Monday, August 5, 2013
ဥပဒေ သာရှိပြီးလိုက်နာသူ/အရေးယူခြင်းမရှိပုံများကိုတင်ပြပေးပါ။
Thursday, August 1, 2013
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုစည်းမှူးတို့သည်{GSM SIM} များကိုလိမ်လည်ထုတ်ယူမှုများ လိုအပ်သလို အရေးယူပါရန်
Wednesday, July 31, 2013
ရွှေပေါက်ကံမြို့သစ်ရှိရေမစီးသောရေမြောင်းများအားပြုပြင်ပေးစေလိုခြင်း
Wednesday, July 24, 2013
တိုင်စာ
စည်ပင်သာယာရေးကောင်မတီ
မရမ်းကုန်းမြို့နယ်။
အကြောင်းအရာ။ ၊ မြေတိုး၊ခြံခိုးကာနေခြင်းများ တားမြစ်ပေးရန်။
မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ကျောက်ရေတွင်းမြောက်ပိုင်း ၊အလယ်ပိုင်း
ဘုရင့်နောင်လမ်းရှိ ခြံအချို့မှာ အနောက်ဘက် ပိုက်လုံးဘက်သို့ ၆
ပေခန့်ခြံခိုးကာနေပါသဖြင့်တားမြစ်ပေးပါရန်။ အချို့မှာ သွပ်ဖြင့်ကာပြီး (
သီရိဓမ္မာရုံကျောင်းအနီးခြံ) ၊ အချို့မှာ အုတ်ဖြင့်ကာထားပါသည်။( ခရစ်ယန်
ကျောင်း အနီး)
ရပ်ကွက်သားများ
Monday, July 1, 2013
Sunday, June 30, 2013
Hello
How are you and your family? I believe everything is good around you!It's nice having your address with the aid of my new search device. I'm just looking for better friendship and pen pals both women and men to share interest and lot more with. I love discussing all issues and learning other people's cultures and languages; and i just want to have a lot of good and lasting friends outside my country. You know that friends 're like clothing, and life is naked without one!
I'm Elizabeth Jennifer Moore by name; Am an American and resides here in New York. My city, Yonkers is such a wonderful place to behold (let me not bore you with my city's history for now lol)I work with a resettlement and visa processing assistance agency here in New York City.
I want to present myself from the best side! I am romantic and emotional, I expect all the good and interesting from my future and I am sure that I can create the future myself! You will get from life what you invest in it. I have my pure soul, kind heart and friendly character, so I hope to get just good things instead!
I like making friends across all divides, and I will be happy to have you as a very good friend from a different environment and cultural background. I like discussing everything, and traveling is part of me (my dream is to traverse the globe someday)
I strongly believe on friendship, and never missed making one whenever opportunities occur like this. I believe that friendship is part and parcel of one's life; Best friends are like diamonds, precious and rare. While money might make one wealthy, but friends make one rich.
Hey, I can't afford to hear you say "nope" to my request please! I will just cross my fingers and wait for your lovely response, and will be happy if you include more about yourself when replying.
I will be expecting your quick response.
Liz
Tuesday, June 25, 2013
Fwd: ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြချင်း
From: whisper whisper <whisper021@gmail.com>
Date: 2013/6/26
Subject: ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြချင်း
To: mmopenletter.send@blogger.com
ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြချင်း
Sunday, June 16, 2013
liongrandpapa@gmail.com has shared something with you
ကြည့်လုပ်ကြပါဦး ပို့ဆောင်ရေးဝန်ကြီးဌာန ရေ
http://www.thithtoolwin.info/2013/06/blog-post_2223.html#.Ub3NKpu-its.email
--- This message was sent by liongrandpapa@gmail.com via http://addthis.com. Please note that AddThis does not verify email addresses.
