Tuesday, October 15, 2013
သမတကြီးနှင့်သက်ဆိုင်ရာမှကူညီပေးပါ
1 comments
မြန်အောင်ဲမြို့နယ်ရွှေပြည်သာရေနံမြေမှEICဦးအောင်မြင့်သည်အဂတိလိုက်စားမှု၊အာဏာပြဖိနှိပ်ချုပ်ချယ်မှူများအားစွမ်းအင်ဝန်ကြီးရုံးနှင့်အင်တာနက်သတင်းများတွင်တိုင်ကြားထားမှူများမှန်ကန်မှူရှိကြောင်းတွေ့ရှိရပြီးအထူးအရာရှိနှင့်မန်နေဂျာလဲသိရှိပြီးဖြစ်သော်လဲယခုချိန်ထိအရေးယူဆောင်ရွက်မှူမတွေ့ရှိပဲတိုင်သူပင်အပြစ်ပေးခံရမည်ဖြစ်နေသဖြင့်ဦးခင်ဇော်မှာမိမိမတိုင်ကြောင်းဖြေရှင်းရပါသည်။အထက်လူကြီးများအားပိုင်အောင်ပေါင်းပြီးဦးသန်းဇော်လင်းနှင့်ဝန်ထမ်းများအားအပြစ်မရှိအပြစ်ရှာနည်းမျိုးစုံဖြင့်အပြစ်မျိုးစုံပေးခဲ့သော်လဲတကယ်အပြစ်ကျူးလွန်ပြီးတိုင်ချင်ရာတိုင်ငါကအရေးမစိုက်ဘူး။တိုင်တဲ့သူသိလိုကတော့ချက်ခြင်းအရေးယူမယ်ဟုကြွေးကြော်နေသည့်သူကြတော့သမကြီးနှင့်သက်ဆိုင်ရာမှအမြန်ကူညီမေးပါခင်ဗျာ။ 
Saturday, October 12, 2013
ခံစားနေရ ရွှေပြည်သာရေနံမြေ ၀န်ထမ်းဘဝ
0 comments
မြန်အောင်မြို့ နယ် ရွှေပြည်သာသဘာဝဓါတ်ငွေ့မြေ ကြီးကြပ်ရေးအင်ဂျင်နီယာ ဦးအောင်မြင့်သည်
လုပ်ပိုင်ခွင့်ကိုအခွင့်ကောင်း
ယူပြီး အလွဲသုံးစားပြုခြင်း ၊အရှိန်အ၀ါကိုအသုံးပြု၍ ၀န်ထမ်းများအပေါ်၌
 မောက်မာစွာ ဆက်ဆံခြင်း ၊ မသမာမှုများပြုလုပ်ခြင်းများ ပြုလုပ်နေပါသည်။တွင်းပြင်ခြင်း၊
ကားအသုံးပြုခြင်း စသော လုပ်ငန်းများကို တကယ်မလုပ်ပဲ လုပ်ငန်းပြ၍ ရေနံများထုတ်ယူရောင်းစားနေခြင်း
သရက်ပင်ဇယ် တံတားဆောက်ရာတွင် လှူသည်ဟု အကြောင်းပြ၍ ပိုက်များရောင်းစားခြင်း)
အာဏာပါဝါပြ၍ မခံနိုင်အောင် ချုပ်ချယ်မှုပြုကာသူ့စကားနားမထောင်ဘူးဟု အကြောင်းပြ၍ ရက်ပျက်ချခြင်း
ခွင့်ရက်ရှည်နားခိုင်းခြင်း ၊ ဝေးလံဒေသများသို့ ပြောင်းရွှေ့ ခိုင်းခြင်း များ ပြုလုပ်လျက်ရှိပါသည်။နှစ်ချီ၍ အလုပ်
မဆင်းနိုင်သူများအားလည်း အလုပ်အဆင်းပြပေး၍ လစာများအားထုတ်ယူသုံးစွဲနေပါသည်။
လိပ်ဆံခွန်ရွာသားများ၏လိုအပ်ချက်များ
0 comments
ယနေ့  ၄.၁၀.၂၀၁၃ မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ် ၊လိပ်ဆံခွန်ကျေးရွာအုပ်စုတွင်ေ
ကျးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ရွေးချယ်ခံရသောအုပ်ချုပ်ရေးမှူး၏ပညာအရည်အချင်းစီးပွားရေးအခြေအနေများကြောင့်ရွာသားများမကျေမနပ်ဖြစ်နေကြောင်းသိရပါသည်။ အရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှာ နိုင်ငံတော်မူဝါဒကိုဆန့်ကျင်ပြီး
မီးမလင်းရေးဖက်မှပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်အုပ်ချုပ်ရေးမှူးမှ၂၅.၈.၂၀၁၃တွင်ရပ်နားခံခဲ့ရခြင်းဖြစ်ပါသည်။
ယခုလက်ရှိမီးကော်မတီမှတန်ဖိုးနည်းမီတာဆောင်ရွက်ခဲ့ရာသက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီး၏ခွင့်ပြုချက်ကိုလွန်ခဲ့သောတစ်နှစ်ခန့်မှရရှိခဲ့သော်လည်း နှောက်ယှက်သူရွာသားအချို့၏တိုင်တောမှုများကြောင့်
