀၀၊၆၀၀၀ ဝန်းကြင်ကုမ္ပဘီများကို ရွေးချယ်မှုမှာ အင်မတန်မှထင်ရှားသောဝန့်ကြီးဒေါက်တာဝင်းလှိုင်၏ လာဘ်ပေးလာဘ်ယူမှုကြီးပင်ဖြစ်ပါသည်။တိုင်းပြည်၏ဘတ်ဂျက်ငွေမှာ ပြည်သူများ၏ငွေပင်ဖြစ်ပါသည်။တိုင်းသူပြည်သားများ၏ငွေကိုနည်းနိုင်သမျှနည်း လျော့နိုင်သမျှလျော့၍ သုံးရမည့်အစား ဤကဲ့သို့ လာဘ်ငွေယူ၍အကျိုးယုတ်အောင်လုပ်နေသော မန္တလေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် အားဖော်ထုတ်အရေးယူပေးပါရန် တင်ပြအပ်ပါသည်ခင်ဗျာ။ကျွန်တော်တို့တင်ပြချက်များမှန်မမှန် Tender အောင်သွားသည့်ငွေပမာဏများဟုတ်မဟုတ်ကို ကျန်းမာရေးဦးစီးဋ္ဌာနမှာစုံစမ်းကြည့်ရင်သိနိုင်ပါတယ်။
း
Friday, October 25, 2013
ဧရာဝတီတိုင်း လယ်သမားတစ်ဦးမှ ဧရာ-ရွှေဝါကုမ္မဏီပိုင်ရှင်၏ဖခင် ဦးသူရရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာ
3 comments
အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်တုန်း ပြည်ထောင် စုလွှတ်တော်နာယက ဦးရွှေမန်းက သူ့မိသားစုစီးပွားရေးနှင့်ပတ်သက်၍ အချိန်မရွေး အစစ်ခံနိုင်တယ် ဆိုတဲ့ စကားပြောခဲ့တာကို မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလို့ ဒီစာကိုရေးလိုက်ရတာပါ။ ဦးရွှေမန်း မိသားစုရဲ့ စီးပွားရေးသောင်းကျန်းခဲ့မှုတွေကို လွှတ်တော်နာယကကြီး တကယ်မသိသေး တာလား၊ မသိချင်ဟန်ဆောင်နေတာလားဆိုတာ အရင်ဆုံးမေးချင်ပါတယ်။
လွှတ်တော်နာယကကြီးက “လူကြီးသားသမီးမို့လို့ အခွင့်အရေး ပိုမယူရဘူး။ ဒီလိုသတ်မှတ်ပြီး ဆောင်ရွက်ခိုင်းတယ်။ ဒီနေ့သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီ။ ပြောရဲတယ်။ သေချာ တယ် ကိုယ့်ကို ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့တွေကို တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေမှာ မလျော်သြဇာသုံးပြီး တစ်ခုမှ မခံခဲ့ဖူးဘူး။” လို့ ပြောထားတာတွေ့ရပါတယ်။ ဒီစကားကို ဧရာဝတီတိုင်းမှာ လာပြီးပြောစေချင်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဦးရွှေမန်းရဲ့သား အောင်သက်မန်း ပိုင်တဲ့ ဧရာ-ရွှေဝါကုမ္ပဏီကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မိသားစုအပါအဝင်ပါ။ ခံထားရသူအားလုံးက ဘာမှမပြောကြတော့ပေမယ့် လုပ်ထားခဲ့တဲ့ သူက အခုလို အသံကောင်းဟစ်လာလို့ တုန့်ပြန်လိုက်ရတာပါ။
ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းဟာ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး တိုင်းမှူးဘ၀က သူ့သား အောင်သက်မန်း ပိုင်ဆိုင်တဲ့ ဧရာ-ရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ ဓာတ်မြေသြဇာရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။ မြေသြဇာတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်သူတွေကို မဝယ်မနေရ ဝယ်ခိုင်းပါတယ်။ ကျွန်တော်တို့ တောင်သူတွေကို မြေသြဇာကြိုပေးပြီး စပါးပေါ်တော့ မတန်တဆဈေးနဲ့ ပြန်တောင်း ပါတယ်။ တိုင်းမှူးအမိန့်ဆိုတော့ ဘယ်လယ်သမားမှ မယူဘဲ၊ မပေးဘဲ မနေရဲပါဘူး။ ဦးရွှေမန်းတို့ တိုင်းမှူးဖြစ်ချိန်က တိုင်းမှူးဆိုတာ တိုင်းတစ်တိုင်းလုံးကို မှောက်ပစ်လို့ရတဲ့ အချိန်မဟုတ်လား။                ဧရာ-ရွှေဝါကြောင့် ဧရာဝတီတိုင်းတွင်းက တောင်သူအများအပြား မြေပေါင်၊ လယ်ပေါင်နဲ့ ဒုက္ခတွေ ရောက်ခဲ့ရပါတယ်။ 
