Saturday, August 31, 2013

အပြောကတော့ ရွှေမန်း

2 comments

 သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယကသစ် ဦးရွှေမန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လယ်ယာမြေသိမ်းဆည်းခြင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့အတွက် အချက် (၆) ချက်ပါတဲ့ သဝဏ်လွှာတစ်ခု ပေးခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မသိနားမလည်တဲ့ တောင်သူလယ်သမားတွေ မလုပ်တတ် မကိုင်တတ်နဲ့ အရေးယူခံနေရကြောင်း၊ မြေယာများမှာ တောင်သူများကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး ဓားမဦးချ လုပ်ကိုင်ခဲ့သော်လည်း မှတ်ပုံတင်ထားခြင်းမရှိခြင်း၊ အစိုးရဝန်ထမ်းများက လျစ်လျူရှုခြင်း၊ နစ်နာသူများကို သင့်တင့်တဲ့စီရင်ဆောင်ရွက်မှု မရှိခဲ့ခြင်းတို့ကြောင့် တောင်သူများ နစ်နာနေရကြောင်း ရေးသားထားပြီး အဆိုပါ မြေယာသိမ်းဆည်းမှုများမှာ ယခင်အစိုးရ လက်ထက်က လုပ်ခဲ့တာဖြစ်ကြောင်း၊ ယခု တာဝန်ရှိသူများက ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကို ဆက်ခံရမည် ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ဘဲ မြေယာများကို ပြန်ပေးစေလိုကြောင်း၊ စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့်မည်ဟု ယူဆကြောင်း၊ တောင်သူများ အပေါ် စာနာစိတ် ထားရှိလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါ သဖြင့် သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြထားပါတယ်။
အပြောကတော့ ရွှေမန်း ဆိုတဲ့အတိုင်းပါပဲ။ သဝဏ်လွှာကို ဖတ်ရှုရသူတိုင်းက အားရဝမ်းသာ ရှိကြပါတယ်။ နာယကကြီး ဦးရွှေမန်းရဲ့ အခုလို မြေသိမ်းခံတောင်သူများ ဘဝကိုစာနာပြီး အခုလို သဝဏ်လွှာ ပေးပို့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် ဦးရွှေမန်းအနေနဲ့ ကာယကံရှင် ပြည်သူတွေဘဝကို အမှန်တကယ်ပဲ စာနာလို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန်ကို တိုက်ခိုက်ချင်လို့လား ဆိုတာကတော့ စဉ်းစားစရာပါပဲ။

မကြာသေးခင်ကမှ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်မှုတွေက ဥပဒေနဲ့ မကိုက်ညီကြောင်း လွှတ်တော်က ပြောခဲ့တာ ကြောင့် လတ်တလောမှာ ဦးသိန်းစိန် နှင့် ဦးရွှေမန်း တို့ နှစ်ယောက် ပြိုင်ဆိုင်နေကြောင်း၊ သဘောထားကွဲနေကြောင်း မီဒီယာများကလည်း ရေးသားနေကြချိန်မှာ အခုလို ထိပ်တိုက်တွေ့ဖို့ ဦးရွှေမန်း က စပြီး သဝဏ်လွှာပို့လိုက်တာတော့ သံသယ ဖြစ်စရာရှိပါတယ်။

ဒီကနေ့ မီဒီယာတွေမှာ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲနေကြကြောင်း၊ တဖြည်းဖြည်း ပြင်းထန် လာပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီ ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီ အတွင်းမှာ ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီသစ်တစ်ခုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစု တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ရာထူးကို ဦးသိန်းစိန် လက်ထဲကနေ သူရဦးရွှေမန်းက လွှဲပြောင်းရယူလိုက်ချိန်ကတည်းက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တို့အကြားမှာ စေ့စပ်ညှိနှိုင်းလို့ မရတဲ့ နိုင်ငံရေး အာဏာပြိုင်ဆိုင်မှုတွေ ရှိလာကြောင်း နေပြည်တော်မှ ပြောစကားများဟု ကိုးကားပြီး သတင်းမီဒီယာများမှာ ဖော်ပြနေကြတာ တွေ့နေရပါတယ်။ အခုလို မီဒီယာများနဲ့ လူထုက အာရုံစိုက်နေချိန်မှာ ဦးရွှေမန်းက အခုလို သဝဏ်လွှာ ပေးပို့လိုက်တာဟာ မြေသိမ်းခံ ပြည်သူများ အတွက် စေတနာ ရှိလို့ ဟုတ်ပ့ါမလားဆိုတာ စဉ်းစားစရာပါ။

လယ်ယာမြေသိမ်းဆည်းမှု ပြဿနာကလည်း နိုင်ငံအနှံ့ ကျေးရွာအများအပြားမှာသာမက ရန်ကုန်မြို့ပေါ်ထိ ဆန္ဒပြမှုတွေ ရှိနေတုန်းပါ။ ဒီပြဿနာကို အတိုက်အခံ အင်အားစုတွေကလည်း လက်ကိုင်တုတ်တစ်ခုလိုသုံးပြီး အစိုးရကို အပြစ်တင်နေချိန်၊ အခါအားလျော်စွာ ဆန္ဒပြနေကြချိန်မှာ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်က အတိုက်အခံနဲ့ ပြည်သူအချို့ဆီက နာမည်ကောင်းရဖို့အတွက်  ဒီလက်ကိုင် တုတ်နဲ့ပဲ သမ္မတကြီးဦးသိန်းစိန်ကို ဖိအားပေးရင်း  နာမည်ကောင်းယူတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိ ပါတယ်။

ယမန်နှစ်က နေပြည်တော်မှာလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မီဒီယာတွေတွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရသစ် လက်ထက်မှာ မြေယာသိမ်းဆည်းမှု လုံးဝမရှိကြောင်း ပြောခဲ့ပါတယ်။ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကလည်း “ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေသိမ်းမှု၊ ယာသိမ်းမှု Zero.. လုံးဝမရှိဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မြေယာသိမ်းဆည်းမှုများက ယခင်အစိုးရ လက်ထက်ကလို့ ရေးသားထားပါတယ်။ ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အသံကောင်းဟစ်နေတဲ့ လွှတ်တော်နာယကကြီး ဦးရွှေမန်းကရော အရင်အစိုးရလက်ထက်က ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ? မြေယာသိမ်းဆည်းမှု အစီအစဉ်တွေမှာ လုံးဝ မပါခဲ့ဘူးလား? အရင်အစိုးရလက်ထက်က မြေသိမ်းခဲ့တဲ့ ကိစ္စတွေကို လုံးဝမသိခဲ့ဘူးလား? ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်က ဆိုးမွေဟု ပြောဆိုနေသည့် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်မှ အရင်အစိုးရအဖွဲ့မှာ အဆင့် (၃) အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ဒီကိစ္စမှာ ဦးရွှေမန်းမှာရော တာဝန်ရှိမရှိ ဆိုတာ သဝဏ်လွှာထဲမှာ ထည့်ရေးသင့်ပါတယ်။ ဒီမြေသိမ်းမှု တွေမှာ အမှန်တကယ် ဦးဆောင်ခဲ့တာ ဘယ်သူလဲဆိုတာ ဦးရွှေမန်း အသိဆုံးဖြစ်မှာပါ။ တရားခံဘယ်သူလဲလို့မေးရင် ဦးရွှေမန်းပါလို့ ဖြေရမှာပါ။

