Showing posts with label ဦးရွှေမန်းသို့ပေးစာ. Show all posts
Showing posts with label ဦးရွှေမန်းသို့ပေးစာ. Show all posts

Tuesday, July 28, 2015

ဦးရွှေမန်းကြီးတော့အပြောနဲ့အလုပ်မညီတော့ပါ

0 comments

ဦးရွှေမန်းကြီးတော့အပြောနဲ့အလုပ်မညီတော့ပါ
လားပြောတော့လွတ်လပ်မျှတသန့််ရှင်းတဲ့ရွေးကောက်ပွဲလုပ်ရမယ်ဆို..,..
ခုတော့၂၅.၇.၂၀၁၅ ဖြူးမြို့ခန်းမ၌ဦးရွှေမန်း
သည်ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ရပ်ကျေးအုပ်ချုပ်ရေး
မှုးများနှင့်ရပ်မိရပ်ဖများအားနေ့လည်၂နာရီခွဲခန့်တွင်
ခေါ်ယူတွေ့ဆုံ၍ဖြူးမြို့နယ်မှရွေးကောက်ပွဲဝင်မည်ဟုပြောကြားခဲ့ပါတယ်ဆက်လက်၍အုပ်ချုပ်ရေးမှုး
များအားတဦးချင်းမတ်တပ်ရပ်ခိုင်ပီးစကားထပြောခိုင်း
တယ်အုပ်ချုပ်ရေးမှုးများကလည်းနီးရာဓါးကိုကြောက်တာလားဖါးတာလားမသိ
"အဘကိုတော့တာဝန်ယူပါတယ်ကျန်လူများကို
တော့တာဝန်မယူနိုင်ဟု" ပြောကြပါတယ်ဒါကိုကြည့်
ခြင်းအားဖြင့်ရွေးကောက်ပွဲဝင်မည့်ဦးရွှေမန်းဟာလုပ်ပိုင်ခွင့်နဲ့အာဏာကိုအလွဲသုံးစားပြုလုပ်နေတာဖြစ်ပါ
တယ်.,..ပြီးတော့လည်းဆယ်အိမ်မှုးရာအိမ်မှုးများ
အားကိုယ်ရေးအကျဉ်းများတင်ခိုင်းထားပါတယ်
၎င်းတို့အားမဲရုံမှုးနဲ့အခြားအရေးကြီးတဲ့တာဝန်များ
ပေးရန်ဖြစ်ပါတယ်။
ဖြူးမြို့နယ်အတွင်းရှိဟိန္ဒူလူမျိုးအား FRCမှ
NRC ဖြစ်ရန်လည်းလုပ်ဆောင်ပေးနေပါတယ်
မှတ်ပုံတင်လုပ်ပေးပြီးမဲဝယ်နေခြင်းဖြစ်ပါတယ်
ဦးရွှေမန်းဟာဖြူးမြို့နယ်မှဝင်ပြိုင်ပြီးညစ်နည်း
ပေါင်းစုံသုံးပြီးညစ်တော့မှာဖြစ်ပါတယ်
ဖြူးမြို့နယ်မှာရှိတဲ့ရပ်မိရပ်ဖအချို့ကလည်းဦး
ရွှေမန်းအားကူညီလုပ်ဆောင်ပေးနေကြပါတယ်
ဒါကြောင့်ဖြူးမြို့နယ်မှာရှိတဲ့ပြည်သူများထပ်
အလိမ်မခံကြပါနဲ့ဖြူးမြို့နယ်ရဲ့သမိုင်းအရိုင်းမခံကြ
ပါနဲ့သမိုင်းတရားခံအဖြစ်မခံကြပါနဲ့....,

Wednesday, July 8, 2015

ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်းသိဘို့လိုအပ်ပြီ

0 comments

ဖြူး မြို့နယ် ကညွတ်ကွင်းမြို့လေးဟာ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွေမန်း၏ မွေးဖွားရာမြို့ဖြစ်ပြီး ယင်းမြို့လေးမှာ နေထိုကြတဲ့ ဦးရွေမန်း ဆွေတော်မျိုးတော်များကတော့ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေ လုပ်နေခြင်းဟာ နိုင်ငံတော်အာဏာကို ခုတုံးလုပ်အသုံးချနေတယ်ဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးရွေမန်းကိုယ်တိုင် သိဖို့လိုအပ်သလို ဥပဒေအကြောင်းအရလည်း ထိထိရောက်ရောက် အရေးယူသင့်ပြီဖြစ်လို့ ဒီ post လေးကို တင်လိုက်ပါတယ်...
သတင်းဆိုးတွေကို ကြားသိလိုက်တာနဲ့ ပြည်သူတို့ အော့နှလုံးနာစရာဖြစ်ပုံလေးတွေ တင်ပြပါ့မယ်.....
ပထမအကြိမ် အစိုးရဝန်ထမ်း EPC ၀န်ထမ်းတစ်ဦးကို ပါးရိုက်လိုက်တာကတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်. အရပ်အခေါ် (ဗိုက်ကြီး) ဖြစ်ပါတယ်..လူမိုက်လူရမ်းကားဆန်စွာ အနိုင်ကျင့်ဗိုလ်ကျခြင်းဆိုတာ ဖြူးမြို့နယ် တစ်နယ်လုံး အသိဖြစ်ပါတယ် နာယကကြီး မသိလေရော့သလား။
ဒုတိယအကြိမ် ပါးရိုက်အနိုင်ကျင့်တာ ကတော့ နာယကကြီး၏ တူတော်စပ်သူ ကညွတ်ကွင်းမြို့ ကွင်းအနောက်အုပ်ချုပ်ရေးမှူး ဦးဝေမိုး (ဦးရွေမန်း၏တူ)တော်စပ်သူ ဖြစ်ပါတယ်။
၂၃.၆.၂၀၁၅ ရက်နေ့ဖြူးမြို့ အထွက်တွင် ဦးဝေမိုးမောင်းသောကားအား ဆိုင်ကယ်ဖြင့် ကျော်တတ်သူ စတုထ္ထနှစ် (သမိုင်း)ကျောင်းသား မောင်ကျော်ဝင်းကိုမှ ဖြတ်ကျော်တတ်စဉ် ၎င်းကားအား ကျော်တတ်ရပါ့မလားဟု ဆဲဆို၍ ဆိုင်ကယ်အား ပြန်လည်ဖြတ်ကျော် လမ်းပိတ်ရပ်ပြီး ကားပေါ်မှဆင်းကာ ပါးရိုက်ပြီး တပည့်ဖြစ်သူများမှ ၀ိုင်းဝန်းထိုးကြိတ်ခြင်း ဖြစ်ပါတယ်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မောင်ကျော်ဝင်းကို မှ ဖြူးမြို့မရဲစခန်းတွင် ၂၄.၆.၂၀၁၅ ရက်နေ့တွင် ပ/၂၀၅/၂၀၁၅ ပုဒ်မ ၂၉၄/၃၂၃ ဖြင့် တရားစွဲဆိုထားသည်ဟု သိရှိရပါသည်။
တရားဥပဒေအထက်တွင် မည်သူ ရှိနေသလဲ စောင့်ကြည့်ရပါမည်။နယကကြီး သူရဦးရွေမန်းအနေဖြင့် မသက်ဆိုင်သလို မျက်နှာလွှဲနေပါက နာယကကြီး ဦးရွေမန်း၏ ပုံရိပ်သည် ဖြူးမြို့နယ်တွင် တဖြည်းဖြည်း ကျဆင်းလာမည်မှာ အသေအချာဖြစ်ပါကြောင်း သိစေအပ်ပါသည်။

Tuesday, July 7, 2015

အပြောကတော့ ရွှေမန်းပဲ ဆိုတဲ့ လွှတ်တော်ဥက္ကဌကြီး အလွန်ဒေါသထွက်ရတဲ့နေ့လေးရှိခဲ့ပါတယ်။

