Saturday, March 9, 2013

စက်မှု(၁)ဌာန လက်အောက်ရှိ (EI) လျှပ်စစ်စစ်ဆေးရေးဝန်ထမ်းများ လုပ်ငန်းရှင်များထံမှ တောင်းရမ်းလာဘ်စားမှုအလွန်များ

စက်မှု(၁)လက်အောက်ရှိ လုပ်ငန်းခွဲတစ်ခုဖြစ်သော EI
လျှပ်စစ်လုပ်ငန်းစစ်ဆေးရေးမှ ၀န်ထမ်းဖြစ်သူ အင်ဂျင်နီယာ
ထွန်းအောင်ကျော်နှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ စက်မှုဇုံများ၌ ဖြစ်စေ ၊
ကိုယ်ပိုင်ဖြစ်စေ၊ ထရန်ဖော်မာ တပ်ဆင်ခြင်းလုပ်ငန်းများ ၊
ခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများ၌ မိခင်ဌာနဖြစ်သော ရန်ကုန်မြို့တော်
လျှပ်စစ်ဓါတ်အားပေးရေးမှ ခွင့်ပြုလက်ခံစစ်ဆေးပြီးသော လုပ်ငန်းများအားလည်း
၎င်းတို့ EI ထံမှ ခွင့်ပြုပြီးမှသာလျှင် လျှပ်စစ်ဓါတ်အား
လွှတ်ခွင့်ရခြင်းကြောင့် 315 KVA တစ်လုံးလျှင် ၃၀၀,၀၀၀ိ/-  500 KVA
တစ်လုံးလျှင် ၅၀၀,၀၀၀ိ/- နှင့် လုပ်ငန်းကြီးလျှင်ကြီးသလောက် ပေးရပါသည်။
မပေး၍ မရအောင်လည်း အလွန်ရစ် ပြဿနာရှာပါသည်။ သို့သော်
လာဘ်ပေးလိုက်မှသာလျှင် အဆင်ပြေချောမွေ့သွားပါသည်။ မီးလွှတ်ခွင့်ကျပါသည်။
စစ်ဆေးခ တရားဝင်မည်မျှပေးသွင်းရသည်ကို မည်သူမျှမသိပါ။ မြန်မာပြည်၌
စစ်ဆေးရေးအဖွဲ့ တဆင့်ပိုသွားတိုင်း တစ်ခါငွေကုန်တတ်ပါသည်။ ၎င်း AE
ထွန်းအောင်ကျော်မှာ မန္တလေး ၊ ရန်ကုန်ရောက်သည့်နေရာတိုင်းတွင်
လုပ်ငန်းရှင် ၁၀၀ လျှင် ၉၉% မှာ ၎င်းအား ငွေကြေးပေးရပါသည်။ ဟုတ်မဟုတ်သည်ကို
ထရန်ဖော်မာ တပ်ဆင်ဖူးသူ လုပ်ငန်းရှင်တိုင်းအား စုံစမ်း၍ ရနိုင်ပါသည်။
ဤလာဘ်ပေးရသော အလေ့အကျင့်မှာ ဆယ်စုနှစ်မကရှိခဲ့ပါသည်။
ဆင်းရဲမှုပပျောက်ရေးဆိုသည်မှာ အလွှာ အဆင့်ဆင့် ပြေလျှော့ သက်သာမှသာလျှင်
အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊
(ဗိုလ်ချုပ်များ ၊ ၀န်ကြီးများနှင့် ပတ်သက်ရာ ပတ်သက်သူများထံမှ
မယူရဲသဖြင့် လာဘ် ကင်းလွတ်ခွင့်ရရှိကြပါသည်။ )

လုပ်ငန်းရှင်တစ်ဦး

1 comments:

Unknown said...

အင်း လာဘ်ယူတာ မယူတာတော့ မသိပေမယ့် ... Supplier & Consumer ကြားမှာ Third Party Inspection ဆိုတာ နိုင်ငံတကာမှာရှိပါတယ်။ လိုလည်းလိုအပ်ပါတယ်။ မဟုတ်ရင် အရည်အသွေး မပြည့်မီတဲ့၊ ဘေးကင်းလုံခြုံစိတ်ချမှုမရှိတဲ့ ထုတ်ကုန်(သို့)ဖြန့်ဖြူးမှုတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ အခုမြန်မာပြည်မှာ လျှပ်စစ်/ဓါတ်အားဖြန့်ဖြူးမှုမှာလည်း လျှပ်စစ်စစ်ဆေးရေးဌာနတစ်ခုဆိုတာရှိသင့်ပြီး ၄င်းတို့အနေနဲ့ လျှပ်စစ်ဥပဒေ လုပ်ထုံး၊ လုပ်နည်းတွေအတိုင်း လုပ်ကြရမှာပါ။ ငွေတောင်းတာ/ရစ်တာကတော့ မကျေနပ်ရင် သက်ဆိုင်ရာ ၀န်ကြီးဌာနကိုတိုင်ပေါ့ဗျာ ... စစ်ဆေးရေးဌာနဆိုတာရှိသင့်တဲ့အတွက် မိခင်လျှပ်စစ်ဓါတ်အားပေးရေးမှ ခွင့်ပြုလက်ခံပြီးသော လုပ်ငန်းဖြစ်လို့ တန်းပြီးမီးလွှတ်ရင်၊ ပြသနာတစ်စုံတစ်ရာ(သို့) အန္တရယ်ဖြစ်ပေါ်ခဲ့ရင် ဘယ်သူတာဝန်ယူဖြေရှင်းမလဲ ... မြန်မာပြည်မှာ စံချိန်၊စံညွှန်းကိုက်ညီအောင် လုပ်ငန်းတွေအောင်မြင်အောင်ဆောင်ရွက်နိုင်ဘို့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ခင်ဗျားတို့ကလည်း နိုင်ငံတကာအဆင့်မီတဲ့ အတွေးအခေါ်မျိုးတွေ မွေးစေချင်ပါတယ်။ မဟုတ်လို့ကတော့ တရုတ်ပြည်ထုတ် အရည်အသွေးမမီတဲ့ အမှိုက်ထုတ်တွေ မှိုလိုပေါက်လာမှာ မလွဲဧကန်ပေါ့ဗျာ ... နိုင်ငံသားအလားလုံး မှန်ကန်တဲ့၊ အသိ၊အတွေးအခေါ်၊ စည်းကမ်းပြည့်ဝကြတဲ့သူတွေဖြစ်ပါစေ၊ ၀န်ထမ်းတွေလည်း လာဘ်ပေးလာဘ်ယူမှုကင်းတဲ့သူများဖြစ်ကြပြီး ဒီမိုကရေစီတိုင်းပြည်သစ်အတွက် တန်ဘိုးရှိတဲ့ ၀န်ထမ်းကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Post a Comment