တရားခံ ဦးရွှေမန်းလို့ တိုက်ရိုက်ပြောတာက စွပ်စွဲတာ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော် ကိုယ်တိုင် ဝန်ကြီးတစ်ဦး အနေနဲ့ အနီးကပ် လုပ်ကိုင်ခဲ့ရတာတွေကြောင့် အခုလို ပြောနိုင်တာပါ။ ဦးရွှေမန်း ပြောတဲ့ ယခင်အစိုးရ ဆိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကို ပြောလို့မရပါဘူး။ အသက် ၇၀ အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကလည်း တတိယအကြီးဆုံးဖြစ်တဲ့ ဦးရွှေမန်းတင်ပြခဲ့တဲ့အတိုင်းစီမံခွင့်ပေးခဲ့တာပါ။ ဒါကြောင့် အရင်အစိုးရလက်ထက်က မြေသိမ်း၊ ယာသိမ်းတွေကို အဓိက ဦးဆောင်လုပ်ခဲ့တာ ဦးရွှေမန်းပါပဲ။ အထက်က (၂) ယောက်ကိုလည်း သူပဲ မျက်နှာရအောင် အမျိုးမျိုးတင်ပြခဲ့တာပါ။ ဦးသန်းရွှေ အနားယူလျှင် တပ်ချုပ် ဖြစ်မယ် သမ္မတ ဖြစ်မယ် ဆိုပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာက ဦးရွှေမန်းပါ။ ဦးသန်းရွှေ နဲ့ ဦးမောင်အေးတို့ အနားယူဖို့ ပြင်ဆင်နေချိန်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိနေတဲ့ ဦးရွှေမန်းက ၂၀၁၁ မှာ တပ်ချုပ်ဖြစ်မလိုလို၊ သမ္မတဖြစ်မလိုလို ထင်ပြီး အထက်လူကြီး နှစ်ယောက်ကို အထူးပဲ မျက်နှာလုပ်ခဲ့ပါတယ်။  အဲဒီအချိန်က ဦးရွှေမန်းနဲ့ ဦးတင်အောင်မြင့်ဦး တို့ နှစ်ယောက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ပြီး မြေလွတ်တွေ့သမျှ အကုန်သိမ်းခိုင်းခဲ့တာပါ။ အောက်ခြေတပ်တွေက အခက်အခဲတွေ တင်ပြတာတောင် လက်မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဆိုပြီး အကုန်သိမ်းခိုင်းတာပါ။ နိုင်ငံပိုင်၊ တပ်ပိုင်တင် သိမ်းတာမဟုတ်ပါဘူး။ ဦးရွှေမန်းပိုင် ဆိုပြီးလည်း သိမ်းခဲ့တဲ့ မြေတွေ မနည်းပါဘူး။

ကိုယ်တိုင်မြေသိမ်းခဲ့ပြီး မြေပိုင်ယာပိုင် ဖြစ်နေတဲ့ သူဌေးကြီး ဦးရွှေမန်းဟာ ဒီ ပြဿနာကြီးတစ်ခုလုံးကို ဦးသိန်းစိန် အပေါ် ပုံချလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ နှစ်ယောက်လုံးရဲ့ လက်အောက်မှာ အလုပ် လုပ်ဖူးတာကြောင့် အတိုင်းအတာ တစ်ခုထိ လုပ်ဖော်ကိုင်ဖက် သံယောဇဉ်ရှိသလို  သစ္စာစောင့်သိနေတုန်း ဖြစ်ပါတယ်။ ဦးရွှေမန်း အနေနဲ့လည်း ကိုယ်လုပ်ခဲ့သမျှကို မဆိုင်တဲ့လူကို ခေါင်းတည်ပြီး အပြစ်ပုံချရတဲ့အထိ သစ္စာမမဲ့သင့်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လျှင် သော်လည်းကောင်း၊ ပြိုင်ဖက်တစ်ဦးအဖြစ် တိုက်ခိုက်လိုလျှင် အခြားနည်းလမ်းဖြင့်သာ တိုက်ခိုက်သင့်ပါတယ်။

ဦးရွှေမန်းကိုယ်တိုင်က သမ္မတ ထက်ကြီးတဲ့ ရာထူးရှိရင်တောင် လိုချင်ကြောင်း ပြည်ပ ခရီးစဉ် တစ်ခုမှ ပြော ခဲ့ပြီး နောက်ပိုင်း မှာ ဦးရွှေမန်းအနေနဲ့ တဖက်မှာ အတိုက်အခံအင်အားစုများနဲ့ လွှတ်တော်အတွင်းမှာ သိသိသာသာ လိုက်လျောမှုတွေ လုပ်နေပြီး အခြားတဖက်မှာ ဦးသိန်းစိန်ကို အမျိုးမျိုးဖိအားပေးတာတွေ၊ တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာတာ သိသာ ထင်ရှားလွန်းပါတယ်။ အခုလို  လွှတ်တော်တွင်း မျက်နှာပန်း ပွင့်ဖို့နဲ့ အတိုက်အခံ နဲ့ ပြည်သူ အချို့ရဲ့ ထောက်ခံမှု ရဖို့ မျှော်လင့်ပြီး ကိုယ့်အပြစ်ကိုသူများအပေါ် ပုံချတာ၊ လုပ်ဖော် ကိုင်ဖက်ခြင်းအပေါ် သစ္စာမဲ့ နေတာဟာ စိတ်ပျက်စရာ အလွန်ကောင်းပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယကကြီး ဦးရွှေမန်းအနေနဲ့ အာဏာမက်မောမှုနှင့် နေရာမြဲဖို့အတွက် အခုလိုသူတပါးကို အပြစ်ပုံချတဲ့ လုပ်ရပ်တွေကြောင့် လူထုဆီက မဲ မရတဲ့အပြင် လူထုရဲ့ရှုံ့ချမှုကိုပဲ အနှေးနဲ့အမြန် ခံရမှာဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

(ဝန်ကြီးဟောင်း တစ်ဦး)

Thursday, August 29, 2013

ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူးဆိုတဲ့ မီးရထားဝန်ကြီးဟောင်း ဦးအောင်မင်း

1 comments
 
ဦးအောင်မင်း အကြောင်း ရေးသားနေတာတွေ တွေ့ရတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံမိပါ။ မီးရထား ဝန်ကြီး ဌာန၊ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ခဲ့၍ မြန်မာ့မီးရထားကဏ္ဍ၏ စိတ်မောဖွယ်ရာအကြောင်း တစေ့တစောင်းကိုလည်း ရင်ဖွင့်ချင်လာမိသည်။

    မီးရထားကဏ္ဍသည် အရှေ့တောင်အာရှတွင် မြန်မာက စတင်လာခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ် လက်ထက် ၁၈၈၇ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ရန်ကုန်မှ ပြည်သို့ ပထမဦးဆုံးမီးရထား စတင်ပြေးဆွဲခဲ့ခြင်းဖြင့် မြန်မာ့ မီးရထားအပိုင်း စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဒီဇယ်ရထားခေါင်းတွဲများ ရန်ကုန်မြို့သို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ပြေးဆွဲအသုံးပြုခဲ့သည်။

    ခေတ်အဆက်ဆက် မြန်မာ့မီးရထားကိုပိုမိုခေတ်မီစေဖို့ အင်းစိန်စက်ခေါင်းပြင်ရုံ၊ မလွှကုန်း ဒီဇယ်စက်ခေါင်း ပြင်ရုံ၊ ရွာထောင်ဒီဇယ်စက်ခေါင်းပြင်ရုံများကိုတည်ထောင်ပြီး မီးရထားကဏ္ဍကို မြင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့သည်။

    ၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံး မီးရထားလမ်း အရှည် ၁၉၇၆.၃၅ မိုင်ရှိခဲ့ပြီး ၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရခေတ်တွင် မီးရထားလမ်းအရှည် ၃၅၄၅.၁၃ မိုင်အထိရှိလာခဲ့သည်။ ယခင်က စာပို့ရထားပဲပြေးဆွဲနိုင်သည့် ရန်ကုန် - မန္တလေး မီးရထားလမ်းကို အဆင့်မြှင့်တင်ပြီး ဒဂုံမန်း၊ ရွှေမန်းမေ စသည်ဖြင့် ပုဂ္ဂလိကရထားလိုင်းများ ပေါ် လာခဲ့သည်။ ရွှေမန်းမေ ရထားလိုင်းမှာ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ခင်ယုမေ၏ ရွှေမန်းမေ သီချင်းကြောင့် စီးနင်းလိုက်ပါသူခရီးသည် ပိုမိုရရှိခဲ့သည်။

    မှန်ပါသည်၊ စစ်အစိုးရခေတ်မှာ လမ်းပိုင်းတိုးချဲ့တာတွေရှိပါသည်။ သို့သော် လမ်းအရှည်မိုင်သာ တိုးလာ ခဲ့ပြီး အရည်အသွေးမြှင့်တင်နိုင်မှုအပိုင်း အားနည်းခဲ့သလို ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွင်လည်း အလွန်အားနည်းခဲ့ ပါသည်။ လက်ရှိကာလတွင် အရည်အသွေးတော်တော်ကျဆင်းနေပြီဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှမှာ ခေတ်ရှေ့ပြေးခဲ့တဲ့ မြန်မာ့မီးရထား ဒီအခြေအနေ ဘာကြောင့်ရောက်ခဲ့ရသလဲ၊ ဝန်ထမ်းဟောင်း တစ်ယောက် အနေဖြင့် စဉ်းစားမိပြီး ရင်ဖွင့်ချင်လာခြင်းဖြစ်သည်။

    မီးရထားလောကတွင် အကျင့်ပျက် ခြစားမှုမျိုးစုံ ရှိကြပါ၏။ ခေတ်အလိုက် စီးပွားလမ်းဖြောင့်ခဲ့ကြပါ၏။ အထက်ကိုလည်း ပေးရ၏၊ ဝေစုခံလည်း ယူရ၏။ ဝန်ထမ်းအားလုံး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲစေရန် နည်းအမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ကြသော်လည်း ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်က ဘယ်လိုမျှ မလုံနိုင် ပါချေ။ ကျွန်တော်သည် ၁၉၇၇ ခုနှစ် မီးရထားဝန်ကြီး ဦးထွန်းလင်း လက်ထက်မှစ၍ ဦးအောင်မင်း လက်ထက်အထိ ဝန်ကြီးအဆက်ဆက်ကိုလည်း မှီခဲ့ပါသည်။ အဆိုးဆုံးကာလမှာ ဝန်ကြီး ဦးအောင်မင်း ကာလဖြစ်ပါသည်။

    ကျွန်တော်တို့ထက် အသက် ၇ နှစ်ခန့် ငယ်ပါလိမ့်မည်။ သူ့ကို '' အဘ '' ဟု ခေါ်ရပါသည်။ အဘဝန်ကြီး ဦးအောင်မင်း က ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူး ဟု ပြည်သူတွေကြားမှာ ပြောလေ့ရှိပါသည်။

    ဦးအောင်မင်း မတိုင်ခင်က နဝတခေတ် ဝန်ကြီးများဖြစ်သည့် ဦးဝင်းစိန်၊ ဦးပန်းအောင် အသီးသီး လက်ထက်တွင် မြန်မာ့မီးရထားနှင့်ပတ်သက်၍ တတ်နိုင်သလောက် တိုးချဲ့လုပ်ကိုင်ခဲ့ကြပါသည်။ သူတို့အနေနှင့် ပညာရှင်များမဟုတ်သော်လည်း တည်ဆောက်ရေးလုပ်ငန်းမှန်သမျှကို ကိုယ်တိုင်မြေပြင်ဆင်းပြီး လိုက်လံစစ်ဆေး ကြသည်။ ပညာရှင်များကို နေရာပေးကြသည်၊ မြန်မာ့မီးရထားကဏ္ဍကို အဆင့်အတန်း တစ်နေရာတွင် ထိန်းထား နိုင်ခဲ့သည်။ သူ့လက်ထက်နှင့်သူ အဆင့်အလိုက်အဆင်ပြေအောင် ညှိနှိုင်း ရယူမှုများလည်း ရှိကြသည်။ စာဖွဲ့ လောက်သည့် အနေအထားတော့မရှိ။ သို့တစေ အားလုံးကျေနပ်ကြသည်။

    ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးအောင်မင်း ဝန်ကြီးဖြစ်လာသည့်အချိန်တွင် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့သည်နှင့်အတူ မီးရထားကဏ္ဍတွင် တည်ဆောက်ရေးပိုင်းဆိုင်ရာ တိုးချဲ့ ခဲ့ရတာတွေ၊ အသစ်တည်ဆောက်ရတာတွေလည်းများလာခဲ့သည်။ လုပ်ငန်းတွေများလာလေ ၁ဝ ရာခိုင်နှုန်း ဆိုသည့် နာမည်ကြီးကိစ္စတွေ များလာလေဖြစ်လာသည်။ ၁ဝ ရာခိုင်နှုန်းမျှဖြင့် အားမရသောကြောင့် ယောက်ဖတော် သူ တည်ထောင်ထားသည့် မင်းအနော်ရထာကုမ္ပဏီနှင့် ၎င်း၏ တူဖြစ်သည့် ဝဏ္ဏကိုတို့အား ဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းအများအပြားကို လက်ဝါးကြီးအုပ်ဆောင်ရွက်စေခဲ့ပြီး တဖြည်းဖြည်းနှင့် ၁ဝ ရာခိုင်နှုန်းပျောက်သွားကာ ဦးအောင်မင်း အိတ်ကပ်ထဲသို့ အကုန်ရောက်သွားတော့သည်။