0 comments

လွှတ်တော် အသီးသီးရဲ့ ပထ မအကြိမ် ပြည်သူ့ လွှတ်တော် ဆဌမပုံမှန် အစည်း အဝေး ကျင်းပနေချိန် တရက် မှာ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် အမျက်ဒေါသ ထွက်ခဲ့ပါတယ်။
သူရဦးရွှေမန်းတယောက် ဘယ်သူ့ကြောင့်များ ဒေါသထွက်ရသလဲ၊ ဘာအကြောင်းကြောင့် များ ဒေါသ ထွက် ရသလဲ။ ဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြ သွားမှာ ဖြစ် ပါ တယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယပိုင်းမှာ ဥက္ကဋ္ဌ သူရဦးရွှေ မန်းဟာ လွှတ်တော်ကို ပုံမှန်ရောက်ရမယ့် အချိန်ထက် နောက်ကျပြီးမှ ရောက်လာပါတယ်။ ဒီအတွက် အခုလို နောက်ကျရောက်လာရတဲ့အကြောင်း ရှင်းပါတယ်။ သူက အဲဒီနေ့မှာ အစိုးရအဖွဲ့က ထုတ်ပြန် ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ” နဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေ လုပ် မှာ ဖြစ်ကြောင်း၊ ဒီအတွက် လွှတ်တော်ထဲမှာ အချိန်ကုန်သက်သာအောင် ၀န်ကြီးဌာန တာဝန် ရှိသူ တချို့၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လူတချို့နဲ့ သူကိုယ်တိုင် ပါဝင်ပြီး သူရုံးခန်းမှာ အပြင်းအထန် ညှိနှိုင်းနေရတဲ့အတွက် အချိန်ကြာသွားကြောင်း၊ ဒါကြောင့် သူ့ကိုနားလည်ပေးပါ ဆိုပြီး ပြော ဆိုခဲ့ပါ တယ်။ ပြီးတာနဲ့ သူက အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ”ကို ပြင် ဆင် မယ့်ကိစ္စ စပြီး လုပ်ကိုင်ဖို့ ဥပဒေကြမ်းကော်မတီကို ခေါ်ယူပါတယ်။
ဒီအချိန်မှာ ထင်မှတ်မထားဘဲနဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က “နည်း ဥပဒေ” ပြင်ဆင်မယ့် ကိစ္စ ဆွေးနွေးတာကို ရွှေ့ဆိုင်းပေးဖို့ အဆိုတင်သွင်းလိုတဲ့ အကြောင်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးသိန်းညွန့်တင်ပြတာက လွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေတရပ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က “နည်းဥပဒေ” ထုတ်ပြန်နိုင်ကြောင်း၊ ဒီ ထုတ်ပြန်တဲ့ နည်းဥပဒေပါ အချက်တရပ်ရပ် ဒါမှမ ဟုတ် အချက်တချို့ဟာ မူလဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေရင် အခြခံဥပဒေ ပုဒ်မ ၁၃၇ (ခ) အရ ပယ် ဖျက်ရန်၊ ဒါမှမဟုတ် ပြင်ဆင်ရန် လွှတ်တော်က ဆုံးဖြတ်နိုင်ကြောင်း၊ ဒါပေမယ့် လက်ရှိ လွှတ်တော်ကော် မတီက ဖြန့်ဝေထားတဲ့ နည်းဥပဒေကို ပြင်ဆင်မယ့် အချက် ၆၃ ချက်ဟာ မူလဥပဒေပါ ဘယ်အချက်နဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာ ဖော်ပြမထားကြောင်း၊ ဒါ့အပြင် အဲဒီ အချက် ၆၃ ချက်မှာ အသစ် ဖြည့် စွက် တာတွေ ပါဝင်နေပြီး ဒီလို ဖြည့်စွက်ဖို့ အခြေခံဥပဒေက ခွင့်ပြုမ ထားကြောင်း၊ ပြင် ဆင် ဖြည့်စွက် မှုတွေမှာလည်း မူလဥပေဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတာတွေပါကြောင်း ဥပမာတွေနဲ့တကွ တင်ပြခဲ့ပါတယ်။
ဒါတင်မက ဦးသိန်းညွန့်က စီးပွားရေးသမားတချို့ဟာ သူတို့အကျိုးစီးပွား အမြင်ကျဉ်းကျဉ်းလေးနဲ့ မူလ ဥပဒေကို ပြင်ဆင်ကန့်ကွက်တာတွေ လုပ်တယ်။ ဒီလိုလုပ်တာဟာ လွှတ်တော်အနေနဲ့ လုပ်ပိုင် ခွင့်ချဲ့ ယူနေတာဖြစ်လို့ နောင် အစဉ်အလာ မကောင်းဖြစ်သွားမယ်၊ ဒါကြောင့် သူရဦးရွှေမန်း ရုံးခန်းထဲမှာ ညှိရုံနဲ့ မလုံလောက်ဘူး၊ ကျယ်ပြန့်တဲ့ အမြင်တွေ ရယူဖို့ ဆွေးနွေးတာတွေ ရက်ရွှေ့ဆိုင်းပေးဖို့ တင်ပြခဲ့ တာ ဖြစ် ပါတယ်။
ဦးသိန်းညွန့် ဒီလို ပြောလိုက်တာဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အရှိုက်ကို ထိုးနှက်လိုက် သ လို ဖြစ် သွားပြီး အလွန်ဒေါသထွက်သွားခဲ့ပါတယ်။ ချက်ချင်းပဲ အခြေခံဥပဒေနဲ့ ကိုက်ညီတာ၊ မညီတာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆိုင်တယ်။ သူကတော့ လက်မခံနိုင်ဘူး။ ဒီနည်းဥပဒေကိစ္စ အစိုးရ အဖွဲ့ တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိထားလို့ အခုလို ရွှေ့ဆိုင်းဖို့ တင်ပြတာကို လက်မခံနိုင်ပါဘူး ဆိုပြီး လွှတ်တော် သဘောတောင်မယူဘဲ ယတိပြတ် ပယ်ချလိုက်ပါတယ်။ အဲဒီနောက် နည်းဥ ပဒေ ပြင် ဆင် တာတွေ ဆက်လုပ်ပါတယ်။
သူရဦးရွှေမန်းက ဒီလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး။ လွှတ်တော် နားပြီး နောက်တချိန် ပြန်စတော့လည်း ဦးသိန်းညွန့်ကို ရည်ရွယ်ပြီး ဒီကိစ္စ ထပ်ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပြင်ဆင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်၊ မညီဘူးဆိုတာ “ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး” နဲ့ပဲ ဆိုင်တယ် ဆို တာလောက် ပြောပြီး ဦးသိန်းညွန့်က တင်ပြချင်ရင် ခုံရုံးကို သူတင်ပြပေးမယ်လို့တော့ မပြောခဲ့ပါဘူး။ ဖွဲ့စည်းပုံခုံရုံးကို ပြဿနာတွေ တင်ပြနိုင်တာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်၊ တရားသူကြီးချုပ် နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ စုစုပေါင်း ၅ ယောက်ကပဲ တင်ပြပိုင်ခွင့်ရှိတဲ့အတွက် ဦးသိန်းညွန့် အနေ နဲ့ ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်ပါတယ်။ ဒီအတွက် လက်ရှိ အတည်ပြုနေတဲ့ နည်းဥ ပဒေကို ဦးသိန်းညွန့်အနေနဲ့ ထကန့်ကွက်ရင် လွှတ်တော်အမတ် ဂုဏ်သိက္ခာ မထိခိုက်ရအောင် သတိပေးရ တာ ဖြစ်တယ်လို့ ပြောပြီး မဆီမဆိုင် ဒေါနဲ့မောနဲ့ တုံးကို ခပ်ပြင်းပြင်းလေး ထုလိုက်ပါသေးတယ်။
တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ ပြဿနာ ဆိုတာ လွှတ်တော်ထဲက ခရိုနီတွေ၊ ခရိုနီကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ ကျယ်ကျယ်ဖွင့်ပေးချင်တဲ့ သမ္မတအကြံပေးအဖွဲ့တွေကြားက အားပြိုင်မှုဖြစ်ပါတယ်။ ဒီ အားပြိုင်မှုကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့ပင် ဆိုစေကာမူ အစိုးရအဖွဲ့နဲ့ ညှိပြီးလုပ်ရင်ရတယ် ဆိုတဲ့ သူရဦးရွှေမန်းကို ခရိုနီတွေ အကျိုးစီးပွား အတွက် ဥပဒေ အထက်ရောက်နေတဲ့သဘော ပြောဆိုမိခဲ့တာကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီး ဒေါသအလွန် ထွက်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

Wednesday, October 30, 2013

ဦးရွှေမန်းရဲ့ အမှားတော်ပုံများ

0 comments
 
၂၀၁၂ ဧပြီလ (၁၁) ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလကုန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ အစိုးရအဖွဲ့ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးများကိုသော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက် နှင့်မှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ရုတ်တရက် ပြောဆိုလိုက်ပါတယ်။

ဦးရွှေမန်းမှ “အောက်ခြေဝန်ထမ်းတွေ အဆင်မပြေဘူးဆိုတာကိုသိရင် ဒီလိုဖြစ်ကြတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ၊ ရုံးအဆင့်အတန်းအလိုက် လျော်ညီစွာအသုံးပြုရန် သင့်တင့်မျှတ သော ရုံးအသုံးစရိတ်၊ အထွေထွေစရိတ်၊ ဝန်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြားစရိတ်များကို စိစစ်တိုးမြှင့်ပေးဖို့နှင့် တကယ်လို့ငွေပိုနေသေးလျှင် ဝန်ထမ်းများအတွက် လစာငွေနှင့် ထောက်ပံ့ငွေပေးနိုင်ရေး အတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိကြောင်းကိုလည်း လေ့လာတွေ့ရှိထားပါ တယ်။ ဒီကိစ္စအတွက် လွှတ်တော်သို့ တင်ပြလာလျှင် အတည်ပြုပေးသင့်ကြောင်း တင်ပြအပ်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။

