Showing posts with label ဦးအောင်မင်းသို့ပေးစာ. Show all posts
Showing posts with label ဦးအောင်မင်းသို့ပေးစာ. Show all posts

Tuesday, July 7, 2015

တိုက်ပုံအင်္ကျီဝတ်ပြီး သူတော်ကောင်းယောင်ဆောင်နေသော ဦးစိုးသိန်း (သို့ မဟုတ်) ဒေါင်းယောင်ဆောင်သောကျီး နှင့် သူရဲ့ သွေးသောက် ၀န်ကြီး ဦးအောင်မင်းတို့ အကြောင်းများ။

0 comments

ပြည်ထောင်စု ၀န်ကြီး - စက်မှု (၁)၊ စက်မှု (၂)၊ MIC ဥက္ကဌ တာဝန်ယူထားသော ဒေါင်းယောင်ဆောင်နေသည့် ကျီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၊ အစိုးရအဖွဲ့ ရှိနေသ၍ တိုင်းပြည်ဖွံ့ ဖြိုးဖို့ အတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း xxxx မှ ပြောဆိုချက်များအရ စာရေးသူမှာ တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကြားသိခဲ့ရပါသည်။
ဘာကြောင့်လဲလို့  စာရေးသူက မေးတဲ့အခါ ၁၉၉၆ လောက်က တနင်္သာရီရေတပ်ဌာန ချုပ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလတွင် မြန်မာနိုင်ငံရေပိုင်နက်အတွင်း ထိုင်းငါးဖမ်း စက်လှေတွေကို တစ်ခါဝင်ဖမ်းတိုင်း ၀ါးလက် (၁) စီးကို သူအတွက် ဘတ်ငွေ ၅ သောင်းပေးရကြောင်း၊ အစီး (၅၀၀) ထက်မနည်း ခွင့်ပြုကြောင်း၊ မှောင်ခိုစက်လှေဆိုလျှင် ဘတ်ငွေ (၁၀၀၀၀၀) ပေးရကြောင်း
၊ငွေပေးရသည် အပြင် တစ်ခါတစ်ရံ ကော့သောင်း မိုတယ်မှ အဆိုတော်လေးများ ထည့်ပေးရကြောင်း၊ ထိုင်းလှေပိုင်ရှင်များမှ သူဌေးကျွန်း ဟိုတယ်သို့ ထိုင်းအမျိုးသမီးများကို ဦီးစိုးသိန်းအတွက် ပို့ ပေးရကြောင်းကို ကော့သောင်းမြို့ မှ လှေလုပ်ငန်းရှင်များမှ ပြောဆိုနေကြသည်။
စက်မှု (၂) ၀န်ကြီးဖြစ်စဉ်မှာလည်း စက်မှုဇုန်ကားထုတ်လုပ်ခွင့်လိုင်စင် ချပေးလျှင် တစ်စီးကို ကျပ်ဆယ်သိန်း ပေးရကြောင်း၊ စုစုပေါင်း အစီရေ (၃၀၀၀) ခန့် လိုင်စင်ထုပ်ပေး၍ တရားမ၀င် တင်သွင်းလာသော ကားများကို စက်မှုဇုန် လိုင်စင်ရအောင် ဆောက်ရွက်ပေးရသည့်အတွက် ပြည်သူတွေကြားမှာ ကယ်ရီခေါင်းဆောင် ဦးစိုးသိန်းဟု နာမည်ကျော်ကြားခဲ့ပါသည်။
ရွှေးကောက်ပွဲ နီးသည့်အခါ စက်မှုဇုန်ကားလိုင်စင် ထပ်မံချပေးပြီး မဲဆွယ်ခဲ့ပါတယ်။ ရွှေးကောက်ပွဲမှာ စက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ အရေအတွက်များသည့်အတွက် မဲအရေအတွက် များများရကာ ပြည်ထောင်စုဝန်ကြီး ထပ်မံဖြစ်လာပါသည်။
ဝန်ကြီးဖြစ်လာသည့်အခါ ကျပ် ၁ဝ သိန်းလာဘ်ယူပြီး ထုတ်ပေးထားသော တရားမ၀င် တင်သွင်းလာသည့် စက်မှုဇုန်ကားများကို ပြည်သူတွေ လက်ထဲရောက်သည့်အခါ ထပ်မံ၍ ဒါဏ်ငွေ ကျပ်သိန်း တစ်ရာခန့် ကို ဆောင်ခိုင်းပြီး သမ္မတကြီးကို ၀င်ငွေရှာနိုင်သည့် ၀န်ကြီးဌာနလို့ ပြောပြီး နေရာဝင်ယူပါသည်။ ဒါကို သမ္မတကြီးမှ သူ၏ အစွမ်းအစဖြင့် နိုင်ငံတော်အတွက် ၀င်ငွေရှာပေးသူဟု ထင်မှတ်ပြီး လုပ်ပိုင်ခွင့်များကို တာဝန်ထပ်မံပေးအပ်ခဲ့ပါသည်။
စက်မှုဇုန်များမှ လုပ်ငန်ရှင်များနှင့် ပြည်သူတွေမှာတော့ ဒုက္ခမျိုးစုံတွေ့ ၍ တရားစွဲဆိုခံရခြင်း၊ ဆင်းရဲမွဲတေသွားခြင်း၊ မရှင်းနိုင်၍ထွက်ပြေးရခြင်းများဖြစ်ပြီး ဦးစိုးသိန်းမှာတော့ လာဘ်လာဘများများရပြီး ရာထူးတိုးပွား သွားကာ စက်မှု (၁) ကိုပါ တွဲကိုင်ရပြီး တိုင်းပြည်အတွက် အလွန်အရေးကြီးသော MIC ဥက္ကဌ ရာထူးကိုပါ ရရှိသွားခဲ့ပါသည်။
MIC ဥက္ကဌဖြစ်သည့်အခါ သတင်းစာဆရာများ၊ မီဒီယာများကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ တွင်ရှိသော ဂုံးကျော်တံတားကြီး (၄) စင်းကို (၄) လ နှင့်အပြီး တည်ဆောက်ရမည်ဟု ခပ်တည်တည်နှင့် သတင်းစာရှင်းလင်းပွဲလုပ်ပြီး အစိုးရနှင့် ပြည်သူလူထုတို့ ကို လိမ်လည်ပြီး ပြောကြားခဲ့ပါသည်။ အဲဒီလိုလူမျိုးကို ရင်းနှီးမြှပ်နှံမှုဥက္ကဌ နေရာပေးထားတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်မည့် ကုပ္မဏီများက ဥက္ကဌ၏ နောက်ကြောင်း ရာဇ၀င် မကောင်းမှုများ၊ စကားလွယ်လွယ်ပြော၍ အစိုးရနှင့် ပြည်သူတွေကို ဗြောင်လိမ်သည့် ၀န်ကြီး၊ ဥက္ကဌဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံရန်အတွက် စိတ်မချရသောကြောင့် ရင်းနှီးမြုပ်နှံသည့်ကုပ္မဏီများ မလာနိုင်ရသည့် အကြောင်းအရင်းများ ဖြစ်သည့်အတွက် တိုင်းပြည် တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ MIC ဥက္ကဌ မှာ ၁ နာရီနှင့် အပြီး လုပ်ပေးမည်ဖြစ်ကြောင်းကို အစည်းအဝေးတွင် လူထင်အကြီးအောင် အမြဲပြောဆိုပြီး အတွေ့ အကြုံရှိသည့် လူများမှ အကြံပေးသည်ကို လက်မခံနိုင်သည့်ပြင် ရန်ရှာခြင်းဖြစ်သည်အထိ တုန့် ပြန်ပြောဆိုကာ မည်သူမှ သူ့ ကို အကြံဥာဏ် မပေးတော့ဘဲ ဘေးမဲ့ပေးထားရပါသည်။
