Thursday, August 1, 2013

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုစည်းမှူးတို့သည်{GSM SIM} များကိုလိမ်လည်ထုတ်ယူမှုများ လိုအပ်သလို အရေးယူပါရန်

အထက်အဆင့်အကြီးအကဲများ သိရှိနိုင်ပါရန်နှင့် လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ပါရန် ဒီသတင်းကို တင်ပြရခြင်းဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် ကျောသားရင်သားမခွဲခြားပဲ (၉၁)အုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၂၀၀)ကျော်အား၊ကျေးရွာတိုင်းဖွံ့ဖြိုးတိုးတက်ရန်နှင့် သတင်းအချက်အလက်များလွယ်ကူချောမွေ့စေရန်၊စတုတ္ထအကြိမ်အဖြစ်{GSM SIM} ကဒ်များအားတစ်ရွာလျှင်(၃)လုံးနှုန်းဖြစ် အညီအမျှ ချပေးခဲ့ပါသည်။
          သို့သော် ညောင်ဦးမြို့နယ်၊ကမ္ဘားနီကျေးရွာအုပ်စုတွင် ကမ္ဘားနီကျေးရွာ၊ ရေတွင်းညောင်ပင်ကျေးရွာ နှင့် ညောင်ကြီးကျေးရွာဟူ၍ ရွာပေါင်း(၃)ရွာရှိရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သည့် ညောင်ကြီးကျေးရွာမှ ဦးဝင်းဇော်သည် ဖုန်းကဒ်ထုတ်ရန် ကမ္ဘားနီကျေးရွာသို့ အကြောင်းကြားခဲ့ခြင်းမရှိဘဲ ရေတွင်းညောင်ပင်ကျေးရွာ ရာအိမ်မှူး (သို့) ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုစည်းမှူး ဖြစ်သည့် ဦးအောင်ငွေနှင့်ပေါင်း၍ ကမ္ဘားနီကျေးရွာအတွက်ရရှိသော ဖုန်းကဒ်များ  29.7.2013 ရက်နေ့တွင် ကမ္ဘားနီကျေးရွာအနေဖြင့် လိမ်လည်ထုတ်ယူပြီး မိမိတို့သဘောဖြင့်ညောင်ကြီးကျေးရွာ (၅)လုံး၊ရေတွင်းညောင်ပင်ကျေးရွာ(၄)လုံးစသည့်ဖြင့်ခွဲယူကာ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ၊ အာဏာပါဝါနှင့်လုပ်ပိုင်ခွင့်အား အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ ၄င်းပြသနာတွင် အထက်ပါလူကြီးမင်းနှစ်ဦးသည် မြို့နယ်ထွေအုပ်ရုံးသို့ လိမ်လည်မှု၊အာဏာပါဝါနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှုများ ပေါ်လွန်နေပါသဖြင့် လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ပါရန် တင်ပြရခြင်းဖြစ်ပါသည်၊

0 comments:

Post a Comment