Thursday, November 28, 2013

(ပစ်စာ)

0 comments
ပြည်နယ်ပြည်မကျောင်းမခွဲခြားပဲတစ်ပြိုင်တည်းရာထူးတိုးမြှင့်ပေးပါရန်တင်ပြခြင်း
သပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊ကွန်ပျုတာတက္ကသိုလ်များရှိဆရာ
ဆရာမများအားရာထူးတိုး မြှင့်ပေးရာတွင် လုပ်သက်အနည်းအများမခွဲခြားပဲကျောင်းအလိုက်ရာထူးတိုးမြှင့်ပေးနေပါသဖြင့်
အခြားကျောင်းများမှလုပ်သက်များဆရာ၊ဆရာမများမှာအလွန်နစ်နာလျှက်ရှိနေပါသည်
နည်းပညာတက္ကသိုလ်များ၊ကွန်ပျူတာတက္ကသိုလ်(ပြည်၊မုံရွာ၊ပခုက္ကူ၊မန္တလေး)
သာရာထူးတိုးထွက်ပေးပါသည်။ပြည်နယ်ကျောင်းများတစ်ကျောင်းမှမထွက်သေးပါ
သို့ဖြစ်ရ်ျပြည်နယ်ပြည်မကျောင်းမခွဲခြားပဲတစ်ပြိုင်တည်း
ကိုတန်းတူတိုးမြှင့်ပေးပါရန်တင်ပြလိုက်ပါသည်။

Thursday, November 7, 2013

ချင်းအမျိုးသားများ၏အမွေကို ဆက်လက်ထိန်းသိမ်းပေးပါ (အသနားခံစာ)

0 comments
ချင်းအမျိုးသားများ၏အမွေကို ဆက်လက်ထိန်းသိမ်းပေးပါ (အသနားခံစာ)

ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သည့် ပလက်ဝမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ချင်းအမျိုးသားများအထူး တပ်မက်ခုံမင်သည့် ချင်းလုပ်သေနတ်များကို ရခိုင်ပြည်နယ်မှ အလုအယက် လာရောက်ဝယ်ယူမှုများရှိနေသည်။ ယခင် ဒေသလုပ်ကျောက်မီးသေနတ်၊ တူမီးသေနတ်၏ တန်ဖိုးမှာ ပိသာာချိန် ၃၀ ခန့်ရှိသော ၀က်တစ်ကောင်တန်ဖိုးသာရှိပါသည်။ ယခု ၄င်းသေနတ်၏ တန်ဖိုးမှာ နွားတကောင်တန်ဖိုးရှိနေပြီဖြစ်သည်။
ကုလား-ရခိုင်အရေးအခင်းမှ စတင်ကာ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်သော ချင်းပြည်တောင် ပိုင်းဒေသများရှိ လုပ်သေနတ်များ စတင်ဈေးကွက်ဝင်နေပြီဖြစ်သည်။ ရခိုင်အမျိုးသားများက အဓိက၀ယ်ယူပြီး ကုလားသူဌေးများမှ လည်း ချင်းပွဲစားများကို အသုံးပြုပြီး အပြိုင်အဆိုင်ဝယ်ယူ စုဆောင်းနေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ချင်းပြည်သူလူထု၏နစ်နာခြင်းသည် ယဉ်ကျေးမှု traditional and culture ဆန်ဆန် နစ်နာ နေသည်။ ထို့အပြင် ချင်းပြည်နယ်သည် တောတောင်အလွန်ထူထပ်သောကြောင့် သားရဲတိရိစာန်များ လည်း အင်မတန်ပေါများသည်။ ထို့ကြောင့် လုပ်ငန်းခွင်သို့သွားတိုင်း သေနတ်ကို အမြဲဆောင်ယူရခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၀က်ဝံကိုက်သည့်အမှု ၁၀ မှု၊ ကျားသစ်ကုတ်သည့် အမှု ၃ မှု ရှိနေပြီး ဖြစ်သည်။ သက်ဆိုင်ရာမှထိုသို့ ချင်းပြည်နယ်မှ လုပ်သေနတ်များ အခြားပြည်နယ်များသို့ ဆက်လက် မ၀င် ရောက်နိုင်ရေး တားဆီးပေးပါရန် ရှိခိုးဦးချကန်တော့ပြီး အသနားခံတင်ပြအပ်ပါသည်။

ကီးလိန်းသာ၊ အထက်သံထောင်၊ ပလက်ဝမြို့နယ်