Showing posts with label ပြည်သူ့အသံ. Show all posts
Showing posts with label ပြည်သူ့အသံ. Show all posts

Saturday, March 30, 2013

မန္တလေးမြို့မှယဉ်ပိုင်ရှင်များ ပြောပြချက်

1 comments
ယ.က.က (မြို့တွင်း) လက်အောက်ရှိ ယဉ်ပိုင်ရှင်များသည် ယခင်ကထက် ဓါတ်ဆီဈေးများကြီးလာသောကြောင့် ကုန်ကျစရိတ်ပိုမိုကျပြီး ကားတစ်ခါထွက်လျှင် ကားပိုင်ရှင်များအတွက်လက်ကျန်ငွေမကျန်သလောက်ဖြစ်နေသောကြောင့် MOGE ၏ ခွင့်ပြုချက်ဖြင့် CNG ဓာတ်ငွေ့ကားများအဖြင့်သို့ ပြောင်းလဲပြေးဆွဲကြသည်မှာ တစ်ချို့က ခြောက်လ တစ်ချို့က တစ်နှစ်ခန့်ကြာမြင့်ပြီဖြစ်ပါသည်။ ပြောင်းလဲတပ်ဆင်ချိန်မှာ ပြောင်းလဲခအဖြစ် ကျပ်နှစ်သိန်း နှင့်တပ်ဆင်က သုံးသောင်းကျပ်ပေးသွင်းခဲ့ရပြီးဖြစ်ပါသည်။ MOGE သည်ယခုအချိန်ကျမှ ကားသမားများကို နံမည်ပြောင်း ထပ်ပြီးပြုလုပ်ရမည်ဟု ပြောကြားလာပါသည်။ နံမည်ပြောင်းလဲခမှာ ဈေးကြီးနေလျှင် ကားသမားများ ယဉ်ပိုင်ရှင်များအတွက် နစ်နာနိုင်ပါသဖြင့် တာဝန်ရှိသူများ လိုအပ်သလို ကွင်းဆင်း ဆောင်ရွက်ပေးကြပါရန် မန္တလေးမြို့မှယဉ်ပိုင်ရှင်များ ပြောပြချက်အရ တင်ပြလိုက်ရခြင်းဖြစ်ပါသည်