To stop receiving any emails from AddThis, please visit: http://www.addthis.com/privacy/email-opt-out?e=qw7bdNlp03fafMJt02uYatN30lnUddl.0XzEN9V22w
Thursday, June 13, 2013
အယ်ဒီတာမှတဆင့် သမ္မတကြီးထံပေးစာ
သို့ 
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်
အကြောင်းအရာ။ အရည်အချင်းရှိ အရာထမ်းများ ခန့်အပ်နိုင်ရေးကိစ္စ
သမ္မတကြီးခင်ဗျား
၁။ ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရကိုယ်စား အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ခံ ဆောင်ရွက်ပေးရပြီး အချို့ ကိစ္စများတွင် ပြည်ပနိုင်ငံများ၊ အဖွဲ့ အစည်းများ နှင့် ဆက်ဆံဆောင်ရွက်ရသည့် ၀န်ကြီးဌာနတစ်ခုဖြစ်ပါသည်။
၂။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တာဝန်ခံ ဆောင်ရွက် ပေး ရာတွင် ခရီးသွားပြည်သူများ၏ ဘေးအန္တရာယ်နှင့် ဆက်စပ်နေသည်ဖြစ်ရာ ၀န်ကြီးဌာနအောက်ရှိ ဌာနခွဲများတွင် အရည်အချင်းပြည့်မီသော၊ ကျွမ်းကျင်မှုရှိသော သူများအား တာဝန်ပေးအပ်ထမ်းဆောင်စေမှသာလျှင် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ ဒီမိုကရစေီနိုင်ငံသစ်ဆီသို့  ချီတက်နေချိန်တွင် ပြည်သူဗဟိုပြု ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပအဖွဲ့  အစည်းများနှင့်လည်း သိက္ခာရှိစွာ ဆက်ဆံဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
၃။ ရေကြောင်း/လေကြောင်းအန္တရာယ်များ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေသည့် အတွက် ဝန်ကြီးဌာနအနေဖြင့် လက်အောက်ခံအဖွဲ့  အစည်းများရှိ သက်ဆိုင်ရာ ဌာနခွဲများအလိုက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့်ဆက်စပ်နေသည့် ဌာနများတွင် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် သင်တန်းအောင်မြင်ပြီး အရည်အချင်းပြည့်မီသူများကိုသာ စီစစ်ရွေးချယ် ခန့်အပ် တာဝန်ပေးသင့်ပါသည်။
၎။ သို့ ဖြစ်ရာ ပို့ ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူဗဟိုပြု ၀န်ဆောင်မှု လုပ်ငန်းကိစ္စရပ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့် ဆက်စပ်နေသည့် လက်အောက်ခံ ဌာနများတွင် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် အမှန်တကယ် ကိုက်ညီသူများကိုသာ ရွေးချယ်/တိုးမြှင့် ခန့် အပ် တာဝန်ပေးသင့်ပါသဖြင့် သမ္မတကြီးမှ လမ်းညွှန် စီစစ်မှု ပြုလုပ်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
ရိုသေလေးစားစွာဖြင့် -
ဝန်ထမ်းတစ်ဦး
ပို့ ဆောင်ရေးဝန်ကြီးဌာန
မိတ္တူကို -
သူရဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ
ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ
ဦးဉာဏ်ထွန်းအောင်၊ ပြည်ထောင်စုဝန်ကြီး၊ ပို့ ဆောင်ရေးဝန်ကြီးဌာန
ဦးကျော်သူ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ
အယ်ဒီတာ မှတဆင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့  ပေးစာ
လေးစားရပါသောဥက္ကဌ ကြီးခင်ဗျား-
( ၁. ၆ . ၂၀၁၃ ) နေ့ တွင်ကျင်းပခဲ့သော
အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းနှင့် စပ်လျင်းသည့်
ညှိနှိုင်းဆွေနွေးပွဲနှင့် ပတ်သက်၍တင်ပြလိုက်ပါသည်။
ရှေးဦးစွာ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းန
မြန်မာနိုင်ငံသားအင်ဂျင်နီယာမျာ
ဖွင့်လှစ်သင်ကြားပေးသော အင်ဂျင်နီယာကျောင်းများမှ
ပေါက်ဖွားလာသူများဖြစ်ပါသည်။ အထူးတလည် ထိုအသင်းသို့ ဝင်စရာမလိုပါ။
( မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
တွင်သာရှိသင့်သည့် အဖွဲ့ အစည်းဖြစ်ပါသည်။)စတင်ဖွဲ့ စည်းစဉ်ကလည်း
အင်ဂျင်နီယာ များ၏ လူမှုရေး၊သာရေး၊နာရေးများ
အခွင့်အရေးများအတွက်ရည်ရွယ်၍ ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါသည်။
(အင်ဂျင်နီယာလုပ်ငန်းများနှင့်
့၍ဥပဒေများထပ်မံထုတ်ပြန်ရန်
မလိုပါ။)နိုင်ငံသားပိုင်ဖြစ်စေ၊
အဖွဲ့ အစည်းတွင်မဆို အင်ဂျင်နီယာများသည် မိမိ၏ထမင်းအိုးနေရာ
တည်မြဲရေးအတွက် အစဉ်ကြိုးစား နေကြရပါသည်။ အရည်အသွေး၊ကိုယ်ကျင့်တရားနှင့်
ကြိုးစားမှုတို့ အရ အထက် နှင့် အောက် ဟူသည့်
သတ်မှတ်ချက်သည် အမြဲရှိနေမည်ဖြစ်ပါသည်။ အမျာနည်းတူ
မလေ့လာ၊မကြိုးစား၊ကိုယ်ကျင့်တရာ
အများတကာထက် နောက်ကျကျန်ရစ်မည်ဖြစ်ပါသည်။
ဥပမာအားဖြင့် D.S.A ဗိုလ်သင်တန်းတွင် သင်ကြားခဲ့ရသော
ပညာများသည်အတူတူပင်ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည်၊ကိုယ်ကျင့်တရား
နှင့် ကြိုးစားမှု တို့ အရ ကွာခြားသွားခဲ့ကြရပါသည်။အဆင့်
ရာထူးမတက်ပဲကျန်ရစ်သူများ၊ အငြိမ်းစားပေးခံရသူများ၊အရပ်ဘက်
ရွှေ့ ခံရသူများ၊ထုတ်ပယ်ခံရသူများ၊အေ
ရှိခဲ့ပါသည်။ ရာထူးအဆင့်တိုးမြှင့်ကာလ တစ်နှစ် အတွင်းတွင်လည်း
မိမိကိုယ်မိမိ မထိမ်းသိမ်းနိုင်မှု၊အခက်အခဲမျာ
့ကြောင့် ရာထူးအဆင့်မတက်ခဲ့သူများလည်းရှိ
၊ကိုယ်ရည်ကိုယ်
သွေးမြင့်မားမှု၊အထက်လူကြီး၏ ယုံကြည်ကိုးစား ခံရမှုတို့ ကြောင့်
အခြားအဆင့်မှ အရာရှိဖြစ်ခဲ့ကြသူများလည်းများ
တပ်မမှူးတိုင်း
၊တိုင်းမှူးမဖြစ်နိုင်ပါ။ခေါင်း
နောက်လိုက်ကောင်း၏အရည်အသွေးသည်
ယခု မြန်မာနိုင်ငံတွင် အင်ဂျင်နီယာသင်တန်း
များစွာရှိပါသည်။ THS ,ETEC,EGTI,AGTI,B-Tech,BE.ME စသည်အပြင်ဌာနတွင်း
သင်တန်း များစွာရှိပါသည်။မည်သည့်ဘွဲ့ ပင်ရရှိပါစေ၊
လုပ်ငန်းရှင်သည်သူအသုံးတည့်မည့်
{ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