နောက်တစ်ခုက တရုတ်ပြည်မှ ကားများကို စက်မှု (၂) မှ ထုပ်၍ ရောင်းသည်ဟု ပြောပြီး စက်မှု (၂) တံဆိပ် တပ်ပြီး ရောင်းချသော WAGON ကားများကို တင်သွင်းပေးသည့် ကုပ္မဏီများမှ တစ်စီးလျှင် ဒေါ်လာ (၃၀၀၀) သူ့ အတွက် ပေးရသည့်အတွက် မူရင်းစက်ရုံတွင် မှာယူသည့်အခါ သူ့ အတွက် ပေးရသည် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) အတွက်ကို တရုပ်စက်ရုံများမှ Quality လျော့ချပြီး မှာရသည့်အတွက် (၆) လအတွင်း ဂရင်းတိုက်ဂါးများ ပျက် စီးသွား၍ ပြည်သူပြည်သားများ နစ်နာ ဆုံးရှုံးခြင်းဖြစ်ပြီး သူ့ ကတော့ ချမ်းသာပြီးရင်း ချမ်းသာသွားပါသည်၊ ကားတင်သွင်းခွင့်ပေးတဲ့ ကုန်ပ္မဏီတွေကတော့ နာမည်တွေ ပျက်ပြီး ကျန်ခဲ့တာပေါ့၊ အစီးရေ (၅၀၀၀) သွင်းထားတော့ သူဘယ်လောက်ရမယ်ဆိုတာ တွက်ကြည့်ပါဆိုပြီး တရုတ်ကားတင်သွင်းတဲ့ ကုပ္မ္မဏီမှ ၀န်ထမ်းများက ပြောကြားပါတယ်။ ဒီကိစ္စကို စုံစမ်း စစ်ဆေးရင် အမှန်အတိုင်းပြောကြားမည့် လုပ်ငန်းရှင် ကုပ္မဏီကိုယ်စားလှယ်များမှ စစ်ဆေးမည့်သူကို မျှော်နေကြောင်း စာရေးသူကို ပြောကြားခဲ့ပါတယ်။
ဦးစိုးသိန်းရဲ့ လုပ်ရပ်တွေ၊ ဒုက္ခပေးတာတွေကို ခံစားရတဲ့ စက်မှုဇုန်လုပ်ငန်းရှင်များ၊ အလုပ်သမားနှင့် ပြည်သူတွေက နာကျီးပြီး ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ သူ့ ကို အရင်တစ်ခါ မဲပေးခဲ့တဲ့ ပြည်သူတွေက NLD အဖွဲ့ ကို အားလုံး မဲပေးခဲ့ကြသည့်အတွက် ပြည်ခိုင်ဖြိုးရှုံးတာ သူ့ကြောင့် ဖြစ်ကြောင်း၊ သူ့ ရဲ့ဒဏ်တွေကို ခံခဲ့ရတဲ့ ပြည်သူတွေ၊ ဒဏ်ကြေးဆောင်ခဲ့ရတဲ့ လုပ်ငန်းရှင်တွေ၊ ၀န်ထမ်းတွေ အားလုံးရဲ့ ခံစားရတာတွေ တစ်နေ့ သူ့ ဝဋ်လည်မယ်ဟု ပြောဆိုနေခဲ့ ကြပါသည်။
အဆိုးဆုံးတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် မဲသွားဆွယ်သည့်အချိန်မှာ ဦးစိုးသိန်းက လျှပ်ပြေးယာဉ် မငှားရဟု လုပ်ငန်းရှင်များကို ပြောပြီး ငှားသည့်သူ တစ်ကွေ့ ကွေ့ မှာ ဒုက္ခပေးမယ်၊ မင်းတို့  ယခင်က ငါးခိုးတာတွေ၊ မှောင်ခိုချတာတွေကို ဖေါ်ထုတ်ပြီး အရေးယူမည်ဟု ခြိမ်းခြောက်သော စကားပြောဆိုသည့်အတွက် လျှပ်ပြေးယာဉ်ပိုင်ရှင်များ မငှားရဲတော့ပါ။ ဒါကြောင့် လုပ်ငန်းရှင်အချိုက သူတို့ ပိုင်သည့် စက်လှေများကို တစ်ရက် (၅၀၀) ကျပ်သာ တောင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်အဖွဲ့ ကို ကူညီခဲ့ရသည်ဟု လုပ်ငန်းရှင်များက ပြောဆိုနေကြသည့်အပြင်၊ အနုပညာရှင် အသိုင်းအ၀ိုင်းမှ ဦးစိုးသိန်း၏ ယုတ်မာမှုတွေကို ဖော်ထုတ်ဖို့ လုပ်နေကြပါတယ်။
နောက်တစ်ခုက ဆူဇူကီးကုမ္ပဏီကို ပညာပြထားပြီး ထုတ်လုပ်ခွင့်ကို တစ်စီးလျှင် လာဘ်ငွေ ဒေါ်လာ (၃၀၀၀) မရသည့်အတွက် ညစ်ထားတာကို တစ်တိုင်းပြည်လုံး အသိဖြစ်ပြီး လွတ်တော်ကနေတဆင့် ထုတ်လုပ်ခွင့်သက်တမ်းတောင်းထားကို သူ့ အတွက် လာဘ်မရသည့်အတွက် ခွင့်မပြုဘဲ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ ဆူဇူကီးကုမ္ပဏီကို ကြည့်ပြီး ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီတွေ နောက်ဆုတ်သွားတာ ဒေါင်းယောင်ဆောင်သော ကျီး ဖြစ်သူ ဦးစိုးသိန်းလက်ချက်ဖြစ်ပါတယ်။
ဒါကို သမ္မတကြီးက မသိတော့ ဂျပန်မှာ အတူတွဲထိုင်သူပြောတာကို နားယောင်နေသည့်အတွက် တိုင်းပြည် ဒုက္ခရောက်ရတော့မည်ဖြစ်သည့်အတွက် သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၊ ပြည်ခိုင်ဖြိုးအဖွဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ နှင့် စက်မှုဇုန် လုပ်ငန်းရှင်များ၊ ပြည်သူများ ဒုက္ခမရောက်ရအောင် အသိပေးပြောကြားခဲ့ရခြင်း ဖြစ်ပါသည်။
ကားတင်သွင်းမှုနှင့် ကိုယ်ကျိုးစီးပွား။
ကားတင်သွင်းခွင့်ကို ကုန်သွယ်ရေးမှ မူ (၆) ခါပြောင်းရတဲ့ အကြောင်းအရင်းကတော့ ကားတင်သွင်းရေးကော်မတီမှာ နာယက ဖြစ်တဲ့ MIC ဥက္ကဌ ဦးစိုးသိန်းနဲ့  ဦးအောင်မင်းတို့ ရဲ့ မတော်လောဘတွေကြောင့် ပြည်သူတွေ ဆုံးရှုံးနစ်နာပြီး ၄င်းတို့ နှစ်ဦးနှင့် ပတ်သက်သော ဆွေမျိုးများ၊ စီးပွားရေးလုပ်ငန်းရှင်များကသာ သိန်းပေါင်းများစွာ ချမ်းသာပြီး ပြည်သူတွေ ဘ၀ပျက်ခဲ့ကြရတာပါဟု ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
ယခင် ကညန မှတ်ပုံတင်ကြေးမှာ ကျပ်ထောင် ဂဏန်းသာရှိပြီး ယခုအခါ သိန်းရာဂဏန်းအထိ ကောက်ခံနေခြင်းဖြစ်ပါသည်။ ကုန်သွယ်ရေး ပါမစ်ကြေးကတော့ ကျပ်သုံးသောင်းဝန်းကျင်သာ ပေးရပါသည်။ ဥပမာ ဦးစိုးသိန်းနဲ့ သမ္မတကြီးကို ပေါင်းညာ ဖို့ သွေးသောက်ဖွဲ့ ထားတဲ့ ကိုအောင်မင်းဆိုပါတော့၊ ကိုအောင်မင်းရဲ့ တူတွေ သားတွေက ကားဟောင်းတွေ အပ်ခွင့်ရမဲ့အခေါက် မတိုင်ခင်မှာ တူတွေ သားသမီးတွေဆီမှာ ကားအစီး ၃၀၀ ကျော် လောက် လက်ထဲရောက်ပြီးတော့မှ ကားအဟောင်းတွေ အသစ်လဲခွင့် ဥပဒေကို ထုတ်ပြန်တာ မလွန်လွန်းဘူးလားဗျာ။
ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ရခြင်းရဲ့ ဇစ်မြစ်များ။
ဝန်ကြီး ဦးစိုးသိန်းဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လိုက်ပြီး ဂတိတွေပေး အထင်ကြီးအောင် သမ္မတကြီးမှ သူ့ ကို အထူးအာဏာကုန်လွှဲအပ်တယ်၊ ပြန်ပြီး တင်ပြစရာမလိုဘူးလို့ အထင်ကြီးအောင်ပြောပြီး တရားမ၀င် ကားတွေကို လိုင်စင်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး မင်္ဂလာဝင်ယူနေပြီး၊ သူဟာ သမ္မတကြီးရဲ့ လူယုံ သူလုပ်လျှင် အားလုံး ဖြစ်တယ် ပြောဆိုကတိတွေပေးပြီး နေရာဝင်ယူပါတယ်။
ပြောဆိုလို့ မရတဲ့ DKBA ခွဲထွက်အဖွဲ့  ဗိုလ်နှုတ်ခမ်းမွှေးအဖွဲကိုတော့ ထိုင်းအစိုးရထံ အကူအညီတောင်းပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေအဖြစ် ချောက်တွန်းပြီး ဒုက္ခပေးခဲ့တယ်။ ထိုင်းအစိုးရအဖွဲကို ရင်းနှီးတဲ့ တစ်ချိန်က ၀ါးလတ်၊ ငါးဖမ်းလှေပိုင်ရှင်တွေကတစ်ဆင့် ဆက်သွယ်ပြီး ဒုက္ခပေးခဲ့တဲ့အကြောင်း xxxx အဖွဲ့ မှ အစည်းအဝေးတစ်ခုမှာ ဆုံခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးမှ သတင်းပေးပို့ ခဲ့ပါသည်။
