Saturday, March 9, 2013
အယ်ဒီတာ ရှင့် မီဒီယာ ကို အလွန်အားကိုးလို့ အိမ်မဲ မီးအိမ်ရှင် စာရေးလိုက်ရပြန်ပြီ။
အယ်ဒီတာ ရှင့်
အုပ်ချုပ်ရေးမှူးတွေကိုရွေးကော
က်ပွဲ လုပ်ပြီးတော့ မီဒီယာနဲ့ ပတ်သက်လာပြီး မီဒီယာအပေါ် ပြည်သူအားကိုးလာတာတွေ သိလာရတယ်။ အဲ့ဒါကြောင့်
ဒီစာကိုရေးလိုက်ရတာပါ။ အဲ့ဒီ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲလုပ်ရာမှာ မမျှမတလုပ်တယ် မမှန်မကန်လုပ်တယ် စဉ်းမျဉ်းသက်
မှတ်ချက် နဲ့ မညီပါဘူး ဥပဒေ နဲ့ မညီဘူး စသဖြင့် တိုင်လိုက်ကြတာ အိမ်မဲမြို့ နယ် အုပ်ချုပ်ရေးမှူး ရုံးမှာရော ၊ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ်
ရုံးမှာရော  တခြားမသိတဲ့ နေရာတွေ မှာပါ ရွေးကောက်ပွဲအပေါ် တိုင်ကြားချက်တွေကို စစ်ဆေးကြတယ်။
၈၊၂၊ ၂၀၁၃  နေ့ က အိမ်မဲမြို့  လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ စစ်ဆေးတဲ့ ကိစ္စ အပေါ် အိမ်မဲမြို့ က သတင်းစာ ဆရာကြီး ကဗျာ ဆရာကြီး ဆိုတဲ့သူက
သတင်းယူပြီးတော့ သတင်းဂျာနယ်တွေထဲမှာ ပါမယ်လို့  အများပြည်သူတွေကိုပြောခဲ့တယ်။ အများပြည်သူဆိုတာ မီးအိမ်ရှင်တို့ လို မီဒီယာမှာပါလာတာ
ကို တွေ့ ချင်ကြတဲ့ပြည်သူတွေ ဆိုတော့စိတ်ဝင်တစား မေးလာကြတယ်။ မီးအိမ်ရှင် အယ်ဒီတာထံ ပေးစာ ဂျာနယ်ထဲ ပါတုန်းကဆိုရင် မီဒီယာရဲ့ အကျိုးကို
အိမ်မဲမြို့ က ခံစားရတော့ ပါမယ်ဆိုပြီး မပါတော့တာ ဘယ်လိုဖြစ်ပါလိမ့်ဆိုပြီး တစ်ဦးနှင့်တစ်ဦး စုံစမ်းမေးမြန်း နေကြပြီ။ 
စုံစမ်းစစ်ဆေးရေး လုပ်တဲ့လူကြီး လူကောင်းတွေ စုံစမ်းခံရတဲ့ ပြည်သူတွေကို သတင်းဂျာနယ်မှာ ပါအောင်ဆိုပြီး ရုပ်တွေဖမ်း အသံတွေဖမ်း လုပ်သည့်တိုင်
မီဒီယာထဲ မှာ မထည့်တော့တာလား ဒါမှမဟုတ် ဘယ်မီဒီ ယာ မှ မပါအောင်လုပ်နိုင်တဲ့ သူတွေ ရှိနေတုန်းပဲလား။ မီဒီယာမှာပါဖို့  ဘာတွေ လိုအပ်ပါသလဲ?