၈၀%ထိပြီးစီးပြီဖြစ်သော်လည်း မြို့နယ်လျှပ်စစ်ဌာနမှ ၁၄.၈.၂၀၁၃ မှစ၍ ဆောင်ရွက်ခြင်းလုပ်ငန်းများယနေ့ထိရပ်နားခဲ့ပါသည်။ယခင်မီးကော်မတီအသီးသီးမှလည်း
ရငွေသုံးငွေစာရင်းရှင်းတန်းများယနေ့ထိရှင်းလင်းခြင်းမရှိသေးကြောင်းသတင်းရရှိပါသည်။ရွာသားများမှာလည်းတန်ဖိုးနည်းမီတာကိုအမြန်ဆုံးရရှိရန်မျှော်လင့်နေကြောင်းသိရပါသည်။
ရွာဖွံ့ဖြိုးတိုးတက်အောင်လုပ်မှာလား--အမှုံ့ကြိတ်မှာလား
0 comments
မန္တလေးတိုင်းဒေသကြီး.လိပ်ဆံခွန်ကျေးရွာအုပ်စု ၄.၁၀.၂၀၁၃ နေ့မှာအုပ်ချုပ်ရေးမှူးရွေးပါတယ်။ဥပဒေနဲ့အညီရပ်မိရပ်ဖများ ဆယ်အိမ်စုမှူးများရွေးချယ်လိုက်တဲ့အုပ်ချုပ်ရေးမှူးဟာစာတကြောင်းတောင်ဖြောင့်အောင်မရေးတက် အိမ်ခြေရာခြေဆိုတာလမ်းမရှိတဲ့ခြံထဲမှာ စားပွဲကုလားထိုင်မရှိတဲ့ဝါးခင်းကြမ်းနဲ့တဲပုတ် စီးပွားရေးဆိုတာပျံကျလက်လုပ်လက်စား အဆင့်နဲ့တွက်ရင်သုညအောက်အဆင့်မှာရှိနေတဲ့သူဆိုတာထမင်းစားကြီးတဲ့တစ်ရွာလုံးသိနေကြသလိုရွေးချယ်လိုက်တဲ့ရပ်မိရပ်ဖတွေလဲမျက်စိတွေနားတွေပါမယ်ဆိုရင်သိကြမှာပါ။ ရွာခွဲဖြစ်တဲ့သပြေအုပ်ရွာကတော့  စည်းလုံးညီညွတ်မှုပြိုကွဲနေတဲ့ရွာမကြီးဘာဖြစ်နေနေငါ့တို့ရွာကောင်းရင်ပြီးရောဆိုတဲ့အတ္တ တကိုယ်ကောင်းဆန်တဲ့အသိတရားတွေနဲ့ သူတို့မဲတွေကိုတစ်လုံးတစ်ခဲတည်းအမြဲတမ်းလေလံပစ်ခဲ့တာပါ။ဆယ်အိမ်စုရဲ့သုံးပုံတစ်ပုံရှိတဲ့သပြေအုပ်ကတော့ ကွဲပြားနေတဲ့ရွာမကြီးကလူတွေမညီညွတ်တာကိုအဆိုးအကောင်းသင့်မသင့်မရှိဘဲဒိုင်လုပ်ခဲ့ပေမဲ့ ရွာမကြီးထဲက ဆုံးဖြတ်ပိုင်ခွင့်ရကြတဲ့ရပ်မိရပ်ဖတွေကတော့ ရွာကောင်းအောင် ညီညွတ်အောင် တိုးတက်အောင် ဆောင်ရွက်နိုင်မဲ့သူမျိုးကိုတော့ မြင်တက်ဖို့လိုတာပေါ့ ခုတော့ ကြိုးကိုင်ဗိုလ်ကျချင်တဲ့လူတစ်စုရဲ့လက်အာက်မှာမျက်စေ့စုံမှိတ်ပြီး အမုန်းမခံချင်တာလိုလို အမှန်တရားကိုဘဲလုပ်သလိုလို သိသိကြီးနဲ့ လိပ်ဆံခွန်ရွာကြီးဖွံ့ဖြိုးတိုးတက်စည်ပင်သာယာအောင်လုပ်မှာလား မညီညွတ်တဲ့ကွဲနေတဲ့ဟာကိုအမှုန့်ဖြစ်အောင်လုပ်မှာလားလို့မေးချင်ပါတယ်။လိပ်ဆံခွန်ရွာသူရွာသားများသည် တည်ငြိမ်အေးချမ်းပြီးလုံခြုံစိတ်ချစွာဖြင့်စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်နွေးနွေးထွေးထွေးနေနိုင်တဲ့ဘ၀မျိုးကိုလိုလားလျက်ရှိကြောင်းရပ်မိရပ်ဖများသိစေချင်ပါသည်။တာဝန်ပေးအပ်ကြမဲ့ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများမှလိပ်ဆံခွန်ကျေးရွာကအုပ်ချုပ်ရေးမှူးဖြစ်လာမဲ့ပုဂ္ဂိုလ်ကိုတွေ့ဆုံပြီးစာပိုဒ်လေးတစ်ပိုဒ်လောက်ရေးခိုင်းစစ်ဆေးစေချင်ပါတယ်။IQကတော့စကားပြောကြည့်တာနဲ့သိပါလိမ့်မယ်။
မောင်ရဲထက်ကျော်(အမရပူရမြို့နယ်
၊လိပ်ဆံခွန်ရွာ)
Thursday, October 3, 2013
ပြည်သူ့အသံ
0 comments
ရှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊ ပြည်သူ့ဆောက်လုပ်ရေးအင်္ဂျနီယာများနိုင်ငံတော် ဘဏ္ဍာငွေများအလွှဲသုံးစားပြုလုပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲခရိုင်၊အင်္ဂျင်နီယာမှူးဦးဋ္ဌေးအောင်နှင့်လမ်းအထူး(၁) မှလက်ထောက်အင်္ဂျင်နီယာဦးအောင်ဇော်မြင့်တို့သည်၊ ဘဏ္ဍာရေးနှစ်၊ ၂၀၁၂/၁၃-ခုနှစ်၊ငွေစာရင်း မှ သီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ် ၊ ၁၈/၀ မှ ၂၄/၀ အထိ(နမ္မတူမြို့နယ်၊ မန်စံရွာ နှင့် ပန်လုံရွာအကြား) အကြီးစားဖာထေးပြုပြင်ရန်၊ နိုင်ငံတော်ဘဏ္ဍာငွေ (၄၀.၆)သန်း၊(ကျပ်သိန်းလေး&mခြောက်odef;)ထုတ်ယူပြီး၊ပြည်သူများသွားလာသောလမ်းအားမပြုပြင်ဘဲ၊လိမ်လည်စာရင်းတွင်သွင်းထားပါတယ်၊ ဦးဋ္ဌေးအောင် နှင့် ဦးအောင်ဇော်မြင့်  လုပ်ငန်းအလုပ်ပြ ထားသောသီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ် ၊ ၁၈/၀ မှ ၂၄/၀ သည်၊မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းစဉ်တွင်၎င်းယာဉ်ကြီးများအသုံးပြုသဖြင့်ပျက်စီးမှုကြောင့် စွမ်းအင်ဝန်ကြီးဋ္ဌာန နှင့် တရုတ် (စီစီဒီစီ)ကုမ်ပဏီ မှ၂၀၁၂ခုနှစ်၊တွင်ပြုပြင်ထားသောလမ်းပိုင်းဖြစ်ကြောင်းနမ္မတူစာရင်းစစ်ရုံးမှစစ်ဆေးချိန်တွင်တွေ့ရှိပေါ်ပေါက်ခဲ့ပါတယ်၊
သီပေါ-နမ္မတူလမ်းပိုင်းမိုင်တိုင်အမှတ်၊ ၁၈/၀  မှ   ၂၄/၀ အထိ(မန်စံရွာ နှင့် ပန်လုံရွာအကြား)
            ဦးဋ္ဌေးအောင် နှင့် ဦးအောင်ဇော်မြင့် လုပ်ငန်းမလုပ်ဆောင်ဘဲ၊ နိုင်ငံတော်ဘဏ္ဍာများလိမ်လည်စာရင်းသွင်းထားသဖြင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသောကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများ နိုင်ငံတော်သို့ ပြန်လည်သွင်းရန် မြို့နယ်စာရင်းစစ်မှ ပြောကြားသော်လည်း၊ ခရိုင်/ပြည်နယ် စာရင်းစစ်သို့ မသမာသောနည်းလမ်းဖြင့်လိုက်လံညှိနှိုင်း ပြီး၊စီမံကိန်းနေရာပြောင်းရွေ့လုပ်ဆောင်ရန် ကြိုးစားလုပ်ကိုင်နေပါသည်၊ ဘဏ္ဍာရေးနှစ်စာရင်းပိတ်သိမ်းပြီးဖြစ်ခြင်းကြောင့်၊ စီမံကိန်းနေရာရွေ့ပြောင်းလို့(လုံးဝ)မရပါ၊ သို့သော်လည်းမသမာသောအကျင့်ပျက်ဝန်ထမ်များ ပူးပေါင်းစာရင်းဖျောက်ဖျက်ပါကနိုင်ငံတော်ဘဏ္ဍာများလေလွှင့်ပြုန်းတီးသွားနိုင်ပါသည်၊သို့ပါသောကြောင့်နိုင်ငံတော်ဘဏ္ဍာများလေလွှင့်ပြုန်းတီးမှုမဖြစ်စေရရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးရန်နှင့် အကျင့် ၀န်ထမ်းများအား ထိရောက်စွာအရေးယူပေးသင့်ပါသည်။
နမ္မတူဒေသခံတစ်ဦး
ပြည်သူ့အသံ
0 comments
လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ပြီး မူးယစ်ဆေးဝါးရောင်းချသူများထဲမှ လာတ်ငွေယူပြီး မူးယစ်ဆေးဝါးရောင်းဝယ်ခွင့်ပြုထားသော မန်းလေးတောင်ပိုင်းမူးယစ်(အထူး)အဖွဲ့ မှ တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝ အားအရေးယူပေးပါရန်
1 comments
              မန်းလေးတောင်ပိုင်း  မူးယစ်(အထူး)အဖွဲ့ မှ တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝသည် ၄င်းအပိုင်နယ်မြေ ပြည်ကြီးတံခွန်မြို့ နယ် ရတနာပုံမြို့ သစ် ၊မူးယစ်ဆေးဝါးရောင်းချသူများနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းခိုင်းခြင်း ၊ မူးယစ်ဆေးဝါးရောင်းချသူများထံမှ လာတ်ငွေတောင်းခံခြင်း များပြုလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်လျှက်ရှိပါသည်။၎င်းဗေလုဝသည် မူးယစ်ဆေးဝါးရောင်းချသည့်အမျိုးသမီးများနှင့် ရှုပ်ထွေးနေခြင်း၊မူးယစ်ဆေးရောင်းသူများထံမှ လစဉ် ၊အပါတ်စဉ် ကြီးကြပ်သူကြေး ၊ ရုံးဦးစီးကြေး ၊ တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝကြေး ဆိုပြီးတောင်ခံလျှက်ရှိပါသည်။
