Monday, August 26, 2013

HWH ဥုံ For Android / Windows

HWH ဥုံ For Android / Windows


တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး(၁၀၅)အိတ်၊ စုစုပေါင်း အလေးချိန်ကီလို (၂၆၂၅) အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်(ဗဟို)၊ ဟုမ္မလင်း(မူးယစ်)တို့မှ သိမ်းဆည်းရမိခဲ့… >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 06:30 PM PDT


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်(ဗဟို)၊ ဟုမ္မလင်း(မူးယစ်) တို့၏ ချပြသတင်းအရမော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး လှဦး၊ မော်လိုက်မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး တင့်ဝေ
အနီးကပ်လိုက်ပါကြီးကြပ်မှုဖြင့်  မော်လိုက် မြို့မရဲစခန်းမှ ရဲအုပ်
ဌေးလှိုင်နှင့် ဦးစီးအဖွဲ့သည် မြို့နယ်သစ်တောမှ ၀န်ထမ်း(၁)ဦး၊
မြို့မ(၁) အုပ်ချုပ်ရေးမှူး ဦးလွမ်းဝေ  ပါအုပ်ချုပ်ရေးမှူးများနှင့်အတူ
(၂၀.၈.၂၀၁၃) ရက်နေ့၊(၀၂၃၀) အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊
ဟောင်ပါး ဒေသမှ ချင်းတွင်းမြစ်ကြောင်း အတိုင်းစုန်ဆင်း လာသော "သရဖူ"
(သံခွန်ပက်လက်) ကုန်တင်အမြန်ရေယာဉ်အား  မော်လိုက်မြို့၊ကမ်းနားဆိပ်ကမ်း
တွင် ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ပါသည်။ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာရှမ်းပြည်မြောက်ပိုင်း
တန့်ယန်းမြို့ အမှတ်(၂)ရပ်ကွက်နေ အာဝူ(ခ) သိန်းဝင်း မှ တရားမ၀င်သယ်ဆောင်
လာသောပီနံအိတ်များဖြင့် ထည့်လျှက် (တစ်)အိတ်လျှင်(၂၅)ကီလိုခန့်ပါ
ကျောက်စိမ်းအရိုင်းတုံး(၁၀၅)အိတ်၊ စုစုပေါင်း အလေးချိန်ကီလို (၂၆၂၅) အား
ရေယာဉ်ဆလင်ခန်းအတွင်း နှင့် ၀မ်းဗိုက်အတွင်း မှ ရှာဖွေတွေ့ရှိခဲ့သဖြင့်
ရဲအုပ် ဌေးလှိုင် မှ တရားလိုပြုလုပ်၍ မော်လိုက်မြို့မရဲစခန်းမှ (ပ)
၆၄/၂၀၁၃၊ ကျောက်မျက်ဥပဒေပုဒ်မ- ၄၂(က) အရ ပစ္စည်းပိုင်ရှင် အာဝူ(ခ)
သိန်းဝင်း နှင့် စက်လှေပိုင်ရှင် သိန်းနိုင်ဦး တို့ အား
အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဝေဖြိုးအောင်
09-400513102
မော်လိုက်မြို့

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

နေရာတွင်ပွဲခြင်းပြီး လူသေဆုံးသွားအောင် တိုက်ခဲ့သော ယာဉ်အမှတ် ၈ည-၁၅၁၁ အဖြူနံ့သာရောင် စူပါကာစတန် အားတွေ့ရှိပါက/သိရှိ အကြောင်းကြားပေးပါက ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 06:05 PM PDT

လမ်းမတော်မြို့နယ်-ဘုန်းကြီးလမ်း ရိုးမဘဏ်ရှေ့တည့်တည့် လမ်းအလယ်ကောင်တွင်
လမ်းဖြတ်ကူးသူ ဦးအောင်ကျော်မြင့် အသက်(၄၃)မှာ နေရာတွင်ပွဲခြင်းပြီး သေဆုံးသွားပါသည်။
အဆိုပါယာဉ်တိုက်မှု ဖြစ်သောယာဉ်အမှတ်မှာ ၈ည-၁၅၁၁ မော်တော်ယာဉ်
 အဇြူနံ့သာရောင်စူပါကာစတန် ယာဉ်မှာမောင်းပြေးသွားပါသည်။
အဆိုပါယာဉ်အားတွေ့ရှိပါက လမ်းမတော်ရဲစခန်း(သို့မဟုတ်)
နီးစပ်ရာယာဉ်ထိန်းရဲများသို့အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံပါသည်။
အကြောင်းကြားပါက ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။
နံနက်ကိုးနာရီခွဲတွင် ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ပါသည် ...
အဆိုပါကားအား တွေ့ ရှိခဲ့ပါက ဖုန်းနံပါတ်
0973059489 ...
0943197748 အားကျေးဇူးပြုပြီးဆက်သွယ်ပေးပါရန်
အနူးအညွတ်တောင်းဆိုအပ်ပါသည် ...


