Thursday, June 13, 2013
အယ်ဒီတာမှတဆင့် သမ္မတကြီးထံပေးစာ
0 comments
သို့ 
        ဦးသိန်းစိန်
        နိုင်ငံတော်သမ္မတ
        ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်
အ‌ကြောင်းအရာ။   အရည်အချင်းရှိ အရာထမ်းများ ခန့်အပ်နိုင်ရေးကိစ္စ
သမ္မတကြီးခင်ဗျား
၁။     ပြည်ထောင်စုမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရကိုယ်စား အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ခံ ဆောင်ရွက်ပေးရပြီး  အချို့ ကိစ္စများတွင် ပြည်ပနိုင်ငံများ၊ အဖွဲ့ အစည်းများ နှင့် ဆက်ဆံဆောင်ရွက်ရသည့် ၀န်ကြီးဌာနတစ်ခုဖြစ်ပါသည်။
၂။     အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တာဝန်ခံ ဆောင်ရွက် ပေး ရာတွင်  ခရီးသွားပြည်သူများ၏ ဘေးအန္တရာယ်နှင့် ဆက်စပ်နေသည်ဖြစ်ရာ  ၀န်ကြီးဌာနအောက်ရှိ ဌာနခွဲများတွင် အရည်အချင်းပြည့်မီသော၊ ကျွမ်းကျင်မှုရှိသော သူများအား တာဝန်ပေးအပ်ထမ်းဆောင်စေမှသာလျှင် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ ဒီမိုကရစေီနိုင်ငံသစ်ဆီသို့  ချီတက်နေချိန်တွင် ပြည်သူဗဟိုပြု ၀န်ဆောင်မှုလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပအဖွဲ့  အစည်းများနှင့်လည်း သိက္ခာရှိစွာ ဆက်ဆံဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
၃။     ရေကြောင်း/လေကြောင်းအန္တရာယ်များ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေသည့် အတွက်   ဝန်ကြီးဌာနအနေဖြင့် လက်အောက်ခံအဖွဲ့  အစည်းများရှိ သက်ဆိုင်ရာ ဌာနခွဲများအလိုက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့်ဆက်စပ်နေသည့် ဌာနများတွင် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် သင်တန်းအောင်မြင်ပြီး အရည်အချင်းပြည့်မီသူများကိုသာ စီစစ်ရွေးချယ် ခန့်အပ် တာဝန်ပေးသင့်ပါသည်။
၎။     သို့ ဖြစ်ရာ  ပို့ ဆောင်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူဗဟိုပြု ၀န်ဆောင်မှု လုပ်ငန်းကိစ္စရပ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်နှင့် ဆက်စပ်နေသည့် လက်အောက်ခံ ဌာနများတွင် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့်  အမှန်တကယ် ကိုက်ညီသူများကိုသာ ရွေးချယ်/တိုးမြှင့် ခန့် အပ် တာဝန်ပေးသင့်ပါသဖြင့် သမ္မတကြီးမှ လမ်းညွှန် စီစစ်မှု ပြုလုပ်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
                        ရိုသေလေးစားစွာဖြင့် -
                                                           ပို့ ဆောင်ရေးဝန်ကြီးဌာန
မိတ္တူကို -
သူရဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ
ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ
ဦးဉာဏ်ထွန်းအောင်၊ ပြည်ထောင်စုဝန်ကြီး၊ ပို့ ဆောင်ရေးဝန်ကြီးဌာန
ဦးကျော်သူ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ
အယ်ဒီတာ မှတဆင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့  ပေးစာ
0 comments
-
     လေးစားရပါသောဥက္ကဌ ကြီးခင်ဗျား-
                      ( ၁. ၆ . ၂၀၁၃ ) နေ့ တွင်ကျင်းပခဲ့သော
အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းနှင့် စပ်လျင်းသည့်
ညှိနှိုင်းဆွေနွေးပွဲနှင့် ပတ်သက်၍တင်ပြလိုက်ပါသည်။
                                     ရှေးဦးစွာ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းန
ှင့်ပတ်သက်တင်ပြလိုပါသည်။
မြန်မာနိုင်ငံသားအင်ဂျင်နီယာများသည် မြန်မာနိုင်ငံအစိုးရ
ဖွင့်လှစ်သင်ကြားပေးသော အင်ဂျင်နီယာကျောင်းများမှ
ပေါက်ဖွားလာသူများဖြစ်ပါသည်။  အထူးတလည် ထိုအသင်းသို့ ဝင်စရာမလိုပါ။
(  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် ပြည်ပနိုင်ငံ တစ်ခုခု
တွင်သာရှိသင့်သည့် အဖွဲ့ အစည်းဖြစ်ပါသည်။)စတင်ဖွဲ့ စည်းစဉ်ကလည်း
 အင်ဂျင်နီယာ များ၏ လူမှုရေး၊သာရေး၊နာရေးများ
အခွင့်အရေးများအတွက်ရည်ရွယ်၍  ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါသည်။
(အင်ဂျင်နီယာလုပ်ငန်းများနှင့်ပတ်သက်၍လက်ရှိစည်ပင်သာယာဥပဒေများသည်လုံလောက်မှုရှိပါသည်။ကောင်စီဖွဲ
့၍ဥပဒေများထပ်မံထုတ်ပြန်ရန်
မလိုပါ။)နိုင်ငံသားပိုင်ဖြစ်စေ၊နိုင်ငံခြားသားပိုင်ဖြစ်စေ မည်သည့်ကုမ္မဏီ
အဖွဲ့ အစည်းတွင်မဆို အင်ဂျင်နီယာများသည် မိမိ၏ထမင်းအိုးနေရာ
တည်မြဲရေးအတွက် အစဉ်ကြိုးစား နေကြရပါသည်။ အရည်အသွေး၊ကိုယ်ကျင့်တရားနှင့်
ကြိုးစားမှုတို့ အရ အထက် နှင့် အောက် ဟူသည့်
သတ်မှတ်ချက်သည် အမြဲရှိနေမည်ဖြစ်ပါသည်။ အမျာနည်းတူ
မလေ့လာ၊မကြိုးစား၊ကိုယ်ကျင့်တရားညံ့ဖျင်းလျှင် မည်သည့်ဘွဲ့ ပင်ရပါစေ၊
အများတကာထက် နောက်ကျကျန်ရစ်မည်ဖြစ်ပါသည်။
               ဥပမာအားဖြင့် D.S.A ဗိုလ်သင်တန်းတွင် သင်ကြားခဲ့ရသော
ပညာများသည်အတူတူပင်ဖြစ်ပါသည်။ လုပ်ရည်ကိုင်ရည်၊ကိုယ်ကျင့်တရား
နှင့် ကြိုးစားမှု တို့ အရ ကွာခြားသွားခဲ့ကြရပါသည်။အဆင့်ဆင့်တွင်
ရာထူးမတက်ပဲကျန်ရစ်သူများ၊ အငြိမ်းစားပေးခံရသူများ၊အရပ်ဘက်သို့ ပြောင်း
ရွှေ့ ခံရသူများ၊ထုတ်ပယ်ခံရသူများ၊အရေးယူခံရသူများ စသည်ဖြင့် အမျိုးမျိုး
ရှိခဲ့ပါသည်။ ရာထူးအဆင့်တိုးမြှင့်ကာလ တစ်နှစ် အတွင်းတွင်လည်း
မိမိကိုယ်မိမိ မထိမ်းသိမ်းနိုင်မှု၊အခက်အခဲများ မဖြေရှင်းနိုင်မှု တို
့ကြောင့် ရာထူးအဆင့်မတက်ခဲ့သူများလည်းရှိပါသည်။ ကြိုးစားမှု
၊ကိုယ်ရည်ကိုယ်
သွေးမြင့်မားမှု၊အထက်လူကြီး၏ ယုံကြည်ကိုးစား ခံရမှုတို့ ကြောင့်
အခြားအဆင့်မှ အရာရှိဖြစ်ခဲ့ကြသူများလည်းများစွာရှိခဲ့ကြပါသည်။
တပ်မမှူးတိုင်း
၊တိုင်းမှူးမဖြစ်နိုင်ပါ။ခေါင်းဆောင်ကောင်း၏ သင်ပြမှု နှင့်
နောက်လိုက်ကောင်း၏အရည်အသွေးသည်သာ  အဓိကဖြစ်ပါသည်။ )
              ယခု မြန်မာနိုင်ငံတွင် အင်ဂျင်နီယာသင်တန်း
များစွာရှိပါသည်။ THS ,ETEC,EGTI,AGTI,B-Tech,BE.ME  စသည်အပြင်ဌာနတွင်း
သင်တန်း များစွာရှိပါသည်။မည်သည့်ဘွဲ့ ပင်ရရှိပါစေ၊
လုပ်ငန်းရှင်သည်သူအသုံးတည့်မည့်သူကိုသာ ခေါ်ယူသုံးစွဲမည်ဖြစ်ပါသည်။
              {  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် မိမိနိုင်ငံသားများ
အခြားသူများ၏လက်အောက်တွင် တာဝန်ထမ်းဆောင်လုပ်ကိုင်ကြရမည်
ဟူသော အကြောင်းပြချက်ဖြင့် ပြည်ပရင်းနှီးမြှုတ်နှံသူများထံမှ
ထမင်းရှာဖွေစားသောက်ခွင့်ကို BE ဘွဲ့ ရများသာ လုပ်ကိုင်စားသောက်ခွင့်ရရန်
စီမံကိန်းချ၍ ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်ပါသည်။ BE
ကျောင်းဆင်းတိုင်းအတွက်လည်းမဟုတ်ပါ။
ထို့ အပြင် နိုင်ငံတော် အုပ်ချုပ်သူလူကြီးများထံ ယုံကြည်လောက်အောင် အမျိုးမျိုး
တင်ပြ၍ အကာအကွယ်ယူကာ စည်းကမ်းဥပဒေများ ထုတ်ပါလိမ့်မည်။
မည်သည့်အစိုးရပင်တက်ပါစေ၊ တက်လာသည့်အစိုးရ၏ကျားကန်အဖွဲ့ 
အစည်းတစ်ခုဖြစ်လာစေရန် အကြောင်းပြ၍  သူတို့ ၏လုပ်ပိုင်ခွင့်