             တပ်ကြပ်မြင့်စိုးသည် မူးယစ်ဆေးဝါးရောင်းသူများအား မူးယစ်ဆေးဝါးများနျင့်အတူမိသော်လည်း ဖမ်းဆီးခြင်းမရှိဘဲငွေကို အဆမတန်တောင်းယူပြီး ပြန်လွှတ်ခြင်းများမကြာခဏ ပြုလုပ်လျှက်ရှိပါသည်။လွန်ခဲ့သော(၁)လခန့်က  တိုင်းအဖွဲ့ အစည်းတစ်ခုမှ ၀င်ရောက်ဖမ်းဆီးခဲ့သော ကိုသန့်ဇင်+မခင်မှဲ့  မူးယစ်ဆေးဝါးအကြီးအကျယ်ရောင်းချသူ(ယခု)ဖမ်းဆီးခံနေရသူတို့ နှင့် ရှယ်ယာဝင်ပြီး ငွေများထုတ်ပေးနေသူဖြစ်ပါသည်။ နိုင်ငံတော်မှမူးယစ်ဆေးဝါးနှင့်လောင်းကစားမှု့များအား  အထူးနှိမ်နင်းနေသော်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့ မှတပ်ဖွဲ့ ဝင်ဖြစ်သည့်မြင့်စိုး(ခ)ဗေလုဝမှ လာတ်ငွေတောင်းယူစားသောက်နေပါသည်။
               ယခုမန်းလေးတောင်ပိုင်းမူးယစ်(အထူး)အဖွဲ့ ကြီးကြပ်သူက ဒုရဲမှူး ရန်ရှင်းဖြစ်ပြီး ကြိးကြပ်သူဆိုသူမှလည်း ပိုက်ဆံရလျှင်ပြီးရော နိုင်ငံတော်မှပေးအပ်ထားသည့် ဒုရဲမှူး ဆိုသည့် အဆင့်ကိုမှမထောက် တပ်ကြပ်မြင့်စိုး(ခ)ဗေလုဝ ပြောဆိုသမျှလိုက်လုပ်ဆောင်နေသူဖြစ်ပြီး တောင်ပိုင်းမူးယစ်(အထူး)အဖွဲ့ တွင် ဗေလုဝ  အုပ်ချုပ်နေသည်ဟုပင် ထင်ရပါသည်။အချို့  ရဲအုပ်တွေဆိုလျှင် တပ်ကြပ်မြင့်စိုးအား ကြောက်နေရပါသည် ဘယ်အရှိ ဟိုပို့  /ဒီအရာရှိ ဟ်ုပို့ ဆိုပြီးကြီးကြပ်သူနားကပ်ပြီးပြောဆိုလုပ်ကိုင်နေပါသည်။အဲ့ဒါကိုအတွင်းကျကျအထက်လူကြီးများ သိစေချင်ပါသည်။ ယခုမူးယစ်ဆေးဝါးအမှု့ ဖြင့်အဖမ်းခံနေရသူ ကိုသန့်ဇင်+မခင်မှဲ့ ဆိုသူများအားလည်း ၄င်းတပ်ကြပ်မြင်စိုး(ခ)ဗေလုဝမှ ငွေသန်း(၅၀၀)ကျပ်အရင်းအနှီးထုတ်ချေးထားပါသည်။မခင်မှဲ့ အားစစ်မေးပါကအမှန်ကိုသိရှိနိုင်ပါသည်။   
၎င်းတပ်ကြပ်မြင့်စိုး(ခ)ဗေလုဝသည် အခြားအဆင့်နှင့်ပင်(လက်ရှိ)(၅ဂ/၇၆၇၆) ပါဂျဲရိုအစိမ်းရောင်တစ်စီး၊(၈ဈ/၅၂၇၉)စူပါကာစတန်သနပ်ခါးရောင်၊(၁က/၂၁၉၁)အနီရောင်/ကြား မှန်လုံကား(ဂိတ်မသိ)မူဆယ်-မန်းလေးပြေးဆွဲများပိုင်ဆိုင်ထားပါသည်။ထို့ ပြင် ၄င်းဗေလုဝ၏ သားဖြစ်သူမင်းမင်းထွန်းး ၊ ၄င်းယောက်ဖတော်စပ်သူ ဖက်တီး(ခ)မိုးသန်းဝင်းတို့ နှစ်ဦသည်မူးယစ်ဆေးဝါးရောင်းချသည့်အိမ်များအား ဂွင်ရိုက်ခြင်း၊လာတှ်ေုါတောင်းယူခြင်းများအပြင် အရပ်သားဖြစ်ပြီး လက်ထိပ် များကိုင်ဆောင်အသုံးပြုနေသူများဖြစ်ပါသည်
Sunday, September 29, 2013
တိုင်ကြားစာ
0 comments
သို့
       ယာဉ်ထိန်း ရဲတပ်ဖွဲ့
စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်း ၄ နာရီ ၂၅ မိနစ် က Taxi အဖြူရောင် BB- 7548 Succeed
ကား သည် အုတ်ကျင်းဘူတာရုံလမ်းထိပ်တွင် လမ်းဖြတ်ကူးလာသော အဖွား တဦး ကို တိုက်ပြီး