အခြားသူများ၏လက်အောက်တွင် တာဝန်ထမ်းဆောင်လုပ်ကိုင်ကြရမည်
ဟူသော အကြောင်းပြချက်ဖြင့် ပြည်ပရင်းနှီးမြှုတ်နှံသူများထံ
ထမင်းရှာဖွေစားသောက်ခွင့်ကို BE ဘွဲ့ ရများသာ လုပ်ကိုင်စားသောက်ခွင့်ရရန်
စီမံကိန်းချ၍ ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်ပါသည်။ BE
ကျောင်းဆင်းတိုင်းအတွက်လည်းမဟု
ထို့ အပြင် နိုင်ငံတော် အုပ်ချုပ်သူလူကြီးများထံ ယုံကြည်လောက်အောင် အမျိုးမျိုး
တင်ပြ၍ အကာအကွယ်ယူကာ စည်းကမ်းဥပဒေများ ထုတ်ပါလိမ့်မည်။
မည်သည့်အစိုးရပင်တက်ပါစေ၊ တက်လာသည့်အစိုးရ၏ကျားကန်အဖွဲ့ 
အစည်းတစ်ခုဖြစ်လာစေရန် အကြောင်းပြ၍ သူတို့ ၏လုပ်ပိုင်ခွင့်
အကျိုးစီးပွားအတွက် ထိုအစိုးရကို အသုံးချပါလိမ့်မည်။သူတို့ ၏
ခွင့်ပြုချက်
ရမှသာ အလုပ်လုပ် ခွင့်ရှိသော Proffessional Engineer
ဟူသောလုပ်ကိုင်စားသောက်ခွင့်ကို ချုပ်ကိုင်ပါလိမ့်မည်။နိုင်ငံေ
ထုတ်ပေးထား
သော ထမင်းစားခွင့်အောင်လက်မှတ်ကို ထပ်မံချုပ်ကိုင်မည့် အဖွဲ့ အစည်းအား
မြန်မာနိုင်ငံသားအင်ဂျင်နီယာ များအားလုံး (လုံးဝ) မလိုလားပါ။
သူတစ်ပါး၏ ထမင်းရှာဖွေ စားသောက်ခွင့်သည် ချုပ်ကိုင်ကောင်းသော အရာမဟုတ်ပါ။ }
ဘ၀ပေးအခြေအနေ အရ ပညာရေးအား ရောက်ရှိသည့်နေရာတွင်ရပ်တန်
့ကာ ၀မ်းစာရှာဖွေရင်း ထိုပညာကို ဆက်လက်လေ့လာ
ဆည်းပူးနေသူ များစွာရှိပါသည်။( ပြည်ပကုမ္မဏီများသည် ဘွဲ
့လက်မှတ်ကိုအဓိကမထားပဲ ထိုသူ၏လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊ကြိုး
စားမှု တို့ ကိုသာကြည့်ရှု ကြပါသည်။ BE ,ME ဟူ၍ ဦးစားမပေးပါ။
ကျွန်တော်တင်ပြသည်ကို ချက်ချင်းမယုံပဲ EU ,အမေရိက နှင့် စင်္ကာပူ၊
ဂျပန်တို့ ရှိ သံရုံးများကိုစုံစမ်းခိုင်းကြည်
မြန်မာနိုင်ငံသားအင်ဂျင်နီယာမျာ
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို ဦးစွာ
စီစစ်မြှင့်တင်ပေးပြီး ၊နိုင်ငံသားများအတွက် လုံလောက်သော ကာကွယ်မှု
ဥပဒေထုတ်ပေးရန်သာရှိပါသည်။ ( နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်သင်
ကြားပေးသော ကျောင်းများမှအောင်မြင်ပြီး ထမင်းရှာဖွေစားသောက်သူများသည်
Proffessional Engineer များဖြစ်ကြပါသည်။ ထိုသူများ
သည်လည်း အရည်အသွေးအရ ထိုက်သင့်သည့် နေရာများတွင်သာ လုပ်ကိုင်နေကြရသူများ
ဖြစ်ကြပါသည်။ လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊
ကြိုးစားမှု တို့ အရ အထက် နှင့်အောက် ဆိုသည့်သတ်မှတ်ချက်မှာ
မည်သည့်နိုင်ငံသားနှင့်မဆို နေရာတိုင်းတွင်ရှိပါသည်။ အင်ဂျင်နီယာ
လုပ်ငန်း
တွင် မနိုင်သည့်ဝန်ကိုထမ်း၍ လည်း လိမ်ညာထမင်းရှာစား၍မရပါ။ ထိုသူများကို
ဥပဒေထုတ်၍ ချုပ်ကိုင်ကန့် သတ်စရာ အကြောင်းလုံးဝမရှိပါ။)
တင်ပြလိုသည်မှာ အစိုးရအဆက်ဆက်၏ သမိုင်းသည်
