
ပေးစာ၊ အိတ်ဖွင့်ပေးစာ၊ တိုင်စာ၊ ပစ်စာ၊ အကြံပြုစာ၊ အသနားခံစာ

သို့
ဦးနေမြတ်သူ
မြို့နယ်အုပ်ချုပ်ရေးမှူး
အမရပူရမြို့နယ်၊မန္တလေးမြို့။
ရက်စွဲ။ ။ ၁၃.၄.၂၀၁၄
အကြောင်းအရာ။ ။လမ်းသွားလမ်းလာများအား စိတ်အနှောင့်အယှက်ဖြစ်စေသော ၀ါးရုံခြုံများအား
ရှင်းလင်းပေးရေး လိုအပ်သလို စီစဉ်ညွှန်ကြားပေးပါရန် တင်ပြခြင်း။
၁။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုး ကျေးရွာအုပ်စု၊ မင်းကြီးရပ်နှင့်ယမ်းပျံရပ်ကြားတောင်-မြောက်
လမ်းပေါ်တွင် ရွှေကြက်ယက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၏ မယားကြီး နေအိမ်အရှေ့ဘက်ခြမ်းတွင်
ခြံစည်းရိုးခတ်ထားခြင်းမရှိဘဲ ၀ါးရုံခြုံများသာရှိပါသည်။ ၄င်းဝါးရုံခြုံများအား ရှင်းလင်းခြင်းမပြုသဖြင့်လမ်းပေါ်
်တွင် ပိတ်ဆို့လျက်ရှိပါသည်။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကလည်း မိမိရပ်ကွက်သန့်ရှင်း သာယာရေး
စည်းရုံးလှုံ့ဆော်ခြင်းမရှိဘဲ လစ်လျူရှုထားလျက် ရှိပါသည်။
၂။ သို့ဖြစ်ပါí လိုအပ်သလို စီစဉ်ညွှန်ကြားပေးပါရန် တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
အမြင်မတော်သူတစ်ဦး
မိတ္တူ
- ဦးရဲမြင့်၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊၊
- ဦးကျော်ဆန်း၊မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး။
သက်ဆိုင်ရာ လူကြီးမင်းများ ခင်ဗျာ
ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့ပုန်းထွန် ရပ်ကွက်တွင် ဖွင့်လစ်ထားသော Allure resort ဟိုတယ်သည် တရားဝင် ခွင့်ပြုထားခြင်းမရှိသော အလောင်းအစားလုပ်ငန်းများဖြစ်သော ကာစီနိုဝိုင်းများ gameခုံများကို ဖွင့်လစ်ထားသော်လည်း တာချီလိတ်မှတာဝန်ရှိပုဂ္ဂိုလ်များမှ မသိကျိုးကျွန်ပြုထားပါသည် ၎င်းလောင်းကစားဝိုင်းများကြောင့် လူအများ ဘဝပျက်ခဲ့ရပါတယ် ထိုကြောင့် သက်ဆိုင်ရာ လူကြီးမင်းများအနေဖြစ် လာရောက်စစ်ဆေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်
ယခုတလော NDF ဥက္ကဋ္ဌကြီး ဒေါက်တာ သန်းငြိမ်းတစ်ယောက် မှိုရသော မျက်နှာကြီးနဲ့ ထောင်ထောင် ထောင်ထောင် ဖြစ်နေတာကိုမြင်ရသဗျ။
သူများပျော်တော့ ကိုယ်လည်းအပျော်တွေကူးစက်ရင်းကနေ ဘာကြောင့် များပါလိမ့် ဆိုတာ သိချင်တာနဲ့ နည်းနည်းပါးပါး လေ့လာကြည့်မိတယ်ပေါ့။
အဲ ခပ်ပါးပါးလေးတော့ သိလာရတယ်ဗျ။ ဘာတဲ့ သူ့နောက်မှာ ကြောထောက်နောက်ခံ (Back Ground) ကောင်းကောင်း၊ တောင့်တောင့် တင်းတင်းတွေရှိတယ်ဆိုပဲ။ စိတ်ဝင်စားစရာတော့ ကောင်းတယ်ဗျို့။ ဆက် ဖတ်ကြည့်ပါဦး။
သိရသလောက်ကတော့ သမ္မတကြီးနားမှာရှိတဲ့ အရေးပါအရာရောက်သော ၀န်ကြီးမင်း ၁ ပါး၊ ၂ ပါး လောက်က ၎င်းတို့ရဲ့အရှိန်အ၀ါ၊ အာဏာတွေကို အသုံးပြုပြီး ပြည်တွင်းလုပ်ငန်း ရှင် များကို တစ်ဖက်လှည့်နဲ့ NDF ပါတီကို ရန်ပုံငွေတွေထောက်ပံ့ခိုင်းဆိုပဲ။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ နိုင်ငံခြားသားတွေကပါ အထောက် အပံ့တွေ ပေးနေသေးသတဲ့။ ရန်ပုံငွေတွေ တော်တော် တောင့်တောင့် တင်းတင်းရနေပြီလို့ သိရသဗျ။ ဟုတ်ပြီ ဘာတွေ လုပ်ကြမလို့လဲ။ ဆက်ပြော မယ်ဗျာ။
သူတို့က သမ္မတကြီးနားက အရာရောက်သောဝန်ကြီးများပေါ့။ သူတို့က လက်ရှိ ကြံ့ဖွတ်က CEC တဲ့။ ကြံ့ဖွတ်မှာ သူ့တို့ကို အရေးမပေးဘူး။ အရေးမပေးတော့ အရာမရောက်ဘူးပေါ့ဗျာ။ အဲဒါကို ၀န်ကြီးမင်းများက စိတ်တွေဆိုး၊ မုန်းတီးမှုတွေပွားများပြီး သူတို့ ဆရာလုပ်လို့ရမယ့် ပါတီ တစ်ခုကို ထောက်ပံ့ရင်း မသိ မသာ Shadow ပါတီပုံစံမျိုးထောင်နေတာဖြစ်မယ်တဲ့။ ကိုင်း...