သွေးသောက်ကြီး ကိုအောင်မင်းကလဲ အရင် ထောက်လှမ်းရေးဟောင်းလို့  မပြောရဘူး။ ထောက်လှမ်းရေးဥာဏ်တွေ ရှိနေတုံးဘဲ၊ အဲဒီခေတ် မရှိတော့ဘူးဗျ။ ခင်ဗျားကိုလဲ ဘယ်သူက ယုံကြည်လို့ လဲ၊ ကိုအောင်မင်းကြီး ကချင်တွေ ကရင်တွေ စည်းရုံးတာ အောင်မြင်နေပြီလား။
ကချင်ကို ခင်ဗျားတို့ သွားစည်းရုံးလိုက်တာလဲ ဖားကန့် မှာ ကျောက်တောင် တူးလို့ မရတော့ဘူး။ စည်းရုံးတယ်ဆိုတာ စက်မှု ၂ က နံမယ်ခံထုတ်တဲ့ တရုပ်ကား ၃ စီးလောက်ကို ခေါင်းဆောင်ပိုင်းတွေ ပေးပြီး စည်းရုံးတိုင်းလဲ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ခင်ဗျားတို့ က ခေါင်းဆောင်တွေကို လက်ဆောင်လေး သွားပေးတာနဲ့ ငြိမ်းချမ်းရေးရမယ် ထင်လို့ လား။ အောက်က ငယ်သားတွေ ဘာနဲ့ စားမလဲဆိုတာအတွက် ခင်ဗျားတို့  စဉ်းစားမိရဲ့လား။ ခင်ဗျားတို့ ကြောင့် ကရင် ခေါင်းဆောင် ၃ ယောက်လဲ ဖြုတ်ထုတ်သတ် လုပ်ခံလိုက်ရပြီ။ ခင်ဗျားတို့ စည်းရုံးရေး ဆင်းခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွေးတို့ အဖွဲ့ လဲ အောက်တိုဘာ ၁၀ ရက်နေ့ လောက်ကတည်းတွေ လမ်းမှာ ဂိတ်ထိုးပြီး ဂိတ်ကြေးပြန်တောင်းနေတာကို ကြည့်ရင် ခင်ဗျားတို့ စည်းရုံးရေး အောင်မြင်လား မအောင်မြင်လား သိသာနိုင်တယ်။ ကိုအောင်မင်းကြီး တိုင်းရင်းသားတွေ သွားမစည်းရုံးခင် ခင်ဗျားရဲ့ သမီးနဲ့  တူကိုဘဲ ရအောင် စည်းရုံးကြည့်ပါအုံး။
ပြည်တွင်း ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုရင် တကယ်ဖေါ်ဆောင်နိုင်ဖို့ အတွက် အပြောနဲ့ အလုပ်တွေ အကုန်ညီမှ ဖြစ်မယ်။ ပြောနေတာတစ်မျိုး လုပ်နေတာတစ်မျိုးဖြစ် လို့ မရဘူး။ မူရော လူရော ပြင်ဖို့ လိုတယ်။ ဥပမာ အခြေခံအကျဆုံး သဘောတရားလေး ပြောပြမယ်။
မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးနေပါပြီဆိုပြီးတော့ ကရင်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ၂၅% စစ်တပ်က တင်ပေးလိုက်တဲ့ ဦးဇော်မင်းကို ပေးထားကတည်းက ဘယ်လိုလုပ်ပြီးတော့ တည်ငြိမ်မှု ရှိပါတော့မလဲ။
နဂိုကတည်းက လူပေလူညစ်အဖြစ် နာမည်ကြီးတဲ့သူကို ရွေးပြီး ၀န်ကြီးချုပ်ပေးထားမှ တော့ ဟိုကလဲ ကြုံရင်ကြုံသလို သမတော့ တိုင်းရင်းသားတွေလဲ ဘယ်ခံနိုင်မလဲ။ ကရင်ပြည်နယ်အတွက် အကောင်းဆုံးက နောက်ဆုံး စစ်ဖက်ကဆိုရင်တောင်မှဘဲ ကရင်တိုင်းရင်းသားထဲက တစ်ယောက်ယောက်ဘဲ ဖြစ်သင့်တာပေါ့။
ပိုဆိုးတာက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အစိုးရ ကိုယ်စားလှယ် ရွေးချယ်မှု သူ့ ထက် အသက်အများကြီးငယ်တဲ့ မိုးသီးဇွန်ကို ကိုကြီးမိုးသီးဇွန်လို့  ခေါ်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီး ဦးအောင်မင်း။ ဦးဌေးမြင့်အိတ်ဆွဲ အဆင့်ဘဲရှိတဲ့ လှမောင်ရွေကို ဆရာတင်ပြီး ခင်ဗျား ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်လို့  ရမှာလဲဗျာ။
ခင်ဗျားပြောတာတွေကလဲ မသိတဲ့သူတွေအတွက်ကတော့ အဟုတ်တွေကြီးဘဲ။ ခင်ဗျား ထောက်လှမ်းရေး ဘ၀တုံးက ဘယ်သူ့ မှ ထောင်မချခဲ့ပါဘူးတဲ့။ အဲဒီတုံးက ခင်ဗျားရထားတဲ့နေရာက ထောင်ချ လို့ မရတဲ့ အဆင့် ဖြစ်နေတယ်ဆိုတာပါ ဆက်ပြောပြသင့်တာပေါ့။
ဒီထက်ပိုပြီးတော့ ပြောပြသင့်တာက ခင်ဗျား တိုင်းမှူးဘ၀တုံးက ကရင်တွေကို အပြတ်ရှင်းခဲ့တဲ့ အကြောင်းကြတော့ ဘာဖြစ်လို့ ချန်ထားတာဘဲဗျ။ အဲဒါတွေ ခင်ဗျားမလုပ်လို့ ဘယ်သူလုပ်ခဲ့တာလဲ။ သူတို့ က ခင်ဗျား ပုဆိုးနဲ့  တိုက်ပုံဝတ်လာလို့  အဲဒါတွေ မေ့သွားကြပြီ ထင်နေလား။
ခင်ဗျား မရှက်ဘူးလားဗျာ ထိုင်းမှာတုံးက ခင်ဗျားကို စာအိတ်ထဲ သေနတ်ကျည်ဆံ လာပေးသွားတယ်ဆိုတာ။ သမ္မတကြီးကို မျက်နှာရချင်တာနဲ့ ခင်ဗျားလုပ်တဲ့ အလုပ်ကဘဲ အသက်ဘေးတောင် ရှိသလို ဖွလိုက်သေးတယ်။ ဘယ်မှာလဲ အဲဒီသေနတ်ကျည်ဆံ။ ခင်ဗျားကို ဘယ်သူကမှ ကျည်ဆံအကုန်ခံပြီးတော့ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး။
ခင်ဗျားနဲ့  ခင်ဗျား သွေးသောက်ကြီး ဦးစိုးသိန်းကတော့ စံပါဘဲဗျာ။ သမ္မတကြီး အထင်ကြီးအောင် အသံကောင်းတွေ ဟစ်ပြ၊ ပြီးရင် ပိုရလာတဲ့ အဏာနဲ့ ခွင်တွေ အပြည့်ရိုက်ကြ။ ဦးအောင်မင်းရဲ့ တူ အောင်စိုးသာ ကားအဟောင်းတွေ မဖျက်သိမ်းခင်တုံးက အစီး ရာနဲ့ ချီပြီးတော့ အရင် ၀ယ်ပြီးတော့မှ ဦးစိုးသိန်းက ဥပဒေထုတ်တယ်။ ဘယ်လောက် သိန်းနဲ့ သန်းနဲ့ ချီပြီးတော့ မြတ်ခဲ့ကြလဲဆိုတာ ခင်ဗျားတို့  သမ္မတကြီးကို မပြောပြကြဘူးလား။
ရိုဟင်ဂျာတွေ ဘယ်လိုရောက်လာသလဲ။
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ၀င်ရောက်ခွင့်ပေးလို့ ရောက်လာရတာပါ။
ဦးစိုးသိန်း တပ်မတော်ရေတပ်တွင် တာဝန် ထမ်းဆောင်စဉ် ၁၉၉၀ ခုနှစ်မှစပြီး ပင်လယ်ပြင်တွင် ရေတပ် ဂိတ် (၄) ခု စစ်ဆေးရေး ဂိတ်အနေဖြင့် ထားပြီး လှေတစ်စီးကို တစ်ဂိတ် (၂) သိန်း နှုန်း နှင့် (၄ ) ဂိတ်အတွက် ကျပ် (၈) သိန်းပေးပြီး ၀င်ရောက်ခွင့်ရသည့်အတွက် ရောက်ရှိလာကြောင်း ရိုဟင်ဂျာအဖွဲ့ မှ အတိအလင်း ပြောကြားပါသည်။ တာဝန်ရှိသူများအနေဖြင့် တိုင်းပြည်ကို ဒုကရောက်အောင် မစဉ်းစား မဆင်ခြင်ဘဲနှင့် လာဘ်ငွေယူပြီး ခြံဝယ် အိမ်ဝယ်နဲ့  တိုင်းပြည်ကတော့ ဒုက္ခရောက်ခဲ့ပါတယ်။