အကျိုးစီးပွားအတွက် ထိုအစိုးရကို အသုံးချပါလိမ့်မည်။သူတို့ ၏
ခွင့်ပြုချက်
ရမှသာ အလုပ်လုပ် ခွင့်ရှိသော Proffessional Engineer
ဟူသောလုပ်ကိုင်စားသောက်ခွင့်ကို ချုပ်ကိုင်ပါလိမ့်မည်။နိုင်ငံတော်မှ
ထုတ်ပေးထား
သော ထမင်းစားခွင့်အောင်လက်မှတ်ကို ထပ်မံချုပ်ကိုင်မည့် အဖွဲ့ အစည်းအား
မြန်မာနိုင်ငံသားအင်ဂျင်နီယာ များအားလုံး (လုံးဝ) မလိုလားပါ။
သူတစ်ပါး၏ ထမင်းရှာဖွေ စားသောက်ခွင့်သည် ချုပ်ကိုင်ကောင်းသော အရာမဟုတ်ပါ။ }
               ဘ၀ပေးအခြေအနေ အရ ပညာရေးအား ရောက်ရှိသည့်နေရာတွင်ရပ်တန်
့ကာ ၀မ်းစာရှာဖွေရင်း ထိုပညာကို ဆက်လက်လေ့လာ
ဆည်းပူးနေသူ များစွာရှိပါသည်။( ပြည်ပကုမ္မဏီများသည် ဘွဲ
့လက်မှတ်ကိုအဓိကမထားပဲ ထိုသူ၏လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊ကြိုး
စားမှု တို့ ကိုသာကြည့်ရှု ကြပါသည်။ BE ,ME ဟူ၍ ဦးစားမပေးပါ။
ကျွန်တော်တင်ပြသည်ကို ချက်ချင်းမယုံပဲ EU ,အမေရိက နှင့် စင်္ကာပူ၊
ဂျပန်တို့ ရှိ သံရုံးများကိုစုံစမ်းခိုင်းကြည့်ပါ။)
                မြန်မာနိုင်ငံသားအင်ဂျင်နီယာများကို မြှင့်တင်လိုလျှင်
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို ဦးစွာ
စီစစ်မြှင့်တင်ပေးပြီး ၊နိုင်ငံသားများအတွက် လုံလောက်သော ကာကွယ်မှု
ဥပဒေထုတ်ပေးရန်သာရှိပါသည်။ ( နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်သင်
ကြားပေးသော ကျောင်းများမှအောင်မြင်ပြီး ထမင်းရှာဖွေစားသောက်သူများသည်
Proffessional Engineer  များဖြစ်ကြပါသည်။ ထိုသူများ
သည်လည်း  အရည်အသွေးအရ ထိုက်သင့်သည့် နေရာများတွင်သာ လုပ်ကိုင်နေကြရသူများ
ဖြစ်ကြပါသည်။ လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရား၊
ကြိုးစားမှု တို့ အရ  အထက် နှင့်အောက် ဆိုသည့်သတ်မှတ်ချက်မှာ
မည်သည့်နိုင်ငံသားနှင့်မဆို နေရာတိုင်းတွင်ရှိပါသည်။ အင်ဂျင်နီယာ
လုပ်ငန်း
တွင် မနိုင်သည့်ဝန်ကိုထမ်း၍ လည်း လိမ်ညာထမင်းရှာစား၍မရပါ။ ထိုသူများကို
ဥပဒေထုတ်၍  ချုပ်ကိုင်ကန့် သတ်စရာ အကြောင်းလုံးဝမရှိပါ။)
               တင်ပြလိုသည်မှာ အစိုးရအဆက်ဆက်၏ သမိုင်းသည်
ကောင်းချင်မှကောင်းပါလိမ့်မည်။ လေ့လာကြည့်လျှင် အစိုးရတွင် အပြစ်
မရှိပါ။ (အစိုးရသည် မိဘဖြစ်၍ နိုင်ငံသားများသည် သားသမီးဖြစ်သည်။
မည်သည့်မိဘကမျှ မိမိ၏အိုးအိမ်၊သားသမီးများကို ပျက်စီးအောင်မလုပ်
ကြပါ။အစိုးရအဖွဲ့ ဝင်များ၏ လုပ်ပိုင်ခွင့်ကိုအကာအကွယ်ယူ၍
လူတစ်ဦးတစ်ယောက်၊အဖွဲ့ အစည်းတစ်ခု၏ လုပ်ပိုင်ခွင့် ၊အကျိုးစီးပွားအတွက်
 အစိုးရကို မလိမ့်တပတ် အသုံးချခဲ့သူများတွင်သာ အပြစ်ရှိပါသည်
။ဥပမာအားဖြင့်- ပြည်သူလူထုအပေါ် မသမာသောနည်းလမ်းဖြင့် ငွေကြေး
အမြတ်ထုတ်သောဝန်ထမ်းများ၊လူကြီးများအတွက်ဟုအကြောင်းပြပြီး ကုမ္မဏီ
များအပေါ် ငွေကြေးရာခိုင်နှုန်းကောက်ခံပြီး၊မလိုသောကုမ္မဏီ
များအား နှိပ်ကွပ်သောအရာရှိ များအား ယနေ့ အထိမြင်တွေ့ နေရသော်လည်း
၊ထိုကိစ္စများကြောင့် ဘာမျှပင်မသိလိုက်ရသော ၀န်ကြီးအချို့ မှာ
တာဝန်ယူနှုတ်ထွက်ခဲ့ရပြီးဖြစ်သည်။)ယခုလည်းထိုပုံစံကို
အစပြုနေပြီဖြစ်ပါသည်။ ဥပဒေတစ်ရပ်ကို စေတနာအမှားဖြင့် မထုတ်ပြန်စေလိုပါ။
ထွက်ပြီးသားဆင်စွယ်သည် ပြန်ဝင်ရန် ခဲယဉ်းပါသည်။စေတနာအမှား ဆိုသော်လည်း
ပြန်ပြင်ရန် သိက္ခာများပေးဆပ်ရပါမည်။ နောင်တစ်ချိန်
တွင် ထိုဥပဒေပြဌာန်းခွင့်ပြုသူသည် တရားခံဖြစ်ပါလိမ့်မည်။
လူတန်းစားတစ်မျိုး၏ အကျိုးစီးပွား၊လုပ်ပိုင်ခွင့် အတွက် အခြားသူများ၏
ရိုးသား
ပြီး အ,ကုသိုလ်ကင်းသော ထမင်းရှာဖွေစားသောက်ခွင့်ကို ပိတ်ပင်လျှင်
တူသောအကျိုးပေးပါလိမ့်မည်။ ထိုကိစ္စအတွက်အစစ အရာရာ စီစဉ်
ပြီးဖြစ်နေပါကလည်း ပြန်လည်ပယ်ဖျက်ပေးရန်အနူးအညွတ် မေတ္တာရပ်ခံပါသည်။
                ( ထမင်းရှာဖွေစားသောက်ခွင့်ကို ချုပ်ကိုင်သော
ဥပဒေပြဌာန်းခြင်းသည်    မြန်မာနိုင်ငံသားအင်ဂျင်နီယာများအား
မြှင့်တင်ခြင်း
မဟုတ်ပါ။  မြန်မာနိုင်ငံသားအင်ဂျင်နီယာများအားအမှန်တကယ်မြှင့်တင်လိုပါက
လက်တွေ့ စာတွေ့  အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမများကို
ခန့် ထားခြင်း၊မွမ်းမံသင်တန်းပေးခြင်း၊ပြည်ပသို့  ပညာတော်သင်စေလွှတ်ခြင်း
နှင့်  မြန်မာနိုင်ငံသားအင်ဂျင်နီယာများအား လုံလောက်သောကာကွယ်
မှုရရှိစေရန် ရင်နှီးမြှုတ်နှံသူများအား
သင့်တော်သည့်ဥပဒေထုတ်ပြန်ခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ကြောင်း
ထပ်မံတင်ပြပါသည်။ )
                အင်ဂျင်နီယာကောင်စီဥပဒေကြမ်းနှင့်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို အသုံးချကာ လုပ်ပိုင်ခွင့်ချဲ
့ထွင်မည့်သူများကို တားဆီးခြင်း
ဖြင့် အစပြု၍ အစိုးရအဖွဲ့ ဝင်များ၏သားသမီးများသည် မိမိ၏ဖခင်အမည်ကို
လူအများကြားတွင် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုရဲပြီး ဂုဏ်ယူနိုင်သော
အဖြစ်သို့ ရောက်ရှိနိုင်ပါစေရန် ဆုတောင်းပေးပါသည်။
                မြန်မာနိုင်ငံတွင် ထိုကိစ္စထက်ပိုမိုအရေးကြီးသော
ကိစ္စများစွာရှိပါလိမ့်မည်။
       အစိုးရအဖွဲ့ အား(ကွယ်ရာတွင်လှောင်ရီရီ၍
)အသုံးချခြင်း၊ကင်းရှင်းကြပါစေ။
Wednesday, June 12, 2013
0 comments
please refer attach
Sunday, June 9, 2013
The Rihgt Time News သို့ (အိတ်ဖွင့်ပေးစာ)
1 comments
The Right Time News ၏ ဇွန်လ ၁၂ ရက်နေ့ထုတ် Vol _1, No_14 စာမျက်နှာ ၃၁ ပါ ဆောင်းပါးတွင် ဖော်ပြပါရှိချက်များအရ ဤစာကိုရေးသားရခြင်းဖြစ်ပါသည်။
ပြည်ပနိုင်ငံထုတ် မီဒီယာမှ သတင်းကိုပြန်လည်ဖော်ပြခြင်းဖြစ်သည်ဟုပါရှိပါသည်။ သတင်းတစ်ပုဒ်လုံး ခြုံငုံ ကြည့်လျင် ကာယကံရှင် ဦးအောင်သောင်း တစ်ဦးတည်းကိုသာ တိုက်ခိုက်ရေးသာထားသည်ကို တွေ့ရ ပါသည်။ သို့သော်လည်း သတင်းသေချာမှုရှိမရှိ လေ့လာစုံစမ်းမှုမပြုဘဲ ကာယကံရှင်အား ပုတ်ခတ်ရေးသား ထားမှန်း သိပါလျက် နှင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု သက်သက်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပါသည်။
အယ်ဒီတာအဖွဲ့၏ လူ့ကျင့်ဝတ်မစောင့်စည်းခြင်း၊ မီဒီယာလောက၏ လွတ်လပ်စွာရေးသားခွင့်ရရှိခြင်းအား လွဲမှားစွာအသုံးပြုခြင်းတို့ကြောင့် မည်သို့သော ထိခိုက်မှုများရှိမည်ဟုထင်ပါသနည်း။ မသိလျင် ပြောပါမည် -
(၁) လက်ရှိအဖွဲ့အစည်းအတွင်း အထင်အမြင်လွဲမှားစေပြီး အချင်းချင်းသံသဖြစ်ပွားကာ ယုံကြည်မှုအားနည်း လာနိုင်ခြင်း။
(၂) ကာယကံရှင်သည် သဘောထားတင်းမာသူ၊ နောက်ကြောင်းပြန်လှည့်ချင်သူ၊ အဓိကရုဏ်းများစွာကို ဦးဆောင်ကိုင်တွယ်သူအဖြစ် ပုံဖော်ထားပြီး နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အဓိက ဖျက်ဆီး နေသူဟု ဖော်ပြသည့်အတွက် ကာယကံရှင်နှင့် နိုင်ငံတော်၊ ပြည်သူများအကြား အခြေအနေအမှန်ကို ထဲထဲ ၀င်ဝင်မသိရှိမှုကြောင့် ယုံကြည်မှုကင်းမဲ့လာနိုင်သဖြင့် ကာယကံရှင်၏ ဂုဏ်သိက္ခာကို များစွာထိခိုက် စေခြင်း တို့ကို အကြမ်းဖျဉ်းအားဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။