ဦးရွှေမန်းရဲ့ ပြောဆိုမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံစိုက်နေတဲ့ လူထုတစ်ရပ်လုံးက ဦးရွှေမန်းကို အာရုံစိုက်သွားကြပါတယ်။ ဝန်ထမ်အများအပြားနဲ့ ဝန်ထမ်းများကို မှီခိုနေရတဲ့ ပြည်သူများကလည်း လစာတိုးပေးဖို့ နိုင်ငံတော်မှာ အဆင့်(၃) တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခြင်း ဖြစ်တာကြောင့် သေချာပေါက်တိုးပြီဆိုပြီး ဝမ်းသာ ပျော်ရွှင်ခဲ့ရပါတယ်။ မြန်မာ့အရေးလေ့လာသူများကလည်း ဦးရွှေမန်းအနေနဲ့ ယခင် လုပ်ဖော်ကိုင်ဖက် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေကို တိုင်ပင်ပြီးတာကြောင့် အခုလို ပြောဆိုတာ ဖြစ်နိုင်ကြောင်း၊ လစာတိုးဖို့ သေချာကြောင်း သုံးသပ်ခဲ့ကြပါတယ်။ 

ဒါပေမယ့် ဘဏ္ဏာရေးဝန်ကြီးက လစာတိုးမြှင့်ရေး အစီအစဉ်မရှိသေးကြောင်း လွှတ်တော်တွင် ဖြေရှင်းခဲ့ရာ ဦးရွှေမန်းအရှက်ရခဲ့ပြီး နောက်တစ်ကြိမ် ထပ်တင်ခဲ့ပြန်ပါတယ်။ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း အချို့ကို ရပ်နားထားပြီး ဝန်ထမ်းလစာကို အရင်တိုးဖို့ ထောက်ပြပါတယ်။ ဒီလိုနဲ့ စီမံကိန်းအချို့ ရပ်နားခဲ့ရပြီး စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ မျှော်လင့်တောင့်တနေတဲ့ ဝန်ထမ်းတွေလည်း ငွေနှစ်သောင်းနဲ့တင် ကျေနပ်ခဲ့ရပါတယ်။ လစာတိုးဖြစ်စဉ်အပြီး ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ  မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ရတာဟာ ဦးရွှေမန်းရဲ့ မဆင်မခြင် နာမည်ကောင်းဝင်ယူခဲ့တာကြောင့် ဆိုပြီး နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြပါတယ်။

ဒုတိယနဲ့ တတိယအချက်ကတော့ ကော်မတီကော်မရှင်တွေ ကိစ္စနဲ့ခုံရုံးနှုတ်ထွက်သွားရတဲ့ ကိစ္စပါ။ လွှတ်တော်ခေါ်ပြီး မကြာခင်မှာပဲ ကော်မတီမျိုးစုံ၊ ကော်မရှင်မျိုးစုံ ယခင် ဝန်ကြီးဟောင်းတွေနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ ယခင် ဝန်ကြီးဟောင်းများက ၎င်းတို့တာဝန်ယူခဲ့သည့်လုပ်ငန်းနှင့် သက်ဆိုင်သော နာမည်ဖြင့် ကော်မတီပြန်ဖွဲ့ကာ ဥက္ကဌပြန်လုပ်ကြပါတယ်။ ကော်မတီ၊ ကော်မရှင် ဥက္ကဌများကို ဦးရွှေမန်းက အထူး အရေးပေးသည့်အပြင် အခါအားလျှော်စွာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ယခင်ဝန်ကြီးဟောင်း ကော်မတီ ကော်မရှင် ဥက္ကဌတွေက လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးတွေရဲ့ လုပ်ဆောင်မှုများကို ဝင်ရောက် စွက်ဖက်မှုတွေရှိလာပါတယ်။  အဲဒီနောက် ကော်မတီဥက္ကဌနဲ့ ဝန်ကြီး နှစ်ယောက် ဘယ်သူက ပိုကြီးသလဲဆိုတဲ့ ပြဿနာပေါ်လာပါတယ်။ ပြဿနာအတွက် အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် ရယူခဲ့ချိန်မှာ အခြေခံဥပဒေ ခုံရုံးမှ  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ (ဂ)၊ ပုဒ်မ ၉ဝ၊ ၉၁၊ ၉၃ (ခ)၊ ၉၇ (ဃ) (၁)၊ ပုဒ်မ ၁ဝဝ၊ ၁ဝ၁၊ ၁ဝ၃ စသည့် ပုဒ်မပေါင်း ၁၄ ခုကို ကိုးကား၍ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကိုရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုရမည် ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့အဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ထုတ်ပြန်ခဲ့ရာ ခုံရုံးနဲ့ လွှတ်တော်ကြား တင်းမာမှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အဓိက တာဝန်ရှိသူ ဦးရွှေမန်းက လွှတ်တော်ဖက်ကနေပြီး ရပ်တည်ခဲ့တာကြောင့် အခြေခံဥပဒေအရ လွှတ်တော် ကော်မတီများကို ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အား စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတကြီးကိုယ်တိုင်က ခုံရုံးနဲ့လွှတ်တော်ကြား ညှိညှိနှိုင်းလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပေမယ့် ဥက္ကဌ ဦးသိန်းစိုးအပါအဝင် ၉ ဦးလုံး ၂၀၁၂ စက်တင်ဘာလမှာ နှုတ်ထွက်ခဲ့ရပါတယ်။ လွှတ်တော်က တစ်ဖက်၊ ခုံရုံးနဲ့ အစိုးရက တစ်ဖက် အားပြိုင်မှုမှ လွှတ်တော်က အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့ ဦးသိန်းစိုးတို့အပေါ် အနိုင်ရမှုအတွက် ဦးရွှေမန်းလည်း ကျေနပ်ခဲ့ပါတယ်။

ဦးရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ်ကိုင်တွယ်တတ်ပြီး စနစ်တကျ အကွက်ချတတ်တယ်။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာ ဒေါက်တိုင်ကြီးသုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာပါ။ ဒီအညှာကိုချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင် တွေ အချိန်မရွေးဖြိုပစ်လို့ရပြီဆိုတဲ့ သဘောပါ။ အသေအချာစဉ်းစားကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ ဦးရွှေမန်း က အာဏာရှင်ဒီမိုကရေစီကိုစပြီး ခြေလှမ်းလိုက်တာလို့ ပြောလို့ရပါတယ်။ 

စတ္ထုထမြောက် ဖြစ်စဉ်ကတော့ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးလွန်းမောင်ရဲ့ နောက်ကျောကို  ဓားနဲ့ထိုးခံခဲ့ရတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဦးရွှေမန်းနဲ့အတူ ဂေါက်ရိုက်တုန်းမှ စေတနာနဲ့ သတိပေးခဲ့တာတစ်ခုကို အခွင့်ကောင်းယူပြီး ဦးရွှေမန်းက ပညာပြန်ပေးခဲ့တဲ့အတွက် စာရင်းစစ်ချုပ် ဦးလွန်းမောင် ရာထူးကနေ ဖယ်ရှားခံရပြီး အခု ထမင်းရောင်းနေရပါတယ်။ ဦးလွန်းမောင်က “ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။”လို့ပြောပါတယ်။ နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ကိုင်လာသူ တစ်ယောက်ကို ဘဝပျက်သွားတဲ့အထိ  လုပ်ရက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပဉ္စမအချက်ကတော့ တခြားသူတွေကို စာအုပ်ထဲကအတိုင်း အတိအကျလိုက်ကိုင်တဲ့ ဦးရွှေမန်းဟာ ကိုယ်တိုင်ကတော့ မိသားစုတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ သွယ်ဝိုက်သောနည်းနဲ့ ကူညီအားပေးနေတာပါပဲ။ ဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလားဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင်ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့အပြိုင် စပါးပေးငွေ (စိုက်ပျိုးစရီတ်ချေးငွေ)ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံး မှတစ်ဆင့် သိမ်းယူမှုတွေ အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။

ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေး အပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်နေပါပြီ။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာ လည်း မြေကွက်အမြောက်အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေပြည်တော် မြို့တော်တည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း ဦးအောင်သောင်း သားအပါအ၀င် တခြား လူကြီးသား သမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက် အမြောက် အများ ရရှိခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

(မောင်ပေါက်ကျိုင်း)

