Wednesday, June 12, 2013
Sunday, June 9, 2013
The Rihgt Time News သို့ (အိတ်ဖွင့်ပေးစာ)
The Right Time News ၏ ဇွန်လ ၁၂ ရက်နေ့ထုတ် Vol _1, No_14 စာမျက်နှာ ၃၁ ပါ ဆောင်းပါးတွင် ဖော်ပြပါရှိချက်များအရ ဤစာကိုရေးသားရခြင်းဖြစ်ပါသည်။
ပြည်ပနိုင်ငံထုတ် မီဒီယာမှ သတင်းကိုပြန်လည်ဖော်ပြခြင်းဖြစ်သည်ဟုပါရှိပါသည်။ သတင်းတစ်ပုဒ်လုံး ခြုံငုံ ကြည့်လျင် ကာယကံရှင် ဦးအောင်သောင်း တစ်ဦးတည်းကိုသာ တိုက်ခိုက်ရေးသာထားသည်ကို တွေ့ရ ပါသည်။ သို့သော်လည်း သတင်းသေချာမှုရှိမရှိ လေ့လာစုံစမ်းမှုမပြုဘဲ ကာယကံရှင်အား ပုတ်ခတ်ရေးသား ထားမှန်း သိပါလျက် နှင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု သက်သက်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပါသည်။
အယ်ဒီတာအဖွဲ့၏ လူ့ကျင့်ဝတ်မစောင့်စည်းခြင်း၊ မီဒီယာလောက၏ လွတ်လပ်စွာရေးသားခွင့်ရရှိခြင်းအား လွဲမှားစွာအသုံးပြုခြင်းတို့ကြောင့် မည်သို့သော ထိခိုက်မှုများရှိမည်ဟုထင်ပါသနည်း။ မသိလျင် ပြောပါမည် -
(၁) လက်ရှိအဖွဲ့အစည်းအတွင်း အထင်အမြင်လွဲမှားစေပြီး အချင်းချင်းသံသဖြစ်ပွားကာ ယုံကြည်မှုအားနည်း လာနိုင်ခြင်း။
(၂) ကာယကံရှင်သည် သဘောထားတင်းမာသူ၊ နောက်ကြောင်းပြန်လှည့်ချင်သူ၊ အဓိကရုဏ်းများစွာကို ဦးဆောင်ကိုင်တွယ်သူအဖြစ် ပုံဖော်ထားပြီး နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အဓိက ဖျက်ဆီး နေသူဟု ဖော်ပြသည့်အတွက် ကာယကံရှင်နှင့် နိုင်ငံတော်၊ ပြည်သူများအကြား အခြေအနေအမှန်ကို ထဲထဲ ၀င်ဝင်မသိရှိမှုကြောင့် ယုံကြည်မှုကင်းမဲ့လာနိုင်သဖြင့် ကာယကံရှင်၏ ဂုဏ်သိက္ခာကို များစွာထိခိုက် စေခြင်း တို့ကို အကြမ်းဖျဉ်းအားဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။
ကိုယ်ဖော်ပြသောသတင်းကို ကိုယ်တိုင် အပြည့်အစုံဖတ်ပြီးပြီဟု ယူဆပါသည်။ အယ်ဒီတာအဖွဲ့၏ လေ့လာမှု အားနည်းခဲ့သည်များကို ပြန်လည်ဖော်ပြပါမည် -
(၁) ဦးဝီရသူတရားဟောအပြီး အဓိကရုဏ်ဖြစ်ပွားကြောင်း ဖော်ပြထားခြင်းအား ဦးဝီရသူမှ အင်တာဗျူး တစ်ခုတွင် ဖြေကြားထားတာရှိပါသည်။ https://www.facebook.com/ven.wirathumsy?fref=ts မှာ သွားရောက်ဖတ်ရှုနိုင်ပါသည်။
(၂) ရခိုင်တွင် မသီတာထွေးကိုရက်ရက်စက်စက်သတ်ခြင်း၊ မိတ္ထီလာတွင် ဆရာတော် ဦးသောဘိတအား ရက်ရက်စက်စက်သတ်ခြင်း၊ လားရှိုးတွင် မအေးအေးဝင်းအား ဓါတ်ဆီလောင်းပြီးမီးရှို့ခြင်းများကြောင့် ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းဖြစ်သည်ကို မသိရှိပါသလော။ အကြမ်းဖက်မှုများကို ဦးအောင်သောင်းမှ ကြိုးကိုင်သည်ဆိုပါက ကြိုက်သလိုစုံစမ်းနိုင်သည်။ ကာယကံရှင်အားမေးမြန်းလာပါကလည်း ဖြေဆိုပေးမည် ဖြစ်ပါသည်။
(၃) ဦးအောင်သောင်းသည် ဇနီးသည်၏ကျန်းမာရေးအခြေနေကြောင့်လည်းကောင်း၊ ကိုယ်တိုင်လည်း ကျန်းမာ ရေးအနည်းငယ်ချို့ယွင်းမှုကြောင့်လည်းကောင်း ယခင်ကကဲ့သို့ ခရီးမထွက်ခွာနိုင်တော့ပဲ မိမိအိမ်တွင်သာ ဇနီးသည်၏ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ပေးလျက်ရှိသည်။ ကြိုက်ရာနေရာမှ စုံစမ်းနိုင်ပါသည်။ အယ်ဒီတာအဖွဲ့ဖော်ပြထားသလို တစ်နိုင်ငံလုံးရှိ အကြမ်းဖက်မှုများကို ကြိုးကိုင်သည်ဆိုပါက ထိုအကြမ်းဖက်မှု များကို အိမ်မှထိုင်၍ကွပ်ကဲရန်မဖြစ်နိုင်ဆိုသည်ကို ရိပ်စားမိပါလိမ့်မည်။
အချုပ်ဆိုရလျင် မိမိတို့မီဒီယာ၏အာဘော်မဟုတ် အခြားမီဒီယာ၏အာဘော်ကို ထပ်ဆင့်ဖော်ပြသည်ဟု ဆိုရုံမျှဖြင့် ပြီးပါသလော။ မီဒီယာလွတ်လပ်ခွင့်ဟုဆိုလျင် ယခု ကျွန်တော်ရေးသောစာကို ဖြုတ်မပစ်ပါနှင့်။ အယ်ဒီတာအဖွဲ့၏ ဆိုရအယ်ဒီတာအဖွဲ့၏ အဆင်ခြင်မဲ့လုပ်ဆောင်မှုကြောင့် ကာယကံရှင်၏ဂုဏ်သိက္ခာညှိုးနွမ်းစေ ရသည်ကို လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။Wednesday, June 5, 2013