ထွက်ပြေးသွားပါသဖြင့် ပါရမီ မီးပွိုင်တွင် လိုက်လံ ဓါတ်ပုံရိုက် တင်ပေးလိုက်ရပါသည် ။ မီး စိမ်း
သည်.နှင်.ကြုံသဖြင်.ထွက်ပြေးလွတ်မြောက်သွားပါသည် ။ ရဲတပ်ဖွဲ့ မှ့ဖမ်းဆီးနိုင်ရေးအတွက် Share ပေးကြပါရန်မေတ္တာရပ်ခံပါသည် ။
Saturday, September 21, 2013
တိုင်ကြားစာ
6 comments
ကျမ်းမာရေးဝန်ကြီး
         မုံရွာပြည့်သူ.ဆေးရုံကြီး မှ့မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးကျော်မြင့်ဟန် သည်လူနာ
များ အားခွဲးစိတ်ခန်း ၀င်ရန်အတွက် ငွေ များ ကို အတင်းတောင်းခံနေပါသည် ။ သူနာပြုဆရာ
မလေးမှ.တဦးချင်းတန်းစီ ပြီး လူနာ နှင့် လူနာရှင် များမှ့ တန်းစီ စောင့်နေရပြီး တဦးချင်းဝင်
၍ပေးနေရပါသည် ။ငွေမပေးနိုင်သော လူနာများအခက်အခဲများစွာဖြစ်ရပါသည် ။ ဆက်ဆံရေး
မကောင်း သည်.အပြင် ငွေမက်သော မေ့ဆေးဆရာဝန်ကြီး ဦးကျော်မြင့်ဟန် အား စစ်ဆေး
အရေးယူနိုင်ပါရန် စောင်.ဆိုင်းနေသော လူနာ နှင့် လူနာရှင်တို.၏ ဓါတ်ပုံနှင့်တကွတင်ပြလိုက်ရ
ပါသည် ။
                                                                သန်.ရှင်းစေလိုသူ
                                                                                                  လှစေတမာန်
Wednesday, September 18, 2013
ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး
0 comments
သို့
    ဦးသိန်းစိန်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နေပြည်တော်
    ကျွန်မသည် ပဲခူးမြစ်ကမ်းဘေးရွာတစ်ရွာတွင် တာဝန်ကျနေသော ကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။
ရွာမှမိန်းကလေးတစ်ဦး မီးဖွားရခတ်နေ၍ ပဲခူးဆေးရုံကြီးသို့ ညတွင်းချင်းရေလမ်းအတိုင်းတတ်လာပြီး ကမ်းနာမှ   
စောင်ပုခတ်ဖြင့် ရွာမှလူငယ်များဆေးရုံသို့ တလှည့်စီ ၀ိုင်းထမ်းလာကြပါသည်။ ထိုရက် သင်္ကြန်ရက်ဖြစ်ပါသည်။
ဆေးရုံအ၀တွင် မဏ္ဍာပ်များအပြည့် ပိတ်ဆောက်ထားပါသည်။ ပန်းခြံနာရီစင်ဘက်မှ စည်ပင်ရုံးလမ်းအတိုင်ဝင်ပြီး
ဆေးရုံကြီးသို့တစ်ပတ် ပတ်၍အရေးပေါ်အခန်းသို့သွားရပါသည်။ ထမ်းသူများလဲအလွန်ပင်ပန်း ကိုယ်ဝန်ဆောင်
မိခင်လဲအချိန်လွန်နေ၍ အထဲမှကလေးလဲသေဆုံးသွားပါသည်။ ကျွန်မ ထိုလူနာ၏ လူနာစောင့်အဖြစ် တစ်ပါတ်
တိတိ ပဲခူးဆေးရုံတွင်ရှိခဲ့စဉ်က လေ့လာကြုံတွေ့ရသည်များကို သက်ဆိုင်ရာများသို့အကြံပြုလိုပါသည်။
၁။ ပဲခူးဆေးရုံသို့လာတတ်ကြသူအများစုသည် မြို့ပတ်လည်ရှိ ကျေးရွာများမှဖြစ်ပြီး လူနာများ၏ ထက်ဝက်ခန့်မှာ
အထမ်းအပိုးနှင့်လာသူများဖြစ်သဖြင့် ဆေးရုံပတ်လည်ကို မီးလင်းအောင် ထွန်းပေးထားပြီး ပတ်လည်ဝင်ပေါက်များ
ရှိစေလိုပါသည်။
၂။ ဆေးရုံအတွင်းတွင် အကျဉ်းထောင်များသကဲ့သို့ သံတံခါးများအထပ်ထပ်အလုံပိတ် သော့ခတ်ထားသဖြင့် ဆေး
ထွက်ဝယ်ခြင်း ထမင်းဟင်းထွက်ဝယ်ခြင်း တခြားလိုအပ်သောအရာများ ထွက်ဝယ်ခြင်းအတွက် ငွေပေးမှဖွင့်ပေးခြင်း
များကို သက်ဆိုင်ရာမှ သိစေလိုပါသည်။
