Monday, March 16, 2015

ပေးစာ၊ တိုင်စာ၊ ပစ်စာ

1 comments


'ဒါလေးတွေကို သာအေးသိအောင်ပြောပေးကြပါအုံး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ကျေးရွာ ကတော့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မှာတည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး နယ်စပ်မှာရှိပါတယ်။ မလယ်ဒေသဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မှာရှိတဲ့ သပိတ်ကျဉ်းမြို့နယ်၊ တွင်းငယ် ဒေသနဲ့ ကပ်လျက်ဆက်စပ်ပြီး ရှိနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာတော့ နွားမှောင်ခိုသမားများက ဇီးကုန်း-မလယ်-တွင်းငယ်-မဘိမ်း လမ်းကြောင်းများကတဆင့် တရုတ်နိုင်ငံကိုသွားတဲ့ နွားမှောင်ခိုပို့ဆောင်ရာ လမ်းကြောင်းတစ်ခုဖြစ်နေတာကြာပါပြီ။ အဲဒီနွားမှောင်ခိုလမ်းကြောင်းများမှ တဆင့် မူးယစ်ဆေးဝါးများ ပြန်လည် သယ်ဆောင်လာခြင်းကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းကို တရားမ၀င် မူးယစ်ဆေးများ ၀င်ရောက်လာတာဟာ နောင်အနာဂါတ် လူငယ်များအတွက် ရင်လေးစရာတစ်ခုဖြစ်သလို၊ နိုင်ငံတော်အတွက် သက်ရှိသယံဇာတများ ပြုန်းတီးမှုအတွက်လည်း ရင်လေးစရာတစ်ခုဖြစ်နေပါတယ်။ သက်ဆိုင်ရာ ခရိုင်အဆင့် တိုင်းအဆင့်သို့ တာဝန်ရှိပြည်သူများမှ တာဝန်သိသိ တိုင်ကြားသော်လည်း ဒေသခံ ရဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အထက်ပါ မှောင်ခိုလမ်းကြောင်းများ မှ ရရှိသောငွေ အလွန်များပြားသောကြောင့် အထက်အောက်ညှိနှိုင်းပြေလည်သွားတာမျိုး  အကြိမ်ကြိမ် ဖြစ်နေလျက်ပါ။ နွားမှောင်ခိုသမားများ အတွက် ပေးဆောင်ရသော တရားမ၀င် သတ်မှတ် ပေါက်ကြေးများမှာ နွားတစ်ကောင် လျှင် ရဲကြေး ၂၀၀၀၀ကျပ် ၊ မလယ်ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀၀၀ ကျပ် ၊ စသုံးလုံး ၂၀၀၀ကျပ်၊ မလယ်ကျေးရွာ သားသတ်လုပ်ငန်းရှင် ၂၀၀၀ကျပ်၊ ဇီးကုန်းမှ ကိုကျော်သူ က တိုင်းဒန၊ ခရိုင်မှူး ၊ မြို့နယ်မှူး ၊ နယ်လွန် စသည့် ခေါင်းစဉ်ကြေးများဖြင့် ၁၅၀၀၀ကျပ် ပေးဆောင်ပြီး မလယ်ရဲစခန်းပိုင် နယ်မြေများအတွင်း မှောင်ခိုသမားများ ဖြတ်သန်းလျက်ရှိနေပါတယ်။

