Showing posts with label သမ္မတကြီးထံ ပေးစာ. Show all posts
Showing posts with label သမ္မတကြီးထံ ပေးစာ. Show all posts

Tuesday, July 7, 2015

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၁)

0 comments

၊မြန်မာ စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  ကိုရာ
ထူး မှ ဖယ်ရှားခဲ့ သည့် ၂၀၀၄ ခုနှစ် တွင် ကာကွယ်ရေး ၀န်ကြီး ဌာန ဉ် မထင်မရှား
စစ်အရာရှိကြီး နှင့် တိုင်းမှုး ဟောင်း ဗိုလ်ချုပ် သိန်းစိန် မှာ သူ ၏ ပိုင်ဆိုင်မှု များ ကို
ပေါ်ပေါ်ထင်ထင် စီမံ ခန့် ခွဲ ဖို့  အကြောင်း ဖန် လာခဲ့ သည်။
သူလျှို ၊ စပိုင် အကြီး အကဲ ဦးခင်ညွန့်  တစ်ဇာတ်သိမ်း သွား သည် တွင် စကား
နည်း ပြီး အထက် ဗိုလ်ချုပ် ကြီး များ ၏ ဆဲ ဆို မှု ကို တစ်ချက် မတွန် ခံ နိုင်ရည်
ရှိသည့် ဗိုလ်ချုပ် သိန်းစိန် မှာ စစ်အစိုးရ လက်ထက် တွင် ဘုန်းတန်းခိုး ကြီးသည့်
အတွင်းရေး မှုး ၁ ဆို သည့် ရာ ထူး ကို ရရှိ ခဲ့ သည်။
အတွင်း ရေး မှုး ၁ ရာ ထူး ရ ပြီး မကြာခင် မှာ ပင် ရန်ကုန် ၊ မန္တလေး တွင် စီးပွား
ရေး လုပ်ငန်းများ အခြေ စိုက် ထား သည့် ချမ်းသာ သော တိုင်းရင်းသား လက်
နက် ကိုင် ခေါင်းဆောင် များ နှင့် စီးပွား ရေး လုပ်ငန်း ရှင် များ ၏ လက်ဆောင်
ပဏ္ဏများ ကို ရရှိခဲ့ သည်။
ကွယ်လွန် သွား ရှာ ပြီ ဖြစ်သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ထံ ချဉ်းကပ်
ရန် အတွက် ဦးစွာ ပထမ ချဉ်းကပ် ရ သူမှာ ဒုဗိုလ်ချုပ်ကြီး သိန်းစိန် ဖြစ် သည် ။
အတွင်းရေးမှုး ၁ လက်မှတ် ပါ မှ ကျန်တာ ဆက် လုပ် လို့  ရ တယ် ဆိုသည့်
စကား မှာ လည်း ရန်ကုန် စီးပွားရေး လောက တွင် ပြောစမှတ် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်  တန်ခိုးထွား စဉ် မှာ သူ ခွင့် ပြု လိုက် လျှင် ကိစ္စ အားလုံး
ပြီး သည် ဗိုလ်ချုပ်ကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး မောင်အေး တို့  ပင် မလို သော်
လည်း ဒုဗိုလ်ချုပ်ကြီး သိန်းစိန် လက်ထက် ရောက် သည့် အခါ တွင် မူ သူ့  အား
အောင်မြင် စွာ ချဉ်းကပ် နိုင်ခြင်း သည် မြန်မာ စစ်ခေါင်းဆောင် များ ကို ရင်းနှီး
ခွင့် ရရှိ မှု အတွက် ပထမ ဦးဆုံး တံ ခါး ပေါက် တစ်ချပ် ပင် ဖြစ်သည်။
ဗိုလ်သိန်းစိန် ၏ စာမေး ပွဲ ကို အောင်မြင် စွာ ဖြေ ဆို နိုင် သူ များ မှာ ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှုး ကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူ ရ ရွှေမန်း နှင့် ၀န်ကြီး
ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ ထံ သို့  ဆက် လက် ချဉ်းကပ် ရန် အတွက် အခွင့် အလမ်း
ရရှိ ကြ သူများ ဖြစ်ကြသည်။
အချို့  ကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန် အမျက် ဒေါသ နှင့် ကြုံရ ပြီး “ နိုင်ငံတော်
က ချပေး သည့် လုပ် ငန်း” ဆိုသော မြိုးမြိုး မျက်မျက် ရနိုင်သည့် လုပ်ငန်းကြီး
များ နှင့် ဝေးခဲ့ ကြသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန် မြို့  နေအိမ် ဉ် အတွင်းရေး မှုး ၁ ဗိုလ်ချုပ်
ကြီး သိန်းစိန် နှင့် ဆုံစည်း ဖြစ်ခဲ့ သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က ” ဗိုလ်
ချုပ်ကြီး ခင်ညွန့် လက်ထက် ကတည်း က ကျွန်တော် မျက်မှန်း တမ်းမိ ပါတယ်။
သူ ၀န်ကြီး ချုပ် ဖြစ် ပြီး သီလ၀ါ ဆိပ်ကမ်း ကို ပထမ ဆုံးအကြိမ် လာစစ်ဆေးပြီး
တဲ့ နောက် မှာ သူ့  ကို ချဉ်းကပ် ဖို့  ပိုပြီး လွယ် ကူသွားတယ် ၊ ရန်ကုန် အိမ် မှာ
ပထမ ဆုံး အကြိမ် တွေ့ ပြီး တဲ့ နောက် နေ ပြည်တော် အိမ် အထိ အခေါက် ပေါင်း
မရေ နိုင် တော့ ဘူး “ဟု အဆို ပါ စီးပွား ရေး လုပ် ငန်း ရှင် က FNG ကို ပြောသည်။
“စကား ပြော လို့  ကောင်း တဲ့ လူ ပါပဲ ၊ အထက်လူကြီး (ဗိုလ်ချုပ်ကြီး တွေ နဲ့  ဆုံတဲ့အခါ)
သူတို့  ကို ဘယ် လို ဆက်ဆံ ရ မယ် ၊ ဦးသန်းရွှေ က ဘယ် လို ၊ ဦးမောင်အေး က ဘာ
ကြိုက် တယ် စသဖြင့် ကျွန်တော့် ကို လမ်းညွန် ပါတယ်” ဟု စီးပွား ရေး လုပ် ငန်းရှင်
က ထပ် လောင်း ပြောသည်။
” ပထမ ဦးဆုံး အကြိမ် အတွင်း ရေးမှုး ၁ ခေါ် ဗိုလ်ချုပ်ကြီး သိန်းစိန် ” ကို တွေ့ ဆုံစဉ်
က ထို စီးပွား ရေး လုပ်ငန်း ရှင် ၏ ဂါရ၀ ပြု လက်ဆောင် မှာ ခြင်း ဟု ခေါ် သည့် စား
သောက် ဖွယ် များ နှင့် အတူ သူ၏ ကိုယ်ရေး အရာရှိ ဗိုလ်မှုးကြီး ကို ပေးခဲ့သည့်
ငွေ ကျပ် သိန်း ၁၀၀၀ ဖြစ်သည်။
သူ့  လိုပင် အခြား စီးပွားရေး လုပ်ငန်း ရှင် များ က လည်း အာဏာ ရခါစ ဗိုလ်ချုပ်ကြီး သိန်းစိန်
အိမ် ကို ၀င် ထွက် သွား လာ မှု များ ရှိခဲ့သည်။ စစ်အစိုးရ အဖွဲ့  အတွင်း ဉ် ပဉ္စမ မြောက် အာဏာ
အရှိ ဆုံး ဖြစ်သည့် ဦးသိန်းစိန် ကို ဘရုနိုင်း စော်ဘွား က လည်း တန်ဖိုး ကြီး မော်တော်
ကား တစ်စီး လက်ဆောင်ပေး ခဲ့ပြန်သည်။
မြန်မာ နိုင်ငံတွင်း ဉ် စော်ဘွားကြီး ဆူလတန် ဘိုကီးယား ၏ စီးပွားရေး လုပ်ငန်း များများ
စားစား မရှိ သော် လည်း ချမ်းသား သော နိုင်ငံ ခေါင်းဆောင် တစ်ယောက် အနေ ဖြင့်
အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များ ကို မိတ် ဖြစ်ဆွေ ဖြစ် ပေး ခြင်း ဖြစ် နိုင်သည် ဟု
ဘန်ကောက် မြို့  တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် မြန်မာ သံ အရာ ရှိ တစ်ဦး က
ပြောသည်။
ဗိုလ်ချုပ်ကြီး သိန်းစိန် က စော်ဘွားကြီး လက်ဆောင်ပေး သည့် ကား လက်ဆောင် အား
ထုံးစံ အတိုင်း ပင် ပြည်သူ ကို အသိမပေး ခဲ့ သော် လည်း တာဝန်သိစွာ ဖြင့် ဗိုလ်ချုပ်မှုး
ကြီး ထံ အစီရင် ခံခဲ့သည်။ ဗိုလ်ချုပ် မှုး ကြီး က ” ဗိုလ်ချုပ်ကြီး မကြိုက်ရင် လည်း ပြန်
ရောင်း လိုက် ၊ ကြိုက်ရင် လည်း စီး” ဟု သာ ပြော ပြီး ခွင့် ပြု ခဲ့ သည် ဟု သိရသည်။
နောက်တွင်တော့ စူလတန် စော်ဘွား ကြီး ၏ မော်တော် ကား မှာ သူ ၏ ကားဂိုဒေါင်
ထဲ တွင် သာ သိမ်းဆည်းထား ခဲ့ ပြီး သမ္မတ ဖြစ် ပြီး နှစ် အတန် ကြာ မှ သာ ရံဖန် ရံ
ခါ ထုတ် စီး သည် ဟု သိရသည်။
ဝန်ကြီး ချုပ် တာဝန် မထမ်းဆောင် ခင် ကာ လ တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ၏ ဘဏ္ဍာ
တိုက် အသွင်း အများ ဆုံး စီးဝင် သည့် ငွေ ရင်းမြစ် များ အနက် မှ အဓိက အကျ ဆုံး
မှာ နေပြည်တော် မြို့  သစ် တည်ဆောက်ရေး လုပ်ငန်း ခွင်များ အတွက် ဖြစ်သည်။
နေပြည်တော် တည်ဆောက်ရေး အတွက် ကန်ထရိုက်ရသည့် ကုမ္ပဏီ များနှင့် လူပု
ဂ္ဂိုလ် များ မှာ အတွင်းရေး မှုး ၁ ၏ အိမ် ကို ၀င် ထွက် သွား လာ ဖူးကြသူများ ချဉ်း
ဖြစ်သည်။ သို့  သော် လက်ကြီး သက်သက် ၀င် ထွက် ၍ မရ လက်ဆောင်လေး တစ်
ခုတော့ ပါမှ ဖြစ်သည်။ အနည်းဆုံးတော့ Rolex Oyster Perpetual လိုနာရီ မျိုး
လေးလောက် မှ ဖြစ်သည် ဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ဇနီး ဒေါ်ခင်ခင်ဝင်း နှင့် သား
သမီးများ သုံးဦး နှင့် ပါ ရင်းနှီး သူ တစ်ဦး က FNG ကို ပြောပြသည်။
စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  နှင့် ရင်းနှီးပြီး
သွင်းကုန် ၊ ထုတ် ကုန် နှင့် အခြား စီးပွားရေး အကြီး အကျယ် လုပ်ခွင့် ရသူ
များ သည် ၊ စပိုင် အကြီး အကဲ ရာထူးမှ ဖယ်ရှား ခံ ရသည့် အခါ ဗိုလ်ချုပ်ကြီး
သိန်းစိန် ကို ပိုပြီး ချဉ်း ကပ် လာခဲ့ ကြသည်။
ထိုအထဲ တွင် ရန်ကုန် ဉ် စီးပွားရေး များ အခြေတည် နေ ပြီ ဖြစ်သည့် ဘိန်းဘုရင်
လော်စစ်ဟန် တို့  လို ပုဂ္ဂိုလ်များ ပင် ပါဝင်သည်။ ၁၉၈၇ ခုနှစ် ဉ် ရှမ်းပြည် မြောက်
ပိုင်း ခလရ ၈၉ တွင် ဗိုလ်မှုး အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ် က ပင် ဘိန်းဘုရင် အချို့  နှင့် သိ
ကျွမ်း ခဲ့သည့် ဗိုလ်ချုပ်ကြီး သည် ၁၉၉၈ ခုနှစ် ၊ တြိဂံဒေသတိုင်း ၏ တိုင်းမှူး
တာဝန် ထမ်းဆောင် သည့် အခါ တွင် မတော့ ဘိန်းဘုရင် အိုကြီး နှင့် ပိုပြီး ခင်
မင်ခဲ့သည်။ လောစစ်ဟန် ၏ Asia World ကုမ္ပဏီမှ တင်သွင်း လိုသည့် တရုတ်
နိုင်ငံ မှ ပစ္စည်း များ ကို တြိဂံဒေသတိုင်း တိုင်းမှုး ကြီး မိမိ ဥစ္စာဓန လိုပင် ကာကွယ်
စောင့်ရှောက် ကာ ချောချောမွေ့  မွေ့  တင်သွင်းခွင့် ပြု ခဲ့သည်။
အတွင်းရေး မှု ၁ တာဝန် ထမ်းဆောင် ပြီး လအနည်း ငယ်အကြာ တွင်
ဗိုလ်ချုပ်ကြီး သိန်းစိန် အား ဘိန်းဘုရင် အိုကြီး က သွားရောက် တွေ့ ဆုံ ပြီး
သူ ၏ ဥစ္စာ ဓန များ အတွက် အာမခံ ချက် ပေး ပါ ရန် ပွင့် ပွင့် လင်းလင်း ပင် ပြော
ကြား ခဲ့သည်။ သား ဖြစ်သူ စတီဗင် လော နှင့် ဇနီး လည်း ပါဝင်သည့် ထိုတွေ့ ဆုံ
မှု တွင်ဗိုလ်ချုပ်ကြီး သိန်းစိန် က ဘိန်းဘုရင် အိုကြီး ၏ စီးပွားရေး လုပ်ငန်း များ
အတွက် အာမခံ ချက် ပေး ခဲ့ ပြီး နောင် လ အနည်း အကြာ တွင် တော့ ရန်ကုန်
နိုင်ငံ တကာ လေဆိပ် အဆင့် မြှင့် ရေး ၊ နေပြည်တော် ဆောက်လုပ် ရေး လုပ်ငန်း
များ အတွက် အမေရိကန် ဒေါ်လာ သန်းချီ တန် သည့် လုပ်ငန်း များကို
ချပေး ခဲ့သည်။
(လော်စစ်ဟန် သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှုး ကြီး မောင်အေး ၊
ဗိုလ်ချုပ်ကြီး သူ ရ ရွှေမန်း တို့  နှင့် ပါ ရင်းနှီးခဲ့ ပြီး ထိုကာလ အတွင်း ဉ် ထို ဗိုလ်
ချုပ်ကြီးများ နှင့် တွေ့ ဆုံ ခဲ့ကာ သိန်းထောင် ချီ အသုံး ပြု ပြီး သူ ၏ ဓန ဥစ္စာများ
ကို ကာကွယ် မှု ပြုခဲ့သည်)
သူတို့  နှစ်ဦး တွေ့ ဆုံ မှု တွင် မြန်မာ ဗိုလ်ချုပ်ကြီး အား ကိုးကန့်  စော် ဘွား ကြီး
၏ သက်တော်စောင့် ဟောင်း က များ ပြား လှ သည် ငွေကြေး ပမာဏာ ကို လက်
ဆောင် အဖြစ် ပေး လိမ့် မည် ဟု တပ်တွင်း အရာရှိ ကြီး တစ်ချို့  က ခန့် မှန်းကြ
သည်။
ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ အပါးတော်မြဲ ဟောင်း တစ်ဦးက
အနဲ ဆုံး မြန်မာ ငွေ သိန်း နှစ်ထောင် လောက် ပဲ ဟု FNG ကို ပြောပြသည်။
အောင်မြင်သော တွေ့ ဆုံ မှု အပြီး တွင် ဘိန်းဘုရင် အိုကြီး က အချက် ပြ
လိုက် ရာ ကိုးကန့်  ခေါင်းဆောင် ဖုန်ကြားရှင် ၊ ပိုင်စိုးချိန် နှင့် ၀ ခေါင်း
ဆောင် ပေါက် ယူချန်းတို့  လည်း မြန်မာ ဗိုလ်ချုပ်ကြီး ကို အလျှိုအလျှို သွား
ရောက် တွေ့ ဆုံ ခဲ့သည်။
နောက်တော့ ဖားကန့် ဒေသ နယ်မြေ အချို့  ကို စိုးမိုးထား သည့် KIA အရာရှိ
များ လည်း ပါဝင် ခဲ့သည်။ သူတို့  ကား စစ်ထောက်လှမ်းရေး ခောတ်လွန် မြန်မာ
ဗိုလ်ချုပ်ကြီးများ နှင့် တွေ့ ဆုံ မှု တွင် ဗိုလ်ချုပ်ကြီးများ အကြိုက် အမေရိကန်
ဒေါ်လာ များ ကို သယ်ဆောင် သွားကြသူများ ဖြစ်သည်။
မြန်မာ့ တပ်မတော် မှအရာရှိ ဟောင်း တစ်ဦး က မူ ဗိုလ်ခင်ညွန့် ကို ဖြုတ်လိုက်
ခြင်း ဟာ ဘိန်းဘုရင် တွေ ၏ ရန်ကုန်ရှိ စီးပွားရေး လုပ်ငန်းများ ၏ ဆက် ကြေး
ကို တပ်မက် ၍ ဖြစ်သည် ဟု ဆိုသည်။
ဤ သည် ကား အတွင်းရေးမှုး ၁ အဖြစ် တာဝန်ထမ်းဆောင် ပြီး နောက် ပထမ တစ်နှစ်
အတွင်း မှာ ပင် သူ ရရှိ ခဲ့သည့် တန်စိုး လက် ဆောင်များ ပင် ဖြစ်သည်။
၂၀၀၇ ခုနှစ် အောက်တို ဘာ လ တွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် သည့် အခါ
ဦးသိန်းစိန် တစ်ယောက် မရွယ် ဘဲ နှင့် စော် ကဲ မင်း ဖြစ်လာ သည်။ ဗိုလ်ချုပ်မှုး
ကြီး နှစ်ဦး က သူ့  ကို ၀န်ကြီးချုပ် ရာ ထူး သို့  တိုးမြှင့် ပေး ခဲ့သည်။
စစ်တပ် အရာရှိ ကြီးများ သတင်း ရပ် ကွက် တွင် တော့ အသံ မထွက် အောင် အရိုး
ပါ မကျန် ကိုတ်တတ် မှု ကြောင့် ရာထူး တိုး သည် ဟု ဆိုကြသည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၁) သည် FNG
နှင့် Myanmar Corruption Report တို့  ၏ ပူးတွဲ အစီရင်ခံစာ ဖြစ်သည့်
မြန်မာ အစိုးရ ဌာန များ ၏ အကျင့်ပျက် ချစား မှု ငွေကြေး အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး ရှိ
မှ အစိတ် အပိုင်း တစ်ခု ဖြစ်သည်။
FNG