ကောင်းချင်မှကောင်းပါလိမ့်မည်။ လေ့လာကြည့်လျှင် အစိုးရတွင် အပြစ်
မရှိပါ။ (အစိုးရသည် မိဘဖြစ်၍ နိုင်ငံသားများသည် သားသမီးဖြစ်သည်။
မည်သည့်မိဘကမျှ မိမိ၏အိုးအိမ်၊သားသမီးများကို ပျက်စီးအောင်မလုပ်
ကြပါ။အစိုးရအဖွဲ့ ဝင်များ၏ လုပ်ပိုင်ခွင့်ကိုအကာအကွယ်ယူ၍
လူတစ်ဦးတစ်ယောက်၊အဖွဲ့ အစည်းတစ်ခု၏ လုပ်ပိုင်ခွင့် ၊အကျိုးစီးပွားအတွက်
အစိုးရကို မလိမ့်တပတ် အသုံးချခဲ့သူများတွင်သာ အပြစ်ရှိပါသည်
။ဥပမာအားဖြင့်- ပြည်သူလူထုအပေါ် မသမာသောနည်းလမ်းဖြင့် ငွေကြေး
အမြတ်ထုတ်သောဝန်ထမ်းများ၊လူကြီး
များအပေါ် ငွေကြေးရာခိုင်နှုန်းကောက်ခံပြီ
များအား နှိပ်ကွပ်သောအရာရှိ များအား ယနေ့ အထိမြင်တွေ့ နေရသော်လည်း
၊ထိုကိစ္စများကြောင့် ဘာမျှပင်မသိလိုက်ရသော ၀န်ကြီးအချို့ မှာ
တာဝန်ယူနှုတ်ထွက်ခဲ့ရပြီးဖြစ်
အစပြုနေပြီဖြစ်ပါသည်။ ဥပဒေတစ်ရပ်ကို စေတနာအမှားဖြင့် မထုတ်ပြန်စေလိုပါ။
ထွက်ပြီးသားဆင်စွယ်သည် ပြန်ဝင်ရန် ခဲယဉ်းပါသည်။စေတနာအမှား ဆိုသော်လည်း
ပြန်ပြင်ရန် သိက္ခာများပေးဆပ်ရပါမည်။ နောင်တစ်ချိန်
တွင် ထိုဥပဒေပြဌာန်းခွင့်ပြုသူသည် တရားခံဖြစ်ပါလိမ့်မည်။
လူတန်းစားတစ်မျိုး၏ အကျိုးစီးပွား၊လုပ်ပိုင်ခွင့် အတွက် အခြားသူများ၏
ရိုးသား
ပြီး အ,ကုသိုလ်ကင်းသော ထမင်းရှာဖွေစားသောက်ခွင့်ကို ပိတ်ပင်လျှင်
တူသောအကျိုးပေးပါလိမ့်မည်။ ထိုကိစ္စအတွက်အစစ အရာရာ စီစဉ်
ပြီးဖြစ်နေပါကလည်း ပြန်လည်ပယ်ဖျက်ပေးရန်အနူးအညွတ် မေတ္တာရပ်ခံပါသည်။
( ထမင်းရှာဖွေစားသောက်ခွင့်ကို ချုပ်ကိုင်သော
ဥပဒေပြဌာန်းခြင်းသည် မြန်မာနိုင်ငံသားအင်ဂျင်နီယာမျာ
မြှင့်တင်ခြင်း
မဟုတ်ပါ။ မြန်မာနိုင်ငံသားအင်ဂျင်နီယာမျာ
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို
ခန့် ထားခြင်း၊မွမ်းမံသင်တန်းပေြး
နှင့် မြန်မာနိုင်ငံသားအင်ဂျင်နီယာမျာ
မှုရရှိစေရန် ရင်နှီးမြှုတ်နှံသူများအား
သင့်တော်သည့်ဥပဒေထုတ်ပြန်ခြင်း
ထပ်မံတင်ပြပါသည်။ )
အင်ဂျင်နီယာကောင်စီဥပဒေကြမ်းနှ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
့ထွင်မည့်သူများကို တားဆီးခြင်း
ဖြင့် အစပြု၍ အစိုးရအဖွဲ့ ဝင်များ၏သားသမီးများသည် မိမိ၏ဖခင်အမည်ကို
လူအများကြားတွင် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုရဲပြီး ဂုဏ်ယူနိုင်သော
အဖြစ်သို့ ရောက်ရှိနိုင်ပါစေရန် ဆုတောင်းပေးပါသည်။
မြန်မာနိုင်ငံတွင် ထိုကိစ္စထက်ပိုမိုအရေးကြီးသော
ကိစ္စများစွာရှိပါလိမ့်မည်။
အစိုးရအဖွဲ့ အား(ကွယ်ရာတွင်လှောင်ရီရီ၍
)အသုံးချခြင်း၊ကင်းရှင်းကြပါစေ။
Wednesday, June 12, 2013
Sunday, June 9, 2013
The Rihgt Time News သို့ (အိတ်ဖွင့်ပေးစာ)
