Thursday, October 3, 2013

ပြည်သူ့အသံ

ရှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊ ပြည်သူ့ဆောက်လုပ်ရေးအင်္ဂျနီယာများနိုင်ငံတော် ဘဏ္ဍာငွေများအလွှဲသုံးစားပြုလုပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊အင်္ဂျင်နီယာမှူးဦးဋ္ဌေးအောင်နှင့်လမ်းအထူး(၁) မှလက်ထောက်အင်္ဂျင်နီယာဦးအောင်ဇော်မြင့်တို့သည်၊ ဘဏ္ဍာရေးနှစ်၊ ၂၀၁၂/၁၃-ခုနှစ်၊ငွေစာရင်း မှ သီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ် ၊ ၁၈/၀ မှ ၂၄/၀ အထိ(နမ္မတူမြို့နယ်၊ မန်စံရွာ နှင့် ပန်လုံရွာအကြား) အကြီးစားဖာထေးပြုပြင်ရန်၊ နိုင်ငံတော်ဘဏ္ဍာငွေ (၄၀.၆)သန်း၊(ကျပ်သိန်းလေး&mခြောက်odef;)ထုတ်ယူပြီး၊ပြည်သူများသွားလာသောလမ်းအားမပြုပြင်ဘဲ၊လိမ်လည်စာရင်းတွင်သွင်းထားပါတယ်၊ ဦးဋ္ဌေးအောင် နှင့် ဦးအောင်ဇော်မြင့်  လုပ်ငန်းအလုပ်ပြ ထားသောသီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ် ၊ ၁၈/၀ မှ ၂၄/၀ သည်၊မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းစဉ်တွင်၎င်းယာဉ်ကြီးများအသုံးပြုသဖြင့်ပျက်စီးမှုကြောင့် စွမ်းအင်ဝန်ကြီးဋ္ဌာန နှင့် တရုတ် (စီစီဒီစီ)ကုမ်ပဏီ မှ၂၀၁၂ခုနှစ်၊တွင်ပြုပြင်ထားသောလမ်းပိုင်းဖြစ်ကြောင်းနမ္မတူစာရင်းစစ်ရုံးမှစစ်ဆေးချိန်တွင်တွေ့ရှိပေါ်ပေါက်ခဲ့ပါတယ်၊

သီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ်၊ ၁၈/၀  မှ   ၂၄/၀ အထိ(မန်စံရွာ နှင့် ပန်လုံရွာအကြား)

            ဦးဋ္ဌေးအောင် နှင့် ဦးအောင်ဇော်မြင့် လုပ်ငန်းမလုပ်ဆောင်ဘဲ၊ နိုင်ငံတော်ဘဏ္ဍာများလိမ်လည်စာရင်းသွင်းထားသဖြင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသောကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများ နိုင်ငံတော်သို့ ပြန်လည်သွင်းရန် မြို့နယ်စာရင်းစစ်မှ ပြောကြားသော်လည်း၊ ခရိုင်/ပြည်နယ် စာရင်းစစ်သို့ မသမာသောနည်းလမ်းဖြင့်လိုက်လံညှိနှိုင်း ပြီး၊စီမံကိန်းနေရာပြောင်းရွေ့လုပ်ဆောင်ရန် ကြိုးစားလုပ်ကိုင်နေပါသည်၊ ဘဏ္ဍာရေးနှစ်စာရင်းပိတ်သိမ်းပြီးဖြစ်ခြင်းကြောင့်၊ စီမံကိန်းနေရာရွေ့ပြောင်းလို့(လုံးဝ)မရပါ၊ သို့သော်လည်းမသမာသောအကျင့်ပျက်ဝန်ထမ်များ ပူးပေါင်းစာရင်းဖျောက်ဖျက်ပါကနိုင်ငံတော်ဘဏ္ဍာများလေလွှင့်ပြုန်းတီးသွားနိုင်ပါသည်၊သို့ပါသောကြောင့်နိုင်ငံတော်ဘဏ္ဍာများလေလွှင့်ပြုန်းတီးမှုမဖြစ်စေရရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးရန်နှင့် အကျင့် ၀န်ထမ်းများအား ထိရောက်စွာအရေးယူပေးသင့်ပါသည်။

နမ္မတူဒေသခံတစ်ဦး

 

0 comments:

Post a Comment