အမြင်မတော် ဆင်တော်နဲ့ခလောက်ဖြစ်နေသော အမိန့်အာဏာအသုံးအနှုန်းတွေ တော်လောက်ပါပြီ အောင်ဇင်(ပုဇွန်တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော်လွှတ်တော်သက်တမ်း ၂နှစ်သားကျော်ကျော်သို့ရောက်သောအခါ အသံလှိုင်းများ၏ရှေ့တွင် အကာအရံ အခက်အခဲများ တွေ့လာရပါတော့သည်။ ဤသည်မှာလည်း စိန်ခေါ်မှုတစ်ခုအနေနဲ့ မှတ်ယူပါသည်။
ဒီမိုကရေစီအသက်သည် ဥပဒေစည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တပြေးညီ လိုက်နာကျင့်သုံး ခြင်းဟု နားလည်ပါသည် ။ ဒီမိုကရေစီ၏ပဲ့ကိုင်ရှင်ဖြစ်သော ဥပဒေပြုလွှတ်တော်သည်လည်း ပြည်သူများအတွက် အကာ အကွယ်ပေးသော ဥပဒေများကိုသာ ပြုသင့်သည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့ ဥပဒေပြုခွင့်ရသည့် လွှတ်တော်ကိုယ်စား လှယ်များတွင်လည်း ကိုယ်ပိုင်ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာပြောဆိုဆွေးနွေးမှုများ ရှိရမည်ဟုလည်း ယုံကြည် ပါသည်။ ထိုသို့ပြောဆိုလုပ်ဆောင်ရန်အတွက် ပြည်သူများက ကျွန်တော်တို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ပေးလိုက်သည်ဟုလည်း ခံယူပါသည်။ သို့ဖြစ်ပါသောကြောင့် ၂၀၁၃ ပြည်သူလွှတ်တော်ဆိုင်ရာနှင့် ပြည်သူ့လွှတ်တော်ဆိုင် ရာ နည်းဥပဒေအချို့ကိ ပြင်ဆင်ရပါတော့မည်။
ကျွန်တော်ပြင်ဆင်သည်မှာ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များထဲမှ အခန်း(၅)၊ အပိုဒ်(၁၉)၊ ပိုဒ်ခွဲ(က)တွင် ပါသော လွှတ်တော်ကို စည်းကမ်းသေ၀ပ်စေရန် တာဝန်ယူကြိးကြပ်ကွပ်ကဲခြင်းနှင့် ထိုသို့ ကြီးကြပ်ကွပ်ကဲ ရာ တွင် “မိမိချမှတ်သော အမိန့်များကို” တည်စေရန် လိုအပ်သော “အခွင့်အာဏာ” အပြည့်အ၀ ကျင့်သုံးခွင့်ရှိခြင်း ဆိုသ်ည့အပိုဒ် တွင် “အမိန့်၊ အခွင့်အာဏာအစား” “မိမိချမှတ်သောဆုံးဖြတ်ချက်မျာကို” တည်စေရန် လိုအပ်သာ “လုပ်ပိုင်ခွင့်များကို” ဥပဒေနှင့် အညီ အပြည့်အ၀ကျင့်သုံးခွင့်ရှိခြင်းလို့ ပြင်ဆင်ခဲ့ပါသည်။
ထိုသို့ပြင်ဆင်ခြင်းမှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေသော လွှတ်တော်ကြီးတွင် လွတ်လပ်စွာ ဆွေးနွေးခြင်း၊ ပွင့် လင်းမြင်သာမှုရှိခြင်းသည် အဓိကကျသောကြောင့် ဖြစ်ပါသည်။ အမိန့်အာဏာအောက်တွင် ဆွေးနွေးတင်ပြသည်ထက် ဥပဒေစည်းမျဉ်းစည်းကမ်းများအောက်တွင် ဆွေးနွေးတင်ပြခြင်းသည် ဒီမိုကရေစီပိုကျလိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်၏ပြင်ဆင်ချက်ကို ထောက်ခံသူရှိပါက မတ်တပ်ရပ်ခိုင်းသောအခါ လွှတ်တော်တစ်ခုလုံးငြိမ်သွားပြီး ကျွန်တော်နှင့် စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း ပေါင်းနှစ်ဦးသာ မတ်တပ်ရပ်ခဲ့ပါသည်။ ဘယ်လိုဖြစ်သလဲ၊ ၀မ်းနည်းဖို့မကောင်းလား။
ကျွန်တော်ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးစဉ်က “ဒီဥပဒေကို ပြင်ဆင်ဖြည့်စွက်ရတာက ပြည်သူတွေအတွက် ဒီမိုကရေစီလမ်းကြောင်းဖောက်မယ့်သူတွေက ကျွန်တော်တို့ရဲ့ လွတ်လပ်စွာဆွေးနွေးခွင့်တွေ ပျေက်သွားမယ်ဆိုရင် အများ ပြည်သူတွေကြားလို့မတော်ပါဘူး။ ဒီမိုကရေစီနှလုံးသားအခံနဲ့ စဉ်းစားတဲ့အခါ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်၊ အသုံး အနှုန်းများက ကျွန်တော်ရဲ့ နှလုံးသားကို ကြမ်းရှရှ ဖြစ်စေပါတယ်”လို့ ပြောခဲ့ပါတယ်။
သို့ဖြစ်ပါ၍ ကျွန်တော် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အမိန့်အာဏာရဲ့အောက်မှာ သင်းသတ်ထားတဲ့ သစ်ပင်လိုနေရာမှာထက် ဥပဒေမူဝါဒရဲ့အောက်မှာ ဂုဏ်ရှိတဲ့ ၊ သိက္ခာရှိတဲ့ နေထိုင်နည်းနဲ့ တင့်တင့်တယ်တယ် ထည်ထည်ဝါ ၀ါ နေထိုင်လိုပါတယ်။
