Showing posts with label ဦးအောင်သောင်း. Show all posts
Showing posts with label ဦးအောင်သောင်း. Show all posts

Tuesday, July 7, 2015

အာဏာရူးတဲ့ ကြံ့ဖွတ်အတွင်းရေးမှူး ငအောင်သောင်း

0 comments

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ စက်မှုကဏ္ဍဟာ အတိုးတက် အမြင့်မားဆုံး ခေတ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေကတော့ စက်စွမ်းအား (၇ဝ) ရာခိုင်နှုန်းအထိ ကျဆင်းနေလို့ (၁၁၅) ရာခိုင်နှုန်း ကုန်ထုတ်လုပ်မှု ကို မရနိုင်မှန်း သိလျက်နဲ့ ဝန်ကြီးက မျက်စိမှိတ်ပြီး ထုတ်လုပ် သည့် ကုန်ပစ္စည်းတန်ဖိုးအား အရေအတွက် တိုးတက်မှုဖြင့် ပြရမယ့်အစား ပစ္စည်းဈေးနှုန်းကို အဆမတန်မြှင့်ပြီး ကိန်းဂဏန်း စာရင်းဇယားတွေကို လိမ်လည်ပြသခိုင်း နေတာတွေကြောင့် မြန်မာပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ် တိုးတက်မှု အမှန်မရှိတာ တွေ့ရပါတယ်။
စက်မှု (၁) နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ကျော်သာ၊ ရတနာသိင်္ဂီ၊ လွယ်ဟိန်း၊ ရွှေသံလွင်၊ မားသား ထရေးဒင်းစတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်အား သီးခြား မရရှိနိုင်လို့ စက်မှု (၁) ဝန်ကြီးနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုး စီးပွား ရှာကြပါတယ်။ စက်မှု (၁) ကို အကြောင်းပြကာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းနေကြပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေး မြင့် ကုန်ကြမ်းပစ္စည်းကို ရောင်းစားပြီး ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ ကုန်ကြမ်းပစ္စည်းတွေကို အစားထိုးသုံးခြင်းနဲ့ ရောနှောသုံးခြင်းတွေ ပြုလုပ်ကြပါတယ်။
အဲဒီလို ၀န်ကြီးနဲ့ သူ့တပည့် ၀န်ထမ်းတွေဟာ ကုန်သည်များနဲ့ ပေါင်းပြီး မသမာမှုလုပ်နေတာတွေကြောင့် စက်မှု (၁) ကထုတ်နေတဲ့ ကုန် ပစ္စည်းတွေရဲ့  အရည်အသွေးတွေဟာ ညံ့ဖျင်း ကျဆင်းနေကာ အရှုံးပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မသမာမှုတွေအမျိုး မျိုးနဲ့ အစွမ်းကုန် ကိုယ်ကျိုးစီးပွားရှာတဲ့ စက်ရုံမှူး အများစုကြောင့် စက်ရုံတွေဟာ အရှုံးပေါ်ပြီး နာလန်မထူနိုင်အောင် ဖြစ်နေရပါ တယ်။
“င” လေးလုံးကိုရှောင်ဆိုတဲ့ ဗိုလ်သန်းရွှေရဲ့  ဆောင်ပုဒ်ကို လိုက်နာရမယ့်အစား “င” လေးလုံးကို ဆောင်ပြီးတော့ ငါ့အတွက်၊ ငါ့မိန်းမ အတွက် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက် မရှက်မကြောက် ပေါ်ပေါ်ထင်ထင် အစွမ်းကုန် လုပ်ဆောင်နေတဲ့ ဦးအောင်သောင်းလို အာဏာရူးအား ဗိုလ်သန်းရွှေက ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးစရာရှိနေပါတယ်။
သူ့ရဲ့ အမျိုးကောင်းစားရေးမူဝါဒနဲ့ တကယ့်ပညာရှင်တွေကို လုပ်ပိုင်ခွင့်မပေးဘဲ ဘေးဖယ် ချောင်ထိုးထားတဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေ ကြောင့်လည်း စက်မူ (၁) ရဲ့  လုပ်ငန်းတွေဟာ အခုလို ဆုံးရှုံးရတာလို့လည်း ၀န်ထမ်းတွေက ထင်မြင်ချက် ပေးပြန်ပါတယ်။ ဦးအောင်သောင်းအနေနဲ့ အရှက်ရှိတယ်ဆိုရင် သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ဖို့ သင့်ပေမယ့် နောင်လာမယ့် အစိုးရအဖွဲ့ထဲမှာ ဆက် လက် ခြယ်လှယ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတဲ့အထိ အာဏာကို မတန်မရာ ယစ်မူးနေဆဲ ဖြစ်နေပါတယ်။
စက်မှု (၁) လက်အောက်ခံ သာပေါင်းစက္ကူစက်ရုံကြီးဟာ ကြီးမားတဲ့စက်ရုံကြီးဖြစ်ပြီး ကြိတ်ဝါးမှု စွမ်းအား မြင့်မားလို့ နွေရာသီမှာ နေ့ စဉ်ဝါး တွေကို ကားအစီးပေါင်း (၆ဝ) မှ (၁ဝဝ) အထိ သယ်ယူဖို့ လိုအပ်ပေမယ့် ကားများနဲ့ စက်သုံးဆီများ မရှိဘဲ အခက်အခဲ ကြုံတွေ့ နေကြောင်း သိရပါတယ်။ မူလကတည်းက ကုန်ကြမ်းသယ် ဖို့ ဘတ်ဂျတ်မှာ ထည့်မဆွဲတာလား၊ ထည့်ဆွဲလျက်သားနဲ့ ငွေတွေ ပျောက် သွားတာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်၊၊