Tuesday, October 29, 2013

တိုင်းဧရာက သိပါတယ်

0 comments
အောက်တိုဘာ ၂၄ ရက်နေ့က ဦးရွှေမန်းအနေနဲ့ လွှတ်တော်အဆောက်အဦထဲမှာ လုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ “မိမိသော် လည်းကောင်း၊ မိမိမိသားစုအတွက်သော်လည်းကောင်း တာဝန်ယူတယ်၊ စီးပွါးရေးကိစ္စနဲ့ ပတ်သတ်ပြိး အချိန်မရွှေး အစစ်ခံ နိုင်တယ် ၊အချိန်မရွေးလာရောက် လေ့လာနိုင်ပါတယ်” လို့ ပြောခဲ့တယ်နော်။ Eleven Media အင်တာနက်စာမျက်နှာမှာ ဦးရွှေမန်းကိုယ်တိုင် အဲဒီလိုပြောခဲ့တဲ့စကားတွေအကြောင်း သတင်းရေးထား တာကိုလည်း ဖတ်လိုက်ရတယ်။တော်တော်လေးကို လူပြောသူပြောများသွားတဲ့ သတင်းဖြစ်သွား တာကိုး။ ဦးရွှေမန်းအနေနဲ့ ပြည်သူတွေရဲ့ သုံးသပ်ချက် Comment တွေ ကိုဖတ်ကြည့်သင့်တယ်။မဖတ်ဝံ့လို့ မဖတ်ဖြစ်ရင်တော့ မသိပေါင်၊ တကယ်လို့ ဖတ်ပြီးပြီ ဆိုရင်လည်း ရှက်တတ်တဲ့စိတ် ကလေးရှိရင်တော့ လဲသာသေ ဖို့ကောင်းနေပြီနော်။

 အပြောမှာ ရွှေမန်း

တကယ်တော့ ဦးရွှေမန်းရယ် ၊ ယူနီဖောင်းကြီးဝတ်တုန်းက ပျော့ပျော့လေးနဲ့နံခဲ့တာတွေကို ဘယ်လိုဖုံး ဖိထားမှာလဲ။ ဦးရွှေမန်း သားတွေ ရမ်းချင်တိုင်းရမ်းခဲ့တာတွေ အတွက်ရော အစစ်ခံ တာဝန်ယူ/ တာဝန်ခံနိုင်ရဲလား။ “ကလေးတွေ အတွက်လည်း ကလေးတွေ တာဝန်ယူနိုင်အောင်လုပ်ထားတယ်” အပြောလေးနဲ့ ၀မ်းချမယ့်ပျားရည်တွေ မတိုက်ပါနဲ့လား။ “အပြောမှာတော့ ရွှေမန်း” ဆိုတဲ့ စကား လွှတ်တော် ဥက္ကဌကြီးအတွက် များ ဖြစ်ခဲ့သလား။ဦးရွှေမန်းကြီး တိုင်းမှူးဘ၀က ဘာတွေလုပ်ခဲ့သလဲဆိုတာ ဧရာဝတီတိုင်းက လယ်သမားတွေ သိတယ် ။ လယ်/ဆည် က ၀န်ထမ်းတွေ ၊မြေစာရင်းက ၀န်ထမ်းတွေသိတယ်။ အဖေက မြေသိမ်းပေးပြီး သားတွေထောင်တဲ့ ကုမ္ပဏီတွေနဲ့ လုပ်စားတယ် ။ရောင်းစားတယ်။ ကျုပ်တို့ရဲ့ လယ်ကွက်တွေ၊ စိုက်ခင်းတွေ.. ဒါတွေကို နိုင်ငံတော်ဆိုတဲ့ စကားလုံးနဲ့ကိုင်ပေါက်၊အတင်းလုယူပြီး သားတွေရဲ့ ကုမ္ပဏီတွေ၊ ခမည်း ခမက်ကြီးရဲ့  လုပ်ပိုင်ခွင့်တွေထဲ အကုန်သွန်ချပေးခဲ့တာတွေ မေ့ပစ်ပြီလား။ လိပ်ပြာ လုံပြီလား။ ကျုပ်တို့ ဧရာဝတီတိုင်းရဲ့ ချွေးတွေ ဘ၀တွေကို ဦးရွှေမန်းတို့မိသားစုဘ၀ကြီးသာယာဖို့ အရင်း အနှီးဖြစ်ခဲ့ရတယ်။ သူ့နောက်မှ တတ်လာတဲ့ သူရမြင့်အောင်ကိုလည်း သူ့သြဇာမခံလို့ဆိုပြီး ဂွင်ထောင် အပိုင်ကိုင်ပြီး ဖြုတ်ပစ်လိုက်တာလည်း အားလုံးသိတယ် ။ သူရမြင့်အောင်ကို စီးပွါးရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး တိုင်းရံပုံငွေ လုပ်ခိုင်းတာကို သူရမြင့်အောင်က မလုပ်နိုင်ဘူးဆိုလို့ အငြိုးတကြီးနဲ့ ဖြုတ်/ထုတ် လုပ်ပစ်ခဲ့တယ်။

သူရမြင့်အောင်ကို ဖြုတ်ချ အပြီး အခုတော့.. ဦးသိန်းစိန်ကို ဒေါက်ဖြုတ် ဖို့ကြံနေပြန်ပြီ။ပြည်သူတွေ ချစ်တဲ့ ဦးသိန်းစိန် ကို ဒုက္ခအမျိုးမျိုးပေး ၊နောက်ဆုံး ပက်စက်တဲ့အကြံနဲ့ စစ်တပ်ကို စေတနာရှိသလိုလိုနဲ့ လစာတိုး ဖို့ပြောပေး၊ ဦးသိန်းစိန်က လောလောဆယ် မဖြစ်နိုင်ပြောတော့ စစ်တပ်နဲ့တိုက်ပေး၊စစ်တပ်က ဘာမှ မဖြစ်တော့ ဒေါ်စုနဲ့ ပေါင်းသွားပြန် ပါရောလား။ ဒေါ်စုသမ္မတဖြစ်အောင်ပဲ ကူညီပေးမလိုလိုနဲ့ ပြည်သူလူထု နားထဲ အပျော့ဆွဲ စကားလုံးတွေနဲ့ လူတွင်ကျယ်ဇာတ် ၀င်ခင်းနေပြန်ပြီ။ အကယ်၍ ကိုယ်တိုင် သမ္မတ မဖြစ်ရင်တောင် ဒေါ်စု သမ္မတဖြစ်ခဲ့ ရင် ဒုသမ္မတတော့ ဖြစ်နိုင်ကောင်းရဲ့ ဆိုပြီးများ ဆင်ကြံကြံနေသလား သမ္မတဖြစ်ချင် လွန်းနေတဲ့ ဦးရွှေမန်းရေ။ အတိတ်ကို ပြန်ကြည့်ဦးဗျ။ ပြည်သူကို ချစ်တယ်။ အမျိုးကို ချစ်တယ် ဆိုပြီး အမျိုးတွေ၊ သားသမီးတွေ ကြီးပွါးသွားအောင်လုပ်ခဲ့တာတောင်၊ ကျုပ်တို့ ဧရာဝတီ တိုင်းကြီး တစ်ခုလုံးကို  အိပ်ကပ်ထဲလိုသလို ထည့်ပြီး တာတောင် မကျေနပ်လို့ မြန်မာတစ်နိုင်ငံလုံးကို အိတ်ထဲထပ်ထည့်ဖို့ ကြံစည် နေသလား။ ကျုပ်တို့ နင်းပြားတွေ နဲ့ ကော်လံပြာ လူတန်းစား တွေကတော့ ဦးရွှေမန်း နိုင်ငံရေး ဇာတ်ခုံပေါ် တတ်မကခင် ခွန်းထောက်လေး ရွတ်ပြရုံနဲ့ ဘယ်လိုခြေထိုး၊ဘယ်လိုလက်ကွက်နဲ့ ကမယ်ဆိုတာ ကြိုမြင်နေပါ့ဗျား။။ နိုင်ငံရေးလောကမှာ Sorry ပါဆိုတဲ့ စကားပြောလာပြီဆိုရင်တော့ အတော်နောက်ကျနေတဲ့ အဓိပ္ပါယ်ပဲ။ ဒီတော့ကာ အချိန်လွန်မှ ပြောရ/ ကြားရမယ့်စကားတစ်ခွန်းကို မလိုလားလို့ ဇာတ်လမ်း မစခင် ကတည်းက ကြိုပြီးတော့ သာ ပြောလိုက်ချင်ပါတယ်။

“တိုင်းဧရာက သိပါတယ်….. ဦးရွှေမန်းရေ ”

ငသိုင်းချောင်းသား


Friday, October 25, 2013

ဧရာဝတီတိုင်း လယ်သမားတစ်ဦးမှ ဧရာ-ရွှေဝါကုမ္မဏီပိုင်ရှင်၏ဖခင် ဦးသူရရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာ

3 comments

အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်တုန်း ပြည်ထောင် စုလွှတ်တော်နာယက ဦးရွှေမန်းက သူ့မိသားစုစီးပွားရေးနှင့်ပတ်သက်၍ အချိန်မရွေး အစစ်ခံနိုင်တယ် ဆိုတဲ့ စကားပြောခဲ့တာကို မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလို့ ဒီစာကိုရေးလိုက်ရတာပါ။ ဦးရွှေမန်း မိသားစုရဲ့ စီးပွားရေးသောင်းကျန်းခဲ့မှုတွေကို လွှတ်တော်နာယကကြီး တကယ်မသိသေး တာလား၊ မသိချင်ဟန်ဆောင်နေတာလားဆိုတာ အရင်ဆုံးမေးချင်ပါတယ်။