မှန်ပါတယ်။ ပြည်သူတို့ရဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့အသံသာ လွှမ်းသင့်ပါတယ်။အမိန့်အာဏာသံများကင်းစင်
သင့်ပါတယ်။ သို့မဟုတ်လျှင် အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်သွားပါလိမ့်မယ်ခင်ဗျား။
NEWS WATCH ဂျာနယ် ( ၁၇-၅-၂၀၁၃)
နိုင်ငံတော်သမ္မတကြီးသိရှိစေရန်

ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ
နိုင်ငံတကာအဆင့်မှီ ရေကြောင်းပညာရှင်များကိုမွေးထု
ရေကြောင်းတက္ကသိုလ်မှဝန်ထမ်းတစ်
Tuesday, June 4, 2013
(တိုင်စာ) ရပ်ကွက်အတွင်း အချိန်မတော် သီချင်းများအော်ဟစ်ဆူပူနေပါသဖြင့်
(1) နာရီခန်တွင် သီချင်းများ ဟော်ဟစ်သီဆိုကာ ရပ်ကွက်အတွင်း
ဆူပူသောင်းကြမ်းသဖြင့်အနီးအနားရှိ လူကြီး မိဘများ
အိပ်စက်အနားယူမရဖြစ်ရပါသည်။ ညတိုင်းလိုလိုဖြစ်နေခြင်းဖြစ်ပါသဖြင့်
သက်ဆိုင်ရာလူကြီး များ အနေနှင့် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
Wednesday, May 29, 2013
အစိုးရ၏ပြုပြင်ပြောင်းလဲမှုများ(သရော်စာ)
ယခုတလော Social Media များ၌ အတော်များများရေပန်းစားလျက်ရှိသော အကြောင်း အရာတစ်ခုတွေ့ရှိရသည်။ ၎င်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေရေရာရာမရှိကြောင်း၊ ထူးခြားစွာပြောင်းလဲမှုမရှိကြောင်း၊ ထိထိမိမိ သိသိသာသာမရှိကြောင်း၊ ပြုပြင် ပြောင်းလဲမှုများကို သက်သေပြရန်လိုကြောင်းများကို ဝေဖန် ထောက်ပြထားခြင်းဖြစ်သည်။
လက်ရှိအစိုးရအနေဖြင့် ထူးခြားသိသာစွာပြောင်းလဲလျက်ရှိသော အပြောင်းအလဲများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သိရှိခြင်းမရှိဟုထင်မိပါသည်။ လေ့လာသုံးသပ်ချက်များအရ အောက်ပါအပြောင်းအလဲများကို ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည် -
(က) နှစ်(၅၀)အတွင်း နိုင်ငံခြားသို့ အခေါက်ပေါင်းများစွာသွားလာသော အစိုးရအဖွဲ့ ခေါင်းဆောင် များ ဖြစ်ခြင်း၊
(ခ) နိုင်ငံခြားဧည့်သည်များစွာလာရောက်ပြီး ဧည့်သည်များကို တွေ့ဆုံမှုများစွာပြုလုပ်ခဲ့သော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊
(ဂ) TV , Radio များမှ အကြိမ်ပေါင်းမြောက်များစွာ မိန့်ခွန်းများပြောကြားခြင်း၊
(ဃ) တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ခြင်း ခေါင်းစဉ်အောက်မှ မိမိအတွက် ဘွဲ့တံဆိပ်၊ ဆုတံဆိပ်များရရှိအောင် ကြိုးစားပမ်းစားဆောင်ရွက်လျက်ရှိသော အစိုးရအဖွဲ့ ခေါင်းဆောင် များ ဖြစ်ခြင်း၊
(င) လက်တွေ့ အတွေ့အကြုံမရှိသော အကြံပေးပေါင်းမြောက်များစွာထားရှိပြီး ၎င်းအကြံပေးများမှ ပေးသော သီအိုရီ၊ အကြံပေးချက်များကို လက်ခံဆောင်ရွက်ရာတွင် ထူးခြားမှုရှိသော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊
(စ) ဆုံးဖြတ်ချက် တည်မြဲစွာချမှတ်နိုင်ခြင်းမရှိဘဲ ပထမအတွေးအခေါ်၊ ဒုတိယအတွေးအခေါ် များဖြင့် ပတ်လည်ရိုက်လျက်ရှိသော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊
(ဆ) အခြားသော ဒီမိုကရေစီနိုင်ငံများနှင့်မတူညီသည့် အထူးခြားဆုံးအချက်မှာ မိမိ၏ လက်ငုတ် လက်ရင်းကို ဖယ်ခွာပြီး အစိုးရအဖွဲ့ ၀န်ကြီးများကို အလွမ်းသင့်အောင်ပေါင်းကာ ပြုပြင်ပြောင်း လဲမှုများကို လုပ်ဆောင်နေခြင်းတို့ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
Monday, May 27, 2013
ဂိတ်မှူး ၀င်းထွန်းကျော် သောင်းကျန်းနေ (အကူအညီတောင်းခံစာ)
တီယိုကျေးရွာရှိ အမည်မဖော်လိုသည့် ဈေးသည်တဦးကတော့ အရင်က တာဝန်ကျဖူးတဲ့လူတွေက ဒီလောက်မဆိုးကြဘူးပဲ ဒီကောင်ကတော့ သိပ်ရက်စက်တယ်ဟု ဆိုသည်။
တာဝန်သိပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာသို့ ၀ိုင်းဝန်း တိုင်ကြားပေးပါရန် အကူအညီတောင်းခံအပ်ပါသည်။