ရေတပ်က အရာရှိအရာခံများကို ဦးစိုးသိန်းကို ကြိုက်မကြိုက် စစ်တမ်းကောက်ကြည့်ရင် ၉၅% က မကြိုက်ဘူး။ ကြိုက်တဲ့ ရာခိုင်းနန်းကလဲ သူ့ ဆွေမျိုးမကင်းတွေ ဘဲ ဖြစ်လိမ့်မယ်။
ဒါတင်မကဘဲ နာဂစ်ဖြစ်တုန်းကလည်း သူ့ လက်အောက်ရှိ ရေတပ်သင်္ဘောတွေကို လောင်စာဆီတွေ မထုပ်ပေးဘဲ ထားတာကြောင့် နာဂစ်ဖြစ်တဲ့ အချိန်မှာ ရေတပ်သဘောင်္တွေ ဆီမရှိတာကြောင့် နစ်မြုပ်ခြင်း၊ ပြည်သူလူထုကို မကယ်ဆယ်နိုင်ခြင်း၊ တပ်မတော်ပိုင် ရေတပ်သင်္ဘော အမြောက်အများ ဆုံးရုံးခြင်းတို့ ဖြစ်ပြီး လူ့ အသက်ပေါင်းများစွာ ဆုံးရှူံးခဲ့ရပါတယ်။
ယခုအခါလည်း သူ့ ပိုင်အိမ်ခြံမြေများကို သားတပည့်ဖြစ်သူ မားသားလမ်(န်) ကုပ္မဏီမှ ဦးအောင်မြတ် ဆိုသူကို အားလုံး ရောင်းချခိုင်းပြီး နိုင်ငံခြားတွင် ပို့ ခိုင်းထားကာ သူတော်ကောင်းယောင်ဆောင်ပြီး သမ္မတကြီးဘေးတွင် အကာအကွယ်ယူ၍ တိုင်းပြည်ကို ဒုက္ခရောက်အောင် ထပ်မံကြံရွယ်နေကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်ကို အကြည်အငြိုပျက်စေသူ။
MIC ဥက္ကဌရဲ့ အာဏာကိုယူပြီး တရုပ်ကား ကုပ္မဏီ (၂) ခုကို တစ်စီး ဒေါ်လာ (၃၀၀၀) ယူပြီး တရားမ၀င်တင်သွင်းပြီး စက်မှု (၂) တံဆိပ်တပ်ပြီး ရောင်းတဲ့ တရုတ်ကားတွေကို အခွန်ကင်းလွတ်ခွင့်ရအောင် MIC ခွင့်ပြုမိန့် စီစဉ်ပေးပြီး ကားများကို တစစီဖြုတ်၍ ပြန်လည် တပ်ဆင်ပြီး တရားဝင် ရောင်းချရန် စီစဉ်နေကြောင်း စက်မှု (၁) ၀န်ထမ်းများက သတင်းပေးထားပါသည်။
ဦးစိုးသိန်းရဲ့ သားတပည့်တစ်ဦးဖြစ်သူ မားသားလင်းဒ် ကုမ္ပဏီ မှ ဦးအောင်မြင့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်မှာ သမ္မတကြီးကိုယ်စား ဦးစိုးသိန်းအား လုပ်ပိုင်ခွင့်ပေးထားသော ၀န်ကြီးဌာနများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) စက်မှုဝန်ကြီးဌာန၊
(၂) ရထားပို့ ဆောင်ရေး ၀န်ကြီးဌာန၊
(၃) သတ္တုတွင်းဝန်ကြီးဌာန၊
(၄) ဆောက်လုပ်ရေး ၀န်ကြီးဌာန၊
(၅) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
(၆) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊
(၇) အလုပ်သမား ၀န်ကြီးဌာန၊
(၈) ပို့ ဆောင်ရေး ၀န်ကြီးဌာန၊
(၉) စွမ်းအင်ဝန်ကြီးဌာန၊
(၁၀)ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာန၊
(၁၁) စီးပွားကူးသန်း။
အဆိုပါ ၀န်ကြီးဌာနများနှင့် ဆက်သွယ်လုပ်ဆောင်လိုပါက
အကုန်လုံး ဆက်သွယ်လုပ်ပိုင်ပေးနိုင်မည်ဖြစ်ဆိုပြီးလည်း ထိုအသိုင်းအ၀ိုင်းမှ ပြောကြားနေကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံရင်းနှီးမြုပ်နှ့မှုကော်မရှင်မှာ ဦးစိုးသိန်း ဥက္ကဌလုပ်နေသရွေ့ ကတော့ ဘယ်ရင်းနှီးမြှုပ်နှံမှုက ရောက်လာမှာမဟုတ်ဘူးဆိုတာ နိုင်ငံခြားသတင်းဌာန တွေရဲ့ သတင်းတွေမှာ ကြည့်ရင် သိနိုင်တယ်။
နိုင်ငံခြားခရီးများတွင် ဦးစိုးသိန်းရဲ့လုပ်ဆောင်ချက်များ။
သူ့ ကိုယ်သူ ၁ ၁/၂ သမ္မတကြီးဟု ပြောဆိုပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာလို့  အမေရိကန်ရောက် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ၏သမီးထံမှ ကြားသိခဲ့ရသည်။ လာဒ်မစားဘူးဟု ကြွေးကြော် အော်ဟစ်နေသော်လည်း တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ကော်မရှင် ၂၀% ယူပြီး တင်ဒါ မခေါ်ဘဲ လှည်းတန်းဂုံးကျော် တံတားများ လုပ်ကိုင်ခွင့်ပေးပြီးသည့်အပြင် သူ ၁ ၁/၂ ရာထူးသို့  ထပ်မံ ရောက်ရှိလာသော အာဏာကို အသုံးချပြီး နိုင်ငံပိုင် မြေနေရာများကို အိမ်ယာစီမံကိန်း ဖော်ထုတ်ဖို့ အတွက် ထုံးစံအတိုင်း ၂၀% ကော်မရှင်ယူပြီး ရွှေတောင် ကုမ္ပဏီကို ထုံးစံအတိုင်း တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်ပေးရန် သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြပြီးစီးနေပြီဖြစ်ကြောင်း ဦးစိုးသိန်းမှ ရွေတောင် ကုမ္ပဏီသို့  ဖုံးဖြင့် ပြောကြားနေကြောင်း သတင်းရရှိပါသည်။ ဦးစိုးသိန်းသည် ဒုတိယ သမ္မတ နှစ်ဦးထက် ရာထူးပိုမြင့်ကြောင်း၊ လုပ်ပိုင်ခွင့် အများဆုံးရသည့် ပုဂိုလ်ဖြစ်ကြောင်း၊ သမ္မတကြီးမှာ ကျန်းမာရေး အခြေအနေကြောင့် လုပ်ငန်းတာဝန်များ အုပ်ချုပ်မှုတာဝန်နှင့် စီးပွားရေးကိစ္စများကို သူ့ ကိုလွဲထားကြောင်း ပြောဆိုပြီး စီးပွားရေး လုပ်ဆောင်လိုလျှင် သူတာဝန်ယူကြောင်း ပြောဆိုမိတ်ဆက်နေပါသည်။
ဘဏ်မတည်ငြိမ်မှု ပြဿနာ ရဲ့ အရင်းအမြစ် ကောလဟာလ သတင်းဟာလဲ သမ္မရုံးဝန်ကြီး (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဦးစိုးသိန်းက အမေရိကားမှာ ယခင်က ခရိုနီဖြစ်ခဲ့ဖူးတဲ့ ကဘ္မောဇဘဏ်နဲ့  ဧရာဝတီဘဏ်တို့ ကို စီစစ်အရေးယူသွားမည်ဟု ပြောဆိုခဲ့ရာမှ သတင်းတွေ ပွားလာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
သမ္မတကြီး၏ သားမက်ဖြစ်သူ စင်္ကာပူတွင် ဆေးသွားကုသည်ကို ကဘ္မောဇဘဏ်က စပွန်စာ ပေးခဲ့သည့် ကိစ္စကို မကျေနပ်တဲ့အတွက် ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်တယ်လို့ လည်း သိရပါတယ်။
