Tuesday, June 25, 2013

ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်အကြောင်း တင်ပြချင်း

            ကျွန်တော်အခုတင်ပြချင်တာကတော့ စက်မှုဝန်ကြီးဌာန၊ ယခင်စက်မှု(၁)၀န်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တာဝန်ဖြင့် စီမံ အုပ်ချုပ်နေသော အဘ ဦးစိုးလှိုင်ကို တင်ပြချင်ပါတယ်။ တင်ပြချင်တဲ့အကြောင်းအရင်း ကတော့ ပြည်နယ်နှင့်တိုင်း အားလုံးရဲ့ ၀န်ထမ်းအပြောင်းအရွှေ့ကိစလေးဘဲဖြစ်ပါတယ်။
             နိုင်ငံ့တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းဆိုတာ ရုံးစိုက်ရာ ပြည်နယ်နှင့်တိုင်း အားလုံးကို နီးသည် ဝေးသည် မဟူ ရုံးအမိန့်စာပါအတိုင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ဓမ်မတာပါ။ သို့ပေမဲ့ ပြောင်းရွှေ့ရပြီဆိုကထဲက လွယ်ကူလှသည်တော့မဟုတ်။ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါပြီး ကျန်ရှိခဲ့သော မိသားစုစားဝတ်နေရေး၊ သွားရေးလာရေး အစစအရာရာတွေးနေရပြီး၊ တချို့ဝန်ထမ်းဆို တစ်နှစ်အတွင်းမှာတင် ပြည်နယ်နှင့်တိုင်း(၂)နေရာကို ပြောင်းရွှေ့ခံခဲ့ရသူတွေ ရှိပါတယ်။ ပြောင်းရွှေ့ခံရတဲ့ဝန်ထမ်းဟာ ကိုယ့်မိသားစုနှင့် အနီးအနား ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) နေရာဒေသသို့ ပြန်လည်ပြောင်းရွှေ့ရတာဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာစရာဖြစ်ပြီး ရုံးစိုက်ရာဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ရတာဆိုရင်တော့ ၀မ်းနည်းစရာပါ။ အရာထမ်းများ ပြောင်းရွှေ့ရသည်မှာ ပြသ၁ာနာအထွေအထူးမရှိပေမဲ့ လစာနည်းအမှုထမ်းများမှာတော့ အခက်အခဲမျိုးစုံနဲ့ပါ ရာထူးလိုချင်လို့ ရာထူးတက်ပြီးပြောင်းရတာက သူ့အကြောင်းနဲ့သူပါ။ ပြောင်းရွှေ့ရမှာကို ကြောက်ပြီး ရာထူးလဲမလိုချင်တော့ပါဘူးဟု လက်မှတ်ထိုး ထားတာတောင်  ပြောင်းရွှေ့ဖြစ်အောင် ပြောင်းလိုက်လို့ စိတ်မကောင်းတော့ ဖြစ်ခဲ့မိပါတယ်။ ကဲ အဲဒါတွေထားလိုက်ပါတော့ အဘ သိအောင် ပြောပြတာပါ။
              ဒု-ကြီးကြပ်ရေးမှူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ အပြောင်းအရွှေ့လုပ်လိုက်ပါပြီတဲ့။ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး၊ ကျွမ်းကျင် စတဲ့ သူတွေကတော့ အမှုထမ်းတွေ မဟုတ်တော့ဘူးလား။ သူတို့တွေကျတော့ အပြောင်းအရွှေ့ ဘာဖြစ်လို့မပါရတာလဲ။ နောက်တခု ပိုပြီးထူးတဲ့အချက်က အလုပ်စတင်ဝင်ရောက်ချိန်ကထဲက စ ၄င်းပြည်နယ်နှင့်တိုင်းရုံးစိုက်ရာတစ်ခုတည်းမှာပင် (၅)နှစ် မှ (၂၀)နှစ်ကြား အနေကြာ တာဝန်ထမ်းဆောင်ပြီး နေပြည်တော်ဆိုတာ ဘာမှန်းမသိ၊ အခြားသော ပြည်နယ်နှင့်တိုင်းဆိုတာ ဝေလာဝေး၊ ဘယ်မှမသွားဘူးတဲ့ အမှုထမ်း/အရာထမ်းတွေကျတော့ အဘ တစ်ယောက် မေ့များမေ့နေသလား။ တပည့်ရင်းတွေမို့ မမြင်ချင်အောင် ဆောင်နေသလားလို့တောင် ထင်မိပါတယ်။
              ဌာနတခုရဲ့ အကြီးအကဲတာဝန်ယူထားရသော ပုဂ်ဂိုလ်တစ်ဦးဟာ လစာနည်း အမှုထမ်း ကိုယ့်လက်အောက်ငယ်သားတွေကို သားသမီး၊ ညီ-ညီမသဖွယ် စောင့်ရှောက်သင့်တာ စောင့်ရှောက်ကူညီသင့်တာကူညီ မပြောင်းမရွှေ့သင့်တာ မပြောင်းမရွှေ့ဘဲနှင့်သော်လည်းကောင်း၊ ပြောင်းရွှေ့ပေးမှဖြစ်မည့် အရာထမ်း/အမှုထမ်းဆိုရင်လဲ သူ့အိုး၊ သူ့အိမ်၊ သူ့မိသားစုနှင့် နီးစပ်မဲ့ ရုံးစိုက်ရာဒေသတွေမှာသာ ပိုပြီး သင့်တော်မည်ထင်လို့ အဘ သိစေဘို့ (ပြောင်းရွှေ့မှုတွင် မပါဝင်သော) အမှုထမ်းတစ်ဦး၏  နောင်တချိန်တွင် ဖြစ်လာမည့် အရေးကို ကိုယ်ချင်းစာနာသဖြင့် ရင်မှဖြစ်တည်နေသော ခံစားချက်ကို တင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment