Sunday, October 27, 2013

       မန္တလေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာ ဝင်းလှိုင်၏လာဘ်စားမှု 

ကျွန်တော်တို့တင်ပြလိုတာက မန္တလေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်(မျက်စိအထူးကုဆရာဝန်ကြီးဒေါက်တာဦးကိုလေး၏သား) မန္တလေးတိုင်းဒေသကြီး အတွင်းခေါ်ယူသော ကျန်းမာရေးဦးစီးဌာန၏ Tender ခေါ်ယူမှုများတွင်တွေ့ရသော လာဘ်စားမှုများဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှကျေးလက်ဒေသများအတွက် နိုင်ငံတော်မှဘတ်ဂျက်ဖြင့်တည်ဆောက်မည့် ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံများ၏ Tender ဖွင့်ပွဲကို စက်တင်ဘာ ၁၃ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဋ္ဌာနမှာပြုလုပ်ခဲ့ပါသည်။ကုမ္ပဏီများတင်သွင်းသော Tender ပမာဏငွေများကိုဖွင့်ဖောက်ကြေငြာ၍ အသေးစိတ်တွက်ချက်မှု ပုံစံများအား အင်ဂျင်နီယာအဖွဲ့ဖြင့်စစ်ဆေး၍ Tender အောင်မြင်သော ကုမ္ပဏီကို ထပ်မံကြေငြာမည်ဟု ပြောဆိုပါသည်။ထို့နောက်အောက်တိုဘာ ၈ ရက်နေ့တွင် ကျန်းမာရေးဦးစီးဋ္ဌာန၌ Tender အောင်ကုမ္ပဏီများကိုကြေငြာမည်ဖြစ်ကြောင်းအကြောင်းကြား၍ ကုမ္ပဏီများအား နေ့လည် ၁ နာရီအရောက် ကျန်းမာရေးဦးစီးဋ္ဌာနသို့လာရန် ညွှန်ကြားပါသည်။ထို့နောက် ၁ နာရီ ၄၅ မိနစ်ခန့်မှ ဝန်ကြီးဒေါက်တာဝင်းလှိုင်ရောက်ရှိလာပြီး ၃ နာရီခန့်တွင်မှ ကျန်းမာရေး ဦးစီးမှူးဒေါက်တာ မိုးဆွေ အားဝန်ကြီးမှသူကိုတိုင်စိတ်ကြိုက်ရွေးချယ်ထားသော ကုမ္ပဏီများ၏ အမည်ကိုကြေငြာပေးရန် စေခိုင်းပါသည်။အဘယ်ကြောင့် ဒေါက်တာဝင်းလှိုင်မှစိတ်ကြိုက်ရွေးချယ်သည်ဟုဆိုရခြင်းမှာ ကျန်းမာရေးဦးစီးမှူးဒေါက်တာမိုးဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် Tender အောင်ကုမ္ပဏီများအားရွေးချယ်ရာတွင် လူမှူရေးဝန်ကြီးဒေါက်တာဝင်းလှိုင်မှ စိတ်ကြိုက်ရွေးချယ်ခြင်း ဖြစ်ကြောင်းသေသေခြာခြာထည့်သွင်းပြောကြားသွားသောကြောင့် ဖြစ်သည်။ထိုသို့ပြောကြားခြင်းမှာလည်း ရွေးချယ်မှုပုံစံများ မှန်ကန်မှု၊ရိုးသားမှု အားနည်းသည်ကို သိရှိရိပ်မိ၍ ၎င်းအပေါ်တွင့်မှုပါတ်မည်စိုး၍ ကာကွယ်ပြောကြားသည်ဟုယူဆပါသည်။ နိုင်ငံတော်မှ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံများအတွက် ဘတ်ဂျက်ရာထားချက်မှာကျပ်သိန်း ၆၀၀၀ ဖြစ်ပါသည်။သို့သော် ကုမ္ပဏီအများစုတင်သွင်းထားသော တန်ဖိုးမှာ ကျပ်သိန်း ၄၅၀၀ နှင့် ၅၀၀၀ ဝန်းကျင်များဖြစ်သော်လည်း ဒေါက်တာဝင်းလှိုင်ရွေးချယ်ခိုင်းသော ကုမ္ပဏီများမှာ ဘတ်ဂျက်ငွေအတိုင်းတင်သွင်းထားသောကုမ္ပဏီများနှင့် (ဥပမာ- ကျပ်သိန်း၆၀၀၀ နှင့် ၅၉၀၀ ဝန်းကျင်) ၎င်းဘတ်ဂျက်ငွေနှင့် အနီးစပ်ဆုံး ကုမ္ပဏီများကိုသာ ရွေးချယ်ထားသည်ကိုတွေ့ရပါသည်။ဥပမာ- ဒဏ္ဍိနနိုင် ၅၉၇၃ သိန်း(တောင်သာ၊ကျောဇီ)