    ဦးအောင်မင်း လက်ထက်တွင် ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခဲ့သော်လည်း ရထားလမ်း၏ အရည် အသွေးမှာ မြင်းလိုခုန်၊ လိပ်လိုသွား ဟု နာမည်ကြီးခဲ့သည်။ ရန်ကုန် - မန္တလေး ၁ဝ နာရီ ခရီးကို ၁၆ နာရီကြာမှ ရောက်သည်။ တိုးချဲ့တာလည်းများသလောက် ပျက်စီးတာတွေလည်း ပိုများလာခဲ့သည်။ ၁၉၉၂ ခုနှစ် ကတည်းက ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရောက်ရှိခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့များ၏ လုပ်ငန်းလိုင်စင်ကိစ္စများသည်လည်း ဝန်ကြီး၏ထိန်းချုပ်မှု အောက်မှာ စည်းပျက်ကမ်းပျက်နှင့် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့ရသည်။ မြစ်ငယ် မီးရထားစက်ရုံ၏ BOT ကန်ထရိုက်စနစ်များတွင်လည်း ၁ဝ ရာခိုင်နှုန်းအထက် ရလိုခြင်းကြောင့် China National Complant ကုမ္ပဏီ က မျက်ကလဲဆန်ပြာ ဖြစ်ခဲ့ရသည်။ ၁ဝ ပေ တံတား ၁ စင်းဆောက်ဖို့ အမည်ပေါက် လိုချင်လျှင် သိန်း ၅ဝ ပေးရ သည်။ ဒီလိုနှင့် စီမံကိန်းအားလုံးနီးပါး သူတို့၏ကုမ္ပဏီများကသာ နေရာယူခဲ့သည်။ မီးရထားဝန်ကြီးဌာနပိုင်မြေ၊ အဆောက်အဦတွေဟာလည်း မိသားစုပိုင် တော်တော်များများ ဖြစ်သွားခဲ့သည်။ မိတ်ဆွေများ၏ သတင်းစကားအရ မြောက်ဥက္ကလာ ခုံးကျော်တံတားအတွက် စီမံကိန်းအင်ဂျင်နီယာများက ဝန်ကြီးသို့ သိန်းပေါင်း တစ်သောင်းလောက် ပေးရကြောင်း သိရသည်။
သမီးကလည်း Lucky Flower ? Sunday Mart ? Sakantha ဟိုတယ် စသည်ဖြင့် လုပ်ငန်းရှင်ကြီး ဖြစ် လာခဲ့သည်။ ရှေ့ကဝန်ကြီးများနှင့် အလွန်ကွာပါသည်။ ဘာမှမတတ်ဘူးဟုသာ ပြောသည်။ သူတတ်သမျှ အားလုံး သူ့အတွက်ချည်းဖြစ်နေသည်။ ပြည်သူတွေအားလုံး မသိသေးသော လက်တွေ့ဖြစ်ရပ်မှန်များဖြစ်သည်။ သူ၏ အရည်အချင်းမှာ လူယုံအောင်ပြောတတ်သည့်နေရာတွင် တစ်ဖက်ကမ်းခတ်သည်။ ကျွန်တော်တို့လို လက်အောက် ဝန်ထမ်းများအနေဖြင့် သိနေသော်လည်း ပြန်ပြောခွင့်မရှိ၊ တင်ပြပိုင်ခွင့်မရှိ၊ အထက်လူကြီးများ အနေဖြင့်လည်း သိသိကြီးနှင့် အညာခံနေရသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသည်။

    ကျွန်တော့်မှာ ခံစားချက်ရှိပါသည်။ ဦးအောင်မင်းက သူတာဝန်ယူခဲ့တဲ့ မီးရထားဝန်ကြီး ကာလ တစ်လျှောက် ဘာတွေလုပ်ခဲ့ပါသလဲ၊ မတတ်ဘူးဟုပြောပြီး လက်အောက်ကဝန်ထမ်းတွေ အပေါ်မှာကော ညှာတာ တဲ့စိတ်ထား ရှိခဲ့ပါသလား၊ ကျွန်တော်တို့ဟာ ဝန်ထမ်းများဖြစ်ပါသည်။ ပညာရှင်လည်း ဖြစ်ပါသည်။ မတတ်ပါလျှင် ပညာရှင်ရဲ့ အကြံပြုမှုကိုလက်ခံရပါမည်။ တင်ပြခွင့်လည်းမရှိ၊ ဖြေရှင်းခွင့်လည်းမရှိ၊ မိသားစုကုမ္ပဏီကို Contract ပေးပြီး ပညာရှင်ရဲ့စစ်ဆေးမှု၊ လက်ခံမှုမပြုရဘဲနဲ့ လူကြီးတွေကို ပြီးပါပြီလို့ တင်ပြလို့ ဖွင့်လှစ်ပေးခဲ့ရတဲ့ လမ်းတွေ၊ ဖွင့်ပြီးနောက် တစ်နေ့မှာဘဲ မြေသားမကောင်း၊ ကျောက်မပြည့်လို့ မနိုင်မနင်း အပေါက်ဖာခဲ့ရတာတွေဟာ ဒီနေ့ အထိ အကျိုးဆက်တွေပါလို့ ကျွန်တော်ပြောရဲပါသည်။ အထက်လူကြီးကို လိမ်ညာတင်ပြပြီး လုပ်ငန်းတွေ အတင်း တိုးချဲ့၊ တိုးချဲ့သလောက် နောက်ကမနိုင်မနင်း လိုက်လုပ်နေရပေမယ့် သူကတော့ ဆယ်သက်မက ချမ်းသာသွား ခဲ့သည်မှာ အသေအချာဖြစ်ပါသည်။  
ဦးအောင်မင်း သမ္မတရုံးဝန်ကြီး ဖြစ်သွားတော့ ဦးဇေယျာအောင် ပြောင်းလာသည်ဟု သိရသည်။ မြစ်ကြီးနားတိုင်းမှူးကလာတယ်ဟုသိရပြီး KIA နဲ့ ဖြစ်တဲ့ကိစ္စတွေမှာ အခြေအနေမကောင်းလို့ တပ်ချုပ်က သမ္မတနဲ့ ညှိပြီး အရပ်ဘက်ပို့လိုက်တာ ဟု ပြောကြသည်။ သူလည်း ဘာမှတတ်မှာမဟုတ်ပါဘူး ဟု လက်ရှိတာဝန် ထမ်းဆောင်ဆဲ မိတ်ဆွေများက ပြောကြပြန်သည်။ ဦးဇေယျာအောင် တစ်ယောက်လည်း ဘာမှမတတ်၊ ဘာမှ မလုပ်ရသေးခင် ဝန်ကြီးဌာနတစ်ခုကို ပြောင်းသွားပြန်ပါသည်။

    ဘာပဲဖြစ်ဖြစ် ကိုယ့်ဝန်ကြီးဌာနကိုတော့ နာမည်ကောင်းနှင့် ရှိစေချင်သည်။ ယခုလို နာမည်ဆိုးနှင့် ကျော်ကြားမှုမျိုးကို မလိုလားပါ။ တစ်ကယ်ကျွမ်းကျင်တဲ့လူတွေကို နေရာမပေးဘဲ သူ့အတွက် အဆင်ပြေမယ့် ဆွေမျိုးသားချင်းများ၏ ကုမ္ပဏီများကိုသာ နေရာပေးပြီး ကိုယ်ကျိုးလုပ်သွားသူ အတ္တသမား ဦးအောင်မင်းမှာသာ တာဝန်ရှိပါသည်။ ယခု ကျွန်တော် အရပ်ထဲရောက်လာတော့ သတင်းပိုစုံလာသည်။ Peace Center ကို ထူထောင် ပြီး ငြိမ်းချမ်းရေးအတွက်အကြောင်းပြကာ နိုင်ငံတော်၏ ဘတ်ဂျက်ထက်ဝက်လောက်ကို ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ အတွက် နိုင်ငံတော်သမ္မတထံသို့ သွယ်ဝိုက်သောနည်းအားဖြင့် တင်ပြတောင်းခံထားဆဲဟု သိရသည်။ မိသားစု၌ ဆယ်သက်စားမကုန်သော ပိုင်ဆိုင်မှုများရှိနေပါလျက် ရောင့်ရဲတင်းတိမ်နိုင်မှုမရှိသည့်လုပ်ရပ်ကို တော်တော်ရွံမုန်း မိသည်။ သူ့လိုလူတွေရှိလို့လဲ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီနှင့်ဝေးနေတာ ဖြစ်သည်။ ဝန်ကြီးဌာနကို ဖျက်ဆီး ပြီးနောက် နိုင်ငံတော်ကိုပါ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသည့် ခြေလှမ်းတစ်ရပ်ဟုသာ ကျွန်တော်မြင်ပါ သည်။ မီးရထားစက်ခေါင်းရုံ၊ တွဲပြင်အလုပ်ရုံတို့မှ ကန်ထရိုက်တာများအပေါ် ခေါင်းပေါင်းဖြတ်ခဲ့သည့်ဝေစုများ၊ လမ်း/တံတားများ တည်ဆောက်မှုအပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ဒွေးလမ်းတည်ဆောက်မှုပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ကတိကဝတ်ပေါင်းမြောက်မြားစွာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့သည့် ကားပါမစ်များမှရရှိခဲ့သောဝေစုများ၊....များ၊ ....များ တို့ဖြင့် လုပ်ချင်တာလုပ်နေသော ဖခင်၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့သမီး၊ နောက်ဆုံးတော့ မွတ်ဆလင်ဆိုသူကိုပါ သမက်အဖြစ် အိမ်ပေါ် တင်ထားသည်ဟု သိရသည်။

