သို့
နိုင်ငံတော်သမ္မတဦးသိန်းစိန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။၎.၃.၂၀၁၄
အကြောင်းအရာ။ ။အုပ်စုဖြင့်
ပစ္စည်း/ဘုရားခိုးမှု၊လုယက်မှုနှင့်မုဒိန်းမှုပါကျူးလွန်သောပြစ်မှုများ
ဖော်ထုတ်အရေးယူပေး
ပါရန်နှင့်ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခြင်း။
၁။ မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်အတွင်း
ဧရာဝတီမြစ်ကူးတံတားနှင့် ရှမ်းကလေးကျွန်းကြား ကမ်းနားလမ်း
ဘေး(ဘယ်/ညာ)တလျှောက်ရှိ
သစ်ကုမ္ပဏီလှေတွဲများ၊ဆီတွဲများနှင့်ကျေးရွာများတွင်အုပ်စုဖြင့်ပစ္စည်း/ဘုရားခိုးမှု၊လုယက်
မှုနှင့် မုဒိန်းမှုပါကျူးလွန်သော ပြစ်မှုများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပါသည်။
၂။ (၂၀၁၂)ခုနစ်မှယခုတင်ပြသည့်ကာလအတွင်းပျောက်ဆုံးမှုများမှာဘုရားခေါင်း/ဆင်းတု(၅)ကြိမ်၊စက်ဘီး/ဆိုင်ကယ်
(၃၂)ကြိမ်၊လုယက်မှု(၂၁)ကြိမ်၊အခြားပစ္စည်းပျောက်ဆုံးမှု(၁၇၀)ကြိမ်နှင့်
မုဒိန်းမှု(၁)ကြိမ် ဖြစ်ပွားခဲ့ပါသည်။
၃။ ပြစ်မှုကျူးလွန်သောအဖွဲ့များမှာစစ်ကိုင်းတံတားအဟောင်းနှင့်အသစ်ကြားမန္တလေးဘက်ခြမ်းရှိ
ရွာသစ်အဖွဲ့၊စစ်ကိုင်း
ဘက်ခြမ်းရှိနောက်ကြည့်ကျွန်း အဖွဲ့တို့ဖြစ်ပြီး နေ့စဉ်ရက်ဆက် ည(၁၁)နာရ
ီမှမနက်(၄)နာရီအတွင်း လူအင်အား (၇)
ယောက်မှ(၂၀)ကျော်ထိ၊စက်လှေ(၁)စီးမှ(၅)စီးထိလာလေ့ရှိပါသည်။
တုတ်၊ဓါး၊လေးခွ(ကျောက်ဖြတ်စ/စက်ဘီးမှကုန်းသီး)
များကိုယ်စီကိုင်ဆောင်ပြီးကျူးလွန်သဖြင့်
ပြည်သူလူထုမှာမိမိပစ္စည်းယူနေသည်ကို မြင်နေပါလျက်ပြန်မပြောရဲသောအဖြစ်
သို့ရောက်ရှိခံစားနေရပါသည်။
၎။ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ကံတော်ရွာ
မျက်နှာချင်းဆိုင်ရှိဧရာဝတီမြစ်ဆိပ်တွင်နောက်ကြည့်ကျွန်းရွာ အနီးမှ
ဖြစ်သော ဦးကျော်ကြီး(ခ)ဒေးဗစ်(ခ)ဓူဝံ (ခိုးမှုကျူးလွန်သဖြင့်
ခြေတစ်ဖက်နှင့်လက်တစ်ဖက်ဖြတ်ခံထားရသူ)သည်ဇနီး၊
တပည့်(၅)ယောက်နှင့်အတူ ဧည့်စာရင်းမတိုင်ဘဲ စက်လှေတစ်စင်းပေါ်တွင်
အိမ်သဖွယ်ပြုလုပ်နေထိုင်လျက်ရှိပါပြီးပျောက်
ဆုံးပစ္စည်းများအား တစ်ဝက်ကြေးဖြင့်ရွေးပေးခြင်း၊
ခိုးယူနိုင်ရန်လက်ထောက်ချခြင်းများ ပြုလုပ်နေသော်လည်း နယ်မြေခံ
ရဲတပ်ဖွဲ့မှာ သိသိကြီးဖြင့်မသိကျိုးကျွန်ပြုနေသည်မှာ
စက်စုပ်ရွံရှာဖွယ်ကောင်းလှပါသည်။
၅။ နယ်မြေခံရဲတပ်ဖွဲ့မသုံးဘဲ ယုံကြည်စိတ်ချရသော အဖွဲ့ဖြင့်
ဦးကျော်ကြီးပါ(၅)ဦးအား ၀င်ရောက်စီးနင်းရှာဖွေပြီး
၂
တစ်ဦးစီလူခွဲစစ်ဆေးပါက ပြစ်မှုကျူးလွန်သောအဖွဲ့များအား
ဖမ်းဆီးနိုင်မည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
၆။ သို့ဖြစ်ပါသဖြင့် ပြည်သူလူထုများ
စိုးရိမ်ထိတ်လန့်မှု/နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုအရေးယူ
ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
စာကြွင်း။ ။၂.၁ ၂၀၁၄
ရက်နေ့တွင်ဂေါ်ဒန်ဆိပ်တွင်သစ်စာရင်းမ၀င်သောအင်တိုင်များအားတိုင်းရဲသတင်းတပ်ဖွဲ့မှ
အင်အား(၃၀)ခန့်ဖြင့်ဖမ်းပြီးအကျယ်ချဲ့တရားစွဲဆိုထားပါသည်။မယောင်ရာဆီလူးမှုတင်ပြခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်
ဦးမျိုးမြင့် (၉/အမရ(နိုင်)၀၇၄၅၉၇) အမှတ်(၃၄)၊ကွက်(၅၃၀)၊ရတနာမ္မိ
အရှေ့ရပ်
၊မဟာအောင်မြေမြို့နယ်၊
မန္တလေး။
Monday, March 3, 2014
Subscribe to:
Post Comments (Atom)
1 comments:
-ရဲဖမ်းတာတစ်ဖွဲ့ပဲရှိသေးတယ်၊ကျန်တဲ့သူခိုးတွေကိုအမေ့ခံနေတာလားကွာ? ကြိမ်တို့ပေးရတာဘာလဲဆိုတာတော့........
-စာကြွင်းမှာပါတဲ့အလုပ်သမားလေးဦးနဲ့ပိုင်ရှင်ကိုတော့(၁၄.၃.၂၀၁၄)ရက်နေ့က
အမရပူရတရားသူကြီးကထောင်(၆)လစီချလိုက်တယ်၊ပုဒ်မ၄၁(က)တူပြီးတန်အရေအတွက်ပိုများတဲ့အမှုတွေတောင်ဒဏ်ငွေပဲချခဲ့တာပါ။မယုံလျှင်၂၀၁၀ကနေယခုအမှု မတိုင်ခင်ထိဖြစ်ပွားခဲ့တဲ့၄၁(က)တွေကိုပြန်လှန်ကြည့်လို့ရပါတယ်။
-ပြောချင်တာကတော့ တရားသူကြီးဟာရကောက်နောက်ပစ်(ရဲ)တွေရဲ့ဖိအားပေးတာ
ကိုခံရလို့လား?လက်စွမ်းပြချင်တာလား?လာဘ်ငွေမရလို့လား?ဆိုတာ...သိချင်ပါရဲ့
Post a Comment