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၂)

0 comments

၊သွေးကင်ဆာ ရောဂါ ကြောင့် နာမကျန်း ဖြစ်နေ သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး
စိုးဝင်း သည် ၂၀၀၇ ခုနှစ် ဇူလိုင် လ ကုန် တွင် သူ ၏ နေပြည်တော် ၀န်ကြီးချုပ် ရုံး
ခန်း ကို စွန့် ခွာခဲ့သည်။ တပ်မတော် ဆေးရုံ ကြီး တစ်လှည့် စင်္ကာပူ ဆေးရုံ များ
တစ်လှည့် ဖြင့် သေမည့် ရက် ကို သာ စောင့်မျှော် နေ ခဲ့ရသည်။
မည်သို့  ပင့်ဖြစ်စေ နိုင်ငံတော် အေးချမ်းသာယာ ရေး နှင့် ဖွံ့  ဖြိုးရေး ကောင် စီက
ထို သတင်း ကို ပြင် ပ သို့  ပေါက် ကြားမခံ ခဲ့။ ရံဖန် ရံခါ တွင် ဗိုလ်ချုပ်ကြီး စိုးဝင်း
ကျန်းမာစဉ် က ခရီးလှည့်လည် ခဲ့သည့် ဓာတ်ပုံများ ကို သတင်းစာ မျက်နှာဖုံး
တွင် တင် ပြီး လက်ရှိ တာဝန်ထမ်းဆောင် နေသယောင် လှည့်စား ခဲ့သည်။
အကြောင်းကား ရွှေဝါရောင် တော်လှန် ရေး အုံကြွ မှု ဖြစ်အံဆဲဆဲ ၊ သံတမန်
ရေး အခြေအနေ များ နှင့် ဗိုလ်ချုပ်ကြီး စိုးဝင်း နေရာ တွင် လူစား ထိုး ရန် အတွက်
အခြား တစ်ဦး ရှာမရသေးသောကြောင့် ဖြစ်သည်။
စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  ကို ရာထူး
မှ ဖယ်ရှား ပြီး နောက် တွင် နအဖ အစိုးရ ၏ ဖွဲ့  စည်း ပုံ မှာ အတော် ပင် ဖရိုဖရဲ
ဖြစ်သွား ခဲ့ ရသည်။ စစ်ထောက်လှမ်း ရေး များ အပြင် သူတို့  နှင့် ဆက်နွယ်သည့်
တပ်မတော် အရာရှိ များ ကို ပါ ရှင်း ရသည်။
မေမြို့  စစ်တက္ကသိုလ် တွင် စစ်ထောက်လှမ်းရေး မိသားစု သားသမီးများ မှာ အထုပ်ပိုက်
ပြီး အိမ်ပြန် ရသည်။ ဗိုလ် အဆင့် ဖြစ်အံဆဲဆဲ နှစ်ဆယ် ကျော် ပါဝင် ပြီး ကျောင်းသား
၁၀၀ ကျော် ခန့် ကို ဖယ်ရှား ခဲ့သည်။ ရန်ကုန် နှင့် နယ် တပ်ရင်း တပ်ဖွဲ့  များ မှ ထောက်
လှမ်းရေး မိသားစု အနွယ် တာဝန်ထမ်းဆောင် ဆဲ အရာ ရှိ များ ကို လည်း ထပ်မံ ဖယ်ရှား
ခဲ့သည်။
ထို လုံခြုံရေး လေဟာနယ် ကြောင့် လည်း ရန်ကုန် မြို့  တွင် လူအသေအပျောက် များ သည့်
သုံးနေရာ ဆက်တိုက် ဗုံးပေါက် ကွဲ မှု နှင့် ရွှေဝါရောင် တော်လှန်ရေး လို မျိုး အားကောင်း
သည့် အုံကြွ မှု များ ပေါ် ပေါက် ခဲ့သည်။
ဗိုလ်ချုပ်ကြီး စိုးဝင်း ၀န်ကြီးချုပ် တာဝန် ထမ်းဆောင် နိုင်ခြင်း မပြု တော့ သည့် အချိန်တွင်
သူ့  နေရာ အတွက် စဉ်းစား ထား သူများ ထဲ တွင် ယခု သမ္မတ ကြီး ဦးသိန်းစိန် သည် ထိပ်
ဆုံး က မပါ ရှိ ခဲ့ ချေ ။ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ဗိုလ်ချုပ်မြင့်
တွေ ကို ကို ၀န်ကြီးချုပ် နေရာ
အတွက် ရွေးချယ် ဖို့  စီစဉ် ခဲ့သေးသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဗိုလ်ချုပ်ကြီး သိန်းစိန် ကို ၀န်ကြီးချုပ် နေရာ မပေး လို ခြင်းမှာ
တစ်ချိန် တွင် သူ့  ကို ခြိမ်းခြောက် မည့် သူ အဖြစ် ယူဆ သောကြောင့် မဟုတ် ပဲ ညံ့ဖျင်း
သော စွမ်းဆောင် ရည် အချို့  ကြောင့် ဖြစ်သည်။ ရန်ကုန် အခြေစိုက် သံတမန် များ က လည်း
ဗိုလ်ချုပ်ကြီး သိန်းစိန် ကို ဘောလုံး ပွဲ ၏ အရံလူ အဖြစ် လောက်သာ သဘော ထားကြသည်။
သူ့  ကို သိပ်ပြီး ထက်မြက် သူ အဖြစ် ထည့်သွင်း ပြော ဆို လေ့ မရှိ ကြ။ သိသာသည့် အချက်
မှာ စစ်ရေး တွင် ငြိမ်းချမ်းရေး ယူထားသည့် လက်နက် ကိုင် အဖွဲ့  အချို့  ( ကိုးကန့်  နှင့် ဒီကေဘီ
အေ) ပြန်လည် ခြိမ်းခြောက် မှု တွေ ရှိလာခဲ့သည်။ သံတမန် ရေး တွင် ထိုင်း ၊ ဖိလစ်ပိုင် နှင့် အင်
ဒိုနီးရှားတို့  ၏ ဝေဖန် မှု နှင့် ကြုံရ ပြီး စိန်စီသော ည ဗီဒီယို ခွေ ကဲ့ သို့  အတွင်း သတင်းများ
ပေါက်ကြား မှု ရှိလာခဲ့သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တို့ 
ဝန်ကြီးချုပ် နေရာ အတွက် မည်သူ သာ သင့်လျှော် မည် ကို စဉ်းစားနေ ချိန် တွင် ဒေါ်ကြိုင်
ကြိုင် က ဗိုလ်ချုပ်ကြီး သိန်းစိန် ကို သာ ရွေးချယ် ဖို့  အကြံ ပေးခဲ့ ပြီး မဟန်လျှင် နောက် တစ်
ယောက် ချက်ခြင်း အစားထိုး နိုင်ရန် စီစဉ် ထား ဖို့  သူမ ၏ ခင်ပွန်း ကို အကြံပေးခဲ့သည်။
ထိုသို့  အကြံပေးရာ တွင် ” ဗိုလ်ချုပ်ကြီး သိန်းစိန် မှာ ကျွန်မ တို့  တွေ ကို ပုန်ကန် နိုင်လောက်
(ဖြုတ်ချ အာဏာ သိမ်းနိုင်လောက်) တဲ့ အရည်အချင်း မရှိ ဘူး ဟု နေပြည်တော် အိမ် အစည်း
အဝေး တွင် ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး သိန်းစိန် ၏ ၀န်ကြီးချုပ် ကံကြမ္မာ လင်း တစ်လှည့် ၊ မှိန်တစ်ခါ ဖြစ်နေသည့်
အချိန် တွင် သူ့  အတွက် ကံအကျိုးပေး လေသည် မှာ ရွှေဝါရောင် တော်လှန်ရေး ပင်
ဖြစ်သည်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန် ရေး သည် ဗိုလ်ချုပ်ကြီး သိန်းစိန် ကို
ဝန်ကြီးချုပ် ဖြစ်စေဖို့  အကြောင်းဖန်လာခဲ့သည်။
ရွှေဝါရောင် တောလှန်ရေး တွက် အဓိက ဖြိုခွဲရမည့် နေရာ ကို ရန်ကုန်တိုင်း ဟုသတ်
မှတ် ပြီး ဆန္ဒ ပြသူများ ကို ပစ်ခတ် ရန် နှင့် ဘုန်ကြီး ကျောင်းများ ကို ပါဝင်စီးပြီး သံဃာ
များ ကိုဖမ်းဆီးရန် ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် လှဌေးဝင်း
တို့  ကို ဗိုလ်ချုပ်ကြီး သိန်းစိန် က အမိန့် ပေးခဲ့သည်။
ရွှေဝါရောင် တော်လှန်ရေး အပြီး ရက်များ စွာ မကြာမြင့် သည့် အချိန် တွင်ဗိုလ်ချုပ်ကြီး စိုးဝင်း
ကွယ်လွန်ရာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဆုတော် လာဘ်တော် အဖြစ် ဗိုလ်ချုပ်ကြီး သိန်းစိန် ကို
ဝန်ကြီးချုပ် နေရာ သို့  တိုးမြှင့် ပေးခဲ့သည်။
ဝန်ကြီးချုပ် ရာထူး ထမ်းဆောင်ပြီး လအနည်းငယ် အကြာ တွင် နိုင်ငံ တကာ နှင့် ၀င်ဆံ့ နိုင်သည့်
အကြောင်း တစ်ခု ဖန်လာပြန်ရာ ဖွဲ့  စည်းပုံ အခြေခံ ဥပဒေ ပြည်သူ့ ဆန္ဒ ခံယူရေး အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန်
သည် နိုင်ငံတော် ၏ ဘဏ္ဍာ ငွေကြေး ကို စိတ်ကြိုက် သုံးစွဲ နိုင်ခဲ့သည်။
အတိုက် အခံ များ ကြား တွင် Vote No, No Vote ဖြစ်စေသည့် အက်ကြောင်းပေါ်အောင် စွမ်းဆောင်
ခဲ့ ပြီး ထို အတွက် လည်း နိုင်ငံတကာ NGO အချို ကို ငှားရမ်းပြီး ဒေါ်လာ သန်းချီ အကုန် အကျ ခံကာ
ဆောင်ရွက် ခဲ့သည်။ အခြေခံ ဥပဒေ ပြည် သူ့  ဆန္ဒ ခံယူ ပွဲ အတွက် သုံးစွဲ သော ငွေ များ အနက် တစ်
ဝက် ခန့် မှာ ဦးသိန်းစိန် ၏ ဘဏ္ဍာ တိုက်ထဲ သို့  ရောက်ရှိ သွား မည် ဟု ယူဆကြပြီး အမေရိကန် ဒေါ်
လာ ဖြင့် တွက် မည် ဆိုလျှင် ဒေါ်လာ တစ်သန်း ခန့်  ကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ရရှိ သွား
ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် လုပ်ဖော် ကိုင်ဖက် မြန်မာ စစ်တပ် အရာရှိ ဟောင်း တစ်ဦး က ” ရွှေဝါရောင်
တော်လှန်ရေး အပြီးမှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က ပြည် ပ အတိုက်အခံ တွေ ကို ဖြိုခွဲ ဖို့  နည်းလမ်း
မျိုးစုံ သုံးလာတယ် ၊ ပိုက်ဆံ လည်း သုံးတယ်။ အဲဒီက နေ လည်း ဦးသိန်းစိန် ပိုက်ဆံ ရတယ်။ ပြည်
သူ့  ဆန္ဒ ခံယူ ပွဲ နဲ့  ရွေးကောက် ပွဲ ဖြစ်အောင် လို ဂျာမဏီ လို နိုင်ငံ တွေ က လည်း ပိုက်ဆံ ပုံအော
ပြီး ပေးတယ်။ အဲဒါ တွေ အားလုံး ဦးသိန်းစိန် အိတ် ထဲ ရောက် သွားတာ ပဲ ။ အခြား ဗိုလ်ချုပ် တွေ လို
မြန်မာ ငွေ ကို ဒေါ်လာ နဲ့  လဲစရာ တောင် မလို ဘူး ” ဟု FNG ကို ပြောသည်။
နောက်တော့ နာဂစ် ဖြစ်သည် ။ နာဂစ် မုန်တိုင်း တွင် နိုင်ငံ တကာ အကူအညီများ ရရှိသည်။ အမေရိကန်
ကို နိုင်ငံ က ပင်လျှင် ကူညီ သည်။ သဘာဝဘေးဒဏ် ကြိုတင် ပြင်ဆင်ရေး ကော်မတီ ၏ ဥက္ကဌ အဖြစ်
ဗိုလ်ချုပ်ကြီး သိန်းစိန် တာဝန်ယူ သည်။ နာဂစ်ဒေသ သို့  သွားရောက်ကြည့် ရှု သည်။ ထိုဒေသ တွင်
ပြည်သူများ ၏ ဆိုးရွားသည့် အဖြစ် အပျက် ကို တွေ့ သည့် အခါ လူကြီး တွေ ကို ပြန်တင် ပြပြီး လိုအပ်
တွေ လုပ်ပေး မည် ဟု ပြောကြား ကာ ပြန်လည်ထွက်ခွာ လာခဲ့သည်။
နာဂစ် ဒေသ မုန်းတိုင်း နှင့် ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံ တကာလှ လှုဒါန်း ငွေ များ မှာ အမေရိကန်
ဒေါ်လာ သန်း ၃၀၀ နီးပါး ရှိသည်။ အမေရိကန် တစ်နိုင်ငံ တည်း က ပင်လျှင် ဒေါ်လာ သန်း ၆၀ ကျော်
လှုဒါန်းခဲ့သည်။ ထို ငွေ များ အားလုံး အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန် တစ်ယောက်တည်း က ပင်လျှင်
စီမံခန့်  ခွဲ ခဲ့ရသည်။ နာဂစ် ပြီး တော့ ရန်ကုန် မြို့  သံလွင် လမ်း နှင့် မရမ်းကုန်း တွင် ဗိုလ်ချုပ်ကြီး သိန်းစိန်
၏ အိမ် များ အလျှိုလျှို ပေါ် ပေါက် လာခဲ့သည်။
သိပ်မကြာခင် မှာ ပင် ကိုးကန့် နှင့် တိုက် ပွဲ ဖြစ် သည်။ မြန်မာ စစ်တပ် အနိုင်ရရှိ ပြီး ကိုးကန့် ခေါင်းဆောင်
ဖုန်ကြားရှင် ကို ဖယ်ရှား ကာ ခေါင်းဆောင်သစ်ခန့် ခဲ့သည်။ ကို့ ကန့်  တပ်ဖွဲ့  နှင့် ဖုန်ကြား ရှင် တို့  ၏ ပိုင်
ဆိုင် မှုများ ကို အကုန် သိမ်းယူခဲ့သည်။ ယခု ကိုးကန့်  သည် အခွံ သာ ကျန် ရှိ သော ကိုးကန့်  ဖြစ်သည်။
ဝန်ကြီးချုပ် အမိန့်  နှင့် ထော်လာဂျီ ပါ မကျန် သိမ်းယူ မှု မှာ ဒေါ်လာ ၂၀ ကျော် ဖိုး ခန့်  ဖြစ်သည်။ ဖုန်ကြားရှင်
တို့  ၏ အသက်နှင့် ရင်းပြီး စွန့် စားကာ စီးပွားရှာခဲ့ ရသည့် ယာဘ ဆေးပြား နှင့် ဘိန်းရောင်း ရ ငွေများ သည်
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန် တို့  ထံ ရောက် သည့် အခါ ပလုံ ဆို သည့် အသံ ပင်မကြား
ရတော့ ။
၂၀၀၉ ခုနှစ် စက်တင်ဘာ လ ၈ ရက်နေ့ က လောက်ကိုင်မြို့ တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ
၏ သတင်းပေးချက်အရ လောက်ကိုင်တွင်ရှိသည့် လျှို့ဝှက်တည်ဆောက်ထားသော လက်နက် စက်ရုံ နှင့်
စိတ်ကြွဆေးပြားလုပ်ငန်းများကို ၀င်ရောက်သိမ်းပိုက်ရခြင်းဖြစ်သည် ဟုဆို ကာ သံတမန် များ ကို စိတ်ကြွဆေး
ပြားများ သာ ပြ ခဲ့သည်။ ကိုးကန့် ခေါင်းဆောင်များ ပိုင်သည့် ဂျာမဏီ ထုတ် မော်တော် ကားများ ၊ BMW, AUDI
နှင့် Lexus ကားများ မှာ အစပင် ရှာ မရတော့ ။
နေပြည်တော် တည်ဆောက်ရေး ကန်ထရိုက် လုပ်ငန်းများ ၊ စစ်လက်နက် ၀ယ်ယူရေး ၊ တရုတ် ရင်းနှီးမြုပ်နှံ
မှု နှင့် ၂၀၁၀ ရွေးကောက် ပွဲ အတွက် ဥရော ပ မှ စီးဝင်သည့် ငွေများ မှာလည်း ဗိုလ်ချုပ်ကြီး သိန်းစိန် ထံ မှ
သာ ဖြတ် သန်း သွားရသည်။
လွှတ်တော် တည်ဆောက်ရေး အတွက် A.C.E ဆောက်လုပ်ရေး ကုမ္ပဏီ ကို ဗိုလ်ချုပ်ကြီး သိန်းစိန် က ကန် ထရိုက်
ချပေးခဲ့သည်။ ရွေးကောက် ပွဲ ကျင်းပ ပြီး ချိန် အထိ မပြီး နိုင်သေးသည့် လွှတ်တော် ဆောက် လုပ် မှု တွင် ဗိုလ်ချုပ်
ကြီး အား ကျပ် သိန်း ငါးထောင် ခန့်  ကန် တော့ ခဲ့ရသည် ဟု ဆောက်လုပ် ရေး လုပ်ငန်းရှင်များ နှင့် နီးစပ် သူများ
က ပြောကြ သည်။ အမေရိကန် ဒေါ်လာ သန်းထောင် ချီ သုံး ပြီး အဆင့် မြှင့် တင်ခဲ့သည့် နေပြည်တော် လုပ်
ငန်းများ ကန်ထရိုက် ချပေး ခြင်း အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန် က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ အမိန့်  ဖြင့် ပြု
လုပ် ခဲ့သည်။
နေပြည်တော် ဆောက် လုပ်ရေး လုပ်ငန်း ခွင်များ မှ ဗိုလ်ချုပ်ကြီး သိန်းစိန် သည် ကျပ်ငွေ သန်းထောင် နှင့် ချီသည့် လာဘ်
သပ် ပကာများ ကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ် မှ ၂၀၁၀ ခုနှစ် အတွင်း တရုတ် ကုမ္ပဏီ ကြီး ၁၂ ခုနှစ် စာချုပ် ချုပ်
ခဲ့ရာ တွင် လည်း ဗိုလ်ချုပ်ကြီး သိန်းစိန် သည် လာဘ်ငွေများ ရရှိခဲ့ သေးသည်။
ထို အကြောင်း နှင့် ပတ်သက်ပြီး The Economist မဂ္ဂဇင်းကြီး က မြန်မာ နိုင်ငံ နှင့် စီးပွာရေးဆက်စပ်မှု ရှိသည့် တရုတ်
ကော်ပိုရေးရှင်း ၏ ဥက္ကဌ တစ်ဦး ကို ၂၀၁၀ ခုနှစ်က မေးမြန်း သည့် အခါ ” မြန်မာ နိုင်ငံ မှာ လာဘ်မပေး ရင် သေးတောင်ပေါက်
ဖို့  မလွယ် ဘူး ဟု ပြောခဲ့သည်။
သည့် နောက် တွင် တော့ နိုင်ငံ တကာ အလှု ရှင် များ စိတ်ကြိုက် ၂၀၁၀ ရွေးကောက် ပွဲ နှင့် အသွင်ကူးပြောင်းရေး
ဆို သည့် ဇာတ်လမ်း ကြီး ပေါ်ပေါက် လာခဲ့သည်။
ရန်ကုန် အခြေစိုက် ခရိုနီ သူဌေးကြီး တစ်ဦး ကမူ ” ဦးသိန်းစိန် က ၂၀၁၀ ရွေးကော် ပွဲ မှာ မှ တကယ့် ကော်
ကောင် ဖြစ် သွားတာ သမ္မတ လည်း ဖြစ်တယ်။ ပါတီ ရံပုံငွေ ၊ အစိုးရ ရဲ့  ရွေးကောက် ပွဲ စရိတ် ၊ နော်ဝေ
လို နိုင်ငံ တွေ က ရွေးကောက် ပွဲ အတွက် လှုတာ တွေ လေ ” ” ဒါတွေ ဘယ်နေရာ မှာ ဘယ်လောက် သုံးတယ်
ဆို တာ သိတဲ့ လူ ရှိ လို့  လား” ဟုFNG ကို ပြောသည်။
ဤ သည် ကား ၀န်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင် ပြီးနောက် ဗိုလ်ချုပ်ကြီး သိန်းစိန်
ရရှိ ခဲ့သည့် တန်စိုး လက် ဆောင်များ ပင် ဖြစ်သည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၂) သည် FNG
နှင့် Myanmar Corruption Report တို့  ၏ ပူးတွဲ အစီရင်ခံစာ ဖြစ်သည့်
မြန်မာ အစိုးရ ဌာန များ ၏ အကျင့်ပျက် ချစား မှု ငွေကြေး အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး ရှိ
မှ အစိတ် အပိုင်း တစ်ခု ဖြစ်သည်။
အပိုင်း ၃ ဇာတ်သိမ်း တွင် သမ္မတ ဦးသိန်စိန် ၏ ဘဏ္ဍာတိုက် ကို ဖတ်ရှု ရမည်ဖြစ်သည်။
FNG