ကိုယ်ဖော်ပြသောသတင်းကို ကိုယ်တိုင် အပြည့်အစုံဖတ်ပြီးပြီဟု ယူဆပါသည်။ အယ်ဒီတာအဖွဲ့၏ လေ့လာမှု အားနည်းခဲ့သည်များကို ပြန်လည်ဖော်ပြပါမည် -
(၁) ဦးဝီရသူတရားဟောအပြီး အဓိကရုဏ်ဖြစ်ပွားကြောင်း ဖော်ပြထားခြင်းအား ဦးဝီရသူမှ အင်တာဗျူး တစ်ခုတွင် ဖြေကြားထားတာရှိပါသည်။ https://www.facebook.com/ven.wirathumsy?fref=ts မှာ သွားရောက်ဖတ်ရှုနိုင်ပါသည်။
(၂) ရခိုင်တွင် မသီတာထွေးကိုရက်ရက်စက်စက်သတ်ခြင်း၊ မိတ္ထီလာတွင် ဆရာတော် ဦးသောဘိတအား ရက်ရက်စက်စက်သတ်ခြင်း၊ လားရှိုးတွင် မအေးအေးဝင်းအား ဓါတ်ဆီလောင်းပြီးမီးရှို့ခြင်းများကြောင့် ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းဖြစ်သည်ကို မသိရှိပါသလော။ အကြမ်းဖက်မှုများကို ဦးအောင်သောင်းမှ ကြိုးကိုင်သည်ဆိုပါက ကြိုက်သလိုစုံစမ်းနိုင်သည်။ ကာယကံရှင်အားမေးမြန်းလာပါကလည်း ဖြေဆိုပေးမည် ဖြစ်ပါသည်။
(၃) ဦးအောင်သောင်းသည် ဇနီးသည်၏ကျန်းမာရေးအခြေနေကြောင့်လည်းကောင်း၊ ကိုယ်တိုင်လည်း ကျန်းမာ ရေးအနည်းငယ်ချို့ယွင်းမှုကြောင့်လည်းကောင်း ယခင်ကကဲ့သို့ ခရီးမထွက်ခွာနိုင်တော့ပဲ မိမိအိမ်တွင်သာ ဇနီးသည်၏ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ပေးလျက်ရှိသည်။ ကြိုက်ရာနေရာမှ စုံစမ်းနိုင်ပါသည်။ အယ်ဒီတာအဖွဲ့ဖော်ပြထားသလို တစ်နိုင်ငံလုံးရှိ အကြမ်းဖက်မှုများကို ကြိုးကိုင်သည်ဆိုပါက ထိုအကြမ်းဖက်မှု များကို အိမ်မှထိုင်၍ကွပ်ကဲရန်မဖြစ်နိုင်ဆိုသည်ကို ရိပ်စားမိပါလိမ့်မည်။
အချုပ်ဆိုရလျင် မိမိတို့မီဒီယာ၏အာဘော်မဟုတ် အခြားမီဒီယာ၏အာဘော်ကို ထပ်ဆင့်ဖော်ပြသည်ဟု ဆိုရုံမျှဖြင့် ပြီးပါသလော။ မီဒီယာလွတ်လပ်ခွင့်ဟုဆိုလျင် ယခု ကျွန်တော်ရေးသောစာကို ဖြုတ်မပစ်ပါနှင့်။ အယ်ဒီတာအဖွဲ့၏ ဆိုရအယ်ဒီတာအဖွဲ့၏ အဆင်ခြင်မဲ့လုပ်ဆောင်မှုကြောင့် ကာယကံရှင်၏ဂုဏ်သိက္ခာညှိုးနွမ်းစေ ရသည်ကို လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။
Wednesday, June 5, 2013
အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေသော အမိန့်အာဏာအသုံးအနှုန်းတွေ တော်လောက်ပါပြီ အောင်ဇင်(ပုဇွန်တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
0 comments
  ကျွန်တော်သည် ဥပဒေသမား မဟုတ်ပါ။သို့သော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်နားလည် သော ဥပဒေသည် နှစ်မျိုးသာရှိပါသည်။ ပထမတစ်မျိုးသည် ပြည်သူကို အကာအကွယ်ပေးသော ဥပဒေဖြစ်ပြီး  ဒုတိယတစ် မျိုးမှာ အုပ်ချုပ်သူကို အကာအကွယ်ပေးသော ဥပဒေသာ  ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဥပဒေကိုစဉ်းစားသည့် အခါ ပြည်သူကိုမျက်နှာမူ၍ ပြည်သူမျက်နှာရွှင်လန်းစေသော ဥပဒေများကိုသာ နှစ်သက်ထောက်ခံမည်သာ ဖြစ်သည်။ ကျွန်တော် ၂၀၁၀ ရွေးကောက်ပွဲဝင်စဉ်ကက ပြည်သူကို ရဲရဲကတိ ပြုခဲ့သည်မှာ  နှစ်ခုသာ ရှိပါသည်။ ၄င်းတို့မှာ ပြည်သူ့ အတွက် အကျိုးရှိမည့် ဥပဒေများကို ထောက်ခံပြီး ပြည်သူ့အတွက်အကျိုးမဲ့စေမည့်ဥပဒေများကို ကန့်ကွက်မည်ဟု ကတိပြု ခဲ့ပါသည်။ လွှတ်တော်ထဲရောက်သောအခါ လွှတ်တော်အသံ၊ ပြည်သူ့အသံ ဆိုသည့်အတိုင်း ပြည်သူ၏အသံများကို ဟစ်ကြွေးတောင်းဆိုခဲ့ပါသည်။ ၇၀%သော ပြည်သူများအတွက် ရသင့်သလောက်တော့ ရခဲ့ပါသည်။
          ကျွန်တော်လွှတ်တော်သက်တမ်း ၂နှစ်သားကျော်ကျော်သို့ရောက်သောအခါ အသံလှိုင်းများ၏ရှေ့တွင် အကာအရံ အခက်အခဲများ တွေ့လာရပါတော့သည်။ ဤသည်မှာလည်း စိန်ခေါ်မှုတစ်ခုအနေနဲ့ မှတ်ယူပါသည်။
          ဒီမိုကရေစီအသက်သည် ဥပဒေစည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တပြေးညီ လိုက်နာကျင့်သုံး ခြင်းဟု နားလည်ပါသည် ။ ဒီမိုကရေစီ၏ပဲ့ကိုင်ရှင်ဖြစ်သော ဥပဒေပြုလွှတ်တော်သည်လည်း ပြည်သူများအတွက် အကာ အကွယ်ပေးသော ဥပဒေများကိုသာ ပြုသင့်သည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့ ဥပဒေပြုခွင့်ရသည့် လွှတ်တော်ကိုယ်စား လှယ်များတွင်လည်း ကိုယ်ပိုင်ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာပြောဆိုဆွေးနွေးမှုများ ရှိရမည်ဟုလည်း ယုံကြည် ပါသည်။ ထိုသို့ပြောဆိုလုပ်ဆောင်ရန်အတွက် ပြည်သူများက ကျွန်တော်တို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ပေးလိုက်သည်ဟုလည်း ခံယူပါသည်။ သို့ဖြစ်ပါသောကြောင့် ၂၀၁၃ ပြည်သူလွှတ်တော်ဆိုင်ရာနှင့် ပြည်သူ့လွှတ်တော်ဆိုင် ရာ နည်းဥပဒေအချို့ကိ ပြင်ဆင်ရပါတော့မည်။
          ကျွန်တော်ပြင်ဆင်သည်မှာ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များထဲမှ အခန်း(၅)၊ အပိုဒ်(၁၉)၊ ပိုဒ်ခွဲ(က)တွင် ပါသော လွှတ်တော်ကို စည်းကမ်းသေ၀ပ်စေရန် တာဝန်ယူကြိးကြပ်ကွပ်ကဲခြင်းနှင့် ထိုသို့ ကြီးကြပ်ကွပ်ကဲ ရာ တွင် “မိမိချမှတ်သော အမိန့်များကို” တည်စေရန် လိုအပ်သော “အခွင့်အာဏာ” အပြည့်အ၀ ကျင့်သုံးခွင့်ရှိခြင်း ဆိုသ်ည့အပိုဒ် တွင် “အမိန့်၊ အခွင့်အာဏာအစား” “မိမိချမှတ်သောဆုံးဖြတ်ချက်မျာကို” တည်စေရန် လိုအပ်သာ “လုပ်ပိုင်ခွင့်များကို” ဥပဒေနှင့် အညီ အပြည့်အ၀ကျင့်သုံးခွင့်ရှိခြင်းလို့  ပြင်ဆင်ခဲ့ပါသည်။
          ထိုသို့ပြင်ဆင်ခြင်းမှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေသော လွှတ်တော်ကြီးတွင် လွတ်လပ်စွာ ဆွေးနွေးခြင်း၊ ပွင့် လင်းမြင်သာမှုရှိခြင်းသည် အဓိကကျသောကြောင့် ဖြစ်ပါသည်။ အမိန့်အာဏာအောက်တွင် ဆွေးနွေးတင်ပြသည်ထက်  ဥပဒေစည်းမျဉ်းစည်းကမ်းများအောက်တွင် ဆွေးနွေးတင်ပြခြင်းသည် ဒီမိုကရေစီပိုကျလိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်၏ပြင်ဆင်ချက်ကို ထောက်ခံသူရှိပါက မတ်တပ်ရပ်ခိုင်းသောအခါ လွှတ်တော်တစ်ခုလုံးငြိမ်သွားပြီး  ကျွန်တော်နှင့် စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း ပေါင်းနှစ်ဦးသာ မတ်တပ်ရပ်ခဲ့ပါသည်။ ဘယ်လိုဖြစ်သလဲ၊ ၀မ်းနည်းဖို့မကောင်းလား။
ကျွန်တော်ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးစဉ်က “ဒီဥပဒေကို ပြင်ဆင်ဖြည့်စွက်ရတာက ပြည်သူတွေအတွက် ဒီမိုကရေစီလမ်းကြောင်းဖောက်မယ့်သူတွေက ကျွန်တော်တို့ရဲ့ လွတ်လပ်စွာဆွေးနွေးခွင့်တွေ ပျေက်သွားမယ်ဆိုရင် အများ ပြည်သူတွေကြားလို့မတော်ပါဘူး။ ဒီမိုကရေစီနှလုံးသားအခံနဲ့ စဉ်းစားတဲ့အခါ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်၊ အသုံး အနှုန်းများက ကျွန်တော်ရဲ့ နှလုံးသားကို ကြမ်းရှရှ ဖြစ်စေပါတယ်”လို့ ပြောခဲ့ပါတယ်။
သို့ဖြစ်ပါ၍ ကျွန်တော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့  အမိန့်အာဏာရဲ့အောက်မှာ သင်းသတ်ထားတဲ့ သစ်ပင်လိုနေရာမှာထက် ဥပဒေမူဝါဒရဲ့အောက်မှာ ဂုဏ်ရှိတဲ့ ၊ သိက္ခာရှိတဲ့ နေထိုင်နည်းနဲ့ တင့်တင့်တယ်တယ် ထည်ထည်ဝါ ၀ါ နေထိုင်လိုပါတယ်။