အဲဒီစီမံကိန်းမှာ ပူးပေါင်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီကို ဝန်ကြီးက လာဘ်လာဘအဖြစ် နအဖဥက္ကဋ္ဌကို ဖားရန် ရဟတ်ယာဉ်တစင်း၊ သူ့အ တွက် တစင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ ပညာရေးအတွက်ကိုတော့ စက်မှု (၁) ကထုတ်တဲ့ ခပ်ညံ့ညံ့ ဗလာစာအုပ်တွေကိုတောင် အလုံအလောက် ထုတ်မပေး နိုင်တာ ပြည်သူတွေ အားလုံးသိကြပါတယ်။ သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ ၎င်းရဲ့သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာအကွယ်ယူခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နှိပ်ကွပ်မဲ့ အန္တရာယ်ကို စိုးရိမ်ပြီး စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင်နဲ့အထည်စက်ရုံမှူးအား အထူး တာဝန်ပေးကာ ဗိုလ်သန်းရွှေမိသားစုရဲ့ မီးဖိုချောင်ကိစ္စကို တာဝန်ယူ လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးအိမ်တော်ကြီးဟာ ဦးအောင် သောင်း ချက်ပြုတ်စီမံမှ စားရတဲ့ဘဝ ရောက်ရှိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချရာမှာလည်းကောင်း၊ သူ့ရဲ့  ဆရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည်ကို ဖြုတ်ချရာမှာလည်းကောင်း၊ ဒီပဲယင်း အရေးအခင်းဖြစ်အောင် အကောင်အထည်ဖော်ရာမှာ လည်းကောင်း၊ ဦးအောင် သောင်းဟာ အဓိက အခန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဂျုံလုပ်ငန်း စက်ရုံမှူးဟာ ဆီချေးစော် နံနေတဲ့ စက်ရုံထုတ်ခေါက်ဆွဲတွေနဲ့ မုန့်တွေရောင်း မ ကောင်းလို့ အရှုံးပေါ်မှာ စိုးရိမ်ပြီး ဂျုံကုန်ကြမ်းတွေကို နှစ်စကတည်းက ဝယ်ယူထားကာ ထုတ်လုပ်မှုနည်းစဉ်အတိုင်း ကုန်ချောကို မ ထုတ်လုပ်တော့ဘဲ ကုန်ကြမ်းကိုသာ နှစ်ကုန်မှာ ဈေးတက်လို့ အမြတ်ရရှိဖို့ ရောင်းစားခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှု ဖြစ်ပြီး ဝန်ကြီးအနေနဲ့ ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီများနဲ့ လာဘ်စားထားတာပေါ်မှာ စိုးရိမ်ကာ စက်ရုံမှူးကို ပင်စင်တောင်မပေးဘဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်သောင်းရ့ စီးပွားရေးသောင်းကျန်းမှုဟာ သူတဦးတည်းမဟုတ်ဘဲ သူ့ရဲ့သား ကိုနေအောင် ဦးစီးတဲ့ အောင်ရီဖြိုး ကုမ္ပဏီ ဟာလည်း ပြဿနာဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။သူ့ရဲ့ ဖခင် အရှိန်အဝါကို သုံးပြီး Export/ Import ဆန်တွေကို လုပ်ကိုင် နေစဉ် မသမာမှု ရှိနေကြောင်း သတင်းရလို့ အထူးရဲက ဖမ်းဆီးစစ်ဆေး ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ ထိပ်တိုက်တွေ့ကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းလိုက်ရ ကြောင်း သိရှိရပါတယ်။
ဝန်ကြီးဦးအောင်သောင်းဟာ ရန်ကုန်မြို့ ရန်ကင်းမှာရှိတဲ့ ကျောင်းကြီးကျောင်းတိုက်မှာ ကျောင်းဒကာအဖြစ် ဆည်းကပ်ကိုးကွယ်နေပြီး စက်မှု (၁) ရဲ့ အလှူပွဲတွေကို အဲဒီ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းရာမှာ ဦးအောင်သောင်းဟာ အဓိကပါဝင် လှုပ်ရှားခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ကိုအေးလွင် ဦးစီးတဲ့ (၈၈) မျိုး ဆက်စင်ပြိုင်ကျောင်းသားအဖွဲ့၊ ဒေါက်တာစိုးလင်း၊ ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်းတို့ ပါဝင်တဲ့ စင်ပြိုင် အန်အယ် လ် ဒီအဖွဲ့၊ စင်ပြိုင်အမျိုးသားရေးအဖွဲ့ စတာတွေကို စုစည်းစေကာ ဖျက်မြင်းအသွင် အတိုက်အခံများအား တန်ပြန်တဲ့ အစီအမံများအား ကြပ်မတ် ဆောင်ရွက်ခဲ့တာဟာ ဦးအောင်သောင်းရဲ့ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။
ဒါ့အပြင် ဦးအောင်သောင်းဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာလည်း ရဟန်းသံဃာတွေရဲ့  ကြီးမားတဲ့စွမ်းအားကြောင့် ကြံ့ဖွံ့ တွေ မနိုင်မနင်းဖြစ်နေလို့  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု (၁) ဝန်ကြီးရုံးအဟောင်းမှာ စက်မှု (၁) ရွှေတောင် စက်ရုံ ၀န်ထမ်း များအား အမာခံထားကာ ဝန်ထမ်းတွေကို အသင့်ပြင်၊ စုဖွဲ့နေခိုင်းပြီး လိုအပ်လာရင် ကြ့ဖွံ့တွေနဲ့ ရောနှောကာ စွမ်းအားရှင် အမည် ခံ၍ ချေမှုန်းနိုင်ရေး စီစဉ်ခဲ့သူဖြစ်ပါတယ်။
ဦးအောင်သောင်းဟာ ကြံ့ဖွံ့အတွင်းရေးမှူးပီပီ နောင်ပေါ်လာမယ့် အစိုးရအဖွဲ့အသစ်မှာ နေရာရရှိဖို့အတွက် မီးကုန်ယမ်းကုန် အစွမ်းပြကာ သောင်းကျန်းနေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရရှိနေ တဲ့အပေါ်မှာလည်း မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပအားကိုးသူအဖြစ် စွပ်စွဲကာ နောင်ဖွဲ့မယ့် အစိုးရအသစ်မှာ မထိုက်တန်ကြောင်း ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တွေကို အစည်းအဝေးတိုင်းမှာ မကြာခဏ တိုက်ခိုက် ပြောကြားနေတယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးအောင်သောင်းဟာ ဘုရားသားရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာတော့ အကြပ်ရိုက်ခဲ့ပါတယ်။ မန္တလေးနဲ့ကျောက်ပန်းတောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အပြေးအလွှား သွားရောက်ပြီး ဆွမ်းကပ်လှူခဲ့၊ စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မရှုမလှ ဆုတ်ခွာခဲ့ရပါတယ်။ ပြည်သူလူထုဟာ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များကို အင်တာနက်တွင် နာမည် နှင့်တကွ ချေမှုန်းဖို့ ဖော်ပြခဲ့သလို ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်တဲ့ ငပွကြီး မောင်အောင်သောင်း အကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်

