Saturday, March 30, 2013

မန္တလေးမြို့မှယဉ်ပိုင်ရှင်များ ပြောပြချက်

ယ.က.က (မြို့တွင်း) လက်အောက်ရှိ ယဉ်ပိုင်ရှင်များသည် ယခင်ကထက် ဓါတ်ဆီဈေးများကြီးလာသောကြောင့် ကုန်ကျစရိတ်ပိုမိုကျပြီး ကားတစ်ခါထွက်လျှင် ကားပိုင်ရှင်များအတွက်လက်ကျန်ငွေမကျန်သလောက်ဖြစ်နေသောကြောင့် MOGE ၏ ခွင့်ပြုချက်ဖြင့် CNG ဓာတ်ငွေ့ကားများအဖြင့်သို့ ပြောင်းလဲပြေးဆွဲကြသည်မှာ တစ်ချို့က ခြောက်လ တစ်ချို့က တစ်နှစ်ခန့်ကြာမြင့်ပြီဖြစ်ပါသည်။ ပြောင်းလဲတပ်ဆင်ချိန်မှာ ပြောင်းလဲခအဖြစ် ကျပ်နှစ်သိန်း နှင့်တပ်ဆင်က သုံးသောင်းကျပ်ပေးသွင်းခဲ့ရပြီးဖြစ်ပါသည်။ MOGE သည်ယခုအချိန်ကျမှ ကားသမားများကို နံမည်ပြောင်း ထပ်ပြီးပြုလုပ်ရမည်ဟု ပြောကြားလာပါသည်။ နံမည်ပြောင်းလဲခမှာ ဈေးကြီးနေလျှင် ကားသမားများ ယဉ်ပိုင်ရှင်များအတွက် နစ်နာနိုင်ပါသဖြင့် တာဝန်ရှိသူများ လိုအပ်သလို ကွင်းဆင်း ဆောင်ရွက်ပေးကြပါရန် မန္တလေးမြို့မှယဉ်ပိုင်ရှင်များ ပြောပြချက်အရ တင်ပြလိုက်ရခြင်းဖြစ်ပါသည်

1 comments:

Maymyochit said...

(ပြည်သူ့ အသံ)
"ရွှေမျောကြောင့်အိမ်သုံးလုံးပြိုကျပြီးသားအဖနစ်ဦးသေဆုံးခဲ့ရ"ဆိုပြီးthithtoolwinဧပြီ
၅ရက်နေ့ သတင်းတင်လာတာတွေ့ ရပါတယ်ဒီသတင်းဟာရွာလေးတစ်ရွာရဲ့အဖြစ်အပျက်
တခုလေးသာဖြစ်ပြီးရွာပေါင်းများစွာရဲ့ ဒီထက်ဆိုးဝါးစွာခံစားနေရတဲ့ရွာတွေ၊လယ်မြေတွေလုံးဝမရှိတော့တဲ့ရွာတွေ၊ပျက်စီးသွားတဲ့ရွာတွေအများကြီးပါလေ့လာကြည့် 
ရင်အမှန်တရားကိုသိရပါမှာဒီသုံးနစ်အတွင်းမှာပိုပြီးဆိုးဝါးစွာအတိုင်းအဆမရှိဥပဒေမဲ့ 
့လုပ်နေကြတာတွေ့ ရပါတယ်ဒါတွေဟာမြို့ခံအကြီးအကဲတွေရဲ့ လျှစ်လျှူရှူ့ မှုကြောင့်ဖြစ်
ပါတယ်ရန်ဘုံငွေအကြောင်းပြပြီးရွာတွေလယ်တွေသဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှူံး
တာကိုလုံးဝအလေးအနက်မထားပါဘူးဟုမ္မလင်းမြို့ ရဲ့ ရှမ်းရေးရာဝန်ကြီးကိုယ်တိုင်အဖွဲ့ 
အစည်းတွေနဲ့ ဖွဲ့ ပြီးလယ်ယာမြေတွေကိုမျောတိုက်ဖို့ ဆောင်ရွက်ပေးနေပါတယ်။
ရှမ်းဝန်ကြီးရဲ့ မြို့အထောက်အကူပြုဆိုတာမြို့ခံလူထုဆန်ဒနဲ့ တရားဝင်ဖွဲ့ စည်းထား
တာမဟုတ်ဘဲဝန်ကြီးရဲ့ အထောက်အကူပြုအဖွဲ့ လက်တဆုတ်စာဘဲကြီးပွားတိုးတက်
လက်ဝါးကြီးအုပ်နေကြခြင်းဖြစ်ပါတယ်၊မြို့နယ်တာဝန်ကျဝန်ထမ်းတွေကိုလည်းသူတိုင်
ရင်ပြုတ်ကြောင်းလက်တွေ့ လုပ်ပြပြီးကြိုးကိုင်ထားမှုကြောင့်ကောင်းတာဆိုးတာအပထား
ဝန်ကြီးပြီးရင်ပြီးအမိန့် တခုသာအဓိကကျပြီးအာဏာကိုအလွဲသုံးစားလုပ်ဆောင်နေပါ
တယ်မြို့မိမြို့ဖရိုးသားသူဒေသခံတွေကလည်းရှမ်းဝန်ကြီးကလိမ်ကကျစ်လုပ်ပြီးနှိပ်ကွပ်
မှာကိုစိုးရိမ်လို့ ပြန်မပြေရဲကြဘဲခေါင်းငြိမ့်အဆင့်သာရှိနေကြပါတယ်၊ဝန်ကြီးချုပ်ကိုလည်း
ပြောနိုင်ဆိုနိုင်ကြောင်းသတင်းလွင့်ထားပါတယ်။ဟုမ္မလင်းမြို့ဟာဝန်ထမ်းပေါင်းစုံ၊
စစ်တပ်ပေါင်းစုံ၊ဌာနဆိုင်ရာပေါင်းစုံ၊တိုင်းရင်းသားတွေပေါင်းစုံအတူနေထိုင်ကြပြီးလူဦး
ရေထူထပ်ပါရက်နဲ့ မြို့နေလူထုတွေဟာလျှပ်စစ်မီးအဆင်မပြေ၊ကျန်းမာရေးဆေးကုသ
စရိတ်ကြီးမား၍အဆင်မပြေ၊ပညာရေးတွေမတိုးတက်ဘဲ၊မှုးယစ်ဆေးဝါးချဲ၊နစ်လုံးတွေနဲ့ 
ဘဝပျက်နေတာတွေအများအပြားဖြစ်နေပါတယ်။
ရှမ်းရေးရာဝန်ကြီးရဲ့ အထောက်အကူပြုလက်တဆုပ်စာဘဲကြီးပွားတိုးတက်အာဏာကို
အလွဲသုံးစားလုပ်နေကြတာကိုသမ္မတကြီးသိစေချင်ပါတယ်။
ဟုမ္မလင်းမြို့ မှာ"ဒီမိုကရေစီစနစ်"နင့်အညီမြို့ခံလူထုဆန်ဒနဲ့ ဖွဲ့ စည်းပေးမဲ့"အထူးစောင့်
ကြည့်အကြံပေးအထောက်အကူပြုအဖွဲ့ "ကိုအမြန်ဆုံးဖွဲ့ စည်းပေးသင့်ပါကြောင်းလေးစား
စွာအကြံပြုချင်ပါတယ်။.
စစ်ကိုင်းတိုင်းဒေသကြီး
ဟုမ္မလင်းမြို့ နယ်
ပြည်သူတစ်ဦး


Post a Comment