မှန်ပါတယ်။ ပြည်သူတို့ရဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့အသံသာ လွှမ်းသင့်ပါတယ်။အမိန့်အာဏာသံများကင်းစင်
သင့်ပါတယ်။  သို့မဟုတ်လျှင် အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်သွားပါလိမ့်မယ်ခင်ဗျား။
NEWS WATCH ဂျာနယ် ( ၁၇-၅-၂၀၁၃)
နိုင်ငံတော်သမ္မတကြီးသိရှိစေရန်
0 comments
နိုင်ငံတော်သမ္မတကြီးခင်ဗျားး
ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ
နိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ် သီလ၀ါတွင် တည်ရှိပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်
 နိုင်ငံတကာအဆင့်မှီ ရေကြောင်းပညာရှင်များကိုမွေးထုတ်ပေးလျက်ရှိသော တစ်ကျောင်းတည်းသောကျောင်းဖြစ်ပါသည်၊သို့သော်လည်း မြန်မာပြည်တွင် အဆင့်မြင့်ဆုံးကျောင်းဖြစ်ပါလျက်နှင့် အတွင်းပိုင်းတွင် ရှုပ်ထွေးလျက်ရှိကာ ရုံးလုပ်ထူံးလုပ်နည်းများအား မလိုက်နာမကျင့်သုံးပဲ အာဏာရှင်ဆန်ကာ အကျင့်ပျက် ခြစားလျက်ရှိသော ကျောင်းတစ်ကျောင်းဖြစ် နေသည်ကိုတင်ပြလိုပါသဖြင့် တိုင်ကြးတင်ပြရခြင်းဖြစ်ပါသည်၊ ၂၀၀၇၊၂၀၀၈ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန (စစ်ရာထူးခန့်ချုပ်ရုံး)မှ (ကကထူး)၏ အမိန့်ဖြင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် သင်ကြားရေးနှင့် စီမံရေးရာဌာနများသို့ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်ကြီးအဆင့်ထိ အငြိမ်းစား အရာရှိများ အား သင်ကြားရေးနှင့် အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်ရန် စစ်ဘက်မှအရပ်ဘက်သို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်၊ ထိုသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန်မှ စတင်ကာ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် စတင်ထိတွေခဲ့ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် အထက်ပိုင်း လူကြီးများ ဖြစ်သော ပါချုပ် ဒေါက်တာချာလီသန်းလက်ထက်တွင် အခြေအနေေ  တ်ာတော်ဆိုးရွားခဲ့ပါသည်၊ တက္ကသိုလ်စတင်တည်ထောင်ကာစဖြစ် သောကြောင့် နိုင်ငံတော်မှ အတိုင်းအဆမရှိ ဘက်ဂျက်များကို အခြေခံအဆောက်အဦးများ တည်ဆောက်ရန်နှင့် ကျောင်းသားများအတွက် ချထားပေးခဲ့ပါသည်၊ သို့သော်လည်း လိုအပ်သောနေရာတွင် အသူံးမပြုပဲ GOLDEN FLOWER COMPANY နှင့်ပူးပေါင်းကာ အဆင့်မမှီသော အရည်အသွေးမပြည့်ဝသော  ရေကူးကန်၊ ဘွဲ့နှင်း၊ အားကစားကွင်းနှင့်စာသင်ဆောင်များကို  နိုင်ငံတော်ထံမှကျပ်သန်းပေါင်းများစွားတင်တောင်းကာ တည်ဆောက်သည့်အခါ  အမြင်ကောင်းပြီးစံချီန်မမှီသော အဆောက်အဦးများ ကို ဈေးပေါပေါဖြင့်တည်ဆောက်ခဲ့ပါသည်၊ ယခုအခါတွင် အဆောက်အဦးများမှာကျောက်ပြားများကွဲအက်ကာ မိုးရွာလည်မိုးယို နံရံများမှာလည်း အက်ကြောင်းများလိုက်ကာ ဘယ်အချိန် ပြိုကြမလဲဘုရားတနေ၇ပါသည်၊ ယခင်ပါမောက္ခချုပ်ဒေါက်တာချာလီသန်းမှာ ၀န်ကြီးနှင့်ရင်းနှီးသဖြင့် ၀န်ကြီးအား တကယ့်ဘုရားသခင်ကဲသို့ ကိုးကွယ်နေပြီး အပေါ်ဖားကာ အောက်ခြေမှ စစ်ဘက်နယ်ဘက်အမှုထမ်းများကို ဖိနှိပ်ကာ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့ပါသည်၊ စစ်ဘက်မှ ပြောင်းရွေ့လာသည့်အငြိမ်းစားအရာရှိများကိုလည်း “မင်းတိုးတပ်ကကောင်တွေဘာလုပ်တက်လို့လဲ” “ဘာအရည်အချင်းရှိလို့လဲ” စသည်ဖြင့် စော်ကာူးခဲ့ပါသည်။ စစ်ဘက်မှ အရာရှိမျာိးကိုလည်း သူနှင့်အဆင်ပြေရင်ပြေသလို အမိန့်ကို လက်တင်ပေးကာ သူ့စိတ်ကြိုက် ချယ်လှယ်အသုံးချခဲပါသည်၊ ယခု အငြိမ်းစားယူပြီးနောက် သူ၏နေရာတွင် DMAမှ ပြောင်းရွေ့လာသော ဦးကျော်ဇေယျအား ဒုပါချုပ် (စီမံ)အဖြင့်တာဝန်ပေးခဲ့ပါသည်၊ဦးကျော်ဇေယျသည် ယခင်ကာလများက ဦးချာလီသန်းနှင့် တစ်ဦးနှင့်တစ်ဦးအဆင်မပြေဖြစ်ကာ ကျောင်း၏ကောင်းရာကောင်းကျိုးမကြည့်ပဲ ပညာမာနပြိုင်ကာ နေရာလုနေကြသူများဖြစ်ပါသည်၊ ဦးကျောာ်ဇေယျမှာ အသက် 60ပြည့်နေပြီဖြစ်သဖြင့် ခံစားခွင့်ကာလ 4လ တွင် ခံစားခွင့်မယူပဲ ကျောင်းတွင် အမျိုးမျိုးဒုက္ခပေးနေပါသည်၊ စစ်တပ်မကောင်းကြာင်းအား အမြဲ ပြောလေ့ရှိပြီး စစ်ဘက်မှ ပြောင်းရွေ့လာသော အရာရှိများကို ရာထူးနေရာမပေးပဲအမျိုးမျိုး ဖိနှိပ်အုပ်ချုပ်ကာ ပညာပေးလျက်ရှိပါသည်။ ရာထူးပေးကာနီးကြမှ အကြောင်းအမျိုးမျိုးပြကာ နေရာများကို ယခင်ခန့်ထားသော နေရာမှ ရာထူးမပေးချင်သောကြောင့် နေရာအား အမျိုးမျိုးပြောင်းရွေ့နေပါသည်။ယခု (8.5.2013)၇က်နေ့တွင်140000 -2000-15000တန်းဝင် ထူးနေရာပေးရာတွင် သတ်မှတ်ပညာအရည်အချင်း လုပ်သက်နှင့်ကိုက်ညီသူစစ်ဘက်မှ အရာရှိများကို နေ၇ာရာထူးမပေးပဲ သူနှင့်ပဏာစားသူများကိုသာ နေ၇ာပေးကာ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးရုံးသို့ တင်ပြလျက်ရှိပါသည်။သူအမြဲပြောသောစကားမှာ“သင်္ဘောကပတိန်လုပ်ခဲ့ရတာဟာ အသက်အန္တရယ်အင်မတန် နီးကပ်ကြောင်း မင်းတို့စစ်သားတွေထက်ပိုပြီး အသက်စွန့်ရကြောင်း”အမြဲပြောပါသည်။ ဒုတိယပါမောက္ခချုပ် (စီမံ)သင်္ဘောကပတိန် ဦးကျော်ဇေယမျမှာ  တက္ကသိုလ်၊ အင်ဂျင်နီယာရူပဗေဓဌာနမှ ဆရာမတစ်ဦး ဖြစ်သော လက်ထောက်ကထိကဒေါ်မေစိုးအောင်အား သူ့ရုံးခန်းထဲသို့ ခေါ်ပြီး လူမှုရေးဖောက်ပြန်မှူများကို လုပ်ဆောင်နေပါသည်။ သူတို့၏ဓတ်ပုံများကို လည်းပူးတွဲတင်ပြအပ်ပါသည်။ ဆရာမတာဝန်ကျရာ ဌာနသို့မသွားခိုင်းပဲ သူ့အခန်းခေါ်ယူပြီး သူ့ဘေးတွင် စားပွဲတစ်လုံးနှင့်ထိုင်ခိုင်းထားသည်မှာ ကြာပြီဖြစ်ပါသည်။ အဆိုပါကိစ္စများကို တက္ကသိုလ်တွင်စုံစမ်းနိုင်ပါသည်။ သူအား (စီမံ) အုပ်ချုပ်ရေးရာထူးပေးထားသော်လည်း တက္ကသိုလ်ဝန်ထမ်းအိမ်ယာတွင် ဆရာမနှင့်စာရေး တရားဝင်လက်မထပ်ပဲ Living together နေထိုင်ခြင်း၊ အရာရှိအမျိုသမီးနှင့် အောက်ခြေ၀န်ထမ်းများ လူမှုရေးဖောက်ပြန်နေသည်တို့အားအရေးမယူပဲ စစ်ဘက်မှပြောင်းရွေ့လာသော အရာရှိများအား သတ်မှတ်လုပ်သက်ပြည့်ပြီး အရည်အချင်းရှိသူများအား နေရာမပေးပဲအမျိုးမျိုးအလုပ်ကနေထွက်သွားအောင် ဖိနှိပ်အုပ်ချုပ်နေပါသည်။ သို့ဖြစ်ပါသောကြောင့် ဖော်ပြပါကိစ္စရပ်များအား နိုင်ငံတော်သမ္မတာကြီးမှ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ပါရန် နှင့်အဖြစ်မှန်အားဖော်ထုတ်စုံစမ်း ပေးနိုင်ပါရန် တိုင်ကြားတင်ပြလိုက်ပါသည်။
ရေကြောင်းတက္ကသိုလ်မှဝန်ထမ်းတစ်ဦး
Tuesday, June 4, 2013
(တိုင်စာ) ရပ်ကွက်အတွင်း အချိန်မတော် သီချင်းများအော်ဟစ်ဆူပူနေပါသဖြင့်
0 comments
လှည်းတန်း၊ ထန်းတစ်ပင် လမ်းရှိ ထန်းတစ်ပင် ဘုန်းကြီးကျောင်းအနီးတွင် ညဘက်
(1) နာရီခန်တွင် သီချင်းများ ဟော်ဟစ်သီဆိုကာ ရပ်ကွက်အတွင်း
ဆူပူသောင်းကြမ်းသဖြင့်အနီးအနားရှိ လူကြီး မိဘများ
အိပ်စက်အနားယူမရဖြစ်ရပါသည်။ ညတိုင်းလိုလိုဖြစ်နေခြင်းဖြစ်ပါသဖြင့်
သက်ဆိုင်ရာလူကြီး များ အနေနှင့် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
Wednesday, May 29, 2013
အစိုးရ၏ပြုပြင်ပြောင်းလဲမှုများ(သရော်စာ)