The Right Time News ၏ ဇွန်လ ၁၂ ရက်နေ့ထုတ် Vol _1, No_14 စာမျက်နှာ ၃၁ ပါ ဆောင်းပါးတွင် ဖော်ပြပါရှိချက်များအရ ဤစာကိုရေးသားရခြင်းဖြစ်ပါသည်။
ပြည်ပနိုင်ငံထုတ် မီဒီယာမှ သတင်းကိုပြန်လည်ဖော်ပြခြင်းဖြစ်သည်ဟုပါရှိပါသည်။ သတင်းတစ်ပုဒ်လုံး ခြုံငုံ ကြည့်လျင် ကာယကံရှင် ဦးအောင်သောင်း တစ်ဦးတည်းကိုသာ တိုက်ခိုက်ရေးသာထားသည်ကို တွေ့ရ ပါသည်။ သို့သော်လည်း သတင်းသေချာမှုရှိမရှိ လေ့လာစုံစမ်းမှုမပြုဘဲ ကာယကံရှင်အား ပုတ်ခတ်ရေးသား ထားမှန်း သိပါလျက် နှင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု သက်သက်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပါသည်။
အယ်ဒီတာအဖွဲ့၏ လူ့ကျင့်ဝတ်မစောင့်စည်းခြင်း၊ မီဒီယာလောက၏ လွတ်လပ်စွာရေးသားခွင့်ရရှိခြင်းအား လွဲမှားစွာအသုံးပြုခြင်းတို့ကြောင့် မည်သို့သော ထိခိုက်မှုများရှိမည်ဟုထင်ပါသနည်း။ မသိလျင် ပြောပါမည် -
(၁) လက်ရှိအဖွဲ့အစည်းအတွင်း အထင်အမြင်လွဲမှားစေပြီး အချင်းချင်းသံသဖြစ်ပွားကာ ယုံကြည်မှုအားနည်း လာနိုင်ခြင်း။
(၂) ကာယကံရှင်သည် သဘောထားတင်းမာသူ၊ နောက်ကြောင်းပြန်လှည့်ချင်သူ၊ အဓိကရုဏ်းများစွာကို ဦးဆောင်ကိုင်တွယ်သူအဖြစ် ပုံဖော်ထားပြီး နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အဓိက ဖျက်ဆီး နေသူဟု ဖော်ပြသည့်အတွက် ကာယကံရှင်နှင့် နိုင်ငံတော်၊ ပြည်သူများအကြား အခြေအနေအမှန်ကို ထဲထဲ ၀င်ဝင်မသိရှိမှုကြောင့် ယုံကြည်မှုကင်းမဲ့လာနိုင်သဖြင့် ကာယကံရှင်၏ ဂုဏ်သိက္ခာကို များစွာထိခိုက် စေခြင်း တို့ကို အကြမ်းဖျဉ်းအားဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။
ကိုယ်ဖော်ပြသောသတင်းကို ကိုယ်တိုင် အပြည့်အစုံဖတ်ပြီးပြီဟု ယူဆပါသည်။ အယ်ဒီတာအဖွဲ့၏ လေ့လာမှု အားနည်းခဲ့သည်များကို ပြန်လည်ဖော်ပြပါမည် -
(၁) ဦးဝီရသူတရားဟောအပြီး အဓိကရုဏ်ဖြစ်ပွားကြောင်း ဖော်ပြထားခြင်းအား ဦးဝီရသူမှ အင်တာဗျူး တစ်ခုတွင် ဖြေကြားထားတာရှိပါသည်။ https://www.facebook.com/ven.wirathumsy?fref=ts မှာ သွားရောက်ဖတ်ရှုနိုင်ပါသည်။
(၂) ရခိုင်တွင် မသီတာထွေးကိုရက်ရက်စက်စက်သတ်ခြင်း၊ မိတ္ထီလာတွင် ဆရာတော် ဦးသောဘိတအား ရက်ရက်စက်စက်သတ်ခြင်း၊ လားရှိုးတွင် မအေးအေးဝင်းအား ဓါတ်ဆီလောင်းပြီးမီးရှို့ခြင်းများကြောင့် ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းဖြစ်သည်ကို မသိရှိပါသလော။ အကြမ်းဖက်မှုများကို ဦးအောင်သောင်းမှ ကြိုးကိုင်သည်ဆိုပါက ကြိုက်သလိုစုံစမ်းနိုင်သည်။ ကာယကံရှင်အားမေးမြန်းလာပါကလည်း ဖြေဆိုပေးမည် ဖြစ်ပါသည်။
