Sunday, October 27, 2013

ရွှေမန်းသူ(ရန်ကုန်)ကအရာရှိတွေ ဘီလူးစီးနေပြီ

1 comments:

Anonymous said...

"ဥပဒေကို ဆန့်ကျင်ပြီး လျှပ်စစ်မီးဖြင့် ကိုယ်ကျိုးရှာကြသူများ"
..............................................................................
နိုင်ငံတော်သမ္မတကြီးသည် ဆင်းရဲမွဲတေမှူပပျောက်ရေး၊ ကျေးလက်မီးလင်းရေး ကိစ္စများဆောင်ရွက်နေချိန်တွင် ၄င်းနှင့်ဆန့်ကျင်ပြီး လျပ်စစ်မီးဖြင့် ကိုယ်ကျိုးရှာသူများမှာ လှိုင်သာယာမြို့နယ် စက်မှူဇုံ (၃) ရေဥက္ကံ၊သောင်ကြီးလေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်နှင့်အဖွဲ့ဖြစ်သည်။
ထိုသူတို့သည် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည့် သတင်းထွက်သော နိုဝင်ဘာလဆန်းပိုင်းကတည်းက လျှပ်စစ်မီးကို နှစ်နာရီလာ နှစ်နာရီပျက် စနစ်ဖြင့် မည်သည့်ဌာန၏ခွင့်ပြုချက်မယူပဲ
အုပ်ချုပ်ရေးမှူး အမိန့်ဖြင့်ကျင့်သုံးနေသည်။
စက်ရုံဝန်ထမ်းများ နေ့စားဝန်ထမ်းများ (အဆောင်ငှားနေ) ၀န်ထမ်းများ ပေါများသော ထိုရပ်ကွက်တွင်နေထိုင်သူဆင်းရဲသားများသည် မီးပျက်သော်လည်း အဆောင်ပိုင်ရှင်ကို မီးသုံးစွဲခ ပုံမှန်ပေးဆောင်ရပြီး မီးသွေး၊ဖယောင်းတိုင် အစရှိသည်တို့ကို ၀ယ်သုံးနေရသည်။ ရုံးပိတ်ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင် တနေကုန် မီးပျက်ပြီး ညဘက်မှမီးလာသည်။ အိမ်လခများ တနေ့တခြား တိုးမြှင့်ကောက်ခံလာသဖြင့် စက်ရုံဝန်ထမ်းဆင်းရဲသားများမှာ အဖက်ဖက်မှ ထိုးနှက်မှူများဖြင့် ရင်ဆိုင်နေရသည်။ ထိုံကြောင့် သမ္မတကြီး အနေဖြင့် ထိုကိစ္စအား အရေးယူဖြေရှင်း ပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။

စက်ရုံဝန်ထမ်းများ(အဆောင်ငှား)

Post a Comment