ပါတီထောင်ပြီးပြီဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ အဲဒီဖက်ကများ ၀င်ကြမလို့လားဆိုတာ စဉ်းစား စရာဖြစ်လာတယ်။ ကြံ့ဖွတ်အနေနဲ့လည်း ကိုယ်မွေးတဲ့မြောက်က ကိုယ့်ပြန်ခြောက် နေပြီ ဆိုတာ ကိုရော သိကြရဲ့လား မသိပါ ဘူးဗျာ။
ဒါကြောင့် လာမယ့်ရွေးကောက်ပွဲကြီးကို ကျုပ်ကတော့ စိတ်ဝင်စားလွန်း အားကြီးလို့ မျှော်တော်ဇောနဲ့ မောနေရပြီလို့ပဲ ပြောလိုက်ချင်ပါတော့တယ်ဗျာ။
မင်းမနိုင်
ရန်ကုန်စည်ပင် စက်ယာ၃်ဌာနမှူး ဉီးအောင်စိုး ဗိုလ်မှူးငြိမ်း ရဲ့စိမ်ခေါ်သတင်း
၂၆၊၁၂၊၁၃ ရက်နေ့က ဒါဘါလုပ်တယ်တဲ့
ဒါဘါ မှာ ဌာနက ကျား၊မ ဝန်ထမ်းတွေကို ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်းသိရှိရပါတယ်
အကြောင်းကတေါ့ ဆက်ကြေးတောင်းနေကြောင်း တိုင်ကြားခံရလို့ ပါတဲ့
သူကလက်အောက်ဝန်ထမ်းတွေကို လက်ညှိုးထိုးပြီး
မင်းတို့ငါ့ကိုဆက်ကြေး ပေးနေရတယ်ဆိုရင် မင်းတို့ကရော ဘါတွေနဲ့ပေးနေတာလဲ ဆိုပြီးပြန်ဆွဲထည့် ခဲ့ကြောင်းပါတဲ့ဗျာ
ပြီးတော့ လက်အောက်ဝန်ထမ်းတွေက သူ့ကို လက်မှတ်ထိုးပေးပါဆိုလို့ ထိုးပေးရကြောင်းနဲ့ ကောင်းတော့မင်းတို့ ညောင်းတော့ ငါ့လက်ဆိုပြီး လွှဲချပြန်သေးသတဲ့
ဒါ့အပြင် ယခင်ဌာနမှူး ဉီးမင်းလွင်ကဘယ်လို စီမံဌာနမှူးဉီးလင်းထွန်းမြင့်ကဘယ်လို ဆိုပြီးပုတ်ခတ်ခဲ့တဲ့ အကြောင်းလဲပါ နေသေးသတဲ့ဗျာ
အဆိုးဆုံးကတော့ မင်းတို့အားလုံးကို လီးဘဲထင်တယ် ဆိုတဲ့ မိန်းမဝန်ထမ်းတွေအပါအဝင် ခြိမ်းချောက်ဆဲဆိုတဲ့အကြောင်းပါဘဲတဲ့
ခေတ်ပြောင်းနေတာမသိလို့ဘဲလား နောက်ကြောင်းပြန်ချင်နေတာလား စ၃်းစားစရာပါဘဲ
သူ့ကိုယ်သူလဲ ကိုယ်ရည်သွေးပြီး အကြီးအကဲတွေက ငါ့ကို စောင့်ရှောက်ကြောင်း နဲ့ ငယ်သားတွေကိုတော့ ခွေးလှေးခုန်ဖုန်မထကြောင်း မိုက်ရိုင်းစွာပြောခဲ့ ကြောင်းလဲ
ကိုယ်တိုင်ခံစားရသူတစ်ယောက်ကပြောပြလို့ ကြားခဲ့ရပါတယ်
ဒီအပြင် သူ့မိသားစု ကိစ္စ တွေကိုလဲဖေါ်ထုတ်သွားတယ်တဲ့
တကယ်တော့ ကြွားဝါမောက်မာမယ်ဆိုလဲ မာနှိုင်မှာပေါ့
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ၃ီးမြင့်ဆွေကို အမပေးပြီး ယောက်ဖတော်ထားတယ်လို့လဲ နောက်ဆုံးသတင်းအရ သိရှိရကြောင်းပါဗျာ
