Showing posts with label ဦးစိုးသိန်းအကြောင်း. Show all posts
Showing posts with label ဦးစိုးသိန်းအကြောင်း. Show all posts

Tuesday, July 7, 2015

ဦးစိုးသိန်းအကြောင်း

0 comments

ပြီးခဲ့တဲ့2013 စက်တင်ဘာလက Myanmar Peace Centre မှာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “စာပေလွတ်လပ်ခွင့်က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” လို့ မီဒီယာတွေကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တကယ်လို့ Eleven ဂျာနယ်က ဖော်ပြတဲ့အတိုင်းမှန်ရင် သက်သေ အထောက်အထားနဲ့ဖော်ပြပြီး စစ်ဆေးထောင်ချပါလို့ ပြောခဲ့ပါတယ်။ ဦးစိုးသိန်းရဲ့ စိန်ခေါ်မှုတွေဟာ မသိတဲ့ သူတွေအတွက် အထင်ကြီး စရာဖြစ်ပေမယ့် အတွင်းသိတွေအတွက်တော့ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် မီလျံနာတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဦးစိုးသိန်းရဲ့ ပိုင်ဆိုင်မှုကို ဘယ်သူမှ မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဦးစိုးသိန်းဟာ သူ့ရဲ့ပိုင်ဆိုင်မှု စည်းစိမ်အားလုံးကို ပြည်တွင်းမှာ ဘာမှမထားပါဘူး။ စည်းစိမ်တင်မကပါဘူး။ သား/သမီးတွေနဲ့ ဇနီးတွေအားလုံးဟာ နိုင်ငံခြားမှာနေ ကြပါတယ်။ ဦးစိုးသိန်းရဲ့ သားဖြစ်သူ ဦးအေးချမ်း ဟာ စင်္ကာပူနိုင်ငံမှာ နေပါတယ်။ ဦးအေးချမ်းဟာ စင်္ကာပူနိုင်ငံ သူကို လက်ထပ်ထားပြီး Singapore မှာ အမြဲတမ်းနေထိုင်ခွင့်ရကာ Singapore နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဦးစိုးသိန်းရဲ့သမီး ဒေါ်သီတာအေးဟာ လက်ရှိအမေရိကန်မှာ နေထိုင်ပြီး ၎င်းရဲ့ ခင်ပွန်းက အမေရိကန်နိုင်ငံသား ခံယူထားသူ ပြင်သစ်လူမျိုး တစ်ဦးဖြစ်ပါတယ်။ ဦးစိုးသိန်းသမီး နောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရည်မွန်အေးလည်း အတူတူပါပဲ။ ဒေါ်ရည်မွန်အေး ခင်ပွန်းက ဗြိတိန်နိုင်ငံသားဖြစ်ပြီး ယခုလင်မယားနှစ်ယောက်စလုံး အင်္ဂလန်မှာ နေပါတယ်။ သမီးနှစ်ယောက်လုံးကလည်း ခင်ပွန်းဖြစ်သူတို့ရဲ့ နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ ဦးစိုးသိန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်အေးကြင် ကလည်း မြန်မာနိုင်ငံမှာအနေနည်းပြီး သား/သမီးတွေရှိရာ နိုင်ငံခြား မှာပဲ နေထိုင်လေ့ရှိပါတယ်။ မိသားစုများသာမက ဦးစိုးသိန်း ကိုယ်တိုင်ကလည်း ၂၀၁၅ နိုင်ငံရေးအပြောင်း အလဲဖြစ်လို့ အခြေအနေမကောင်းပါက ပြည်ပသို့အပြီးထွက်ခွာဖို့ စီစဉ်ထားပါလိမ့်မယ်။
MPC မှာ ဦးစိုးသိန်းပြောခဲ့သလိုပဲ ဦးစိုးသိန်းဆိုတဲ့ နာမည်နဲ့ ပြည်တွင်း ဘဏ်မှာရော၊ ပြည်ပဘဏ် တွေမှာရော အပ်ထားတဲ့ငွေမရှိဘူးဆိုတာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးစိုးသိန်းဟာ သူ့ရဲ့ပိုင်ဆိုင်မှု အားလုံးကို ဇနီး၊ သားနဲ့သမီးတွေရဲ့ နာမည်ပေါင်းစုံနဲ့ အပ်နှံထား တာကြောင့်ပါ။ ဦးစိုးသိန်းရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ သူတို့မိသားစုကလွဲပြီး ဘယ်သူမှ မတွက်ချက်နိုင်ပါဘူး။ ဦးစိုးသိန်းဟာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဖြစ်ပြီး သမ္မတရုံး ဝန်ကြီးဌာနများထဲမှာ ဘက်ဂျက်အများဆုံးသုံးစွဲတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။ ယခင် စက်မှုဝန်ကြီးဌာနဝန်ကြီး လုပ်စဉ်ကလည်း နိုင်ငံပိုင်စက်ရုံများနှင့် မြေနေရာများကို စံနှုန်းသတ်မှတ်ချက်မရှိဘဲ ငှားရမ်းခဲ့တာကြောင့် ငှားခအချို့မှာ ရသင့်သည်ထက် ငါးဆနီးပါး လျော့နည်းရရှိခဲ့တဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာဆုံးရှုံး ခဲ့ရပါတယ်။ ၂၃၇ ဧကကျော် တညင်းကုန်းအုတ်စက်ရုံကို Mother Industrial ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၂၀ ၀န်းကျင်တည်းဖြင့် ဦးစိုးသိန်းက စာချုပ်ငှားရမ်းခဲ့ပါတယ်။ ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးများလက်ထက်မှာ Mother Industrial ကုမ္ပဏီနှင့် ဧက ၉၀ ကျော်တည်းကိုပင် တစ်နှစ် လျှင် ကျပ်သန်း ၃၂၀ ၀န်းကျခင်အထိ ဈေးသတ်မှတ်ချုပ်ဆိုရန် စီစဉ်ခဲ့ကြတဲ့အတွက် ဈေးအရ ယခင်ဝန်ကြီး ဦးစိုးသိန်း လက်ထက်ကထက် လေးဆကျော်အထိ ပိုမိုမြင့်တက်ခဲ့ပါတယ်။ ဦးစိုးသိန်းဟာ ပြည်သူ့ဘဏ္ဍာငွေ ရမယ့်စီမံကိန်းတွေကို တင်ဒါမခေါ်ပဲ နီးစပ်သူတွေဆီမှ သိန်းပေါင်းများစွာ လာဘ်ယူပြီး အလွန်နည်းတဲ့ ဈေးနှုန်းတွေနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ ရသမျှ လဘ်လာဘငွေအားလုံးကိုတော့ နိုင်ငံခြားဘဏ်တွေမှာ မိသားစု နာမည်တွေနဲ့ အပ်နှံခဲ့ပါတယ်။ စက်မှု(၂)၀န်ကြီးဖြစ်စဉ်မှာလည်း တရုတ်ပြည်မှ ကားများကို စက်မှု(၂)မှ ထုတ်၍ ရောင်းသည်ဟုပြောပြီး စက်မှု(၂)တံဆိပ်တပ်ပြီး ရောင်းချတဲ့ WAGON ကား အစီး(၅၀၀၀)ကျော်ကို တင်သွင်းပေးတဲ့ ကုမ္ပဏီများမှ တစ်စီးလျှင် ဒေါ်လာ(၃၀၀၀) သူ့အတွက် ပေးရပါတယ်။ နောက်တစ်ခုက စက်မှုဇုန်ကားထုတ်လုပ်ခွင့် လိုင်စင်ချပေးလျှင် တစ်စီးကိုကျပ်ဆယ်သိန်းတောင်းပါတယ်။ စုစုပေါင်းအစီးရေ (၃၀၀၀)ကျော် လိုင်စင်ထုတ်ပေးပြီး တရားမ၀င် တင်သွင်းလာတဲ့ကားတွေကို စက်မှုဇုန်လိုင်စင်ရအောင် လုပ်ပေးခဲ့ပါတယ်။