၃။ ဆေးရုံအကျိုးဆောင်မှဖွင့်ထားသည့် ဆေးဆိုင်တစ်ဆိုင်ရှိပြီး (၁၀၀) တန်ပစ္စည်းကို နေ့ (၂၀၀) ည (၅၀၀)ကျပ်
စသဖြင့် အဆများစွာဈေးတင်၍ ရောင်းနေသည်ကို သက်ဆိုင်ရာမှ လေ့လာစစ်ဆေးလိုပါသည်။ ကျွန်မအမြင်ပြော
ရလျှင် တစ်ဆိုင်တည်းရှိသဖြင့် ရောင်းချင်သလိုရောင်းနေသည်ဟု ထင်မိပါသည်။
၎။ ယခင်ထက်စာလျှင် ဆရာဝန်များ သူနာပြုများ သားဖွားများ ဆက်ဆံရေးကောင်းမွန်လာပါသည်။ နိုင်ငံတော်မှချ
ပေးသည်ဆိုသော ဆေးအချို့ကိုလဲ ဆင်းရဲနွမ်းပါးသူများကို ထုတ်သုံးပေးသည်ကိုတွေ့ရပါသည်။ သို့သော် ၀ယ်ရ
သည့်ဆေးအတွက် အဆမတန်ဈေးပေးရသည့်အတွက် မထူးခြားလှပါ။ နိုင်ငံတော်သမ္မတကြီးနှင့် ကျမ်းမာရေးဝန်ကြီး
ဌာနတို့၏ စေတနာများသည် အရာမရောက်ပါ။ ဒီမိုကရေစီခေတ် ဖြစ်သည့်အတွက် ဆိုင်သုံးဆိုင် အပြိုင်ဖွင့်စေပြီး ဈေး
ပြိုင်စနစ်ဖြင့် ရောင်းစေပါက လူနာများအကျိုးဖြစ်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
၅။ ဆေးရုံတွင် အိမ်သာသုံးရေပင် လုံလုံလောက်လောက်မရှိပါ။ လူနာနှင့် လူနာစောင့်များ မျက်နှာသစ်ရန် လက်ဆေး
ရန် နှင့်သောက်ရန် ရေသန့်ဘူးကြီးများကို တစ်နေ့ (၂၀၀၀)ခန့်ဖိုးဖြင့် ဈေးဈေးကြီးဝယ်သုံးနေရပါသည်။ နိုင်ငံတော်ငွေ
ဖြင့်လည်းကောင်း၊ နိုင်ငံခြားမှ အကူအညီဖြင့်လည်းကောင်း၊ ပြည်တွင်းအလှူငွေဖြင့်လည်းကောင်း တနည်းနည်းဖြင့်
ရေသန့်ထုတ်ပေးသော ရေစင်ကြီးတစ်ခုလောက် လုပ်ပေးသင့်သည်ဟု အကြုံပြုပါသည်။
၆။ သွေးသွင်းရမှုသည်အလွန်များပါသည်။ သွေးသွင်းရန်လိုသောအချိန်ကျမှ သွေးလှူရှင်လိုက်ရှာရပြီး ညအချိန်တွင်
အလွန်ပင် ဒုက္ခရောက်ပါသည်။ မတန်တဆ ငွေကြေးကုန်ကျမှုများကြုံရပါသည်။ သွေးလှူရှင်များ ကြိုတင်လာရောက်
လှူဒါန်းပြီး ကြာကြာထား၍ရသော သွေးသိုလှောင်မှုစနစ်မရှိကြောင်းသိရပါသည်။ ထိုကဲ့သို့ သွေးကြာကြာခံသော
သိုလှောင်စနစ်မျိုး စီမံပေးပါရန် အကြံပြုအပ်ပါသည်။ ပဲခူးမြို့တွင် သွေးလှူရှင်အသင်းများရှိပြီး ရဟန်းရှင်ပြည်သူများ
သန်ဓါ ထက်သန်စွာဇီဝိဒ ဒါနပြုသည်ကိုသိရှိရပါသည်။
    သို့ပါ၍ အထက်ဖော်ပြပါအကြောင်းအရာများကို ဆောင်ရွက်ပေးပါရန် လေးစားစွာ အကြံပြုတောင်းဆိုတင်
ပြအပ်ပါသည်။                                       
                                ဒေါ်ခင်စန်းနွယ်
                                     ပဲခူးမြို့
 မိတ္တူကို    -
    - ဒေါ်အောင်စန်ကည်၊ တရားဥပဒေစိုးမိုရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်။
    - ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး၊ ပဲခူးမြို့။
    - လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးမြို့
Sunday, September 15, 2013
Wednesday, September 4, 2013
(ပစ်စာ)
0 comments
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ  ၃၀ ရက်
အကြောင်းအရာ။ ဖောင်တော်သီကျေးရွာတွင် စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သတ်၍ ငွေပိုများ ကောက်ခံလျက်ရှိကြောင်းနှင့် ဖုန်းကဒ်အပြည့်အဝ မဲမဖောက်ပေးသည့်ကိစ္စ တင်ပြခြင်း။
၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီ ကျေးရွာတွင် ကျေးရွာဘဏ်တာဝန်ခံသည် ဘဏ်စာရင်းသွင်းရာတွင် ၂၀၀၀/- ကျပ်နှုန်းနှင့် ဘဏ် စာအုပ်ပြုလုပ်ရာတွင် ၅၀၀၀/- ကျပ်နှုန်း ကောက်ခံလျက်ရှိပါသည်။ ၂၈.၈.၂၀၁၃ ရက်နေ့တွင် ဒိုက်ဦးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာဘဏ်  တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးအ‌ေထာက်အကူအဖွဲ့တို့သည် လယ်သမားများထံမှ ၁၀ ဧက အထက် တစ်ဦး လျှင် ၁၅၀၀၀/- ကျပ်နှုန်း ၁၀ ဧက အောက် လယ်သမားများထံမှ ၁၀၀၀၀/- ကျပ်နှုန်း ထပ်မံ ကောက်ခံလျက်ရှိပါသည်။ မည်သည့်အတွက်ကြောင့် ကောက်ခံရသည်ကိုလည်း ရှင်းပြပြောဆို ခြင်းမရှိပါ။
၂။      ထိုနေ့ ၂၈.၈.၂၀၁၃ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဖုန်းမဲနိှုက်ရပါသည်။ မြို့နယ်မှ ဖုန်းကဒ် (၂၀) ပေးသော်လည်း ၁၈ ကဒ်သာမဲဖောက်ပါသည်။ ကျန် ၂ ကဒ်ကို အုပ်ချုပ်ရေးအပိုင်းမှ ယူသည်ဟုသိရပါသည်။ ယခင်အခေါက်ကလည်း အုပ်ချုပ်ရေးဝေစုအဖြစ် ယူသည်ဟုသိရပါသည်။
၃။      သို့ပါသောကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံတင်တို့၏ အဂတိလိုက်စားမှုအား တားဆီ:ဖော်ထုတ်ပေးပါရန် အစီရင်ခံတင်ပြအပ်ပါသည်။
 ဖောင်တော်သီကျေးရွာသူ/ သားများ
Monday, September 2, 2013
သမ္မတကြီးထံပေးစာ
0 comments
သို့
          ဦးသိန်းစိန်
          နိုင်ငံတော်သမ္မတ
          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
အကြောင်းအရာ။         အာဏာ/ရာထူးပိုင်ရှင်များမှ ကိုယ်တိုင်နှင့် မိသားစုကြွယ်ဝချမ်းသာရေး ဆောင်ရွက် နေကြပုံများအား တင်ပြခြင်း
သမ္မတကြီးခင်ဗျာ
၁။       မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ လုပ်ကိုင်ဆောင်ရွက်နေပုံများမှာ ပြည်သူ့အတွက်လား၊ သူနဲ့ သူ့မိသားစုအတွက်လားဆိုသည်ကို လေ့လာကြည့်ရှုစေလိုပါသည်။ ပြည်သူတွေအနေဖြင့် စနစ်တွေ ဘယ်လိုပြောင်းပြောင်း ဘာကိုမျှမျှော်လင့်စရာမရှိဘဲ မျှော်တလင့်လင့်ဖြင့်သာ ရက်၊ လ၊ နှစ်များ ကုန်ဆုံးနေရ ပါသည်။ သမ္မတကြီးက ပြည်သူအတွက် ပြည်သူကိုဗဟိုပြုကြပါ၊ ပြည်သူ့ဘ၀တိုးတက်အောင် လုပ်ပေးကြပါ၊ အာဏာနှင့် ရာထူးသည် ပြည်သူတွေအတွက် လုပ်ပေးဖို့ဖြစ်တယ်လို့ လမ်းညွှန်နေသော်လည်း အောက်ခြေ ၀န်ထမ်းများကိုမဆိုထားနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်များကပင် လုံးဝ မလိုက်နာကြပါ။ လောဘ၊ မောဟ ဖုံးလွှမ်းလွန်းနေ၍လား ဟူ၍ ယူဆစရာဖြစ်နေပါသည်။
