Saturday, October 12, 2013
ခံစားနေရ ရွှေပြည်သာရေနံမြေ ၀န်ထမ်းဘဝ
မြန်အောင်မြို့ နယ် ရွှေပြည်သာသဘာဝဓါတ်ငွေ့မြေ ကြီးကြပ်ရေးအင်ဂျင်နီယာ ဦးအောင်မြင့်သည်
လုပ်ပိုင်ခွင့်ကိုအခွင့်ကောင်း
ယူပြီး အလွဲသုံးစားပြုခြင်း ၊အရှိန်အ၀ါကိုအသုံးပြု၍ ၀န်ထမ်းများအပေါ်၌
 မောက်မာစွာ ဆက်ဆံခြင်း ၊ မသမာမှုများပြုလုပ်ခြင်းများ ပြုလုပ်နေပါသည်။တွင်းပြင်ခြင်း၊
ကားအသုံးပြုခြင်း စသော လုပ်ငန်းများကို တကယ်မလုပ်ပဲ လုပ်ငန်းပြ၍ ရေနံများထုတ်ယူရောင်းစားနေခြင်း
သရက်ပင်ဇယ် တံတားဆောက်ရာတွင် လှူသည်ဟု အကြောင်းပြ၍ ပိုက်များရောင်းစားခြင်း)
အာဏာပါဝါပြ၍ မခံနိုင်အောင် ချုပ်ချယ်မှုပြုကာသူ့စကားနားမထောင်ဘူးဟု အကြောင်းပြ၍ ရက်ပျက်ချခြင်း
ခွင့်ရက်ရှည်နားခိုင်းခြင်း ၊ ဝေးလံဒေသများသို့ ပြောင်းရွှေ့ ခိုင်းခြင်း များ ပြုလုပ်လျက်ရှိပါသည်။နှစ်ချီ၍ အလုပ်
မဆင်းနိုင်သူများအားလည်း အလုပ်အဆင်းပြပေး၍ လစာများအားထုတ်ယူသုံးစွဲနေပါသည်
0 comments:
Post a Comment