မလယ်တိုက်နယ် မှ နေ့စဉ် နွားကောင်ရေ ရာချီပြီး ဖြတ်သန်းနေတာ ဖြစ်တဲ့ အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ ၀င်များ ဟာ ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး အလုပ်များ ကိုလုပ်ဆောင်ရန်စိတ်ဝင်စားခြင်း မရှိတော့ပဲ၊ နေ့စဉ်နဲ့ အမျှ မလယ် နယ်မြေအတွင်း တောတောင် လမ်းကြားများသို့ လှည့်လည် သွားလာပြီး တရားမ၀င် မှောင်ခိုလာဘ်ငွေများ ကောက်ခံရန်အတွက်ကိုသာ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က မလယ်ကျေးရွာမှ ရှေးဟောင်း ဘုရား များပျောက်ဆုံးခြင်း၊ ကျေးရွာအတွင်း ညနက်သန်းခေါင် အချိန်များတွင် အမည်မသိ ခေါင်းကို ပုဆိုးများ ခြုံ ပြီး ရုပ်ဖျက် သောင်းကျန်းမှုများရှိနေခြင်း၊ ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ တို့ အား လစ်လျှူရှုထားပါတယ်။ မလယ်ကျေးရွာ ပတ်ဝန်းကျင်ရှိ အိုင်မဆိပ်ကမ်း၊ ကြက်သန်းချောင်းဆိပ်ကမ်း၊ ကျောက်လုံးကြီးဆိပ်ကမ်းများမှ  ဧရာဝတီမြစ်ကို နွားမှောင်ခို များ ညစဉ် ညနက်သန်းခေါင် အချိန်များ တွင် စက်လှေသံများ ဆူညံစွာ ဖြင့် ဖြတ်သန်းလျက် ရှိနေတာကို ခရိုင်အဆင့် တိုင်းအဆင့် များအထိ တာဝန်ရှိပြည်သူများမှ အကြိမ်ကြိမ်တိုင်ကြားသော်လည်း ၊ အရေးယူဆောင်ရွက်ခြင်းမရှိပဲ၊ အပေးအယူလုပ်ပြီး အဆုံးသတ် သွားသည်မှာ အကြိမ်ကြိမ် ရှိပြီဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မှ ဦးသာအေးကြီး မသိချင်ယောင်ဆောင်ပြီးမနေစေချင်တဲ့အတွက် အခုလို တင်ပြလိုက်ပါတယ်ဗျာ။

                                                                   တာဝန်ရှိပြည်သူတစ်ဦး


Saturday, December 20, 2014

စာနာတတ်သူ၊ ဘ၀မမေ့တတ်သူတစ်ဦး

0 comments

သူဟာဘယ်သူလဲ၊ သူ့လုပ်ဆောင်ချက်တွေကဘာလဲ၊ ဘာကြောင့်လုပ်သလဲ ဆိုတာတွေကို တင်ပြ လိုပါတယ်။

          သူဟာ မြို့ကြီးပြကြီးမှာ မွေးဖွားကြီးပြင်းခဲ့သူမဟုတ်ပါဘူး။ သာမန်မိသားစုတစ်စုကနေ မွေးဖွား လာခဲ့တာဖြစ်ပြီး သာမန်မိသားစုတို့ရဲ့ ဘ၀ပေးအခြေအနေအတိုင်း အများသူငါလိုပဲ ကြိုးစားရင်းနဲ့ ဘ၀ကို တည်ဆောက်လာခဲ့ရတာဖြစ်ပါတယ်။ ခက်ခဲခဲ့တယ်၊ ကြမ်းတမ်းခဲ့တယ်၊ များစွာ ကြိုးစားခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ သူ့လိုလူတွေရဲ့ ဘ၀တွေကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ စိတ်မကောင်းစွာ နဲ့ပဲ တစ်နေ့တော့….. ဆိုပြီး ဆထက်ထမ်းပိုး သူပိုကြိုးစား တည်ဆောက်ပြန်တယ်။ အောင်မြင်ခဲ့တယ်။ မျှော်မှန်းတည်ဆောက်ခဲ့တာနဲ့ ထပ်တူနီးပါးဖြစ်လာခဲ့တယ်။

          ယနေ့ သူ့မှာ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူ့ကို ယုံကြည်လေးစားသူ၊ ချစ်ခင်သူပေါင်း မြောက်များ စွာ ဖြစ်ပေါ်လာခဲ့တယ်။ သူ့ကိုကူညီချင် သူတွေ လည်း များစွာပါပဲ။ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အင်အားတွေပါ။ ဒီအင်အားတွေကပဲ သူ့လုပ်ဆောင်ချက်တွေအတွက် အထောက်အပံ့ဖြစ်ခဲ့ ပါတယ်။

          လုပ်ငန်းတာဝန်အရရော ချစ်မြတ်နိုးစိတ်နဲ့ပါ သူ့မွေးဇာတိနဲ့ ဇာတိပတ်ဝန်းကျင်ကကျေးရွာတွေကို နှစ်ပေါင်း၊ အခေါက်ပေါင်းမြောက်များစွာ လှည့်လည်သွားလာခဲ့ပါတယ်။ ကျေးရွာလူထုတွေရဲ့ အခြေအနေ၊ နယ်မြေရဲ့ အခြေအနေတွေကို အနီးကပ်လေ့လာတွေ့မြင်ခဲ့တယ်။ လိုအပ်ချက်တွေ များစွာရှိနေသေးတာကို တွေ့ခဲ့ရတယ်။ တတ်စွမ်းသလောက် ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။ စားရေးမှာ အဓိကလိုအပ်တဲ့ "ဆန်" လှူဒါန်း၊ ထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့တယ်။

