Wednesday, September 4, 2013

(ပစ္စာ)

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ  ၃၀ ရက်

 

အကြောင်းအရာ။ ဖောင်တော်သီကျေးရွာတွင် စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သတ်၍ ငွေပိုများ ကောက်ခံလျက်ရှိကြောင်းနှင့် ဖုန်းကဒ်အပြည့်အဝ မဲမဖောက်ပေးသည့်ကိစ္စ တင်ပြခြင်း။

 

၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီ ကျေးရွာတွင် ကျေးရွာဘဏ်တာဝန်ခံသည် ဘဏ်စာရင်းသွင်းရာတွင် ၂၀၀၀/- ကျပ်နှုန်းနှင့် ဘဏ် စာအုပ်ပြုလုပ်ရာတွင် ၅၀၀၀/- ကျပ်နှုန်း ကောက်ခံလျက်ရှိပါသည်။ ၂၈.၈.၂၀၁၃ ရက်နေ့တွင် ဒိုက်ဦးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာဘဏ်  တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးအ‌ေထာက်အကူအဖွဲ့တို့သည် လယ်သမားများထံမှ ၁၀ ဧက အထက် တစ်ဦး လျှင် ၁၅၀၀၀/- ကျပ်နှုန်း ၁၀ ဧက အောက် လယ်သမားများထံမှ ၁၀၀၀၀/- ကျပ်နှုန်း ထပ်မံ ကောက်ခံလျက်ရှိပါသည်။ မည်သည့်အတွက်ကြောင့် ကောက်ခံရသည်ကိုလည်း ရှင်းပြပြောဆို ခြင်းမရှိပါ။

 

၂။      ထိုနေ့ ၂၈.၈.၂၀၁၃ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဖုန်းမဲနိှုက်ရပါသည်။ မြို့နယ်မှ ဖုန်းကဒ် (၂၀) ပေးသော်လည်း ၁၈ ကဒ်သာမဲဖောက်ပါသည်။ ကျန် ၂ ကဒ်ကို အုပ်ချုပ်ရေးအပိုင်းမှ ယူသည်ဟုသိရပါသည်။ ယခင်အခေါက်ကလည်း အုပ်ချုပ်ရေးဝေစုအဖြစ် ယူသည်ဟုသိရပါသည်။

 

၃။      သို့ပါသောကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံတင်တို့၏ အဂတိလိုက်စားမှုအား တားဆီ:ဖော်ထုတ်ပေးပါရန် အစီရင်ခံတင်ပြအပ်ပါသည်။

 

 

 ဖောင်တော်သီကျေးရွာသူ/ သားများ

 

0 comments:

Post a Comment