Sunday, November 30, 2014

ကျင့်ဝတ်မညီ၊ မာနထောင်လွှားနေသော စစ်ကိုင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း ပညာရေးဝန်ကြီးဌာန နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ

0 comments

စစ်ကိုင်းမြို့နယ် ပဲကတိုးကျေးရွာအနီး  ..

စစ်ကိုင်းတက္ကသိုလ်ရှိ .. ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့ရဲ့ တဖက်လက်ဖြင့်ကျူရှင်သင်ခြင်း .. သူတို့ဆီ ကျူရှင်ယူတဲ့ ကျောင်းသားတွေကို မျက်နှာသာပေးခြင်း .. ပညာရေးကို စိတ်ကြိုက်ဖန်တီး လုပ်ချင်ရာလုပ်နေခြင်း .. ဆရာမအချင်းချင်း .. ပါမောက္ခအချင်းချင်း မာနထောင်လွှားနေခြင်းများမှာ .. အလွန်ပင်စိတ်ဆင်းရဲစရာအကြောင်း လူအများသိစေရန်နှင့် ..  .. ပြုပြင်ပြောင်းလဲရေးတွေုလုပ်နေပါတယ်ဆိုတဲ့ အစိုးရ နှင့် ကျောင်းသားထု အလိုမရှိတဲ့ အကျင့်ပျက် အစိုးရ၀န်ထမ်း ပညာရေးဝန်ထမ်းတွေ အကြောင်းကို စိတ်ပျက်ဖွယ်ရာ အများပြည်သူသိစေလိုခြင်းငြာ တင်ပြလိုက်ရပါသည်။  ..

ပဲကတိုးကျေးရွာအနီး စစ်ကိုင်းတက္ကသိုလ် တွင် တာဝန်ကျနေသည့် ..  ပါမောက္ခ ဒေါ်နွယ်နွယ်အေး သည် စစ်ကိုင်းမြို့အတွင်းတွင် နောက်ကွယ်မှ ကျူရှင်ဖွင့်ထားပြီး ကျူရှင်တတ်သူများကို မျက်နှာသာပေးခြင်း .. လာရောက် ကန်တော့သူများကို အမှတ်တိုးပေးခြင်း .. အဆင့်တိုးပေးခြင်း .. ကျူရှင်မတက်သူများကို .. ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ဒေါက်တာ ဒေါ်ခင်တိုးတိုးအောင်မှာလည်း  .. အတူတူဖြစ်ပြီး .. ဒေါ်နွယ်နွယ်အေး အရှိန်နဲ့ စစ်ကိုင်းတက္ကသိုလ်အတွင်း ကျောင်းသားများကို ကျင့်ဝတ်မညီစွာနဲ့ စိတ်ကြိုက်ဖန်တီးနေပါသည်။

ဒေါ်နွယ်နွယ်အေးမှာ တခြားပါမောက္ခများကိုလည်း  .. အချင်းချင်းလေးစားခြင်းမရှိပဲ မထီမဲ့မြင် ဆက်ဆံခြင်း .. မာနထောင်လွှားခြင်း .. ဆရာဆရာမများအပေါ် .. အာဏာပြခြင်းများကို ပြုလုပ်လျှက်ရှိပါသည် ..

အဲဒီအကြောင်းကို မြို့နယ် ပညရေးမှု့ ပြည်နယ်ပညာရေးမှု  .. နှင့်  .. ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ..  ယခုအချိန်ထိ . ဒေါ်နွယ်နွယ်အေး နင့် ဒေါ်ခင်တိုးတိုးအောင်တို့ အမူအကျင့်မှာ ပြောင်းလဲခြင်းမရှိသေးပါ ..

ဒေါ်နွယ်နွယ်အေးနဲ့ ဒေါ်ခင်တိုးတိုးအောင်တို့ကြောင့် စစ်ကိုင်းတက္ကသိုလ်ထဲက  .. ကျောင်းသားတွေရော ဆရာတွေပါ  .. သဘောထားတင်းမာနေကြပြီး မကြာခင်မှာ ပေါက်ကွဲမယ့်အနေအထားကို ရောက်နေပြီဖြစ်ပါသည် .. ကျောင်းသားအချို့က  .. စစ်ကိုင်းခရိုင်ကျောင်းသားများသမဂ္ဂကနဲ့ ဆက်သွယ်လာပြီး  .. ဆရာများကလည်း ကျောင်းသားများဘက်က ရပ်တည်လာပါသည်။

အဲဒါကြောင့် အမြဲတန်း အကျင့်ပျက်ကာ ..  ပါမောက္ခဆိုပြီး အခြားဆရာမများအပေါ် .. တပည့်များအပေါ် .. တပည့်များအပေါ် လုပ်ချင်တိုင်းလုပ်နေတဲ့ ဒေါ်နွယ်နွယ်အေး နဲ့ ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း သက်ဆိုင်ရာ ပညာရေးဌာနမှ  .. အထက်လူကြီးများ သိစေရန် အသိပေး တိုင်ကြားအပ်ပါသည်။

ဝန်ထမ်းတွေ လစာတိုးဖို့ ဆွေးနွေးနေတဲ့ လွှတ်တော်အမတ်များကိုရော .. Clean Gov , Good Gov ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန် ကိုရော .. သိစေချင်ပါသည်။ .. .


By/

ကျောင်းသားဟောင်းတစ်ယောက် ...

Wednesday, October 30, 2013

လွတ်ငြိမ်းချမ်းသာခွင့်မပေးသင့်သော ရာဇဝတ်မှု ကျူးလွန်ထားသည့် စစ်ထောက်လှမ်းရေး အကျဉ်းသားများ

0 comments

 ဦးခင်ညွန့် နှင့်အတူ ဖမ်းဆီးထောင်ချခြင်းခံထားရသည့် စစ်ထောက်လှမ်းရေးဟောင်းများကို လွှတ်ပေးရန် ၎င်းမိသားစုများမှ ရေးသားထားသောစာများကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုလွှတ်တော်နာယက၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ၊ တရားသူကြီးချုပ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော်အမတ် ဦးသိန်းညွန့်၊ လွှတ်တော်အမတ် ဒေါက်တာ အေးမောင်၊ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ဥာဏိဿရ၊ အလိုတော်ပြည့်ဆရာတော်နှင့် ယခင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်တို့ကို ပေးပို့ထားကြောင်း သိရသည်။ သူတို့(၂၂) ဦးအား ပြောင်းလဲ လာသော မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသော ယခုလို ခေတ်ကာလမျိုးတွင် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သော အခွင့်အရေးအရ တောင်းဆိုရခြင်းဖြစ်ကြောင်း၊ လူသားချင်းသနားငဲ့ညှာသောအားဖြင့် ပြန်လွှတ်ပေးသင့်သည်ဟု ထင်မြင်ကြောင်း၊ အကယ်၍ မလွှတ်ပေးနိုင်ပါကလည်း သူတို့၏ အမှုများကို ပြန်လည်စိစစ်ပေးရန် နိုင်ငံတော်အကြီးအကဲများထံ တောင်းဆိုလိုကြောင်း ပြောကြားထားသည်ဟု သိရသည်။

 စစ်ထောက်လှမ်းရေးဟောင်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုပါက ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ပြင်းပြင်းထန်ထန်ကန့်ကွက်သွားမည်ဖြစ်သည်။ ယခင် စစ်ထောက်လှမ်းရေး အဖွဲ့သည် ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ထားသူများဖြစ်ကြသည်။ အထူးသဖြင့် အပြစ်မဲ့ ပြည်သူ များကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ဒီမိုကရေစီလှုပ်ရှားသူများ၊ ကျောင်းသားများ၊ တော်လှန်ရေးသမားများ နှင့်အတိုက်အခံများကို မတရားဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြသည်။

 ဒီမိုကရေစီအရေးလှုပ်ရှားသူအများအပြားမှာ စစ်ထောက်လှမ်းရေးကြောင့် ဘဝပျက်ခဲ့ကြရသည်။ ၎င်းတို့ကို မှီခိုနေကြသည့် အပြစ်မဲ့အမျိုးသမီးများနှင့် ကလေးများ ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။ ၎င်းတို့၏ မိဘအများအပြားမှာ သား/သမီး စိတ်ဖြင့် အိပ်ယာထဲ လဲသူလဲ၊ အသက်ဆုံးရှုံးသူ ဆုံးရှုံး ဖြစ်ခဲ့ကြရသည်။ စစ်ထောက်လှမ်းရေးများကြောင့် အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့ကြသည့် ဒီမိုကရေစီလှုပ်ရှားမှုများ သွေးထွက် သံယိုဖြစ်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူများစွာ နှုတ်ပိတ်ခံခဲ့ရသည်။ မိသားစုများစွာ ဘဝပျက်ခဲ့ရသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် စစ်ထောက်လှမ်းရေးများ၏ ရပ်တည်ချက်သည် ပြဒါး တစ်လမ်း၊ သံတစ်လမ်းဖြစ်သည်။ ဤကဲ့သို့ အပြုအမူ၊ အပြောအဆို၊ အကျင့်စရိုက် ဆန့်ကျင်ဘက် ဖြစ်နေသော အမျိုးအစားနှစ်ခုကို တစ်မျိုးတည်းသတ်မှတ်ကာ စစ်ထောက်လှမ်းရေးဟောင်းများကို နိုင်ကျဉ်းဟောင်းများနှင့် တန်းတူသဘောထားပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုပါက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လုံးဝလက်မခံနိုင်ပါ။

 ပြည်ပရောက် ဒီမိုကရေစီအင်အားစုများကလည်း ယခင်စစ်ထောက်လှမ်းရေးဟောင်းအားလုံးကို နိုင်ငံတကာခုံရုံးသို့တင်ရန် စီစဉ်ထားပြီးဖြစ်သည်။ မြန်မာအစိုးရက ဖမ်းဆီးအပြစ်ပေးခဲ့သဖြင့် ထိုအစီအစဉ်ကို ရပ်နားထားခဲ့ခြင်းဖြစ်သည်။ အမှန်ဆိုလျှင် လွတ်မြောက်နေသည့် စစ်ထောက်လှမ်းရေး ဟောင်းများအားလုံးကိုပါ ဖမ်းဆီးအပြစ်ပေးသင့်သည်။ သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် ၎င်းတို့ကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ကာ ပြန်လွှတ်ပေးခြင်းသည် ရာဇဝတ်မှုကျူးလွန်သူများကို အားပေးရာရောက်သလို နိုင်ကျဉ်းဟောင်းများ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါသည်။ ရာဇဝတ်မှု ကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနေသည့် သမ္မတကြီး ဦးသိန်းစိန် အပေါ်တွင် အလွန် အံ့သြော်မိပါသည်။ ယခင် စစ်ထောက်လှမ်းရေးဟောင်းများ၏ ပြစ်မှုကျူးလွန်မှုများတွင် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ပါဝင်ပတ်သက်နေမှု ရှိ/မရှိကိုလည်း သံသယဖြစ်ရပါသည်။

သမီးအကို( shweaunglan123@gmail.com)ဖြင့်ပို့ပေးလို့တင်ပေးလိုက်ပါတယ် အမှန်တွေနော်---