လွှတ်တော်နာယကကြီးက “လူကြီးသားသမီးမို့လို့ အခွင့်အရေး ပိုမယူရဘူး။ ဒီလိုသတ်မှတ်ပြီး ဆောင်ရွက်ခိုင်းတယ်။ ဒီနေ့သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီ။ ပြောရဲတယ်။ သေချာ တယ် ကိုယ့်ကို ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ သူတို့တွေကို တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေမှာ မလျော်သြဇာသုံးပြီး တစ်ခုမှ မခံခဲ့ဖူးဘူး။” လို့ ပြောထားတာတွေ့ရပါတယ်။ ဒီစကားကို ဧရာဝတီတိုင်းမှာ လာပြီးပြောစေချင်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဦးရွှေမန်းရဲ့သား အောင်သက်မန်း ပိုင်တဲ့ ဧရာ-ရွှေဝါကုမ္ပဏီကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မိသားစုအပါအဝင်ပါ။ ခံထားရသူအားလုံးက ဘာမှမပြောကြတော့ပေမယ့် လုပ်ထားခဲ့တဲ့ သူက အခုလို အသံကောင်းဟစ်လာလို့ တုန့်ပြန်လိုက်ရတာပါ။

ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းဟာ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံရပြီး တိုင်းမှူးဘ၀က သူ့သား အောင်သက်မန်း ပိုင်ဆိုင်တဲ့ ဧရာ-ရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တစ်တိုင်းလုံးရဲ့ ဓာတ်မြေသြဇာရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။ မြေသြဇာတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်သူတွေကို မဝယ်မနေရ ဝယ်ခိုင်းပါတယ်။ ကျွန်တော်တို့ တောင်သူတွေကို မြေသြဇာကြိုပေးပြီး စပါးပေါ်တော့ မတန်တဆဈေးနဲ့ ပြန်တောင်း ပါတယ်။ တိုင်းမှူးအမိန့်ဆိုတော့ ဘယ်လယ်သမားမှ မယူဘဲ၊ မပေးဘဲ မနေရဲပါဘူး။ ဦးရွှေမန်းတို့ တိုင်းမှူးဖြစ်ချိန်က တိုင်းမှူးဆိုတာ တိုင်းတစ်တိုင်းလုံးကို မှောက်ပစ်လို့ရတဲ့ အချိန်မဟုတ်လား။                ဧရာ-ရွှေဝါကြောင့် ဧရာဝတီတိုင်းတွင်းက တောင်သူအများအပြား မြေပေါင်၊ လယ်ပေါင်နဲ့ ဒုက္ခတွေ ရောက်ခဲ့ရပါတယ်။ 

ဧရာဝတီတိုင်းသားတွေက ဘိုးစဉ်ဘောင်ဆက်လယ်လုပ်လာတဲ့ တောင်သူတွေကဘယ်ချိန်မှာ ဘယ်မြေသြဇာသုံးရမယ်ဆိုတာလည်း အားလုံးသိပါတယ်။ ဦးအောင်သက်မန်းရဲ့ ဓာတ်မြေ သြဇာတွေ ရောက်မလာခင်ကတည်းက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်နေခဲ့တာပါ။ အခုတော့ ဆန်အိုးကြီးထဲမှာနေတဲ့ သူတွေက စားစရာဆန်မရှိတဲ့အဖြစ်တောင် ရောက်တဲ့လူတွေရှိပါတယ်။ ဓာတ်မြေသြဇာကို မြေဧက ပိုင်ဆိုင်မှုပေါ်မူတည်ပြီး စိုက်စိုက် မစိုက်စိုက် မဝယ်မနေရ ဝယ်ရတာပါ။ စပါးပေါ်ချိန်တိုင်းမှူးသားကို အကြွေးပေးရတာနဲ့ တချို့တွေဆိုရင် ကလေးတွေ ကျောင်းစရိတ် မရှိတော့လို့ ကျောင်းထွက်ရပါတယ်။ လယ်သမားမိသားစုတွေက လယ်ကလွဲပြီး တခြားဘာမှ မလုပ်တတ်ကြပါဘူး။ နောက်ဆုံးစီးပွားရေးအဆင်မပြေတော့ ကလေးတွေကိုမြို့ပို့ပြီး လက်ဘက်ရည် ဆိုင်မှာ စားပွဲထိုးလုပ်ခိုင်းရပါတယ်။ တသက်လုံးမိသားစုနဲ့ လယ်ထဲမှာပျော်နေတဲ့သူတွေက တကွဲ တပြားတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားမိသားစုတွေ ကျခဲ့တဲ့ မျက်ရည်တွေ၊ ချွေးစက်တွေကိုတော့ ဘယ်သူမှမသိခဲ့ကြရပါဘူး။

ဦးရွှေမန်းမိသားစုကြောင့် ဘဝပျက်ကုန်တာ လယ်သမားတွေတင် မဟုတ်ပါဘူး။ မြေသြဇာ ရောင်းတဲ့ ဆိုင်ရှင်တွေနဲ့ ဆိုင်အလုပ်သမားတွေလည်း ပါပါတယ်။ ဘယ်သူမှ မဝယ်တော့တာကြောင့် ဆိုင်တွေအကုန် ပိတ်လိုက်ရပြီး အလုပ်သမားအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဦးရွှေမန်းတို့ မိသားစုက နေ့ချင်းညချင်း သူဌေးဖြစ်သွားချိန်မှာ ဧရာဝတီတိုင်းက လယ်သမားတွေက အကြွေးနဲ့ပိပြီး လယ်ရောင်းဆပ်ရတာကြောင့် နောက်ဆုံး လယ်မဲ့ယာမဲ့ဘဝတွေ ဖြစ်ကုန်ပါတယ်။ လယ်သမားဆိုတာ လယ်မရှိရင် ဘဝအဓိပ္ပါယ်မရှိတော့ပါဘူး၊ မျှော်လင့်ချက်မရှိတော့ပါဘူး။ ကျွန်တော်တို့ ဧရာဝတီတိုင်း သားတွေ မျှော်လင့်ချက်မဲ့အောင် စလုပ်ခဲ့တာ ဦးရွှေမန်းရဲ့ မိသားစုပါ။

နာယကကြီးရဲ့သားကြီး အောင်သက်မန်းဟာ အခုဆိုရင် ဧရာ-ရွှေဝါ ကုမ္ပဏီနာမည်နဲ့ လုပ်ငန်း ပေါင်းစုံကို လုပ်ကိုင်နေပါတယ်။ နာယကကြီးတို့မိသားစု အခုလိုကြွယ်ဝချမ်းသာသွားဖို့ ပထမဆုံး စတေးခံခဲ့ရသူတွေက ဧရာဝတီတိုင်းသားတွေပါ။ မိသားစု စီးပွားရေးနှင့် ပတ်သက်၍ ဦးရွှေမန်း အချိန်မရွေး အစစ်ခံနိုင်တယ်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ စစ်မယ်ဆိုရင် ဝေးဝေး မစစ်ပါနဲ့ ဧရာဝတီတိုင်းက လယ်သမားတွေဆီကို အရင်ဆုံးလာစစ်ပါလို့ တောင်းဆို ရေးသား လိုက်ရပါတယ်။


ဖိုးသာအောင်

Saturday, August 31, 2013

အပြောကတော့ ရွှေမန်း

2 comments

 သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယကသစ် ဦးရွှေမန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လယ်ယာမြေသိမ်းဆည်းခြင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့အတွက် အချက် (၆) ချက်ပါတဲ့ သဝဏ်လွှာတစ်ခု ပေးခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မသိနားမလည်တဲ့ တောင်သူလယ်သမားတွေ မလုပ်တတ် မကိုင်တတ်နဲ့ အရေးယူခံနေရကြောင်း၊ မြေယာများမှာ တောင်သူများကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး ဓားမဦးချ လုပ်ကိုင်ခဲ့သော်လည်း မှတ်ပုံတင်ထားခြင်းမရှိခြင်း၊ အစိုးရဝန်ထမ်းများက လျစ်လျူရှုခြင်း၊ နစ်နာသူများကို သင့်တင့်တဲ့စီရင်ဆောင်ရွက်မှု မရှိခဲ့ခြင်းတို့ကြောင့် တောင်သူများ နစ်နာနေရကြောင်း ရေးသားထားပြီး အဆိုပါ မြေယာသိမ်းဆည်းမှုများမှာ ယခင်အစိုးရ လက်ထက်က လုပ်ခဲ့တာဖြစ်ကြောင်း၊ ယခု တာဝန်ရှိသူများက ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကို ဆက်ခံရမည် ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ဘဲ မြေယာများကို ပြန်ပေးစေလိုကြောင်း၊ စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့်မည်ဟု ယူဆကြောင်း၊ တောင်သူများ အပေါ် စာနာစိတ် ထားရှိလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါ သဖြင့် သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြထားပါတယ်။
အပြောကတော့ ရွှေမန်း ဆိုတဲ့အတိုင်းပါပဲ။ သဝဏ်လွှာကို ဖတ်ရှုရသူတိုင်းက အားရဝမ်းသာ ရှိကြပါတယ်။ နာယကကြီး ဦးရွှေမန်းရဲ့ အခုလို မြေသိမ်းခံတောင်သူများ ဘဝကိုစာနာပြီး အခုလို သဝဏ်လွှာ ပေးပို့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် ဦးရွှေမန်းအနေနဲ့ ကာယကံရှင် ပြည်သူတွေဘဝကို အမှန်တကယ်ပဲ စာနာလို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန်ကို တိုက်ခိုက်ချင်လို့လား ဆိုတာကတော့ စဉ်းစားစရာပါပဲ။

မကြာသေးခင်ကမှ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်မှုတွေက ဥပဒေနဲ့ မကိုက်ညီကြောင်း လွှတ်တော်က ပြောခဲ့တာ ကြောင့် လတ်တလောမှာ ဦးသိန်းစိန် နှင့် ဦးရွှေမန်း တို့ နှစ်ယောက် ပြိုင်ဆိုင်နေကြောင်း၊ သဘောထားကွဲနေကြောင်း မီဒီယာများကလည်း ရေးသားနေကြချိန်မှာ အခုလို ထိပ်တိုက်တွေ့ဖို့ ဦးရွှေမန်း က စပြီး သဝဏ်လွှာပို့လိုက်တာတော့ သံသယ ဖြစ်စရာရှိပါတယ်။

ဒီကနေ့ မီဒီယာတွေမှာ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲနေကြကြောင်း၊ တဖြည်းဖြည်း ပြင်းထန် လာပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီ ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီ အတွင်းမှာ ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီသစ်တစ်ခုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစု တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ရာထူးကို ဦးသိန်းစိန် လက်ထဲကနေ သူရဦးရွှေမန်းက လွှဲပြောင်းရယူလိုက်ချိန်ကတည်းက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တို့အကြားမှာ စေ့စပ်ညှိနှိုင်းလို့ မရတဲ့ နိုင်ငံရေး အာဏာပြိုင်ဆိုင်မှုတွေ ရှိလာကြောင်း နေပြည်တော်မှ ပြောစကားများဟု ကိုးကားပြီး သတင်းမီဒီယာများမှာ ဖော်ပြနေကြတာ တွေ့နေရပါတယ်။ အခုလို မီဒီယာများနဲ့ လူထုက အာရုံစိုက်နေချိန်မှာ ဦးရွှေမန်းက အခုလို သဝဏ်လွှာ ပေးပို့လိုက်တာဟာ မြေသိမ်းခံ ပြည်သူများ အတွက် စေတနာ ရှိလို့ ဟုတ်ပ့ါမလားဆိုတာ စဉ်းစားစရာပါ။

လယ်ယာမြေသိမ်းဆည်းမှု ပြဿနာကလည်း နိုင်ငံအနှံ့ ကျေးရွာအများအပြားမှာသာမက ရန်ကုန်မြို့ပေါ်ထိ ဆန္ဒပြမှုတွေ ရှိနေတုန်းပါ။ ဒီပြဿနာကို အတိုက်အခံ အင်အားစုတွေကလည်း လက်ကိုင်တုတ်တစ်ခုလိုသုံးပြီး အစိုးရကို အပြစ်တင်နေချိန်၊ အခါအားလျော်စွာ ဆန္ဒပြနေကြချိန်မှာ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်က အတိုက်အခံနဲ့ ပြည်သူအချို့ဆီက နာမည်ကောင်းရဖို့အတွက်  ဒီလက်ကိုင် တုတ်နဲ့ပဲ သမ္မတကြီးဦးသိန်းစိန်ကို ဖိအားပေးရင်း  နာမည်ကောင်းယူတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိ ပါတယ်။

ယမန်နှစ်က နေပြည်တော်မှာလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မီဒီယာတွေတွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရသစ် လက်ထက်မှာ မြေယာသိမ်းဆည်းမှု လုံးဝမရှိကြောင်း ပြောခဲ့ပါတယ်။ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကလည်း “ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေသိမ်းမှု၊ ယာသိမ်းမှု Zero.. လုံးဝမရှိဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မြေယာသိမ်းဆည်းမှုများက ယခင်အစိုးရ လက်ထက်ကလို့ ရေးသားထားပါတယ်။ ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အသံကောင်းဟစ်နေတဲ့ လွှတ်တော်နာယကကြီး ဦးရွှေမန်းကရော အရင်အစိုးရလက်ထက်က ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ? မြေယာသိမ်းဆည်းမှု အစီအစဉ်တွေမှာ လုံးဝ မပါခဲ့ဘူးလား? အရင်အစိုးရလက်ထက်က မြေသိမ်းခဲ့တဲ့ ကိစ္စတွေကို လုံးဝမသိခဲ့ဘူးလား? ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်က ဆိုးမွေဟု ပြောဆိုနေသည့် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်မှ အရင်အစိုးရအဖွဲ့မှာ အဆင့် (၃) အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ဒီကိစ္စမှာ ဦးရွှေမန်းမှာရော တာဝန်ရှိမရှိ ဆိုတာ သဝဏ်လွှာထဲမှာ ထည့်ရေးသင့်ပါတယ်။ ဒီမြေသိမ်းမှု တွေမှာ အမှန်တကယ် ဦးဆောင်ခဲ့တာ ဘယ်သူလဲဆိုတာ ဦးရွှေမန်း အသိဆုံးဖြစ်မှာပါ။ တရားခံဘယ်သူလဲလို့မေးရင် ဦးရွှေမန်းပါလို့ ဖြေရမှာပါ။

တရားခံ ဦးရွှေမန်းလို့ တိုက်ရိုက်ပြောတာက စွပ်စွဲတာ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော် ကိုယ်တိုင် ဝန်ကြီးတစ်ဦး အနေနဲ့ အနီးကပ် လုပ်ကိုင်ခဲ့ရတာတွေကြောင့် အခုလို ပြောနိုင်တာပါ။ ဦးရွှေမန်း ပြောတဲ့ ယခင်အစိုးရ ဆိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကို ပြောလို့မရပါဘူး။ အသက် ၇၀ အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကလည်း တတိယအကြီးဆုံးဖြစ်တဲ့ ဦးရွှေမန်းတင်ပြခဲ့တဲ့အတိုင်းစီမံခွင့်ပေးခဲ့တာပါ။ ဒါကြောင့် အရင်အစိုးရလက်ထက်က မြေသိမ်း၊ ယာသိမ်းတွေကို အဓိက ဦးဆောင်လုပ်ခဲ့တာ ဦးရွှေမန်းပါပဲ။ အထက်က (၂) ယောက်ကိုလည်း သူပဲ မျက်နှာရအောင် အမျိုးမျိုးတင်ပြခဲ့တာပါ။ ဦးသန်းရွှေ အနားယူလျှင် တပ်ချုပ် ဖြစ်မယ် သမ္မတ ဖြစ်မယ် ဆိုပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာက ဦးရွှေမန်းပါ။ ဦးသန်းရွှေ နဲ့ ဦးမောင်အေးတို့ အနားယူဖို့ ပြင်ဆင်နေချိန်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိနေတဲ့ ဦးရွှေမန်းက ၂၀၁၁ မှာ တပ်ချုပ်ဖြစ်မလိုလို၊ သမ္မတဖြစ်မလိုလို ထင်ပြီး အထက်လူကြီး နှစ်ယောက်ကို အထူးပဲ မျက်နှာလုပ်ခဲ့ပါတယ်။  အဲဒီအချိန်က ဦးရွှေမန်းနဲ့ ဦးတင်အောင်မြင့်ဦး တို့ နှစ်ယောက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ပြီး မြေလွတ်တွေ့သမျှ အကုန်သိမ်းခိုင်းခဲ့တာပါ။ အောက်ခြေတပ်တွေက အခက်အခဲတွေ တင်ပြတာတောင် လက်မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဆိုပြီး အကုန်သိမ်းခိုင်းတာပါ။ နိုင်ငံပိုင်၊ တပ်ပိုင်တင် သိမ်းတာမဟုတ်ပါဘူး။ ဦးရွှေမန်းပိုင် ဆိုပြီးလည်း သိမ်းခဲ့တဲ့ မြေတွေ မနည်းပါဘူး။

ကိုယ်တိုင်မြေသိမ်းခဲ့ပြီး မြေပိုင်ယာပိုင် ဖြစ်နေတဲ့ သူဌေးကြီး ဦးရွှေမန်းဟာ ဒီ ပြဿနာကြီးတစ်ခုလုံးကို ဦးသိန်းစိန် အပေါ် ပုံချလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ နှစ်ယောက်လုံးရဲ့ လက်အောက်မှာ အလုပ် လုပ်ဖူးတာကြောင့် အတိုင်းအတာ တစ်ခုထိ လုပ်ဖော်ကိုင်ဖက် သံယောဇဉ်ရှိသလို  သစ္စာစောင့်သိနေတုန်း ဖြစ်ပါတယ်။ ဦးရွှေမန်း အနေနဲ့လည်း ကိုယ်လုပ်ခဲ့သမျှကို မဆိုင်တဲ့လူကို ခေါင်းတည်ပြီး အပြစ်ပုံချရတဲ့အထိ သစ္စာမမဲ့သင့်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လျှင် သော်လည်းကောင်း၊ ပြိုင်ဖက်တစ်ဦးအဖြစ် တိုက်ခိုက်လိုလျှင် အခြားနည်းလမ်းဖြင့်သာ တိုက်ခိုက်သင့်ပါတယ်။