0 comments
ယခုတလော Social Media များ၌ အတော်များများရေပန်းစားလျက်ရှိသော အကြောင်း အရာတစ်ခုတွေ့ရှိရသည်။ ၎င်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေရေရာရာမရှိကြောင်း၊ ထူးခြားစွာပြောင်းလဲမှုမရှိကြောင်း၊ ထိထိမိမိ သိသိသာသာမရှိကြောင်း၊ ပြုပြင် ပြောင်းလဲမှုများကို သက်သေပြရန်လိုကြောင်းများကို ဝေဖန် ထောက်ပြထားခြင်းဖြစ်သည်။
လက်ရှိအစိုးရအနေဖြင့် ထူးခြားသိသာစွာပြောင်းလဲလျက်ရှိသော အပြောင်းအလဲများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သိရှိခြင်းမရှိဟုထင်မိပါသည်။ လေ့လာသုံးသပ်ချက်များအရ အောက်ပါအပြောင်းအလဲများကို ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည် -
(က)    နှစ်(၅၀)အတွင်း နိုင်ငံခြားသို့ အခေါက်ပေါင်းများစွာသွားလာသော အစိုးရအဖွဲ့ ခေါင်းဆောင် များ ဖြစ်ခြင်း၊
(ခ)     နိုင်ငံခြားဧည့်သည်များစွာလာရောက်ပြီး ဧည့်သည်များကို တွေ့ဆုံမှုများစွာပြုလုပ်ခဲ့သော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊
(ဂ)     TV , Radio များမှ အကြိမ်ပေါင်းမြောက်များစွာ မိန့်ခွန်းများပြောကြားခြင်း၊
(ဃ)    တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ခြင်း ခေါင်းစဉ်အောက်မှ မိမိအတွက် ဘွဲ့တံဆိပ်၊ ဆုတံဆိပ်များရရှိအောင် ကြိုးစားပမ်းစားဆောင်ရွက်လျက်ရှိသော အစိုးရအဖွဲ့ ခေါင်းဆောင် များ ဖြစ်ခြင်း၊
(င)     လက်တွေ့ အတွေ့အကြုံမရှိသော အကြံပေးပေါင်းမြောက်များစွာထားရှိပြီး ၎င်းအကြံပေးများမှ ပေးသော သီအိုရီ၊ အကြံပေးချက်များကို လက်ခံဆောင်ရွက်ရာတွင် ထူးခြားမှုရှိသော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊
(စ)     ဆုံးဖြတ်ချက် တည်မြဲစွာချမှတ်နိုင်ခြင်းမရှိဘဲ ပထမအတွေးအခေါ်၊ ဒုတိယအတွေးအခေါ် များဖြင့် ပတ်လည်ရိုက်လျက်ရှိသော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊
(ဆ)    အခြားသော ဒီမိုကရေစီနိုင်ငံများနှင့်မတူညီသည့် အထူးခြားဆုံးအချက်မှာ မိမိ၏ လက်ငုတ် လက်ရင်းကို ဖယ်ခွာပြီး အစိုးရအဖွဲ့ ၀န်ကြီးများကို အလွမ်းသင့်အောင်ပေါင်းကာ ပြုပြင်ပြောင်း လဲမှုများကို လုပ်ဆောင်နေခြင်းတို့ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
Monday, May 27, 2013
ဂိတ်မှူး ၀င်းထွန်းကျော် သောင်းကျန်းနေ (အကူအညီတောင်းခံစာ)
0 comments
အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်း၊ တီယိုနယ်စပ်ချောင်း ဂိတ်မှူး ၀င်းထွန်းကျော် (နိုင်နိုင်)သည် မတရားအခွန်များ ကောက်ခံနေကြောင်းသိရသည်။ ခရီးသည်များခရီးဆောင်အိတ်ကို ကြိုပို့လုပ်ပေးသော တီယိုရွာခံများကိုပင် တလလျင် မြန်မာငွေ ၁၂၀၀၀ ကောက်ခံလျက်ရှိသည်။ ခရီးသည် ကြိုပို့လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ဒေသခံများသည် အဆိုပါဂိတ်မှူး၏ လောဘကြောင့် အလွန်စိတ်ပျက် လျက်ရှိသည်ဟု သိရသည်။
တီယိုကျေးရွာရှိ အမည်မဖော်လိုသည့် ဈေးသည်တဦးကတော့ အရင်က တာဝန်ကျဖူးတဲ့လူတွေက ဒီလောက်မဆိုးကြဘူးပဲ ဒီကောင်ကတော့ သိပ်ရက်စက်တယ်ဟု ဆိုသည်။
တာဝန်သိပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာသို့ ၀ိုင်းဝန်း တိုင်ကြားပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။
လာလ်ထန်မွေးအာ (၀ါ) ထန်းထန်
ဈေးရပ်ကွက်၊ တီယိုချောင်း
Monday, May 13, 2013
ကျွန်းသစ်ခုတ်တာ ရပ်နားပါတော့ တပ်ဦးရေ (ပြည်သူ့အသံ)
0 comments
ချင်းအမျိုးသားတပ်ဦးမှ စီးပွါးရေးဥက္ကဌ ဒေါက်တာရွှေခါးသည် ချင်းပြည်နယ်တောင်ပိုင်းဒေသတွင် ချင်းလောပန်းထန်းရှိန်းနှင့် ပူးပေါင်းပြီး ကျွန်းသစ်များထုတ်လုပ်နေကြောင်းသိရသည်။ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များမှ အဓိက ထုတ်လုပ်မည်ြုဖစ်သည်။ ၂၀၁၂ ခုနှစ်တွင် လောာပန်း ထန်းရှိန်းမှ ထောင်မြင်ရာစွန့်ပြီး ပါကျယ်ရိုကား (တပါတ်နွမ်း) ကား ၃ စီးကို ချင်းတပ်ဦး ဆက်ဆံရေးရုံးများသို့ လှူဒါန်းသည်။ ထို ကျွန်းထုတ်လုပ်မည့်ခွင့်ပြုချက်ကို ၂၀၁၂ ခုနှစ် ကုန်ပိုင်းတွင် ခွင့်ပြုချက်ရပြီး ၂၀၁၃ မှ စတင်ခုတ်နေပြီဖြစ်သည်။ ဒေသခံပြည်သူများက ကျွန်းသစ်ထုတ်လုပ်မှုကို လုံးဝကန့်ကွက်နေကြသည်။ သို့သော် မည်သို့ မည်ပုံ ကန့်ကွက်မည်ကိုမသိဖြစ်နေကြသည်။ ချင်းအမျိုးသားပါတီ စီအဲန်ပီမှ ပူး ဇိုဇမ်က အခုလို ခုတ်တာတော့ ကောင်းပါတယ် ဒေသခံအတွက် အကျိုးမရှိဘဲ မိမိတို့ တဖွဲ့ကောင်းစားရေးအတွက် သစ်တောပြုန်းတီးတာကတော့ ခွင့်မပြုနိုင်ဘူး။ သစ်တောကို တန်ဖိုးထားသင့်တယ်ဟု ပြောသည်။ ချင်းတိုးတက်ရေးပါတီဥက္ကဌ ပူးနိုးထန်ကပ် ကတော့ ဒီကောင်တွေ အဖွဲ့အစည်းအတွက်လည်း တကယ်လုပ်တာမဟုတ်ဘူး။ သူတို့တကိုယ်တော် ကောင်းစားရေးပဲလုပ်နေကြတာပါ။ ငါ့မှာ ကောင်းကောင်း အတွေ့အကြုံရှိပါတယ်။ လောဘသားကောင်တွေ၊ ငွေရရှိဖို့အရေးဆိုရင် ဖခင်၊သားသမီးကိုတောင် ဇက်ရဲလက်ရဲသတ်မည့် လူတွေပါဟု ပြောသည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့်တော့ ဒေါက်တာရွှေခါးမှအပ အခြားခေါင်းဆောင်များကို ကျွန်းသစ်ကိစ္စနှင့် ပါတ်သက်ပြီး တာဝန်မပေးရဲကြဘူး။ သူတို့ မှတ်ပုံတင်လည်းမရှိဘူး၊ မြန်မာစကားလည်း မပြောတတ်ကြဘူး ဟု နီးစပ်သူက ပြောသည်။
ဒေသခံမင်းတပ်၊ ကန်ပက်လက်ဒေသများမှ လူငယ်များ၊ ရပ်မိရပ်ဖများနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များက ထို ကျွန်းသစ်ခုတ်ယူမှုကို လုံးဝမကျေနပ်ကြချေ။
Thursday, May 9, 2013
နိုင်ငံတော်သမ္မတကြီးရှင့် (တိုင်စာ)
0 comments
သို့
            နိုင်ငံတော် သမ္မတကြီး
            နိုင်ငံတော်သမ္မတရုံး
                                                                                                                  နေ့စွဲ။   7.5.2013
  အကြောင်းအရာ။                        ။ လူဝင်မှုကြီးကြပ်ရေး(ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)မှ ၀န်ထမ်းအချို့
                                                   အကျင့်ပျက်နေခြင်း  ။  
           အထက်အကြာင်းအရာပါကိစ္စနှင့်ပတ်သက်၍ သမ္မတကြီးမှ လာဘ်ပေး၊ လာဘ်ယူ ပပျောက်စေဖို့ လုပ်ဆောင်နေသော်လည်းလူဝင်မှုကြီးကြပ်ရေး(ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)မှဝန်ထမ်းအချို့သည် အမိမြန်မာနိုင်ငံသို့ပြန်လာသော  နိုင်ငံသူနိုင်ငံသားများအားအကြောင်းအမျိုးမျိုးပြကာငွေများတောင်းခံနေပါသည်။     (ဥပမာ- နိုင်ငံကူးလက်မှတ်စာအုပ်ဟောင်းသည်ဟုပြော၍လည်းကောင်း၊နိုင်ငံတော်
၏စေတနာဖြင့်နိုင်ငံခြားတွင်ပြုလုပ်ပေးထားသောနိုင်ငံကူးလက်မှတ်စာအုပ်ဖြင့် ပြန်ဝင်လာလျှင်လည်း၊
သည်။သို့ဖြစ်ပါ၍ လူကြီးမင်းတို့မှလိုအပ်သည်များကိုဆောင်ရွက်ပေးနိုင်ပါ
ရန်လေးစားစွာဖြင့်တိုင်ကြားအပ်ပါသည်။
Monday, May 6, 2013
ရန်ကုန်မြို့တော် စည်ပင်မှ ကော်မတီဝင် (၃) အကြောင်း မှတ်သားဖွယ်ရာ...
