Monday, December 2, 2013

မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းပြီး ဦးသိန်းစိန်
သမ္မတတာဝန်ယူ၍ တိုင်းပြည် တာန်ဝန် အရပ်ရပ်ကို ဦးစီးဆောင်ရွက်ခဲ့ရာမှာ
ဘက်ပေါင်းစုံကအောင်မြင်လျက်ရှိသည်။ ဒီမိုကရေစီဖြစ်ထွန်းရေး မှာလည်း
ထိရောက်၍ အရှိန်ရလျက်ရှိသည်။ ပြည်တွင်းမှာလည်း ပြုပြင်ပြောင်းလဲ
ဆောင်ရွက် ခဲ့သည်များလည်း အားရစရာဖြစ်သည်။ ပြည်တွင်းမှာ ပြည်သူအများစုက
သမ္မတကြီးကို လေးစား ကြည်ညိုလျက်ရှိကြောင်း ကြားသိရသည်။
ငြိမ်းချမ်းရေးဆောင်ရွက်မှု စီးပွားရေးတိုးတက်အောင် လုပ်နေမှုများ ကြားသိရ၍
ကျွန်တော်အပါအ၀င် ရှမ်းပြည်မြောက်ပိုင်းသား များက ကြိုဆိုကြ ပါသည်။
ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်နေပြီး အကူအညီရရှိကြောင်း
တီဗွီနှင့် မိန့်ခွန်းများ မှ သိရှိရသည်။ တိုင်းပြည်ကြီးတိုးတက်အောင်၊
ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင် လုပ်ပေးမည့် ခေါင်းဆော
င်ကောင်းတစ်ဦးတော့ ပေါ်ထွက်လာပြီဟု ရှမ်းတိုင်းရင်းသားအချို့က
ပြောနေကြပါသည်။

ရှမ်းပြည်နယ်ကြီးအတွက်လည်း သမ္မတကြီးက ကျောသားရင်သားမခွဲခြားပဲ
ဖွံ့ဖြိုးတိုးတက်အောင် စီမံနေကြောင်းကြားသိရ၍ ပိုပြီးဝမ်းသာပါသည်။
ရှမ်းပြည်နယ် စီပွားတိုးတက်အောင်၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းစေဖို့၊
စက်မှုဇုန်တွေဖြစ်ပေါ်စေဖို့ စီမံနေကြောင်း ဒုသမ္မတ
ဦးစိုင်းမောက်ခမ်းပြောပြ၍ ၀မ်းသာရသည်။ အထူးသဖြင့် မူဆယ်ဒေသမှာ
စက်မှုဇုန်တစ်ခုလုပ်ပေးမည် ကြားရ၍ ကျွန်တော် မူဆယ်သားက
ဝမ်းသာကြိုဆိုမိပါသည်။