    ကိုခိုင်လေး ဆိုသူက အင်တာနက်ပေါ်တွင် ရေးထားတာဖတ်လိုက်ရသည်။

    လွှတ်တော်ကို ဖျက်ဖို့လိုသလို ဒီလိုလူမျိုးတွေကိုလည်း ဝန်ကြီးရာထူးက ဖြုတ်သင့်ပါသည်။ နိုင်ငံတော် အတွက် ဘာတစ်ခုမှအကျိုးမရှိ၍ ရင်ဖွင့်မိခြင်းဖြစ်ပါသည်။


                                    မီးရထားဝန်ထမ်းဟောင်းတစ်ဦး

Wednesday, August 28, 2013

အကျင့်ပျက်ဝန်ထမ်း ရဲအရာရှိတစ်ဦးအား အရေးယူပေးစေချင်

1 comments
မန်းလေးတိုင်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ ချမ်းအေးသာစံမြို့ နယ်တာဝန်ခံ ဒုရဲအုပ် စောမင်းသန်းသည် ချမ်းအေးသာစံမြို့ နယ်အတွင်းရှိ နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားမှု့ များ ၊ အကြွေစေ့(ကက်စီနို)လောင်းကစားသမားများ ထံမှ လာတ်လာဘများ လစဉ်တောင်းယူ စားသောက်နေပါသည်။နိုင်ငံတော်အကြီးအကဲများမှ လောင်းကစားမှု့ ပပျောက်အောင်ဆောင်ရွက်နေချိန်တွင် တိုင်းဒုစရိုက်နှိမ်နင်းရေးအဖွဲ့ တွင်တာဝန်ကျဒုရဲအုပ်စောမင်းသန်း သည်လောင်းကစားသမားများထံမှ(၁၅)ရက်နေ့နှင့် လကုန်ရက်များတွင် (၅၀၀၀၀)ကျပ်အားတောင်းယူစားသောက်နေပါသည်။၎င်းသည် လောင်းကစားသမားများအား ငါတို့ လည်း မင်းတို့ ပေးတဲ့ လစဉ်ကျေးအား ငါတစ်ယောက်ထဲရတာမဟုတ်ဘူး၊ရုံးသွင်းကြေးပေးရတယ်၊လူကြီးခိုင်းရင်လည်း လုပ်ပေးရတယ်၊အထက်အရာရှိတွေကိုလည်းပေးရတယ် ဟုပြောဆိုတောင်းခံနေပါသည်။နိုင်ငံတော် အကြီးအကဲများမှ လောင်းကစားမှု့ ပပျောက်အောင် ကြိုးကြိုးစားစားဆောင်ရွက်နေချိန်တွင် အကျင့်ပျက်ဝန်ထမ်းဖြစ်တဲ့ ဒုရဲအုပ်စောမင်းသန်းကတော့မကြောက်ပဲဒိုင်တွေဖွင့်ခိုင်း/ရောင်းခိုင်ခြင်းမျာြးုပလုပ်နေပြီး ဖမ်းဆီးမည်ဆိုပါက ကြိုတင်နေရာရွှေခိုင်းခြင်း ၊ နားခိုင်းခြင်းများပြုလုပ်ဆောင်ရွက်နေပါသည်။၎င်းအရာရှိမျိုးဒုစရိုက်နှိမ်နင်းရေးအဖွဲဖ့ နှင့်မတန်ပါ၊ဒုစရိုက်နှိမ်နင်းစားသောက်ရေးအဖွဲ့ပါဆို ဒုစရိုက်မွေးမြူစားသောက်ရေးအဖွဲ့ ဖြစ်နေပါသည်။ဒုရဲအုပ်စောမင်းသန်းသည် ကိုမြဦး(စကုဘုန်းကြီးကျောင်းတိုက်၊ဒိုင်ကြီး) ၊ကိုဖိုးအောင်(ဒိုင်ကြီး ၈၄ လမ်း ၀င်းလိုက်ရုပ်ရှင်ရုံမြောက်ဖက်၊ကိုညီညီ(ဂျွန်းဗလီဝင်း)၊မေယင်တင်ဝင်း(မေ၀တီကျောင်း၊တောင်သမန်တိုက်)၊ကိုသော်ဇင်(အနောက်ခင်မကန်တိုက်၊ကျောက်ပတောင်းကျောင်း)၊အောင်နိုင်မြင့်(ကန်ကောက်ရပ်ကွက်)၊အောင်ကျော်မြင့်(၆၂ / ၆၃)(၂၈)လမ်းကြား၊ကိုအောင်တိုး(ပုဂံတိုက်ဘုန်းကြီးကျောင်း တို့ ထံမှ (၁၅)ရက်တစ်ခါ (၁၀၀၀၀၀၀)ကျပ်တောင်းယူစားသောက်နေပါသည်။ဒုရဲအုပ်စောမင်းသန်းသည် လောင်းကစားသမားများထံမှတွင်ပဟုတ်ဘဲ ချမ်းအေးသာစံမြို့ နယ်အတွင်းရှိ အနှိပ်ခန်းများ၊ (၃၄)လမ်း(၈၄/၈၅)လမ်းကြားမှာရှိတဲ့ ကာစီနိုဒိုင်၊(၈၈/၈၉)ပြည်ကျော်ဈေး၊(၃၁)၊(၇၇/၇၈)လမ်းကြားရှိကာစီနိုဒိုင်၊(၈၀)၊(၃၂/၃၃)လမ်းကြား၊(၂၉/၃၀)၊(၇၈/၇၉)လမ်းကြားမှာရှိတဲ့ ကာစီနိုဒိုင်များစီမှလည်း လိုင်ကြေးများတောင်းယူစားသောက်နေသည့်ရဲအရာရှိတစ်ဦးဖြစ်ပါသည်။နိုင်ငံတော်မှလောင်းကစားမှု့ များပပျောက်အောင်ဆောင်ရွက်နေချိန်တွင် ရာထူး/အရှိန်အ၀ါ အသုံးချပြီးလောင်းကစားသမားများထံမှ လာတ်လာဘများတောင်းယူစားသောက်နေသူ တိုင်းဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ ဒုရဲအုပ်စောမင်းသန်းအား အရေးယူပေးစေချင်ပါသည်။

နိုင်ငံတော်အကြီးအကဲများ သိအောင် တစ်ဆင့် share ပေးခြင်းဖြင့် ကူညီပါခင်ဗျာ

Re: အကျင့်ပျက်ဝန်ထမ်း ရဲအရာရှိတစ်ဦးအား အရေးယူပေးစေချင် မန်းလေးတိုင်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ ချမ်းအေးသာစံမြို့ နယ်တာဝန်ခံ ဒုရဲအုပ် စောမင်းသန်းသည် ချမ်းအေးသာစံမြို့ နယ်အတွင်းရှိ နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားမှု့ များ ၊ အကြွေစေ့(ကက်စီနို)လောင်းကစားသမားများ ထံမှ လာတ်လာဘများ လစဉ်တောင်းယူ စားသောက်နေပါသည်။နိုင်ငံတော်အကြီးအကဲများမှ လောင်းကစားမှု့ ပေ�

0 comments
အကျင့်ပျက်ဝန်ထမ်း ရဲအရာရှိတစ်ဦးအား အရေးယူပေးစေချင်

မန်းလေးတိုင်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ ချမ်းအေးသာစံမြို့ နယ်တာဝန်ခံ ဒုရဲအုပ် စောမင်းသန်းသည် ချမ်းအေးသာစံမြို့ နယ်အတွင်းရှိ နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားမှု့ များ ၊ အကြွေစေ့(ကက်စီနို)လောင်းကစားသမားများ ထံမှ လာတ်လာဘများ လစဉ်တောင်းယူ စားသောက်နေပါသည်။နိုင်ငံတော်အကြီးအကဲများမှ လောင်းကစားမှု့ ပပျောက်အောင်ဆောင်ရွက်နေချိန်တွင် တိုင်းဒုစရိုက်နှိမ်နင်းရေးအဖွဲ့ တွင်တာဝန်ကျဒုရဲအုပ်စောမင်းသန်း သည်လောင်းကစားသမားများထံမှ(၁၅)ရက်နေ့နှင့် လကုန်ရက်များတွင် (၅၀၀၀၀)ကျပ်အားတောင်းယူစားသောက်နေပါသည်။၎င်းသည် လောင်းကစားသမားများအား ငါတို့ လည်း မင်းတို့ ပေးတဲ့ လစဉ်ကျေးအား ငါတစ်ယောက်ထဲရတာမဟုတ်ဘူး၊ရုံးသွင်းကြေးပေးရတယ်၊လူကြီးခိုင်းရင်လည်း လုပ်ပေးရတယ်၊အထက်အရာရှိတွေကိုလည်းပေးရတယ် ဟုပြောဆိုတောင်းခံနေပါသည်။နိုင်ငံတော် အကြီးအကဲများမှ လောင်းကစားမှု့ ပပျောက်အောင် ကြိုးကြိုးစားစားဆောင်ရွက်နေချိန်တွင် အကျင့်ပျက်ဝန်ထမ်းဖြစ်တဲ့ ဒုရဲအုပ်စောမင်းသန်းကတော့မကြောက်ပဲဒိုင်တွေဖွင့်ခိုင်း/ရောင်းခိုင်ခြင်းမျာြးုပလုပ်နေပြီး ဖမ်းဆီးမည်ဆိုပါက ကြိုတင်နေရာရွှေခိုင်းခြင်း ၊ နားခိုင်းခြင်းများပြုလုပ်ဆောင်ရွက်နေပါသည်။၎င်းအရာရှိမျိုးဒုစရိုက်နှိမ်နင်းရေးအဖွဲဖ့ နှင့်မတန်ပါ၊ဒုစရိုက်နှိမ်နင်းစားသောက်ရေးအဖွဲ့ပါဆို ဒုစရိုက်မွေးမြူစားသောက်ရေးအဖွဲ့ ဖြစ်နေပါသည်။ဒုရဲအုပ်စောမင်းသန်းသည် ကိုမြဦး(စကုဘုန်းကြီးကျောင်းတိုက်၊ဒိုင်ကြီး) ၊ကိုဖိုးအောင်(ဒိုင်ကြီး ၈၄ လမ်း ၀င်းလိုက်ရုပ်ရှင်ရုံမြောက်ဖက်၊ကိုညီညီ(ဂျွန်းဗလီဝင်း)၊မေယင်တင်ဝင်း(မေ၀တီကျောင်း၊တောင်သမန်တိုက်)၊ကိုသော်ဇင်(အနောက်ခင်မကန်တိုက်၊ကျောက်ပတောင်းကျောင်း)၊အောင်နိုင်မြင့်(ကန်ကောက်ရပ်ကွက်)၊အောင်ကျော်မြင့်(၆၂ / ၆၃)(၂၈)လမ်းကြား၊ကိုအောင်တိုး(ပုဂံတိုက်ဘုန်းကြီးကျောင်း တို့ ထံမှ (၁၅)ရက်တစ်ခါ (၁၀၀၀၀၀၀)ကျပ်တောင်းယူစားသောက်နေပါသည်။ဒုရဲအုပ်စောမင်းသန်းသည် လောင်းကစားသမားများထံမှတွင်ပဟုတ်ဘဲ ချမ်းအေးသာစံမြို့ နယ်အတွင်းရှိ အနှိပ်ခန်းများ၊ (၃၄)လမ်း(၈၄/၈၅)လမ်းကြားမှာရှိတဲ့ ကာစီနိုဒိုင်၊(၈၈/၈၉)ပြည်ကျော်ဈေး၊(၃၁)၊(၇၇/၇၈)လမ်းကြားရှိကာစီနိုဒိုင်၊(၈၀)၊(၃၂/၃၃)လမ်းကြား၊(၂၉/၃၀)၊(၇၈/၇၉)လမ်းကြားမှာရှိတဲ့ ကာစီနိုဒိုင်များစီမှလည်း လိုင်ကြေးများတောင်းယူစားသောက်နေသည့်ရဲအရာရှိတစ်ဦးဖြစ်ပါသည်။နိုင်ငံတော်မှလောင်းကစားမှု့ များပပျောက်အောင်ဆောင်ရွက်နေချိန်တွင် ရာထူး/အရှိန်အ၀ါ အသုံးချပြီးလောင်းကစားသမားများထံမှ လာတ်လာဘများတောင်းယူစားသောက်နေသူ တိုင်းဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ ဒုရဲအုပ်စောမင်းသန်းအား အရေးယူပေးစေချင်ပါသည်။

နိုင်ငံတော်အကြီးအကဲများ သိအောင် တစ်ဆင့် share ပေးခြင်းဖြင့် ကူညီပါခင်ဗျာ


On Wed, Aug 28, 2013 at 5:58 PM, Maung Lin Lin <devil891256@gmail.com> wrote:


အကျင့်ပျက်ဝန်ထမ်း ရဲအရာရှိတစ်ဦးအား အရေးယူပေးစေချင် မန်းလေးတိုင်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ ချမ်းအေးသာစံမြို့ နယ်တာဝန်ခံ ဒုရဲအုပ် စောမင်းသန်းသည် ချမ်းအေးသာစံမြို့ နယ်အတွင်းရှိ နှစ်လုံးထီ/သုံးလုံးထီ လောင်းကစားမှု့ များ ၊ အကြွေစေ့(ကက်စီနို)လောင်းကစားသမားများ ထံမှ လာတ်လာဘများ လစဉ်တောင်းယူ စားသောက်နေပါသည်။နိုင်ငံတော်အကြီးအကဲများမှ လောင်းကစားမှု့ ပပျောက်အောင်ဆောင်ရွက်နေချိန်တွင် တိုင်းဒုစရိုက်နှိမ်နင်းရေးအဖွဲ့ တွင်တာဝန်ကျဒုရဲအုပ်စောမင်းသန်း သည်လောင်းကစားသမားများထံမှ(၁၅)ရက်နေ့နှင့် လကုန်ရက်များတွင် (၅၀၀၀၀)ကျပ်အားတောင်းယူစားသောက်နေပါသည်။၎င်းသည် လောင်းကစားသမားများအား ငါတို့ လည်း မင်းတို့ ပေးတဲ့ လစဉ်ကျေးအား ငါတစ်ယောက်ထဲရတာမဟုတ်ဘူး၊ရုံးသွင်းကြေးပေးရတယ်၊လူကြီးခိုင်းရင်လည်း လုပ်ပေးရတယ်၊အထက်အရာရှိတွေကိုလည်းပေးရတယ် ဟုပြောဆိုတောင်းခံနေပါသည်။နိုင်ငံတော် အကြီးအကဲများမှ လောင်းကစားမှု့ ပပျောက်အောင် ကြိုးကြိုးစားစားဆောင်ရွက်နေချိန်တွင် အကျင့်ပျက်ဝန်ထမ်းဖြစ်တဲ့ ဒုရဲအုပ်စောမင်းသန်းကတော့မကြောက်ပဲဒိုင်တွေဖွင့်ခိုင်း/ရောင်းခိုင်ခြင်းမျာြးုပလုပ်နေပြီး ဖမ်းဆီးမည်ဆိုပါက ကြိုတင်နေရာရွှေခိုင်းခြင်း ၊ နားခိုင်း