          ရွှေဝါလင်း ၅၈၂၀ သိန်း(တောင်သာ၊ရုံးစည်ကြီး)
         ပြည့်ဝခိုင်မာ ၅၉၇၃သိန်း(အမရပူရ၊ရဲလွန်ူးကျော်)
           ရွှေထီးရွှေနန်း ၅၉၉၅သိန်း(မလှိုင်၊ဆည်တို)
          ရန္တပိုရ် ၆၀၀၀သိန်း(စဥ့်ကူး၊ထုံးကြီး)
 ကျွန်တော်တို့အနေနှင့်ဤ Tender ရွေးချယ်မှုအပေါ်တွင်  လူမှုရေးဝန်ကြီးဒေါက်တာ ဝင်းလှိုင် အနေဖြင့်လာဘ်ကွေအမြောက်အများ ရရှိသည်ဟုပြောနိုင်ပါသည်။( ရန္တပိုရ် နှင့် ကြယ်စင်မင်း ပိုင်ရှင်တူ ကုမ္ပဏီအမည်ကွဲ ဆိုလျှင် သိန်း၃၅၀ ထိ ဒေါက်တာဝင်းလှိုင်အားပေးရသည်ဟုကြားသိရ၊ ရန္တပိုရ် အမည်နှင်ကော ကြယ်စင်မင်းအမည်နှင့်ပါ ၁လုံးစီ Tender အောင်ထားသည်ကိုတွေ့ရှိနိုင်ပါသည်)
အဘယ့်ကြောင့် ထိုသို့ပြောနိုင်သနည်းဟုဆိုလျှင် ပြည်နယ်နှင့်တိုင်းအားလုံးတွင် ပုံစံတူတည်ဆောက်ရသော ယခု၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံများကို အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း Tender ခေါ်ယူ၍ အောင်မြင်ခဲ့ကုမ္ပဏီများ၏ ငွေပမာဏများမှာ သိန်း ၄၅၀၀ နှင့် ၅၀၀၀ ကြားတွင်သာရှိကြောင်းလေ့လာကြည့်လျှင်တွေ့ရမှာဖြစ်ပါတယ်။အခြာ့းပြည်နယ်နှင့်တိုင်းများတွင် ကုန်ကြမ်းဈေးနှုန်း(ဥပမာ- အုတ်၊သဲ၊ကျောက်) အလုပ်သမားခ၊ လမ်းပန်းဆက်သွယ်ရေး မန္တလေးတိုင်းထက်ပိုမိုခက်ခဲသော်လည်းကုမ္ပဏီအမြတ်ပါပြီး သိန်း ၄၅၀၀ နှင့် ၅၀၀၀ ကြားတွင်လုပ်နိုင်လျှင် မန္တလေးတိုင်းတွင် ထိုထက်ပင်ပိုမိုလျော့၍လုပ်နိုင်မည်ဖြစ်သည်။(သိန်း ၂၀၀၊ ၃၀၀ ခန့်လျော့၍လုပ်ပေးနိုင်သည်ကိုဆိုလိုပါသည်) ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ကုန်ကြမ်းရရှိနိုင်မှုပိုမိုလွယ်ကူသော မန္တလေးတိုင်းဒေသကြီးတွင် သိန်း ၅၉၀၀၊၆၀၀၀ ဝန်းကြင်ကုမ္ပဘီများကို ရွေးချယ်မှုမှာ အင်မတန်မှထင်ရှားသောဝန့်ကြီးဒေါက်တာဝင်းလှိုင်၏ လာဘ်ပေးလာဘ်ယူမှုကြီးပင်ဖြစ်ပါသည်။တိုင်းပြည်၏ဘတ်ဂျက်ငွေမှာ ပြည်သူများ၏ငွေပင်ဖြစ်ပါသည်။တိုင်းသူပြည်သားများ၏ငွေကိုနည်းနိုင်သမျှနည်း လျော့နိုင်သမျှလျော့၍ သုံးရမည့်အစား ဤကဲ့သို့ လာဘ်ငွေယူ၍အကျိုးယုတ်အောင်လုပ်နေသော မန္တလေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် အားဖော်ထုတ်အရေးယူပေးပါရန် တင်ပြအပ်ပါသည်ခင်ဗျာ။ကျွန်တော်တို့တင်ပြချက်များမှန်မမှန် Tender အောင်သွားသည့်ငွေပမာဏများဟုတ်မဟုတ်ကို ကျန်းမာရေးဦးစီးဋ္ဌာနမှာစုံစမ်းကြည့်ရင်သိနိုင်ပါတယ်။
း
  

0 comments:

Post a Comment