>>>>>>>>>>>>>>>>>>>>>>>>>>>
"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

ကောလင်းမြို့တွင် ကြက်ခြေပြာသင်တန်းဖွင့်.... >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 06:00 PM PDT


ကောလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး
ဦးစီးဌာနမှကြီှးမှူးဖွင့်လှစ်သည့် အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်း(ကြက်ခြေပြာ) ဖွင့်ပွဲအခမ်းအနားကို(၂၅.၈.၂၀၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်ကကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဇာတိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ တ.စ.ညပါတီမှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်မြင့်၊ မြို့န်ာအထွေထွေအုပ်ချုပ်ရေးမှူးဦးအေးလွင်၊ ရဲမှူးဦးညွန့်ဇော်၊ပြည်ခိုင်ဖြိုးမှမြို့နယ် အမှုဆောင်များဖြစ်သည့်ဦးကျော်သန်း၊ဦးခင်မောင်တိုး၊ဦးထွန်းမင်း၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား(၄၁)ဦးတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဒေါက်တာဦးတင်ဝင်းရွှေတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ကောလင်း.....ကိုကိုထွန်း
              tunminaung13@gmail.com
>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) 

သုတ၊ ရသ By Eagle Breeze

Posted: 25 Aug 2013 05:30 PM PDT

မင်္ဂလာမနက်​ခင်းပါ။
အချိန်​​တွေကလည်း တစ်​ခုခုကို ​စောင့်​စား​နေရင်​သာ ကြာတယ်​ထင်​ရတာပါ။ အမှုမဲ့ အမှတ်​မဲ့ဖြတ်​သန်းလို့က​တော့ တစ်​ရက်​၊ တစ်​လ၊ တစ်​နှစ်​ဆိုတာ ခဏ​လေးလိုပါပဲ။ လက်​ရှိကိုယ်​ဝတ်​ဆင်​ထားရတဲ့ လူ​နေမှုဘဝပုံစံဝတ်​စုံကို​ရော မိတ်​​ဆွေကြိုက်​ပါရဲ့လား။ ဝတ်​ရတာ အဆင်​​ပြေ​ပြေ သက်​​တောင့်​သက်​သာ​ရော ရှိရဲ့လား။
ကျွန်​​တော်​ ​တွေး​နေမိတာ​လေးပါ...
မိတ်​​ဆွေရဲ့ အသက်​​မွေးဝမ်း​ကျောင်းအလုပ်​ကို မိတ်​​ဆွေကစိတ်​ပါဝင်​စားမှုလည်းမရှိ၊ ​အောင်​လည်းမ​အောင်​မြင်​ရင်​ မိတ်​​ဆွေလက်​ရှိဘဝဟာ အဆိုးဆုံးပါပဲ။ မိတ်​​ဆွေရဲ့ လူ​နေမှုဘဝဝတ်​စုံကို ​ပြောင်းတာအ​ကောင်းဆုံးပါပဲ။
မိတ်​​ဆွေရဲ့ အသက်​​မွေးဝမ်း​ကျောင်းအလုပ်​ကို မိတ်​​ဆွေက စိတ်​ဝင်​စားပြီး မ​အောင်​မြင်​တာပဲဖြစ်​ဖြစ်​၊ စိတ်​မဝင်​စားပဲ ​အောင်​မြင်​​နေတာပဲဖြစ်​ဖြစ်​..... ဒါဆိုရင်​ မိတ်​​ဆွေရဲ့ဘဝဟာ ​နေ​ပျော်​​သေးတဲ့ဘဝပါ။ ဒီဝတ်​စုံကိုဆက်​ဝတ်​မယ်​ဆို ဝတ်​​ပျော်​ပါ​သေးတယ်​။ ဒါ​ပေမယ့်​ပျင်းရိငြီး​ငွေ့မယ်​။ ဖန်​တီးနိုင်​စွမ်း​လျော့ကျလာမယ်​။
မိတ်​​ဆွေရဲ့ အသက်​​မွေးဝမ်း​ကျောင်းအလုပ်​ကို
ိမိတ်​​ဆွေကလည်း စိတ်​ဝင်​စားရူးသွပ်​ပြီး ​အောင်​လည်း​အောင်​မြင်​တယ်​ဆိုရင်​ မိတ်​​ဆွေဟာ လူဖြစ်​ရကျိုးနပ်​သူဖြစ်​ပါတယ်​။ လူတို​င်းမရနိုင်​တဲ့ဘဝတစ်​ခုကို ရရှိပိုင်​ဆိုင်​ထားသူဖြစ်​ပါတယ်​။
ဘုရား​ပေးတဲ့ ဆုဖြစ်​ပါတယ်​။
စာဖတ်​သူက ငယ်​ရွယ်​သူတစ်​​ယောက်​ဖြစ်​​နေ​သေးရင်​​တော့ လက်​ရှိဝတ်​ဆင်​​နေရတဲ့ လူ​နေမှုဘဝဝတ်​စုံကို ပြုပြင်​​ပြောင်းလဲဝတ်​ဆင်​ချိန်​ရှိ​သေးတဲ့အတွက်​ ပြန်​စဉ်းစား​စေချင်​ပါတယ်​။
၂၅၊ ၈၊ ၂၀၁၃