ဧရာဝတီတိုင်းသားတွေက ဘိုးစဉ်ဘောင်ဆက်လယ်လုပ်လာတဲ့ တောင်သူတွေကဘယ်ချိန်မှာ ဘယ်မြေသြဇာသုံးရမယ်ဆိုတာလည်း အားလုံးသိပါတယ်။ ဦးအောင်သက်မန်းရဲ့ ဓာတ်မြေ သြဇာတွေ ရောက်မလာခင်ကတည်းက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်နေခဲ့တာပါ။ အခုတော့ ဆန်အိုးကြီးထဲမှာနေတဲ့ သူတွေက စားစရာဆန်မရှိတဲ့အဖြစ်တောင် ရောက်တဲ့လူတွေရှိပါတယ်။ ဓာတ်မြေသြဇာကို မြေဧက ပိုင်ဆိုင်မှုပေါ်မူတည်ပြီး စိုက်စိုက် မစိုက်စိုက် မဝယ်မနေရ ဝယ်ရတာပါ။ စပါးပေါ်ချိန်တိုင်းမှူးသားကို အကြွေးပေးရတာနဲ့ တချို့တွေဆိုရင် ကလေးတွေ ကျောင်းစရိတ် မရှိတော့လို့ ကျောင်းထွက်ရပါတယ်။ လယ်သမားမိသားစုတွေက လယ်ကလွဲပြီး တခြားဘာမှ မလုပ်တတ်ကြပါဘူး။ နောက်ဆုံးစီးပွားရေးအဆင်မပြေတော့ ကလေးတွေကိုမြို့ပို့ပြီး လက်ဘက်ရည် ဆိုင်မှာ စားပွဲထိုးလုပ်ခိုင်းရပါတယ်။ တသက်လုံးမိသားစုနဲ့ လယ်ထဲမှာပျော်နေတဲ့သူတွေက တကွဲ တပြားတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားမိသားစုတွေ ကျခဲ့တဲ့ မျက်ရည်တွေ၊ ချွေးစက်တွေကိုတော့ ဘယ်သူမှမသိခဲ့ကြရပါဘူး။
ဦးရွှေမန်းမိသားစုကြောင့် ဘဝပျက်ကုန်တာ လယ်သမားတွေတင် မဟုတ်ပါဘူး။ မြေသြဇာ ရောင်းတဲ့ ဆိုင်ရှင်တွေနဲ့ ဆိုင်အလုပ်သမားတွေလည်း ပါပါတယ်။ ဘယ်သူမှ မဝယ်တော့တာကြောင့် ဆိုင်တွေအကုန် ပိတ်လိုက်ရပြီး အလုပ်သမားအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဦးရွှေမန်းတို့ မိသားစုက နေ့ချင်းညချင်း သူဌေးဖြစ်သွားချိန်မှာ ဧရာဝတီတိုင်းက လယ်သမားတွေက အကြွေးနဲ့ပိပြီး လယ်ရောင်းဆပ်ရတာကြောင့် နောက်ဆုံး လယ်မဲ့ယာမဲ့ဘဝတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားဆိုတာ လယ်မရှိရင် ဘဝအဓိပ္ပါယ်မရှိတော့ပါဘူး၊ မျှော်လင့်ချက်မရှိတော့ပါဘူး။ ကျွန်တော်တို့ ဧရာဝတီတိုင်း သားတွေ မျှော်လင့်ချက်မဲ့အောင် စလုပ်ခဲ့တာ ဦးရွှေမန်းရဲ့ မိသားစုပါ။
နာယကကြီးရဲ့သားကြီး အောင်သက်မန်းဟာ အခုဆိုရင် ဧရာ-ရွှေဝါ ကုမ္ပဏီနာမည်နဲ့ လုပ်ငန်း ပေါင်းစုံကို လုပ်ကိုင်နေပါတယ်။ နာယကကြီးတို့မိသားစု အခုလိုကြွယ်ဝချမ်းသာသွားဖို့ ပထမဆုံး စတေးခံခဲ့ရသူတွေက ဧရာဝတီတိုင်းသားတွေပါ။ မိသားစု စီးပွားရေးနှင့် ပတ်သက်၍ ဦးရွှေမန်း အချိန်မရွေး အစစ်ခံနိုင်တယ်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ စစ်မယ်ဆိုရင် ဝေးဝေး မစစ်ပါနဲ့ ဧရာဝတီတိုင်းက လယ်သမားတွေဆီကို အရင်ဆုံးလာစစ်ပါလို့ တောင်းဆို ရေးသား လိုက်ရပါတယ်။
ဖိုးသာအောင်
Wednesday, October 23, 2013
ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်၊လူဝင်မူကြီးကြပ်ရေးအဖွဲ့ (လ.၀.က)၏ လာဘ်စားမူ၊မတရားပြုလုပ်နေမူ များအား ထိရောက်စွာ အရေးယူစေခြင်း၊
0 comments
မမှန်မကန်၊မတရားအုပ်ချုပ်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးအားတိုင်ကြာခြင်း၊
0 comments
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊(၂၂)ရပ်ကွက်၊အုပ်ချုပ်ရေးမှူး ဦးကျော်ဦး ဆိုသူသည်
၎င်းအုပ်ချုပ်ရေးတာဝန်စယူသည်မှ ယနေ့ထိ ရပ်ကွက်အကျိုး၊ပြည်သူ့အကျိုူးကို မည်
သည်မျှ တာဝန်မကျေ၊မလုပ်ဆောင်ဘဲ မိမိကိုယ်ကျိုးအတွက်သာ ကြည့်၊မိမိကောင်းကျိုး
အတွက် အုပ်ချုပ်ရေးမှူးရာထူးအား အလွှဲသုံးစားလုပ်နေပါသည်။၎င်းသည် ယခင်က
ရ.ယ.က ဥက္ကဌ ဖြစ်ပြီး ယခု ဒီမိုကရေစီခေတ်တွင်မူ အများဆန္ဒ မပါပဲ မိမိ၏ ယခင်ဥက္ကဌအရှိန်အ၀ါဖြင့် ယခု ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးအား ရယူခဲ့သူဖြစ်ကြောင်းလည်း သိရသည်။နိုင်ငံတော်မှ ချမှတ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးတွင် ရှိအပ်သော အရည်အချင်းများနှင့် လုံးဝ မညီညွတ်သူတစ်ဦးလည်း ဖြစ်ပါသည်။
၎င်းသည် ရပ်ကွက်၏ ကောင်းကျိုးအတွက် ထမ်းဆောင်ရန်၊ ပြည်သူလူထု၏ ပြသနာများအားဖြေရှင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးရရှိထားသော်လည်း