စက်မှူ (၁) ဝန်ကြီး ဦးအောင်သောင်းဆိုတာ တစ်ချိန်က ကကလှမ်းရဲ့ အဆင့်မြင့် သတင်းပေး ပါဘဲ။

0 comments

နအဖ ဗျူရိုကရက် စစ်ပဒေသရာဇ် အုပ်စုအတွင်း မကောင်းသတင်းများဖြင့် နာမည်ကျော်ကြား လူကြောက်များနေသော ဝန်ကြီးတဦးဖြစ်သူ အမှတ်(၁) စက်မှူဝန်ကြီး ဦးအောင်သောင်း သည် တပ်မတော်တွင် ဗျူဟာမှူး (ဗိုလ်မှူးကြီး) အဆင့်မှ မကွေးတိုင်းငြိမ်ဝပ်ပိပြားမှူတည်ဆောက်ရေးအဖွဲ့  ဥက္ကဌ တာဝန်ပူးတွဲ ထမ်းဆောင်ရင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှူဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ရင်း ဘောင်းဘီချွတ်၊ တိုက်ပုံ ဝတ်ဘဝ ရောက်ခဲ့သူ ဖြစ်သည်။
၎င်းအနေဖြင့် အရပ်ဘက်ဌာနဆိုင်ရာတွင် ညွှန်ကြားရေးမှူးချုပ်ဘဝဖြင့် ဂိတ်ဆုံးတော့မည့်အရေးကို မြင်လာသည့်အတွက် ဘက်ပြောင်းလှုပ်ရှားမှုများစတင်ရာတွင် ထိုစဉ်က တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ၏ အဆင့်မြင့်သတင်းပေးအဖြစ် မရှက်မကြောက် လုပ်စားခဲ့ခြင်းပင် ဖြစ်သည်။ ဖြစ်စဉ်မှာ ထိုစဉ်က စစ်အုပ်စုအတွင်း အရိုးရင့် အမွေးရှည် အာဏာသိမ်းခေါင်းဆောင် တစ်ဦးဖြစ်သူ ယခင် အနောက်မြောက်တိုင်း/အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်သည် ကကလှမ်း ညွှန်မှူး(အတွင်းရေးမှူး-၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  နှင့် အဆင်ပြေသူမဟုတ်ပေ။
ထိုအချက်ကိုသိထားသော ဦးအောင်သောင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ နားသို့  ပေါက်နိုင်သည့် လမ်းကြောင်းမှတဆင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ အတွင်းရေး များ၊ ဝန်ကြီးဌာနအတွင်းမှ ချွတ်ယွင်းချက် အားနည်းချက်များကို ကြမ်းခင်းဈေးပေါပေါဖြင့် ချကြွေးကာ တာဝန်သိ ပြည်သူ့  ဝန်ထမ်းကောင်းကြီး လုပ်ခဲ့သူ ဖြစ်သည်။ ဦးအောင်သောင်း ပေးပို့ လာသော အတွင်းသတင်းများအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အတွင်းမှ မသမာမှူများ၊ အကျင့် ပျက်မှူများ အားလုံးကို ကကလှမ်း က ဖိုင်ဖွင့် နိုင်ခဲ့တော့သည်။
ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ရန်ပုံငွေရှာ ဦးဆောင်ထူထောင်ခဲ့သည့် ဂရုဏာဖောင်ဒေးရှင်းသည် ကျန်းမာရေးဝန်ကြီးဌာနကို မြောင်းထဲရောက်အောင် ပို့ နိုင်ခဲ့သည်သာမက ပြည်သူလူထုအတွင်း၌လည်း စည်းရုံးရေးအရ အထူးအောင်မြင်ခဲ့ရာ အမျိုးသားကျန်းမာရေးကော်မတီဥက္ကဌ တာဝန်ကိုပါ ပူးတွဲယူထားသော အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကို ပွဲသိမ်းရိုက်ချနိုင်မည့် ဒုတ် ရလာသည်နှင့် ကကလှမ်းရှိ ဖိုင်များကို တပ်ချုပ်ကြီးထံ တင်ပေးလိုက်တော့သည်။ ထိုအခြေအနေကို မသိသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကမူ ဂရုဏာဖောင်ဒေးရှင်းအကြောင်း အမွှန်းတင်ရိုက်ကူးနေသည့် ရုပ်ရှင်ဇာတ်ကားကြီး၏ မြန်မာပြည်အနှံ့  ရိုက်ကွင်းများတွင် ဒါရိုက်တာ ဇင်ယော်မောင်မောင် ဦးဆောင်သော ရုပ်ရှင်မင်းသားမင်းသမီး တစ်အုပ်တစ်မနှင့်အတူ ပျော်သလားဟေ့မောင်တို့ ရေ . ပျော်တယ်ဟေ့  ...ပျော်တယ်ဟေ့ ...လုပ်ကောင်းဆဲ။
ခမျာ ကြာကြာမပျော်လိုက်ရ။ အမျိုးသားထောက်လှမ်းရေးအဖွဲ့  ၏ ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးနှင့် ထိပ်တိုက်တွေ့ လေပြီ။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ လက်ရင်းတပည့်များဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်မှူးတင်ဖေ၊ ဗိုလ်မှူးမိုးကျော်၊ ဗိုလ်ကြီးကျော်ကျော်ဦး၊ ဗိုလ်ကြီးအောင်မင်းနိုင်၊ ဗိုလ်ကြီးသန်းဌေးအောင် နှင့် ဒုဗိုလ်မှူးကြီး ကျော်မြင့် တို့ ကို အမျိုးသားထောက်လှမ်းရေးအဖွဲ့  ပူးပေါင်းအဖွဲ့ များက စတင်ဖမ်းဆီးစစ်ဆေးတော့သည်။ ထိုအခြေအနေကို သိသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ထိုစဉ်က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် (၄င်းလက်အောက်တွင် ဗျူဟာမှူး၊ ဒုတိုင်းမှူးလုပ်ခဲ့ဖူးသူ) အား ဖုန်းဖြင့်ဆက်သွယ်ကာ ဖမ်းဆီးစစ်ဆေးခြင်းများ ရပ်ဆိုင်းရန် အမိန့် ပေးခဲ့သော်လည်း အရာမရောက်တော့ပေ။ ဗိုလ်မှူးကြီးတင်လှိုင်က ကကလှမ်း အမိန့် အရ လုပ်ရခြင်းဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့မှု အပေါ် မခံမရပ်နိုင်ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ၄င်းနှင့်စစ်တက္ကသိုလ် အပါတ်စဉ် (၁) ကျောင်းဆင်းဘက် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးမောင်အေး အား အားကိုယ်းရှာခဲ့သေးသော်လည်း ဆရာအေးက နာအတိဖူး နှာမှူးနေဒယ် ဇာတ်လမ်း ရိုက်ပြလိုက်သည်။