(၃) ဦးအောင်သောင်းသည် ဇနီးသည်၏ကျန်းမာရေးအခြေနေကြောင့်လည်းကောင်း၊ ကိုယ်တိုင်လည်း ကျန်းမာ ရေးအနည်းငယ်ချို့ယွင်းမှုကြောင့်လည်းကောင်း ယခင်ကကဲ့သို့ ခရီးမထွက်ခွာနိုင်တော့ပဲ မိမိအိမ်တွင်သာ ဇနီးသည်၏ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ပေးလျက်ရှိသည်။ ကြိုက်ရာနေရာမှ စုံစမ်းနိုင်ပါသည်။ အယ်ဒီတာအဖွဲ့ဖော်ပြထားသလို တစ်နိုင်ငံလုံးရှိ အကြမ်းဖက်မှုများကို ကြိုးကိုင်သည်ဆိုပါက ထိုအကြမ်းဖက်မှု များကို အိမ်မှထိုင်၍ကွပ်ကဲရန်မဖြစ်နိုင်ဆိုသည်ကို ရိပ်စားမိပါလိမ့်မည်။
အချုပ်ဆိုရလျင် မိမိတို့မီဒီယာ၏အာဘော်မဟုတ် အခြားမီဒီယာ၏အာဘော်ကို ထပ်ဆင့်ဖော်ပြသည်ဟု ဆိုရုံမျှဖြင့် ပြီးပါသလော။ မီဒီယာလွတ်လပ်ခွင့်ဟုဆိုလျင် ယခု ကျွန်တော်ရေးသောစာကို ဖြုတ်မပစ်ပါနှင့်။ အယ်ဒီတာအဖွဲ့၏ ဆိုရအယ်ဒီတာအဖွဲ့၏ အဆင်ခြင်မဲ့လုပ်ဆောင်မှုကြောင့် ကာယကံရှင်၏ဂုဏ်သိက္ခာညှိုးနွမ်းစေ ရသည်ကို လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။Wednesday, June 5, 2013
အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေသော အမိန့်အာဏာအသုံးအနှုန်းတွေ တော်လောက်ပါပြီ အောင်ဇင်(ပုဇွန်တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော်လွှတ်တော်သက်တမ်း ၂နှစ်သားကျော်ကျော်သို့ရောက်သောအခါ အသံလှိုင်းများ၏ရှေ့တွင် အကာအရံ အခက်အခဲများ တွေ့လာရပါတော့သည်။ ဤသည်မှာလည်း စိန်ခေါ်မှုတစ်ခုအနေနဲ့ မှတ်ယူပါသည်။
ဒီမိုကရေစီအသက်သည် ဥပဒေစည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တပြေးညီ လိုက်နာကျင့်သုံး ခြင်းဟု နားလည်ပါသည် ။ ဒီမိုကရေစီ၏ပဲ့ကိုင်ရှင်ဖြစ်သော ဥပဒေပြုလွှတ်တော်သည်လည်း ပြည်သူများအတွက် အကာ အကွယ်ပေးသော ဥပဒေများကိုသာ ပြုသင့်သည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့ ဥပဒေပြုခွင့်ရသည့် လွှတ်တော်ကိုယ်စား လှယ်များတွင်လည်း ကိုယ်ပိုင်ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာပြောဆိုဆွေးနွေးမှုများ ရှိရမည်ဟုလည်း ယုံကြည် ပါသည်။ ထိုသို့ပြောဆိုလုပ်ဆောင်ရန်အတွက် ပြည်သူများက ကျွန်တော်တို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ပေးလိုက်သည်ဟုလည်း ခံယူပါသည်။ သို့ဖြစ်ပါသောကြောင့် ၂၀၁၃ ပြည်သူလွှတ်တော်ဆိုင်ရာနှင့် ပြည်သူ့လွှတ်တော်ဆိုင် ရာ နည်းဥပဒေအချို့ကိ ပြင်ဆင်ရပါတော့မည်။
ကျွန်တော်ပြင်ဆင်သည်မှာ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များထဲမှ အခန်း(၅)၊ အပိုဒ်(၁၉)၊ ပိုဒ်ခွဲ(က)တွင် ပါသော လွှတ်တော်ကို စည်းကမ်းသေ၀ပ်စေရန် တာဝန်ယူကြိးကြပ်ကွပ်ကဲခြင်းနှင့် ထိုသို့ ကြီးကြပ်ကွပ်ကဲ ရာ တွင် “မိမိချမှတ်သော အမိန့်များကို” တည်စေရန် လိုအပ်သော “အခွင့်အာဏာ” အပြည့်အ၀ ကျင့်သုံးခွင့်ရှိခြင်း ဆိုသ်ည့အပိုဒ် တွင် “အမိန့်၊ အခွင့်အာဏာအစား” “မိမိချမှတ်သောဆုံးဖြတ်ချက်မျာကို” တည်စေရန် လိုအပ်သာ “လုပ်ပိုင်ခွင့်များကို” ဥပဒေနှင့် အညီ အပြည့်အ၀ကျင့်သုံးခွင့်ရှိခြင်းလို့ ပြင်ဆင်ခဲ့ပါသည်။