လာလ်ထန်မွေးအာ (၀ါ) ထန်းထန်
ဈေးရပ်ကွက်၊ တီယိုချောင်း
Monday, May 13, 2013
ကျွန်းသစ်ခုတ်တာ ရပ်နားပါတော့ တပ်ဦးရေ (ပြည်သူ့အသံ)
ဒေသခံမင်းတပ်၊ ကန်ပက်လက်ဒေသများမှ လူငယ်များ၊ ရပ်မိရပ်ဖများနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်းဆောင်များက ထို ကျွန်းသစ်ခုတ်ယူမှုကို လုံးဝမကျေနပ်ကြချေ။
Thursday, May 9, 2013
နိုင်ငံတော်သမ္မတကြီးရှင့် (တိုင်စာ)
သို့
နိုင်ငံတော် သမ္မတကြီး
နိုင်ငံတော်သမ္မတရုံး
နေ့စွဲ။ 7.5.2013
အကြောင်းအရာ။ ။ လူဝင်မှုကြီးကြပ်ရေး(ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)မှ ၀န်ထမ်းအချို့
အကျင့်ပျက်နေခြင်း ။
အထက်အကြာင်းအရာပါကိစ္စနှင့်ပတ်သက်၍ သမ္မတကြီးမှ လာဘ်ပေး၊ လာဘ်ယူ ပပျောက်စေဖို့ လုပ်ဆောင်နေသော်လည်းလူဝင်မှုကြီးကြပ်ရေး(ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)မှဝန်ထမ်းအချို့သည် အမိမြန်မာနိုင်ငံသို့ပြန်လာသော နိုင်ငံသူနိုင်ငံသားများအားအကြောင်းအမျိုးမျိုးပြကာငွေများတောင်းခံနေပါသည်။ (ဥပမာ- နိုင်ငံကူးလက်မှတ်စာအုပ်ဟောင်းသည်ဟုပြော၍လည်းကောင်း၊နိုင်ငံတော်
၏စေတနာဖြင့်နိုင်ငံခြားတွင်ပြုလုပ်ပေးထားသောနိုင်ငံကူးလက်မှတ်စာအုပ်ဖြင့် ပြန်ဝင်လာလျှင်လည်း၊
၎င်းစာအုပ်သည်မြန်မာနိုင်ငံတွင်လုပ်ထားသောစာအုပ်မဟုတ်ဟူ၍လည်းကောင်းအကြောင်းအမျိုးမျိုးပြတောင်းခံနေပါ
သည်။သို့ဖြစ်ပါ၍ လူကြီးမင်းတို့မှလိုအပ်သည်များကိုဆောင်ရွက်ပေးနိုင်ပါ
ရန်လေးစားစွာဖြင့်တိုင်ကြားအပ်ပါသည်။
Monday, May 6, 2013
ရန်ကုန်မြို့တော် စည်ပင်မှ ကော်မတီဝင် (၃) အကြောင်း မှတ်သားဖွယ်ရာ...
ရန်ကုန်မြို့တော် စည်ပင်မှ ကော်မတီဝင်(၃) ဦးညီညီသည် ကုလားများထံမှ လာဘ်ငွေများအား ယူပြီး တိုင်းရင်းသား လုပ်ငန်းရှင်များအား ဖိနှိပ်ပြီး လုပ်ငန်းများ လက်လွတ်ရအောင် နည်းအမျိုးမျိုးနှင့် ရုံးပါးဝစွာ လက်တစ်လုံးခြားရ်ျ ကုလားများ မရ.ရအောင် ကြံဆောင်ပေးနေပါသည်။ ၄င်းသည် ရုံးတွင်လည်း စူပါမင်းဟု နာမည်ကြီးနေပါသည်။ မြို့တော်ဝန်သာပြောင်းသွားမည် . ဦးညီညီမပြောင်း တိုင်စာများပလူပျံနေသော်လည်း ကုလားလုပ်ငန်းရှင်များမှ ငွေလမ်းခင်းရ်ျ လိုက်ရှင်းပေးသဖြင့် ကော်(၃) မှာ ကုလားများအတွက် လက်ကိုင်တုတ်ဖြစ်နေပါသည် ။ ယခင်နှင့် လိုင်စင်များအသိမ်းခံရစဉ်က ၄င်းမှာ ကုလားများအား ကြိုတင်သတင်းပေးခြင်း ၊ တချို့တိုက်များအား မသိဟန်ဆောင်ခြင်း ၊ ၄င်းနှင့် အဆင်မပြေသော လုပ်ငန်းရှင်များအား အကြောင်းအမျိုးမျိုးပြပြီး လိုင်စင်ရုတ်သိမ်းခဲ့ပါသည်။ ၄င်းအား လာဘ်ငွေပေးထားသော ကုလားများမှာ စည်ပင်ဥပဒေကို ပေါ်ပေါ်တင်တင်ချိုးဖောက်သော်လည်း မသိဟန်ဆောင်ခြင်း၊ မူအမျိုးမျိုးပြောင်းရ်ျ ကာကွယ်ပေးခြင်း တိုင်းရင်းသားလုပ်ငန်းရှင်များအား မူအမျိုးမျိုးပြောင်းရ်ျ ဒုက္ခပေးခြင်း စည်ပင်မူမှာ ၄င်းပါးစပ်ဖျားတွင် သာရှိသည်။ လူကြည့်ရ်ျ… မူပြောင်းပါသည်။ ကုလားများအလိုကျ ကုလားအကြိုက်လိုက်ရ်ျ တိုင်းရင်းသားလုပ်ငန်းရှင်များအား အမျိုးမျိုးဒုက္ခပေးနေပါသည်။ ရန်ကုန်မြို့လယ်ကောင် DB အဆောက်အအုံများမှာ တိုင်းရင်းသားများ မဆောက်နိုင်ရခြင်းအကြောင်းအရင်းမှာ ကော်(၃) ဦးညီညီမှာ လုပ်ပိုင်ခွင့်အပြည့်ရရ်ျ ကုလားများဖက်မှ နည်းအမျိုးမျိုးနှင့် ကျစ်ရ်ျညစ်ရ်ျ တိုင်းရင်းသား လုပ်ငန်းရှင်များအား စိတ်ဓါတ်ကျအောင် အမျိုးမျိုးခြိမ်းခြောက်ပြောဆိုခြင်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များ အသာစီးရပါက ရုံးပါးဝစွာ နည်းအမျိုးမျိုးနှင့် စာထုတ်ရ်ျ အချိန်ဆွဲပြီး.. ကုလားများအသာစီးရအောင် ကြံဆောင်ပေးခြင်း ၊တိုင်းရင်းသားလုပ်ငန်းရှင်များ လုံးဝလက်လွတ် ဆုံးရှူံးစေရန် ကုလားများနှင့် ပူးပေါင်းရ်ျ ဟန်ချက်ညီညီ အမျိုးမျိုးဒုက္ခပေးခဲ့ပါသည်။ တိုင်စာများ ပလူပျံသော်လည်း ယနေ့အထိ အရေးယူခံခဲ့ရခြင်းမရှိခဲ့ပါ။ ၄င်းမှာ မည်သူမှ ဖြုတ်ရ်ျ မရကြောင်း မြို့တော်ဝန်မှာ ၄င်းပြီးလျင်ပြီးသည်ဟု လူတကာအားပြောရ်ျ ခြိမ်းခြောက်ခြင်း၊ တိုင်မည်ပြောလျှင် သမ္မတအထိတိုင်လည်း ဂရုမစိုက်ဘူး… ဘယ်သူ့မှ ဂရုမစိုက်လို့ ဒီနေ့ထိမြဲနေတာဟု ဆိုပါသည်။ ကုလားဗလီများ ပြုပြင်လျှင် မသိဟန်ဆောင်ခြင်း ပြဿနာဖြစ်လျှင် နည်းအမျိုးမျိုးနှင့် ကာကွယ်ပေးပါသည်။ ဗုဒ္ဒဘာသာ ဓမ္မာရုံပြင်တာပင် ခွင့်မပြုခဲ့ပါ၊ ကော်(၃)ဦးညီညီသည် ကုလားများနှင့်ပေါင်းရ်ျ တိုင်းရင်းသား .ဗမာလုပ်ငန်းရှင်များအား ရုံးပါးဝစွာ နည်းအမျိုးမျိုးနှင့် ဒုက္ခပေးနေသူဖြစ်သဖြင့် သက်ဆိုင်ရာမှ စစ်ဆေးရ်ျအရေးယူသင့်ပါသည်။ ၄င်းပိုင်ဆိုင်သော တိုက်ခန်းများမှာ မရေတွက်နိုင်ပါ။ ကုလားများထံမှ လာဘ်စားရ်ျရရှိသော ပိုင်ဆိုင်မှုများဖြစ်ပါသည်။ သို့ဖြစ်ပါရ်ျ ရန်ကုန်မြို့တော်စည်ပင်မှ ကော်မတီဝင် (၃) ဦးညီညီအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူသင့်ကြောင်း အများပြည်သူများသိရှိစေရန် တင်ပြအပ်ပါသည်။
Sunday, May 5, 2013
တိုင်စာ
ရိုးသားဖြူစင်တဲ့ ကျေးလက်သဘာဝကိုအရောင်ဆိုးခြင်း
သို့
လေးစားအပ်ပါသော သမ္မတကြီးခင်ဗျာ--
ရခိုင်ပြည်နယ်၊ စစ်တွေမြောက်ပိုင်း၊ ပုဏားကျွန်းမြို့နယ်၊ ယိုးချောင်းမြစ်ကမ်းနံဘေး၊ ထိုရွာလေး၏ အနောက်ဘက်တွင် စစ်တွေ-ရန်ကုန်ကားလမ်း၊ ရထားလမ်းကြား၊ ယိုးတရုတ်ကျေးရွာအုပ်စုနှင့် ၃ မိုင်ခန့်အကွာတွင် ရိုးသားစွာလုပ်ကိုင်စားသောက်နေကြသော ကျေးရွာကလေးသည် ယခုအခါတွင် ကျေးလက်နေ ရွာသူ၊ ရွာသားများ၊ လယ်သမားများ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့် ခက်ခဲမှုများစွာနှင့်ကြုံတွေ့နေရပြီး အခုတော့ အဖြူရောင် ရွာလေးကို အနက်ရောင်လွှမ်းခြုံသွားခဲ့ပါပြီ။
ထိုရွာကလေးကား သဲတော်ဆိုတဲ့ ရွာကလေးပင်ဖြစ်ပေသည်။ အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး အဓိကလယ်မြေ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံများကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသော ကျေးလက်ရွာကလေးပင်ဖြစ်သည်။ ထိုရွာ၏ အနောက်ဘက်တောင်ကုန်းပေါ်တွင် သမိုင်းဝင် နားသီးတော်ဓာတ်စေတီတစ်ဆူတည်ထားပြီး စေတီတော် တည်ရှိရာနှင့် ရထား၊ ကားလမ်းကြားတွင် တစ်ချိန်က ဘိုးဘွားပိုင်ကိုင်းများတွင် တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြုံများရှိပြီး မြေလွတ်ကိုင်းများတွင်လည်း ကျွဲ၊ နွားများ စားကျက်ကိုင်းတောအဖြစ် အသုံးပြုထားသောနေရာဖြစ်ပါသည်။

တစ်ချိန်က ဥယျာဉ်ခြံမြေနှင့် စားကျက်ကိုင်းတောများ
ထိုရွာလေး၏ဓလေ့သည် တစ်ချိန်က လယ်သမားတိုင်း မိမိကိုယ်ပိုင်စားကျက်မြေများရှိသော်လည်း ယခင် နယကအစိုးရလက်ထက်တွင် လယ်သမားတိုင်း မြေလွတ်မြေရိုင်းမကျန် စပါးစိုက်ပျိုးရမည်ဆိုသည့် မူဝါဒနှင့်အညီ ထိုစားကျက်မြေများလည်း နေ့ချင်းညချင်းကွယ်ပျောက်သွားခဲ့ပြီး တစ်ချို့စားချက်မြေများကိုတောင် ရွာမှဥက္ကဌနှင့် ညှိပြီး နယ်မြေခံတပ်ရင်းများ အပိုင်သိမ်းကာ စပါးစိုက်ပျိုးခြင်း၊ သီးစားချထားခြင်း၊ မိမိကိုယ်ကျိုးအတွက် အခုထက်ထိ အသုံးပြုနေဆဲဖြစ်ပါသည်။

ရွာပိုင်စားကျက်မြေကွက်များ
လယ်မြေများထွန်ယက်ပြီး မိမိကျွဲ၊ နွားများကို ကိုယ်ပိုင်စားကျက်မြေများတွင် လွှတ်ကျောင်းစနစ်ဖြင့် အသုံးပြုသော်လည်း စားကျက်မြေများကို မြန်မာနိုင်ငံတစ်ဝှမ်း မည်သည့်မြေယာမဆို အစိုးရကပိုင်သည်ဆိုသည့် မူကို လက်ကိုင်ထားသော အာဏာပိုင်အဖွဲ့အစည်း၊ နယ်မြေခံတပ်ရင်းများ၊ ဌာနဆိုင်ရာများက သိမ်းယူလိုက်သော အခါ စားကျက်မြေများပျောက်ကွယ်သွားပြီး တောစပ်ကိုင်းတောများတွင် လွှတ်ကျောင်းစနစ်ဖြင့် တစ်ဆင့်အသုံးပြု ကြရပါသည်။
