Thursday, September 5, 2013

အယ်ဒီတာ မှ သမ္မတကြီး ထံတင်ပြပေးပါ။ှ

1 comments:

Anonymous said...

စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေး ၀န်ကြီး
ဦးဝင်းမြင့်သို့အသနားခံစာ
ဝန်ကြီးရှင့်
တရုတ်နိုင်ငံမှ ဘဲမွှေးများတင်သွင်းရာ မွေးမြူရေးနှင့် ကုသရေးဦးစားဌာန ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ (တိမွေးကု) MINISTRY OF LIVESTOCK,FISHERIES & RURAL DEVELOPMENT (LIVESTOP BREEDING AND VETERINARY DEPARMENT ,VETERINARY DIAGNOSTIC LABORATORY INSEIN,YANGO,MYANMAR ,PH: 951-642395) သို့တရားဝင် လျှောက်ထားရာ တွင် ရောဂါကင်းရှင်းကြောင်းထောက်ခံချက်ရမှသာ ဘဲမွှေးကို ဆိုက်ရောက် ဆိပ်ကမ်းများမှ ထုတ်ယူခွင့်ရရှိခဲ့ပါသည်။
ထိုသို့လျှောက်ထားရာတွင် တရုတ်နိုင်ငံအစိုးရရုံးမှ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်နှင့် တင်သွင်းလာရော ဘဲမွှေးများ ကို DHL ဖြင့် ပို့စေပြီး ရောဂါကင်းရှင်းကြောင်းကို သွားရောက် အစစ်အဆေးခံယူပြီး အတည်ပြုမှု ရမှသာ ဘဲမွှေး ကို ဆိပ်ကမ်းတွင်ထုတ်ယူခွင့်ရရှိခဲ့ပါသည်။
ယခုအခါ H1N1 ရောဂါနှင့် ခွါနာလျှာနာ ဖြစ်နေသည်ဟုသောအကြောင်းပြချက်ဖြင့် လျှောက်ထားမှုကို တင်သွင်းခွင့်ပိတ်ပင်ခဲ့ပါသည်။
ဝန်ကြီးရှင့်
တားမြစ်ချက်ကိုများစွာ နားလည်လက်ခံပါသည် ။ သို့ရာတွင့် တရားဝင် အမိန့်ထုတ်ပြန်ထား ချက်မရှိခြင်း ၊ မွေးမြူရေးနှင့် ကုသရေးဦးစားဌာန မှတင်သွင်းခွင့် ပိတ်ပင်ခြင်းကို တရားဝန် ထုတ်ပြန်ကြေဌာထားမှုလုံးဝမရှိခြင်း၊ ကုန်သွယ်ရေး ၀န်ကြီးဌာနတွင် လိုင်စင်လျှောက်ခွင့် ရရှိခြင်း တို့ကြောင့် တရုတ်နိုင်ငံမှ ဘဲမွှေးများကို တင်သွင်းခဲ့ပါသည်။ သို့ ရာတွင် (၉-စက်တင်ဘာ-၂၀၁၃) ရက်နေ့တွင် ဘဲမွှေး သွားရောက်လျှောက်ထား ရာတွင် H1N1 ရောဂါနှင့် ခွါနာလျှာနာ ရောဂါ တရုတ်တွင်ရှိနေသောကြောင့် တရုတ်မှတင်သွင်းလာသော ဘဲမွှေး ကုန်ကြမ်းများကို ရုတ်တရတ် ပိတ်ပင်လိုက်ပါသည်။
ယခုအခါ ဆိပ်ကမ်းများ သို ဘဲမွှေးကွန်တိန်များရောက်ရှိနေပါသော်လည်း ထုတ်ယူခွင်မရပဲ အခက် အခဲများစွာဖြစ်ပေါ်နေပါသဖြင့် စက်ရုံများမှာကွန်တိန်နာထုတ်ယူခွင့်မရပဲ ထိုကိစ္စအားမည်သို့ ဆက်လက် ဆောင်ရွက်ရမည် ကိုမသိရှိပါသဖြင့် သနားညှာတာသောအားဖြင့် ဖြေရှင်းပေးပါရန် လေးစားစွာ အသနားခံတင်ပြ အပ်ပါသည်။
လေးစားစွာဖြင့်
စက်ရုံမန်နေဂျာတစ်ဦး

Post a Comment