မီးအိမ်ရှင် အယ်ဒီတာထံပေးစာ ပထမပါတုန်းက ဟုတ်လိုက်လေ မီးအိမ်ရှင်ရယ်လို့  အိမ်မဲက၀ိုင်းပြီး ချီးမြှောက်နေချိန်မှာ  အဲ့ဒီ သတင်းစာဆရာကြီး ကဗျာ
ဆရာကြီးက အင်တာနတ်ထဲမှာ အယ်ဒီတာ့ထံ ပေးစာ ဆိုတာသူတို့ လောက်စာပေ အဆင့်အတန်း မရှိဘူ လို့ နှိမ်ချတဲ့ အပြင် ပုဒ်မတွေနဲ့ လည်း ခြိမ်းခြောက်
ခဲ့သေးတယ်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အရေးယူနိုင်မဲ့ သက်ဆိုင်ရာဌာနတွေကိုအားကိုးတကြီး တိုင်ကြားတဲ့ ပြည်သူတွေကိုလည်းမမှန်မကန်တိုင်ကြားတဲ့အတွက်
ထောင်ခုနှစ် နှစ်နဲ့ ဒဏ်ငွေ ၅၀၀၀၀ ဖြင့် ဒဏ်ခံရမယ်လို့  ဘာကို အားကိုးမှန်းမသိတဲ့လူတွေက အိမ်မဲက ပြည်သူတွေကို ခြိမ်းခြောက်နေပြန်ပါပြီ။
ယခုအခါမှာဆိုရင် ရပ်ကျေး ရွေးကောက်ပွဲ အပေါ် စဉ်ဆက်မပြတ်စစ်ဆေးမှု့ တွေ ပြုလုပ်နေပေမဲ့ ရွေးကောက်ပွဲ ရလာဒ် အတိုင်း အလုပ်လွှဲခိုင်းခြင်း ရွေး
ကောက်ခံအုပ်ချုပ်ရေးမှူးတွေကို သင်တန်းပေးတာတို့ ပြုလုပ်ပြီး ရပ်ကွက်ကျေးရွာတွေကို အုပ်ချုပ်နေကြပြီ။
လွှတ်တော်ဂျာနယ်ထဲမှာဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲ နှင့်ပက်သက်လို့ သတင်းတွေ အများကြီးပါလာကြပြီိ။ အဲ့သလိုမီဒီယာမှာ ပါလာ
တာကြောင့်ဖြစ်စေ၊ စုံစမ်းစစ်ဆေးခံရတဲ့ အုပ်ချုပ်ရေးမှူးတွေ ဘာဖြစ်ကြဦးမလဲ မီဒီယာကို ဂရုမစိုက် စုံစမ်းစစ်ဆေးမှု့ ကိုဂရုမစိုက်ပဲ အုပ်ချုပ်ရေးမှာ သူတို့ 
တွေပဲ ဆက်လက်အုပ်ချုပ်ရေးမှာ မှူးနေကြဦးမလား
ရပ်ကွက်ကျေးရွာ အဆင့်ကိုပြည်သူက ရွေးချယ်တင်မြှောက်ခွင့် ရွေးချယ်တင်မြှောက်ပွဲအပေါ်တိုင်ကြားခွင့်တွေရလို့ ရပ်ကွက်ကျေးရွာအတွက်ပြည်သူ၏ဆန္ဒ
နဲ့ အသိစိတ်တွေကိုအရေးတယူရှိလာချိန်မှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အဆင့်ဆင့်မှာအရေးကြီးဆုံးဖြစ်တဲ့မြို့ နယ်အုပ်ချုပ်ရေးမှူး နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေ
ကိုတော့ မြို့ မိမြို့ ဖတွေ ခရိုင်မိ ခရိုင်ဖ တွေဦးထိပ်ထားပြီး ပြည်သူကဖြစ်စေ ပြည်သူ့ ကိုယ်စားလှယ်တွေက ဖြစ်စေ ရွေးချယ်ခွင့်တော့ မရသေးပါဘူး
အိမ်မဲမြို့ က မြို့ နယ်အုပ်ချုပ်ရေးမှူးဆိုရင် အထူးတလည်လေ့ကျင့်သင်တန်းပေးပြီး သင်တန်းကပြန်လလာတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သင်တန်း
ပြန်ပေးနေပြီ ဖြစ်ပါတယ်။အသက်ကြီး ၀ါရင့်ဝန်ထမ်းတွေ နဲ့ ပြည်သူကရွေးပေးတဲ့ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အသက်ငယ်ငယ် ၀ါနုနု အုပ်ချုပ်ရေးမှူး
ကလေးက ဆရာလုပ်ပြီး အုပ်ချုပ်နေပါပြီ။