ယခုအခါအဆိုပါနေရာများတွင် နယ်မြေခံဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ အကျဉ်းဦးစီးဌာများမှ ရာဘာစိုက်ပျိုး ထားပြီး ရိုးသားစွာလုပ်ကိုင်စားသောက်နေရာ ရွာသားများ အတိဒုက္ခများစွာနှင့် ကြုံတွေ့နေကြရပါသည်။

ဒေသကွပ်ကဲမှုဌာနချုပ်မှ ရာဘာတောများ
အထူးသဖြင့် စစ်တွေအကျဉ်းထောင်မှ ထောင်သားအချို့အား ၄င်းသဲတော်ရွာလေးနှင့် ၄ ဖာလုံခန့်အကွာ တွင် ရဲဘက်အကျဉ်းစခန်းပုံစံမျိုးပြုလုပ်ထားပြီး ထိုရွာ၏ ကျွဲ၊ နွား စားကျက်ကိုင်းမြေများကိုသိမ်းယူထားပါသည်။ အကျဉ်းသား ၂၅ ဦးခန့်ရှိပြီး ထိုအကျဉ်းသားများအား ထောင်မှူး၊ ထိုဌာနများမှဝန်ထမ်းများ မိမိတို့ကိုယ်ကျိုးအတွက် အုတ်ဖုတ်ရန်သစ်များထုတ်ခိုင်းခြင်း၊ ရန်ကုန်-စစ်တွေကားလမ်းဘေး မြေလွတ်များတွင် စိုက်ပျိုးခင်းများပြုလုပ်ခြင်း၊ ရာဘာတောရှင်းလင်းစေခိုင်ခြင်း စသည့်များစေခိုင်းပြုလုပ်နေသည်ကို ခရီးသွားပြည်သူတိုင်း မျက်ဝါးထင်ထင်မြင် တွေ့ရပါသည်။ အကျဉ်းစခန်းဆိုရုံသာရှိပြီး ဓနိမိုး၊ ၀ါးထရံကာ အဆောက်အဥ ၃ လုံးခန်းသာရှိသည်ကို တွေ့ရှိရပါ သည်။ ၄င်းအကျဉ်းသားထဲတွင် ထောင်မှူးအား ငွေပေးနိုင်သူတစ်ချို့က ထိုကျေးရွာအနီးအနားတွင်ပင် ကိုယ်ပိုင်စီး ပွားရေးလုပ်ကိုင်ခြင်း၊ တစ်ချို့ဆိုလျင် ၄င်းအကျဉ်းစခန်းမှာတောင် မအိမ်/မစားဘဲ မိသားစုကိုခေါ်ပြီး ထိုကျေးရွာတွင်ပင် အိမ်ငှားပြီး နေထိုင်လို့ရတဲ့အဆင့်ထိ စနစ်တကျယိုယွင်းပျက်စီး၊ လာဘ်စားမှုများကို ကိုယ်တွေ့ ကြုံခဲ့ရပါသည်။
အမည်ကဖြင့် အကျဉ်းသားတဲ့၊ ရွာထဲဝင်ပြီး အရက်သောက်၊ ရွာကမိန့်ကလေးများတွေ့ရင် မထိတထိ၊ ရစ်သီရစ်သီဖြင့် ကြုံတွေ့ရယူအဖို့ ရင်တမမဖြစ်ခဲ့ရပေသည်။ ယခုလိုစပါးစိုက်ပျိုးပြီးချိန်တွင် ယခင်စားနေကြ စားကျက်ကိုင်းတောမြေများတွင် ကျွဲ၊ နွားများဝင်ရောက်စားနေကြသဖြင့် အကျဉ်းစခန်းမှ ထိုကျွဲ၊ နွားများအားဖမ်းဆီး ကာ တစ်ကောင်လျင် ၅၀၀၀ိ/- ပေးဆောင်ရပြီးမှ မိမိကျွဲ၊ နွားများကို ၄င်းတို့ထံမှ ယူခွင့်ရပေသည်။ ငွေ ၅၀၀၀/-မပေးနိုင်လျင် နွားချေး(၃)အိတ်ပေးဆောင်ရပေသည်။ အခုလို အကျဉ်းဦးစီးဌာနမှ ရွာသားများအား နိုင်ထက်စီးနင်း ပြုလုပ်ခြင်း၊ အာဏာကိုအလွဲသုံးစားပြုလုပ်ခြင်း၊ ရွာသားများ များစွာဒုက္ခရောက်နေကြရသည်ကို နိုင်ငံတော်သမ္မတ သိရှိအောင် တင်ပြခြင်းဖြစ်ပါသည်။
အထူးသဖြင့် ၄င်းကျေးရွာ(နာမည်ကိုမဖော်ပြလိုတော့ပါ)လယ်သမားတစ်ဦးတွင် ပထမ ခိုင်းနွားတစ်ကောင် ပျောက်ဆုံးသွားပါသည်။ လယ်ပိုင်ရှင်က သူခိုးများ ခိုးသွားလေသလားဆိုပြီး လိုက်လံစုံစမ်းသေးသော်လည်း လမ်းစ ရှာမတွေ့ခဲ့ပါ။ နောက် လယ်ပိုင်ရှင်တစ်ဦးထံမှလည်း အလားတူပင် ခိုင်းနွားတစ်ကောင်ပျောက်ဆုံးသွားပါသည်။ သို့ရာတွင်လည်း ပူဆွေးသောကနှင့်အတူ ယနေ့တိုင်ခံစားနေရဆဲပါ။ ထပ်မံပြီး ခိုင်းနွားတစ်ကောင်ပျောက်ဆုံးရာ တွင် ထိုအကျဉ်းစခန်းအနီးတောထဲတွင် အမှတ်မထင်ဘဲ အကျဉ်းသားများဝိုင်းဖွဲ့ပြီး ထိုနွားကို(ဖော်)နေသည်ကို ရွာသားတစ်ချို့မျက်ဝါးထင်ထင်တွေ့မြင်ရပါသည်။ စုံစမ်းကြည့်လိုက်သည့်အခါ အထက်ပါပျောက်ဆုံးသွားသောနွား များကိုလည်း(ဖော်)ပြီး ၄င်းတို့ရိက္ခာအတွက်၊ ပိုလျှံသောအသားများကို တစ်ဘက်ရွာများသို့ သွားရောက်ရောင်းစား နေသည်ကို စုံစမ်းသိရှိရပါသည်။ ထိုကိစ္စကို စစ်တွေအကျဉ်းဦးစီးဌာနမှသိသောအခါ နွားပိုင်ရှင်ကိုလည်း လျော်ကျေး မပေး၊ ပြစ်မှုကျူးလွန်သောအကျဉ်းသား၊ ထောင်မှူး၊ ထောင်ဝန်ထမ်းများကိုလည်း အရေးမယူဘဲ တစ်ခြားအကျဉ်း စခန်းသို့ ပြောင်းရွှေ့စေခဲ့ပါသည်။
သမ္မတကြီးခင်ဗျား..
