Friday, October 25, 2013

ဧရာဝတီတိုင်း လယ်သမားတစ်ဦးမှ ဧရာ-ရွှေဝါကုမ္မဏီပိုင်ရှင်၏ဖခင် ဦးသူရရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာ


အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်တုန်း ပြည်ထောင် စုလွှတ်တော်နာယက ဦးရွှေမန်းက သူ့မိသားစုစီးပွားရေးနှင့်ပတ်သက်၍ အချိန်မရွေး အစစ်ခံနိုင်တယ် ဆိုတဲ့ စကားပြောခဲ့တာကို မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလို့ ဒီစာကိုရေးလိုက်ရတာပါ။ ဦးရွှေမန်း မိသားစုရဲ့ စီးပွားရေးသောင်းကျန်းခဲ့မှုတွေကို လွှတ်တော်နာယကကြီး တကယ်မသိသေး တာလား၊ မသိချင်ဟန်ဆောင်နေတာလားဆိုတာ အရင်ဆုံးမေးချင်ပါတယ်။

လွှတ်တော်နာယကကြီးက “လူကြီးသားသမီးမို့လို့ အခွင့်အရေး ပိုမယူရဘူး။ ဒီလိုသတ်မှတ်ပြီး ဆောင်ရွက်ခိုင်းတယ်။ ဒီနေ့သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီ။ ပြောရဲတယ်။ သေချာ တယ် ကိုယ့်ကို ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့တွေကို တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေမှာ မလျော်သြဇာသုံးပြီး တစ်ခုမှ မခံခဲ့ဖူးဘူး။” လို့ ပြောထားတာတွေ့ရပါတယ်။ ဒီစကားကို ဧရာဝတီတိုင်းမှာ လာပြီးပြောစေချင်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဦးရွှေမန်းရဲ့သား အောင်သက်မန်း ပိုင်တဲ့ ဧရာ-ရွှေဝါကုမ္ပဏီကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မိသားစုအပါအဝင်ပါ။ ခံထားရသူအားလုံးက ဘာမှမပြောကြတော့ပေမယ့် လုပ်ထားခဲ့တဲ့ သူက အခုလို အသံကောင်းဟစ်လာလို့ တုန့်ပြန်လိုက်ရတာပါ။

ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းဟာ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး တိုင်းမှူးဘ၀က သူ့သား အောင်သက်မန်း ပိုင်ဆိုင်တဲ့ ဧရာ-ရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ ဓာတ်မြေသြဇာရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။ မြေသြဇာတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်သူတွေကို မဝယ်မနေရ ဝယ်ခိုင်းပါတယ်။ ကျွန်တော်တို့ တောင်သူတွေကို မြေသြဇာကြိုပေးပြီး စပါးပေါ်တော့ မတန်တဆဈေးနဲ့ ပြန်တောင်း ပါတယ်။ တိုင်းမှူးအမိန့်ဆိုတော့ ဘယ်လယ်သမားမှ မယူဘဲ၊ မပေးဘဲ မနေရဲပါဘူး။ ဦးရွှေမန်းတို့ တိုင်းမှူးဖြစ်ချိန်က တိုင်းမှူးဆိုတာ တိုင်းတစ်တိုင်းလုံးကို မှောက်ပစ်လို့ရတဲ့ အချိန်မဟုတ်လား။                ဧရာ-ရွှေဝါကြောင့် ဧရာဝတီတိုင်းတွင်းက တောင်သူအများအပြား မြေပေါင်၊ လယ်ပေါင်နဲ့ ဒုက္ခတွေ ရောက်ခဲ့ရပါတယ်။ 

ဧရာဝတီတိုင်းသားတွေက ဘိုးစဉ်ဘောင်ဆက်လယ်လုပ်လာတဲ့ တောင်သူတွေကဘယ်ချိန်မှာ ဘယ်မြေသြဇာသုံးရမယ်ဆိုတာလည်း အားလုံးသိပါတယ်။ ဦးအောင်သက်မန်းရဲ့ ဓာတ်မြေ သြဇာတွေ ရောက်မလာခင်ကတည်းက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်နေခဲ့တာပါ။ အခုတော့ ဆန်အိုးကြီးထဲမှာနေတဲ့ သူတွေက စားစရာဆန်မရှိတဲ့အဖြစ်တောင် ရောက်တဲ့လူတွေရှိပါတယ်။ ဓာတ်မြေသြဇာကို မြေဧက ပိုင်ဆိုင်မှုပေါ်မူတည်ပြီး စိုက်စိုက် မစိုက်စိုက် မဝယ်မနေရ ဝယ်ရတာပါ။ စပါးပေါ်ချိန်တိုင်းမှူးသားကို အကြွေးပေးရတာနဲ့ တချို့တွေဆိုရင် ကလေးတွေ ကျောင်းစရိတ် မရှိတော့လို့ ကျောင်းထွက်ရပါတယ်။ လယ်သမားမိသားစုတွေက လယ်ကလွဲပြီး တခြားဘာမှ မလုပ်တတ်ကြပါဘူး။ နောက်ဆုံးစီးပွားရေးအဆင်မပြေတော့ ကလေးတွေကိုမြို့ပို့ပြီး လက်ဘက်ရည် ဆိုင်မှာ စားပွဲထိုးလုပ်ခိုင်းရပါတယ်။ တသက်လုံးမိသားစုနဲ့ လယ်ထဲမှာပျော်နေတဲ့သူတွေက တကွဲ တပြားတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားမိသားစုတွေ ကျခဲ့တဲ့ မျက်ရည်တွေ၊ ချွေးစက်တွေကိုတော့ ဘယ်သူမှမသိခဲ့ကြရပါဘူး။