ထိုသို့ပြင်ဆင်ခြင်းမှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေသော လွှတ်တော်ကြီးတွင် လွတ်လပ်စွာ ဆွေးနွေးခြင်း၊ ပွင့် လင်းမြင်သာမှုရှိခြင်းသည် အဓိကကျသောကြောင့် ဖြစ်ပါသည်။ အမိန့်အာဏာအောက်တွင် ဆွေးနွေးတင်ပြသည်ထက် ဥပဒေစည်းမျဉ်းစည်းကမ်းများအောက်တွင် ဆွေးနွေးတင်ပြခြင်းသည် ဒီမိုကရေစီပိုကျလိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်၏ပြင်ဆင်ချက်ကို ထောက်ခံသူရှိပါက မတ်တပ်ရပ်ခိုင်းသောအခါ လွှတ်တော်တစ်ခုလုံးငြိမ်သွားပြီး ကျွန်တော်နှင့် စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း ပေါင်းနှစ်ဦးသာ မတ်တပ်ရပ်ခဲ့ပါသည်။ ဘယ်လိုဖြစ်သလဲ၊ ၀မ်းနည်းဖို့မကောင်းလား။
ကျွန်တော်ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးစဉ်က “ဒီဥပဒေကို ပြင်ဆင်ဖြည့်စွက်ရတာက ပြည်သူတွေအတွက် ဒီမိုကရေစီလမ်းကြောင်းဖောက်မယ့်သူတွေက ကျွန်တော်တို့ရဲ့ လွတ်လပ်စွာဆွေးနွေးခွင့်တွေ ပျေက်သွားမယ်ဆိုရင် အများ ပြည်သူတွေကြားလို့မတော်ပါဘူး။ ဒီမိုကရေစီနှလုံးသားအခံနဲ့ စဉ်းစားတဲ့အခါ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်၊ အသုံး အနှုန်းများက ကျွန်တော်ရဲ့ နှလုံးသားကို ကြမ်းရှရှ ဖြစ်စေပါတယ်”လို့ ပြောခဲ့ပါတယ်။
သို့ဖြစ်ပါ၍ ကျွန်တော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အမိန့်အာဏာရဲ့အောက်မှာ သင်းသတ်ထားတဲ့ သစ်ပင်လိုနေရာမှာထက် ဥပဒေမူဝါဒရဲ့အောက်မှာ ဂုဏ်ရှိတဲ့ ၊ သိက္ခာရှိတဲ့ နေထိုင်နည်းနဲ့ တင့်တင့်တယ်တယ် ထည်ထည်ဝါ ၀ါ နေထိုင်လိုပါတယ်။
မှန်ပါတယ်။ ပြည်သူတို့ရဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့အသံသာ လွှမ်းသင့်ပါတယ်။အမိန့်အာဏာသံများကင်းစင်
သင့်ပါတယ်။ သို့မဟုတ်လျှင် အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်သွားပါလိမ့်မယ်ခင်ဗျား။
NEWS WATCH ဂျာနယ် ( ၁၇-၅-၂၀၁၃)
နိုင်ငံတော်သမ္မတကြီးသိရှိစေရန်

ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ
နိုင်ငံတကာအဆင့်မှီ ရေကြောင်းပညာရှင်များကိုမွေးထု
ရေကြောင်းတက္ကသိုလ်မှဝန်ထမ်းတစ်
Tuesday, June 4, 2013
(တိုင်စာ) ရပ်ကွက်အတွင်း အချိန်မတော် သီချင်းများအော်ဟစ်ဆူပူနေပါသဖြင့်
(1) နာရီခန်တွင် သီချင်းများ ဟော်ဟစ်သီဆိုကာ ရပ်ကွက်အတွင်း
ဆူပူသောင်းကြမ်းသဖြင့်အနီးအနားရှိ လူကြီး မိဘများ
အိပ်စက်အနားယူမရဖြစ်ရပါသည်။ ညတိုင်းလိုလိုဖြစ်နေခြင်းဖြစ်ပါသဖြင့်
သက်ဆိုင်ရာလူကြီး များ အနေနှင့် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။