2 comments
                     ရန်ကုန်မြို့တော်    စည်ပင်မှ     ကော်မတီဝင်(၃) ဦးညီညီသည်      ကုလားများထံမှ    လာဘ်ငွေများအား ယူပြီး တိုင်းရင်းသား   လုပ်ငန်းရှင်များအား    ဖိနှိပ်ပြီး    လုပ်ငန်းများ    လက်လွတ်ရအောင်   နည်းအမျိုးမျိုးနှင့်   ရုံးပါးဝစွာ လက်တစ်လုံးခြားရ်ျ    ကုလားများ    မရ.ရအောင်   ကြံဆောင်ပေးနေပါသည်။    ၄င်းသည် ရုံးတွင်လည်း စူပါမင်းဟု နာမည်ကြီးနေပါသည်။ မြို့တော်ဝန်သာပြောင်းသွားမည် .    ဦးညီညီမပြောင်း    တိုင်စာများပလူပျံနေသော်လည်း   ကုလားလုပ်ငန်းရှင်များမှ    ငွေလမ်းခင်းရ်ျ     လိုက်ရှင်းပေးသဖြင့် ကော်(၃) မှာ ကုလားများအတွက်  လက်ကိုင်တုတ်ဖြစ်နေပါသည်   ။ ယခင်နှင့်   လိုင်စင်များအသိမ်းခံရစဉ်က ၄င်းမှာ ကုလားများအား ကြိုတင်သတင်းပေးခြင်း ၊   တချို့တိုက်များအား မသိဟန်ဆောင်ခြင်း ၊ ၄င်းနှင့် အဆင်မပြေသော လုပ်ငန်းရှင်များအား    အကြောင်းအမျိုးမျိုးပြပြီး   လိုင်စင်ရုတ်သိမ်းခဲ့ပါသည်။   ၄င်းအား လာဘ်ငွေပေးထားသော ကုလားများမှာ   စည်ပင်ဥပဒေကို    ပေါ်ပေါ်တင်တင်ချိုးဖောက်သော်လည်း   မသိဟန်ဆောင်ခြင်း၊ မူအမျိုးမျိုးပြောင်းရ်ျ ကာကွယ်ပေးခြင်း    တိုင်းရင်းသားလုပ်ငန်းရှင်များအား   မူအမျိုးမျိုးပြောင်းရ်ျ ဒုက္ခပေးခြင်း စည်ပင်မူမှာ ၄င်းပါးစပ်ဖျားတွင် သာရှိသည်။    လူကြည့်ရ်ျ…  မူပြောင်းပါသည်။    ကုလားများအလိုကျ ကုလားအကြိုက်လိုက်ရ်ျ တိုင်းရင်းသားလုပ်ငန်းရှင်များအား အမျိုးမျိုးဒုက္ခပေးနေပါသည်။      ရန်ကုန်မြို့လယ်ကောင် DB အဆောက်အအုံများမှာ တိုင်းရင်းသားများ မဆောက်နိုင်ရခြင်းအကြောင်းအရင်းမှာ   ကော်(၃) ဦးညီညီမှာ လုပ်ပိုင်ခွင့်အပြည့်ရရ်ျ ကုလားများဖက်မှ နည်းအမျိုးမျိုးနှင့် ကျစ်ရ်ျညစ်ရ်ျ တိုင်းရင်းသား လုပ်ငန်းရှင်များအား စိတ်ဓါတ်ကျအောင် အမျိုးမျိုးခြိမ်းခြောက်ပြောဆိုခြင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များ အသာစီးရပါက ရုံးပါးဝစွာ နည်းအမျိုးမျိုးနှင့် စာထုတ်ရ်ျ အချိန်ဆွဲပြီး.. ကုလားများအသာစီးရအောင် ကြံဆောင်ပေးခြင်း  ၊တိုင်းရင်းသားလုပ်ငန်းရှင်များ လုံးဝလက်လွတ် ဆုံးရှူံးစေရန် ကုလားများနှင့် ပူးပေါင်းရ်ျ   ဟန်ချက်ညီညီ    အမျိုးမျိုးဒုက္ခပေးခဲ့ပါသည်။     တိုင်စာများ ပလူပျံသော်လည်း ယနေ့အထိ အရေးယူခံခဲ့ရခြင်းမရှိခဲ့ပါ။     ၄င်းမှာ မည်သူမှ    ဖြုတ်ရ်ျ     မရကြောင်း    မြို့တော်ဝန်မှာ ၄င်းပြီးလျင်ပြီးသည်ဟု လူတကာအားပြောရ်ျ ခြိမ်းခြောက်ခြင်း၊    တိုင်မည်ပြောလျှင်   သမ္မတအထိတိုင်လည်း ဂရုမစိုက်ဘူး… ဘယ်သူ့မှ ဂရုမစိုက်လို့ ဒီနေ့ထိမြဲနေတာဟု ဆိုပါသည်။    ကုလားဗလီများ    ပြုပြင်လျှင်  မသိဟန်ဆောင်ခြင်း     ပြဿနာဖြစ်လျှင် နည်းအမျိုးမျိုးနှင့် ကာကွယ်ပေးပါသည်။     ဗုဒ္ဒဘာသာ ဓမ္မာရုံပြင်တာပင် ခွင့်မပြုခဲ့ပါ၊     ကော်(၃)ဦးညီညီသည်   ကုလားများနှင့်ပေါင်းရ်ျ တိုင်းရင်းသား    .ဗမာလုပ်ငန်းရှင်များအား    ရုံးပါးဝစွာ နည်းအမျိုးမျိုးနှင့် ဒုက္ခပေးနေသူဖြစ်သဖြင့် သက်ဆိုင်ရာမှ စစ်ဆေးရ်ျအရေးယူသင့်ပါသည်။    ၄င်းပိုင်ဆိုင်သော တိုက်ခန်းများမှာ မရေတွက်နိုင်ပါ။    ကုလားများထံမှ လာဘ်စားရ်ျရရှိသော ပိုင်ဆိုင်မှုများဖြစ်ပါသည်။    သို့ဖြစ်ပါရ်ျ    ရန်ကုန်မြို့တော်စည်ပင်မှ ကော်မတီဝင် (၃) ဦးညီညီအား နိုင်ငံတော်မှ    ထိရောက်စွာ   အရေးယူသင့်ကြောင်း     အများပြည်သူများသိရှိစေရန် တင်ပြအပ်ပါသည်။
Sunday, May 5, 2013
တိုင်စာ
0 comments
ရိုးသားဖြူစင်တဲ့ ကျေးလက်သဘာဝကိုအရောင်ဆိုးခြင်း
သို့
          လေးစားအပ်ပါသော သမ္မတကြီးခင်ဗျာ--
ရခိုင်ပြည်နယ်၊ စစ်တွေမြောက်ပိုင်း၊ ပုဏားကျွန်းမြို့နယ်၊ ယိုးချောင်းမြစ်ကမ်းနံဘေး၊ ထိုရွာလေး၏ အနောက်ဘက်တွင် စစ်တွေ-ရန်ကုန်ကားလမ်း၊ ရထားလမ်းကြား၊ ယိုးတရုတ်ကျေးရွာအုပ်စုနှင့် ၃ မိုင်ခန့်အကွာတွင် ရိုးသားစွာလုပ်ကိုင်စားသောက်နေကြသော ကျေးရွာကလေးသည် ယခုအခါတွင် ကျေးလက်နေ ရွာသူ၊ ရွာသားများ၊ လယ်သမားများ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့် ခက်ခဲမှုများစွာနှင့်ကြုံတွေ့နေရပြီး အခုတော့ အဖြူရောင် ရွာလေးကို အနက်ရောင်လွှမ်းခြုံသွားခဲ့ပါပြီ။
ထိုရွာကလေးကား သဲတော်ဆိုတဲ့ ရွာကလေးပင်ဖြစ်ပေသည်။ အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး အဓိကလယ်မြေ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံများကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသော ကျေးလက်ရွာကလေးပင်ဖြစ်သည်။ ထိုရွာ၏ အနောက်ဘက်တောင်ကုန်းပေါ်တွင် သမိုင်းဝင် နားသီးတော်ဓာတ်စေတီတစ်ဆူတည်ထားပြီး စေတီတော် တည်ရှိရာနှင့် ရထား၊ ကားလမ်းကြားတွင် တစ်ချိန်က ဘိုးဘွားပိုင်ကိုင်းများတွင် တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြုံများရှိပြီး မြေလွတ်ကိုင်းများတွင်လည်း ကျွဲ၊ နွားများ စားကျက်ကိုင်းတောအဖြစ် အသုံးပြုထားသောနေရာဖြစ်ပါသည်။