နောက်ပိုင်းမှာတော့ ရွေတောင်ဆောက်လုပ်ရေးမှ အောင်ဇော်နိုင်နှင့် ဦးစိုးသိန်း အစည်းအဝေးလုပ်ကြပြီး ကဘ္မောဇဘဏ်နှင့် ပတ်သက်သည့် ကောလဟာလ အောင်မြင်ကြောင်း ၂ ဦးပြောကြားကြပါတယ်။
ကိုရီးယားနိုင်ငံကို ရောက်ရှိစဉ်တုံးကလဲ (၀န်းအန်ဟက်) ၁ ၁/၂ သမ္မတကြီး ဦးစိုးသိန်း (နာဂစ်) သည် ကိုရီးယား ရင်းနှီးမြုပ်နှံမှု ကုပ္မင်္ဏီများကို ဖိတ်ကြားပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအတွက် ၄င်း၏ခရိုနီ အမ်ဒီများဖြစ်ကြသော မားသားလင်းကုပ္မဏီမှ အောင်မြတ်၊ ရွေသံလွင် ကျော်ဝင်းလေး ကုပ္မဏီ၊ ရွေတောင်ကုပ္မဏီ၊ ကယ်ပီတယ် ကိုကိုကြီး၊ မားမား ဘိုးရာဇာ မျိုးထွေး၊ ဂရမ်းဝီစကီ အောင်မိုးကျော်တို့ နှင့် ပူးတွဲရွေ့ လုပ်ကိုင်နိုင်ကြောင်းကို ကိုရီးယားစီးပွားရေးသမားများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထုံးစံအတိုင်း သူ့ အတွက် ကတော့ ၂၀% ပါ။
၎င်းကုပ္မဏီအဖွဲ့ များသည်း သူနှင့်အတူ သမ္မတရုံးတွင် အတူရုံးထိုင်ကြောင်းနှင့် ကယ်ပီတယ် ကိုကိုကြီး (ထိုင်ဝမ်) ထောက်လှမ်းရေးအဖွဲ့ ဝင်အား လက်နက်များမှာပြီး လွတ်တော်အဖွဲ့ ကို လုပ်ကြံရန် ကြံစည်နေကြောင်း ကိုးရီးယား အသိုင်းအ၀ိုင်းမှ ပြောကြားပါသည်။
ဦးစိုးသိန်း (နာဂစ်) ၏ အခြားလုပ်ဆောင်ချက်များ။
သူ့ ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ရေချုပ် ဦးဥာဏ်ထွန်းကို ဒုတိယသမ္မတနေရာ မပေးချင်သည်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဒုတိယသမ္မတတင်ရန် အမျိုးမျိုးကြံစည်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးအား ဦးမြင့်ဆွေရဲ့ သားသမီး လက်ရှိ ပေါင်းသင်နေထိုင်တာကို သိလျှက်နှင့် ကွာရှင်းစာချုပ်ကို လွန်ခဲ့သော ၁ နှစ်ခွဲ ခန့် ကတည်းက ကွာရှင်းထားကြောင်း အတုလုပ်ခိုင်းပြီး ဒုတိယသမ္မတနေရာသို့ ပေးရန် ကြံစည်ခဲ့ပြီး၊ လွတ်တော် ဥက္ကဌ သူရရွေမန်း နှင့် ဦးဌေးဦးတို့ မှ လက်မခံသည့်အတွက် သူတင်သော ဦးမြင့်ဆွေ ဒုတိယသမ္မတ မဖြစ်ခဲ့ပါ။
ဦးဥာဏ်ထွန်း သာ ဒုတိယသမ္မတ ဖြစ်ခဲ့သည့်အတွက် နောက်တဖုံ ကြံစည်ပြီး ဒုတိယသမ္မတရဲ့လုပ်ပိုင်ခွင့်များ လျော့နည်းလာပြီး သူ၏ လုပ်ပိုင်ခွင့်များ ပိုများလာစေဖို့ အတွက် သမ္မတရုံးဝန်ကြီးဟု ထပ်မံအကောင်အထည်ဖော်ပြီး လုပ်ငန်းများအားလုံးကို လွဲယူပြီး ၁ ၁/၂ သမ္မတဟု ထပ်လုပ်ပြီး တိုင်းပြည်၏ လုပ်ပိုင်ခွင့်များရဲ့ ၃ပုံ ၂ပုံကို ရယူ၍ လာဒ်ယူရန် ကြံစည်နေကြောင်း ကြားသိနေရပါသဖြင့် သမ္မတကြီး အနေဖြင့် ကြိုတင်ပြီး လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် တာဝန်သိပြည်သူတစ်ရောက်အနေနဲ့  အသိပေးအပ်ပါသည်။
ဦးစိုးသိန်းရဲ့ သားနဲ့ သမီး အမေရိကားမှ ကောင်းကောင်းနေဖို့ အတွက် ပိုက်ဆံတွေ ရွေ့ ခိုင်းထားတယ်။ တပည့်ဖြစ်သူ အောင်မြတ်ကို ရွေတွေ ၀ယ်ခိုင်းပြီး စုဆောင်းခိုင်းနေတာ နောက်ရွေးကောက်ပွဲအတွက် ထုတ်သုံးဖို့ ရန်ပုံငွေ ရှာနေတာလား။ ထိုင်ဝမ် ထောက်လှမ်းရေး ဒုံးပျံဂျံစက်က ကိုကိုကြီးနဲ့  ပေါင်းပြီးတော့ လက်နက်တွေ မှာ စမ်းသွင်းတာလဲ ခင်ဗျားတို့ ဘဲ မဟုတ်လား။ တရုတ်ကို ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ အကွက်တွေလဲ သိပ်ခင်းပြမနေပါနဲ့ ။
ခင်ဗျားတို့ ဒေါင်းယောင်ဆောင်တဲ့ ကျီးနှစ်ယောက် ဆရာကို အာခံရင် အာခေါင်လှံစူးတတ်တတ်ဆိုတာ မြဲမြဲ မှတ်ထားပါ။ ခင်ဗျားတို့  လာဘ်စားထားနိုင်ခဲ့တဲ့ငွေတွေ သိန်းနဲ့ သန်းနဲ့ ချီ ရလာအောင် ခင်ဗျားတို့ ကို ဒီဘ၀ရောက်အောင် လုပ်ပေးခဲ့တဲ့ ခင်ဗျားတို့ ဆရာအရင်းတွေကို ခင်ဗျားတို့ မမေ့သင့်ပါဘူး။
ဦးစိုးသိန်းရောဘဲ။ ခင်ဗျား သမီး အမေရိကားမှာ အမေ၇ိကန်နဲ့  အိမ်ထောင်ကျပြီးတော့ အမေရိကားမှာဘဲ နေတာတောင်မှာ ခင်ဗျားက ၁ ၁/၂ သမ္မတကြီး (ခေါ်) သမ္မတရုံးဝန်ကြီး တက်ဖြစ်နိုင်သေးရင်
ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးဖို့ ကျတော့ ဥပဒေက ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်နေတာလဲဗျာ။ ဘာလဲ ဥပဒေကဘဲ ၂ မျိုး ပြဌန်းထားလို့ လား။
ဦးစိုးသိန်းနဲ့  ဦးအောင်မင်းတို့ နှစ်ယောက် အင်တာဗျူးတွေမှာ ရွန်းရွန်းဝေအောင် ပြောတာထက်စာရင် ကိုယ့်ဖာသာကိုယ်
- ကိုယ့်အတွက် အလုပ်အလုပ်နေကြတားလား၊
- တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာလား၊
- သမ္မတကြီးကို လိမ်ဖို့ အလုပ်လုပ်နေကြတာလား၊
အရင်ဆုံး သေချာအောင် ပြန်စဉ်းစားကြည့်ကြစဉ်းပါအုံးဗျာ..
အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ တကယ်လုပ်ချင်တယ်ဆိုရင် တစ်ခြားဝန်ကြီးတွေ ဖယ်သလို ဒီလိုလူမျိုးတွေကို ဖယ်ဖို့ သင့်ပြီ။
ဒီထက် ပိုဖြစ်သင့်တာက ကာယကံရှင်ဖြစ်တဲ့ ခင်ဗျားတို့ တွေမှာ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့ စေတနာလေး တကယ် ရှိခဲ့တယ်ဆိုရင် ခင်ဗျားတို့ တွေ ကိုယ့်ဖာသာကို ထွက်စာတင်ပြီး နှုတ်ထွက်သင့်ပြီ။ သမ္မတကြီးပြောတဲ့အထိ နောက် ၂ နှစ်သက်တမ်းကုန်မဲ့အထိ စောင့်မနေပါနဲ့ ဗျာ။
ခင်ဗျားတို့  ရှိတာနဲ့ လည်း ခင်ဗျားတို့ မိသားစုတွေ နောက် ၁၀ သက် စားမကုန်ပါဘူးဗျာ။
တိုင်းပြည်နဲ့  ပြည်သူတွေမျက်နှာကို ငှဲ့ ပါအုံး။
အသိပေးတင်ပြသူ -
အပြောင်းအလဲကို လိုလားသော စစ်သားဟောင်းတစ်ဦး။