          ၁၉၉၃ ခုနှစ်ကစတင်ပြီး ယခုနှစ်အထိ ၂၁ နှစ်တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှမပျက်ကွက်စေဘဲ ဆန် လှူဒါန်းထောက်ပံ့မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ဆောင်ရွက်တော်မူနေကြသော သံဃာတော် အရှင်သူမြတ်များကိုလည်း သာသနာ ဆိုင်ရာကိစ္စရပ်များ မပင်မပမ်းထမ်းရွက်တော်မူနိုင်ကြစေရန်ရည်ရွယ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းလိုတဲ့ အတွက် ဆွမ်းလောင်းသင်းများကို ဆွမ်းဆန်တော်လှူဒါန်းခြင်း၊ ဆွမ်းဆန်ရှားပါးသော ဘုန်းတော်ကြီး ကျောင်းများကို ဆွမ်းဆန်တော်များ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါတယ်။ သက်ကြီးဘိုးဘွားများ၊ ဘိုးဘွား ရိပ်သာများကို အဟာရဆန်လှူဒါန်းခြင်း၊ နွမ်းပါးအိမ်ထောင်စုများကို ဆန်ထောက်ပံ့ပေးခြင်း၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများကို ဆန်ထောက်ပံ့ခြင်း၊ ဆေးရုံဝန်ထမ်းများကို ဆန်ထောက်ပံ့ခြင်း၊ အခြား လိုအပ်နေရာများသို့ ဆန်ထောက်ပံ့ခြင်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပေးတဲ့နေရာမှာလည်း အိတ်လိုက်၊ တင်းလိုက်ပေးတာပါ။

          ယခုနှစ်မှာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၄၆ ကျောင်း၊ ဆွမ်းလောင်းအသင်း ၄ သင်း၊ ဘိုးဘွား ရိပ်သာ ၂ ခု၊ အခြေခံပညာကျောင်း ၄ ကျောင်းမှ ဆရာ၊ ဆရာမ ၁၇၀ဦး၊ ဆေးရုံ ၂ ရုံမှ ၀န်ထမ်း ၇၀ဦး၊ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စုပေါင်း ၁၉၃၃စုသို့  ဆန်အိတ်ပေါင်း ၃၁၂၅ အိတ် လှူဒါန်းထောက်ပံ့ ပေးခဲ့ကြောင်း သိရပါတယ်။

၁၉၉၃ ခုနှစ်မှ ယခု ၂၀၁၄ ခုနှစ်အထိ ၂၁ နှစ်တာကာလအတွင်း ဆန်အိတ်ပေါင်း ၆၃၀၈၅ အိတ် လှူဒါန်းပြီးဖြစ်ကြောင်း သိရတဲ့အတွက် နှစ်စဉ် တစ်နှစ်လျှင် ပျမ်းမျှ ဆန်အိတ် ၃၀၀၀ ကျော်လှူဒါန်းခဲ့ တယ်လို့ သိနိုင်ပါတယ်။

ဒီဆောင်ရွက်ချက်အပေါ်မှာ ခုလို ဇာတိနယ်မြေကိုပြန်ကြည့်သူ ဘ၀မမေ့တတ်သူတစ်ဦးကို အားလုံးက သာဓုအနုမောဒနာခေါ် ဆိုကြောင်း၊ ကျေးဇူးတင် ၀မ်းမြောက်ကြပါကြောင်း၊ နောက်နောင်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ ဒီလို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆုတောင်းမေတ္တာ ပို့သကြပါကြောင်း ပီတိဖုံး၊ အပြုံးမျက်နှာ များနဲ့ ပြောကြားနေကြတဲ့ နယ်သူနယ်သားအပေါင်းကို တွေ့မြင်ခဲ့ရပါတယ်။

