Thursday, June 13, 2013
အယ်ဒီတာမှတဆင့် သမ္မတကြီးထံပေးစာ
သို့ 
        ဦးသိန်းစိန်
        နိုင်ငံတော်သမ္မတ
        ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်
အ‌ကြောင်းအရာ။   အရည်အချင်းရှိ အရာထမ်းများ ခန့်အပ်နိုင်ရေးကိစ္စ
သမ္မတကြီးခင်ဗျား
၁။     ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရကိုယ်စား အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ခံ ဆောင်ရွက်ပေးရပြီး  အချို့ ကိစ္စများတွင် ပြည်ပနိုင်ငံများ၊ အဖွဲ့ အစည်းများ နှင့် ဆက်ဆံဆောင်ရွက်ရသည့် ၀န်ကြီးဌာနတစ်ခုဖြစ်ပါသည်။
၂။     အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တာဝန်ခံ ဆောင်ရွက် ပေး ရာတွင်  ခရီးသွားပြည်သူများ၏ ဘေးအန္တရာယ်နှင့် ဆက်စပ်နေသည်ဖြစ်ရာ  ၀န်ကြီးဌာနအောက်ရှိ ဌာနခွဲများတွင် အရည်အချင်းပြည့်မီသော၊ ကျွမ်းကျင်မှုရှိသော သူများအား တာဝန်ပေးအပ်ထမ်းဆောင်စေမှသာလျှင် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ ဒီမိုကရစေီနိုင်ငံသစ်ဆီသို့  ချီတက်နေချိန်တွင် ပြည်သူဗဟိုပြု ၀န်ဆောင်မှုလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပအဖွဲ့  အစည်းများနှင့်လည်း သိက္ခာရှိစွာ ဆက်ဆံဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
၃။     ရေကြောင်း/လေကြောင်းအန္တရာယ်များ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေသည့် အတွက်   ဝန်ကြီးဌာနအနေဖြင့် လက်အောက်ခံအဖွဲ့  အစည်းများရှိ သက်ဆိုင်ရာ ဌာနခွဲများအလိုက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့်ဆက်စပ်နေသည့် ဌာနများတွင် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် သင်တန်းအောင်မြင်ပြီး အရည်အချင်းပြည့်မီသူများကိုသာ စီစစ်ရွေးချယ် ခန့်အပ် တာဝန်ပေးသင့်ပါသည်။
၎။     သို့ ဖြစ်ရာ  ပို့ ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူဗဟိုပြု ၀န်ဆောင်မှု လုပ်ငန်းကိစ္စရပ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့် ဆက်စပ်နေသည့် လက်အောက်ခံ ဌာနများတွင် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့်  အမှန်တကယ် ကိုက်ညီသူများကိုသာ ရွေးချယ်/တိုးမြှင့် ခန့် အပ် တာဝန်ပေးသင့်ပါသဖြင့် သမ္မတကြီးမှ လမ်းညွှန် စီစစ်မှု ပြုလုပ်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
                        ရိုသေလေးစားစွာဖြင့် -
                                                           ပို့ ဆောင်ရေးဝန်ကြီးဌာန
မိတ္တူကို -
သူရဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ
ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ
ဦးဉာဏ်ထွန်းအောင်၊ ပြည်ထောင်စုဝန်ကြီး၊ ပို့ ဆောင်ရေးဝန်ကြီးဌာန
ဦးကျော်သူ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ
0 comments:
Post a Comment