လက်ရှိ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသာမက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ တစ်ဦးဖြစ်ပါတယ်။ ဒုတိယသမ္မတများထက် လုပ်ပိုင်ခွင့်ပိုမိုရရှိနေပြီး သမ္မတကြီးဦးသိန်းစိန်ရဲ့ အဓိကလက်ရုံးအကြံပေးတစ်ဦးလည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စုစိတ်ဓာတ်၊ ဝံဿာ နုစိတ်မရှိတဲ့ အမျိုးမစောင့်သူ ဦးစိုးသိန်း ဟာ လက်ရှိရာထူးနဲ့ မထိုက်တန်ပါဘူး။ နိုင်ငံတော်သမ္မတနဲ့ အနီးကပ် ဆုံးနေပြီး မြန်မာနိုင်ငံအတွက် အရေးပါတဲ့နေရာမှာနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရဲ့ဇနီး ဒေါ်ခင်အေးကြင် ဟာ တရုတ်ပြည်ဖွား ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခဲ့သူ ဦးဘီလားရဲ့သမီး ဖြစ်ပါတယ်။ ကိုယ်တိုင်က အမျိုးမစောင့်ခဲ့တာကြောင့် သားသမီးတွေအားလုံးက နိုင်ငံခြားသူ/ နိုင်ငံခြားသားတွေနဲ့ လက်ထက်ပြီး နိုင်ငံခြားမှာ အခြေချနေထိုင်နေတာကို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့ပါဘူး။ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ အစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် သား/သမီးကျင့်ဝတ်ထဲမှာ စောင့်လေမျိုးနွယ်ဆိုတာ ရှိပါတယ်။ အခုလို အမျိုးမစောင့်တဲ့ မိသားစုဝင်များကို သမ္မတရုံးမှာ ပြည်ထောင်စုဝန်ကြီးခန့်ထားတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ကျော်မှာ မိသားစုတစ်ခုလုံး အမျိုးဂုဏ်စောင့်ထိန်းပြီး အရည်အချင်းပြည့်ဝတဲ့ လူတော်လူကောင်းတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဇနီးနှင့် သားသမီးများကို ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြား ၃ နိုင်ငံမှာ ထားထားတဲ့ မျိုးချစ်စိတ်မရှိတဲ့ မိသားစုဝင် ဦးစိုးသိန်းကို နိုင်ငံတော်ရဲ့အရေးပါတဲ့ လျှို့ဝှက်အပ်တဲ့တာဝန်တွေကို အသိပေးခြင်း၊ စေခိုင်းခြင်း မလုပ်သင့် ပါဘူး။ သမ္မတကြီးဦးသိန်းစိန်အပါအဝင် ပြည်သူတစ်ရပ်လုံးအနေနဲ့ ဦးစိုးသိန်းရဲ့ စကားပြော ကောင်းတာကို နားဝင်ပြီး အရမ်းယုံနေရင်တော့ မလွယ်ပါဘူး။ ၂၀၁၅ အခြေအနေမကောင်းတာနဲ့ ဦးစိုးသိန်းဟာ နိုင်ငံခြားကို အပြီးထွက်ပြီး ယူထားသမျှ တသက်စားမကုန်တဲ့ ပြည်သူ့ဘဏ္ဌာတွေနဲ့ သားမက်ဖြစ်သူ ဗြိတိန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသားတွေအပြင် စင်္ကာပူနိုင်ငံသူ ချွေးမတွေနဲ့ အပြီးပြောင်းရွှေ့နေထိုင်တော့မှာ ဖြစ်လို့ ခရိုနီ ထက်ကြောက်စရာပိုကောင်းတဲ့ အမျိုးမစောင့်တဲ့ မီလျံနာ ဦးစိုးသိန်းအကြောင်း တစ်စိတ်တစ်ပိုင်းကို ရေးသား ဖော်ထုတ်လိုက်ရပါတယ်။
ဝံဿနု

တိုက်ပုံအင်္ကျီဝတ်ပြီး သူတော်ကောင်းယောင်ဆောင်နေသော ဦးစိုးသိန်း (သို့ မဟုတ်) ဒေါင်းယောင်ဆောင်သောကျီး နှင့် သူရဲ့ သွေးသောက် ၀န်ကြီး ဦးအောင်မင်းတို့ အကြောင်းများ။

0 comments

ပြည်ထောင်စု ၀န်ကြီး - စက်မှု (၁)၊ စက်မှု (၂)၊ MIC ဥက္ကဌ တာဝန်ယူထားသော ဒေါင်းယောင်ဆောင်နေသည့် ကျီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၊ အစိုးရအဖွဲ့ ရှိနေသ၍ တိုင်းပြည်ဖွံ့ ဖြိုးဖို့ အတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း xxxx မှ ပြောဆိုချက်များအရ စာရေးသူမှာ တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကြားသိခဲ့ရပါသည်။
ဘာကြောင့်လဲလို့  စာရေးသူက မေးတဲ့အခါ ၁၉၉၆ လောက်က တနင်္သာရီရေတပ်ဌာန ချုပ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလတွင် မြန်မာနိုင်ငံရေပိုင်နက်အတွင်း ထိုင်းငါးဖမ်း စက်လှေတွေကို တစ်ခါဝင်ဖမ်းတိုင်း ၀ါးလက် (၁) စီးကို သူအတွက် ဘတ်ငွေ ၅ သောင်းပေးရကြောင်း၊ အစီး (၅၀၀) ထက်မနည်း ခွင့်ပြုကြောင်း၊ မှောင်ခိုစက်လှေဆိုလျှင် ဘတ်ငွေ (၁၀၀၀၀၀) ပေးရကြောင်း
၊ငွေပေးရသည် အပြင် တစ်ခါတစ်ရံ ကော့သောင်း မိုတယ်မှ အဆိုတော်လေးများ ထည့်ပေးရကြောင်း၊ ထိုင်းလှေပိုင်ရှင်များမှ သူဌေးကျွန်း ဟိုတယ်သို့ ထိုင်းအမျိုးသမီးများကို ဦီးစိုးသိန်းအတွက် ပို့ ပေးရကြောင်းကို ကော့သောင်းမြို့ မှ လှေလုပ်ငန်းရှင်များမှ ပြောဆိုနေကြသည်။
စက်မှု (၂) ၀န်ကြီးဖြစ်စဉ်မှာလည်း စက်မှုဇုန်ကားထုတ်လုပ်ခွင့်လိုင်စင် ချပေးလျှင် တစ်စီးကို ကျပ်ဆယ်သိန်း ပေးရကြောင်း၊ စုစုပေါင်း အစီရေ (၃၀၀၀) ခန့် လိုင်စင်ထုပ်ပေး၍ တရားမ၀င် တင်သွင်းလာသော ကားများကို စက်မှုဇုန် လိုင်စင်ရအောင် ဆောက်ရွက်ပေးရသည့်အတွက် ပြည်သူတွေကြားမှာ ကယ်ရီခေါင်းဆောင် ဦးစိုးသိန်းဟု နာမည်ကျော်ကြားခဲ့ပါသည်။
ရွှေးကောက်ပွဲ နီးသည့်အခါ စက်မှုဇုန်ကားလိုင်စင် ထပ်မံချပေးပြီး မဲဆွယ်ခဲ့ပါတယ်။ ရွှေးကောက်ပွဲမှာ စက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ အရေအတွက်များသည့်အတွက် မဲအရေအတွက် များများရကာ ပြည်ထောင်စုဝန်ကြီး ထပ်မံဖြစ်လာပါသည်။
ဝန်ကြီးဖြစ်လာသည့်အခါ ကျပ် ၁ဝ သိန်းလာဘ်ယူပြီး ထုတ်ပေးထားသော တရားမ၀င် တင်သွင်းလာသည့် စက်မှုဇုန်ကားများကို ပြည်သူတွေ လက်ထဲရောက်သည့်အခါ ထပ်မံ၍ ဒါဏ်ငွေ ကျပ်သိန်း တစ်ရာခန့် ကို ဆောင်ခိုင်းပြီး သမ္မတကြီးကို ၀င်ငွေရှာနိုင်သည့် ၀န်ကြီးဌာနလို့ ပြောပြီး နေရာဝင်ယူပါသည်။ ဒါကို သမ္မတကြီးမှ သူ၏ အစွမ်းအစဖြင့် နိုင်ငံတော်အတွက် ၀င်ငွေရှာပေးသူဟု ထင်မှတ်ပြီး လုပ်ပိုင်ခွင့်များကို တာဝန်ထပ်မံပေးအပ်ခဲ့ပါသည်။
စက်မှုဇုန်များမှ လုပ်ငန်ရှင်များနှင့် ပြည်သူတွေမှာတော့ ဒုက္ခမျိုးစုံတွေ့ ၍ တရားစွဲဆိုခံရခြင်း၊ ဆင်းရဲမွဲတေသွားခြင်း၊ မရှင်းနိုင်၍ထွက်ပြေးရခြင်းများဖြစ်ပြီး ဦးစိုးသိန်းမှာတော့ လာဘ်လာဘများများရပြီး ရာထူးတိုးပွား သွားကာ စက်မှု (၁) ကိုပါ တွဲကိုင်ရပြီး တိုင်းပြည်အတွက် အလွန်အရေးကြီးသော MIC ဥက္ကဌ ရာထူးကိုပါ ရရှိသွားခဲ့ပါသည်။