ဤသို့ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် တယောက် ကကလှမ်း၏ ကံစမ်းမဲပေါက်ကာ နဝတ ပေါ်လစ်ဗျူရို အဖွဲ့ မှ အရှင်ထွက် ထွက်သွားခဲ့ရ သည်။ သက်သေများထံမှ စစ်ကြောချက်များအရ မူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် တွင် ဦးအောင်သောင်းသတင်းပေးခဲ့သလို ငွေကြေးမသမာမှူနှင့် ဘာညာမြှာကိစ္စများ လုံးဝညိစွန်းမှူ မတွေ့ ခဲ့ရပေ။ မဆီမဆိုင် ကြားညှပ်သွားခဲ့သူက ပူပူနွေးနွေး ဒုဝန်ကြီးဖြစ်လာသူ ဗိုလ်မှူးကြီးကျော်ရွှေပင် ဖြစ်သည်။ အမြတ်တကယ် ထွက်သွားသူများက အခြားမဟုတ်၊ ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) မှ အမှူကိုင် တရားလို ဦးစီးအရာရှိများပင် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ တပည့်များဖြစ်သော အထက်တွင်ဖေါ်ပြခဲ့ပြီးသူ အရာရှိများက အမှုသေးအောင် ကြောက်ကြေးအဖြစ် လိုင်းကြေးပေးလိုက်ရသည်မှာ နဲနဲနောနော ငွေများမဟုတ်။
ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးအပြီး လူဝတ်ကြောင်ဘဝရောက်သွားသော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ၄င်းအရေခွံချွတ်ခံလိုက်ရသည့် ပွဲသည် ဦးအောင်သောင်းစနက်မှန်း သိလာပြီးနောက် မှတ်ချက်ချ ပြောသောစကားက မှတ်သားစရာပင်။ အောင်သောင်းရှောင် အိုအောင်မဆင်းရဲ ဟူ၏။
မည်သို့ ဆိုစေ ဦးအောင်သောင်းကမူ ပန်းပန်ခလျက် ရှိနေဆဲပင်။ လူမိုက်သေခဲ ကျောင်းအိုပြိုခဲ စကားအရ ၂၀၁၀ ရွေးကောက်ပွဲအထိ ဦးအောင်သောင်း သက်ဆိုးရှည်ခဲ့ပါလျင် မြန်မာ့နိုင်ငံရေးစဉ်မြင့်တွင် ၄င်းကို မည်သို့ သော မျက်နှာဖုန်းစွပ်မျိုးဖြင့် တွေ့ ရပေလိမ့်ဦးမည် ဆိုခြင်းမှာ နိုင်ငံတော်အတွက် ကောင်းသော အလားအလာ မဟုတ်ပေ။
ယခုသော်ကား ဦးအောင်သောင်းဝဋ္ဋ် စလည်နေပေပြီ။ ၄င်း၏မကောင်းသတင်းအမှန်များက ပြည်ပမီဒီယာ အင်တာနက်စာမျက်နှာများတွင် ပလူပျံနေပေသည်။ သူ့ အတွင်းရေးများကို သူ့ အတွင်းလူများကဘဲ သတင်းပေးနေခြင်းသာ ဖြစ်တော့၏။
နောင်ရိုး

ဦးအောင်သောင်း (သို့  မဟုတ်) မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် (အပိုင်း-၂)

0 comments

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဦးအောင်သောင်း တို့  နှစ် ဦး တွေ့ ဆုံမှု တွင်
မည် သည့် အကြောင်း အရာများ ဆွေး နွေး ခဲ့ ကြသည် ကို မည်သူ မျှ မသိ နိုင်
သော်လည် လည်း ဦးစိန်အောင် ကွယ်လွန် သွား သောကြောင့် လစ်လပ် နေသည့်
စက်မှု ၁ ၀န်ကြီး ဌာန ၀န်ကြီး အဖြစ် ချီးမြှင့် ခြင်း ခံရသည်။ စက်မှု ၁ ၀န်ကြီး အဖြစ်
သူ့  ကို တာဝန်ပေး ရခြင်း မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ လက်ကိုင်တုတ် အဖွဲ့ (နောင်တွင်
ပါတီ) ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့  ဖြို့းရေး ပါတီ တည်ထောင်ခါ စ တွင် လိုအပ်
သည့် ငွေကြေး ရံပုံ ငွေ ကို စက်မှု ၁ ၀န်ကြီး ဌာန ၏ အကျိုး အမြတ် များ မှ ရရှိ ရန်
သူ့  ကို နေရာ ချ ထား ပေး လိုက်ခြင်း ဖြစ်သည်။ မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ်လာ
သည့် ဦးအောင်သောင်း သည် ကြံ့ဖွံ့  အဖွဲ့  ရံ ပုံ ငွေ ဟု ဆို ကာ စက်မှု ၁ မှ စာရင်းမရှိ
အင်းမရှိ ခိုးယူ နိုင်ခဲ့သည်။
စက်မှု ၀န်ကြီး ဖြစ်ကာ စ တွင် ပင် တစ်နေ့  လျှ င် ၎င်း ၏ အိပ် ကပ်ထဲ
သိန်းထောင် ချီ သော ၀င်ငွေ ကို ဖန်တီး နိုင်ခဲ့ သည်။ အရှုံး ပြ သည် ဟု ဆိုကာ
ပိတ်လိုက် သော ပြည်သူ ပိုင် စက်ရုံများ သော် လည်းကောင်း စက်ရုံများမှ
ပစ္စည်း များ သည် နောင် တွင် ၎င်း ပိုင် ဖြစ်သွားခဲ့သည်။
ဘိလပ် မြေ စက်ရုံ ပေါင်း များ စွာ ကို တည်ဆောက်ခဲ့ ပြီး ထို ဘိလပ် မြေစက်ရုံ များ
မှ ထွက် သော ဘိလပ် မြေ များ ကို မြန်မာ ဆောက် လုပ် ရေး လုပ်ငန်း ရှင် တို့  ကို
အတင်း အဓမ္မ ၀ယ် ယူစေခဲ့ ပြီး ရရှိ သော ငွေကြေး များ ကို ဓားပြ များ တိုက်ရာပါ
ပစ္စည်း ခွဲ သလိုပင် ဦးအောင်သောင်း၊ ကြံ့ဖွတ် ပါတီ နှင့် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ တို့ 
သုံး ဦး ခွဲ ဝေယူခဲ့ ကြသည် ဟု ကြံ့ခိုင်ရေး ပါတီ ၀င် တစ်ဦး က FNG ကို ပြော ပြသည်။
” အသင်း တည်ခါ စ မှ ပါတီ ရံပုံငွေ နည်း တယ်လေ ၊ ထင်သလောက် လည်း ဘာမှ မလုပ်