Thursday, August 29, 2013

ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူးဆိုတဲ့ မီးရထားဝန်ကြီးဟောင်း ဦးအောင်မင်း

1 comments
 
ဦးအောင်မင်း အကြောင်း ရေးသားနေတာတွေ တွေ့ရတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံမိပါ။ မီးရထား ဝန်ကြီး ဌာန၊ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ခဲ့၍ မြန်မာ့မီးရထားကဏ္ဍ၏ စိတ်မောဖွယ်ရာအကြောင်း တစေ့တစောင်းကိုလည်း ရင်ဖွင့်ချင်လာမိသည်။

    မီးရထားကဏ္ဍသည် အရှေ့တောင်အာရှတွင် မြန်မာက စတင်လာခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ် လက်ထက် ၁၈၈၇ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ရန်ကုန်မှ ပြည်သို့ ပထမဦးဆုံးမီးရထား စတင်ပြေးဆွဲခဲ့ခြင်းဖြင့် မြန်မာ့ မီးရထားအပိုင်း စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဒီဇယ်ရထားခေါင်းတွဲများ ရန်ကုန်မြို့သို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ပြေးဆွဲအသုံးပြုခဲ့သည်။

    ခေတ်အဆက်ဆက် မြန်မာ့မီးရထားကိုပိုမိုခေတ်မီစေဖို့ အင်းစိန်စက်ခေါင်းပြင်ရုံ၊ မလွှကုန်း ဒီဇယ်စက်ခေါင်း ပြင်ရုံ၊ ရွာထောင်ဒီဇယ်စက်ခေါင်းပြင်ရုံများကိုတည်ထောင်ပြီး မီးရထားကဏ္ဍကို မြင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့သည်။

    ၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံး မီးရထားလမ်း အရှည် ၁၉၇၆.၃၅ မိုင်ရှိခဲ့ပြီး ၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရခေတ်တွင် မီးရထားလမ်းအရှည် ၃၅၄၅.၁၃ မိုင်အထိရှိလာခဲ့သည်။ ယခင်က စာပို့ရထားပဲပြေးဆွဲနိုင်သည့် ရန်ကုန် - မန္တလေး မီးရထားလမ်းကို အဆင့်မြှင့်တင်ပြီး ဒဂုံမန်း၊ ရွှေမန်းမေ စသည်ဖြင့် ပုဂ္ဂလိကရထားလိုင်းများ ပေါ် လာခဲ့သည်။ ရွှေမန်းမေ ရထားလိုင်းမှာ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ခင်ယုမေ၏ ရွှေမန်းမေ သီချင်းကြောင့် စီးနင်းလိုက်ပါသူခရီးသည် ပိုမိုရရှိခဲ့သည်။

