Friday, March 15, 2013

မော်လမြိုင်ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးညွန့်ဝေ အကြောင်း (တိုင်စာ)

ကျွန်တော်သည် မိမိ၏မိစားစုစားဝတ်နေရေးအတွက် မော်လမြိုင်မှမြ၀တီသို့ ခရီးသည်ပို့ဆောင်ရေးကို မိမိရှိသောအရင်းအနှီးအနည်းငယ်ဖြင့် လိုင်စင်မဲ့ကားတစ်စီးဖြင့် ပြေးဆွဲလုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် လိုင်စင်မဲ့ကားများဖမ်းစီးရာတွင် လိုင်းကြေးမပေးနိုင်သော ကျွန်တော်ရဲ့ကားမှာဖမ်းဆီးခံရပြီး မော်လမြိုင်ထောင်တွင် မပြစ်ခံခဲ့ရပါသည်။ ဒါကြောင့် ကျွန်တော်သမီး၂ဦးလုံးကျောင်းထွက်ပြီး မိသားစုစားဝတ်နေရေးအတွက် ရရာအလုပ်လုပ်ကိုင်ခဲ့ကြရပါသည်။ ကျွန်တော်ထောင်မှပြန်လွတ်သောအခါ ဆိုင်ကယ် ကယ်ရီမောင်းကာ သွားလာလုပ်ကိုင်ခဲ့ပါသည်။ ထိုအခါ မော်လမြိုင်ယာဉ်ထိန်းတပ်ဖွဲ့မှ အကြီးဆုံးဖြစ်တဲ့ ရဲမှူးညွန့်ဝေ ဆိုသူသည် ယူနီဖောင်းနှင့်၎င်း အရပ်ဝတ်နှင့်၎င်း လိုင်စင်မဲ့ကားလောကသားများထံမှ လိုင်စင်မဲ့ကားများကို နံပါတ်အမျိုးမျိုးတပ်ပြီး စားသောက်ဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ အရက်ဆိုင်များကို ပေါ်ပေါ်ထင်ထင်သွားလာစီးနှင်းနေတာကို တွေ့နေရပါသည်။ အဆိုးဆုံးမှာ ယာဉ်ထိန်းရဲများနဲ့ရင်းနှီးသူ၊ လိုင်စင်မဲ့ကားများအား စစ်ဆေးရေးဂိတ်များ၊ တံတားများမှအခကြေးငွေယူပြီးဖြတ်ပေးနေသော အရပ်သားမောင်ရဲထွဋ်ဆိုသူမှာလဲ ရဲမှူးညွန့်ဝေ၏ လိုင်စင်မဲ့ကားကိုမောင်းနှင်ပေးနေသူတစ်ဦးဖြစ်ပါသည်။ ယခုအခါမော်လမြိုင်မြို့ပေါ်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဟုဆိုကာ ဆိုင်ကယ်ကယ်ရီသမာူများအား ၀ီတက်၊ဦးထုပ်၊သုံးယောက်စီးစသည်ဖြင့် ဥပဒေပါပုဒ်မအမျိုးမျိုးတပ်ကာ အရေးယူခံရပြီး စားဝတ်နေရေးပိုမိုကြပ်တည်းလာသော်လည်း ရဲမှူးညွန့်ဝေမှာ နေ့စဉ်ချမှတ်ထားသော မော်တော်ယာဉ်စစ်အဖွဲ့မှပေူပို့သောထောက်ပံ့ငွေ၊  လိုင်စင်မဲ့ကားများမှရရှိငွေများနဲ့ နေ့စဉ်လိုင်စင်မဲ့ကားများစီးကာ သာယာစွာဖြင့် သွားလာနေသည်မှာ ကျွန်တော်တို့လို သာမာန်ပြည်သူများအား ဥပေးအထက်မှ လှောင်ပြောင်နေသကဲ့သို့ဖြစ်နေပါသည်။ ထို့ကြောင့် ဥပဒေအထက်တွင်ဘယ်သူမှမရှိ၊ ဥပဒေမှာပြည်သူကိုကာကွယ်စောင့်ရှောက်ပေးရန် ဟူသောဆောင်ပုဒ်များအတိုင်း ဥပဒေအထက်မှ လုပ်ကိုင်စားသောက်နေသော မော်လမြိုင် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးညွန့်ဝေ ဆိုသူအား လိုအပ်သလို ထိန်းသိမ်းကြပ်မတ်အရေးယူပေးနိုင်ပါရန် အားထားလေးစားရပါသော ပြည်ထဲရေးဝန်ကြီးနှင့် သမတကြီးအား အင်တာနက်မှတစ်ဆင့် တင်ပြတိုင်ကြားအပ်ပါသည်ခင်ဗျား။

မော်လမြိုင်သား

0 comments:

Post a Comment