၎င်း၏ အုပ်ချုပ်ရေးမှူးရုံးတွင် ရုံးချိန်အတွင်း တစ်ပတ်တွင် ၂ ရက်ခန့်သာ ရှိတတ်ကြောင်း၊ ရုံးသို့ ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာယူခြင်း များကို
ရပ်ကွက်နေပြည်သူများ ရုံးသို့ လာရောက် တိုင်ကြား၊ထုတ်ယူရန်ရောက်ရှိလာသော်လည်း ၄င်းမရှိဘဲ ၄င်း၏ ရုံးကတပည့်များ
က၄င်းအစား တာဝန်ယူပေးရသည်။ရပ်ကွက်တွင် ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့လျှင် နိုင်ငံတော်ချမှတ်ထားသော အုပ်ချုပ်ရေးမှူးရုံး
တွင် မဖြေရှင်းရဘဲ ၄င်းမရှိပဲ ၄င်းရှိသော အိမ်တွင် သွားရောက်ဖြေရှင်းရပါသည်။
ထိုသည်မှာ နိုင်ငံတော် မှ ချမှတ်ထားသောအုပ်ချုပ်ရေးမှူး၏ အရည်အချင်းများမဟုတ်ပါ။
၎င်းအုပ်ချုပ်သည့်နေ့မှစပြီးယနေ့ထိ ရပ်ကွက်တွင် ဖွံ့ဖြိုးတိုးတတ်လာခြင်း မည်သည့်တစ်စုံတစ်ရာမျှ မရှိကြောင်းလည်း သိရှိရပါသည်။
၎င်းသည် ရပ်ကွက်အုပ်ချုပ်ရေမှူးဖြစ်သော်လည်း
ရပ်ကွက်အတွင်း အိမ်ရောင်း၊အိမ်ဝယ် လုပ်မည့်သူများအား အုပ်ချုပ်ရေးမှူး
ရာထူးပြပြီး ငွေရမည့်အရေး ၄င်း လုပ်ဆောင်နေသည်ကို ကြားသိရပါသည်။
ရပ်ကွက် တွင် ရှိသော မြေလွတ်များအား အိမ်၊တဲ ဆောက်လုပ် ဌားရမ်းပြီး
ရရှိသောငွေကြေးများအား ရပ်ကွက်အတွက်မသုံးပြု၊ရန်ပုံငွေမထည့်ဘဲ
မိမိကိုယ်ကျိုး၊မိမိ မိသားစုအတွက်မျှသာ သုံးစွဲနေကြောင်း၊
နိုင်ငံတော်သမ္မတကြီး မှ ပြည်သူတွေအတွက် ချထားပေးသော
တန်ဖိုးနည်းဖုန်း ဆင်းကဒ်များအား လစဉ်၊လစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး
အစီအစဉ်ဖြင့် ပြည်သူတွေလက်ဝယ်ချထားပေးရန် မိန့်ကြားထားသော်လည်း
၎င်းအုပ်ချုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊(၂၂)ရပ်ကွက်တွင်မူ
အထက်မှ ၄င်းအားပြည်သူတွေအားမဲဖောက်ရောင်းချပေးရန် ချထားပေးသော ဖုန်းဆင်းကဒ်များအား ၄င်းသည် အထက်မှ ၄င်းအားဆင်းကဒ်ဘယ်လောက်
ပေးသည်ကို မကြေညာပဲ ၄င်း၏ အုပ်ချုပ်ရေးမှူးရာထူးမရရှိခင်နှင့် ရရှိပြီးသောအချိန်များတွင် ၄င်းအား ၀ိုင်းဝန်းကူညီထောက်ပံ့ မြေက်စားပေးခဲ့သော
၎င်း၏အပေါင်းအပါများ၊၄င်း၏မိသားစုဆွေမျိုးများအား မဲစနစ်မရှိ၊
ရပ်ကွက်နေပြည်သူတွေမသိ၊မိမိဆန္ဒသဘောအရ ပေးအပ် အမြတ်ထုတ်နေခြင်းမှာ
ပြည်သူလူထုအားစေတနာမေတ္တာအရင်းခံပြီး လူတန်းစားမရွေး စိတ်ချမ်းချမ်းသာသာ ဖုန်းကိုင်နိုင်ရေး မျှော်မှန်းထားသည့် သမ္မတကြီး၏ ရည်မှန်းချက်ကို ဖောက်ဖျက်နေကြောင်း၊ ၄င်းတို့ လစဉ် လိုသလောက် ဖုန်း
အလုံးအရေအတွက်များအား မိမိဆန္ဒအရ ယူဆောင်ပြီး မှ ၄င်းမလိုချင်မှ ကျန်ရှိသည့်
ဖုန်းအလုံးအရေအတွကင်အနည်းငယ်ကိုသာ ရပ်ကွက်နေပြည်သူများအား
မဲစနစ်ဖြင့် ရောင်းချပေးနေပါသည်။
ထို မမှန်မကန် လုပ်ဆောင်နေသည့်အရာများကို နိုင်ငံတော်သမ္မတကြီးရုံးသို့ တိုင်ကြားစာပို့ခဲ့သော်လည်း
ယနေ့အချိန်အခါထိ အမှန်တရားအတိုင်းဆောင်ရွက်ပေးခြင်း၊
အပြစ်ပေးခြင်းမရှိသောကြောင့် ရပ်ကွက်နေပြည်သူများ ဒီမိုကရေစီခေတ်နှင့်မညီ
မျှမျှတတမရှိ နေထိုင်နေရသည်ကို ကိုယ်စားချင်းတရား ထားတတ်ကြဖို့ လိုပါသည်။
ထို့ကြောင့် ဒီအဖြစ်အပျက်များအား သိရှိရသော သူများမှာ အထက်အရာရှိ ၊၀န်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ ပါရှိခဲ့လျှင် ထိုအရည်းအချင်းမပြည့်ဝသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ထိရောက်စွာအရေးယူ
ဆောင်ရွက်ပေးစေချင်ပါသည်၊
အမှန်တရားကိုချစ်မြတ်နိုးသော၊ ကိုယ်ချင်းစာတရားရှိကြသော ဒီသတင်းဖတ်ရျှုရသူ
မြန်မာပြည်သူပြည်သားများအနေဖြင့် ထိုမှန်ကန်သော သတင်းအား
တစ်ဆင့်တစ်ဆင့်ဖြန့်ဝေပေးစေချင်ပါကြောင်း..