    မှန်ပါသည်၊ စစ်အစိုးရခေတ်မှာ လမ်းပိုင်းတိုးချဲ့တာတွေရှိပါသည်။ သို့သော် လမ်းအရှည်မိုင်သာ တိုးလာ ခဲ့ပြီး အရည်အသွေးမြှင့်တင်နိုင်မှုအပိုင်း အားနည်းခဲ့သလို ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွင်လည်း အလွန်အားနည်းခဲ့ ပါသည်။ လက်ရှိကာလတွင် အရည်အသွေးတော်တော်ကျဆင်းနေပြီဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှမှာ ခေတ်ရှေ့ပြေးခဲ့တဲ့ မြန်မာ့မီးရထား ဒီအခြေအနေ ဘာကြောင့်ရောက်ခဲ့ရသလဲ၊ ဝန်ထမ်းဟောင်း တစ်ယောက် အနေဖြင့် စဉ်းစားမိပြီး ရင်ဖွင့်ချင်လာခြင်းဖြစ်သည်။

    မီးရထားလောကတွင် အကျင့်ပျက် ခြစားမှုမျိုးစုံ ရှိကြပါ၏။ ခေတ်အလိုက် စီးပွားလမ်းဖြောင့်ခဲ့ကြပါ၏။ အထက်ကိုလည်း ပေးရ၏၊ ဝေစုခံလည်း ယူရ၏။ ဝန်ထမ်းအားလုံး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲစေရန် နည်းအမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ကြသော်လည်း ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်က ဘယ်လိုမျှ မလုံနိုင် ပါချေ။ ကျွန်တော်သည် ၁၉၇၇ ခုနှစ် မီးရထားဝန်ကြီး ဦးထွန်းလင်း လက်ထက်မှစ၍ ဦးအောင်မင်း လက်ထက်အထိ ဝန်ကြီးအဆက်ဆက်ကိုလည်း မှီခဲ့ပါသည်။ အဆိုးဆုံးကာလမှာ ဝန်ကြီး ဦးအောင်မင်း ကာလဖြစ်ပါသည်။

    ကျွန်တော်တို့ထက် အသက် ၇ နှစ်ခန့် ငယ်ပါလိမ့်မည်။ သူ့ကို '' အဘ '' ဟု ခေါ်ရပါသည်။ အဘဝန်ကြီး ဦးအောင်မင်း က ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူး ဟု ပြည်သူတွေကြားမှာ ပြောလေ့ရှိပါသည်။

    ဦးအောင်မင်း မတိုင်ခင်က နဝတခေတ် ဝန်ကြီးများဖြစ်သည့် ဦးဝင်းစိန်၊ ဦးပန်းအောင် အသီးသီး လက်ထက်တွင် မြန်မာ့မီးရထားနှင့်ပတ်သက်၍ တတ်နိုင်သလောက် တိုးချဲ့လုပ်ကိုင်ခဲ့ကြပါသည်။ သူတို့အနေနှင့် ပညာရှင်များမဟုတ်သော်လည်း တည်ဆောက်ရေးလုပ်ငန်းမှန်သမျှကို ကိုယ်တိုင်မြေပြင်ဆင်းပြီး လိုက်လံစစ်ဆေး ကြသည်။ ပညာရှင်များကို နေရာပေးကြသည်၊ မြန်မာ့မီးရထားကဏ္ဍကို အဆင့်အတန်း တစ်နေရာတွင် ထိန်းထား နိုင်ခဲ့သည်။ သူ့လက်ထက်နှင့်သူ အဆင့်အလိုက်အဆင်ပြေအောင် ညှိနှိုင်း ရယူမှုများလည်း ရှိကြသည်။ စာဖွဲ့ လောက်သည့် အနေအထားတော့မရှိ။ သို့တစေ အားလုံးကျေနပ်ကြသည်။

    ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးအောင်မင်း ဝန်ကြီးဖြစ်လာသည့်အချိန်တွင် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့သည်နှင့်အတူ မီးရထားကဏ္ဍတွင် တည်ဆောက်ရေးပိုင်းဆိုင်ရာ တိုးချဲ့ ခဲ့ရတာတွေ၊ အသစ်တည်ဆောက်ရတာတွေလည်းများလာခဲ့သည်။ လုပ်ငန်းတွေများလာလေ ၁ဝ ရာခိုင်နှုန်း ဆိုသည့် နာမည်ကြီးကိစ္စတွေ များလာလေဖြစ်လာသည်။ ၁ဝ ရာခိုင်နှုန်းမျှဖြင့် အားမရသောကြောင့် ယောက်ဖတော် သူ တည်ထောင်ထားသည့် မင်းအနော်ရထာကုမ္ပဏီနှင့် ၎င်း၏ တူဖြစ်သည့် ဝဏ္ဏကိုတို့အား ဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းအများအပြားကို လက်ဝါးကြီးအုပ်ဆောင်ရွက်စေခဲ့ပြီး တဖြည်းဖြည်းနှင့် ၁ဝ ရာခိုင်နှုန်းပျောက်သွားကာ ဦးအောင်မင်း အိတ်ကပ်ထဲသို့ အကုန်ရောက်သွားတော့သည်။

    ဦးအောင်မင်း လက်ထက်တွင် ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခဲ့သော်လည်း ရထားလမ်း၏ အရည် အသွေးမှာ မြင်းလိုခုန်၊ လိပ်လိုသွား ဟု နာမည်ကြီးခဲ့သည်။ ရန်ကုန် - မန္တလေး ၁ဝ နာရီ ခရီးကို ၁၆ နာရီကြာမှ ရောက်သည်။ တိုးချဲ့တာလည်းများသလောက် ပျက်စီးတာတွေလည်း ပိုများလာခဲ့သည်။ ၁၉၉၂ ခုနှစ် ကတည်းက ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရောက်ရှိခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့များ၏ လုပ်ငန်းလိုင်စင်ကိစ္စများသည်လည်း ဝန်ကြီး၏ထိန်းချုပ်မှု အောက်မှာ စည်းပျက်ကမ်းပျက်နှင့် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့ရသည်။ မြစ်ငယ် မီးရထားစက်ရုံ၏ BOT ကန်ထရိုက်စနစ်များတွင်လည်း ၁ဝ ရာခိုင်နှုန်းအထက် ရလိုခြင်းကြောင့် China National Complant ကုမ္ပဏီ က မျက်ကလဲဆန်ပြာ ဖြစ်ခဲ့ရသည်။ ၁ဝ ပေ တံတား ၁ စင်းဆောက်ဖို့ အမည်ပေါက် လိုချင်လျှင် သိန်း ၅ဝ ပေးရ သည်။ ဒီလိုနှင့် စီမံကိန်းအားလုံးနီးပါး သူတို့၏ကုမ္ပဏီများကသာ နေရာယူခဲ့သည်။ မီးရထားဝန်ကြီးဌာနပိုင်မြေ၊ အဆောက်အဦတွေဟာလည်း မိသားစုပိုင် တော်တော်များများ ဖြစ်သွားခဲ့သည်။ မိတ်ဆွေများ၏ သတင်းစကားအရ မြောက်ဥက္ကလာ ခုံးကျော်တံတားအတွက် စီမံကိန်းအင်ဂျင်နီယာများက ဝန်ကြီးသို့ သိန်းပေါင်း တစ်သောင်းလောက် ပေးရကြောင်း သိရသည်။
သမီးကလည်း Lucky Flower ? Sunday Mart ? Sakantha ဟိုတယ် စသည်ဖြင့် လုပ်ငန်းရှင်ကြီး ဖြစ် လာခဲ့သည်။ ရှေ့ကဝန်ကြီးများနှင့် အလွန်ကွာပါသည်။ ဘာမှမတတ်ဘူးဟုသာ ပြောသည်။ သူတတ်သမျှ အားလုံး သူ့အတွက်ချည်းဖြစ်နေသည်။ ပြည်သူတွေအားလုံး မသိသေးသော လက်တွေ့ဖြစ်ရပ်မှန်များဖြစ်သည်။ သူ၏ အရည်အချင်းမှာ လူယုံအောင်ပြောတတ်သည့်နေရာတွင် တစ်ဖက်ကမ်းခတ်သည်။ ကျွန်တော်တို့လို လက်အောက် ဝန်ထမ်းများအနေဖြင့် သိနေသော်လည်း ပြန်ပြောခွင့်မရှိ၊ တင်ပြပိုင်ခွင့်မရှိ၊ အထက်လူကြီးများ အနေဖြင့်လည်း သိသိကြီးနှင့် အညာခံနေရသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသည်။