Wednesday, June 5, 2013

နိုင်ငံတော်သမ္မတကြီးသိရှိစေရန်

0 comments
နိုင်ငံတော်သမ္မတကြီးခင်ဗျားး
ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ
နိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ် သီလ၀ါတွင် တည်ရှိပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်
 နိုင်ငံတကာအဆင့်မှီ ရေကြောင်းပညာရှင်များကိုမွေးထုတ်ပေးလျက်ရှိသော တစ်ကျောင်းတည်းသောကျောင်းဖြစ်ပါသည်၊သို့သော်လည်း မြန်မာပြည်တွင် အဆင့်မြင့်ဆုံးကျောင်းဖြစ်ပါလျက်နှင့် အတွင်းပိုင်းတွင် ရှုပ်ထွေးလျက်ရှိကာ ရုံးလုပ်ထူံးလုပ်နည်းများအား မလိုက်နာမကျင့်သုံးပဲ အာဏာရှင်ဆန်ကာ အကျင့်ပျက် ခြစားလျက်ရှိသော ကျောင်းတစ်ကျောင်းဖြစ် နေသည်ကိုတင်ပြလိုပါသဖြင့် တိုင်ကြးတင်ပြရခြင်းဖြစ်ပါသည်၊ ၂၀၀၇၊၂၀၀၈ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန (စစ်ရာထူးခန့်ချုပ်ရုံး)မှ (ကကထူး)၏ အမိန့်ဖြင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် သင်ကြားရေးနှင့် စီမံရေးရာဌာနများသို့ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်ကြီးအဆင့်ထိ အငြိမ်းစား အရာရှိများ အား သင်ကြားရေးနှင့် အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်ရန် စစ်ဘက်မှအရပ်ဘက်သို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်၊ ထိုသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန်မှ စတင်ကာ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် စတင်ထိတွေခဲ့ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် အထက်ပိုင်း လူကြီးများ ဖြစ်သော ပါချုပ် ဒေါက်တာချာလီသန်းလက်ထက်တွင် အခြေအနေေ  တ်ာတော်ဆိုးရွားခဲ့ပါသည်၊ တက္ကသိုလ်စတင်တည်ထောင်ကာစဖြစ် သောကြောင့် နိုင်ငံတော်မှ အတိုင်းအဆမရှိ ဘက်ဂျက်များကို အခြေခံအဆောက်အဦးများ တည်ဆောက်ရန်နှင့် ကျောင်းသားများအတွက် ချထားပေးခဲ့ပါသည်၊ သို့သော်လည်း လိုအပ်သောနေရာတွင် အသူံးမပြုပဲ GOLDEN FLOWER COMPANY နှင့်ပူးပေါင်းကာ အဆင့်မမှီသော အရည်အသွေးမပြည့်ဝသော  ရေကူးကန်၊ ဘွဲ့နှင်း၊ အားကစားကွင်းနှင့်စာသင်ဆောင်များကို  နိုင်ငံတော်ထံမှကျပ်သန်းပေါင်းများစွားတင်တောင်းကာ တည်ဆောက်သည့်အခါ  အမြင်ကောင်းပြီးစံချီန်မမှီသော အဆောက်အဦးများ ကို ဈေးပေါပေါဖြင့်တည်ဆောက်ခဲ့ပါသည်၊ ယခုအခါတွင် အဆောက်အဦးများမှာကျောက်ပြားများကွဲအက်ကာ မိုးရွာလည်မိုးယို နံရံများမှာလည်း အက်ကြောင်းများလိုက်ကာ ဘယ်အချိန် ပြိုကြမလဲဘုရားတနေ၇ပါသည်၊ ယခင်ပါမောက္ခချုပ်ဒေါက်တာချာလီသန်းမှာ ၀န်ကြီးနှင့်ရင်းနှီးသဖြင့် ၀န်ကြီးအား တကယ့်ဘုရားသခင်ကဲသို့ ကိုးကွယ်နေပြီး အပေါ်ဖားကာ အောက်ခြေမှ စစ်ဘက်နယ်ဘက်အမှုထမ်းများကို ဖိနှိပ်ကာ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့ပါသည်၊ စစ်ဘက်မှ ပြောင်းရွေ့လာသည့်အငြိမ်းစားအရာရှိများကိုလည်း “မင်းတိုးတပ်ကကောင်တွေဘာလုပ်တက်လို့လဲ” “ဘာအရည်အချင်းရှိလို့လဲ” စသည်ဖြင့် စော်ကာူးခဲ့ပါသည်။ စစ်ဘက်မှ အရာရှိမျာိးကိုလည်း သူနှင့်အဆင်ပြေရင်ပြေသလို အမိန့်ကို လက်တင်ပေးကာ သူ့စိတ်ကြိုက် ချယ်လှယ်အသုံးချခဲပါသည်၊ ယခု အငြိမ်းစားယူပြီးနောက် သူ၏နေရာတွင် DMAမှ ပြောင်းရွေ့လာသော ဦးကျော်ဇေယျအား ဒုပါချုပ် (စီမံ)အဖြင့်တာဝန်ပေးခဲ့ပါသည်၊ဦးကျော်ဇေယျသည် ယခင်ကာလများက ဦးချာလီသန်းနှင့် တစ်ဦးနှင့်တစ်ဦးအဆင်မပြေဖြစ်ကာ ကျောင်း၏ကောင်းရာကောင်းကျိုးမကြည့်ပဲ ပညာမာနပြိုင်ကာ နေရာလုနေကြသူများဖြစ်ပါသည်၊ ဦးကျောာ်ဇေယျမှာ အသက် 60ပြည့်နေပြီဖြစ်သဖြင့် ခံစားခွင့်ကာလ 4လ တွင် ခံစားခွင့်မယူပဲ ကျောင်းတွင် အမျိုးမျိုးဒုက္ခပေးနေပါသည်၊ စစ်တပ်မကောင်းကြာင်းအား အမြဲ ပြောလေ့ရှိပြီး စစ်ဘက်မှ ပြောင်းရွေ့လာသော အရာရှိများကို ရာထူးနေရာမပေးပဲအမျိုးမျိုး ဖိနှိပ်အုပ်ချုပ်ကာ ပညာပေးလျက်ရှိပါသည်။ ရာထူးပေးကာနီးကြမှ အကြောင်းအမျိုးမျိုးပြကာ နေရာများကို ယခင်ခန့်ထားသော နေရာမှ ရာထူးမပေးချင်သောကြောင့် နေရာအား အမျိုးမျိုးပြောင်းရွေ့နေပါသည်။ယခု (8.5.2013)၇က်နေ့တွင်140000 -2000-15000တန်းဝင် ထူးနေရာပေးရာတွင် သတ်မှတ်ပညာအရည်အချင်း လုပ်သက်နှင့်ကိုက်ညီသူစစ်ဘက်မှ အရာရှိများကို နေ၇ာရာထူးမပေးပဲ သူနှင့်ပဏာစားသူများကိုသာ နေ၇ာပေးကာ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးရုံးသို့ တင်ပြလျက်ရှိပါသည်။သူအမြဲပြောသောစကားမှာ“သင်္ဘောကပတိန်လုပ်ခဲ့ရတာဟာ အသက်အန္တရယ်အင်မတန် နီးကပ်ကြောင်း မင်းတို့စစ်သားတွေထက်ပိုပြီး အသက်စွန့်ရကြောင်း”အမြဲပြောပါသည်။ ဒုတိယပါမောက္ခချုပ် (စီမံ)သင်္ဘောကပတိန် ဦးကျော်ဇေယမျမှာ  တက္ကသိုလ်၊ အင်ဂျင်နီယာရူပဗေဓဌာနမှ ဆရာမတစ်ဦး ဖြစ်သော လက်ထောက်ကထိကဒေါ်မေစိုးအောင်အား သူ့ရုံးခန်းထဲသို့ ခေါ်ပြီး လူမှုရေးဖောက်ပြန်မှူများကို လုပ်ဆောင်နေပါသည်။ သူတို့၏ဓတ်ပုံများကို လည်းပူးတွဲတင်ပြအပ်ပါသည်။ ဆရာမတာဝန်ကျရာ ဌာနသို့မသွားခိုင်းပဲ သူ့အခန်းခေါ်ယူပြီး သူ့ဘေးတွင် စားပွဲတစ်လုံးနှင့်ထိုင်ခိုင်းထားသည်မှာ ကြာပြီဖြစ်ပါသည်။ အဆိုပါကိစ္စများကို တက္ကသိုလ်တွင်စုံစမ်းနိုင်ပါသည်။ သူအား (စီမံ) အုပ်ချုပ်ရေးရာထူးပေးထားသော်လည်း တက္ကသိုလ်ဝန်ထမ်းအိမ်ယာတွင် ဆရာမနှင့်စာရေး တရားဝင်လက်မထပ်ပဲ Living together နေထိုင်ခြင်း၊ အရာရှိအမျိုသမီးနှင့် အောက်ခြေ၀န်ထမ်းများ လူမှုရေးဖောက်ပြန်နေသည်တို့အားအရေးမယူပဲ စစ်ဘက်မှပြောင်းရွေ့လာသော အရာရှိများအား သတ်မှတ်လုပ်သက်ပြည့်ပြီး အရည်အချင်းရှိသူများအား နေရာမပေးပဲအမျိုးမျိုးအလုပ်ကနေထွက်သွားအောင် ဖိနှိပ်အုပ်ချုပ်နေပါသည်။ သို့ဖြစ်ပါသောကြောင့် ဖော်ပြပါကိစ္စရပ်များအား နိုင်ငံတော်သမ္မတာကြီးမှ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ပါရန် နှင့်အဖြစ်မှန်အားဖော်ထုတ်စုံစမ်း ပေးနိုင်ပါရန် တိုင်ကြားတင်ပြလိုက်ပါသည်။
ရေကြောင်းတက္ကသိုလ်မှဝန်ထမ်းတစ်ဦး

Tuesday, March 19, 2013

နိုင်ငံတော်သမ္မတကြီးထံပေးစာ

0 comments

သမ္မတကြီးရှင့်

သမ္မတကြီးမှ လာဘ်ပေး၊ လာဘ်ယူ ပပျောက်စေဖို့ လုပ်ဆောင်နေတာကို ကျွန်မတို့ပြည်သူတွေက ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ လာဘ်ပေး၊ လာဘ်ယူကိစ္စနှင့်ပါတ်သက်လို့ ရဲတပ်ဖွဲ့အတွင်းမှာ တလွဲအရေးယူမှုတခုကို အသိပေးတင်ပြလိုပါတယ်။

ရှမ်းပြည်နယ်တုန်းက လာဘ်ပေးတဲ့ကိစ္စနှင့်အစစ်ခံရသည့် ရဲမှူးကြီး ကျော်ခိုင်ဦး အား အပြစ်ပေးခံရတာ၊ အရေးယူခံရတာမရှိသည့်အပြင် ရာထူးပါတက် တိုးသွားတယ်လို့သိရပါတယ်။ သူ့ကိုတိုင်တဲ့ တိုင်စာကိစ္စအစစ်ဆေးခံရသူအားလုံး ဆိုင်သူကော၊ မဆိုင်တဲ့သူကိုပါ အရေးယူတယ်လို့သိရပါတယ်။ ရဲမှူးကြီး ကျော်ခိုင်ဦး မြန်မာနှစ်ဆန်းရက်ရောက်လာလို့ ထိုင်ကတော့ခဲ့သူတွေကိုလည်း အရေးယူခံရတယ်လို့ကြားမိပါတယ်။ တကယ်တော့ပေးကြရသူတွေမှာက မလာခဲ့ရင် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဒုက္ခပေးမှာ ပြဿနာအရှာခံရမှာကြောက်လို့ ပေးခဲ့ကြရတာ ဖြစ်မှာပါ။

ဒါတွေဟာ လာဘ်ပေး၊ လာဘ်ယူကိစ္စအတွက်မဟုတ်ပါဘူး။ ဘယ်လိုအခွင့်အရေးကို ဘယ်လောက်ဆိုပြီး ရဲမှူးကြီး ကျော်ခိုင်ဦး အား လာဘ်ကိုမရရအောင် လုပ်ပိုင်ခွင့်ကိုသုံးကာ ဖန်တီးတောင်းယူတဲ့ကိစ္စတွေပါ။ ငယ်သားတွေချည်းကိုဘဲ ဖိပြီးအရေးယူခဲ့ရင် ဒီလိုလာဘ်တောင်းတဲ့ကိစ္စတွေ ထပ်ဖြစ်နေဦးမှာပါ။ ဒါကြောင့်လာဘ်တောင်းသူကိုသာ ထိထိရောက်ရောက် အရေးယူပေးပါလို့ သမ္မကြီးထံ ရိုသေမြတ်နိုးစွာနဲ့ တင်ပြလိုက်ရပါတယ်။

အမှန်တရားကိုမြတ်နိုးသူ

Saturday, March 9, 2013

သမတကြီးထိန်းပေးပါ (တိုင်းပြည်မျက်နှာကြည့်ကြပါ)