Thursday, October 17, 2013
မူဆယ် မြို့မှ မန္တလေးမြို့ နှင့်အခြားမြို့များသို့ van ကားဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ဆက်သွယ်ပေးပို့ နေသူ
0 comments
ရည်ညွှန်း မှုခင်းသတင်း-
ရန်ကုန်၊ ဇွန် ၂၉
http://www.thithtoolwin.com/2013/06/blog-post_8954.html
၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
ရန်ကုန်အရှေ့ မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဟိန်းထူးလင်း(ခ)ဘုန်းလျှံ၊ (ဘ)ဦးလှမောင်သိန်း နှင့် သာကေတမြို့နယ်နှင့် ဦးမောင်ထွန်းလှ၊ (ဘ)ဦးထွန်းအောင်၊ ကျောက်တံတားမြို့နယ် နေသူတို့နှစ်ဦး အားတွေ့ရပြီး မူးယစ်ဆေးဝါး များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
သရုပ်ဆောင် ဘုန်းလျှံ တည်းခို နေထိုင်သည့် အခန်း ခုတင်ခေါင်းရင်း ယာဘက်ဘေး ကြမ်းပြင်ပေါ်မှ ခရီးဆောင် လက်ဆွဲအိတ် အတွင်း၌ Red Ruby စီးကရက်ဘူး အတွင်း ပလပ်စတစ်အိတ်ဖြင့်ထုတ်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၉)ပြား အလေးချိန် ၄.၉ ဂရမ် (၁) ထုပ်နှင့် ခုတင်ခေါင်းရင်းမှ တိပ်အကြည်ဖြင့် ကပ်လျက် တစ်ရှုးဘူးအတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၉၉) ပြား၊ အလေးချိန် ၉.၉ ဂရမ် (၁) ထုပ် ဖမ်းဆီးရမိခဲ့သည်။
၎င်းအပြင် စားပွဲခုံအောက်မှ စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး၌် ပိုက်ကောက်တပ်လျက်ဗူး (၁)ဗူး၊ အရှည် (၆)လက်မခန့်ရှိ ခဲပြား(၂)ပြား၊ ဂက်စ်မီးခြစ် (၁)လုံး၊ စုစုပေါင်း WY စိတ်ကြွဆေးပြား(၁၄၈)ပြား တန်ဘိုး ၇၄၀၀၀၀ိကျပ် အားတွေ့ရှိ ဖမ်းဆီးရမိသဖြင့် ဗဟန်းမြို့မရဲစခန်း မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။ 
http://www.thithtoolwin.com/2013/06/blog-post_8954.html
၁။ အထက်ပါ ဖြစ်စဉ်တွင် အဓိက ပါဝင်ပတ်သက် နေသူ (van ကားဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ဆက်သွယ်ပေးပို့ နေသူ)တစ်ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(အထူး)တပ်ဖွဲ့ဝင်များ သို့ သတင်းပေးပို့အပ်ပါသည်။
(ထို သူ့ကို စစ်ဆေးမေးမြန်းလျှင် ရခိုင်ပြည်နယ် မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ဖြန့်ချိနေသော ဂိုဏ်း ကို ပါ သိရှိနိုင်မည်ဖြစ်ပါသည်။)
၂။ ဖော်ပြပါ ဖမ်းဆီးမှု မဖြစ်ခင် ကာလ တွင် "မူဆယ်မြို့၊ တောင်ရပ်ကွက်၊အိမ်အမှတ်(တ/၄၇၈)" တွင် ငှားရမ်း၍ မူဆယ်ဇာတိသူဖြစ်သူ-ဇနီး(ရှမ်းလူမျိုး) နှင့် သမီး(နှစ်နှစ်အရွယ်) တို့နှင့်အတူ နေထိုင်ပါသည်။
(သူ၏ဇနီး ၏မိဘမောင်ဘွားများမှာ-"မူဆယ်မြို့၊ဈေးရပ်ကွက်၊ အိမ်အမှတ်(ဈ/၁၃)" နေထိုင်ပါသည်။ အိမ်ဖုန်းနံပါတ်မှာ=082-50245 ဖြစ်ပါသည်။)
van ကားဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ဆက်သွယ်ပေးပို့ နေသူ ၏ အမည်ရင်းမှာ"ထွန်းထွန်းဝင်း"ဖြစ်၍"ထွန်းထွန်း"ဟု လူသိများပါသည်။
ထိုစဉ် က စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုသည့် (VAN) ကား မှာ (လားရှိုးမှ အုံနာတစ်ဦး ပိုင်ဆိုင်သည့်)အငှားကား VAN ယဉ်အမှတ်  "(အ/၁၃၀၄)"  ဖြင့် သယ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
(စိတ်ကြွရူးသွပ်ဆေးပြားများ တစ်ကြိမ်သယ်ယူ ပေးလျှင် သယ်ယူပေးခ သိန်း(၇၀)ခန့် ရသည်ဟုစုံစမ်းသိရှိရပါသည်)
၃။ ဖော်ပြပါ ဖမ်းဆီးမှု ဖြစ်ပွားကြောင်း သတင်းထွက်ပေါ်လာသောအခါ ငှားရမ်းနေထိုင်ရာ မူဆယ် မှ မန္တလေးမြို့ သူ၏ မိဘ များနေထိုင်ရာ အိမ် သို့ ပြန်လည် ထွက်ပြေးတိမ်းရှောင်သွားပါကြောင်း စုံစမ်းသိရှိရပါသည်။