ဦးရွှေမန်းမိသားစုကြောင့် ဘဝပျက်ကုန်တာ လယ်သမားတွေတင် မဟုတ်ပါဘူး။ မြေသြဇာ ရောင်းတဲ့ ဆိုင်ရှင်တွေနဲ့ ဆိုင်အလုပ်သမားတွေလည်း ပါပါတယ်။ ဘယ်သူမှ မဝယ်တော့တာကြောင့် ဆိုင်တွေအကုန် ပိတ်လိုက်ရပြီး အလုပ်သမားအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဦးရွှေမန်းတို့ မိသားစုက နေ့ချင်းညချင်း သူဌေးဖြစ်သွားချိန်မှာ ဧရာဝတီတိုင်းက လယ်သမားတွေက အကြွေးနဲ့ပိပြီး လယ်ရောင်းဆပ်ရတာကြောင့် နောက်ဆုံး လယ်မဲ့ယာမဲ့ဘဝတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားဆိုတာ လယ်မရှိရင် ဘဝအဓိပ္ပါယ်မရှိတော့ပါဘူး၊ မျှော်လင့်ချက်မရှိတော့ပါဘူး။ ကျွန်တော်တို့ ဧရာဝတီတိုင်း သားတွေ မျှော်လင့်ချက်မဲ့အောင် စလုပ်ခဲ့တာ ဦးရွှေမန်းရဲ့ မိသားစုပါ။

နာယကကြီးရဲ့သားကြီး အောင်သက်မန်းဟာ အခုဆိုရင် ဧရာ-ရွှေဝါ ကုမ္ပဏီနာမည်နဲ့ လုပ်ငန်း ပေါင်းစုံကို လုပ်ကိုင်နေပါတယ်။ နာယကကြီးတို့မိသားစု အခုလိုကြွယ်ဝချမ်းသာသွားဖို့ ပထမဆုံး စတေးခံခဲ့ရသူတွေက ဧရာဝတီတိုင်းသားတွေပါ။ မိသားစု စီးပွားရေးနှင့် ပတ်သက်၍ ဦးရွှေမန်း အချိန်မရွေး အစစ်ခံနိုင်တယ်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ စစ်မယ်ဆိုရင် ဝေးဝေး မစစ်ပါနဲ့ ဧရာဝတီတိုင်းက လယ်သမားတွေဆီကို အရင်ဆုံးလာစစ်ပါလို့ တောင်းဆို ရေးသား လိုက်ရပါတယ်။


ဖိုးသာအောင်

3 comments:

Anonymous said...

အံ့သြစရာဘဲ။ ဓာတ်မြေသြဇာလေး ၀ယ်တာနဲ့ဘဲ လယ်တွေပေါင်လိုက်ရရောလာလား။ ချဲရှုံ့းလို့ပေါင်ရတာမဟုတ်ဘူးလား။ ကျန်တဲ့ဧရာဝတီတုင်းကလူတွေရော ဘယ်လိုနေ ဘယ်လိုစားကြလဲ။

Anonymous said...

တော်ပါတော့..ဖိုးသာအောင်အမည်ခံ လှမ်းပြုတ်ရယ်...စောက်ညှိုးတွေနဲ့..လံကြုတ် ဇာတ်လမ်းတွေ.. ကိုရီးယားကားလောက်တောင် လွမ်းဖို့မကောင်းဘူး။

Anonymous said...

ဒီဘလော့ဂ်ထဲက ၀န်ကြီးဟောင်းတစ်ဦးဆိုပြီးဦးရွှေမန်းမကောင်းကြောင်းတွေရေးတဲ့သူ နဲ့ writing Flow တွေ တော်တော်လေးသွားတူနေတာလေ့လာတွေ့ရှိရပါတယ်။ ၀န်ကြီးဟောင်းဖြစ်လိုက်ဖိုးသာအောင်ဖြစ်လိုက်နဲ့..တကယ်က သတ္တိမရှိတဲ့...စားစရာမရှိလို့ဖာခံစားတဲ့ မိန်းကလေးတစ်ယောက်လောက်တောင် အဆင့်မရှိတဲ့သူက လျှောက်ရေးတဲ့စာတွေလို့ဘဲ ကျွန်တော်တို့ပြည်သူတွေကမြင်ပါတယ်။။ IT ခေတ်ရောက်နေလို့ စာဖတ်သူတွေငတုံးမဟုတ်တော့ပါဘူး။ သတ္တိရှိရင်..ဟန်းဖုံးနံပါတ်၊ အမျိုးသား မှတ်ပုံတင်နံပါတ်၊နံမည်ရင်းနဲ့တင်လို့ရတာဘဲ..လုပ်ပါလား။ မိန်းမပျက်တစ်ယောက်လောက်တောင်မှ သတ္တိမရှိဘဲ..စောင်ခြုံပြီးလက်သီးပုန်း..အီးပုန်းထုတဲ့.. အောက်တန်းစားတစ်ယောက်ရဲ့ စာလို့ဘဲ မြင်ကြောင်းပါ။

Post a Comment