တော်ရုံစွမ်းဆောင်ရည်နဲ့မဖြစ်နိုင်တဲ့ လုပ်ဆောင်မှုကို ဆယ်စုနှစ် ၂ ခုကျော် စဉ်တိုက်ဆက်တိုက် ဆောင်ရွက်နိုင်ခဲ့တယ်။ မိသားစု၊ မိတ်ဆွေများ၊ ချစ်ခင်ကြည်ညိုသူများကလည်း ၀ိုင်းဝန်းဆောင် ရွက် ပေးခဲ့ကြတယ်။ ရှေ့ ဆက်ပြီးတော့လည်း တက်ညီလက်ညီဆောင်ရွက်ကြဦးမယ် ဆိုတာ လည်း မြေကြီး လက်ခတ်မလွဲနိုင်ပါ။

မိမိနယ်မြေဒေသအပေါ် သံယောဇဉ်ကြီးမားစွာနဲ့ နယ်မြေရဲ့လို အပ်ချက် များစွာထဲက မိမိ တတ်စွမ်းသလောက် ကွက်လပ်ကလေး တစ်ခုကို နှစ်ပေါင်းများစွာဖြည့်ဆည်ပေးလာသူကတော့ ပြည်သူ ချစ်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီး ဦးအောင်သောင်းဖြစ် ပါကြောင်း လေးစား ဂုဏ်ယူစွာ တင်ပြလိုက်ရ ပါတယ်ခင်ဗျာ။

Sunday, November 30, 2014

ကျင့်ဝတ်မညီ၊ မာနထောင်လွှားနေသော စစ်ကိုင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း ပညာရေးဝန်ကြီးဌာန နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ

0 comments

စစ်ကိုင်းမြို့နယ် ပဲကတိုးကျေးရွာအနီး  ..

စစ်ကိုင်းတက္ကသိုလ်ရှိ .. ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့ရဲ့ တဖက်လက်ဖြင့်ကျူရှင်သင်ခြင်း .. သူတို့ဆီ ကျူရှင်ယူတဲ့ ကျောင်းသားတွေကို မျက်နှာသာပေးခြင်း .. ပညာရေးကို စိတ်ကြိုက်ဖန်တီး လုပ်ချင်ရာလုပ်နေခြင်း .. ဆရာမအချင်းချင်း .. ပါမောက္ခအချင်းချင်း မာနထောင်လွှားနေခြင်းများမှာ .. အလွန်ပင်စိတ်ဆင်းရဲစရာအကြောင်း လူအများသိစေရန်နှင့် ..  .. ပြုပြင်ပြောင်းလဲရေးတွေုလုပ်နေပါတယ်ဆိုတဲ့ အစိုးရ နှင့် ကျောင်းသားထု အလိုမရှိတဲ့ အကျင့်ပျက် အစိုးရ၀န်ထမ်း ပညာရေးဝန်ထမ်းတွေ အကြောင်းကို စိတ်ပျက်ဖွယ်ရာ အများပြည်သူသိစေလိုခြင်းငြာ တင်ပြလိုက်ရပါသည်။  ..

ပဲကတိုးကျေးရွာအနီး စစ်ကိုင်းတက္ကသိုလ် တွင် တာဝန်ကျနေသည့် ..  ပါမောက္ခ ဒေါ်နွယ်နွယ်အေး သည် စစ်ကိုင်းမြို့အတွင်းတွင် နောက်ကွယ်မှ ကျူရှင်ဖွင့်ထားပြီး ကျူရှင်တတ်သူများကို မျက်နှာသာပေးခြင်း .. လာရောက် ကန်တော့သူများကို အမှတ်တိုးပေးခြင်း .. အဆင့်တိုးပေးခြင်း .. ကျူရှင်မတက်သူများကို .. ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ဒေါက်တာ ဒေါ်ခင်တိုးတိုးအောင်မှာလည်း  .. အတူတူဖြစ်ပြီး .. ဒေါ်နွယ်နွယ်အေး အရှိန်နဲ့ စစ်ကိုင်းတက္ကသိုလ်အတွင်း ကျောင်းသားများကို ကျင့်ဝတ်မညီစွာနဲ့ စိတ်ကြိုက်ဖန်တီးနေပါသည်။

ဒေါ်နွယ်နွယ်အေးမှာ တခြားပါမောက္ခများကိုလည်း  .. အချင်းချင်းလေးစားခြင်းမရှိပဲ မထီမဲ့မြင် ဆက်ဆံခြင်း .. မာနထောင်လွှားခြင်း .. ဆရာဆရာမများအပေါ် .. အာဏာပြခြင်းများကို ပြုလုပ်လျှက်ရှိပါသည် ..

အဲဒီအကြောင်းကို မြို့နယ် ပညရေးမှု့ ပြည်နယ်ပညာရေးမှု  .. နှင့်  .. ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ..  ယခုအချိန်ထိ . ဒေါ်နွယ်နွယ်အေး နင့် ဒေါ်ခင်တိုးတိုးအောင်တို့ အမူအကျင့်မှာ ပြောင်းလဲခြင်းမရှိသေးပါ ..

ဒေါ်နွယ်နွယ်အေးနဲ့ ဒေါ်ခင်တိုးတိုးအောင်တို့ကြောင့် စစ်ကိုင်းတက္ကသိုလ်ထဲက  .. ကျောင်းသားတွေရော ဆရာတွေပါ  .. သဘောထားတင်းမာနေကြပြီး မကြာခင်မှာ ပေါက်ကွဲမယ့်အနေအထားကို ရောက်နေပြီဖြစ်ပါသည် .. ကျောင်းသားအချို့က  .. စစ်ကိုင်းခရိုင်ကျောင်းသားများသမဂ္ဂကနဲ့ ဆက်သွယ်လာပြီး  .. ဆရာများကလည်း ကျောင်းသားများဘက်က ရပ်တည်လာပါသည်။

အဲဒါကြောင့် အမြဲတန်း အကျင့်ပျက်ကာ ..  ပါမောက္ခဆိုပြီး အခြားဆရာမများအပေါ် .. တပည့်များအပေါ် .. တပည့်များအပေါ် လုပ်ချင်တိုင်းလုပ်နေတဲ့ ဒေါ်နွယ်နွယ်အေး နဲ့ ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း သက်ဆိုင်ရာ ပညာရေးဌာနမှ  .. အထက်လူကြီးများ သိစေရန် အသိပေး တိုင်ကြားအပ်ပါသည်။

ဝန်ထမ်းတွေ လစာတိုးဖို့ ဆွေးနွေးနေတဲ့ လွှတ်တော်အမတ်များကိုရော .. Clean Gov , Good Gov ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန် ကိုရော .. သိစေချင်ပါသည်။ .. .


By/

ကျောင်းသားဟောင်းတစ်ယောက် ...

Thursday, November 20, 2014

0 comments

မြန်မာပိတောက် company ၏ ယုတ်မာမှုများ

 

          မတရား အမြတ်ထုတ် ၀ါးစားနေသော mpt sim card ဖြန့်ချီနေသော နေပြည်တော်မှ မြန်မာပိတောက်၏ လုပ်ရပ်အား အမြန်ဆုံးဖော်ပြပေးရန် လေးစားစွာ တောင်းပန်ပါသည် ခင်ဗျား။

မြန်မာပိတောက်သည် မည်သည့် နေရာ အခြေစိုက်သည်ကိုလည်း မိမိ မသိပါ။ mpt sim card ကျလာမှ သာ ပေါ်လာခြင်းဖြစ်သည်။ မြန်မာပိတောက်သည် အစိုးရမှ တရားဝင် 1500 ကျပ် နှင့် ချပေးသော sim card များကို ပြည်သူလူထူလက်ထဲသို့ မှန်ကန်စွာ မထည့်ပဲနှင့် sim card တစ်ကဒ်ကို နှစ်သောင်းပေါက်ချိန်မှာ ရှမ်းကန်ရှေ့မှ လေဆာ မိုဘိုင်း ဆိုင်သို့ sim card ပေါင်းသောင်းနှင့်ချီ ရောင်းစားပစ်ခဲ့ပါသည်။ ကဒ် ၅၀ လောက်ကို အရောင်းပြလိုက်ပါသည်၊ လူကြည့်ကောင်းအောင်ပါ။ မြန်မာပိတောက်မှ နည်း (၃) မျိုးနှင့် sim card ရောင်းပါသည်။ ၄င်းတို့မှာ

(၁)     ငွေဖြည့်ကဒ် ၄ percent နှင့် တစ်သိန်းဝယ် တစ်ကဒ်

          သိန်းတရာဝယ် ကဒ်လေးဆယ်

(၂)     အရောင်း အနည်းငယ် ပြ ၄င်းတို့နှင့် ရင်းနှီးသောဆိုင်နှင့် တစ်ဝက်စားစီ မှောင်ခိုထုတ်။