MIC ဥက္ကဌဖြစ်သည့်အခါ သတင်းစာဆရာများ၊ မီဒီယာများကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ တွင်ရှိသော ဂုံးကျော်တံတားကြီး (၄) စင်းကို (၄) လ နှင့်အပြီး တည်ဆောက်ရမည်ဟု ခပ်တည်တည်နှင့် သတင်းစာရှင်းလင်းပွဲလုပ်ပြီး အစိုးရနှင့် ပြည်သူလူထုတို့ ကို လိမ်လည်ပြီး ပြောကြားခဲ့ပါသည်။ အဲဒီလိုလူမျိုးကို ရင်းနှီးမြှပ်နှံမှုဥက္ကဌ နေရာပေးထားတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်မည့် ကုပ္မဏီများက ဥက္ကဌ၏ နောက်ကြောင်း ရာဇ၀င် မကောင်းမှုများ၊ စကားလွယ်လွယ်ပြော၍ အစိုးရနှင့် ပြည်သူတွေကို ဗြောင်လိမ်သည့် ၀န်ကြီး၊ ဥက္ကဌဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံရန်အတွက် စိတ်မချရသောကြောင့် ရင်းနှီးမြုပ်နှံသည့်ကုပ္မဏီများ မလာနိုင်ရသည့် အကြောင်းအရင်းများ ဖြစ်သည့်အတွက် တိုင်းပြည် တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ MIC ဥက္ကဌ မှာ ၁ နာရီနှင့် အပြီး လုပ်ပေးမည်ဖြစ်ကြောင်းကို အစည်းအဝေးတွင် လူထင်အကြီးအောင် အမြဲပြောဆိုပြီး အတွေ့ အကြုံရှိသည့် လူများမှ အကြံပေးသည်ကို လက်မခံနိုင်သည့်ပြင် ရန်ရှာခြင်းဖြစ်သည်အထိ တုန့် ပြန်ပြောဆိုကာ မည်သူမှ သူ့ ကို အကြံဥာဏ် မပေးတော့ဘဲ ဘေးမဲ့ပေးထားရပါသည်။
နောက်တစ်ခုက တရုတ်ပြည်မှ ကားများကို စက်မှု (၂) မှ ထုပ်၍ ရောင်းသည်ဟု ပြောပြီး စက်မှု (၂) တံဆိပ် တပ်ပြီး ရောင်းချသော WAGON ကားများကို တင်သွင်းပေးသည့် ကုပ္မဏီများမှ တစ်စီးလျှင် ဒေါ်လာ (၃၀၀၀) သူ့ အတွက် ပေးရသည့်အတွက် မူရင်းစက်ရုံတွင် မှာယူသည့်အခါ သူ့ အတွက် ပေးရသည် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) အတွက်ကို တရုပ်စက်ရုံများမှ Quality လျော့ချပြီး မှာရသည့်အတွက် (၆) လအတွင်း ဂရင်းတိုက်ဂါးများ ပျက် စီးသွား၍ ပြည်သူပြည်သားများ နစ်နာ ဆုံးရှုံးခြင်းဖြစ်ပြီး သူ့ ကတော့ ချမ်းသာပြီးရင်း ချမ်းသာသွားပါသည်၊ ကားတင်သွင်းခွင့်ပေးတဲ့ ကုန်ပ္မဏီတွေကတော့ နာမည်တွေ ပျက်ပြီး ကျန်ခဲ့တာပေါ့၊ အစီးရေ (၅၀၀၀) သွင်းထားတော့ သူဘယ်လောက်ရမယ်ဆိုတာ တွက်ကြည့်ပါဆိုပြီး တရုတ်ကားတင်သွင်းတဲ့ ကုပ္မ္မဏီမှ ၀န်ထမ်းများက ပြောကြားပါတယ်။ ဒီကိစ္စကို စုံစမ်း စစ်ဆေးရင် အမှန်အတိုင်းပြောကြားမည့် လုပ်ငန်းရှင် ကုပ္မဏီကိုယ်စားလှယ်များမှ စစ်ဆေးမည့်သူကို မျှော်နေကြောင်း စာရေးသူကို ပြောကြားခဲ့ပါတယ်။
ဦးစိုးသိန်းရဲ့ လုပ်ရပ်တွေ၊ ဒုက္ခပေးတာတွေကို ခံစားရတဲ့ စက်မှုဇုန်လုပ်ငန်းရှင်များ၊ အလုပ်သမားနှင့် ပြည်သူတွေက နာကျီးပြီး ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ သူ့ ကို အရင်တစ်ခါ မဲပေးခဲ့တဲ့ ပြည်သူတွေက NLD အဖွဲ့ ကို အားလုံး မဲပေးခဲ့ကြသည့်အတွက် ပြည်ခိုင်ဖြိုးရှုံးတာ သူ့ကြောင့် ဖြစ်ကြောင်း၊ သူ့ ရဲ့ဒဏ်တွေကို ခံခဲ့ရတဲ့ ပြည်သူတွေ၊ ဒဏ်ကြေးဆောင်ခဲ့ရတဲ့ လုပ်ငန်းရှင်တွေ၊ ၀န်ထမ်းတွေ အားလုံးရဲ့ ခံစားရတာတွေ တစ်နေ့ သူ့ ဝဋ်လည်မယ်ဟု ပြောဆိုနေခဲ့ ကြပါသည်။
အဆိုးဆုံးတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် မဲသွားဆွယ်သည့်အချိန်မှာ ဦးစိုးသိန်းက လျှပ်ပြေးယာဉ် မငှားရဟု လုပ်ငန်းရှင်များကို ပြောပြီး ငှားသည့်သူ တစ်ကွေ့ ကွေ့ မှာ ဒုက္ခပေးမယ်၊ မင်းတို့  ယခင်က ငါးခိုးတာတွေ၊ မှောင်ခိုချတာတွေကို ဖေါ်ထုတ်ပြီး အရေးယူမည်ဟု ခြိမ်းခြောက်သော စကားပြောဆိုသည့်အတွက် လျှပ်ပြေးယာဉ်ပိုင်ရှင်များ မငှားရဲတော့ပါ။ ဒါကြောင့် လုပ်ငန်းရှင်အချိုက သူတို့ ပိုင်သည့် စက်လှေများကို တစ်ရက် (၅၀၀) ကျပ်သာ တောင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်အဖွဲ့ ကို ကူညီခဲ့ရသည်ဟု လုပ်ငန်းရှင်များက ပြောဆိုနေကြသည့်အပြင်၊ အနုပညာရှင် အသိုင်းအ၀ိုင်းမှ ဦးစိုးသိန်း၏ ယုတ်မာမှုတွေကို ဖော်ထုတ်ဖို့ လုပ်နေကြပါတယ်။
နောက်တစ်ခုက ဆူဇူကီးကုမ္ပဏီကို ပညာပြထားပြီး ထုတ်လုပ်ခွင့်ကို တစ်စီးလျှင် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) မရသည့်အတွက် ညစ်ထားတာကို တစ်တိုင်းပြည်လုံး အသိဖြစ်ပြီး လွတ်တော်ကနေတဆင့် ထုတ်လုပ်ခွင့်သက်တမ်းတောင်းထားကို သူ့ အတွက် လာဘ်မရသည့်အတွက် ခွင့်မပြုဘဲ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ ဆူဇူကီးကုမ္ပဏီကို ကြည့်ပြီး ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီတွေ နောက်ဆုတ်သွားတာ ဒေါင်းယောင်ဆောင်သော ကျီး ဖြစ်သူ ဦးစိုးသိန်းလက်ချက်ဖြစ်ပါတယ်။
ဒါကို သမ္မတကြီးက မသိတော့ ဂျပန်မှာ အတူတွဲထိုင်သူပြောတာကို နားယောင်နေသည့်အတွက် တိုင်းပြည် ဒုက္ခရောက်ရတော့မည်ဖြစ်သည့်အတွက် သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၊ ပြည်ခိုင်ဖြိုးအဖွဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ နှင့် စက်မှုဇုန် လုပ်ငန်းရှင်များ၊ ပြည်သူများ ဒုက္ခမရောက်ရအောင် အသိပေးပြောကြားခဲ့ရခြင်း ဖြစ်ပါသည်။
ကားတင်သွင်းမှုနှင့် ကိုယ်ကျိုးစီးပွား။
ကားတင်သွင်းခွင့်ကို ကုန်သွယ်ရေးမှ မူ (၆) ခါပြောင်းရတဲ့ အကြောင်းအရင်းကတော့ ကားတင်သွင်းရေးကော်မတီမှာ နာယက ဖြစ်တဲ့ MIC ဥက္ကဌ ဦးစိုးသိန်းနဲ့  ဦးအောင်မင်းတို့ ရဲ့ မတော်လောဘတွေကြောင့် ပြည်သူတွေ ဆုံးရှုံးနစ်နာပြီး ၄င်းတို့ နှစ်ဦးနှင့် ပတ်သက်သော ဆွေမျိုးများ၊ စီးပွားရေးလုပ်ငန်းရှင်များကသာ သိန်းပေါင်းများစွာ ချမ်းသာပြီး ပြည်သူတွေ ဘ၀ပျက်ခဲ့ကြရတာပါဟု ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