တစ်ချိန်က ဥယျာဉ်ခြံမြေနှင့် စားကျက်ကိုင်းတောများ
ထိုရွာလေး၏ဓလေ့သည် တစ်ချိန်က လယ်သမားတိုင်း မိမိကိုယ်ပိုင်စားကျက်မြေများရှိသော်လည်း ယခင် နယကအစိုးရလက်ထက်တွင် လယ်သမားတိုင်း မြေလွတ်မြေရိုင်းမကျန် စပါးစိုက်ပျိုးရမည်ဆိုသည့် မူဝါဒနှင့်အညီ ထိုစားကျက်မြေများလည်း နေ့ချင်းညချင်းကွယ်ပျောက်သွားခဲ့ပြီး တစ်ချို့စားချက်မြေများကိုတောင် ရွာမှဥက္ကဌနှင့် ညှိပြီး နယ်မြေခံတပ်ရင်းများ အပိုင်သိမ်းကာ စပါးစိုက်ပျိုးခြင်း၊ သီးစားချထားခြင်း၊ မိမိကိုယ်ကျိုးအတွက် အခုထက်ထိ အသုံးပြုနေဆဲဖြစ်ပါသည်။
ရွာပိုင်စားကျက်မြေကွက်များ
လယ်မြေများထွန်ယက်ပြီး မိမိကျွဲ၊ နွားများကို ကိုယ်ပိုင်စားကျက်မြေများတွင် လွှတ်ကျောင်းစနစ်ဖြင့် အသုံးပြုသော်လည်း စားကျက်မြေများကို မြန်မာနိုင်ငံတစ်ဝှမ်း မည်သည့်မြေယာမဆို အစိုးရကပိုင်သည်ဆိုသည့် မူကို လက်ကိုင်ထားသော အာဏာပိုင်အဖွဲ့အစည်း၊ နယ်မြေခံတပ်ရင်းများ၊ ဌာနဆိုင်ရာများက သိမ်းယူလိုက်သော အခါ စားကျက်မြေများပျောက်ကွယ်သွားပြီး တောစပ်ကိုင်းတောများတွင် လွှတ်ကျောင်းစနစ်ဖြင့် တစ်ဆင့်အသုံးပြု ကြရပါသည်။
ယခုအခါအဆိုပါနေရာများတွင် နယ်မြေခံဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ အကျဉ်းဦးစီးဌာများမှ ရာဘာစိုက်ပျိုး ထားပြီး ရိုးသားစွာလုပ်ကိုင်စားသောက်နေရာ ရွာသားများ အတိဒုက္ခများစွာနှင့် ကြုံတွေ့နေကြရပါသည်။
ဒေသကွပ်ကဲမှုဌာနချုပ်မှ ရာဘာတောများ
အထူးသဖြင့် စစ်တွေအကျဉ်းထောင်မှ ထောင်သားအချို့အား ၄င်းသဲတော်ရွာလေးနှင့် ၄ ဖာလုံခန့်အကွာ တွင် ရဲဘက်အကျဉ်းစခန်းပုံစံမျိုးပြုလုပ်ထားပြီး ထိုရွာ၏ ကျွဲ၊ နွား စားကျက်ကိုင်းမြေများကိုသိမ်းယူထားပါသည်။ အကျဉ်းသား ၂၅ ဦးခန့်ရှိပြီး ထိုအကျဉ်းသားများအား ထောင်မှူး၊ ထိုဌာနများမှဝန်ထမ်းများ မိမိတို့ကိုယ်ကျိုးအတွက်  အုတ်ဖုတ်ရန်သစ်များထုတ်ခိုင်းခြင်း၊ ရန်ကုန်-စစ်တွေကားလမ်းဘေး မြေလွတ်များတွင် စိုက်ပျိုးခင်းများပြုလုပ်ခြင်း၊ ရာဘာတောရှင်းလင်းစေခိုင်ခြင်း စသည့်များစေခိုင်းပြုလုပ်နေသည်ကို ခရီးသွားပြည်သူတိုင်း မျက်ဝါးထင်ထင်မြင် တွေ့ရပါသည်။  အကျဉ်းစခန်းဆိုရုံသာရှိပြီး ဓနိမိုး၊ ၀ါးထရံကာ အဆောက်အဥ ၃ လုံးခန်းသာရှိသည်ကို တွေ့ရှိရပါ သည်။ ၄င်းအကျဉ်းသားထဲတွင် ထောင်မှူးအား ငွေပေးနိုင်သူတစ်ချို့က ထိုကျေးရွာအနီးအနားတွင်ပင် ကိုယ်ပိုင်စီး ပွားရေးလုပ်ကိုင်ခြင်း၊ တစ်ချို့ဆိုလျင် ၄င်းအကျဉ်းစခန်းမှာတောင် မအိမ်/မစားဘဲ မိသားစုကိုခေါ်ပြီး ထိုကျေးရွာတွင်ပင် အိမ်ငှားပြီး နေထိုင်လို့ရတဲ့အဆင့်ထိ စနစ်တကျယိုယွင်းပျက်စီး၊ လာဘ်စားမှုများကို ကိုယ်တွေ့ ကြုံခဲ့ရပါသည်။
အမည်ကဖြင့် အကျဉ်းသားတဲ့၊ ရွာထဲဝင်ပြီး အရက်သောက်၊ ရွာကမိန့်ကလေးများတွေ့ရင် မထိတထိ၊ ရစ်သီရစ်သီဖြင့် ကြုံတွေ့ရယူအဖို့ ရင်တမမဖြစ်ခဲ့ရပေသည်။ ယခုလိုစပါးစိုက်ပျိုးပြီးချိန်တွင် ယခင်စားနေကြ စားကျက်ကိုင်းတောမြေများတွင် ကျွဲ၊ နွားများဝင်ရောက်စားနေကြသဖြင့် အကျဉ်းစခန်းမှ ထိုကျွဲ၊ နွားများအားဖမ်းဆီး ကာ တစ်ကောင်လျင် ၅၀၀၀ိ/- ပေးဆောင်ရပြီးမှ မိမိကျွဲ၊ နွားများကို ၄င်းတို့ထံမှ ယူခွင့်ရပေသည်။ ငွေ ၅၀၀၀/-မပေးနိုင်လျင် နွားချေး(၃)အိတ်ပေးဆောင်ရပေသည်။ အခုလို အကျဉ်းဦးစီးဌာနမှ ရွာသားများအား နိုင်ထက်စီးနင်း ပြုလုပ်ခြင်း၊ အာဏာကိုအလွဲသုံးစားပြုလုပ်ခြင်း၊ ရွာသားများ များစွာဒုက္ခရောက်နေကြရသည်ကို နိုင်ငံတော်သမ္မတ သိရှိအောင် တင်ပြခြင်းဖြစ်ပါသည်။
အထူးသဖြင့် ၄င်းကျေးရွာ(နာမည်ကိုမဖော်ပြလိုတော့ပါ)လယ်သမားတစ်ဦးတွင် ပထမ ခိုင်းနွားတစ်ကောင် ပျောက်ဆုံးသွားပါသည်။ လယ်ပိုင်ရှင်က သူခိုးများ ခိုးသွားလေသလားဆိုပြီး လိုက်လံစုံစမ်းသေးသော်လည်း လမ်းစ ရှာမတွေ့ခဲ့ပါ။ နောက် လယ်ပိုင်ရှင်တစ်ဦးထံမှလည်း အလားတူပင် ခိုင်းနွားတစ်ကောင်ပျောက်ဆုံးသွားပါသည်။ သို့ရာတွင်လည်း ပူဆွေးသောကနှင့်အတူ ယနေ့တိုင်ခံစားနေရဆဲပါ။ ထပ်မံပြီး ခိုင်းနွားတစ်ကောင်ပျောက်ဆုံးရာ တွင်  ထိုအကျဉ်းစခန်းအနီးတောထဲတွင် အမှတ်မထင်ဘဲ အကျဉ်းသားများဝိုင်းဖွဲ့ပြီး ထိုနွားကို(ဖော်)နေသည်ကို ရွာသားတစ်ချို့မျက်ဝါးထင်ထင်တွေ့မြင်ရပါသည်။ စုံစမ်းကြည့်လိုက်သည့်အခါ အထက်ပါပျောက်ဆုံးသွားသောနွား များကိုလည်း(ဖော်)ပြီး ၄င်းတို့ရိက္ခာအတွက်၊ ပိုလျှံသောအသားများကို တစ်ဘက်ရွာများသို့ သွားရောက်ရောင်းစား နေသည်ကို စုံစမ်းသိရှိရပါသည်။ ထိုကိစ္စကို စစ်တွေအကျဉ်းဦးစီးဌာနမှသိသောအခါ နွားပိုင်ရှင်ကိုလည်း လျော်ကျေး မပေး၊ ပြစ်မှုကျူးလွန်သောအကျဉ်းသား၊ ထောင်မှူး၊ ထောင်ဝန်ထမ်းများကိုလည်း အရေးမယူဘဲ တစ်ခြားအကျဉ်း စခန်းသို့ ပြောင်းရွှေ့စေခဲ့ပါသည်။
သမ္မတကြီးခင်ဗျား..