ထောင်မှူးနှင့်တကွ အကျဉ်းသားများပူးပေါင်းပြီး ရိုးသားဖြူစင်တဲ့ ရွာကလေး၏ သဘာဝအလှတရားတွေကို အခုတော့ အရောင်တွေစွမ်းထင်နေပါပြီ။ ထိုရွာရဲ့ လူတွေက နိုင်ငံရေး၊ ဥပဒေတွေကို သိပ်ပြီးနားလည်တဲ့လူတွေ လည်း မဟုတ်ပါ။ တစ်နေ့စာတစ်နေ့ ရှာစား၊ လယ်မြေကိုင်းကျွန်းကထွက်တဲ့ မပြောပြလောက်တဲ့ဝမ်းစာလေးနဲ့ မိသားစုဘ၀ကို ရုန်းကန်လှုပ်ရှားနေတဲ့ ရွာကလေးပါ။
အကျဉ်းစခန်းနဲ့ ၄ ဖာလုံသာဝေးကွာပြီး ထိုရွာနဲ့ အလွန်နီးကပ်စွာတည်ရှိခြင်း၊ အကျဉ်းသားများကို အကျဉ်းသားနှင့်မတူအောင် လွတ်လပ်မှုများပေးထားခြင်း၊ တောတောင်များတွင် ပျော်ပွဲစားထွက်လာတဲ့ အဖွဲ့နှင့်တူ နေခြင်း၊ အကျဉ်းသားများ တစ်ချိန်ချိန်တွင် အုပ်ချုပ်မှုဖြစ်စဉ်များ၊ မှုခင်းဖြစ်စဉ်များ ထပ်မံဖြစ်ပွားလာနိုင်ခြင်း၊ ထိုရွာ သားများသည် အထက်ပါဆိုခဲ့သည့်အတိုင်း ဥပဒေကိုအတွင်းကျကျ သိရှိနားလည်မှုအားနည်းခြင်းကြောင့် တစ်ချိန် တွင် မိမိတို့၏အကျိုးစီးပွား၊ ကျေးရွာဂုဏ်သိက္ခာများ ထိခိုက်လာလျှင် ရွာနှင့်အကျဉ်းစခန်း မလိုလားအပ်သော ဆူပူ မှုများဖြစ်ပွားလာနိုင်ပါသည်။ အပြောနှင့်မပြီးဆုံးစေချင်ပါ။ အလုပ်ဖြင့်သာသက်သေပြစေချင်ပါသည်။ လက်ရှိပကတိ အနေအထားကိုသိရှိအောင် တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းလေ့လာသင့်ပါသည်။

ဥယျာဉ်ခြံ၊ ကိုင်းတောများကိုသိမ်းယူပြီး အကျဉ်းစခန်းတည်ရှိသည့်နေရာနှင့် ရာဘာတောများ
နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရသစ်အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုကျင့်သုံး နေသောအချိန်တွင် အထက်တွင်မှန်ကန်သော မူဝါဒလမ်းစဉ်များချမှတ်အကောင်အထည်ဖော်နေသော်လည်း အောက်ခြေဌာနဆိုင်ရာအချို့တွင် အခုလို လူ့အခွင့်ရေးချိုးဖောက်မှုများ၊ ဥပဒေချို့ဖောက်မှုများ၊ လာဘ်စားမှုများ များစွာရှိနေကြောင်း သမ္မတနှင့်တကွ တာဝန်ရှိသူများသိရှိအောင် တင်ပြခြင်းဖြစ်ပါသည်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့်အခြေခံအခွင့်အရေးများကို ကာကွယ် မြှင့်တင်နိုင်သည့် ကျင့်စဉ်တစ်ရပ်ပင်ဖြစ်ပါသည်။ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဝေဖန်ပိုင်းခြားမှုကို ဖော်ထုတ်ခွင့်ရှိသည့် တစ်ခုတည်းသော နိုင်ငံရေးစနစ်လည်းဖြစ်သောကြောင့် ကျေးရွာနေလူတန်းစားများ၏ လက်တွေ့ တွေ့ကြုံနေရတဲ့ ဒုက္ခတွေကို ရင်ဖွင့်ဖော်ထုတ်ခြင်းဖြစ်ပါသည်။
သမ္မတအနေဖြင့် ရိုးသားဖြူစင်တဲ့ ကျေးလက်နေတောသူတောင်သားတို့၏ လူနေမှုဘ၀မြင့်တင်ရာတွင် လည်း အောက်ခြေတွင် ယခုလိုအကျင့်ဆိုးများကို အမြစ်ပြတ်အရေးယူဆောင်ရွက်သင့်ကြောင်း တင်ပြခြင်းဖြစ် ပါသည်။
ပြည်သူတိုင်း၏ လိုလားတောင့်တချက်ဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီလွတ်လပ်စွာနေထိုင်လုပ်ကိုင်စား သောက်ရေး၊ ပြည်သူတို့၏အနာဂတ်ဘ၀သာယာလှပရေးအတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလတရားများထွန်းကားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ထွန်းပေါ် ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တစ်ဘက်တွင်လည်း အောက်ခြေဌာနဆိုင်ရာတစ်ချို့ ကျေးလက်နေတောရွာများတွင် ခြစားမှုများစွာ ရှိနေသေးကြောင်း ပြည်သူတစ်ဦးအနေဖြင့် ရင်ဖွင့်လိုက်ရခြင်း ဖြစ်ပါသည်။