နိုင်ဘူး၊ ရုံးခန်း ဆိုရင် တောင် တစ်ချို့  မြို့ နယ် တွေ မှာ ရပ်ကွက် ရ၀တ ရုံး နဲ့  တွဲ ဖွင့်ထား
ရတာ ၊ ငွေရေး ကြေးရေး ပိုင်း ကို ဦးအောင်သောင်း က စီမံ ခန့် ခွဲ တော့ ပို ပြီး အင်အား
တောင့်လာတယ်။ ဦးပိုင် က စစ်တပ် အတွက် ရံပုံငွေ ရှာပေး သလို မျိုး ပဲ စက်မှု က လည်း
ကြံ့ခိုင်ရေး ပါတီ ရဲ့ အသက်သွေးကြော ဖြစ်လာ ခဲ့ တယ် ဟု ပြောသည်။
ထိုစဉ် က ဗိုလ်ချုပ်ကြီး ခင်ညွန့် ကို ဘုရား ထင် နေကြသူ များ မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ
နှင့် ဦးအောင်သောင်း တို့  ၏ ကြောင် လက်သည်း ၀ှက် ပိပိရိရိ နှင့် တရိပ်ရိပ် ကြီး ထွား
လာအောင် စွမ်းဆောင် ခဲ့ ကြသည် ကို မည်သူမျှ သတိမမူ မိလိုက်ကြ။ ရလဒ် ကတော့
နောင် နှစ် အတန်ကြာ တွင်ဗိုလ်ချုပ်ကြီး ခင်ညွန့် နှင့် မြန်မာ စစ်ထောက်လှမ်းရေး အဖွဲ့ 
ဖယ်ရှား ရှင်းလင်း ခံ လိုက်ရခြင်း ဖြစ်သည်။
ရန်ကုန် မြို့ စစ်ရုံး ချုပ် တွင် ရှိသည့် စစ်မဟာ ဗျုဟာ လေ့လာရေး ဌာန မှ
ဒုတိယ ဗိုလ်မှုးကြီး လှမင်း က ဗိုလ်ချုပ်ကြီး ခင်ညွန့် အားဦးအောင်သောင်း
ကို လျှော့မတွက် ရန် သတိပေး ခဲ့ ဖူးသည် ဟု FNG မှ သိရသည်။
စစ်ထောက်လှမ်းရေး မှ ဦးအောင်သောင်း နှင့် ပတ်သက် ပြီး စတင် စုံစမ်းရန် စီစဉ်
ချိန် တွင် စွမ်းအားရှင် ဆိုသည့် နိုင်ငံရေး အကြမ်းဖက် အင်အားစု တစ်ခု ကို ဗိုလ်
ချုပ်မှုး ကြီး သန်းရွှေ ၏ လမ်း ညွန် ချက် ဖြင့် ဦးအောင်သောင်း က ဖန်တီးထား ပြီး
ဖြစ်သည်။
စစ်ထောက်လှမ်း ရေး ၇ နှင့် လေတပ် ထောက်လှမ်း ရေး ၁ ၏ အစီရင်ခံစာ တွင်
ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့  ဖြို့းရေး ပါတီ က စွမ်းအားရှင် ဆို သည့် အဖွဲ့ 
ကိုထောင်ထွက် များ နှင့် ရာဇ၀တ် မှု မကင်းသည့် ရပ်ကွက် လူမိုက်များ ဖြင့် ဖွဲ့ စည်းထား
သည် ဟု စစ်ထောက်လှမ်း ရေး အကြီး အကဲ ထံ တင်ပြသည့် အခါ ဗိုလ်ချုပ်ကြီး ခင်ညွန့် 
က ” ရေတော် ဆရာတော် ကိစ္စမှာ ငါတို့  လုပ်ခဲ့ တဲ့ ပုံ မျိုး ပဲ ” ဟု ဗိုလ်မှုးကြီး အောင်
ဇော် ကို ပြောရာ တွင် ” ဟုတ်တယ် ဗိုလ်ချုပ် ဟု ပြန်ဖြေခဲ့သည်။
၁၉၉၇ ခုနှစ် ရေတော် ဆရာတော် ၊ မဟာမြတ်မုနိ ဘုရားကြီး ဌာပနာ နှင့် အာဆီယံဝင်
ခွင့် ရရေး အစိုးရ ၏ လှို့ ဝှက် ကြံစည်မှု ဂယက် တွင် မန္တလေး စစ်ထောက်လှမ်း ရေး
များ မှ ဘာသာရေး ပဋိပက္ခ အသွင် ဖန်တီး ပြီး ကုလား – ဗမာ အဓိကရုန်း ဖန်တီး
ခဲ့သည်။ ထို ပဋိပက္ခ တွင် ဘုန်းတော်ကြီး ဦးဝီရသူ စတင် ပါဝင်ခဲ့သည်။
မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ်လာသည့် ဦးအောင်သောင်း သည် စက်မှု ၁ နှင့် စက်
မှု ၂ လက်အောက် ရှိ ၀န်ကြီးဌာန မ် ား မွ စက္ရံု မ် ား ၏ ၀င်ငွေ ထွက် ငွေ အားလုံး
နှင့် စက်ရုံ သစ် တည်ဆောက် မှု အားလုံး တို့  အတွက် ထိမ်းချုပ် ခွင့် ရလာခဲ့သည်။
စက်ရုံ များ အတွက် စက်မှု ဇုန် ဆိုသည် ကို အကောင်အထည် ဖော်ရာ တွင်
ဦးအောင်သောင်း သည် စက်မှု ဇုန် များ တွင် စက်ရုံ သစ် များ ကို နေရာ ချထား ပေး
မှု အတွက် ပင် ရရှိသည် သည့် တန်းစိုးလက်ဆောင် များ မှာ တစ်နှစ် လျှင် မြန်မာ
ငွေ ကျပ် သန်း ပေါင်း ထောင် နှင့် ချီ ရရှိသည် ဟု စစ်ထောက်လှမ်း ရေး အဖွဲ့  ၀င်
ဟောင်း တစ်ဦး က FNG ကို ပြောပြသည်။
ထိုစက်ရုံ နှင့် လုပ်ငန်းများ မှ ရရှိ သောငွေများ နှင့် စွမ်းအား ရှင် ဆိုသည့် အဖွဲ့  ကို
စတင် ဖွဲ့ စည်း ကာ ရန်ကုန် ၊ မန္တလေး ၊ မကွေး နှင့် ၎င်း ၏ ဇာတိ တောင်သာ ၊ ၀ဲ
လောင် တို့  တွင် လေ့ကျင့် ပေး ခဲ့သည်။
ထိုကဲ့ သို့  စွမ်းအားရှင်များ ကို လေ့ကျင့် ပေးနေသည် ကို စစ်ထောက်လှမ်းရေး အဖွဲ့  က
သိသော်လည်း နယ်မြေခံ ထောက်လှမ်းရေး နှင့် အရာရှိ ငယ် အချို့  တို့  မှာ နိုင်ငံရေးလှုပ်ရှား
သူတို့  ကိုသာ အဓိက ဦးတည် ပစ်မှတ်ထား သောကြောင့် ဦးအောင်သောင်း ၏ စွမ်းအားရှင်
အဖွဲ့  ကို အန္တရယ် မရှိ ဟု သတ်မှတ် ပြီး အထက်အဆင့်အဆင့် ကို သတင်းပို့  ရန် ပျက် ကွက်
ခြင်းသည် နောင်တွင် ဒီပဲယင်း ဟူ သည့် လူကြံသတ်ဖြတ် မှု ကြီး အဆင့် ထိ ပင် ပေါ် ပေါက်
ခဲ့သည်။
၂၀၀၂ ခုနှစ် တွင် အာဏာရှင် ဟောင်း ဦးနေ၀င်း နှင့် မိသားစုများ ကို ဖမ်းဆီးထောင်ချ ပြီး
သည့် အခါ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ၎င်း ကိုယ် ခြိမ်းခြောက် နိုင်စွမ်း ရှိသေး သူ တစ်ဦး
ကို အပြီး တိုင်း ဖြို လှဲ နိုင်ခဲ့သည်။
အာဏာရှင် ဦးနေ၀င်း ကွယ်လွန် ပြီး နောက်ပိုင်း တွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ၎င်း ၏ အတွင်း
စည်း ကို ပိုမို ကျစ်လစ် ခိုင်မာ စေရန် တည်ဆောက် ခဲ့ရာ ဦးအောင်သောင်း ၊ ဗိုလ်ချုပ်သိန်းစိန် ၊
ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒုတိယ
ဗိုလ်ချုပ်ကြီး ခင်မောင်သန်း ၊ ဗိုလ်ချုပ်ဌေးဦး တို့  မှာ အရေး ပါသူများ ဖြစ်လာခဲ့သည်။
ဦးအောင်သောင်း ၏ သား ဦးပြည်အောင် သည် သည် IGE ဆိုသည့်
International Group of Entrepreneur Pte Ltd ကို ၁၉၉၄ ခုနှစ် ကတည်း က
စတင် တည်ထောင် သည် ဟု မှတ်တမ်းများ အရ သိရသည်။ ၂၀၀၀ ပြည့် နှစ် အလွန်
တွင် သစ် လုပ်ကွက် များ ရရှိ လာခဲ့ ပြီး ၂၀၀၅ ခုနှစ် တွင် မြန်မာ နိုင်ငံ ၏ အကြီး ဆုံး
သစ် ထုတ်လုပ် ရေး ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့သည်။ IGE ကုမ္ပဏီ သည် ဟိုတယ် များ
တည်ဆောက် မှု တွင် လည်း ပါဝင်ခဲ့ ပြီး အမာရာ ဟိုတယ် သည် ၎င်း တို့  ပိုင် ဖြစ်လာ
ခဲ့သည်။
ဗိုလ်ချုပ်ကြီး မောင်အေး ၏ သမီး မနန္ဒာအေး နှင့် လက်ဆက် ပြီးသည့် အခါ ဦးအောင်သောင်း
သည် စစ်ထောက်လှမ်းရေး ၏ စောင့်ကြည့် အရေးယူခံ ရ မှု များ မှ လုံးဝ ကင်းလွတ်သွား
ခဲ့ ပြီး စစ်မှု ၁ ၏ ဘဏ္ဍာငွေကြေးများ ကို ၎င်း ၏ စီးပွားရေး လုပ်ငန်းများ အတွက် ပေါ်ပေါ်
ထင် အသုံး ပြု လာနိုင်ခဲ့ ပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ၏ ယုံကြည် စိတ် ချ မှု လည်း ရှိလာခဲ့
သည်။
၂၀၀၃ ခုနှစ် မေလ ဒီပဲ ယင်း လုပ်ကြံ မှု ကို မတိုင်ခင် တစ်လ အလို လောက် တွင် ဗိုလ်ချုပ်မှုး
ကြီးသန်းရွှေ က ထိုလုပ်ကြံ မှု အတွက် ဗိုလ်ချုပ် စိုးဝင်း ၊ ဗိုလ်ချုပ် သာအေး ၊ ဦးအောင်သောင်း
တို့  နှင့် တိုင် ပင် ပြီး စွမ်းအားရှင် ဆိုသူ များ ကို ရန်ကုန် နှင့် မန္တလေး တွင် တစ်လ ကြာ လှို့ ဝှက်
သင်တန်းပေး ခဲ့ ပြီး စီစဉ် စေခဲ့ သည်။
ဒီပဲယင်း တိုက်ခိုက်မှု ပြီး နောက် အဓိက စီစဉ် ခဲ့သူများမှာ ဘုန်းတန်ခိုး ပိုထွား လာခဲ့ ကြပြီး
ထိုတိုက်ခိုက် မှု အတွက် မည်သည့် စုံစမ်း စစ်ဆေးမှု များ ကို မှ စစ်ထောက်လှမ်း ရေး က
မပြု လုပ် နိုင်ခဲ့ ဟု သိရသည်။
စစ်ထောက်လှမ်းရေး အရာရှိ တစ်ဦး က ” ဒီပဲယင်းမှာ ပါဝင်တဲ့ သူတွေ က ဒီတိုက်ခိုက်မှု
စမယ် ဆိုတော့ မှ ရှာထားတဲ့ သူတွေ မဟုတ် ဘူး ၊ စွမ်း အားရှင် ဆိုတဲ့ နာမည် အောက် မှာ
လစာ ရိက္ခာ ပါရ ပြီး စနစ်တကျ လေ့ကျင့် မွေးထား တဲ့ သူ တွေ ၊ ဒီပဲယင်း ၊ ရွှေဘို ၊ မုံရွာ မှာ
ထောက်လှမ်းရေး တပ်ဆွယ် တွေ ရှိတယ် လေ ၊ သူတို့  စုံစမ်းတော့ ဒီဒေသ က လူတွေ မပါဘူး၊
ဒီပဲယင်း မှာ ဖမ်းမိ တဲ့ NLD တွ ကို ဖမ်းဆီး ထောင်ချ လို့  ပဲ ရတယ်လို့  FNG ကို ပြောသည်။
စွမ်းအား ရှင် တွေ ကို သူတို့  တွေ့ လဲ မတွေ့ လိုက် ဘူး ၊ မြင်လဲ မမြင် လိုက်ဘူး ၊ ဘယ်က
လာ ပြီး ဘယ်ကို ထွက် သွား မှန်းတောင် မသိဘူး ၊ ဟု ထပ်လောင်း ဖြည့်စွက် ပြောပါသည်။
စွမ်းအားရှင် ဆိုသည့် စစ်အစိုးရ လက်ကိုင်တုတ် အမာခံ လူမိုက်များ ကို ကြံ့ခိုင်ရေး ပါတီမှ တစ်
ဆင့် ဦးအောင်သောင်း က စနစ် တကျ ရွေးချယ် မွေးမြူ ခဲ့ ခြင်း ဖြစ် ပြီး ၎င်း တစ်ယောက် တည်း
သာ အမိန့် ပေး နိုင်ခွင့် ရှိသည့် အင်အားစုလည်း ဖြစ်သည် ဟု စစ်ထောက်လှမ်းရေး မှတ်တမ်း
အချို့  တွင် တွေ့ ရသော်လည်း ဒီပဲယင်း အပြီး နှစ် နှစ် အကြာတွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ လည်း
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင် ပြီ ဟု အပြည့် အ၀ ယုံကြည် ကာ စစ်တပ် အရာရှိကြီး
များ လည်း စစ်ထောက်လှမ်းရေး ကို ဖယ်ရှား ပြီး ထောင်သွင်း အကျဉ်းချ မှု ပင် ပြု လုပ်ခဲ့သည်။
သူ က ဒီပဲယင်း အရေး အခင်း အကြောင်း ပေါက်ကြားမှာ စိုးတယ်လေ ၊ စွမ်းအားရှင် အုပ်စု
ပိုပြီး လှုပ်ရှား နိုင်လေ လေ သူ့  အာဏာတည် မြဲဖို့  ပိုပြီး ခိုင်မာလေလေ လို့  ယူဆ ပုံရတယ်
ကျွန်တော် တို့  ကို အလိုမရှိ တော့ဘူး ပေါ့ ဟု ပြောပြသည်။
၂၀၀၇ သံဃာ့ အရေး အခင်း ဉ် နိုင်ငံ တကာ တွင် Junta Thug ဟု ကြော်ကြားခဲ့သည့်
ဦးအောင်သောင်း စွမ်းအားရှင် များ မှာ နိုင်ငံရေး ပါတီ အဖြစ် ကူးပြောင်းမည့် ကြံ့ခိုင်ရေး
ပါတီ အတွက် ပါ အမည်း စက်လို ဖြစ်လာချိန် တွင် ဦးအောင်သောင်း က ထို အဖွဲ့ ကို ပိုပြီး
ကျစ်လစ်ခိုင်မာစေရန် နှင့် အရေး ပေါ် အသုံးချ နိုင်ရန် အတွက် ပင် ထပ်မံ ပျိုးထောင်ပေး
ခဲ့သည်။
မြန်မာ စစ်တပ် က နိုင်ငံရေး မှ ထွက်ခွာ ချိန် ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန် က သမ္မတ အဖြစ်
စတင် တာဝန် ထမ်းဆောင် ချိန် ဉ် ဦးအောင်သောင်း က စွမ်းအားရှင် က မှတ်ပုံတင် ပြီး ဖွဲ့ 
စည်းထားတာ လည်း မဟုတ်တော့ ဖျက် စရာ လည်း မလို ပါဘူး၊ ပြည်သူ့  စစ်လို အရေးပေါ်
တပ် ဖြစ်တော့ နောင်လို ရာသုံး ဖို့  အမြူ တွေ အင်အားစု ကို ဆက်ထားဖို့  လိုတယ်။ အရေး