ဦးရွှေမန်းကိုယ်တိုင်က သမ္မတ ထက်ကြီးတဲ့ ရာထူးရှိရင်တောင် လိုချင်ကြောင်း ပြည်ပ ခရီးစဉ် တစ်ခုမှ ပြော ခဲ့ပြီး နောက်ပိုင်း မှာ ဦးရွှေမန်းအနေနဲ့ တဖက်မှာ အတိုက်အခံအင်အားစုများနဲ့ လွှတ်တော်အတွင်းမှာ သိသိသာသာ လိုက်လျောမှုတွေ လုပ်နေပြီး အခြားတဖက်မှာ ဦးသိန်းစိန်ကို အမျိုးမျိုးဖိအားပေးတာတွေ၊ တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာတာ သိသာ ထင်ရှားလွန်းပါတယ်။ အခုလို  လွှတ်တော်တွင်း မျက်နှာပန်း ပွင့်ဖို့နဲ့ အတိုက်အခံ နဲ့ ပြည်သူ အချို့ရဲ့ ထောက်ခံမှု ရဖို့ မျှော်လင့်ပြီး ကိုယ့်အပြစ်ကိုသူများအပေါ် ပုံချတာ၊ လုပ်ဖော် ကိုင်ဖက်ခြင်းအပေါ် သစ္စာမဲ့ နေတာဟာ စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယကကြီး ဦးရွှေမန်းအနေနဲ့ အာဏာမက်မောမှုနှင့် နေရာမြဲဖို့အတွက် အခုလိုသူတပါးကို အပြစ်ပုံချတဲ့ လုပ်ရပ်တွေကြောင့် လူထုဆီက မဲ မရတဲ့အပြင် လူထုရဲ့ရှုံ့ချမှုကိုပဲ အနှေးနဲ့အမြန် ခံရမှာဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

(ဝန်ကြီးဟောင်း တစ်ဦး)

Thursday, June 13, 2013

အယ်ဒီတာ မှတဆင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့  ပေးစာ

0 comments
-

     လေးစားရပါသောဥက္ကဌ ကြီးခင်ဗျား-
                      ( ၁. ၆ . ၂၀၁၃ ) နေ့ တွင်ကျင်းပခဲ့သော
အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းနှင့် စပ်လျင်းသည့်
ညှိနှိုင်းဆွေနွေးပွဲနှင့် ပတ်သက်၍တင်ပြလိုက်ပါသည်။
                                     ရှေးဦးစွာ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းန
ှင့်ပတ်သက်တင်ပြလိုပါသည်။
မြန်မာနိုင်ငံသားအင်ဂျင်နီယာများသည် မြန်မာနိုင်ငံအစိုးရ
ဖွင့်လှစ်သင်ကြားပေးသော အင်ဂျင်နီယာကျောင်းများမှ
ပေါက်ဖွားလာသူများဖြစ်ပါသည်။  အထူးတလည် ထိုအသင်းသို့ ဝင်စရာမလိုပါ။
(  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် ပြည်ပနိုင်ငံ တစ်ခုခု
တွင်သာရှိသင့်သည့် အဖွဲ့ အစည်းဖြစ်ပါသည်။)စတင်ဖွဲ့ စည်းစဉ်ကလည်း
 အင်ဂျင်နီယာ များ၏ လူမှုရေး၊သာရေး၊နာရေးများ
အခွင့်အရေးများအတွက်ရည်ရွယ်၍  ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါသည်။