၂။       နောက် (၅)နှစ်သက်တမ်းတွင် ယခုလိုရာထူး/အာဏာ ရမည်၊ မရမည်မသေချာ၍ လသာတုန်းဗိုင်းငင်၊ အချိန်ရှိခိုက်လုံ့လစိုက်ဆိုသည့်အတိုင်း မန္တလေးတောင်ခြေဂေါက်ကွင်းကို AK ဦးအေးကိုအား ၂၀၁၈ ခုနှစ်ထိ ငှားရမ်းထားရမည်ဖြစ်သည်ကို ထိုအချိန်အထိ မစောင့်နိုင်တော့ဘဲ အခွင့်အရေး အရယူလိုစိတ်ဖြင့် ဦးဖီလစ် ('၀' အဖွဲ့၊ ဟုန်ပန်းအဖွဲ့)ကို လွှဲပြောင်းလက်ခံစေခဲ့ပါသည်။ AK ဦးအေးကို၏အဖွဲ့တွင် ဦးရဲမြင့်၏သား နိုင်လင်းမောင် ပါဝင်ခွင့်မ၍ ဖိအားပေးပြီး အချိန်မစေ့မီ အာဏာသုံး၍ လွှဲပြောင်းရယူလိုက်ပါသည်။ ဦးအေးကို မှာ ဂေါက်ကွင်းတွင် ဆောက်လုပ်ဆဲလုပ်ငန်းများပင် မပြီးသေးသော်လည်း ကြောက်လန့်မှုကြောင့်သာ လွှဲပြောင်း ပေးခဲ့ရပါသည်။ လုံးဝကြေနပ်ခြင်းမရှိပါ။
၃။       ဂေါက်ကွင်းမှာ စည်ပင်ပိုင်ဖြစ်၍ ဦးအေးကိုနှင့်အတူ ရှယ်ယာပါဝင်ပါသည်။ ယခင်က MIC ခွင့်ပြုချက်ဖြင့် ဦးအေးကို လုပ်ကိုင်ခွင့်ရခဲ့သော်လည်း ယခု ဦးရဲမြင့်၏အာဏာဖြင့် လွှဲပေးခဲ့ရပါသည်။ MIC မတင်ပါ။ ရာထူး၊ အာဏာတန်ခိုးဖြင့် "ဟုန်ပန်းကုမ္ပဏီလက်သို့ ရောက်စေသတည်း" ဖြစ်ခဲ့ရပါသည်။
၎။       ထို့ထက်ပိုတာများ ရှိပါသေးသည်။ Convention Center ဆောက်လုပ်ရေးတွင် ရွှေတောင်အဖွဲ့၊ Ultra၊ အောင်မြင်သူဆောက်လုပ်ရေးအဖွဲ့တို့က နိုင်ငံတော်အတွက် အကျိုးခွဲဝေမှုပိုပေးအောင်လည်း ဦးရဲမြင့်သမီး ရှယ်ယာပါသော နယူးစတားလိုက်အဖွဲ့ကို ခွင့်ပြုလိုက်သည်။ နယူးစတားမှာ အာဂုံ (ခ) ကျော်ကျော်ဝင်းဖြစ် သည်။ အာဂုံမှာ တရုတ်လူမျိုးဖြစ်ပါသည်။ အလွန်နာမည်ကြီးပါသည်။ လူတိုင်းလည်းသိပါသည်။ ၀န်ကြီးချုပ်က လုပ်ငန်းပေါင်းများစွာ ခွင့်ပြုပေးထား၍လည်းကောင်း၊ မြေကွက်ပေါင်းများစွာပေးထားခြင်း၊ လုပ်ပိုင်ခွင့် လန-၃၀ (က) နှင့် (ခ)ကို လွယ်လွယ်ကူကူပေးခံရခြင်းကြောင့် အာဂုံသည် အရေးပါနေပါသည်။ ကိစ္စကြီးငယ်ရှိ၍ ဦးရဲမြင့်ထံ ချဉ်းကပ်ပြောစရာရှိပါက အာဂုံကိုအားကိုးလျှင် အားလုံးပြီးပါသည်။ တရုတ်လူမျိုးက အရေးပါပြီး တွင်ကျယ်နေသည်။ ရှေ့တန်းရောက်နေပါသဖြင့် မြန်မာလူမျိုးများ ရင်ထုမနာ ဖြစ်ကြရပါသည်။
သမ္မတကြီးခင်ဗျာ
၅။       ၀န်ကြီးချုပ် ဦးရဲမြင့်၏ လုပ်ကိုင်ဆောင်ရွက်နေပုံများကို စုံစမ်းကြည့်ပါက ယခုထက်ပိုကြောင်း တွေ့ရမည် ဖြစ်ပါသည်။ သမ္မတကြီး ဘာပြောနေနေ မလိုက်နာပါ။ အကျင့်မပြောင်းပါ။ လာဘ်ပေး၊ လာဘ်ယူ နှင့် ငါ့အတွက် ငါ့မိသားစု ငါ့ဆွေမျိုးအတွက်က ပိုလို့တောင်လွန်ကဲလျက်ရှိပါသည်။ ထို့ထက်ပိုဆိုးသည်မှာ မြန်မာတွေချမ်းသာအောင် လူတန်းစေ့နေနိုင်အောင် လုပ်ပေးရမည့်အစား တရုတ်တွေပဲ ပိုလို့ချမ်းသာအောင် လုပ်နေပါသည်။ မန်းမြို့သည် ရတနာပုံမဟုတ်တော့ဘဲ "တရုတ်ပုံမြို့တော်" ဖြစ်နေ၍ သမ္မတကြီး ကယ်တော် မူပါလို့ အော်လိုက်၍ တင်ပြပါရစေခင်ဗျား။
                                                                                     စည်ပင်ဝန်ထမ်းများ
မိတ္တူ
          သူရ ဦးရွှေမန်း၊ နာယက၊ ပြည်ထောင်စုလွှတ်တော်
          ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးကော်မတီ၊ နေပြည်တော်
          ဗိုလ်ချုပ်ကြီး ကိုကို၊ ပြည်ထဲရေးဝန်ကြီး၊ နေပြည်တော်
          ဦးစိုးသိမ်း၊ သမ္မတရုံးဝန်ကြီး၊ နေပြည်တော်
          တရားသူကြီးချုပ်၊ တရားလွှတ်တော်ချုပ်၊ နေပြည်တော်
          နိုင်ငံတော်ရှေ့နေချုပ်၊ နေပြည်တော်