သို့ရာတွင် မကြာသေးမီက ရှမ်းပြည်နယ်တစ်လွှား ခြေဆန့်လာသော သမ္မတရုံးဝန်ကြီး
ဦးစိုးသိန်းမှ အစည်းအဝေးတစ်ခုတွင် သူသည်
တိုင်းပြည်စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နေသူဖြစ်ကြောင်း၊
စီးပွားရေးတိုးတက်အောင် ကျွန်တော်လုပ်မှာဖြစ်ကြောင်းပြော၍
ကျွန်တော်တို့ကို ချမ်းသာအောင် လုပ်ပေးမည့်ဝန်ကြီးတော့ ရောက်လာပြီဟု
ယူဆခဲ့သည်။ မူဆယ်ဒေသမှာပြုလုပ်မည့် စက်မှုဇုန်ကို တာဝန်ယူမည့်
ပုဂ္ဂိုလ်အမည်ကိုဖော်ညွှန်းပြီး မတော်မတရားရှုံ့ချပြောဆိုကာ
တာဝန်မပေးသင့်ကြောင်း လူသိရှင်ကြားပြောပါသည်။ ကျွန်တော်ဟာ
လုပ်ငန်းရှင်မဟုတ်ပါ၊ လုပ်ငန်းရှင်များနှင့်လည်း မသိပါ။ သို့သော်
ရှမ်းပြည်နယ်ကို စက်မှုဇုန်များလုပ်ပေးမည်ဆို၍ စိတ်ဝင်စားသည်။
ဆောင်ရွက်ပေးမည့် ကုမ္ပဏီက ICE ဆိုလား၊ IBE ဆိုလား ကျွန်တော်မသဲကွဲပါ။
ကုမ္ပဏီပိုင်ရှင်နာမည်ကိုလည်း ထုတ်ဖော်ပြောပါသည်။ ထိုကုမ္ပဏီသည်
အလကားကုမ္ပဏီ ဘာမှမလုပ်တတ်သော ကုမ္ပဏီ၊ ကုမ္ပဏီပိုင်ရှင်ကလည်း
ပွဲစားအကြီးစားဖြစ်ကြောင်း၊ ဘာမှလည်း မလုပ်တတ်ပဲ ဟိုရှာ ဒီရှာ ရှာပြီး
ပွဲစားသက်သက်လုပ်သူဖြစ်ကြောင်း လူကြားသူကြားတွင် ပစ်ပစ်နှစ်နှစ်
ပြောပါသည်။ တစ်ခါမှ ဦးစိုးသိန်းကိုမတွေ့ဘူးပါ။ တွေ့တွေ့ချင်း
သူ၏စကားကိုကြားရ၍ အံအားသင့်သွားသည်။ အပြင်ရောက်လာမှ
အစည်းအဝေးတက်သူများကို အချင်းချင်းပြန်မေးရာမှာ IGE ကုမ္ပဏီပိုင်ရှင်
ဦးနေအောင်ဖြစ်ကြောင်း၊ မူဆယ်မှာဖွင့်ထားတဲ့ အမရဘဏ်ပိုင်ရှင်ဖြစ်ကြောင်း
မသိဘူးလား လို့ ပြောကြသည့်အခါမှ အော်လို့ပဲ သက်ပြင်းချမိပါသည်။

ကျွန်တော်တို့ IGE လဲမသိပါ။ ဦးနေအောင်လဲမသိပါ၊ ကျွန်တော်တို့သိသည်မှာ
မူဆယ်ဒေသမှာ စက်မှုဇုန်တစ်ခုလုပ်ပေးမယ်ဆိုတာပဲသိသည်။
စက်မှုဇုန်ဖြစ်စေချင်သည်၊ ပေါ်ပေါက်စေချင်သည်။ ယခုလို
စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ပေးမည်ဆိုသော ၀န်ကြီးဦးစိုးသိန်းက သမ္မတ၊
ဒုသမ္မတတို့ စီမံထားတာကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်နိုင်သည့်
အာဏာရှိကြောင်း ပြလိုက်ခြင်းသည်။ ရှမ်းပြည်မြောက်ပိုင်းသားတို့အတွက်
စက်မှုဇုန်ကြီးတစ်ခု ဆုံးရှုံးရမလိုဖြစ်သွားခဲ့သည်။ ထို့ကြောင့်
စဉ်းစားကြည့်ပါ။ သမ္မတရုံးဝန်ကြီး၊ စီးပွားရေးတာဝန်ခံဆိုသူက
ဤသို့ပြောသည်မှာ မအံ့သြဘဲ မနေနိုင်ပါ။ ရာထူးနှင့်တာဝန်အရ ပြောစကားမှာ
သင့်မြတ်မှုမရှိပါ။ အော် ``မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်´´၍
ရှမ်းပြည်မြောက်ပိုင်းသားတို့ စက်မှုဇုန်ကြီးရဖို့ ဝေးတော့မည်လား။



စိုင်းစံမိန်း

ရှမ်းပြည်နယ်မြောက်ပိုင်း

0 comments:

Post a Comment