ယခင် ကညန မှတ်ပုံတင်ကြေးမှာ ကျပ်ထောင် ဂဏန်းသာရှိပြီး ယခုအခါ သိန်းရာဂဏန်းအထိ ကောက်ခံနေခြင်းဖြစ်ပါသည်။ ကုန်သွယ်ရေး ပါမစ်ကြေးကတော့ ကျပ်သုံးသောင်းဝန်းကျင်သာ ပေးရပါသည်။ ဥပမာ ဦးစိုးသိန်းနဲ့ သမ္မတကြီးကို ပေါင်းညာ ဖို့ သွေးသောက်ဖွဲ့ ထားတဲ့ ကိုအောင်မင်းဆိုပါတော့၊ ကိုအောင်မင်းရဲ့ တူတွေ သားတွေက ကားဟောင်းတွေ အပ်ခွင့်ရမဲ့အခေါက် မတိုင်ခင်မှာ တူတွေ သားသမီးတွေဆီမှာ ကားအစီး ၃၀၀ ကျော် လောက် လက်ထဲရောက်ပြီးတော့မှ ကားအဟောင်းတွေ အသစ်လဲခွင့် ဥပဒေကို ထုတ်ပြန်တာ မလွန်လွန်းဘူးလားဗျာ။
ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ရခြင်းရဲ့ ဇစ်မြစ်များ။
ဝန်ကြီး ဦးစိုးသိန်းဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လိုက်ပြီး ဂတိတွေပေး အထင်ကြီးအောင် သမ္မတကြီးမှ သူ့ ကို အထူးအာဏာကုန်လွှဲအပ်တယ်၊ ပြန်ပြီး တင်ပြစရာမလိုဘူးလို့ အထင်ကြီးအောင်ပြောပြီး တရားမ၀င် ကားတွေကို လိုင်စင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး မင်္ဂလာဝင်ယူနေပြီး၊ သူဟာ သမ္မတကြီးရဲ့ လူယုံ သူလုပ်လျှင် အားလုံး ဖြစ်တယ် ပြောဆိုကတိတွေပေးပြီး နေရာဝင်ယူပါတယ်။
ပြောဆိုလို့ မရတဲ့ DKBA ခွဲထွက်အဖွဲ့  ဗိုလ်နှုတ်ခမ်းမွှေးအဖွဲကိုတော့ ထိုင်းအစိုးရထံ အကူအညီတောင်းပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေအဖြစ် ချောက်တွန်းပြီး ဒုက္ခပေးခဲ့တယ်။ ထိုင်းအစိုးရအဖွဲကို ရင်းနှီးတဲ့ တစ်ချိန်က ၀ါးလတ်၊ ငါးဖမ်းလှေပိုင်ရှင်တွေကတစ်ဆင့် ဆက်သွယ်ပြီး ဒုက္ခပေးခဲ့တဲ့အကြောင်း xxxx အဖွဲ့ မှ အစည်းအဝေးတစ်ခုမှာ ဆုံခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးမှ သတင်းပေးပို့ ခဲ့ပါသည်။
သွေးသောက်ကြီး ကိုအောင်မင်းကလဲ အရင် ထောက်လှမ်းရေးဟောင်းလို့  မပြောရဘူး။ ထောက်လှမ်းရေးဥာဏ်တွေ ရှိနေတုံးဘဲ၊ အဲဒီခေတ် မရှိတော့ဘူးဗျ။ ခင်ဗျားကိုလဲ ဘယ်သူက ယုံကြည်လို့ လဲ၊ ကိုအောင်မင်းကြီး ကချင်တွေ ကရင်တွေ စည်းရုံးတာ အောင်မြင်နေပြီလား။
ကချင်ကို ခင်ဗျားတို့ သွားစည်းရုံးလိုက်တာလဲ ဖားကန့် မှာ ကျောက်တောင် တူးလို့ မရတော့ဘူး။ စည်းရုံးတယ်ဆိုတာ စက်မှု ၂ က နံမယ်ခံထုတ်တဲ့ တရုပ်ကား ၃ စီးလောက်ကို ခေါင်းဆောင်ပိုင်းတွေ ပေးပြီး စည်းရုံးတိုင်းလဲ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ခင်ဗျားတို့ က ခေါင်းဆောင်တွေကို လက်ဆောင်လေး သွားပေးတာနဲ့ ငြိမ်းချမ်းရေးရမယ် ထင်လို့ လား။ အောက်က ငယ်သားတွေ ဘာနဲ့ စားမလဲဆိုတာအတွက် ခင်ဗျားတို့  စဉ်းစားမိရဲ့လား။ ခင်ဗျားတို့ ကြောင့် ကရင် ခေါင်းဆောင် ၃ ယောက်လဲ ဖြုတ်ထုတ်သတ် လုပ်ခံလိုက်ရပြီ။ ခင်ဗျားတို့ စည်းရုံးရေး ဆင်းခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွေးတို့ အဖွဲ့ လဲ အောက်တိုဘာ ၁၀ ရက်နေ့ လောက်ကတည်းတွေ လမ်းမှာ ဂိတ်ထိုးပြီး ဂိတ်ကြေးပြန်တောင်းနေတာကို ကြည့်ရင် ခင်ဗျားတို့ စည်းရုံးရေး အောင်မြင်လား မအောင်မြင်လား သိသာနိုင်တယ်။ ကိုအောင်မင်းကြီး တိုင်းရင်းသားတွေ သွားမစည်းရုံးခင် ခင်ဗျားရဲ့ သမီးနဲ့  တူကိုဘဲ ရအောင် စည်းရုံးကြည့်ပါအုံး။
ပြည်တွင်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် တကယ်ဖေါ်ဆောင်နိုင်ဖို့ အတွက် အပြောနဲ့ အလုပ်တွေ အကုန်ညီမှ ဖြစ်မယ်။ ပြောနေတာတစ်မျိုး လုပ်နေတာတစ်မျိုးဖြစ် လို့ မရဘူး။ မူရော လူရော ပြင်ဖို့ လိုတယ်။ ဥပမာ အခြေခံအကျဆုံး သဘောတရားလေး ပြောပြမယ်။
မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးနေပါပြီဆိုပြီးတော့ ကရင်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ၂၅% စစ်တပ်က တင်ပေးလိုက်တဲ့ ဦးဇော်မင်းကို ပေးထားကတည်းက ဘယ်လိုလုပ်ပြီးတော့ တည်ငြိမ်မှု ရှိပါတော့မလဲ။
နဂိုကတည်းက လူပေလူညစ်အဖြစ် နာမည်ကြီးတဲ့သူကို ရွေးပြီး ၀န်ကြီးချုပ်ပေးထားမှ တော့ ဟိုကလဲ ကြုံရင်ကြုံသလို သမတော့ တိုင်းရင်းသားတွေလဲ ဘယ်ခံနိုင်မလဲ။ ကရင်ပြည်နယ်အတွက် အကောင်းဆုံးက နောက်ဆုံး စစ်ဖက်ကဆိုရင်တောင်မှဘဲ ကရင်တိုင်းရင်းသားထဲက တစ်ယောက်ယောက်ဘဲ ဖြစ်သင့်တာပေါ့။
ပိုဆိုးတာက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အစိုးရ ကိုယ်စားလှယ် ရွေးချယ်မှု သူ့ ထက် အသက်အများကြီးငယ်တဲ့ မိုးသီးဇွန်ကို ကိုကြီးမိုးသီးဇွန်လို့  ခေါ်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီး ဦးအောင်မင်း။ ဦးဌေးမြင့်အိတ်ဆွဲ အဆင့်ဘဲရှိတဲ့ လှမောင်ရွေကို ဆရာတင်ပြီး ခင်ဗျား ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်လို့  ရမှာလဲဗျာ။
ခင်ဗျားပြောတာတွေကလဲ မသိတဲ့သူတွေအတွက်ကတော့ အဟုတ်တွေကြီးဘဲ။ ခင်ဗျား ထောက်လှမ်းရေး ဘ၀တုံးက ဘယ်သူ့ မှ ထောင်မချခဲ့ပါဘူးတဲ့။ အဲဒီတုံးက ခင်ဗျားရထားတဲ့နေရာက ထောင်ချ လို့ မရတဲ့ အဆင့် ဖြစ်နေတယ်ဆိုတာပါ ဆက်ပြောပြသင့်တာပေါ့။
ဒီထက်ပိုပြီးတော့ ပြောပြသင့်တာက ခင်ဗျား တိုင်းမှူးဘ၀တုံးက ကရင်တွေကို အပြတ်ရှင်းခဲ့တဲ့ အကြောင်းကြတော့ ဘာဖြစ်လို့ ချန်ထားတာဘဲဗျ။ အဲဒါတွေ ခင်ဗျားမလုပ်လို့ ဘယ်သူလုပ်ခဲ့တာလဲ။ သူတို့ က ခင်ဗျား ပုဆိုးနဲ့  တိုက်ပုံဝတ်လာလို့  အဲဒါတွေ မေ့သွားကြပြီ ထင်နေလား။
ခင်ဗျား မရှက်ဘူးလားဗျာ ထိုင်းမှာတုံးက ခင်ဗျားကို စာအိတ်ထဲ သေနတ်ကျည်ဆံ လာပေးသွားတယ်ဆိုတာ။ သမ္မတကြီးကို မျက်နှာရချင်တာနဲ့ ခင်ဗျားလုပ်တဲ့ အလုပ်ကဘဲ အသက်ဘေးတောင် ရှိသလို ဖွလိုက်သေးတယ်။ ဘယ်မှာလဲ အဲဒီသေနတ်ကျည်ဆံ။ ခင်ဗျားကို ဘယ်သူကမှ ကျည်ဆံအကုန်ခံပြီးတော့ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး။
ခင်ဗျားနဲ့  ခင်ဗျား သွေးသောက်ကြီး ဦးစိုးသိန်းကတော့ စံပါဘဲဗျာ။ သမ္မတကြီး အထင်ကြီးအောင် အသံကောင်းတွေ ဟစ်ပြ၊ ပြီးရင် ပိုရလာတဲ့ အဏာနဲ့ ခွင်တွေ အပြည့်ရိုက်ကြ။ ဦးအောင်မင်းရဲ့ တူ အောင်စိုးသာ ကားအဟောင်းတွေ မဖျက်သိမ်းခင်တုံးက အစီး ရာနဲ့ ချီပြီးတော့ အရင် ၀ယ်ပြီးတော့မှ ဦးစိုးသိန်းက ဥပဒေထုတ်တယ်။ ဘယ်လောက် သိန်းနဲ့ သန်းနဲ့ ချီပြီးတော့ မြတ်ခဲ့ကြလဲဆိုတာ ခင်ဗျားတို့  သမ္မတကြီးကို မပြောပြကြဘူးလား။
ရိုဟင်ဂျာတွေ ဘယ်လိုရောက်လာသလဲ။
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ၀င်ရောက်ခွင့်ပေးလို့ ရောက်လာရတာပါ။
ဦးစိုးသိန်း တပ်မတော်ရေတပ်တွင် တာဝန် ထမ်းဆောင်စဉ် ၁၉၉၀ ခုနှစ်မှစပြီး ပင်လယ်ပြင်တွင် ရေတပ် ဂိတ် (၄) ခု စစ်ဆေးရေး ဂိတ်အနေဖြင့် ထားပြီး လှေတစ်စီးကို တစ်ဂိတ် (၂) သိန်း နှုန်း နှင့် (၄ ) ဂိတ်အတွက် ကျပ် (၈) သိန်းပေးပြီး ၀င်ရောက်ခွင့်ရသည့်အတွက် ရောက်ရှိလာကြောင်း ရိုဟင်ဂျာအဖွဲ့ မှ အတိအလင်း ပြောကြားပါသည်။ တာဝန်ရှိသူများအနေဖြင့် တိုင်းပြည်ကို ဒုကရောက်အောင် မစဉ်းစား မဆင်ခြင်ဘဲနှင့် လာဘ်ငွေယူပြီး ခြံဝယ် အိမ်ဝယ်နဲ့  တိုင်းပြည်ကတော့ ဒုက္ခရောက်ခဲ့ပါတယ်။
ရေတပ်က အရာရှိအရာခံများကို ဦးစိုးသိန်းကို ကြိုက်မကြိုက် စစ်တမ်းကောက်ကြည့်ရင် ၉၅% က မကြိုက်ဘူး။ ကြိုက်တဲ့ ရာခိုင်းနန်းကလဲ သူ့ ဆွေမျိုးမကင်းတွေ ဘဲ ဖြစ်လိမ့်မယ်။
ဒါတင်မကဘဲ နာဂစ်ဖြစ်တုန်းကလည်း သူ့ လက်အောက်ရှိ ရေတပ်သင်္ဘောတွေကို လောင်စာဆီတွေ မထုပ်ပေးဘဲ ထားတာကြောင့် နာဂစ်ဖြစ်တဲ့ အချိန်မှာ ရေတပ်သဘောင်္တွေ ဆီမရှိတာကြောင့် နစ်မြုပ်ခြင်း၊ ပြည်သူလူထုကို မကယ်ဆယ်နိုင်ခြင်း၊ တပ်မတော်ပိုင် ရေတပ်သင်္ဘော အမြောက်အများ ဆုံးရုံးခြင်းတို့ ဖြစ်ပြီး လူ့ အသက်ပေါင်းများစွာ ဆုံးရှူံးခဲ့ရပါတယ်။
ယခုအခါလည်း သူ့ ပိုင်အိမ်ခြံမြေများကို သားတပည့်ဖြစ်သူ မားသားလမ်(န်) ကုပ္မဏီမှ ဦးအောင်မြတ် ဆိုသူကို အားလုံး ရောင်းချခိုင်းပြီး နိုင်ငံခြားတွင် ပို့ ခိုင်းထားကာ သူတော်ကောင်းယောင်ဆောင်ပြီး သမ္မတကြီးဘေးတွင် အကာအကွယ်ယူ၍ တိုင်းပြည်ကို ဒုက္ခရောက်အောင် ထပ်မံကြံရွယ်နေကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်ကို အကြည်အငြိုပျက်စေသူ။
MIC ဥက္ကဌရဲ့ အာဏာကိုယူပြီး တရုပ်ကား ကုပ္မဏီ (၂) ခုကို တစ်စီး ဒေါ်လာ (၃၀၀၀) ယူပြီး တရားမ၀င်တင်သွင်းပြီး စက်မှု (၂) တံဆိပ်တပ်ပြီး ရောင်းတဲ့ တရုတ်ကားတွေကို အခွန်ကင်းလွတ်ခွင့်ရအောင် MIC ခွင့်ပြုမိန့် စီစဉ်ပေးပြီး ကားများကို တစစီဖြုတ်၍ ပြန်လည် တပ်ဆင်ပြီး တရားဝင် ရောင်းချရန် စီစဉ်နေကြောင်း စက်မှု (၁) ၀န်ထမ်းများက သတင်းပေးထားပါသည်။
ဦးစိုးသိန်းရဲ့ သားတပည့်တစ်ဦးဖြစ်သူ မားသားလင်းဒ် ကုမ္ပဏီ မှ ဦးအောင်မြင့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်မှာ သမ္မတကြီးကိုယ်စား ဦးစိုးသိန်းအား လုပ်ပိုင်ခွင့်ပေးထားသော ၀န်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) စက်မှုဝန်ကြီးဌာန၊
(၂) ရထားပို့ ဆောင်ရေး ၀န်ကြီးဌာန၊
(၃) သတ္တုတွင်းဝန်ကြီးဌာန၊
(၄) ဆောက်လုပ်ရေး ၀န်ကြီးဌာန၊
(၅) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
(၆) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊
(၇) အလုပ်သမား ၀န်ကြီးဌာန၊
(၈) ပို့ ဆောင်ရေး ၀န်ကြီးဌာန၊
(၉) စွမ်းအင်ဝန်ကြီးဌာန၊
(၁၀)ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာန၊
(၁၁) စီးပွားကူးသန်း။
အဆိုပါ ၀န်ကြီးဌာနများနှင့် ဆက်သွယ်လုပ်ဆောင်လိုပါက
အကုန်လုံး ဆက်သွယ်လုပ်ပိုင်ပေးနိုင်မည်ဖြစ်ဆိုပြီးလည်း ထိုအသိုင်းအ၀ိုင်းမှ ပြောကြားနေကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှ့မှုကော်မရှင်မှာ ဦးစိုးသိန်း ဥက္ကဌလုပ်နေသရွေ့ ကတော့ ဘယ်ရင်းနှီးမြှုပ်နှံမှုက ရောက်လာမှာမဟုတ်ဘူးဆိုတာ နိုင်ငံခြားသတင်းဌာန တွေရဲ့ သတင်းတွေမှာ ကြည့်ရင် သိနိုင်တယ်။
နိုင်ငံခြားခရီးများတွင် ဦးစိုးသိန်းရဲ့လုပ်ဆောင်ချက်များ။
သူ့ ကိုယ်သူ ၁ ၁/၂ သမ္မတကြီးဟု ပြောဆိုပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာလို့  အမေရိကန်ရောက် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ၏သမီးထံမှ ကြားသိခဲ့ရသည်။ လာဒ်မစားဘူးဟု ကြွေးကြော် အော်ဟစ်နေသော်လည်း တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ကော်မရှင် ၂၀% ယူပြီး တင်ဒါ မခေါ်ဘဲ လှည်းတန်းဂုံးကျော် တံတားများ လုပ်ကိုင်ခွင့်ပေးပြီးသည့်အပြင် သူ ၁ ၁/၂ ရာထူးသို့  ထပ်မံ ရောက်ရှိလာသော အာဏာကို အသုံးချပြီး နိုင်ငံပိုင် မြေနေရာများကို အိမ်ယာစီမံကိန်း ဖော်ထုတ်ဖို့ အတွက် ထုံးစံအတိုင်း ၂၀% ကော်မရှင်ယူပြီး ရွှေတောင် ကုမ္ပဏီကို ထုံးစံအတိုင်း တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်ပေးရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြပြီးစီးနေပြီဖြစ်ကြောင်း ဦးစိုးသိန်းမှ ရွေတောင် ကုမ္ပဏီသို့  ဖုံးဖြင့် ပြောကြားနေကြောင်း သတင်းရရှိပါသည်။ ဦးစိုးသိန်းသည် ဒုတိယ သမ္မတ နှစ်ဦးထက် ရာထူးပိုမြင့်ကြောင်း၊ လုပ်ပိုင်ခွင့် အများဆုံးရသည့် ပုဂိုလ်ဖြစ်ကြောင်း၊ သမ္မတကြီးမှာ ကျန်းမာရေး အခြေအနေကြောင့် လုပ်ငန်းတာဝန်များ အုပ်ချုပ်မှုတာဝန်နှင့် စီးပွားရေးကိစ္စများကို သူ့ ကိုလွဲထားကြောင်း ပြောဆိုပြီး စီးပွားရေး လုပ်ဆောင်လိုလျှင် သူတာဝန်ယူကြောင်း ပြောဆိုမိတ်ဆက်နေပါသည်။