ချုပ်ရေးမှူး တစ်ယောက်ကို လူထုရွေးပေးထားတဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများရှေ့ မှောက်မှာ ပါးရိုက်မယ်လို့  ဆုံးမသွန်သင်တာကို ခံလိုက်ရပြန်ပြီ။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များအတွက် ရွေးချယ်ရာတွင် အုပ်ချုပ်ရေးမှူးဖြစ်ရန်ရှိရမည့် အရည်အချင်းများ စံနှူန်းသက်မှတ်ချက်များကို ဥပဒေ နည်း
ဥပဒေ များဖြင့် သတ်မှတ်ပြဌာန်းသည် ဟုသိရပြီး ပြဌာန်းသတ်မှတ်ချက်မရှိ မြို့ နယ်အဆင့် ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးများအပေါ် ပြည်သူနဲ့ ပြည်သူကရွေး
ချယ်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မည်သို့ မည်ပုံ ထောက်ပြဝေဖန်ခွင့်ရှိမလဲ(သို့ မဟုတ်) ပြည်သူ့ ကိုယ်စားလှယ်မဟုတ်သူက အဆင့်
မြင့်မြင့် က အုပ်ချုပ်နေတာကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအဖြစ်အုပ်စိုးမှု့ ကိုသည်းခံနေရမည်လား ပြောင်းလဲပါတယ်ဆိုတဲ့ဒီမိုကရေစီခေတ်မှာမပြောင်းလဲချင်တာကသက်ဦးဆံပိုင်ဘုရင်ခေတ်လိုကျင့်သုံးချင်တဲ့အကျင့်တွေကတော့ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး။ပလ္လင်ပေါ်မှာရှင်ဘုရင်ထိုင်ပြီးအောက်ကမှူးမတ်၊ပညာရှိ၊စစ်သူကြီး၊သေနာပတိတွေသက်ကြီးရွယ်အိုတွေအသက်အရွယ်ဘယ်လောက်ကြီးကြီး၊“မောင်မင်းကြီးများ”လို့ခေါ်လိုက်တာနဲ့“ဘုရား”အထူးခံခေါင်းတော်ညိတ်၊ဘောင်းတော်ညိတ်ကတဲ့ခေတ်များပြန်ရောက်နေတယ်လို့ထင်ရတယ်။နိုင်ငံတော်အခွန်ဘဏ္ဍာအတွက်မသုံးဘဲသူတို့အိပ်ကပ်ထဲထည့်တဲ့အကြောင်းများပြောရရင်၊မီးအိမ်ရှင်တို့မြို့မှာမြို့ဝင်တံတားကိုနိုင်ငံတော်ကကန်ထရိုက်ပေးပြီးဆောက်ရတယ်။တကယ်ဆိုကန်ထရိုက်ပေးစရာမလိုပါဘူးအိမ်မဲမြို့ရဲ့ချောင်း
ရိုးတလျှောက်မှာစက်တပ်ရေယာဉ်အစီး(၂၀၀)ကျော်လောက်ရှိတယ်၊မြို့နယ်ထွေထွေအုပ်ချုပ်ရေးကအဲဒီ့ရေယာဉ်တွေကိုလိုင်စင်လုပ်ပေးတော့တစ်စီးကိုနှစ်သောင်းကနေသုံးသောင်းအထိပေးရတယ်။တစ်နှစ်စာလိုင်စင်နော်ဒါပေမယ့်တကယ်တမ်းတိုင်းဒေသကြီးပို့/ဆက်ကိုတော့အိမ်မဲမြို့စက်တပ်ရေယာဉ်စာရင်းတင်ပြီးရှင်းပေးတာကတစ်မြို့နယ်လုံးအတွက်အစီးရေ(၅၀)သာစာရင်းရှိသတဲ့။ဒါမျိုးမှာမြို့နယ်စာရင်းစစ်ကနှာစေးနေလေရဲ့။ရေထဲတင်မကသေးပါဘူးကုန်းပေါ်မှာလဲပြောရအုန်းမယ်ထော်လာဂျီတွေကနယ်မြို့ဆိုတော့ပေါမှပေါဘဲတောရောမြို့ပါမကျန်တစ်မြို့နယ်လုံးအတွက်လိုင်စင်အမှန်တကယ်လုပ်ပေးမယ်ဆိုရင်နိုင်ငံတော်အတွက်ဘဏ္ဍာကနည်းတာမှတ်လို့တကယ်တမ်းစာရင်းတကယ်တက်သွားတာကတစ်မြို့နယ်လုံးရှိတဲ့အရေအတွက်ရဲ့တ၀က်သာတက်သွားသတဲ့ထော်လာဂျီတွေကမ.