ထို လိပ်စာ ကို ဆက်လက်စုံစမ်းရှာဖွေရာ "မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ (၁၁)လမ်း၊(ကြံခင်းလမ်းသွယ်)၊(ပြည် ကျောင်းတိုက်အနီး)(အိမ်အမှတ် မမှတ်မိ)" တွင် တိမ်းရှောင် နေထိုင်နေပါသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ အဓိက သယ်ဆောင်၍ ယခု ထွက်ပြေးနေသူ "ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း"၏ မိဘနှစ်ပါးအမည် မှာ (အဘ-ဦးတင်မောင်၊ အမိ-ဒေါ်ခင်ဝင်းကြည်) ဟုသိရှိရပါသည်။
၎။ ထို မိဘ များနေထိုင်ရာ လိပ်စာတွင် စုံစမ်းကြည့်မိရာ မိဘများမှာ ဆင်းရဲသား၊လက်လုပ်လက်စားများဖြစ်သော်လည်း ယခု အခါ နေ့ချင်းညချင်း ဆိုသလို နှစ်ထပ်တိုက်များ ဆောက်ခြင်း၊ကား(၂)စီး တစ်ပြိုင်နက် ၀ယ်ခြင်းများပြုလုပ်ကြသဖြင့် ရပ်ကွက်ရှိလူအများ က သင်္ကာ မကင်းဖြစ်နေကြပါသည်။
တိမ်းရှောင်နေထိုင်ရင်း စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချခြင်းမှရရှိသောအကျိုးအမြတ်နှင့် ဝယ်ယူထားသည်ဟု ယူဆရသည့် 
(၁)(VANကားအဖြူရောင် "၉က/၅၇၂၉")၊
(၂) (ကားနံပါတ် မမှတ်မိသော MARK 2 ကား ငွေရောင်) ၊
(၃) နှစ်ထပ်တိုက် တစ်လုံး 
(၄) "ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း" နှင့် သူ၏အမျိုးသမီး တို့မှ ဘဏ်နေရာများခွဲ၍အပ်နှံထားသော (ခန့်မှန်းငွေတန်ဘိုး သိန်း ၂၀၀ အထက်ရှိ ဘဏ် အသီးသီး မှ ဘဏ်စာအုပ်များ)
တို့ ဖြစ် ပါသည်။
၅။ ဖော်ပြပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သူ"ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း"သည် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခြင်းတစ်ခုသာမဟုတ်ဘဲ 
"တရားမ၀င် ကျောက်စိမ်း တုံး"များ၊ 
"တရားမ၀င်ကျွှန်းသစ်တုံး"များ၊ကို မန္တလေး သို့ သယ်ဆောင်နေသည့်အပြင်  
တရုတ်ပြည် (ရွှေလီ) မှ  မန္တလေးမြို့ သို့ "တရားမ၀င်  ရွှေတုံးများ" ကိုပါ 
ယနေ့ချိန်ထိ ဆက်လက် ခိုးယူသယ်ဆောင်နေပါကြောင်း သိရှိရပါသည်။
(အထက်တွင်ဖော်ပြခဲ့သည့် VAN ကား အဖြူရောင် (၉က/၅၇၂၉) ကို မူဆယ်-မန္တလေး လမ်းကြောင်းတွင် အသုံးပြုပါသည်။)
၆။ သို့ပါသောကြောင့် "မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(အထူး)တပ်ဖွဲ့ဝင်များ" စဉ်ဆက်မပြတ် သတင်းဆက် ဖော်ထုတ်နိုင်ရန်၊ နယ်မြေချင်းသတင်းပေါင်းစပ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဤကဲ့သို့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ၊ သတင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တာဝန်သိပြည်သူတစ်ဦးမှ ဝိုင်းဝန်းသတင်းပေးကူညီလိုက်ပါသည်။
လေးစားစွာဖြင့်
တာဝန်သိ ပြည်သူ တစ်ဦး
"စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သူ"ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း"၏ကိုယ်ရေးအချက်အလက် အကျဉ်း"
-အမည်ရင်း= ထွန်းထွန်းဝင်း   (လူသိများသောအမည်= ထွန်းထွန်း)
-အဘ အမည်=ဦးတင်မောင်
-အမျိုးသားမှတ်ပုံတင်အမှတ်=၉/မနတ(နိုင်) ၀၉၇၇၉၉
-အမိ အမည်=ဒေါ်ခင်ဝင်းကြည်
-လက်ရှိကိုင်ဆောင်နေသော ဖုန်းနံပါတ်=09-402626494
-ယခင် ကိုင်ဆောင်သောဖုန်းနံပါတ်=09-445107152
-သူ၏အမျိုးသမီး (ရှမ်းလူမျိုး)(အမည်မမှတ်မိ) ၏ မူဆယ် အိမ်ဖုန်းနံပါတ်=082-50245
-လူပုံစံ အနေအထား = 
-၅ ပေ ၄ လက်မ ခန့်
-အသားလတ်လတ်
-မျက်ခုံးမွှေးထူထူ
-နှုတ်ခမ်းမွှေး/ပါးသိုင်းမွှေး ပါးပါး
-ဆံပင် အနည်းငယ်တို ကောက်ကောက်
(ယခု ရွှေဆွဲကြိုး တစ်ကျပ်သားခန့်/ လက်စွပ် တစ်ကျပ်သားခန့် ၀တ်ထားပါသည်)
-ကိုယ်ခန္ဓာ ရင်ဘတ် နှင့် လက်မောင်း တွင် ဆေးမှင်ကြောင် ထိုး ထား။
Tuesday, October 15, 2013
သမတကြီးနှင့်သက်ဆိုင်ရာမှကူညီပေးပါ
1 comments