နောက်ထပ်သတင်းတွေ ရရင် ထပ်တင်ပေးပါအုံးမယ်
မြန်အောင်မြို့နယ်၊ရွှေပြည်သာရေနံမြေတွင်EICဦးအောင်မြင့်အားဝန်ထမ်းများမှနည်းမျိုးစုံဖြင့် တိုင်ကြားမှုကြောင့်ဦးသိန်းဦးနှင့်အဖွဲ့လာရောက်စစ်ဆေးခဲ့ပါသည်။
သို့.့ပေမဲ့စစ်ဆေးသည့်အဖွဲ့နှင့်အထက်လူကြီးများအား(သူ့ စကားအတိုင်းပြေရလျင်)
ခါးပိုက်ထဲထည့်ထားနိုင်သောကြောင့်ယခုအချိန်ထိအရေးယူမှူမရှိခဲ့ပါ။
ဒါကြောင့်ဝန်ထမ်းများအပေါ်ဖိနှိပ်မှုအနည်းငယ်လျော့ခဲ့သော်လဲဝန်ထမ်းများအား
ရက်ပျက်ချမှု၊အဂတိလိုက်စားမှုများဆက်လက်ကျူးလွန်နေပါသည်။
နိုဝင်ဘာလထဲ့တွင်း၁၀ကြိမ်(RSBVအပါအ၀င်)ပြုပြင်ရာတွင်၂ ကြိမ်
သာပြုပြင်ခဲ့ပြီး၈ကြိမ်ကိုဆီထုတ်ရောင်းစားခဲ့ပါသည်။ဆီထုတ်ထားသောဂါလံအရေအတွက်
စတိုတွင်သွားစစ်ဆေးနိုင်ပါသည်။တွင်းပြင်ကားများဆေးအသစ်ပြန်သုတ်နေချိန်ရက်များတွင်
ပင်တွင်းပြင်ကားမပါပဲဘောပင်ဖြင့်ရေနံအထွက်တိုးအောင်စွမ်းဆောင်နိုင်သော
ဦးအောင်မြင့်အားလူကြီးမင်းများမှမှတ်တမ်းတင်ဂုဏ်ပြုသင့်ပါကြောင်းတင်ပြအပ်ပါသည်။ တာဝန်သိပြည်သူတဦး
ရွှေပြည်သာရေနံ့မြေအရာရှိဆိုးများ၏နှိက်စက်မှုကိုမခံနိုင်သည်ံ့အတွက်တင်ပြခြင်းပါ၊အမည်ကိုသတင်းတွင်မဖော်ပြရန်တောင်းပန်ပါသည်
ဦးဝင်းဇော်တွင်းပြင်လုပ်သားထုတ်လုပ်ရေးဌာနရွှေပြည်သာရေနံမြေ၀၉၄၂၂၅၀၂၁၄၂
အကြောင်းအရာ။သခိုးကြီးအောင်စိုးနဲ့ခိုးသားငါးရာသောင်းကျန်းနေခြင်း
ရန်ကုန်စည်ပင်သာယာစက်ယဉ်ဌာနမူးအောင်စိုးသည်ငယ်သား များကိုအာဏာနဲ့ခိုင်းစေပြီးပြည်သူ့
ငွေတွေခိုးယူနေပါတယ်
၁။ယဉ်မသုံးဘဲဆီစာရင်းပြရောင်းချငွေယူခြင်း
၂။ယန္တယားတွေကိုပြင်ပမှာငွေနဲ့ငှား ရမ်းစီးပွားရှာခြင်း
၃။ဆီပန့်တွေကိုအမှတ်ခိုးပိုဆီရောင်းခွဲယူခြင်း
၎။မပျက်တဲ့ယဉ်တွေအပြင်ပြငွေယူခြင်း
၅။ပြင်တဲ့စာရင်းပိုပြပြီးငွေဘုံးခြင်း
၆။ဝင်းဟောင်းထဲကSKT အဆောက်ဉီးကိုသီးခြားရောင်းချအလွဲသုံးခြင်း
၇။ငယ်သားတာဝန်ခံတွေဆီကမြို့တေါ်ဝန်ပေးဘို့သီးခြားငွေတောင်းခြင်း
ှီ်
၈။အချိန်မှီ မ ပြင်ရင်တော့အသေးစိပ်ရေးတင်လိုက်ပါမယ်
မြို့တော်ဝန်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သိရှိစေလိုပါတယ်