ထ.သလက်အောက်ခံ၊အဲဒီ့မ.ထ.သကမြို့နယ်လက်အောက်ခံဖြစ်ပြီးမြို့နယ်အုပ်ချုပ်ရေးမှူးအနားကပ်ဖားနေရတဲ့သူဆိုတော့နောက်ဆုံးမှာမြို့ကရမယ့်နိုင်ငံတော်ဘဏ္ဍာတွေနစ်နာသွားတာပေါ့။မီးအိမ်ရှင်တို့ရဲ့အိမ်မဲဆိုတဲ့မြို့လေးမှာယစ်မျိုးလိုင်စင်တွေချပေးတာလိုင်စင်အရေအတွက်ရာဂဏာန်းလောက်ရှိပါရဲ့အဲဒီ့လိုင်စင်တွေမြို့နယ်ထွေအုပ်မှာတစ်နှစ်တစ်ခါလိုင်စင်သက်တမ်းတိုးရင်ထွေအုပ်အလှူငွေသုံးသောင်းထည့်ရသတဲ့ယစ်မျိုးလိုင်စင်တွေကွဲပြားလို့နိုင်ငံတော်ကိုပေးဆောင်ရတဲ့လိုင်စင်စည်းကြပ်ငွေသာမတူရင်နေမယ်
ထွေအုပ်အတွက်အလှူငွေသုံးသောင်းကတော့တူနေပါသတဲ့။ဟောနွေရောက်လာပြီဆိုတော့တစ်စခန်းထလို့မီးသတ်ကန်ကြီးဆောက်ကြမယ်တဲ့မြို့အတွက်တော့ကောင်းပါတယ်မီးသတ်ကန်အတွက်မြို့နယ်မီးသတ်ကအလှူငွေမကောက်ဘဲမြို့နယ်ထွေအုပ်က“ဘေ”မထုတ်ဘဲအသေအုပ်ပြီးလာထားလုပ်ငန်းရှင်တွေတစ်ယောက်တစ်သိန်းနဲ့ကောက်နေတာမီးသတ်ကဗိုလ်ကြီးတောင်ပင်စင်ယူဖို့ပြင်ဆင်နေရသတဲ့။ဒါမျိုးမှာစာရင်စစ်တွေအဆီအအီတွေစားပြီးနေမကောင်းဖြစ်နေကြတယ်။တကယ်လိုအပ်တဲ့မြို့ဝင်တံတားကိုကန်ထရိုက်ပေးပြီးဆောက်ရတော့နိုင်ငံတော်သိက္ခာကျပြီပေါ့တကယ်သာနိုင်ငံဘဏ္ဍာကိုအိပ်ထဲမထည့်ရင်ဒီတံတားမျိုးဆယ်ခုလောက်ဆောက်နိုင်မယ်ထင်တယ်။အွန်လိုင်းပေါ်မှာလာဘ်ပေး၊လာဘ်ယူခြစားရင်ပြည်ထဲရေးဝန်ကြီးဌာန၊အထူးစုံစမ်းရေးဌာနဖုန်းနံပါတ်တွေပေးfaxနံပါတ်တွေပေးလို့မီအိမ်ရှင်တို့မြို့သားတွေပို့လိုက်ကြတဲ့faxတွေမနည်းပါဘူး။ပို့လို့တော့ရောက်ပါရဲ့ဒါပေမယ့်မြန်မာအသံထွက်နဲ့(ဖက်)ဆိုပြီးသာနံရံတစ်ခုမှာသွားကပ်နေတယ်ထင်ပါ့ဘာမှကိုမထူးကြတဲ့အဖြစ်ကိုရောက်ရတယ်။နောက်ဆုံမှာတော့မြို့နယ်ထွေအုပ်ဆိုတာမြို့ကအထွေထွေသောကိစ္စတွေကိုအုပ်ဖို့ပါလားဆိုတာနားလည်လိုက်ပါတယ်
အယ်ဒီတာကြီးရှင့်.....
မီဒီယာကိုပဲ အားကိုးရတော့မှာပါ။ သိတယ်မဟုတ်လား မီဒီယာ အားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီ ဆိုပြီး ချေမှုန်းရင်ဖြင့် အသေဆုံးသည်ထိ ခံယူပြီး မီဒီယာကို
အားကိုးသွားမယ့် အိမ်မဲ မီးအိမ်ရှင်.....
    ဒေါ် မော်မော်ခင်
                                                                                                                                ၁၄/အမန(နိုင်) ၀၀၈၂၄၆
 ချောင်းဝ ရပ်ကွက် ၈ လမ်း
                                                                                                                                    ၀၉၄၂၂၄၈၃၁၉၅
0 comments:
Post a Comment