ဘဏ်မတည်ငြိမ်မှု ပြဿနာ ရဲ့ အရင်းအမြစ် ကောလဟာလ သတင်းဟာလဲ သမ္မရုံးဝန်ကြီး (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဦးစိုးသိန်းက အမေရိကားမှာ ယခင်က ခရိုနီဖြစ်ခဲ့ဖူးတဲ့ ကဘ္မောဇဘဏ်နဲ့  ဧရာဝတီဘဏ်တို့ ကို စီစစ်အရေးယူသွားမည်ဟု ပြောဆိုခဲ့ရာမှ သတင်းတွေ ပွားလာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
သမ္မတကြီး၏ သားမက်ဖြစ်သူ စင်္ကာပူတွင် ဆေးသွားကုသည်ကို ကဘ္မောဇဘဏ်က စပွန်စာ ပေးခဲ့သည့် ကိစ္စကို မကျေနပ်တဲ့အတွက် ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်တယ်လို့ လည်း သိရပါတယ်။
နောက်ပိုင်းမှာတော့ ရွေတောင်ဆောက်လုပ်ရေးမှ အောင်ဇော်နိုင်နှင့် ဦးစိုးသိန်း အစည်းအဝေးလုပ်ကြပြီး ကဘ္မောဇဘဏ်နှင့် ပတ်သက်သည့် ကောလဟာလ အောင်မြင်ကြောင်း ၂ ဦးပြောကြားကြပါတယ်။
ကိုရီးယားနိုင်ငံကို ရောက်ရှိစဉ်တုံးကလဲ (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဦးစိုးသိန်း (နာဂစ်) သည် ကိုရီးယား ရင်းနှီးမြုပ်နှံမှု ကုပ္မင်္ဏီများကို ဖိတ်ကြားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအတွက် ၄င်း၏ခရိုနီ အမ်ဒီများဖြစ်ကြသော မားသားလင်းကုပ္မဏီမှ အောင်မြတ်၊ ရွေသံလွင် ကျော်ဝင်းလေး ကုပ္မဏီ၊ ရွေတောင်ကုပ္မဏီ၊ ကယ်ပီတယ် ကိုကိုကြီး၊ မားမား ဘိုးရာဇာ မျိုးထွေး၊ ဂရမ်းဝီစကီ အောင်မိုးကျော်တို့ နှင့် ပူးတွဲရွေ့ လုပ်ကိုင်နိုင်ကြောင်းကို ကိုရီးယားစီးပွားရေးသမားများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထုံးစံအတိုင်း သူ့ အတွက် ကတော့ ၂၀% ပါ။
၎င်းကုပ္မဏီအဖွဲ့ များသည်း သူနှင့်အတူ သမ္မတရုံးတွင် အတူရုံးထိုင်ကြောင်းနှင့် ကယ်ပီတယ် ကိုကိုကြီး (ထိုင်ဝမ်) ထောက်လှမ်းရေးအဖွဲ့ ဝင်အား လက်နက်များမှာပြီး လွတ်တော်အဖွဲ့ ကို လုပ်ကြံရန် ကြံစည်နေကြောင်း ကိုးရီးယား အသိုင်းအ၀ိုင်းမှ ပြောကြားပါသည်။
ဦးစိုးသိန်း (နာဂစ်) ၏ အခြားလုပ်ဆောင်ချက်များ။
သူ့ ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရေချုပ် ဦးဥာဏ်ထွန်းကို ဒုတိယသမ္မတနေရာ မပေးချင်သည်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဒုတိယသမ္မတတင်ရန် အမျိုးမျိုးကြံစည်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးအား ဦးမြင့်ဆွေရဲ့ သားသမီး လက်ရှိ ပေါင်းသင်နေထိုင်တာကို သိလျှက်နှင့် ကွာရှင်းစာချုပ်ကို လွန်ခဲ့သော ၁ နှစ်ခွဲ ခန့် ကတည်းက ကွာရှင်းထားကြောင်း အတုလုပ်ခိုင်းပြီး ဒုတိယသမ္မတနေရာသို့ ပေးရန် ကြံစည်ခဲ့ပြီး၊ လွတ်တော် ဥက္ကဌ သူရရွေမန်း နှင့် ဦးဌေးဦးတို့ မှ လက်မခံသည့်အတွက် သူတင်သော ဦးမြင့်ဆွေ ဒုတိယသမ္မတ မဖြစ်ခဲ့ပါ။
ဦးဥာဏ်ထွန်း သာ ဒုတိယသမ္မတ ဖြစ်ခဲ့သည့်အတွက် နောက်တဖုံ ကြံစည်ပြီး ဒုတိယသမ္မတရဲ့လုပ်ပိုင်ခွင့်များ လျော့နည်းလာပြီး သူ၏ လုပ်ပိုင်ခွင့်များ ပိုများလာစေဖို့ အတွက် သမ္မတရုံးဝန်ကြီးဟု ထပ်မံအကောင်အထည်ဖော်ပြီး လုပ်ငန်းများအားလုံးကို လွဲယူပြီး ၁ ၁/၂ သမ္မတဟု ထပ်လုပ်ပြီး တိုင်းပြည်၏ လုပ်ပိုင်ခွင့်များရဲ့ ၃ပုံ ၂ပုံကို ရယူ၍ လာဒ်ယူရန် ကြံစည်နေကြောင်း ကြားသိနေရပါသဖြင့် သမ္မတကြီး အနေဖြင့် ကြိုတင်ပြီး လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် တာဝန်သိပြည်သူတစ်ရောက်အနေနဲ့  အသိပေးအပ်ပါသည်။
ဦးစိုးသိန်းရဲ့ သားနဲ့ သမီး အမေရိကားမှ ကောင်းကောင်းနေဖို့ အတွက် ပိုက်ဆံတွေ ရွေ့ ခိုင်းထားတယ်။ တပည့်ဖြစ်သူ အောင်မြတ်ကို ရွေတွေ ၀ယ်ခိုင်းပြီး စုဆောင်းခိုင်းနေတာ နောက်ရွေးကောက်ပွဲအတွက် ထုတ်သုံးဖို့ ရန်ပုံငွေ ရှာနေတာလား။ ထိုင်ဝမ် ထောက်လှမ်းရေး ဒုံးပျံဂျံစက်က ကိုကိုကြီးနဲ့  ပေါင်းပြီးတော့ လက်နက်တွေ မှာ စမ်းသွင်းတာလဲ ခင်ဗျားတို့ ဘဲ မဟုတ်လား။ တရုတ်ကို ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ အကွက်တွေလဲ သိပ်ခင်းပြမနေပါနဲ့ ။
ခင်ဗျားတို့ ဒေါင်းယောင်ဆောင်တဲ့ ကျီးနှစ်ယောက် ဆရာကို အာခံရင် အာခေါင်လှံစူးတတ်တတ်ဆိုတာ မြဲမြဲ မှတ်ထားပါ။ ခင်ဗျားတို့  လာဘ်စားထားနိုင်ခဲ့တဲ့ငွေတွေ သိန်းနဲ့ သန်းနဲ့ ချီ ရလာအောင် ခင်ဗျားတို့ ကို ဒီဘ၀ရောက်အောင် လုပ်ပေးခဲ့တဲ့ ခင်ဗျားတို့ ဆရာအရင်းတွေကို ခင်ဗျားတို့ မမေ့သင့်ပါဘူး။
ဦးစိုးသိန်းရောဘဲ။ ခင်ဗျား သမီး အမေရိကားမှာ အမေ၇ိကန်နဲ့  အိမ်ထောင်ကျပြီးတော့ အမေရိကားမှာဘဲ နေတာတောင်မှာ ခင်ဗျားက ၁ ၁/၂ သမ္မတကြီး (ခေါ်) သမ္မတရုံးဝန်ကြီး တက်ဖြစ်နိုင်သေးရင်
ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးဖို့ ကျတော့ ဥပဒေက ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်နေတာလဲဗျာ။ ဘာလဲ ဥပဒေကဘဲ ၂ မျိုး ပြဌန်းထားလို့ လား။
ဦးစိုးသိန်းနဲ့  ဦးအောင်မင်းတို့ နှစ်ယောက် အင်တာဗျူးတွေမှာ ရွန်းရွန်းဝေအောင် ပြောတာထက်စာရင် ကိုယ့်ဖာသာကိုယ်
- ကိုယ့်အတွက် အလုပ်အလုပ်နေကြတားလား၊
- တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာလား၊
- သမ္မတကြီးကို လိမ်ဖို့ အလုပ်လုပ်နေကြတာလား၊
အရင်ဆုံး သေချာအောင် ပြန်စဉ်းစားကြည့်ကြစဉ်းပါအုံးဗျာ..
အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်ချင်တယ်ဆိုရင် တစ်ခြားဝန်ကြီးတွေ ဖယ်သလို ဒီလိုလူမျိုးတွေကို ဖယ်ဖို့ သင့်ပြီ။
ဒီထက် ပိုဖြစ်သင့်တာက ကာယကံရှင်ဖြစ်တဲ့ ခင်ဗျားတို့ တွေမှာ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့ စေတနာလေး တကယ် ရှိခဲ့တယ်ဆိုရင် ခင်ဗျားတို့ တွေ ကိုယ့်ဖာသာကို ထွက်စာတင်ပြီး နှုတ်ထွက်သင့်ပြီ။ သမ္မတကြီးပြောတဲ့အထိ နောက် ၂ နှစ်သက်တမ်းကုန်မဲ့အထိ စောင့်မနေပါနဲ့ ဗျာ။
ခင်ဗျားတို့  ရှိတာနဲ့ လည်း ခင်ဗျားတို့ မိသားစုတွေ နောက် ၁၀ သက် စားမကုန်ပါဘူးဗျာ။
တိုင်းပြည်နဲ့  ပြည်သူတွေမျက်နှာကို ငှဲ့ ပါအုံး။
အသိပေးတင်ပြသူ -
အပြောင်းအလဲကို လိုလားသော စစ်သားဟောင်းတစ်ဦး။

ပိုင်ရှင်ရှာမရသည့် 11ဘီလီယံ နှင့် မြန်မာပြည်မှ စစ်သူခိုးများ

0 comments

ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထို့သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်းတစ်ခု ပါဝင်နေကြောင်း သတင်းများ အပေါ် မြန်မာသံတော်ဆင့်မှ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက …““သူတို့သတင်းစာ ရှင်းလင်းမယ် လေ။ ၂၀ရက်နေ့ဆိုတော့ မနက်ဖြန်ပေါ့။ အဲဒီမှာပဲ တစ်ခါတည်း မေးလိုက်တာ ကောင်းပါတယ်။ ဘဏ္ဍာ အခွန်က ရှင်းလိမ့်မယ်လေ”” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။
၎င်း ၁၁ ဘီလီယံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၌ ကျင်းပမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ရရှိသော အချက်အလက်များဖြင့် BIC(Bank of Information Center) မှ အာရှ အစီအစဉ် မန်နေဂျာ Mr. Jelson Garcia က ထုတ်ဖော် ပြောကြားခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် -
(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေ ကြောင်း၊ တစ်ဘီလီယံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့် ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလီယံနီးပါး အထိ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့် အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။
““မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ် နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့ လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူ့အကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီ အကောင့်ငါးခုမှာ ၁၁ ဘီလီယံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး””ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအား ကြွေးမြီနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း သုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုနှင့်ပတ်သက်၍ မသိကြသေးကြောင်း ၄င်းက ထုတ်ဖော်ခဲ့သည်။
Mr. Jelson Garcia က ““အဲဒီအတွက် မြန်မာနိုင်ငံကို option သုံးခုထုတ်တယ်။ ၁၁ ဘီလီယံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲက ထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေး ဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့ သူကိုရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေ ပေါင်းပြီး Truth Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီ အကောင့် ငါးခုကို ခုထိ မြန်မာပြည်သူတွေ မသိသေးဘူး”” ဟု Mr. Jelson Garcia က ဆက်လက် ပြောကြားသည်။
ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက်ဖြေရှင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေး ကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့် ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့်ငွေ စုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။
မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး ၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။
နိုင်ငံတွင် အကြွေး ၁၁ ဘီလျံ ရှိနေချိန် နိုင်ငံတော် အစိုးရသည်ပင် အကြွေးဆပ်ရန် မထိရဲခဲ့သော ဘဏ်စာရင်း ငါးခုထဲတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်း ငါးခုကြောင့်လည်း နိုင်ငံတော် အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမည့် ချေးငွေများကိုမူ ရယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့် နိုင်ငံခြားဘဏ်များတွင် သွားရောက်အပ်နှံထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။
အတိုးများများဖြင့် ယူသုံးပြီး အတိုးနည်းနည်းသာ ပြန်ရမည့် ဘဏ်များတွင် ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည် ဆိုခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီ ဖြစ်ကြောင်းနှင့် ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့် ဘဏ်စာရင်း သို့မဟုတ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ဘဏ်စာရင်း ဟုတ်မဟုတ် ရှင်းလင်းရန် လိုအပ်လာသည်။
နိုင်ငံတော်၏ သစ်၊ ကျောက်မျက်၊ တွင်းထွက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့ အပါအ၀င် နိုင်ငံ့သယံဇာတများ ရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊ နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများ ပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများ ပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် သယံဇာတ အရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် ဥပမာအားဖြင့် လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိ မြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းပေါင်း များစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများ အဆိုပါ ဘဏ်စာရင်းများထဲ၌ ပါနေခြင်း ရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့် အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။
နိုင်ငံနစ်နာသည့်အတွက် အဆိုပါ ဘဏ်စာရင်း ငါးခုအား နိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန် လိုအပ်လာကြောင်းနှင့် အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်လာကြောင်း၊ အရေးယူသင့်လျှင်ပင် အရေးယူရမည် ဖြစ်သည်ဟု ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။
ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့် ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။
စီးပွားရေး ပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း အထိပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း ၂၀၀၀ ကျော် ပမာဏအထိ ချေးယူသုံးစွဲ ထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည့် ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူ ရဦးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့် ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင် အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိ ပြန်ဆပ်ရန် ကျန်နေသေးသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း မြင့်မားစွာဖြင့် ယူထားသော ချေးငွေများ အပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိ ရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘ၀ အကျပ်အတည်းများကို အစိုးရသစ် ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊ နိုင်ငံတကာ အကြွေးအားလုံးကို တစ်ချက်တည်းဖြင့် အကြေဆပ်နိုင်သည့် ငွေပမာဏများကို နိုင်ငံခြားတွင် အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင် အများပြည်သူ အနေဖြင့်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။