0 comments
ကတိစကား လွယ်လွယ်ပေးတတ်သော နိုင်ငံရေးသုခမိန်ဟု မိမိကိုယ်မိမိ အထင်ရောက်
ဘ၀င်မြောက်နေသူ များဟု နိုင်ငံရေးအမြင်ရှိသူများသုံး
သပ်ပြောဆိုမှုခံလာရသော
နိုင်ငံတော်အဆင့် ထိုပုဂ္ဂ္ဂိုလ် ၂ဦးအား ယခုအတိုင်းဆက်လွှတ်ထားရင်
တိုင်းပြည် ငြိမ်းချမ်းရေး ရ မရတော့မသိပါ။
အစိတ်စိတိအမွှာမွှာပြိုကွဲသွားနိုင်ခြေတော့ တစစဖြစ်လာကြောင်းပြောဆိုလာကြပါသည်။
လက်ပန်းတောင်းတောင်တွင် ----ကိုလည်းကြောက်ရတယ်ဘုရာ့ ဆိုတဲ့
နိုင်ငံရေးပါးမ၀တဲ့ စကား။
မတွေ့သင့်သူမခေါ်သင့်သူတွေ ပြာရရင်ဒီကနေ့ peace process
မှာနိုင်ငံရေးအဆင့်မရှိသူတွေကို
ဆက်သွယ်ပြီး popular politics တွေလုပ်ပြီး
မိမိကိုယ်မိမိဂုဏ်တင်နေတာမျိုးတွေ စကားကျွံတာ အာမခံလွန်တာတွေဟာ
တိုင်းပြည်ပြိုကွဲသွားနိုင်တယ်လို့ ရှေ့တစ်ခေတ်ကျော်
နိုင်ငံရေးသမားဟောင်းကြီးတစ်ယေက်ကမကြာမီက
ပြောလာပါတယ်။တချိန်က နိုင်ငံခေါင်းဆောင်ကြီး္ဂ္ဂ္စ္စ၏
ကတိစကားတစ်ခွန်းကိုကျနော်တို့နှစ်ပေါင်း ၇၀
နားကပ်လာသည့်တိုင်ရှင်းလို့မဆုံးသေးတာ ငြင်းလို့မရပါ။
ယခုလည်း ပြောလိုက်ပြန်ပါပြီ လက်လွတ်စလွယ်နိုင်လွန်းသည်ဟုဆိုရပါမည်။
လက်ရှိအခြေအနေမှာ  သူတို့၂ဦးဟာ အာမခံလွန်လာတာမို့ သမတအနေနဲ့
အချိန်မီထိန်းချုပ်သင့်တယ်လို့ယူဆကြောင်း။
ပြည်သူ့သဘောထားသိရအောင် လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံပြောဆိုမှုတွေကို
ယခုထက်ပိုမိုပွင့်လင်းမြင်သာအောင် ထုတ်ပြန်သင့်သလို
၎င်းအဖွဲ့များရဲ့တောင်းဆိုမှုတွေကို ပြည်သူ့ကိုယ်စားလှတွေဖြစ်တဲ့
လွှတ်တောကိုတင်ပြပြီး
ဆောင်ရွက်သင့်တဲ့အခြေအနေဖြစ်နေပြီဖြစ်ကြောင်းလွှတ်တောကလည်းလိုအပ်ရင်
အဆုံးအဖြတ်မစောသင့်ဘဲ ပြည်သူ့သဘောထားရယူသင့်ကြောင်းထင်မြင်မိပါတယ်။
ဒီကိစ္ဂ္ဂ္စ္စဟာတိုင်းပြည်ရဲ့အနာဂတ်ဖြစ်တာမို့
ထိုသူ၂ဦးရဲ့သဘောထားအဆုံးအဖြတ်နဲ့ကတိစကားတွေပေးရင်အမှားတွေဖြစ်လာနိုင်ပါတယ်။
လွှတ်တောအနေနဲ့လည်းတာဝန်ယူမှုရှိတာကိုပြသရမဲ့အချိန်ဖြစ်ပါတယ်။
အထူးသဖြင့်စလည်ဝင်ဖင်မမဲခင်ကွဲတဲ့အဖြစ်မျိုးပြန်မဖြစ်အောင်လုပ်ကြရမှာဖြစ်ပါတယ်။
နောက်တစ်ခု ဒါအရမ်းအရေးကြီးတယ်လို့ထင်လို့ အထူးတင်ပြချင်ပါတယ်။
ဒါကတော့ ယခုတိုင်းရင်သားလက်နက်ကိုင်အဖွဲ့များရဲ့တောင်းဆိုမှုတွေဟာ
အဲဒီတိုင်းဒေသ ပြည်နယ်လူမျိုးစု ဒီအထဲမှာမှ
မတူညီတဲ့တိုင်းရင်းသားလူမျိုးတွေ လက်ရှိ တိုင်းရင်းသားပါတီတွေကို
ကိုယ်စားပြုမှာလား။
ကျနော်တို့အများကြီးစဉ်းစားဖို့လိုပါတယ်။
အမှန်တကယ်တော့ ကျနော်တို့လက်ရှိမြန်မာပြည်မြေပုံလေးကိုတော့
ပုံစံပြောင်းမသွားစေချင်တာ နိုင်ငံသားအများစုသဘောမှာရှိကြမှာပါ။
ဗမာအပါအ၀င် မျက်ကန်းမျိုးချစ်အချို့ရဲ့ ခလောက်ဆန်မှုတွေ အခြားအခြားသော
ပယောဂမျိုးစုံတွေကလည်းအဟန့်အတားဖြစ်လာစရာရှိတာမို့
ဝိုင်းဝန်းအဖြေရှာမှရပါမယ်။
ဘယ်သူသေသေငတေမာရင်ပီးရောဆိုတဲ့ပြည်ဖျက်ပိုးတွေရှိသလို ကုမရတဲ့
ဝမ်းတွင်းရူးလို သူမျိုးတွေကလည်းရှိနိုင်တာမို့ လွယ်လွယ်ပြောတတ်တဲ့
ထိုသူ၂ဦးကိုယခုအတိုင်းအပြောမှားကတိမှားတွေနဲ့ဖြေမရအောင်ဖြစ်ရင် ၁၉၅၈
ကာလထက်ပိုဆိုးသွားနိုင်ပါတယ်။
အစိုးရအဖွဲ့အစည်း လွှတ်တော ပါတီများ လက်နက်ကိုင်အဖွဲ့အစည်းများ မီဒီယာများ
တိုင်းပြည်မျက်နှာကြည့်ကြပါ။
မိမိ၊မိမိပါတီ၊မိမိအဖွဲ့အစည်း၊မိမိအာဏာ၊မိမိအစိုးရ၊စသဖြင့် ဒါတွေပဲမာကြည့်ကြပါနဲ့။
တိုင်းပြည်မျက်နှာကြည့်ကြပါ။
တိုင်းပြည်မျက်နှာကြည့်ကြပါ။
တိုင်းပြည်မျက်နှာကြည့်ကြပါ။
ကျနော်တို့တိုင်းပြည်အေးချမ်းစေချင်ပါသည်။
တိုးတက်စေချင်ပါသည်။
မပြိုကွဲစေချင်ပါ။
သမိုင်းအမှားတွေမရေးစေချင်ပါ။
သမတကြီးခင်ဗျား
ကြမ်းကျွံရင်နငတ်လို့ရပါသည်။
စကားကျွံရင်နှုတ်လို့ခက်ပါသည်။
ထိုသူ၂ဦး စကားကျွံမှုကြောင့် သမတကြီးလုပ်ရခက် ရှင်းရခက်မဖြစ်စေချင်တာမို့။
တိုင်းပြည်မျက်နှာကြည့်ပြီး ထိန်းပေးပါခင်ဗျား။

Monday, February 11, 2013

သမ္မတကြီး ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ

0 comments
ဦးသိန်းစိန်
သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တရားဥပဒေ စိုးမိုးရေးကို အခြေခံပြီး ရခိုင်-ရိုဟင်ဂျာ အတူတကွနေထိုင်ရေးနှင့် ဒုက္ခသည်များအား မျှတစွာ အတူနေရာချထားရာတွင် ဟန့်တားမှုများကို တားဆီးချေမှုန်းရေး တင်ပြခြင်း

(၁) နိုင်ငံတော်၏ ဒီမိုကရေစီ ကူးပြောင်းရေးတွင် အနောက်သား ရခိုင်တို့၏ အကြမ်းဖက် မှုကြောင့်နိုင်ငံတ ကာ အလယ်တွင် ယုံကြည်မှုနှင့်ဖွံ့ဖြိုးမှုကို ဟန့်တားမှုဖြစ်စေသော မဟာလူမျိုးကြီးဝါဒ ဆန်မှုကို ခွင့်မ လွှတ် နိုင်သော ကျူးလွန်မှုတစ်ရပ်အဖြစ် မှတ်ကျောက် တင်ပါ၏။

(၂) ထိုနည်းတူ သမိုင်း ကြောင်းအရ အတူတကွ  နိုင်ငံတော် တာဝန်ကို ပါဝင်ဆောင်ရွက် လာခဲ့သော ရခိုင်- ရိုဟင်ဂျာ တို့၏ တန်းတူ ညီမျှသော လူ့အခွင့် အရေးများကို စစ်အာဏာရှင် မဆလပါ တီခေါင်းဆောင် နေ၀င်း မှဦးဆောင်၍ ဘင်္ဂလားနိုင်ငံသား ဗိုလ်မှူးကျော်မောင်အားပြည်နယ် တာဝန်ခန့်ပြီး ရခိုင်လူမျိုးကြီးဝါဒဖြင့် သွေးခွဲ အုပ်ချုပ်ခဲ့သလို ယခုတဖန် အနောက်သား ရခိုင် အုပ် စုခေါင်း ဆောင်ဖြစ် သော  အေးမောင် တို့ကလည်း အကြမ်း ဖက်မှု တစ်ခု ဆင်ပြီးသွေးခွဲနေ သည် မှာ ထင် ရှားနေ ပါ သည်။

(၃) ယခု တဖန်ပြည်နယ်တွင် သွေးခွဲမှုနည်း လမ်းသစ် တစ်ချို့ကျင့်သုံးလျက်ရှိ ရာနိုင်ငံတော်မှ အသိအ မှတ်ပြုစေ လိုပါသည်။

(က) ရခိုင်နှင့် ရိုဟင်ဂျာ အတူတကွ မနေထိုင်လိုကြောင်း ရာဇသံဖြင့်ဒေသ ခံအုပ်ချုပ်ရေးမှူးများ အား ခြိမ်း ခြောက်ခြင်း

(ခ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်နှင့်မျိုးနွယ်စု များကို ဥပဒေမဲ့ ဖိတ်ခေါ်၍ အခမဲ့နေအိမ်နှင့် လယ်ယာမြေ များထောက်ပံ့ ကာလက်ရှိ ဒုက္ခသည်အား မငဲ့ညှာခြင်း

(ဂ) အကြမ်းဖက်မှုတွင် ဒုက္ခသည် ရခိုင်အုပ်စုများအား ခွဲထုတ်၍ ဆတ်ရိုးကျချောင်းဘေး စက်မှုဇုံတွင်နေ အိမ်ပေါင်း ၆၉၉ အိမ်ဆောက်ပေးနေခြင်း

(ဃ) လူမျိုးခွဲခြား စစ်တမ်းကောက်ခြင်းနှင့် လူမျိုးမှန်အား တင်ပြခြင်းကို ဖီဆန်၍ အတင်း ဘင်္ဂလီ ဟုရေး မှတ်ခြင်း၊ မရလျှင် မတရားနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ သည်းမခံနိုင်လျှင် တိုင်းတပါးသို့ ထွက်ပြေးရန် ဖန် တီးပေးခြင်း တို့ဖြစ်ပါသည်။

(င) ရခိုင် အကြမ်းဖက်အရေးသည် ဥပဒေချိုးဖောက်မှုဟု မယူဘဲ လူမျိုးစု များနိုင်ငံသားဖြစ်တည်ရေး၊ မတည်ရေး ဟူသော မှားယွင်းသော ယူဆချက်ဖြင့်လျှောက် လှမ်းပြီးဒေသ လုံခြုံရေးကို ထိပါးနေခြင်း

(၄) ရိုဟင်ဂျာသည် ဥပဒေကြောင်းနှင့် အညီတရား ၀င်နိုင်ငံသားဖြစ် လင့်ကစား လ၀က၀န်ကြီးမှ ရိုဟင်ဂျာ သည်နိုင်ငံသားမဟုတ်သော် လည်းနိုင်ငံမဲ့ မဖြစ်စေ လိုသောကြောင့်နိုင်ငံ တွင်းနေထိုင်ခွင့်ပေး ထား ခြင်း ဟူသောဥပဒေ မဲ့ပြောဆိုနေခြင်း စသည်တို့သည် ဥပဒေကြောင်း အရအန္တရာယ်ဆိုးနှင့် ရင်ဆိုင် ရမည် ဖြစ် သည်။