Saturday, May 4, 2013
ဆေးတက္ကသိုလ် ၁ မှ ဆရာ ဆရာမ များအားအရေးယူပေးပါရန်တိုင်ကြားခြင်း
အောင်မြင်ကြပြီး ကျူရှင်မယူသော ကျောင်းသား/သူ များမှာ အမှတ်အနည်းငယ်သာရရှိ.ကြပါ
Friday, May 3, 2013
အမှတ်(၇) တိုင်းရုံး (သွားလာရေး)၊ မြန်မာ့မီရထား MEC မှ ချမှတ်ထားသော ၈၀၀MHz SIM ကဒ် များ ရောင်းချရာတွင် မသမာ မှု့ များရှိ
အမှတ်(၇) တိုင်ရုံး (သွားလာရေး) ၊ မြန်မာ့မီရထား အတွင်း ၁၅၀၀ တန် SIM ကဒ်များ အား ချထားပေးလျှက်ရှိရာ ၀န်းထမ်း များအား မဲဖောက်စနစ်ဖြင့် ရောင်းချလျှက်ရှိပါသည်။သို့ပါေ
မဲပေါက်သော ၀န်ထမ်းများ မှာ သတ်မှတ်ထားသော ဂျူတီများ ထမ်းဆောင် ရပါသည်၊ ဂျူတီ ချိန် ပြီးမှသာ
မဲပေါက်သော ကဒ်များ အား လာရောက်ထုတ်ယူရပါသည်။သို့သော အမှတ်(၇) တိုင်းရုံးမှ ၊ ဌာနခွဲစာရေး
မဖြူ သည် လာရောက်ထုတ်ယူသော ၀န်ထမ်းများအား မချေမငံ ဆက်ဆံပြီး၊ SIM ကဒ်တန်ဖိုး ၁၅၀၀ ကျပ်
အပြင် စာရွက်စာတမ်းကြေး ၂၀၀ ကျပ် နှင့် မည်သည့်ကြေးမှန်းမသိသော SIM ကဒ် တစ်ကဒ် လျှင်
၁၀၀၀ ကျပ် အား ပုံသေ ဖြင့် ကောက်ခံ နေသည်ကို အထက်တာဝန်ရှိ လူကြီးများ အနေဖြင့် မသိရှိတာလား၊ လျစ်လျူ ရှု ထားတာလား ဆိုတာ သိချင်ပါသည်။ ထိုပြင် ဂျူတီ အားသည် အချိန်မှ
လာရောက်ထုတ်ယူသော ကဒ်များအား လည်း သတ်မှတ်ရက်ကျော်သည် ဟု ဆိုကာ ယခု အချိန်ထိ မထုတ် ပေးသေးပါ။ ထို ကဒ်များအား မဖြူ အနေဖြင့် ဘာလုပ်မည် ဆိုတာကိုလဲ သိချင်ပါသည်။
မီးရထား ၀န်ထမ်း တစ်ဦး
ကိုယ်ကျိုးကိုအသုံးပြုနေသောအုပ်စုမှူး
Wednesday, April 24, 2013
ဝမ်းတွင်းမြို့နယ်ဆေးရုံအုပ်ကြီး ဒေါ်သန်းသန်းဌေး ဆင်ခြင်နိုင်ရန်
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ၊ မန္တလေးတိုင်းဒေသကြီး၊
ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံ
ဆေးရုံအုပ်ကြီး ဒေါ်သန်းသန်းဌေးသည် လူနာများဖြစ်သော ပြည်သူများကို
အော်ဟစ်ဆဲဆိုခြင်း၊ ကြမ်းတမ်းစွာ ဆေးကုသခြင်း၊ ကျင်နာမှုမရှိခြင်း၊
ရိုက်ပုတ်ခြင်းများကြောင့် ပြည်သူလူထုမှာ စိတ်အနှောင့်အယှက်များ
ဖြစ်ရပါသည်။
ထို့အပြင် မိမိလက်အောက်ငယ်သားများအပေါ်တွင် စာနာစိတ်မရှိခြင်း၊
ပါးရိုက်မည်ကြိမ်းမောင်းခြင်း၊ အလုပ်ထုတ်ပစ်မည်ဟု ကြိမ်းမောင်းခြင်း၊
ဝမ်းတွင်းမြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော
မိမိလက်အောက်ငယ်သားများထံမှ လစာများဖြတ်တောက်ခြင်း၊ မိမိသည်
ဆရာဝန်အလုပ်ကို ၀ါသနာမပါခြင်း၊ ဆရာဝန်ဖြစ်အောင် ပံ့ပိုးပေးခဲ့သော
မိဘနှစ်ပါးကို အရမ်းပင်မုန်းတီးသည်ဟု ပြောဆိုပြီး လက်အောက်ငယ်သားများအား
ခြိမ်းခြောက်ခြင်းပြုလုပ်လျက်ရှ
ယင်းအပြင် လက်ကျန်ဆေးဝါးများအား ဖျောင်ပစ်ရန်အလို့ငှာ စာရင်းစစ်များအား
ငွေ (၁၀)သိန်းခန့်ပေးကာ စာရင်းဖျောက်ပြစ်ကြောင်းလည်း သိရှိပါသည်။
သို့ဖြစ်ပါသောကြောင့် အထက်လူကြီးများအနေဖြင့်
အကျင့်ပျက်ခြစားလုပ်ရပ်များအား တားဆီးနိုင်ရန်နှင့်
ဝမ်းတွင်းဆေးရုံတွင်ရှိကြသော ဆေးရုံအုပ်နှင့် ၀န်ထမ်းများအား
စစ်ဆေးပေးစေရန် တင်ပြအပ်သည်။
ကျေးဇူးတင်ပါသည်ခင်ဗျာ။