မြန်အောင်ဲမြို့နယ်ရွှေပြည်သာရေနံမြေမှEICဦးအောင်မြင့်သည်အဂတိလိုက်စားမှု၊အာဏာပြဖိနှိပ်ချုပ်ချယ်မှူများအားစွမ်းအင်ဝန်ကြီးရုံးနှင့်အင်တာနက်သတင်းများတွင်တိုင်ကြားထားမှူများမှန်ကန်မှူရှိကြောင်းတွေ့ရှိရပြီးအထူးအရာရှိနှင့်မန်နေဂျာလဲသိရှိပြီးဖြစ်သော်လဲယခုချိန်ထိအရေးယူဆောင်ရွက်မှူမတွေ့ရှိပဲတိုင်သူပင်အပြစ်ပေးခံရမည်ဖြစ်နေသဖြင့်ဦးခင်ဇော်မှာမိမိမတိုင်ကြောင်းဖြေရှင်းရပါသည်။အထက်လူကြီးများအားပိုင်အောင်ပေါင်းပြီးဦးသန်းဇော်လင်းနှင့်ဝန်ထမ်းများအားအပြစ်မရှိအပြစ်ရှာနည်းမျိုးစုံဖြင့်အပြစ်မျိုးစုံပေးခဲ့သော်လဲတကယ်အပြစ်ကျူးလွန်ပြီးတိုင်ချင်ရာတိုင်ငါကအရေးမစိုက်ဘူး။တိုင်တဲ့သူသိလိုကတော့ချက်ခြင်းအရေးယူမယ်ဟုကြွေးကြော်နေသည့်သူကြတော့သမကြီးနှင့်သက်ဆိုင်ရာမှအမြန်ကူညီမေးပါခင်ဗျာ။ 
Saturday, October 12, 2013
ခံစားနေရ ရွှေပြည်သာရေနံမြေ ၀န်ထမ်းဘဝ
0 comments
မြန်အောင်မြို့ နယ် ရွှေပြည်သာသဘာဝဓါတ်ငွေ့မြေ ကြီးကြပ်ရေးအင်ဂျင်နီယာ ဦးအောင်မြင့်သည်
လုပ်ပိုင်ခွင့်ကိုအခွင့်ကောင်း
ယူပြီး အလွဲသုံးစားပြုခြင်း ၊အရှိန်အ၀ါကိုအသုံးပြု၍ ၀န်ထမ်းများအပေါ်၌
 မောက်မာစွာ ဆက်ဆံခြင်း ၊ မသမာမှုများပြုလုပ်ခြင်းများ ပြုလုပ်နေပါသည်။တွင်းပြင်ခြင်း၊
ကားအသုံးပြုခြင်း စသော လုပ်ငန်းများကို တကယ်မလုပ်ပဲ လုပ်ငန်းပြ၍ ရေနံများထုတ်ယူရောင်းစားနေခြင်း
သရက်ပင်ဇယ် တံတားဆောက်ရာတွင် လှူသည်ဟု အကြောင်းပြ၍ ပိုက်များရောင်းစားခြင်း)
အာဏာပါဝါပြ၍ မခံနိုင်အောင် ချုပ်ချယ်မှုပြုကာသူ့စကားနားမထောင်ဘူးဟု အကြောင်းပြ၍ ရက်ပျက်ချခြင်း
ခွင့်ရက်ရှည်နားခိုင်းခြင်း ၊ ဝေးလံဒေသများသို့ ပြောင်းရွှေ့ ခိုင်းခြင်း များ ပြုလုပ်လျက်ရှိပါသည်။နှစ်ချီ၍ အလုပ်
မဆင်းနိုင်သူများအားလည်း အလုပ်အဆင်းပြပေး၍ လစာများအားထုတ်ယူသုံးစွဲနေပါသည်
လိပ်ဆံခွန်ရွာသားများ၏လိုအပ်ချက်များ
0 comments
ယနေ့  ၄.၁၀.၂၀၁၃ မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ် ၊လိပ်ဆံခွန်ကျေးရွာအုပ်စုတွင်ေ
ကျးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ရွေးချယ်ခံရသောအုပ်ချုပ်ရေးမှူး၏ပညာအရည်အချင်းစီးပွားရေးအခြေအနေများကြောင့်ရွာသားများမကျေမနပ်ဖြစ်နေကြောင်းသိရပါသည်။ အရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှာ နိုင်ငံတော်မူဝါဒကိုဆန့်ကျင်ပြီ
မီးမလင်းရေးဖက်မှပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်အုပ်ချုပ်ရေးမှူးမှ၂၅.၈.၂၀၁၃တွင်ရပ်နားခံခဲ့ရခြင်းဖြစ်ပါသည်။
ယခုလက်ရှိမီးကော်မတီမှတန်ဖိုးနည်းမီတာဆောင်ရွက်ခဲ့ရာသက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီး၏ခွင့်ပြုချက်ကိုလွန်ခဲ့သောတစ်နှစ်ခန့်မှရရှိခဲ့သော်လည်း နှောက်ယှက်သူရွာသားအချို့၏တိုင်တောမှုများကြောင့်
၈၀%ထိပြီးစီးပြီဖြစ်သော်လည်း မြို့နယ်လျှပ်စစ်ဌာနမှ ၁၄.၈.၂၀၁၃ မှစ၍ ဆောင်ရွက်ခြင်းလုပ်ငန်းများယနေ့ထိရပ်နားခဲ့ပါသည်။ယခင်မီးကော်မတီအသီးသီးမှလည်း
ရငွေသုံးငွေစာရင်းရှင်းတန်းများယနေ့ထိရှင်းလင်းခြင်းမရှိသေးကြောင်းသတင်းရရှိပါသည်။ရွာသားများမှာလည်းတန်ဖိုးနည်းမီတာကိုအမြန်ဆုံးရရှိရန်မျှော်လင့်နေကြောင်းသိရပါသည်။
ရွာဖွံ့ဖြိုးတိုးတက်အောင်လုပ်မှာလား--အမှုံ့ကြိတ်မှာလား
0 comments
မန္တလေးတိုင်းဒေသကြီး.လိပ်ဆံခွန်ကျေးရွာအုပ်စု ၄.၁၀.၂၀၁၃ နေ့မှာအုပ်ချုပ်ရေးမှူးရွေးပါတယ်။ဥပဒေနဲ့အညီရပ်မိရပ်ဖများ ဆယ်အိမ်စုမှူးများရွေးချယ်လိုက်တဲ့အုပ်ချုပ်ရေးမှူးဟာစာတကြောင်းတောင်ဖြောင့်အောင်မရေးတက် အိမ်ခြေရာခြေဆိုတာလမ်းမရှိတဲ့ခြံထဲမှာ စားပွဲကုလားထိုင်မရှိတဲ့ဝါးခင်းကြမ်းနဲ့တဲပုတ် စီးပွားရေးဆိုတာပျံကျလက်လုပ်လက်စား အဆင့်နဲ့တွက်ရင်သုညအောက်အဆင့်မှာရှိနေတဲ့သူဆိုတာထမင်းစားကြီးတဲ့တစ်ရွာလုံးသိနေကြသလိုရွေးချယ်လိုက်တဲ့ရပ်မိရပ်ဖတွေလဲမျက်စိတွေနားတွေပါမယ်ဆိုရင်သိကြမှာပါ။ ရွာခွဲဖြစ်တဲ့သပြေအုပ်ရွာကတော့  စည်းလုံးညီညွတ်မှုပြိုကွဲနေတဲ့ရွာမကြီးဘာဖြစ်နေနေငါ့တို့ရွာကောင်းရင်ပြီးရောဆိုတဲ့အတ္တ တကိုယ်ကောင်းဆန်တဲ့အသိတရားတွေနဲ့ သူတို့မဲတွေကိုတစ်လုံးတစ်ခဲတည်းအမြဲတမ်းလေလံပစ်ခဲ့တာပါ။ဆယ်အိမ်စုရဲ့သုံးပုံတစ်ပုံရှိတဲ့သပြေအုပ်ကတော့ ကွဲပြားနေတဲ့ရွာမကြီးကလူတွေမညီညွတ်တာကိုအဆိုးအကောင်းသင့်မသင့်မရှိဘဲဒိုင်လုပ်ခဲ့ပေမဲ့ ရွာမကြီးထဲက ဆုံးဖြတ်ပိုင်ခွင့်ရကြတဲ့ရပ်မိရပ်ဖတွေကတော့ ရွာကောင်းအောင် ညီညွတ်အောင် တိုးတက်အောင် ဆောင်ရွက်နိုင်မဲ့သူမျိုးကိုတော့ မြင်တက်ဖို့လိုတာပေါ့ ခုတော့ ကြိုးကိုင်ဗိုလ်ကျချင်တဲ့လူတစ်စုရဲ့လက်အာက်မှာမျက်စေ့စုံမှိတ်ပြီး အမုန်းမခံချင်တာလိုလို အမှန်တရားကိုဘဲလုပ်သလိုလို သိသိကြီးနဲ့ လိပ်ဆံခွန်ရွာကြီးဖွံ့ဖြိုးတိုးတက်စည်ပင်သာယာအောင်လုပ်မှာလား မညီညွတ်တဲ့ကွဲနေတဲ့ဟာကိုအမှုန့်ဖြစ်အောင်လုပ်မှာလားလို့မေးချင်ပါတယ်။လိပ်ဆံခွန်ရွာသူရွာသားများသည် တည်ငြိမ်အေးချမ်းပြီးလုံခြုံစိတ်ချစွာဖြင့်စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်နွေးနွေးထွေးထွေးနေနိုင်တဲ့ဘ၀မျိုးကိုလိုလားလျက်ရှိကြောင်းရပ်မိရပ်ဖများသိစေချင်ပါသည်။တာဝန်ပေးအပ်ကြမဲ့ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများမှလိပ်ဆံခွန်ကျေးရွာကအုပ်ချုပ်ရေးမှူးဖြစ်လာမဲ့ပုဂ္ဂိုလ်ကိုတွေ့ဆုံပြီးစာပိုဒ်လေးတစ်ပိုဒ်လောက်ရေးခိုင်းစစ်ဆေးစေချင်ပါတယ်။IQကတော့စကားပြောကြည့်တာနဲ့သိပါလိမ့်မယ်။
မောင်ရဲထက်ကျော်(အမရပူရမြို့နယ်
၊လိပ်ဆံခွန်ရွာ)
Thursday, October 3, 2013
ပြည်သူ့အသံ
0 comments
ရှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊ ပြည်သူ့ဆောက်လုပ်ရေးအင်္ဂျနီယာများနိုင်ငံတော် ဘဏ္ဍာငွေများအလွှဲသုံးစားပြုလုပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊အင်္ဂျင်နီယာမှူးဦးဋ္ဌေးအောင်နှင့်လမ်းအထူး(၁) မှလက်ထောက်အင်္ဂျင်နီယာဦးအောင်ဇော်မြင့်တို့သည်၊ ဘဏ္ဍာရေးနှစ်၊ ၂၀၁၂/၁၃-ခုနှစ်၊ငွေစာရင်း မှ သီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ် ၊ ၁၈/၀ မှ ၂၄/၀ အထိ(နမ္မတူမြို့နယ်၊ မန်စံရွာ နှင့် ပန်လုံရွာအကြား) အကြီးစားဖာထေးပြုပြင်ရန်၊ နိုင်ငံတော်ဘဏ္ဍာငွေ (၄၀.၆)သန်း၊(ကျပ်သိန်းလေး&mခြောက်odef;)ထုတ်ယူပြီး၊ပြည်သူများသွားလာသောလမ်းအားမပြုပြင်ဘဲ၊လိမ်လည်စာရင်းတွင်သွင်းထားပါတယ်၊ ဦးဋ္ဌေးအောင် နှင့် ဦးအောင်ဇော်မြင့်  လုပ်ငန်းအလုပ်ပြ ထားသောသီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ် ၊ ၁၈/၀ မှ ၂၄/၀ သည်၊မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းစဉ်တွင်၎င်းယာဉ်ကြီးများအသုံးပြုသဖြင့်ပျက်စီးမှုကြောင့် စွမ်းအင်ဝန်ကြီးဋ္ဌာန နှင့် တရုတ် (စီစီဒီစီ)ကုမ်ပဏီ မှ၂၀၁၂ခုနှစ်၊တွင်ပြုပြင်ထားသောလမ်းပိုင်းဖြစ်ကြောင်းနမ္မတူစာရင်းစစ်ရုံးမှစစ်ဆေးချိန်တွင်တွေ့ရှိပေါ်ပေါက်ခဲ့ပါတယ်၊
သီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ်၊ ၁၈/၀  မှ   ၂၄/၀ အထိ(မန်စံရွာ နှင့် ပန်လုံရွာအကြား)
            ဦးဋ္ဌေးအောင် နှင့် ဦးအောင်ဇော်မြင့် လုပ်ငန်းမလုပ်ဆောင်ဘဲ၊ နိုင်ငံတော်ဘဏ္ဍာများလိမ်လည်စာရင်းသွင်းထားသဖြင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသောကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများ နိုင်ငံတော်သို့ ပြန်လည်သွင်းရန် မြို့နယ်စာရင်းစစ်မှ ပြောကြားသော်လည်း၊ ခရိုင်/ပြည်နယ် စာရင်းစစ်သို့ မသမာသောနည်းလမ်းဖြင့်လိုက်လံညှိနှိုင်း ပြီး၊စီမံကိန်းနေရာပြောင်းရွေ့လုပ်ဆောင်ရန် ကြိုးစားလုပ်ကိုင်နေပါသည်၊ ဘဏ္ဍာရေးနှစ်စာရင်းပိတ်သိမ်းပြီးဖြစ်ခြင်းကြောင့်၊ စီမံကိန်းနေရာရွေ့ပြောင်းလို့(လုံးဝ)မရပါ၊ သို့သော်လည်းမသမာသောအကျင့်ပျက်ဝန်ထမ်များ ပူးပေါင်းစာရင်းဖျောက်ဖျက်ပါကနိုင်ငံတော်ဘဏ္ဍာများလေလွှင့်ပြုန်းတီးသွားနိုင်ပါသည်၊သို့ပါသောကြောင့်နိုင်ငံတော်ဘဏ္ဍာများလေလွှင့်ပြုန်းတီးမှုမဖြစ်စေရရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးရန်နှင့် အကျင့် ၀န်ထမ်းများအား ထိရောက်စွာအရေးယူပေးသင့်ပါသည်။
