ရည်ညွှန်း မှုခင်းသတင်း-
ရန်ကုန်၊ ဇွန် ၂၉
http://www.thithtoolwin.com/2013/06/blog-post_8954.html
၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
ရန်ကုန်အရှေ့ မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဟိန်းထူးလင်း(ခ)ဘုန်းလျှံ၊ (ဘ)ဦးလှမောင်သိန်း နှင့် သာကေတမြို့နယ်နှင့် ဦးမောင်ထွန်းလှ၊ (ဘ)ဦးထွန်းအောင်၊ ကျောက်တံတားမြို့နယ် နေသူတို့နှစ်ဦး အားတွေ့ရပြီး မူးယစ်ဆေးဝါး များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
သရုပ်ဆောင် ဘုန်းလျှံ တည်းခို နေထိုင်သည့် အခန်း ခုတင်ခေါင်းရင်း ယာဘက်ဘေး ကြမ်းပြင်ပေါ်မှ ခရီးဆောင် လက်ဆွဲအိတ် အတွင်း၌ Red Ruby စီးကရက်ဘူး အတွင်း ပလပ်စတစ်အိတ်ဖြင့်ထုတ်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၉)ပြား အလေးချိန် ၄.၉ ဂရမ် (၁) ထုပ်နှင့် ခုတင်ခေါင်းရင်းမှ တိပ်အကြည်ဖြင့် ကပ်လျက် တစ်ရှုးဘူးအတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၉၉) ပြား၊ အလေးချိန် ၉.၉ ဂရမ် (၁) ထုပ် ဖမ်းဆီးရမိခဲ့သည်။
၎င်းအပြင် စားပွဲခုံအောက်မှ စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး၌် ပိုက်ကောက်တပ်လျက်ဗူး (၁)ဗူး၊ အရှည် (၆)လက်မခန့်ရှိ ခဲပြား(၂)ပြား၊ ဂက်စ်မီးခြစ် (၁)လုံး၊ စုစုပေါင်း WY စိတ်ကြွဆေးပြား(၁၄၈)ပြား တန်ဘိုး ၇၄၀၀၀၀ိကျပ် အားတွေ့ရှိ ဖမ်းဆီးရမိသဖြင့် ဗဟန်းမြို့မရဲစခန်း မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
http://www.thithtoolwin.com/2013/06/blog-post_8954.html
၁။ အထက်ပါ ဖြစ်စဉ်တွင် အဓိက ပါဝင်ပတ်သက် နေသူ (van ကားဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ဆက်သွယ်ပေးပို့ နေသူ)တစ်ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(အထူး)တပ်ဖွဲ့ဝင်များ သို့ သတင်းပေးပို့အပ်ပါသည်။
(ထို သူ့ကို စစ်ဆေးမေးမြန်းလျှင် ရခိုင်ပြည်နယ် မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ဖြန့်ချိနေသော ဂိုဏ်း ကို ပါ သိရှိနိုင်မည်ဖြစ်ပါသည်။)
၂။ ဖော်ပြပါ ဖမ်းဆီးမှု မဖြစ်ခင် ကာလ တွင် "မူဆယ်မြို့၊ တောင်ရပ်ကွက်၊အိမ်အမှတ်(တ/၄၇၈)" တွင် ငှားရမ်း၍ မူဆယ်ဇာတိသူဖြစ်သူ-ဇနီး(ရှမ်းလူမျိုး) နှင့် သမီး(နှစ်နှစ်အရွယ်) တို့နှင့်အတူ နေထိုင်ပါသည်။
(သူ၏ဇနီး ၏မိဘမောင်ဘွားများမှာ-"မူဆယ်မြို့၊ဈေးရပ်ကွက်၊ အိမ်အမှတ်(ဈ/၁၃)" နေထိုင်ပါသည်။ အိမ်ဖုန်းနံပါတ်မှာ=082-50245 ဖြစ်ပါသည်။)
van ကားဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ဆက်သွယ်ပေးပို့ နေသူ ၏ အမည်ရင်းမှာ"ထွန်းထွန်းဝင်း"ဖြစ်၍"ထွန်းထွန်း"ဟု လူသိများပါသည်။
ထိုစဉ် က စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုသည့် (VAN) ကား မှာ (လားရှိုးမှ အုံနာတစ်ဦး ပိုင်ဆိုင်သည့်)အငှားကား VAN ယဉ်အမှတ် "(အ/၁၃၀၄)" ဖြင့် သယ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
(စိတ်ကြွရူးသွပ်ဆေးပြားများ တစ်ကြိမ်သယ်ယူ ပေးလျှင် သယ်ယူပေးခ သိန်း(၇၀)ခန့် ရသည်ဟုစုံစမ်းသိရှိရပါသည်)
၃။ ဖော်ပြပါ ဖမ်းဆီးမှု ဖြစ်ပွားကြောင်း သတင်းထွက်ပေါ်လာသောအခါ ငှားရမ်းနေထိုင်ရာ မူဆယ် မှ မန္တလေးမြို့ သူ၏ မိဘ များနေထိုင်ရာ အိမ် သို့ ပြန်လည် ထွက်ပြေးတိမ်းရှောင်သွားပါကြောင်း စုံစမ်းသိရှိရပါသည်။