Facebook >>> အမှတ်​တရ မိုင်​တိုင်​များ


အမေ သို့ ...။ ဘ၀ခရီးသည် ...။ By အောင်ခိုင်မြင့်(sa.lay) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Posted: 25 Aug 2013 05:00 PM PDT

အမေ သို့ 
။။။။။။။။။။။။။။။။။
အူဝဲဆိုတဲ့အသံ  ကြားကတည်းက

နာကျင်မှုကို အမှုမထား

ချိုသာရွှင်ပြ. အပြုံးမျက်နှာ

အားမာန်အပြည့်နဲ့   နို့ ချိုတိုက်ကျွေး

နွေးထွေးရင်ခွင်နဲ့ ထွေးပွေ့ ထားတဲ့အမေ

  ကျောင်းနေအရွယ် ထမင်းချိုင့်လာပို့ 

ပင်ပန်းမှုကိုအမှုမထား"သား"မျက်နှာမြင်

အမောတွေ  ပျောက်ခဲ့တဲ့အမေ....

တစ်ခါတလေ. အမေ ဖျားလို့ 

ချောင်းသံတွေ ကြားက

ကျောင်းမှန်မှန်သွား  သား တဲ့

အမေ့ရှေ့ မှာ  ဟုတ်ကဲ့  ဆိုပြီး

ကျောင်းကိုမရောက်  ဘောလုံးကွင်း

ရောက်ခဲ့တဲ့သားကို  အမေသိတော့

မျက်ရည်စို့ လျက်  မရိုက်နှက်ပဲ

အမေ့စကားနာထောင်ပါသားရယ်တဲ့.....

အချိန်တန်လို့   အရွယ်ရောက်သော်

ဝမ်းတထွာ အတွက် နေရပ်စွန့် မယ့်

သားကို  တစ်နယ်တစ်ကျေးမှာ

လိမ်လိမ်မာမာနေပါ  သား ရယ်တဲ့....

အမေ့  မှာစကား နားမှာကြား

အမေ့ကို ရည်မှန်းဦးခိုက်ကန်တော့ရင်း

အမေကျန်းမာဖို့   အဝေးမှ  သား

ဆုတောင်းလိုက်ပါတယ်  အမေ... ..

                   အောင်ခိုင်မြင့်(sa.lay)

                   (09403706975)
>>>>>>>>>>>>>>>>>>>>>>
ဘ၀ခရီးသည် ...
။။။။။။။။။။။။။။။။။။။
ဆေးလိပ်တို လက်ကြားညှပ်

အတွေးတွေနဲ့   ကမ္ဘာကြီးကိုထိုင်ငေး

ငယ်ဘ၀နဲ့ လဲ  ဝေးခဲ့ပြီ

25 ခါသင်္ကြန်ကျခဲ့ပေမယ့်  ဘ၀စစ်စစ်နဲ့ 

လူမဖြစ်ရသေးဘူး  ...

အကြိမ်ကြိမ်ကြဲချခဲ့တာတောင်

တစ်ပင်မှပေါက်မလာတဲ့ မျိုးစေ့တွေ

အတွက်ဘယ်သူ့ ကိုအပြစ်တင်ရမလဲ

တစ်ခါတလေ ပျော်ရွှင်မူ၊စာနာမှု၊နွေးထွေး

မှု၊နှစ်သိမ့်မှု တွေကို တောင့်တတိုင်း

ဆန္ဒတွေဟာ ချောင်ကုပ်ကုပ်အခန်းငယ်

ထဲ  သော့ခတ်ခံခဲ့ရတယ်

ဦးနှောက်မှာဗဟုသုတကနည်း

ဝမ်းဗိုက်မှာအဟာရကနည်း

အိတ်ကပ်မှာ ဘောဂဗေဒကနည်း

ရင်ထဲမှာမျှော်လင့်ချက်တွေကနည်း

ချို့ တဲ့နေတဲ့ ခန္ဒာကိုယ်ကိုထမ်းပိုးလို့ 

ဘ၀လမ်းဆက်လျှောက်ရင်း သောကတွေ

အနည်မထိုင်သရွေ့  ပျော်ရွှင်မှုဆိုတာ

အိပ်မက်ထဲတောင်အလည် မလာတာ

ကြာခဲ့ပြီ.....   

      
                 အောင်ခိုင်မြင့်(sa.lay)
>>>>>>>>>>>>>>>>>>>>>>>>>>>>

"ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
 ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)

0 comments:

Post a Comment