Saturday, March 30, 2013

မြို့ နယ် အုပ်ချုပ်ရေးမှူးနှင့်အရက်အတူသောက်တဲ့ လောင်းကစား ဒိုင်ကြီးများလောင်းကစားဥပဒေကင်းလွတ်ခွင့် ရသလားဟု အိမ်မဲ မြို့ ဒေသခံ များ မေးစရာ ဖြစ်ပွား

ဧရာဝတီ တိုင်းဒေသကြီး အိမ်မဲ မြို့ တွင် ဟိုစိန်တရုတ်ဗုဒ္ဓဘာသာကျောင်းတွင် ၃၅ ကြိမ်မြောက် နှစ်သစ်ကူး ပွဲတော်ကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ
၁၇ ရက် နှင့် ၁၈ ရက်နေ့ များတွင်ကျင်းပရန်စီစဉ်ခဲ့သည်။ အဆိုပါပွဲတော်တွင် ပျော်ပွဲရွှင်ပွဲ အနေဖြင့် လိုင်စင်ပါ လျှပ်စစ် ဆိုင်ကယ် ငါးသိန်းတန်ကို
ကံစမ်းမဲ ထည့်၍ ကံစမ်းမဲ အလှူငွေ ဖြတ်ပိုင်းကို နှစ်ထောင်ကျပ် ဖြင့် လှူဒါန်းကံစမ်းနိုင်ပြီး ပွဲတော်ကျင်းပရာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ တွင် ကံထူး
သူကို အမှတ်တရ ရွေးချယ်ပေးရန် အိမ်မဲမြို့ နေ တရုတ်လူငယ် အမျိုးသားများမှ စီစဉ်ခဲ့သည် ဟု သိရသည်။ အဆိုပါ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းများကို
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ တွင် နေရာလေးခု၌ စတင်ဖြတ်ပေးခဲ့ကြသည်။ ၁၄.၂.၂၀၁၃ ည ၈း၀၀ အချိန်တွင် အိမ်မဲမြို့ ရဲစခန်း မှ တာဝန်ရှိသူများက
ထိုသို့ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းများ ပြုလုပ်ခြင်းအား မြို့ နယ်အုပ်ချုပ်ရေးမှူးက ရဲစခန်းကို စာထွတ်ပြီး လောင်းကစား ဥပဒေနှင့်ငြိစွန်းသည် ဟု
တားမြစ်ခိုင်းခဲ့သည်။ တာဝန်ရှိ ရဲတပ်ဖွဲ့ မှ လောင်းကစားဥပဒေနှင့် ငြိစွန်းနေသဖြင့် မပြုလုပ်ရန် ကံစမ်းမဲ အလှူခံဖြတ်ပိုင်း ဖြတ်ပေးသော နေရာလေးခု
မှ လူငယ်များကို ပြောကြားသဖြင့် ထိုလူငယ်လေးဦးမှ   ထိုသို့ ကံစမ်းမဲအလှူခံဖြတ်ပိုင်းပြုလုပ်ခြင်းမှာ ဥပဒေနှင့်ငြိစွန်းသည်ကို မသိနားမလည်၍ ပြုလုပ်
မိခြင်းဖြစ်ပြီး ထိုသို့ ပြုလုပ်ခြင်းမှာ ပျော်ပွဲရွှင်ပွဲ နှင့် အမှတ်တရ ဖြစ်စေရန်သာ ရည်ရွယ် ကြောင်း ၊ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းတခုလျှင်  နှစ်ထောင်ကျပ်
နှုန်းဖြင့်လှူဒါန်းခိုင်းပြီး အစောင်ရေ ၃၀၀ ပြည့်လျှင် ငါးသိန်းတန်လျှပ်စစ်ဆိုင်ကယ်ကိုရန်ကုန်မှ မှာယူပေးကာ ကံထူရှင်ရွေးချယ်ပေးပြီး ပိုလျှံသော ငွေ
အား ဟိုစိန် တရုတ် ဘုရားကျောင်း အဆောက်အဦ ပြုပြင်ရန် အတွက် လှူဒါန်းရန်ရည်ရွယ်ကာပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကံစမ်းမဲ အလှူခံဖြတ်ပိုင်းပြုလုပ်ရာတွင် အိမ်မဲမြို့ နယ်ရှိ ကျေးရွာများနှင့် အခြားမြို့ များမှ သိမ်ဆောက် ကျောင်းဆောက် ၊ကံစမ်းမဲ အလှူခံဖြတ်ပိုင်း နမူနာ
များကိုကြည့်ကာ ပြုလုပ်ခဲ့ကြောင်း ဥပဒေ နှင့်မလွတ်ကင်းသည်ကိုမသိနားမလည်၍ ပြုလုပ်မိကြောင်း ရဲစခန်းမှ တာဝန်ရှိသူများကို ရှင်းပြ ပြောဆိုပြီး
လှူဒါန်းပြီးသား ကံစမ်းမဲ အလှူခံ ဖြတ်ပိုင်းများကို ငွေများပြန်လည်ပေးခဲ့ကြသည် ဟု  သိရသည်။
 သို့ ရာတွင် ၁၅.၂.၂၀၁၃ ည ၇း၀၀ နာရီ အချိန်တွင် မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်း မှ ကံစမ်းမဲ အလှူခံဖြတ်ပိုင်းဖြတ်ပေးသော လူငယ်လေးဦးအား
အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့  ခေါ်ယူခဲ့ပြီး ကံစမ်းမဲ အလှူခံဖြတ်ပိုင်းများကို လက်ရောက်ပေးအပ်စေ၍  အာဏာသုံးကာ အတင်းအဓမ္မ ခံဝန်လက်မှတ်
များထိုးခိုင်းခြင်း၊ ဥပဒေ အရ ရေးယူနိုင်အောင် ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့သည်။ အိမ်မဲ မြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူများကိုလည်း အမိန့် အာဏာသုံး
လျက် အမှု့ ဖွင့်ခိုင်းခဲ့ကြောင်း၊ သိခဲ့ရပါသည်။ ဘာသာရေး ပျော်ပွဲရွှင်ပွဲ ဖြစ်စေရန် စီစဉ်သော လူငယ်များကို ခံဝန်လက်မှတ် အဓမ္မ ထိုးခိုင်းခြင်းအကြောင်း
ကြားသိရသော အိမ်မဲမြို့ နေ ဒေသခံ တစ်ဦး မှ " မြို့ ကနယ်မြို့ လေးပါ ဘာသာရေး အကြောင်းပြု ပျော်ပွဲရွှင်ပွဲ တခုအနေနဲ့ လူငယ်တွေစီစဉ်ကြတာပါ
ဥပဒေ အရငြိစွန်းတယ်သိရင် ကိုယ်ကျိုးမပါတဲ့ ကိစ္စ ကို ဘယ်သူကလုပ်ရဲ မှာလဲ? လောင်းကစား ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ရဲ လက်စွဲ ဥပဒေ စာအုပ်ပြ
အုပ်ချုပ်ရေး ဥပဒေ စာအုပ်ပြပြီး အရေးယူမယ်  ဆိုရင် အိမ်မဲမြို့ မှာ လောင်းကစား အကြီး အကျယ် လုပ်နေတဲ့ ဒိုင်ကြီးတွေ ရှိပါတယ် လောင်းကစား ဒိုင်
ကြီး ဦးကျော်ကျော် နှင့် မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်း တို့ နှစ်ဦး ရွှေပင့်ကူ စားသောက်ဆိုင်မှာ အရက် အတူတူ သောက်တာ ခဏခဏ တွေ့ ရတယ်
အရက် အတူ တူ သောက်ဖော် သောက်ဖက် မို့ လို့ လောင်းကစားဥပဒေ နဲ့ ကင်းလွတ်ခွင့် ရသလား လို့ မေးစရာ တစ်ခုဖြစ်နေပြီ ၊၊
ဆင်းရဲသားပပျောက်ရေး စီမံချက်နဲ့  လောင်းကစားပြုလုပ်ခြင်းကို (၈.၈.၂၀၁၂) တွင် အိမ်မဲမြို့ မှာ ရှင်းလင်းဖမ်းဆီးရေးတွေ လုပ်ခဲ့ကြတယ် အဲ့ဒီမှာ
လောင်းကစားဒိုင်ကြီးတွေ တစ်ယောက်မှ အဖမ်းမခံခဲ့ရဘူး မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်းက ငွေကြေးယူ ကာ အကာအကွယ် ပေးခဲ့တယ်
လောင်းကစား လုပ်သားလေးတွေသာ အဖမ်းခံခဲ့ရတယ် ဘာသာရေး ပျော်ပွဲရွှင်ပွဲ နဲ့  လှူဖို့ ကြိုးစားကြတဲ့လူငယ်တွေကို အာဏာရှင် စနစ်သုံးကာ အရေး
ုယူနိုင်အောင် ကြိုးစားတယ် " ဟု ရင်ဖွင့်ပြောကြားခဲ့သည်။
မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်း  အားဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ '' ရပ်ကျေး အုပ်ချုပ်ရေးမှူးသင်တန်းပေးနေတဲ့ အတွက် လက်အောက်ငယ်သား
တွေ ဥပဒေမှာ ပါလာတဲ့ အတိုင်း ဆောင်ရွက် လိုက်နာနိုင်အောင်လုပ်ပြရမယ် ခွင့်လွှတ်ပေးလို့ မဖြစ်ဘူး ”ဟု ဖြေကြားခဲ့သည်။
ယခုလက်ရှိချိန်တွင် အိမ်မဲမြို့၌ ဘောလုံးလောင်းကစားခြင်း။ သုံးလုံး ချဲထီ လောင်းကစားခြင်းများကို လည်းကောင်းနှင့် အရက် အတူသောက် လောင်းက
စား ဒိုင်ကြီး နှင့် အခြားဒိုင်ကြီး များ မှ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိသည်ကို ဒေသခံများပြောကြားချက်အရ သိခဲ့ရသည်။


                                                                                                                                                  လင်းရောင်ရှင်( အိမ်မဲ )
    ခင်ပိုပို
၁၄/အမန(နိုင်) ၀၁၅၅၅၅
အမှတ် (၁၅) ဗိုလ်ချုပ်အောင်ဆန်းလမ်း ချောင်းဝရပ်ကွက်
အိမ်မဲမြို့ ၊
၀၉ ၅၁၈၀၆၀၀

0 comments:

Post a Comment