0 comments

Monday, August 26, 2013

HWH ဥုံ For Android / Windows

0 comments

HWH ဥုံ For Android / Windows


တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး(၁၀၅)အိတ်၊ စုစုပေါင်း အလေးချိန်ကီလို (၂၆၂၅) အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်(ဗဟို)၊ ဟုမ္မလင်း(မူးယစ်)တို့မှ သိမ်းဆည်းရမိခဲ့… >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 06:30 PM PDT


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်(ဗဟို)၊ ဟုမ္မလင်း(မူးယစ်) တို့၏ ချပြသတင်းအရမော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး လှဦး၊ မော်လိုက်မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး တင့်ဝေ
အနီးကပ်လိုက်ပါကြီးကြပ်မှုဖြင့်  မော်လိုက် မြို့မရဲစခန်းမှ ရဲအုပ်
ဌေးလှိုင်နှင့် ဦးစီးအဖွဲ့သည် မြို့နယ်သစ်တောမှ ၀န်ထမ်း(၁)ဦး၊
မြို့မ(၁) အုပ်ချုပ်ရေးမှူး ဦးလွမ်းဝေ  ပါအုပ်ချုပ်ရေးမှူးများနှင့်အတူ
(၂၀.၈.၂၀၁၃) ရက်နေ့၊(၀၂၃၀) အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊
ဟောင်ပါး ဒေသမှ ချင်းတွင်းမြစ်ကြောင်း အတိုင်းစုန်ဆင်း လာသော "သရဖူ"
(သံခွန်ပက်လက်) ကုန်တင်အမြန်ရေယာဉ်အား  မော်လိုက်မြို့၊ကမ်းနားဆိပ်ကမ်း
တွင် ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ပါသည်။ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာရှမ်းပြည်မြောက်ပိုင်း
တန့်ယန်းမြို့ အမှတ်(၂)ရပ်ကွက်နေ အာဝူ(ခ) သိန်းဝင်း မှ တရားမ၀င်သယ်ဆောင်
လာသောပီနံအိတ်များဖြင့် ထည့်လျှက် (တစ်)အိတ်လျှင်(၂၅)ကီလိုခန့်ပါ
ကျောက်စိမ်းအရိုင်းတုံး(၁၀၅)အိတ်၊ စုစုပေါင်း အလေးချိန်ကီလို (၂၆၂၅) အား
ရေယာဉ်ဆလင်ခန်းအတွင်း နှင့် ၀မ်းဗိုက်အတွင်း မှ ရှာဖွေတွေ့ရှိခဲ့သဖြင့်
ရဲအုပ် ဌေးလှိုင် မှ တရားလိုပြုလုပ်၍ မော်လိုက်မြို့မရဲစခန်းမှ (ပ)
၆၄/၂၀၁၃၊ ကျောက်မျက်ဥပဒေပုဒ်မ- ၄၂(က) အရ ပစ္စည်းပိုင်ရှင် အာဝူ(ခ)
သိန်းဝင်း နှင့် စက်လှေပိုင်ရှင် သိန်းနိုင်ဦး တို့ အား
အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဝေဖြိုးအောင်
09-400513102
မော်လိုက်မြို့

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

နေရာတွင်ပွဲခြင်းပြီး လူသေဆုံးသွားအောင် တိုက်ခဲ့သော ယာဉ်အမှတ် ၈ည-၁၅၁၁ အဖြူနံ့သာရောင် စူပါကာစတန် အားတွေ့ရှိပါက/သိရှိ အကြောင်းကြားပေးပါက ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 06:05 PM PDT

လမ်းမတော်မြို့နယ်-ဘုန်းကြီးလမ်း ရိုးမဘဏ်ရှေ့တည့်တည့် လမ်းအလယ်ကောင်တွင်
လမ်းဖြတ်ကူးသူ ဦးအောင်ကျော်မြင့် အသက်(၄၃)မှာ နေရာတွင်ပွဲခြင်းပြီး သေဆုံးသွားပါသည်။
အဆိုပါယာဉ်တိုက်မှု ဖြစ်သောယာဉ်အမှတ်မှာ ၈ည-၁၅၁၁ မော်တော်ယာဉ်
 အဇြူနံ့သာရောင်စူပါကာစတန် ယာဉ်မှာမောင်းပြေးသွားပါသည်။
အဆိုပါယာဉ်အားတွေ့ရှိပါက လမ်းမတော်ရဲစခန်း(သို့မဟုတ်)
နီးစပ်ရာယာဉ်ထိန်းရဲများသို့အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံပါသည်။
အကြောင်းကြားပါက ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။
နံနက်ကိုးနာရီခွဲတွင် ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ပါသည် ...
အဆိုပါကားအား တွေ့ ရှိခဲ့ပါက ဖုန်းနံပါတ်
0973059489 ...
0943197748 အားကျေးဇူးပြုပြီးဆက်သွယ်ပေးပါရန်
အနူးအညွတ်တောင်းဆိုအပ်ပါသည် ...


>>>>>>>>>>>>>>>>>>>>>>>>>>>
"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

ကောလင်းမြို့တွင် ကြက်ခြေပြာသင်တန်းဖွင့်.... >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 06:00 PM PDT


ကောလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး
ဦးစီးဌာနမှကြီှးမှူးဖွင့်လှစ်သည့် အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်း(ကြက်ခြေပြာ) ဖွင့်ပွဲအခမ်းအနားကို(၂၅.၈.၂၀၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်ကကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဇာတိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ တ.စ.ညပါတီမှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်မြင့်၊ မြို့န်ာအထွေထွေအုပ်ချုပ်ရေးမှူးဦးအေးလွင်၊ ရဲမှူးဦးညွန့်ဇော်၊ပြည်ခိုင်ဖြိုးမှမြို့နယ် အမှုဆောင်များဖြစ်သည့်ဦးကျော်သန်း၊ဦးခင်မောင်တိုး၊ဦးထွန်းမင်း၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား(၄၁)ဦးတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဒေါက်တာဦးတင်ဝင်းရွှေတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ကောလင်း.....ကိုကိုထွန်း
              tunminaung13@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