နမ္မတူဒေသခံတစ်ဦး
ပြည်သူ့အသံ
0 comments
လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ပြီး မူးယစ်ဆေးဝါးရောင်းချသူများထဲမှ လာတ်ငွေယူပြီး မူးယစ်ဆေးဝါးရောင်းဝယ်ခွင့်ပြုထားသော မန်းလေးတောင်ပိုင်းမူးယစ်(အထူး)အဖွဲ့ မှ တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝ အားအရေးယူပေးပါရန်
1 comments
              မန်းလေးတောင်ပိုင်း  မူးယစ်(အထူး)အဖွဲ့ မှ တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝသည် ၄င်းအပိုင်နယ်မြေ ပြည်ကြီးတံခွန်မြို့ နယ် ရတနာပုံမြို့ သစ် ၊မူးယစ်ဆေးဝါးရောင်းချသူများနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းခိုင်းခြင်း ၊ မူးယစ်ဆေးဝါးရောင်းချသူများထံမှ လာတ်ငွေတောင်းခံခြင်း များပြုလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်လျှက်ရှိပါသည်။၎င်းဗေလုဝသည် မူးယစ်ဆေးဝါးရောင်းချသည့်အမျိုးသမီးများနှင့် ရှုပ်ထွေးနေခြင်း၊မူးယစ်ဆေးရောင်းသူများထံမှ လစဉ် ၊အပါတ်စဉ် ကြီးကြပ်သူကြေး ၊ ရုံးဦးစီးကြေး ၊ တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝကြေး ဆိုပြီးတောင်ခံလျှက်ရှိပါသည်။
             တပ်ကြပ်မြင့်စိုးသည် မူးယစ်ဆေးဝါးရောင်းသူများအား မူးယစ်ဆေးဝါးများနျင့်အတူမိသော်လည်း ဖမ်းဆီးခြင်းမရှိဘဲငွေကို အဆမတန်တောင်းယူပြီး ပြန်လွှတ်ခြင်းများမကြာခဏ ပြုလုပ်လျှက်ရှိပါသည်။လွန်ခဲ့သော(၁)လခန့်က  တိုင်းအဖွဲ့ အစည်းတစ်ခုမှ ၀င်ရောက်ဖမ်းဆီးခဲ့သော ကိုသန့်ဇင်+မခင်မှဲ့  မူးယစ်ဆေးဝါးအကြီးအကျယ်ရောင်းချသူ(ယခု)ဖမ်းဆီးခံနေရသူတို့ နှင့် ရှယ်ယာဝင်ပြီး ငွေများထုတ်ပေးနေသူဖြစ်ပါသည်။ နိုင်ငံတော်မှမူးယစ်ဆေးဝါးနှင့်လောင်းကစားမှု့များအား  အထူးနှိမ်နင်းနေသော်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့ မှတပ်ဖွဲ့ ဝင်ဖြစ်သည့်မြင့်စိုး(ခ)ဗေလုဝမှ လာတ်ငွေတောင်းယူစားသောက်နေပါသည်။
               ယခုမန်းလေးတောင်ပိုင်းမူးယစ်(အထူး)အဖွဲ့ ကြီးကြပ်သူက ဒုရဲမှူး ရန်ရှင်းဖြစ်ပြီး ကြိးကြပ်သူဆိုသူမှလည်း ပိုက်ဆံရလျှင်ပြီးရော နိုင်ငံတော်မှပေးအပ်ထားသည့် ဒုရဲမှူး ဆိုသည့် အဆင့်ကိုမှမထောက် တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝ ပြောဆိုသမျှလိုက်လုပ်ဆောင်နေသူဖြစ်ပြီး တောင်ပိုင်းမူးယစ်(အထူး)အဖွဲ့ တွင် ဗေလုဝ  အုပ်ချုပ်နေသည်ဟုပင် ထင်ရပါသည်။အချို့  ရဲအုပ်တွေဆိုလျှင် တပ်ကြပ်မြင့်စိုးအား ကြောက်နေရပါသည် ဘယ်အရှိ ဟိုပို့  /ဒီအရာရှိ ဟ်ုပို့ ဆိုပြီးကြီးကြပ်သူနားကပ်ပြီးပြောဆိုလုပ်ကိုင်နေပါသည်။အဲ့ဒါကိုအတွင်းကျကျအထက်လူကြီးများ သိစေချင်ပါသည်။ ယခုမူးယစ်ဆေးဝါးအမှု့ ဖြင့်အဖမ်းခံနေရသူ ကိုသန့်ဇင်+မခင်မှဲ့ ဆိုသူများအားလည်း ၄င်းတပ်ကြပ်မြင်စိုး(ခ)ဗေလုဝမှ ငွေသန်း(၅၀၀)ကျပ်အရင်းအနှီးထုတ်ချေးထားပါသည်။မခင်မှဲ့ အားစစ်မေးပါကအမှန်ကိုသိရှိနိုင်ပါသည်။   
၎င်းတပ်ကြပ်မြင့်စိုး(ခ)ဗေလုဝသည် အခြားအဆင့်နှင့်ပင်(လက်ရှိ)(၅ဂ/၇၆၇၆) ပါဂျဲရိုအစိမ်းရောင်တစ်စီး၊(၈ဈ/၅၂၇၉)စူပါကာစတန်သနပ်ခါးရောင်၊(၁က/၂၁၉၁)အနီရောင်/ကြား မှန်လုံကား(ဂိတ်မသိ)မူဆယ်-မန်းလေးပြေးဆွဲများပိုင်ဆိုင်ထားပါသည်။ထို့ ပြင် ၄င်းဗေလုဝ၏ သားဖြစ်သူမင်းမင်းထွန်းး ၊ ၄င်းယောက်ဖတော်စပ်သူ ဖက်တီး(ခ)မိုးသန်းဝင်းတို့ နှစ်ဦသည်မူးယစ်ဆေးဝါးရောင်းချသည့်အိမ်များအား ဂွင်ရိုက်ခြင်း၊လာတှ်ေုါတောင်းယူခြင်းများအပြင် အရပ်သားဖြစ်ပြီး လက်ထိပ် များကိုင်ဆောင်အသုံးပြုနေသူများဖြစ်ပါသည်