Showing posts with label ရင်ဖွင့်စာ. Show all posts
Showing posts with label ရင်ဖွင့်စာ. Show all posts

Saturday, March 30, 2013

ပြင်ဦးလွင် တသန ဗိုလ်ကတော် တစ်ဦး၏ တောင်းပန် အသိပေးစာ

0 comments
ကျွန်မ အမျိုးသားက တပ်မတော်မှ ပြန်တမ်းဝင် အရာရှိ တစ်ဦး ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့နယ် တပ်မတော်သိပ္ပံနှင့်နည်းပညာ သုတေသနဌာန မှာတာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်မတို့မှာ လသားအရွယ် ကလေး တစ်ယောက်ရပါပြီ။ ကျွန်မတို့ မိသားစုရဲ့ စားဝတ်နေရေး အဆင်ပြေစေရန် ကျွန်မ စစ်တက္ကသိုလ်သို့ အပြောင်းအရွှေ့ တင်ထားသော်လည်း ယနေ့တိုင် ထုးခြားမှုမရှိသေးပါ။ ကျွန်မကဲ့သို့ အခြားသောကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော အိမ်ထောင်သည် မိခင် အမျိုးသမီးများ များစွာ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန လက်အောက်တွင်များစွာရှိနေပါသည်။ မိသားစု တကွဲတပြားဖြစ်နေသည့်အတွက် စားရေးနေရေး အဆင်မပြေ ဖြစ်နေပါသည်။ အဓိက အဆင်မပြေသည်မှာ ကလေးငယ်အတွက် ဖြစ်ပါသည်။ ဒေါက်တာ ကိုကိုဦးနှင့်တကွ တာဝန်ရှိသူများက အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါရန် ဤ၀က်ဆိုက်မှတဆင့် အနုးအညွှတ်တောင်းပန် အသိပေးအပ်ပါသည်။