၁၉၈၈ ခုနှစ် မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အေဒီဘီချေးငွေ ၃၅၆ ဒသမ ၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀ ဒသမ ၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ ဒသမ ၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈ ဒသမ ၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄ ဒသမ ၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆ ဒသမ ၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉ ဒသမ ၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂
စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ
(အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်
၁၉၈၈ ခုနှစ် နောင်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ
(အမေရိကန် ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ ဒသမ ၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ ဒသမ ၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄
စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀
ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်း ပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးကျေသွားပြီ ဖြစ်သော်လည်း အဆိုပါ အကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ဆိုသည့် ပမာဏမှာ မြန်မာ့ သဘာဝဓာတ်ငွေများ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့် ငွေစုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်)ဟု ဖော်ပြထားသည်။
ယင်းကိစ္စရပ်များတွင် ယခင် စစ်အစိုးရလက်ထက် အကြီးအကဲအချို့၊ ၄င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့ ပါဝင် ပတ်သက်လျက် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သံတော်ဆင့်

Sunday, July 5, 2015

ရေတပ်ဦးစီးချုပ်ဘ၀ကနေ ဘောင်းဘီချွတ်ပြီး ၀န်ကြီးဖြစ်လာသူ စိုးသိန်း၏အကြောင်း တစေ့တစောင်း။

0 comments

ဒီမိုကရေစီနိုင်ငံများရဲ့ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲကာလတွေမှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းများအနေနဲ့ မဲဆွယ်ကြတာတွေ၊ စည်းရုံးဟောပြောတာတွေ၊ စကားစစ်ထိုးပွဲတွေ တွေ့ဖူးကြမှာပါ။ မိမိရွေးချယ်ခံရလျှင် စီးပွားရေးကို ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်မယ်… ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မယ်… ပညာရေးကဏ္ဍကို ဘယ်လိုမြှင့်တင် မယ်… စသဖြင့် ပြောဆိုစည်းရုံးလေ့ရှိပါတယ်။
ကျုပ်တို့နိုင်ငံမှာလည်း သမ္မတရုံးဝန်ကြီးတစ်ယောက်က ၁ နာရီအတွင်းလုပ်ပေးမယ်။ ၁ နှစ်အတွင်းလုပ်ပေးမယ်။ ၃ နှစ်အတွင်းလုပ်ပေးမယ်နဲ့ အာဂကတိကဝတ်တွေနဲ့အတူ သမ္မတလောင်း မဲဆွယ်သလို ဘဝင်လေဟပ်၊ ပက်ပက်စက်စက်ပြောထွက်နေတာ နားခါးလွန်းလှပါတယ်ဗျာ။
သမိုင်းကြောင်းလေးတွေက သိပ်မကြာလှသေးပါဘူး… မေ့ချင်ယောင်မဆောင်ပါနဲ့ဦး… ဖျောက်ဖျက်ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့… ခဲရာခဲဆစ်တူးဖော်ဖို့မလိုတဲ့ မဝေးသေးခင် ကာလကလုပ်ဆောင်မှုလေးတွေကို facebook ပရိတ်သတ်ကြီးအတွက် ရှာဖွေတင်ပေးလိုက်ပါတယ်။ ကျောချမှ ဓားပြမှန်းသိရတယ်လို့ မဖြစ်ရအောင် ပြည်သူများသို့ ကြိုတင်အသိပေးခြင်းသဘောဆိုလည်း မှန်ပါလိမ့်မယ်။
ဦးစိုးသိန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်အချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး အဆင့်ထိရှိခဲ့ပါတယ်ဗျာ။ သူ့ရဲ့ ပြီးစလွယ်လုပ်ရပ်တွေ၊ လက်လွတ်စပယ်ပြောခဲ့တာတွေ၊ တပ်မတော်နဲ့ နိုင်ငံတော်အပေါ် လိမ်လည်ခဲ့တဲ့မှတ်တမ်းတွေက သူ့သမိုင်းကို ပုံဖော်နေမှာမို့ ဦးစိုးသိန်း ဘယ်လိုလူလဲသိရအောင် လေ့လာကြည့်စေ လိုပါတယ် –
– ရေတပ်ဦးစီးချုပ်ဘ၀တုန်းက လိမ်လည်ဝယ်ယူတည်ဆောက်ထားခဲ့တဲ့ 108 m Frigate (၂)စီး အကြောင်း (အခုထိ သုံးလို့မရဘူးလို့ သိရပါတယ်)။
– နာဂစ်တိုက်မည်မှန်း သိသော်လည်းပဲ စစ်သင်္ဘောတွေမောင်းလို့ရအောင် အောက်ခြေကို ဆီအပြည့် မပေးဘဲ ထုတ်စား၊ ရောင်းစားခဲ့တဲ့အတွက် နာဂစ်မှာ စစ်သင်္ဘောတွေ ဆီမရှိလို့မောင်းမရဘဲ နစ်မြုပ် သွားရခြင်းကြောင့် ရေတပ်ဦးစီးချုပ်ရာထူးကနေ ထုတ်ပယ်ခံရခြင်းကိစ္စ။
– စက်မှုဝန်ကြီးဖြစ်လာတော့ အိန္ဒိယနိုင်ငံက တာတာကုမ္မဏီနဲ့ပေါင်းပြီး ၁၀ ဘီးကားတွေ ထုတ်မယ်ပြော၊ မကွေးမှာစက်ရုံတွေဆောက်၊ လိုတဲ့စက်ကိရိယာပစ္စည်းတွေ ဈေးနှုန်းတင်ပြီးမှာ၊ စာရင်းလိမ်ပြ၊ ပွဲစားခယူ၊ နောက်ဆုံး ၁၀ ဘီးကားတွေကို အိန္ဒိယက မှာယူတင်သွင်းပြီး စက်မှုတံဆိပ်ကပ် ပြန်ရောင်း၊ အခုနောက်ဆုံး မကွေးက စက်ရုံကြီးသုံးမရဘဲ ဒီအတိုင်းရှိနေတဲ့ကိစ္စ။
– တရုတ်က Grand Tiger တွေဝယ်ပြီး စက်မှုတံဆိပ်တပ်၊ ချက်ချင်းလက်ငင်း တရုတ်ကားကနေ စက်မှုကား ဖြစ်သွားတဲ့ ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး၊ ၀န်ကြီးဌာနတွေနဲ့ စစ်တပ်ကို ကျွန်တော်ထုတ်တဲ့ ကားတွေပါဆိုပြီး အာပေါင်အာရင်းသန်သန် ပြောဆိုရောင်းချခဲ့တဲ့ကိစ္စ
– တကယ်အလုပ်မလုပ်နိုင်တဲ့စက်ရုံတွေ မြောက်မြားစွာတည်ဆောက်ပြီး ပွဲစားခအိတ်ထဲထည့်ဖို့လောက်သာ စဉ်းစားတဲ့ကိစ္စ (ဥပမာ- ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဂီယာစက်ရုံ၊ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှု စက်ရုံ၊ ဆေးစိမ်စက်ရုံ၊ မြေသယ်ကားကြီးများထုတ်လုပ်မှုစက်ရုံ၊ ချွေလှေ့စက်ရုံ၊ ရေအားလျှပ်စစ် ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်စက်ရုံ…)။
– စက်ရုံတွေတည်ဆောက်ရာမှာ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းကို ရေလမ်းကနေ သယ်ယူတာကို ကုန်းကြောင်းနဲ့ သယ်ယူကြောင်း စရိတ်စကပိုတင်ပြီး သိန်းပေါင်းသောင်းချီ အိပ်ကပ်ထဲထည့်ထားတာကို စာရင်းစစ်အဖွဲ့ဝင်ရာမှာ ဘူးပေါ်သလိုပေါ်တဲ့ကိစ္စ။
– ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဆိုပြီး သူ့လက်ထက်မှာ စာချုပ်ချုပ်ခဲ့တာတွေကို “ ကျွန်တော် အရင်တုန်းက မှားခဲ့ပါတယ် ” လို့ဝန်ခံပြီးမှ ယခုလက်ရှိ တကယ့်တကယ် လက်ပံတောင်းတောင်ကိစ္စ ဖြစ်လာတော့ လုံးဝတာဝန်မယူ ခေါင်းရှောင်နေတဲ့ကိစ္စ။
– ရွှေတောင်အိုက်ထွန်းတို့၊ Asia World ထွန်းမြင့်နိုင်တို့ကို သတင်းတွေ ကြိုတင်ရောင်းစားပြီးမှ ကားဈေးကွက်ကို ကစားခဲ့တဲ့အတွက် မြိုးမြိုးမြက်မြက်လေးရရှိခဲ့တဲ့ကိစ္စ
ဒါတွေဟာ ဦးစိုးသိန်းရေးခဲ့တဲ့ သူ့ရဲ့သမိုင်းတွေပါပဲ၊ ဒါတွေကို လေ့လာကြည့်ရင် ဦးစိုးသိန်းဟာ ဖော်လန်ဖားတတ်တဲ့သူတစ်ယောက်ဖြစ်ကြောင်းနဲ့ သမ္မတကြီးကို သူတတ်ကျွမ်းတဲ့ ကပ်ဖားရပ်ဖားပညာကြောင့်သာ ဒီလိုရာထူးရနေတာဖြစ်ကြောင်း ပေါ်လွင်လာပါလိမ့်မယ်။
တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တပ်မတော်အပေါ် ဘယ်လောက်အထိသစ္စာရှိခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ရင်၊ အခုအစိုးရအဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်နေစဉ်ကော၊ အစိုးရအဖွဲ့အစည်းနဲ့ တိုင်းပြည်အပေါ် ဘယ်လောက်ထိသစ္စာရှိမလဲသိမြင်နိုင်ပါလိမ့်မယ်။
ပရိတ်သတ်ကြိုက်အောင် အလွယ်တကူ ကတိတွေမပေးပါနဲ့… လွယ်လွန်းရင်သူကြွယ်တောင်မွဲသွားတတ်သလို သဘောကောင်းမိလို့ ပလိုင်းနဲ့လိုက်ကောက်ရတဲ့အဖြစ်မျိုးလည်းမဖြစ်စေလိုပါဘူး။
ဒါကြောင့် အူဝဲပြောတဲ့ ၃ မိနစ်ပဲစောင့်ဆိုတာက မာမား Ready Made ခေါက်ဆွဲပါ ဝန်ကြီးရယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မြဲစွာအမြစ်တွယ်ဖို့၊ အတိမ်းအစောင်းမရှိအောင်ဂရုပြုရင်း တည်ငြိမ်စွာနဲ့ဆောင်ရွက်ရမယ့် နိုင်ငံ့ရေးရာ များကိုဖြင့် မာမားခေါက်ဆွဲခြောက်တစ်ထုပ်ကို ရေနွေးဆူဆူထဲ ဖောက်ထည့်တာလောက်လွယ်ကူမယ်လို့ မျှော်လင့် မထားသင့်ပါကြောင်း… နောင်ပြောစကားများ လူကြီးပီပီဆင်ခြင်စဉ်းစားနိုင်ပါရန် လျှာတော်ရှည်ဝန်ကြီးအား သတိပေး လိုက်ပါတယ်။
(မော့ကင်း)။
Golden Triangle