ကြုံ လာတဲ့ အခါ သုံးဖို့  လိုလိုမယ်မယ် ဆောင်ထားရမယ် လို့  ကြံ့ခိုင်ရေး ပါတီ ရဲ့ အရာရှိအဆင့်
အစည်းအဝေး တစ်ခု တွင် ပြောကြားခဲ့သည်။
ဦးအောင်သောင်း (သို့  မဟုတ်) မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် (အပိုင်း-၃) ကို စောင့်မျှော် ဖတ်ရှု ပါ
ကျေးဇူးတင်ရှိပါသည်။
FNG

ဦးအောင်သောင်း (သို့  မဟုတ်) မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် (အပိုင်း-၁)

0 comments

ဗိုလ်မှုးကြီး အောင်သောင်း အဖြစ် မထင် မရှား မကွေး တိုင်း တ၀တ
ဥက္ကဌ ဖြင့် စစ်တပ် မှ အငြိမ်းစာ ယူရန် အသက် နီးကပ် လာ ချိန် ဉ် သူ့ တွင် ထူးထူးခြားခြား
နိုင်ငံရေး ရည်မှန်း ချက် ၊ အာဏာအိပ်မက် များ မရှိ သေး ချေ ။
” ဗိုလ်မှုးကြီး က တပ်က ထွက် ရင် ရန်ကုန် မှာ အိမ်ကောင်း ကောင်း တစ်လုံး လောက်ဆောက်နိုင်
ရင် တော်ပါ ပြီ လို့  ပဲ ပြောတယ် လို့  ” နောင်တွင် အာဏာရ ကြံ့ခိုင် ရေး ပါတီ နှင့် ထိပ်တန်း
ခေါင်းဆောင် တစ်ဦး နှင့် အမေရိကန် အစိုးရ က အမည် ပျ က် တင်သွင်း ခံရသည့် ဦးအောင်
သောင်း ၏ တပည့် တစ်ဦး က FNG ကို ပြောပြသည်။
ဆရာရင်း ဖြစ်သူ လပခ တိုင်းမှုး ဗိုလ်ချုပ် ထွန်း ကြည် က ကုန်သွယ် ရေး ၀န်ကြီး ဌာန သို့ 
ပြောင်း ချိန် ဉ် သူ့  ကို ကုန်သွယ် ရေး ၀န်ကြီးဌာန ၏ ညွန်ကြား ရေး မှုး ချုပ်(နောင်တွင် ဒုဝန်ကြီး)
ရာထူး သို့  ခေါ် ယူ နေရာ ချ ထား ပေး ခဲ့ သည် မှ စ ၍ ဦး အောင်သောင်း သည် ငွေ နှင့် အာဏာ
အတွက် မျှော် လင့် ချက် အိမ်မက် များ စတင် ပေါ် ပေါက် လာခဲ့သည်။
ဖက်စပ် ၊ ကျောက် လုပ်ငန်း ၊ ကုန်သွယ်ရေး ၊ အကောက်ခွန် ဖြတ်သန်း စရာ မလို သည့် မော်
တော်ကား တင်သွင်း ခြင်း လုပ်ငန်းများ ဖြင့် စီးပွား ဖြစ် ၀န်ကြီး ဌာန ဖြစ် လာသည့် ကုန်သွယ်
ရေး ၀န်ကြီးဌာန ကို စစ်ထောက်လှမ်းရေး က မျက် စေ့ကျ လာခဲ့သည်။ ထိုစဉ် က ဗိုလ်မှုး ချုပ်
ခင်ညွန့်  အဖြစ် မှ ဗိုလ်ချုပ် ခင်ညွန့်  အဖြစ် လူသိများလာသည့် စစ်ထောက်လှမ်းရေး အကြီး
အကဲ ကို ဗိုလ်ထွန်းကြည် အပါ အ၀င် ၊ ဗိုလ်ကျော်ဘ ၊ ဗိုလ်မျိုး ညွန့်  တို့  က ချာတိတ် အဖြစ်နှင့်
မလေးစား သည့် သဘောထား ခဲ့ ကြ ခြင်း ကြောင့် ဗိုလ်ခင်ညွန့် က ဗိုလ်ထွန်းကြည် တို့  အုပ်စု ဋ္ဌ
ကို နည်း မျိုးစုံဖြင့် ဖယ်ရှား ရန် လမ်း ကြောင်း စတင် ရှာ ခဲ့ ခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် ကို ရှင်း နိုင်ရန် အတွက် ဗိုလ်မှုးကြီး အောင်သောင်း ကို ချဉ်း
ကပ် ခဲ့ သလို ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော် ဘ ကို ဖယ်ရှား နိုင်ဖို့  အတွက် ဗိုလ်မှုး ချုပ် ၀င်း
မြင့် ၊ ဗိုလ်မှုးကြီး ကျော်ဆန်းတို့  ထံ မှ သတင်း အချက် အလက် ကို ရယူ ခဲ့သည်။
(ဗိုလ်ချုပ် ၀င်းမြင့် သည် ဗိုလ်ချုပ် မြင့်အောင် နှင့် ဗိုလ်ချု ပ်မောင်လှ တို့  ကို ဖယ်ရှား နိုင်ရေး
အတွက် လည်း အကူ အညီ ပေး ခဲ့သည်) နောက်ပိုင်း
တွင် မူ သူကောင်း ပြု သည့် အနေဖြင့် အတွင်း ရေး မှုး ၃ နေရာ ပေး ခဲ့ သော်လည်း ဗိုလ်
ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက် ကျ ပြီး နောက် ဗိုလ်ချုပ် ကြီး ၀င်းမြင့် ကို လည်း ရာထူး
မှ ဖယ်ရှား ခဲ့သည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် တို့  အုပ်စု ကို ဖယ်ရှား နိုင်ရန် စီစဉ် ခြင်း သည် ဗိုလ်ချုပ်
ကြီး သန်းရွှေ မှာ ဗိုလ်ချုပ် ခင်ညွန့်  နှင့် လှို့ ဝှက် တိုင်ပင် စီစဉ် ခြင်း ဖြစ် ပြီး သူ့  အတွက်
လည်း ဆူးညှောင်ခ လုတ် လို ဖြစ်နေသောကြောင့် ဗိုလ်ခင်ညွန့် က အလွယ် တကူပင် သဘော
တူ လက်ခံ လိုက်သည် ဟု သိရသည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် ၏ လာဘ်စား မှု များ နှင့် မသမာ မှု များ စာရင်း အတိအကျ
ရရှိ နိုင်ရန် အတွက် စစ်ထောက်လှမ်း ရေး က ဗိုလ်မှုးကြီး အောင်သောင်း ကို စတင် စည်းရုံး စဉ်
ဗိုလ်မှုးကြီး အောင်သောင်း က အစပိုင်း ဉ် ငြင်းပယ် ခဲ့ သည် ဟု သိရသည်။ ထို့  နောက် တွင်မူ
မကွေးတိုင်း တွင် တ၀တ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင် နေ ချိန် ဉ် မီးခွက်မှုတ် ဇာတ်လမ်း
တစ်ခု အကြောင်း ကို ထောက်လှမ်း ရေး က သိရှိ ထား ပြီ ဖြစ်သောကြောင့် သူလက်ခံ လိုက်ရ
သည် ဟု သိရသည်။
” ပထမ ပိုင်းမှာတော့ ဗိုလ်မှုးကြီး အောင်သောင်း က ငြင်းပါသေးတယ်။ နောက် မကွေးတိုင်း
တ၀တ အဖြစ် တာဝန်ထမ်းဆောင် နေ တုန်းမှာ ရန်ကုန် က အမျိုး သမီး တစ်ယောက် နဲ့  ညိ
စွန်း တဲ့ ဇာတ်လမ်း တွေ ဖြစ်တာ ကို ထောက်လှမ်းရေး က သိထား တော့ သူ သဘော တူလက်
ခံ လိုက်ရတယ် လို့  သိထား တယ်” ဟု FNG ကို ပြောပြ သည်။
