Friday, May 3, 2013

ကိုယ်ကျိုးကိုအသုံးပြုနေသောအုပ်စုမှူး

ပဲခူးတိုင်း(အနောက်ပိုင်း)ပန်းတောင်းမြို့နယ်၊ပဲကြီးကျောင်းအုပ်စုတွင်တာဝန်ယူဆောင်ရွက်နေသောအုပ်စုမှူး ဦးမျိုးနိုင်(အ.မ.က ဒေါင်းတိုက်)သည် ကျောင်းအုပ်စုတွင်း ကျောင်းများ၏ တိုးတက်မှုကိုဆောင်ရွက်မှူအားနည်းပြီး ၊၀န်ထမ်းများ၏ လစာကြေးငွေများကို စည်းဝေးတိုင်ပင်မှုမရှိပဲ ၀န်ထမ်းလစာကြေးငွေများကို စည်းဝေးတိုင်ပင်မှုမရှိပဲ ၀န်ထမ်းလစာများကို မိမိကိုယ်ရေးကိုယ်တာသုံးစွဲရန်အတွက် ၃/၂၀၁၃ လတွင် မြို့နယ်ပညာရေးမှူးနှုတ်မိန့်ညွှန်ကြား ချက်ကို လက်မခံဘဲ မိမိသဘောအတိုင်း ခြိမ်းခြောက်လျက် ဖြတ်တောက်လျက်ရှိပါသည်။
နိုင်ငံတော်(အခြေခံပညာရေးဦးစီးဌာန)မှပံ့ပိုးသော သင်ထောက်ကူများအား ကျောင်းအသီးသီးသို့ မဖြန့်ဝေပဲ ထိန်ကွယ်ကာ ရောင်းစားလျက်ရှိပါသည်။မြို့နယ်ပညာရေးမှူး တင်ပြသော်လည်း အချိန်ရွှေ့ ဆုံးဖြတ်အတည်ပြုပေးခြင်းမရှိခဲ့ပါ။ School Cluster တာဝန်မကျေသောကြောင့် သက်ဆိုင်ရာများသိရှိစေလိုပါသည်။

0 comments:

Post a Comment