(၅) ထို့ကြောင့်နိုင်ငံတော်သည် ဒီမိုကရေစီဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားလျက် ရခိုင် အကြမ်းဖက်မှုတွင် နည်းမျိုးစုံဖြင့် ပါဝင်ဆက်နွယ်လျက် ရှိသော ထိပ်တန်း (၁၀) ဦးကို အမှုတွဲဖြင့် မှတ် တမ်းတင် ထားပါသည်။

(က) အငြိမ်းစားဗိုလ်ချုပ်ကြီးခင်ညွန့်
(ခ) အနောက်သား ရခိုင်ဒေါက်တာအေးမောင် (ပြည်နယ်ခွဲထွက်ရေးမြေပေါ်ခေါင်းဆောင်)
(ဂ) ဗိုလ်မှူးကြီးထွန်းမြတ်နိုင် (စစ်ဦးစီး) ရခိုင်သူပုန်အဖွဲ့ - ပြည်နယ်ခွဲထွက်ရေးမြေအောက်ခေါင်းဆောင်
(ဃ) မှူးဇော် (ခ) ဦးဇော်ဌေး (သမ္မတရုံး) - သတင်းလိမ်ညာလှည့်စားမှု
(င) ဦးခင်ရီ (လ၀က၀န်ကြီး) - မဆလဥပဒေဖြင့်ဒီမိုကရေစီလူ့အခွင့်အရေးကိုချိုးဖောက်ခြင်း
(စ) ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး (နယ်စပ်ဒေသရေးရာဝန်ကြီး) - လူမျိုးစုခွဲခြားဆက်ဆံခြင်း
(ဆ) ဦးဝင်းမြိုင် (ရခိုင်ပြည်နယ်ရုံး) - သတင်းလိမ်ညာလှည့်စားမှု
(ဇ) မောင်တောနစကမှူး (ဗိုလ်မှူးကြီးအောင်နိုင်) - သွေးစုတ်ငွေညှစ်နှိပ်စက်ခြင်း (ယခုထောင်ကျပြီ)
(ဈ) ကိုကိုကြီး (၈၈ ကျောင်းသားအမည်ခံ) - သမိုင်းမသိ၊ လူမျိုးမသိဘက်လိုက်ခြင်း
(ည) ဦးညီပု (RNDP ကျောက်နီမော်တာဝန်ခံ) - ၁၀ လောင်းပြိုင်သတ်ဖြတ်မှုဖန်တီးခြင်း

စသည်တို့ကိုပထမအသုတ်အဖြစ်အရေးယူချေမှုန်းရမည်ဖြစ်သည်။

(၆) တဖန် ဒေါ်အောင်ဆန်းစုကြည်  ပြောခဲ့သည့် အတိုင်း ရခိုင်-ရိုဟင်ဂျာတို့၏ ကွဲပြားခြားနားသော အရေး ကို ဥပဒေ ကြောင်းပေါ် အခြေခံ၍ အတူယှဉ်တွဲနေထိုင်မှု ကို နားလည်မှု ရယူပြီး၊ သေနတ်ကျည် ဆံများဖြင့် ဘက်လိုက်မှုများရှောင်လွှဲပြီး ကိုင်တွယ်လိုပါကြောင်း ဟူ၍လည်းကောင်း၊ နေပြည်တော်တွင် ကျင်းပရန် စီစဉ် ထားသော ရခိုင်အရေး ဖိုရမ်တွင်လည်း ရခိုင်နှင့် ရိုဟင်ဂျာ ပါတီခေါင်းဆောင်  များနှင့်  မြန်မာမွတ်စလင် ခေါင်းဆောင် များပူးတွဲ ပါဝင်စေပြီး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဒုက္ခသည် ဘ၀မှ ကယ်ဆင်ရေး၊ သူ့မြေ၊ သူ့ အိမ်သို့ ဦးစားပေး ကာနှစ်ဖက်နားလည်မှုဖြင့် လုံခြုံမှုရှိသောပြည်နယ် သစ်ကြီး ကို ဖန်တီးနိုင်မည်ဟုယုံ ကြည် ပါ သည်။

(၇)တဖန်နိုင်ငံတော်သည် လွတ်လပ်ရေးရပြီး အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်၏ မှတ်တမ်း ဆင်ခဲ့ သောတိုင်း ရင်းသားအရးကို အစဉ်လေးစား ကျင့်သုံးရေးနှင့် ယခု လွှတ်တော်သို့ တင် သွင်း နေသော  အေး မောင်၏ တင်ပြချက်တွင် ယခင်အစိုးက မှားခဲ့ပါသည်။ နယ်စပ်မှာ တံခါးမရှိ၊ ဓါး မရှိ ဟူ၍ စွပ်စွဲမှုကို နား ယောင်လွဲ မှားမှုမှရှောင်လွဲစေပြီး၊ ယနေ့ နယ်စပ်တံခါးမှ ဘင်္ဂလား ရခိုင်များ ဥပဒေ မဲ့ မည်သို့ဖောက်ထွင်း ၀င်လာနေ သည်ကိုဥပဒေ၊ နည်းဥပဒေ ဟူသမျှချိတ်ပိတ်သလို အန္တရာယ်ကြီး ပင်တွေ့မြင်ရသည်။

ဤသို့ နိုင်ငံတော်၏ စေတနာဖြင့် ဥပဒေကြောင်းပေါ် မူတည်၍ ရခိုင်-ရိုဟင်ဂျာတို့၏ အရေးကိုဖြေရှင်းရာ တွင် ဦးစွာ ဒုက္ခသည်များကို သူ့အိမ်၊ သူ့မြေနေရာချထား ပေးနိုင်မှ သာနားလည်မှုနှင့် လုံခြုံမှု ရှိအောင် ဖန်တီး မည်ဟု ယုံကြည်မိ ပါ သည်။ နေရာ ချထားပေးခြင်း ကြန့်ကြာနေမှုသည်ပြဿနာ အားမီးမွှေး သလိုအားပြင်း လာပြီး ၂၀၁၃ တွင် ထပ်မံစိုးရိမ်နေကာ အနီးကပ် ရန်သူအား ရှာဖွေတားဆီးချေ မှုန်းရေးနှင့် လက်နက်အား ကိုးပုဆိန်ရိုးမှ ကာကွယ်ရေးကို အလေးအနက် တောင်းဆိုအပ်ပါသည်။

သမ္မတကြီးကျန်းမာချမ်းသာပါစေ။

လေးစားစွာဖြင့်

ဇာနည်မောင်
National Foundation BKK

Wednesday, January 16, 2013

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ထံသို့ အိတ်ဖွင့်ပေးစာ

1 comments
သို့
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ကျွန်တော်တို့သည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်မှ ကျာင်း ဆင်း သူနာပြုနှင့် ဆေးဘက်ပညာသယ်များဖြစ်ကြပါသည်။ ကျွန်တော်တို့ သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် သက်ဆိုင်ရာပညာရပ်တို့ အလိုက် ( ၄ ) နှစ်တာ ပညာသင်ကြားခဲ့ရပါသည်။ ထို့အတူ တပ်မတော်သား တစ် ဦးအဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက်လည်း တပ်မတော်သားတစ်ဦး တက်မြောက်အပ်သော စစ်ပညာရပ်များကို စာပေပညာ ရပ်များနှင့်အတူ ပူးတွဲ၍ လေ့ လာသင်ယူခဲ့ရပါသည်။ အခြေခံစစ်ပညာ ရပ်များမှ သည် ချီ၊ တိုက်၊ ခံ၊ ခွာ စစ်ပညာရပ် များကို တပ်ခွဲအဆင့်ထိလေ့ကျင့် သင်ကြားခဲ့ ရပါသည်။

စစ်ပညာနှင့် သက်ဆိုင်ရာပညာရပ်တို့အား အခြားသောတပ်မတော်မှဖွင့်လှစ်ထား သည့် တက္ကသိုလ်များနည်းတူသင်ယူတက်မြောက် အောင်မြင်ပြီးပါက သက်ဆိုင် ရာပညာရပ်အလိုက် ဘွဲ့အသီးသီးကို ချီးမြှင့်ခံခဲ့ ကြရပြီး ကျောင်း ဆင်းပွဲအခမ်း အနားတွင် လည်း တပ်မတော်အကြီးအကဲများမှ အခြားသောကျောင်းဆင်းပွဲအခမ်းအနားများ နည်း တူ ဂုဏ်ပြုတက်ရောက်ချီးမြှင့်ပေးခဲ့ကြပါသည်။

ထို့နောက်တာဝန်ပေးအပ်ခြင်းခံရသော သက်ဆိုင်ရာတာဝန်ကျရာနေရာ များတွင် နိုင်ငံတော်တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်ခဲ့ကြပါ သည်။ နိုင်ငံတော် မှလည်း ကျွန်တော်တို့ကျောင်းဆင်းပြီး သူနာပြုနှင့် ကျွမ်းကျင်သူများကို အဆင့်မြင့် စစ်ပညာရပ် နှင့် သက်ဆိုင်ရာဆေးပညာရပ်တို့ကို သင်ကြားနိုင်စေရန် စစ်ပညာ ရပ်ပိုင်းအတွက် အထူးခြေလျှင်တပ်စုမှုး၊ တပ်ခွဲမှုး၊ တပ်ရင်းမှုး သင်တန်းများ တက်ရောက်စေ၍ လည်း ကောင်း၊ သက်ဆိုင်ရာ ပညာရပ်တို့အတွက် မဟာသိပ္ပံဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင် တန်းများ ဖွင့်လှစ်ပေး၍လည်းကောင်း ချီးမြှောက် ခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ကျွန်တော်တို့သည် ထိုသို့နိုင်ငံတော်မှချီးမြှောက်ခဲ့သော်လည်း ယနေ့ချိန်ထိတိုင် တပ်မတော်မှသတ်မှတ်ပေးသော တပ်မတော်သားတစ်ဦး၏ အဆင့်သက်မှတ် ချက်ကို မရရှိသေးပဲ အသိအမှတ်ပြုမခံရသေးသော “သား” များ သဖွယ် ခံစားနေရ ပါသည်။ လူသားတိုင်း သည် မျှော်လင့်ချက် ရည်မှန်းချက်ထားရှိ၍ ထိုရည်မှန်း ချက်ပြည့်ဝရန်ကြိုးစားအားထုတ် နေကြရမြဲဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် မှ ကျောင်း ဆင်းသူနာပြုနှင့် ဆေးဘက်ပညာသည်တို့သည် တပ်မတော်၏ တပ်မတော်သားတစ်ဦး အလိုက်ရရှိကြသော အဆင့်သက်မှတ်ချက် တစ်ခုကို မရှိသေးပဲ နိုင်ငံတော်၏တာဝန်များ ကို ထမ်းဆောင်လာခဲ့ကြ သည်မှာ ကျောင်းဆင်းအမှတ်စဉ် ( ၁၀ ) ထိ တိုင်ရှိခဲ့ပြီဖြစ်ပါ သည်။ လူသားတိုင်း၊ တပ်မတော်သားတိုင်း ရည်မှန်းချက်ကိုယ်စီ၊ မျော်လင့်ချက်ကိုယ် စီဖြင့် တာဝန်ထမ်းဆောင်ကြိုးပမ်းနေချိန်တွင် ကျွန်တော်တို့ကျောင်းဆင်းများမှာ မည် သည်ကိုမျှော်မှန်းရမည်မသိပဲ ရည်ရွယ်ချက်၊ ဦးတည်ချက် လမ်းများ ပျောက်ဆုံး လျှက် ရှိနေကြရပါသည်။

တပ်မတော်၏တူညီဝတ်စုံဝတ် တပ်မတော်သားများဖြစ်သည့်အားလျှော်စွာ တပ်မတော် သားတိုင်းခံစားခွင့်ရှိနေသော အခွင့်အရေးအား အခြားသော တပ်မတော်သားများနည်းတူ ရရှိခံစားခွင့်ရချင်ပါသည်။ တပ်မတော်တွင် ရှိနေသောအဆင့်သက်မှတ်ချက်၊ ခံစား ခွင့်၊ လိုက်နာရမည့်စည်းကမ်းများကို တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ် တစ်ဝမ်းတည်းဖြင့် ရရှိခံစားလိုပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ခုအခါတွင် ကျွန်တော်တို့ကျောင်းဆင်းများမှာ တပ်မတော်၏ အဆင့်သက် မှတ်ချက်မရှိပဲ သူနာပြု ၊ အတက်တန်းသူနာပြု ၊ သူနာပြုဆရာကြီး ၊ ဆေးဝါးကျွမ်းကျင်( ပထမတန်း )၊ ဆေးဝါးကျွမ်းကျင် ( ဒုတိယတန်း )၊ ဆေးဝါးကျွမ်းကျင်( တတိယတန်း)၊ ဓါတ်ခွဲကျွမ်းကျင်( ပထမတန်း )၊ ဓါတ်ခွဲကျွမ်းကျင်( ဒုတိယတန်း )၊ ဓါတ်ခွဲကျွမ်းကျင် ( တတိယတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ပထမတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ဒုတိယတန်း ) ဓါတ်မှန်ကျွမ်းကျင် ( တတိယတန်း )၊ ကာယကုကျွမ်းကျင်( ပထမတန်း )၊ ကာယကု ကျွမ်းကျင် ( ဒုတိယတန်း )၊ ကာယကုကျွမ်းကျင် ( တတိယတန်း ) ဟူသော သက်ဆိုင်ရာပညာရပ်အလိုက် အရပ်ဘက်အခေါ်အဝေါ် အဆင့်သတ် မှတ်ချက်သာ ပေးအပ်ထား ခံရပါသည်။ 