(အင်ဂျင်နီယာလုပ်ငန်းများနှင့်ပတ်သက်၍လက်ရှိစည်ပင်သာယာဥပဒေများသည်လုံလောက်မှုရှိပါသည်။ကောင်စီဖွဲ
့၍ဥပဒေများထပ်မံထုတ်ပြန်ရန်
မလိုပါ။)နိုင်ငံသားပိုင်ဖြစ်စေ၊နိုင်ငံခြားသားပိုင်ဖြစ်စေ မည်သည့်ကုမ္မဏီ
အဖွဲ့ အစည်းတွင်မဆို အင်ဂျင်နီယာများသည် မိမိ၏ထမင်းအိုးနေရာ
တည်မြဲရေးအတွက် အစဉ်ကြိုးစား နေကြရပါသည်။ အရည်အသွေး၊ကိုယ်ကျင့်တရားနှင့်
ကြိုးစားမှုတို့ အရ အထက် နှင့် အောက် ဟူသည့်
သတ်မှတ်ချက်သည် အမြဲရှိနေမည်ဖြစ်ပါသည်။ အမျာနည်းတူ
မလေ့လာ၊မကြိုးစား၊ကိုယ်ကျင့်တရားညံ့ဖျင်းလျှင် မည်သည့်ဘွဲ့ ပင်ရပါစေ၊
အများတကာထက် နောက်ကျကျန်ရစ်မည်ဖြစ်ပါသည်။
               ဥပမာအားဖြင့် D.S.A ဗိုလ်သင်တန်းတွင် သင်ကြားခဲ့ရသော
ပညာများသည်အတူတူပင်ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည်၊ကိုယ်ကျင့်တရား
နှင့် ကြိုးစားမှု တို့ အရ ကွာခြားသွားခဲ့ကြရပါသည်။အဆင့်ဆင့်တွင်
ရာထူးမတက်ပဲကျန်ရစ်သူများ၊ အငြိမ်းစားပေးခံရသူများ၊အရပ်ဘက်သို့ ပြောင်း
ရွှေ့ ခံရသူများ၊ထုတ်ပယ်ခံရသူများ၊အရေးယူခံရသူများ စသည်ဖြင့် အမျိုးမျိုး
ရှိခဲ့ပါသည်။ ရာထူးအဆင့်တိုးမြှင့်ကာလ တစ်နှစ် အတွင်းတွင်လည်း
မိမိကိုယ်မိမိ မထိမ်းသိမ်းနိုင်မှု၊အခက်အခဲများ မဖြေရှင်းနိုင်မှု တို
့ကြောင့် ရာထူးအဆင့်မတက်ခဲ့သူများလည်းရှိပါသည်။ ကြိုးစားမှု
၊ကိုယ်ရည်ကိုယ်
သွေးမြင့်မားမှု၊အထက်လူကြီး၏ ယုံကြည်ကိုးစား ခံရမှုတို့ ကြောင့်
အခြားအဆင့်မှ အရာရှိဖြစ်ခဲ့ကြသူများလည်းများစွာရှိခဲ့ကြပါသည်။
တပ်မမှူးတိုင်း
၊တိုင်းမှူးမဖြစ်နိုင်ပါ။ခေါင်းဆောင်ကောင်း၏ သင်ပြမှု နှင့်
နောက်လိုက်ကောင်း၏အရည်အသွေးသည်သာ  အဓိကဖြစ်ပါသည်။ )
              ယခု မြန်မာနိုင်ငံတွင် အင်ဂျင်နီယာသင်တန်း
များစွာရှိပါသည်။ THS ,ETEC,EGTI,AGTI,B-Tech,BE.ME  စသည်အပြင်ဌာနတွင်း
သင်တန်း များစွာရှိပါသည်။မည်သည့်ဘွဲ့ ပင်ရရှိပါစေ၊
လုပ်ငန်းရှင်သည်သူအသုံးတည့်မည့်သူကိုသာ ခေါ်ယူသုံးစွဲမည်ဖြစ်ပါသည်။
              {  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် မိမိနိုင်ငံသားများ
အခြားသူများ၏လက်အောက်တွင် တာဝန်ထမ်းဆောင်လုပ်ကိုင်ကြရမည်
ဟူသော အကြောင်းပြချက်ဖြင့် ပြည်ပရင်းနှီးမြှုတ်နှံသူများထံမှ
ထမင်းရှာဖွေစားသောက်ခွင့်ကို BE ဘွဲ့ ရများသာ လုပ်ကိုင်စားသောက်ခွင့်ရရန်
စီမံကိန်းချ၍ ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်ပါသည်။ BE
ကျောင်းဆင်းတိုင်းအတွက်လည်းမဟုတ်ပါ။
ထို့ အပြင် နိုင်ငံတော် အုပ်ချုပ်သူလူကြီးများထံ ယုံကြည်လောက်အောင် အမျိုးမျိုး
တင်ပြ၍ အကာအကွယ်ယူကာ စည်းကမ်းဥပဒေများ ထုတ်ပါလိမ့်မည်။
မည်သည့်အစိုးရပင်တက်ပါစေ၊ တက်လာသည့်အစိုးရ၏ကျားကန်အဖွဲ့ 
အစည်းတစ်ခုဖြစ်လာစေရန် အကြောင်းပြ၍  သူတို့ ၏လုပ်ပိုင်ခွင့်
အကျိုးစီးပွားအတွက် ထိုအစိုးရကို အသုံးချပါလိမ့်မည်။သူတို့ ၏
ခွင့်ပြုချက်
ရမှသာ အလုပ်လုပ် ခွင့်ရှိသော Proffessional Engineer
ဟူသောလုပ်ကိုင်စားသောက်ခွင့်ကို ချုပ်ကိုင်ပါလိမ့်မည်။နိုင်ငံတော်မှ
ထုတ်ပေးထား
သော ထမင်းစားခွင့်အောင်လက်မှတ်ကို ထပ်မံချုပ်ကိုင်မည့် အဖွဲ့ အစည်းအား
မြန်မာနိုင်ငံသားအင်ဂျင်နီယာ များအားလုံး (လုံးဝ) မလိုလားပါ။
သူတစ်ပါး၏ ထမင်းရှာဖွေ စားသောက်ခွင့်သည် ချုပ်ကိုင်ကောင်းသော အရာမဟုတ်ပါ။ }
               ဘ၀ပေးအခြေအနေ အရ ပညာရေးအား ရောက်ရှိသည့်နေရာတွင်ရပ်တန်
့ကာ ၀မ်းစာရှာဖွေရင်း ထိုပညာကို ဆက်လက်လေ့လာ
ဆည်းပူးနေသူ များစွာရှိပါသည်။( ပြည်ပကုမ္မဏီများသည် ဘွဲ
့လက်မှတ်ကိုအဓိကမထားပဲ ထိုသူ၏လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊ကြိုး
စားမှု တို့ ကိုသာကြည့်ရှု ကြပါသည်။ BE ,ME ဟူ၍ ဦးစားမပေးပါ။
ကျွန်တော်တင်ပြသည်ကို ချက်ချင်းမယုံပဲ EU ,အမေရိက နှင့် စင်္ကာပူ၊
ဂျပန်တို့ ရှိ သံရုံးများကိုစုံစမ်းခိုင်းကြည့်ပါ။)
                မြန်မာနိုင်ငံသားအင်ဂျင်နီယာများကို မြှင့်တင်လိုလျှင်
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို ဦးစွာ
စီစစ်မြှင့်တင်ပေးပြီး ၊နိုင်ငံသားများအတွက် လုံလောက်သော ကာကွယ်မှု
ဥပဒေထုတ်ပေးရန်သာရှိပါသည်။ ( နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်သင်
ကြားပေးသော ကျောင်းများမှအောင်မြင်ပြီး ထမင်းရှာဖွေစားသောက်သူများသည်
Proffessional Engineer  များဖြစ်ကြပါသည်။ ထိုသူများ
သည်လည်း  အရည်အသွေးအရ ထိုက်သင့်သည့် နေရာများတွင်သာ လုပ်ကိုင်နေကြရသူများ
ဖြစ်ကြပါသည်။ လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊
ကြိုးစားမှု တို့ အရ  အထက် နှင့်အောက် ဆိုသည့်သတ်မှတ်ချက်မှာ
မည်သည့်နိုင်ငံသားနှင့်မဆို နေရာတိုင်းတွင်ရှိပါသည်။ အင်ဂျင်နီယာ
လုပ်ငန်း
တွင် မနိုင်သည့်ဝန်ကိုထမ်း၍ လည်း လိမ်ညာထမင်းရှာစား၍မရပါ။ ထိုသူများကို
ဥပဒေထုတ်၍  ချုပ်ကိုင်ကန့် သတ်စရာ အကြောင်းလုံးဝမရှိပါ။)
               တင်ပြလိုသည်မှာ အစိုးရအဆက်ဆက်၏ သမိုင်းသည်
ကောင်းချင်မှကောင်းပါလိမ့်မည်။ လေ့လာကြည့်လျှင် အစိုးရတွင် အပြစ်
မရှိပါ။ (အစိုးရသည် မိဘဖြစ်၍ နိုင်ငံသားများသည် သားသမီးဖြစ်သည်။
မည်သည့်မိဘကမျှ မိမိ၏အိုးအိမ်၊သားသမီးများကို ပျက်စီးအောင်မလုပ်
ကြပါ။အစိုးရအဖွဲ့ ဝင်များ၏ လုပ်ပိုင်ခွင့်ကိုအကာအကွယ်ယူ၍
လူတစ်ဦးတစ်ယောက်၊အဖွဲ့ အစည်းတစ်ခု၏ လုပ်ပိုင်ခွင့် ၊အကျိုးစီးပွားအတွက်
 အစိုးရကို မလိမ့်တပတ် အသုံးချခဲ့သူများတွင်သာ အပြစ်ရှိပါသည်
။ဥပမာအားဖြင့်- ပြည်သူလူထုအပေါ် မသမာသောနည်းလမ်းဖြင့် ငွေကြေး
အမြတ်ထုတ်သောဝန်ထမ်းများ၊လူကြီးများအတွက်ဟုအကြောင်းပြပြီး ကုမ္မဏီ
များအပေါ် ငွေကြေးရာခိုင်နှုန်းကောက်ခံပြီး၊မလိုသောကုမ္မဏီ
များအား နှိပ်ကွပ်သောအရာရှိ များအား ယနေ့ အထိမြင်တွေ့ နေရသော်လည်း
၊ထိုကိစ္စများကြောင့် ဘာမျှပင်မသိလိုက်ရသော ၀န်ကြီးအချို့ မှာ
တာဝန်ယူနှုတ်ထွက်ခဲ့ရပြီးဖြစ်သည်။)ယခုလည်းထိုပုံစံကို
အစပြုနေပြီဖြစ်ပါသည်။ ဥပဒေတစ်ရပ်ကို စေတနာအမှားဖြင့် မထုတ်ပြန်စေလိုပါ။
ထွက်ပြီးသားဆင်စွယ်သည် ပြန်ဝင်ရန် ခဲယဉ်းပါသည်။စေတနာအမှား ဆိုသော်လည်း
ပြန်ပြင်ရန် သိက္ခာများပေးဆပ်ရပါမည်။ နောင်တစ်ချိန်
တွင် ထိုဥပဒေပြဌာန်းခွင့်ပြုသူသည် တရားခံဖြစ်ပါလိမ့်မည်။
လူတန်းစားတစ်မျိုး၏ အကျိုးစီးပွား၊လုပ်ပိုင်ခွင့် အတွက် အခြားသူများ၏
ရိုးသား
ပြီး အ,ကုသိုလ်ကင်းသော ထမင်းရှာဖွေစားသောက်ခွင့်ကို ပိတ်ပင်လျှင်
တူသောအကျိုးပေးပါလိမ့်မည်။ ထိုကိစ္စအတွက်အစစ အရာရာ စီစဉ်
ပြီးဖြစ်နေပါကလည်း ပြန်လည်ပယ်ဖျက်ပေးရန်အနူးအညွတ် မေတ္တာရပ်ခံပါသည်။
                ( ထမင်းရှာဖွေစားသောက်ခွင့်ကို ချုပ်ကိုင်သော
ဥပဒေပြဌာန်းခြင်းသည်    မြန်မာနိုင်ငံသားအင်ဂျင်နီယာများအား
မြှင့်တင်ခြင်း
မဟုတ်ပါ။  မြန်မာနိုင်ငံသားအင်ဂျင်နီယာများအားအမှန်တကယ်မြှင့်တင်လိုပါက
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို
ခန့် ထားခြင်း၊မွမ်းမံသင်တန်းပေးခြင်း၊ပြည်ပသို့  ပညာတော်သင်စေလွှတ်ခြင်း
နှင့်  မြန်မာနိုင်ငံသားအင်ဂျင်နီယာများအား လုံလောက်သောကာကွယ်
မှုရရှိစေရန် ရင်နှီးမြှုတ်နှံသူများအား
သင့်တော်သည့်ဥပဒေထုတ်ပြန်ခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ကြောင်း
ထပ်မံတင်ပြပါသည်။ )
                အင်ဂျင်နီယာကောင်စီဥပဒေကြမ်းနှင့်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို အသုံးချကာ လုပ်ပိုင်ခွင့်ချဲ
့ထွင်မည့်သူများကို တားဆီးခြင်း
ဖြင့် အစပြု၍ အစိုးရအဖွဲ့ ဝင်များ၏သားသမီးများသည် မိမိ၏ဖခင်အမည်ကို
လူအများကြားတွင် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုရဲပြီး ဂုဏ်ယူနိုင်သော
အဖြစ်သို့ ရောက်ရှိနိုင်ပါစေရန် ဆုတောင်းပေးပါသည်။
                မြန်မာနိုင်ငံတွင် ထိုကိစ္စထက်ပိုမိုအရေးကြီးသော
ကိစ္စများစွာရှိပါလိမ့်မည်။

       အစိုးရအဖွဲ့ အား(ကွယ်ရာတွင်လှောင်ရီရီ၍
)အသုံးချခြင်း၊ကင်းရှင်းကြပါစေ။