သုတ၊ ရသ By Eagle Breeze

Posted: 25 Aug 2013 05:30 PM PDT

မင်္ဂလာမနက်​ခင်းပါ။
အချိန်​​တွေကလည်း တစ်​ခုခုကို ​စောင့်​စား​နေရင်​သာ ကြာတယ်​ထင်​ရတာပါ။ အမှုမဲ့ အမှတ်​မဲ့ဖြတ်​သန်းလို့က​တော့ တစ်​ရက်​၊ တစ်​လ၊ တစ်​နှစ်​ဆိုတာ ခဏ​လေးလိုပါပဲ။ လက်​ရှိကိုယ်​ဝတ်​ဆင်​ထားရတဲ့ လူ​နေမှုဘဝပုံစံဝတ်​စုံကို​ရော မိတ်​​ဆွေကြိုက်​ပါရဲ့လား။ ဝတ်​ရတာ အဆင်​​ပြေ​ပြေ သက်​​တောင့်​သက်​သာ​ရော ရှိရဲ့လား။
ကျွန်​​တော်​ ​တွေး​နေမိတာ​လေးပါ...
မိတ်​​ဆွေရဲ့ အသက်​​မွေးဝမ်း​ကျောင်းအလုပ်​ကို မိတ်​​ဆွေကစိတ်​ပါဝင်​စားမှုလည်းမရှိ၊ ​အောင်​လည်းမ​အောင်​မြင်​ရင်​ မိတ်​​ဆွေလက်​ရှိဘဝဟာ အဆိုးဆုံးပါပဲ။ မိတ်​​ဆွေရဲ့ လူ​နေမှုဘဝဝတ်​စုံကို ​ပြောင်းတာအ​ကောင်းဆုံးပါပဲ။
မိတ်​​ဆွေရဲ့ အသက်​​မွေးဝမ်း​ကျောင်းအလုပ်​ကို မိတ်​​ဆွေက စိတ်​ဝင်​စားပြီး မ​အောင်​မြင်​တာပဲဖြစ်​ဖြစ်​၊ စိတ်​မဝင်​စားပဲ ​အောင်​မြင်​​နေတာပဲဖြစ်​ဖြစ်​..... ဒါဆိုရင်​ မိတ်​​ဆွေရဲ့ဘဝဟာ ​နေ​ပျော်​​သေးတဲ့ဘဝပါ။ ဒီဝတ်​စုံကိုဆက်​ဝတ်​မယ်​ဆို ဝတ်​​ပျော်​ပါ​သေးတယ်​။ ဒါ​ပေမယ့်​ပျင်းရိငြီး​ငွေ့မယ်​။ ဖန်​တီးနိုင်​စွမ်း​လျော့ကျလာမယ်​။
မိတ်​​ဆွေရဲ့ အသက်​​မွေးဝမ်း​ကျောင်းအလုပ်​ကို
ိမိတ်​​ဆွေကလည်း စိတ်​ဝင်​စားရူးသွပ်​ပြီး ​အောင်​လည်း​အောင်​မြင်​တယ်​ဆိုရင်​ မိတ်​​ဆွေဟာ လူဖြစ်​ရကျိုးနပ်​သူဖြစ်​ပါတယ်​။ လူတို​င်းမရနိုင်​တဲ့ဘဝတစ်​ခုကို ရရှိပိုင်​ဆိုင်​ထားသူဖြစ်​ပါတယ်​။
ဘုရား​ပေးတဲ့ ဆုဖြစ်​ပါတယ်​။
စာဖတ်​သူက ငယ်​ရွယ်​သူတစ်​​ယောက်​ဖြစ်​​နေ​သေးရင်​​တော့ လက်​ရှိဝတ်​ဆင်​​နေရတဲ့ လူ​နေမှုဘဝဝတ်​စုံကို ပြုပြင်​​ပြောင်းလဲဝတ်​ဆင်​ချိန်​ရှိ​သေးတဲ့အတွက်​ ပြန်​စဉ်းစား​စေချင်​ပါတယ်​။
၂၅၊ ၈၊ ၂၀၁၃

Facebook >>> အမှတ်​တရ မိုင်​တိုင်​များ


အမေ သို့ ...။ ဘ၀ခရီးသည် ...။ By အောင်ခိုင်မြင့်(sa.lay) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 05:00 PM PDT

အမေ သို့ 
။။။။။။။။။။။။။။။။။
အူဝဲဆိုတဲ့အသံ  ကြားကတည်းက

နာကျင်မှုကို အမှုမထား

ချိုသာရွှင်ပြ. အပြုံးမျက်နှာ

အားမာန်အပြည့်နဲ့   နို့ ချိုတိုက်ကျွေး

နွေးထွေးရင်ခွင်နဲ့ ထွေးပွေ့ ထားတဲ့အမေ

  ကျောင်းနေအရွယ် ထမင်းချိုင့်လာပို့ 

ပင်ပန်းမှုကိုအမှုမထား"သား"မျက်နှာမြင်

အမောတွေ  ပျောက်ခဲ့တဲ့အမေ....

တစ်ခါတလေ. အမေ ဖျားလို့ 

ချောင်းသံတွေ ကြားက

ကျောင်းမှန်မှန်သွား  သား တဲ့

အမေ့ရှေ့ မှာ  ဟုတ်ကဲ့  ဆိုပြီး

ကျောင်းကိုမရောက်  ဘောလုံးကွင်း

ရောက်ခဲ့တဲ့သားကို  အမေသိတော့

မျက်ရည်စို့ လျက်  မရိုက်နှက်ပဲ

အမေ့စကားနာထောင်ပါသားရယ်တဲ့.....

အချိန်တန်လို့   အရွယ်ရောက်သော်

ဝမ်းတထွာ အတွက် နေရပ်စွန့် မယ့်

သားကို  တစ်နယ်တစ်ကျေးမှာ

လိမ်လိမ်မာမာနေပါ  သား ရယ်တဲ့....

အမေ့  မှာစကား နားမှာကြား

အမေ့ကို ရည်မှန်းဦးခိုက်ကန်တော့ရင်း

အမေကျန်းမာဖို့   အဝေးမှ  သား

ဆုတောင်းလိုက်ပါတယ်  အမေ... ..

                   အောင်ခိုင်မြင့်(sa.lay)

                   (09403706975)
>>>>>>>>>>>>>>>>>>>>>>
ဘ၀ခရီးသည် ...
။။။။။။။။။။။။။။။။။။။
ဆေးလိပ်တို လက်ကြားညှပ်

အတွေးတွေနဲ့   ကမ္ဘာကြီးကိုထိုင်ငေး

ငယ်ဘ၀နဲ့ လဲ  ဝေးခဲ့ပြီ

25 ခါသင်္ကြန်ကျခဲ့ပေမယ့်  ဘ၀စစ်စစ်နဲ့ 

လူမဖြစ်ရသေးဘူး  ...

အကြိမ်ကြိမ်ကြဲချခဲ့တာတောင်

တစ်ပင်မှပေါက်မလာတဲ့ မျိုးစေ့တွေ

အတွက်ဘယ်သူ့ ကိုအပြစ်တင်ရမလဲ

တစ်ခါတလေ ပျော်ရွှင်မူ၊စာနာမှု၊နွေးထွေး

မှု၊နှစ်သိမ့်မှု တွေကို တောင့်တတိုင်း

ဆန္ဒတွေဟာ ချောင်ကုပ်ကုပ်အခန်းငယ်

ထဲ  သော့ခတ်ခံခဲ့ရတယ်

ဦးနှောက်မှာဗဟုသုတကနည်း

ဝမ်းဗိုက်မှာအဟာရကနည်း

အိတ်ကပ်မှာ ဘောဂဗေဒကနည်း

ရင်ထဲမှာမျှော်လင့်ချက်တွေကနည်း

ချို့ တဲ့နေတဲ့ ခန္ဒာကိုယ်ကိုထမ်းပိုးလို့ 

ဘ၀လမ်းဆက်လျှောက်ရင်း သောကတွေ

အနည်မထိုင်သရွေ့  ပျော်ရွှင်မှုဆိုတာ

အိပ်မက်ထဲတောင်အလည် မလာတာ

ကြာခဲ့ပြီ.....   

      
                 အောင်ခိုင်မြင့်(sa.lay)
>>>>>>>>>>>>>>>>>>>>>>>>>>>>

"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)