    ကျွန်တော့်မှာ ခံစားချက်ရှိပါသည်။ ဦးအောင်မင်းက သူတာဝန်ယူခဲ့တဲ့ မီးရထားဝန်ကြီး ကာလ တစ်လျှောက် ဘာတွေလုပ်ခဲ့ပါသလဲ၊ မတတ်ဘူးဟုပြောပြီး လက်အောက်ကဝန်ထမ်းတွေ အပေါ်မှာကော ညှာတာ တဲ့စိတ်ထား ရှိခဲ့ပါသလား၊ ကျွန်တော်တို့ဟာ ဝန်ထမ်းများဖြစ်ပါသည်။ ပညာရှင်လည်း ဖြစ်ပါသည်။ မတတ်ပါလျှင် ပညာရှင်ရဲ့ အကြံပြုမှုကိုလက်ခံရပါမည်။ တင်ပြခွင့်လည်းမရှိ၊ ဖြေရှင်းခွင့်လည်းမရှိ၊ မိသားစုကုမ္ပဏီကို Contract ပေးပြီး ပညာရှင်ရဲ့စစ်ဆေးမှု၊ လက်ခံမှုမပြုရဘဲနဲ့ လူကြီးတွေကို ပြီးပါပြီလို့ တင်ပြလို့ ဖွင့်လှစ်ပေးခဲ့ရတဲ့ လမ်းတွေ၊ ဖွင့်ပြီးနောက် တစ်နေ့မှာဘဲ မြေသားမကောင်း၊ ကျောက်မပြည့်လို့ မနိုင်မနင်း အပေါက်ဖာခဲ့ရတာတွေဟာ ဒီနေ့ အထိ အကျိုးဆက်တွေပါလို့ ကျွန်တော်ပြောရဲပါသည်။ အထက်လူကြီးကို လိမ်ညာတင်ပြပြီး လုပ်ငန်းတွေ အတင်း တိုးချဲ့၊ တိုးချဲ့သလောက် နောက်ကမနိုင်မနင်း လိုက်လုပ်နေရပေမယ့် သူကတော့ ဆယ်သက်မက ချမ်းသာသွား ခဲ့သည်မှာ အသေအချာဖြစ်ပါသည်။  
ဦးအောင်မင်း သမ္မတရုံးဝန်ကြီး ဖြစ်သွားတော့ ဦးဇေယျာအောင် ပြောင်းလာသည်ဟု သိရသည်။ မြစ်ကြီးနားတိုင်းမှူးကလာတယ်ဟုသိရပြီး KIA နဲ့ ဖြစ်တဲ့ကိစ္စတွေမှာ အခြေအနေမကောင်းလို့ တပ်ချုပ်က သမ္မတနဲ့ ညှိပြီး အရပ်ဘက်ပို့လိုက်တာ ဟု ပြောကြသည်။ သူလည်း ဘာမှတတ်မှာမဟုတ်ပါဘူး ဟု လက်ရှိတာဝန် ထမ်းဆောင်ဆဲ မိတ်ဆွေများက ပြောကြပြန်သည်။ ဦးဇေယျာအောင် တစ်ယောက်လည်း ဘာမှမတတ်၊ ဘာမှ မလုပ်ရသေးခင် ဝန်ကြီးဌာနတစ်ခုကို ပြောင်းသွားပြန်ပါသည်။

    ဘာပဲဖြစ်ဖြစ် ကိုယ့်ဝန်ကြီးဌာနကိုတော့ နာမည်ကောင်းနှင့် ရှိစေချင်သည်။ ယခုလို နာမည်ဆိုးနှင့် ကျော်ကြားမှုမျိုးကို မလိုလားပါ။ တစ်ကယ်ကျွမ်းကျင်တဲ့လူတွေကို နေရာမပေးဘဲ သူ့အတွက် အဆင်ပြေမယ့် ဆွေမျိုးသားချင်းများ၏ ကုမ္ပဏီများကိုသာ နေရာပေးပြီး ကိုယ်ကျိုးလုပ်သွားသူ အတ္တသမား ဦးအောင်မင်းမှာသာ တာဝန်ရှိပါသည်။ ယခု ကျွန်တော် အရပ်ထဲရောက်လာတော့ သတင်းပိုစုံလာသည်။ Peace Center ကို ထူထောင် ပြီး ငြိမ်းချမ်းရေးအတွက်အကြောင်းပြကာ နိုင်ငံတော်၏ ဘတ်ဂျက်ထက်ဝက်လောက်ကို ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ အတွက် နိုင်ငံတော်သမ္မတထံသို့ သွယ်ဝိုက်သောနည်းအားဖြင့် တင်ပြတောင်းခံထားဆဲဟု သိရသည်။ မိသားစု၌ ဆယ်သက်စားမကုန်သော ပိုင်ဆိုင်မှုများရှိနေပါလျက် ရောင့်ရဲတင်းတိမ်နိုင်မှုမရှိသည့်လုပ်ရပ်ကို တော်တော်ရွံမုန်း မိသည်။ သူ့လိုလူတွေရှိလို့လဲ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီနှင့်ဝေးနေတာ ဖြစ်သည်။ ဝန်ကြီးဌာနကို ဖျက်ဆီး ပြီးနောက် နိုင်ငံတော်ကိုပါ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသည့် ခြေလှမ်းတစ်ရပ်ဟုသာ ကျွန်တော်မြင်ပါ သည်။ မီးရထားစက်ခေါင်းရုံ၊ တွဲပြင်အလုပ်ရုံတို့မှ ကန်ထရိုက်တာများအပေါ် ခေါင်းပေါင်းဖြတ်ခဲ့သည့်ဝေစုများ၊ လမ်း/တံတားများ တည်ဆောက်မှုအပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ဒွေးလမ်းတည်ဆောက်မှုပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ကတိကဝတ်ပေါင်းမြောက်မြားစွာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့သည့် ကားပါမစ်များမှရရှိခဲ့သောဝေစုများ၊....များ၊ ....များ တို့ဖြင့် လုပ်ချင်တာလုပ်နေသော ဖခင်၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့သမီး၊ နောက်ဆုံးတော့ မွတ်ဆလင်ဆိုသူကိုပါ သမက်အဖြစ် အိမ်ပေါ် တင်ထားသည်ဟု သိရသည်။

    ကိုခိုင်လေး ဆိုသူက အင်တာနက်ပေါ်တွင် ရေးထားတာဖတ်လိုက်ရသည်။

    လွှတ်တော်ကို ဖျက်ဖို့လိုသလို ဒီလိုလူမျိုးတွေကိုလည်း ဝန်ကြီးရာထူးက ဖြုတ်သင့်ပါသည်။ နိုင်ငံတော် အတွက် ဘာတစ်ခုမှအကျိုးမရှိ၍ ရင်ဖွင့်မိခြင်းဖြစ်ပါသည်။


                                    မီးရထားဝန်ထမ်းဟောင်းတစ်ဦး