ထို လိပ်စာ ကို ဆက်လက်စုံစမ်းရှာဖွေရာ "မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ (၁၁)လမ်း၊(ကြံခင်းလမ်းသွယ်)၊(ပြည် ကျောင်းတိုက်အနီး)(အိမ်အမှတ် မမှတ်မိ)" တွင် တိမ်းရှောင် နေထိုင်နေပါသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ အဓိက သယ်ဆောင်၍ ယခု ထွက်ပြေးနေသူ "ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း"၏ မိဘနှစ်ပါးအမည် မှာ (အဘ-ဦးတင်မောင်၊ အမိ-ဒေါ်ခင်ဝင်းကြည်) ဟုသိရှိရပါသည်။
၎။ ထို မိဘ များနေထိုင်ရာ လိပ်စာတွင် စုံစမ်းကြည့်မိရာ မိဘများမှာ ဆင်းရဲသား၊လက်လုပ်လက်စားများဖြစ်သော်လည်း ယခု အခါ နေ့ချင်းညချင်း ဆိုသလို နှစ်ထပ်တိုက်များ ဆောက်ခြင်း၊ကား(၂)စီး တစ်ပြိုင်နက် ၀ယ်ခြင်းများပြုလုပ်ကြသဖြင့် ရပ်ကွက်ရှိလူအများ က သင်္ကာ မကင်းဖြစ်နေကြပါသည်။
တိမ်းရှောင်နေထိုင်ရင်း စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချခြင်းမှရရှိသောအကျိုးအမြတ်နှင့် ဝယ်ယူထားသည်ဟု ယူဆရသည့်
(၁)(VANကားအဖြူရောင် "၉က/၅၇၂၉")၊
(၂) (ကားနံပါတ် မမှတ်မိသော MARK 2 ကား ငွေရောင်) ၊
(၃) နှစ်ထပ်တိုက် တစ်လုံး
(၄) "ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း" နှင့် သူ၏အမျိုးသမီး တို့မှ ဘဏ်နေရာများခွဲ၍အပ်နှံထားသော (ခန့်မှန်းငွေတန်ဘိုး သိန်း ၂၀၀ အထက်ရှိ ဘဏ် အသီးသီး မှ ဘဏ်စာအုပ်များ)
တို့ ဖြစ် ပါသည်။
၅။ ဖော်ပြပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သူ"ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း"သည် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခြင်းတစ်ခုသာမဟုတ်ဘဲ
"တရားမ၀င် ကျောက်စိမ်း တုံး"များ၊
"တရားမ၀င်ကျွှန်းသစ်တုံး"များ၊ကို မန္တလေး သို့ သယ်ဆောင်နေသည့်အပြင်
တရုတ်ပြည် (ရွှေလီ) မှ မန္တလေးမြို့ သို့ "တရားမ၀င် ရွှေတုံးများ" ကိုပါ
ယနေ့ချိန်ထိ ဆက်လက် ခိုးယူသယ်ဆောင်နေပါကြောင်း သိရှိရပါသည်။
(အထက်တွင်ဖော်ပြခဲ့သည့် VAN ကား အဖြူရောင် (၉က/၅၇၂၉) ကို မူဆယ်-မန္တလေး လမ်းကြောင်းတွင် အသုံးပြုပါသည်။)
၆။ သို့ပါသောကြောင့် "မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(အထူး)တပ်ဖွဲ့ဝင်များ" စဉ်ဆက်မပြတ် သတင်းဆက် ဖော်ထုတ်နိုင်ရန်၊ နယ်မြေချင်းသတင်းပေါင်းစပ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဤကဲ့သို့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ၊ သတင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တာဝန်သိပြည်သူတစ်ဦးမှ ဝိုင်းဝန်းသတင်းပေးကူညီလိုက်ပါသည်။
လေးစားစွာဖြင့်
တာဝန်သိ ပြည်သူ တစ်ဦး
"စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သူ"ထွန်းထွန်း"(ခေါ်) "ထွန်းထွန်းဝင်း"၏ကိုယ်ရေးအချက်အလက် အကျဉ်း"
-အမည်ရင်း= ထွန်းထွန်းဝင်း (လူသိများသောအမည်= ထွန်းထွန်း)
-အဘ အမည်=ဦးတင်မောင်
-အမျိုးသားမှတ်ပုံတင်အမှတ်=၉/မနတ(နိုင်) ၀၉၇၇၉၉
-အမိ အမည်=ဒေါ်ခင်ဝင်းကြည်
-လက်ရှိကိုင်ဆောင်နေသော ဖုန်းနံပါတ်=09-402626494
-ယခင် ကိုင်ဆောင်သောဖုန်းနံပါတ်=09-445107152
-သူ၏အမျိုးသမီး (ရှမ်းလူမျိုး)(အမည်မမှတ်မိ) ၏ မူဆယ် အိမ်ဖုန်းနံပါတ်=082-50245
-လူပုံစံ အနေအထား =
-၅ ပေ ၄ လက်မ ခန့်
-အသားလတ်လတ်
-မျက်ခုံးမွှေးထူထူ
-နှုတ်ခမ်းမွှေး/ပါးသိုင်းမွှေး ပါးပါး
-ဆံပင် အနည်းငယ်တို ကောက်ကောက်
(ယခု ရွှေဆွဲကြိုး တစ်ကျပ်သားခန့်/ လက်စွပ် တစ်ကျပ်သားခန့် ၀တ်ထားပါသည်)
-ကိုယ်ခန္ဓာ ရင်ဘတ် နှင့် လက်မောင်း တွင် ဆေးမှင်ကြောင် ထိုး ထား။
0 comments:
Post a Comment