သိပ်မကြာခင် မှာ ပင် ကုန်သွယ်ရေး ၀န်ကြီးဌာန နှင့် ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် တို့  ၏
စာရင်း များ သည် ထောက်လှမ်းရေး လက်ထဲ ရောက် ကုန် ခဲ့ သည်။ နောက်တစ် နှစ် အကြာ ၁၉၉၇
ခုနှစ် တွင် တော့ ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် ၊ ဒုတိယ ဗိုလ်ချုပ် ကြီး မောင်လှ တို့  အပါအ၀င်
စစ်ဗိုလ်ချုပ် ၁၁ ဦး ကို န၀တ ကောင်စီ မှ အနား ပေးလိုက် သည် ဟု သတင်း ထုတ်ပြန် ပြီး နောက်
တစ်ရက် တွင် န၀တ ကို နအဖ အဖြစ် အမည် ပြောင်းလဲ လိုက်သည်။
၁၉၉၇ ခုနှစ် နှစ် ကုန်ပိုင်း တွင် ကုန်သွယ်ရေး ဒုဝန်ကြီး ဗိုလ်အောင်သောင်း မှာ မွေး မြူ ရေး နှင့်
ရေ လုပ်ငန်း ၀န်ကြီး အဖြစ် တိုးမြှင့် တာဝန် ထမ်းဆောင် ခြင်း ခံရသည့် ဆုတော် လာဘ် တော်
ရရှိ ခံစား ခဲ့သည်။
ဗိုလ်မှုးကြီး အောင်သောင်း က သူ့  ဆရာ ရင်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီး ထွန်းကြည် တစ်ဦး
တည်း ကို သာ သစ္စာ ဖောက် ခဲ့ ခြင်း မဟုတ် ဘဲ ၊ ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် နှင့် တိုင်ပင်ဖော်
တိုင်ပင်ဖက် ၊ သောက်ဖော် သောက်ဖက် များ ၏ အတွင်း စကား များ ကို ထောက်လှမ်း ရေး ကို
ဖောက်သည် ချ ခဲ့ ရာ စစ်ထောက်လှမ်းရေး က သူ တို့  လိုချင် သော သတင်း အချက် အလက်များ ကို
ထင်မှတ်ထားသည် ထက် ပို ၍ ကျယ် ကျယ် ပြန့် ပြန့်  ပင် ရရှိခဲ့သည်။
ဗိုလ်မှုးကြီး ဦးအောင်သောင်း ကား န၀တ ခောတ် ပထမ ဦးဆုံး အကြိမ် ဖြုတ် ထုတ်သတ် ပွဲ ၏
အဓိ က ဇာတ်ကောင် တစ်ဦး ဖြစ် ခဲ့ကြောင်း ထို အချိန် က ဘယ်သူ မှ မရိပ် မိကြ သေးသော်လည်း
ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် က မူ အောင်သောင်း ကို ရှောင် အိုတောင် မဆင်း ရဲ ဆိုသည့် အကြောင်း
ကို သူ့  မိသားစု ၀င် နှင့် လုပ်ဖော် ကိုင် ဖက် များ ကို ပြော ပြ ခဲ့ သည် ဟု သိရသည်။
ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် သည် အလယ် ပိုင်း တိုင်း စစ်ဌာန ချုပ် တိုင်းမှုး ဘ၀ တွင် ရော ၊ ကုန်
သွယ် ရေး ၀န်ကြီး ဌာန ၀န်ကြီး ဘ၀ တွင် ပါ ဗိုလ်ခင် ညွန့်  နှင့် စစ်ထောက်လှမ်း ရေး ကို ဂရု လုံး
ဝ မစိုက်ခဲ့သူ ဖြစ်သည်။ ထို အချိန် က ဖက်စပ် လုပ် ငန်း များ ၊ နိုင်ငံ ခြား သွင်း ကုန် ထုတ် ကုန်
လုပ်ငန်း များ ဖြင့် ဒေသတွင်း ကုန်သွယ် ရေး နယ်ပယ် တွင် အထိုက်အလျှောက် ပါဝင် နိုင်စွမ်း ရှိ
သည့် ဒု ဗိုလ်ချုပ် ကြီး ထွန်းကြည် က Trade Taxi လုပ်ငန်း အတွက် သမ္မတ ရုပ်ရှင် ရုံ အနောက်ရှိ
နေရာ ဟောင်း တစ်ခု ကို ထောက်လှမ်း ရေး ရုံးခန်း တစ်ခု ဖွင့် ရန် စီစဉ် နေ ခိုက် ပင် တွင် သူ ၏
ကုန်သွယ် ရေး က သိမ်းပိုက် ခဲ့သည် အထိ တန်ခိုး သြဇာ ထက် မြက် ခဲ့သည်။
၁၉၈၈ ခုနှစ် ပြည်သူ လူ ထု အရေးတော် ပုံ တွင် မန္တလေး ၊စစ်ကိုင်း နှင့် ချင်း ပြည် နယ် ဒေသ များ
ကို သွေးထွက် သံယို အနည်း ဆုံး ဖြင့် ထိမ်းသိမ်း နိုင်ခဲ့ သည့် ဆိုသည့် အချက် က လည်း ဒု ဗိုလ်ချုပ်
ကြီး ထွန်းကြည် ကို အနာဂတ် တွင် စစ်ခေါင်းဆောင် အဖြစ် မျှော် မှန်း စေနိုင် သည့် အချက် ဖြစ်သည်။
သို့  အတွက် ကြောင့် လည်း ဗိုလ်ချုပ် ခင်ညွန့်  နှင့် ဗိုလ် သန်း ရွှေ တို့  ကား လက်မြန် ခြေမြန် ရှင်း
လင်း ထား ခြင်း ဖြစ် ပြီး ဗိုလ်မှုးကြီး အောင်သောင်း ကား လှလှ ပပ အသုံးတော် ခံပြခဲ့သည်။
၁၉၉၇ ခုနှစ် ဒီဇင်ဘာလ တွင် မွေး မြူ ရေး နှင့် ရေ လုပ်ငန်း ၀န်ကြီး အဖြစ် တိုးမြှင့် ပေး ရန် အတွက်
အတွင်းရေးမှုး ၁ ဗိုလ်ချုပ် ခင်ညွန့် က ဗိုလ် ချုပ်ကြီး သန်း ရွှေ မှ အတည် ပြု ချက် ရရှိ ရန်အတွင်
ဗိုလ်မှုးကြီး အောင်သောင်း ၏ ဒူတိယ ဗိုလ်ချူပ်ကြီး ထွန်းကြည် တို့  ကိုယ် ဖယ်ရှား ရေး ဉ်
စွမ်းဆောင်ချက် များ ဖြင့် ထောက်ခံ တင်ပြ မှု ပေးသည့် အခါဗိုလ် ချုပ်ကြီး သန်း ရွှေ ဘယ်
နယ် သား လဲ ဟု မေးသည်။ ဗိုလ်ချုပ် ခင်ညွန့်  က ၀ဲလောင် ရွာ ဇာတိ တောင်သား သား
ပါ ဟု ပြန်လည် ဖြေကြား သည့် အခါ ” မနက် ဖြန် ငါနဲ့  တွေ့ ဖို့  လွှတ်လိုက်”
ဟု ပြန်ကြားခဲ့သည် ဟု ဆိုသည်။
ဤ သည် မှာ နောင် တစ်ချိန် အဏာ နှင့် ပတ်သက်လာလျှင် မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက်
ဖြစ်လာမည့် ဗိုလ်မှုးကြီး အောင်သောင်း ကို ဗိုလ် ချုပ်ကြီး သန်း ရွှေ က ပထမ ဦးဆုံး အကြိမ် ခေါ်ယူ
တွေ့ ဆုံ မှု ပင် ဖြစ်သည်။
(ဗိုလ် ချုပ်ကြီး သန်း ရွှေ ၏ လက်မရွံ့  လူမိုက် လူယုံ ဖြစ်လာမည့် ဗိုလ်မှုးကြီး အောင်သောင်း
အကြောင်း ဒုတိယ ပိုင်း ကို မကြာခင် စောင့် မျှော် ဖတ်ရှု ပါ)
Credit FNG