Monday, December 23, 2013

(တိုင်စာ) သမတရုံး


အမျိုးဘာသာ သာသနာနှင့်တိုင်းပြည်အတွက် ရန်သူတော်ကြီးနှစ်ယောက်

ရန်ကုန်းတိုင်းဒေသကြီး တောင်ဥက္ကလာပမြို့ ၁၃ ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်နှင့်၁၃ရပ်ကွက် အောင်မြေလူထုဓမ္မာရုံဥက္ကဌဦးသန်း
ဝင်းတို့နှစ်ဦးသည်ရပ်ကွက်အတွင်းတွင် မြန်မာနိုင်ငံ
လုံးဆိုင်ရာနယ်စပ်နှင့်တောင်တန်းဒေသ ထေရ၀ါဒဗုဒ္ဓဘာသာသာသနာ့နုဂ္ဂဟအသင်းမှကြီးမှူးပြု
လုပ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများနှင့်အဘိဓမ္မာဋီကာဝိသုဒ္ဓိသင်တန်းများဖွင့်လှစ်
သင်ကြားပေးရာတွင်  အောင်မြေလူထုဓမ္မာရုံ ဥက္ကဌ ဦးသန်းဝင်းသည်ဓမ္မာရုံ၌သင်တန်းဖွင့်လှစ်
သင်ကြားရန် နေရာပေးလိုသည့် ဆန္ဒမရှိခြင်း ထိုသို့သောကိစ္စရပ်များသည် အလုပ်ရှုပ်ကြောင်း အမှိုက်ရှုပ်ကြောင်း မီတာခကုန်ကြောင်း စသည့်အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်ပြီး မတတ်သာ၍လုပ်ခွင့်ပြုသော်လည်း ၀ိုင်းဝန်းကူညီမှုမရှိခြင်းသင်တန်းလာရောက်တက်ကြသော ကလေ/လူကြီးသင်တန်းသူသင်တန်းသားများကိုမခြေမငံဆက်ဆံပြောဆိုခြင်းများပြုလုပ်ဆောင်ရွက်နေကြပါသည်
ကြပါသည် ။

    ၁၃ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်သည်လည်း ရပ်ကွက်အတွင်း သင်တန်း
များ ပြုလုပ်ခွင့်တောင်းခံသည့်အခါ အကြောင်းအမျိုးမျိုးပြကာ လုပ်ခွင့်မပေးလိုကြောင်း အမူအယာများပြသပြောဆိုတတ်ပါသည် ၊ မတတ်သာ မလွဲမရှောင်သာ၍ လုပ်ခွင့်ပေးသော်လည်း လုံးဝအကူအညီမပေးခြင်း စည်းရုံးပေးမှုမရှိခြင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး
အနေဖြင့် အခမ်းအနားဖွင့်ပွဲပိတ်များတွင် တလေးတစားဖိတ်ကြားပါသော်လည်း တက်ရောက်မှုမရှိခြင်း ကိုယ်နှင့်မဆိုင်သလိုနေခြင်းလိုအပ်သည်များကို အကူအညီတောင်းသော်လည်း လုံးဝမပေးခြင်းပြုလုပ်နေကြပါသည် ။

   သို့ပါ၍ မြန်မာနိုင်ငံအတွက် နောင်အနာဂါတ်တွင် ကောင်းမွန်သော ယဉ်ကျေးလိမ္မာသောလူ
ငယ်များပေါ်ထွန်းစေရန်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ကာကွယ်ထိန်းသိမ်းနိုင်ကြစေရန်
လူငယ်လူရွယ်များနှင့် လူကြီးသူမများကို ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အဘိဓမ္မာ ဋီကာ ၀ိသုဒ္ဓိ သင်တန်းများကို စိတ်ရင်းစေတနာအပြည့်ဖြင့် ကိုယ်စားရိတ်ကိုယ်စားပြီး သင်ကြားပြသပေးကြပါကုန်သောရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို အထက်ပါပုဂ္ဂိုလ်နှစ်ဦးမှ တလေးတစားဆက်ဆံပြောဆို၍
အမျိုးဘာသာသာသနာအတွက် ၀ိုင်းဝန်းကူညီ စည်းရုံးစောင့်ရှောက်ပေးနိုင်ကြစေရန် လိုအပ်နေပါကြောင်း သက်ဆိုင်ရာများ သို့အသိပေးအကြောင်းကြားအပ်ပါသည် ။

0 comments:

Post a Comment