ထိုသို့ တပ်မတော်၏အဆင့်သက်မှတ်ချက်မရှိသဖြင့် တပ်မတော်၏ အုပ်ချုပ်မှု ကိစ္စများ တွင် အဆင်မပြေမှုများကြုံတွေ့ရလျှက်ရှိနေပါသည်။ တပ်သားမှစ၍ အရာရှိကြီးများထိ ကျွန်တော်တို့ကျောင်းဆင်းများအား မည်သည့်အဆင့်ဆို သည် ကိုမသိပဲ “ မင်း တို့က ဘာတွေလဲ “ ဟုသာအမေးခံနေကြရပါသည်။ အချို့တပ်မှုးများမှာ စစ်ကျောင်းကြီးတစ်ကျောင်းမှ နိုင်ငံတော်အဆင့်ဖြင့် ကျောင်းဆင်းသောသူများဟု အခြားသောကျောင်းဆင်းများကဲ့သို့ အခွင့်အရေ့း ပေး၍ဆက်ဆံသကဲ့သို့ အချို့သောတပ်မှုးများမှာ အရာခံ ဗိုလ်ဆရာကြီး များနှင့် အခြားအဆင့်လောက်ပင် အဆင့်မရှိ၊ ဘာမှန်းမသိသော မယ်သီလလို ကောင်များ ဟု ပြောဆိုမှု၊ ဆက်ဆံခံရမှုများဖြင့် တစ်ကျောင်းတည်းမှဆင်းသော ကျောင်းဆင်း ချင်း အတူပင်လျှင် အခွင့်အရေး၊ ဆက်ဆံခံရပုံမတူပဲ တန်းတူအခွင့်အရေးမရ ဖြစ်နေကြရ ပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ထိုထက်မက များလှစွာသော အဆင်မပြေမှုများဖြင့် ကျွန်တော်တို့ကျောင်းဆင်း များမှာ နေ့စဉ်ကြုံတွေ့ရလျှက်ရှိနေရပါသည်။ တပ်မတော်၏ တူညီဝတ်စုံကို ၀တ်ဆင်ခွင့်ရရှိ ထားသော်လည်း အခြားသော တပ်မတော်သားများနည်းတူ နိုင်ငံတော်တာဝန်ကိုထမ်း ဆောင်နေကြရသော်လည်း တပ်မတော်တစ်ရပ်လုံးနှင့် တစ်ပေါင်းတစ်စည်းတည်း မရှိသကဲ့သို့ဖြစ်နေရပါသည်။ အခြားသောတပ်မတော် သားများ၊ ကျောင်းဆင်းများကဲ့သို့ရည်မှန်းမျှော်လင့်ကြိုးစားရာ အခွင့်အရေးများ ပျောက်ဆုံးနေရပါသည်။ လမ်းလျှောက်ရင်း လမ်းသာတွေ့၍ ဘယ်ကိုလျှောက် ကာ ဘယ်ကိုရောက်မည်မှန်းမသိသော ဘ၀သို့ရောက်ရှိနေရပါသည်။

တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသော ပညာအရည်ချင်းတူ၊ သင်ကြားရသောကျောင်း အတူတူ( ယခင် ဆေးတက္ကသိုလ်လက်အောက်ခံဖြစ်သော်လည်း ယခုအခါတွင် သူနာပြုသိပ္ပံဘွဲ့ပေါင်းကူနှင့် သူနာပြုမဟာသိပ္ပံဘွဲ့များကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တွင်ပင် တစ်ပေါင်းတည်းသင်ကြားလျှက်ရှိသော ) အမျိုးသမီး သူနာပြုအရာရှိများကပင်လျှင် အသိအမှတ်မပြုပဲ ” ငါတို့ကအရာရှိသူနာပြု ၊ နင်တို့က ဘာကောင်မှန်းမသိတဲ့သူနာပြု၊ အဆင့်မရှိတဲ့သူနာပြု ” ဟု ပြောဆိုခံ ကာ အခြားအဆင်မပြေမှုများဖြင့်လည်းကြုံတွေ့နေရပါသည်။ ထို့ပြင် ကျွန်တော်တို့ ၏ မိခင်တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှာပင် လျှင် ကျွန်တော်တို့အတွက် ခန့်အပ်တာဝန်ထမ်းဆောင်ရန် ရာထူးနေရာမရှိဟုသိရပါ သည်။ ဆေးရုံများတွင်သာ တာဝန်ချထားပေးကာ ကျောင်းတွင်တွဲဘက်တာဝန်သာ ထမ်းဆောင်နေကြရပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

တပ်မတော်တွင် တပ်သားအဆင့်မှသည် ကာကွယ်ရေးဦးစီးချုပ်ထိ အဆင့်ဆင့်ရှိနေသော် လည်း ကျွန်တော်တို့ ကျောင်းဆင်းများမှာ မည်သည့်အဆင့် ဆိုသည်ကို ယနေ့ထိတိုင် တရားဝင် သတ်မှတ်ပြဋ္ဌာန်းပေးခြင်းမရှိသေးပါ။ အခြေခံအကျဆုံး တပ်သားအဆင့်သည်ပင် လျှင် ဆယ်တန်းအောင်မြင်ပြီးပါက တပ်ကြပ်ကြီး/စာရေး လျှောက်ထား၍ အောင်မြင်ပါက တက်ရောက်ကာ တပ်ကြပ်ကြီးအဖြစ်တက်လှမ်းခွင့်ရှိပါသည်။ ဘွဲ့ရ တပ်ကြပ်ကြီး၊ တပ်ကြပ်ကြီး/စာရေး၊ ဒုတပ်ကြပ်တို့သည် သက်မှတ် စစ်သက်နှင့် သက်မှတ်အရည်အချင်းများ ပြည့်မှီပါက ဗိုလ်သင်တန်းလျှောက်ထားခွင့်ရှိကာ အောင်မြင်ပါက ဗိုလ်သင်တန်းတက်ရောက် ၍ ဘ၀တက်လမ်းအတွက်ကြိုးစားခွင့် အခွင့်အရေးများရှိပါသည်။ ထို့ပြင် ထိုအခွင့်အရေးများ တွင် အကြောင်းကြောင်း ကြောင့် လွဲချော်ကာအောင်မြင်မှုမရရှိသူများ နှင့် အခြားသော ဆယ်တန်းအောင်သည်ဖြစ်စေ ၊ မအောင်သည် ဖြစ်စေ၊ ဘွဲ့ရသူဖြစ်စေ မရသူဖြစ်စေ အခြားအဆင့်များအားလုံးအတွက် အခွင့်အရေးအဖြစ် အဆင့်လိုက်တက်လှမ်းကာ (ပ)အရာခံဗိုလ်မှသည် သက်မှတ်ချက်နှင့်ပြည့်မှီသူအားလုံး အရာရှိအဖြစ်တက်လှမ်း ကြိုးစား ဖွယ် အခွင့်အရေးများရရှိ သက်မှတ်ထားပေးပြီးဖြစ်ပါသည်။ ထို့ပြင်လည်း သက်ဆိုင်ရာဘွဲ့ အလိုက် မဟာသိပ္ပံဘွဲ့အထိ အောင်မြင်ပြီးဆုံးပါက အရေးပေါ်ပြန်တမ်းဝင်ခန့်အပ်နိုင်သည် အထိ အခွင့်အရေးများလည်းသတ်မှတ်ပေးအပ်ထားပါသည်။

သို့သော် ကျွန်တော်တို့ကျောင်းဆင်းများမှာ သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သက်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိထားပြီးဖြစ်ကြသော်လည်း၊ အချို့သောကျောင်းဆင်းများမှာ မဟာသိပ္ပံဘွဲ့အထိတက်ရောက်ရရှိပြီးသော်လည်း မရေရာ၍ ဘာမှန်းမသိသောသူများပင် ဖြစ်နေရပါသည်။ နိုင်ငံတော်မှ သင်တန်းများတက်ရောက်စေရာတွင်လည်း အထူးခြေလျှင် တပ်စုမှူးသင်တန်း ၊ အထူးတိုက်စည်းသင်တန်း စသဖြင့်သင်ကြားတက်မြောက်စေခဲ့သော် လည်း ဘာမှန်းမသိသောဘ၀များဖြစ်နေသဖြင့် “ အထူးအထူးဖြင့် ရူးနေကြသူများ ” ဟု၎င်း၊ “ ဟုတ်လှပြီထင်မနေနဲ့ကွ မင်းတို့ကို နှစ်သိမ့်နေတာ ” ဟု တစ်ဖုံ အမျိုးမျိုးသော ပြောဆို ဖိနှိပ်မှုတို့ဖြင့်သာ တွေ့ကြုံနေရပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

ကျွန်တော်တို့၏ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၀င်ခွင့်ကြော်ငြာများ ဖော်ပြရာတွင် ယခင်က အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄) ထိ သတင်းစာကြော်ငြာများတွင် ဒုဗိုလ်လစာနှင့်အညီ လစာနှုန်းထားများ ပေးအပ်မည်ဟုခေါ်ဆိုခံခဲ့ရသော်လည်း လစာနှုန်း ထားများတိုးမြှင့်ပေးသောအခါတွင် ဖော်ပြပါသတင်းနှင့်အညီမရရှိတော့ပဲ (ပ)အရာခံဗိုလ် နှင့် ဒုဗိုလ် အကြား လစာနှုန်းထားသို့ ပြင်ဆင်ပေးအပ်ခဲ့ပါသည်။ အမှတ်စဉ် (၅) မှ စ၍ ယနေ့ထိတိုင် ခေါ်ယူမှုကြော်ငြာတွင်မှူ ထိုကဲ့သို့ မပါရှိတော့ပဲ ရေးဖြေအောင်မြင်သူများ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် စစ်ဆေးခံရမည်ဟု ပြောင်းလဲပါရှိ လာပါသည်။ အခြားသော တပ်မတော်မှဖွင့်လှစ်သော်တက္ကသိုလ် များတွင် လူတွေ့စစ်ဆေး၍ ကျရှုံးသူများမှာ ထပ်မံစစ် ဆေးဖြေဆိုရန်မလိုလဲ ဆန္ဒရှိပါက တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် တွင် တိုက်ရိုက်တက် ရောက်ခွင့်ရှိနေပါ သည်။ ထို့ကြောင့် “ ကျန်ကောက် ကျောင်းဆင်း ” ဟူ၍၎င်း၊ “ သီလရှင်ကျောင်းထွက် များ ၊ ရှိခိုး၍လည်းမရ ၊ ခေါင်းခေါက်လို့လည်းမရတဲ့သူများ ” ဟူ၍၎င်း အမျိုးမျိုးပြောဆို နှိပ်ကွပ်ခံနေရပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား

သို့ဖြစ်ပါ၍ ကျွန်တော်တို့သည် တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်း ခံစားခွင့်ရရှိကာ တပ်မတော်သားတိုင်းရရှိနေကြသော စစ်ဘက်ဆိုင်ရာ မည်သည့် အဆင့်သက်မှတ်ချက်တစ်ခုကိုမဆို ခံစားခွင့် ရရှိလိုပါသည်ခင်ဗျား။ ထိုသက်မှတ်ပေးမည့် အဆင့်နှင့်အညီလည်း ခံစားခွင့်ရရှိလိုပါသည်ခင်ဗျား။ လူသားတိုင်းတွင် အခွင့်အရေး၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ တန်းတူထားနိုင်၊ တန်းတူရှိနိုင်သကဲ့သို့ တပ်မတော်သားတစ်ဦးတွင်လည်း ရည်မှန်းချက်၊ မျှော်မှန်းချက် နှင့် အခွင့်အရေးများ တန်းတူထားနိုင်၊ ရှိနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော်တစ်ရပ်လုံး နှင့်အတူ တူညီစစ်ဝတ်စုံကို ၀တ်ဆင် ရသကဲ့သို့၊ အခြားသောတပ်မတော်သားများနည်း တူ တာဝန်ထမ်းဆောင် ရသကဲ့ သို့၊ အခြားသောကျောင်းဆင်းများ၊ တပ်မတော်သားများ နည်းတူ သင်တန်းများ သင်ယူတက်မြောက်ခဲ့ရသကဲ့သို့ပင် အားလုံးသောတပ်မတော်သားများကဲ့ သို့ပင် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်မှ အသိအမှတ်ပြုသော ” သား ” တစ်ဦးအဖြစ် တပ်မတော်၏ သင့်လျှော်သော စစ်ဘက်ဆိုင်ရာအဆင့်တစ်ခုအား သက်မှတ် ပေးနိုင်ပါရန် ရိုသေလေးမြတ်စွာဖြင့် ဦးတိုက်တင်ပြအပ်ပါသည်ခင်ဗျား