ထောင်မှူးနှင့်တကွ အကျဉ်းသားများပူးပေါင်းပြီး ရိုးသားဖြူစင်တဲ့ ရွာကလေး၏ သဘာဝအလှတရားတွေကို  အခုတော့ အရောင်တွေစွမ်းထင်နေပါပြီ။ ထိုရွာရဲ့ လူတွေက နိုင်ငံရေး၊ ဥပဒေတွေကို သိပ်ပြီးနားလည်တဲ့လူတွေ လည်း မဟုတ်ပါ။ တစ်နေ့စာတစ်နေ့ ရှာစား၊ လယ်မြေကိုင်းကျွန်းကထွက်တဲ့ မပြောပြလောက်တဲ့ဝမ်းစာလေးနဲ့ မိသားစုဘ၀ကို ရုန်းကန်လှုပ်ရှားနေတဲ့ ရွာကလေးပါ။
အကျဉ်းစခန်းနဲ့ ၄ ဖာလုံသာဝေးကွာပြီး ထိုရွာနဲ့ အလွန်နီးကပ်စွာတည်ရှိခြင်း၊ အကျဉ်းသားများကို အကျဉ်းသားနှင့်မတူအောင် လွတ်လပ်မှုများပေးထားခြင်း၊ တောတောင်များတွင် ပျော်ပွဲစားထွက်လာတဲ့ အဖွဲ့နှင့်တူ နေခြင်း၊ အကျဉ်းသားများ တစ်ချိန်ချိန်တွင် အုပ်ချုပ်မှုဖြစ်စဉ်များ၊ မှုခင်းဖြစ်စဉ်များ ထပ်မံဖြစ်ပွားလာနိုင်ခြင်း၊ ထိုရွာ သားများသည် အထက်ပါဆိုခဲ့သည့်အတိုင်း ဥပဒေကိုအတွင်းကျကျ သိရှိနားလည်မှုအားနည်းခြင်းကြောင့် တစ်ချိန် တွင် မိမိတို့၏အကျိုးစီးပွား၊ ကျေးရွာဂုဏ်သိက္ခာများ ထိခိုက်လာလျှင် ရွာနှင့်အကျဉ်းစခန်း မလိုလားအပ်သော ဆူပူ မှုများဖြစ်ပွားလာနိုင်ပါသည်။ အပြောနှင့်မပြီးဆုံးစေချင်ပါ။ အလုပ်ဖြင့်သာသက်သေပြစေချင်ပါသည်။ လက်ရှိပကတိ အနေအထားကိုသိရှိအောင် တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းလေ့လာသင့်ပါသည်။
ဥယျာဉ်ခြံ၊ ကိုင်းတောများကိုသိမ်းယူပြီး အကျဉ်းစခန်းတည်ရှိသည့်နေရာနှင့် ရာဘာတောများ
နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရသစ်အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုကျင့်သုံး နေသောအချိန်တွင် အထက်တွင်မှန်ကန်သော မူဝါဒလမ်းစဉ်များချမှတ်အကောင်အထည်ဖော်နေသော်လည်း အောက်ခြေဌာနဆိုင်ရာအချို့တွင် အခုလို လူ့အခွင့်ရေးချိုးဖောက်မှုများ၊ ဥပဒေချို့ဖောက်မှုများ၊ လာဘ်စားမှုများ များစွာရှိနေကြောင်း သမ္မတနှင့်တကွ တာဝန်ရှိသူများသိရှိအောင် တင်ပြခြင်းဖြစ်ပါသည်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့်အခြေခံအခွင့်အရေးများကို ကာကွယ် မြှင့်တင်နိုင်သည့် ကျင့်စဉ်တစ်ရပ်ပင်ဖြစ်ပါသည်။ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဝေဖန်ပိုင်းခြားမှုကို ဖော်ထုတ်ခွင့်ရှိသည့် တစ်ခုတည်းသော နိုင်ငံရေးစနစ်လည်းဖြစ်သောကြောင့် ကျေးရွာနေလူတန်းစားများ၏ လက်တွေ့ တွေ့ကြုံနေရတဲ့ ဒုက္ခတွေကို ရင်ဖွင့်ဖော်ထုတ်ခြင်းဖြစ်ပါသည်။
သမ္မတအနေဖြင့် ရိုးသားဖြူစင်တဲ့ ကျေးလက်နေတောသူတောင်သားတို့၏ လူနေမှုဘ၀မြင့်တင်ရာတွင် လည်း အောက်ခြေတွင် ယခုလိုအကျင့်ဆိုးများကို အမြစ်ပြတ်အရေးယူဆောင်ရွက်သင့်ကြောင်း တင်ပြခြင်းဖြစ် ပါသည်။
ပြည်သူတိုင်း၏ လိုလားတောင့်တချက်ဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီလွတ်လပ်စွာနေထိုင်လုပ်ကိုင်စား သောက်ရေး၊ ပြည်သူတို့၏အနာဂတ်ဘ၀သာယာလှပရေးအတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလတရားများထွန်းကားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ထွန်းပေါ် ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တစ်ဘက်တွင်လည်း အောက်ခြေဌာနဆိုင်ရာတစ်ချို့ ကျေးလက်နေတောရွာများတွင် ခြစားမှုများစွာ ရှိနေသေးကြောင်း ပြည်သူတစ်ဦးအနေဖြင့် ရင်ဖွင့်လိုက်ရခြင်း ဖြစ်ပါသည်။
Saturday, May 4, 2013
ရိုးသားဖြူစင်တဲ့ ကျေးလက်သဘာဝကိုအရောင်ဆိုးခြင်း (ပစ်စာ)
0 comments
ဆေးတက္ကသိုလ် ၁ မှ ဆရာ ဆရာမ များအားအရေးယူပေးပါရန်တိုင်ကြားခြင်း
3 comments
ဆေးတက္ကသိုလ် ၁ ရန်ကုန် ဖွင်.စတွင် ပါချုပ်မှ.ကျူရှင် ယူရန်မလိုကြောင်း ကျောင်းသား/ သူ
မိဘ များအားခေါ်ယူတွေဆုံ ပြောကြားခဲ.ပါသည် ။ သိုသော် လည်းပထမ နှစ်ဝက် စာသင်နှစ်
အပြီး စာမေးပွဲ မျာ ကျင်းသော်အခါတွင် ကျူရှင်ယူသော ကျောင်းသာ./သူ များသာစာမေးပွဲ
အောင်မြင်ကြပြီး ကျူရှင်မယူသော ကျောင်းသား/သူ များမှာ အမှတ်အနည်းငယ်သာရရှိ.ကြပါ
သည် ။ အကြောင်း စုံ ကိုစုံစမ်းကြည်.သောအခါ ကျူရှင် ဆရာ/ ဆရာမ များက မေးခွန်း များ
ပေးပြီးနှုတ်တိုက်ကျက်ကာဖြေ ခိုင်းကြောင်း သိရှိ.ရပါသည်။ အမှန်တကယ်စာကျက်သည်.
ကျောင်းသား/သူ များအနေဖြင်. ကျူရှင်မယူမိသည်.အတွက် ၁၀ တန်းစာမေးပွဲ လို တလုံးမကျန်ရေးပေးမှ. အမှတ်ရသည်.အတွက် ကျူရှင်မယူသည်.အတွက် နစ်နာရပါသည် ။ ဒီအတိုင်း တနှစ်လုံးဆက်သွားမည်ဆိုပါက ဆေးလောက အတွက်နှုတ်တိုက်ကျက် ကျူရှင်ယူ ဆရာဝန် တွေပေါ်ပေါက်လာတော.မှာပါအမှန်တကယ်ဖြစ်ပါသည်။ ပါချုပ်ကိုယ်တိုင်က ဂတိမတည်တာလား ။ဆရာတွေကဘဲပါချုပ်ကိုအလေးမထားတာလားဆိုတာနားမလည်တော.ပါ။ ကျူရှင်?????
ဆေးလောက က ဆရာဝန်တွေကကျူရှင်ကပေးပြီး.မေးခွန်း ကိုပါကျူရှင်ကတပည်.တွေကိုပေးတယ်တဲ.ရင်နာစရာပါဗျာ။ ဘယ်လိုပါလည်းဆေး ၁ ကပါချုပ်ကြီး ရေ..........
Friday, May 3, 2013
ဒုရဲအုပ်လွင်ဦး
0 comments
အမှတ်(၇) တိုင်းရုံး (သွားလာရေး)၊ မြန်မာ့မီရထား MEC မှ ချမှတ်ထားသော ၈၀၀MHz SIM ကဒ် များ ရောင်းချရာတွင် မသမာ မှု့ များရှိ
0 comments
အမှတ်(၇) တိုင်ရုံး (သွားလာရေး) ၊ မြန်မာ့မီရထား  အတွင်း   ၁၅၀၀  တန် SIM ကဒ်များ အား ချထားပေးလျှက်ရှိရာ  ၀န်းထမ်း  များအား  မဲဖောက်စနစ်ဖြင့် ရောင်းချလျှက်ရှိပါသည်။သို့ပါသော်လည်း
မဲပေါက်သော ၀န်ထမ်းများ မှာ  သတ်မှတ်ထားသော  ဂျူတီများ  ထမ်းဆောင်  ရပါသည်၊ ဂျူတီ ချိန် ပြီးမှသာ
မဲပေါက်သော  ကဒ်များ အား  လာရောက်ထုတ်ယူရပါသည်။သို့သော  အမှတ်(၇) တိုင်းရုံးမှ ၊  ဌာနခွဲစာရေး
မဖြူ  သည်  လာရောက်ထုတ်ယူသော ၀န်ထမ်းများအား  မချေမငံ ဆက်ဆံပြီး၊  SIM ကဒ်တန်ဖိုး  ၁၅၀၀ ကျပ်
အပြင်  စာရွက်စာတမ်းကြေး  ၂၀၀  ကျပ်  နှင့်  မည်သည့်ကြေးမှန်းမသိသော   SIM ကဒ် တစ်ကဒ် လျှင်
၁၀၀၀ ကျပ် အား ပုံသေ  ဖြင့်  ကောက်ခံ နေသည်ကို   အထက်တာဝန်ရှိ  လူကြီးများ အနေဖြင့် မသိရှိတာလား၊  လျစ်လျူ ရှု ထားတာလား  ဆိုတာ  သိချင်ပါသည်။ ထိုပြင်  ဂျူတီ  အားသည် အချိန်မှ
လာရောက်ထုတ်ယူသော  ကဒ်များအား  လည်း  သတ်မှတ်ရက်ကျော်သည် ဟု  ဆိုကာ  ယခု  အချိန်ထိ မထုတ် ပေးသေးပါ။ ထို  ကဒ်များအား  မဖြူ  အနေဖြင့်  ဘာလုပ်မည် ဆိုတာကိုလဲ သိချင်ပါသည်။
မီးရထား ၀န်ထမ်း တစ်ဦး