(၃)     အဆိုးဆုံးမှာ သူတို့ ခိုးစား မတရားသဖြင့် လုပ်စားနေသော ဇတ်လမ်းကြီး ပေါ်ပေါက်မည်စိုးသဖြင့် လူယုတ်မာတွေကို ဟိုရွေ့ သည်ရွေ့ ချိန်းလိုက်ပါသည်။ ရုံးချုပ်ကစိုပီး ဆိုင်ပေါက်စေ့ရောက်လာပါသည်။ လူမြင်ကောင်းအောင် လေးငါးကဒ် ငွေဖြည့်ကဒ်နှင့် တွဲပေးလိုက်ပါသည်။ ပီးလျှင် ဆိုင်ကို အတင်းဓါတ်ပုံရိုက်ပါသည်။ လက်မှတ်အတင်းထိုးခိုင်းပါသည်။ လေး ငါး ကဒ် ရောင်း ပေးတဲ့ဆိုင်တွေ ၅၀ / ၁၀၀ စားရင်းသွင်းလိုက်ပါသည်။ စဉ်းစားကြည့်လိုက်ပါ ဘယ်လောက်မိုက်ရိုင်းသလည်းဆိုတာ…၊

 

 

အများဆုံး သူတို့ သွင်းသော ဆိုင်မှာ လေဆာ မိုဘိုင်း ဖြစ်ပါသည်။ သူတို့မှလည်း အများပြည်သူများ သုံးနိုင်စေရန်အတွက် တောင်လိုပုံနေသော mpt simcard များကို လာဝယ်သူများအား ဗြောင်ငြင်းပီး မရှိဘူး အကုန်လုံးရောင်းပီးသားဆိုပီး ပြောလိုက်ပါသည်။ နေ့မကူးခင် နေပြည်တော် mpt sim card များက မန်းလေး ရောက်သွားပါသည်။ တစ်ကဒ်နှစ်သောင်းနှင့် ။  နမူနာ တွက်ပြပါမည်။

500 ကဒ် × 20000  = 10000000 (သိန်းတရာကျပ်) အမြတ်ဖြစ်ပါသည်။ လေဆာကလည်း ငွေဖြည့်ကဒ်ကို ဘယ်လို ပြန်ထုတ်လည်း ဆိုတော့ ၁၀ percent နှင့်ပြန်ထုတ်ပါသည်။ ငွေဖြည့်ကဒ် percent က အစိုးရပေးတာမှ ၄ ပါစန့် ဖြစ်ပါသည်။ သိန်းတရာ မြတ်မှတော့ ၁၀ ပါစန့် ပေးနိုင်တာပေါ့ဗျာ။ ဘယ်လောက် ၀ရုန်းသုန်းကား နိုင်ပီး ဖြစ်ပျက်နေသလည်း ဆိုတာ စဉ်းစားကြည့်ပါခင်ဗျား။

 

ဆိုင်ငယ်လေးတွေမှာ ဓါတ်ပုံ အရိုက်ပြခံ ထိုးကျွေးခံ ပဲ ဖြစ်နေသည်။ ဆက်သွယ်ရေး ၀န်ကြီး လည်း ယခု ကိတ်စ ကိုသိသလား မသိသလား မသိပါ။ မသိလျှင် တော် တော် တုံးလို့ဖြစ်ပါလိမ့်မည်။ သိလျှင်တော့ လည်း သန်းပေါင်းများစွာ ထောသွားပြန်မည်သာဖြစ်သည်။ ဒီမှ ချီးကျူးစရာကောင်းတာက တော့ ooredoo နှင့် telenor သာ ဖြစ်ပါသည်။ မှောင်ခိုရောင်းသံကြားပါက ချက်ချင်းရောက်သွားပီး ဖြေရှင်းပါသည်။ ချက်ချင်း အရေးယူပါသည်။ ဆိုင်တိုင်းလည်း သူတို့ sim card ရကြပါသည်။ ရောင်းရပါသည်။ ဆိုင်တိုင်းလည်း ပျော်ရပါသည်။ mpt ကတော့ ဘယ်လူကြီး မှ ဆင်းမကြည့်ပါ။ မြန်မာ ပိတောက် ကို အပ်လိုက်ပါသည်။ ပုတ်ပြတ်နှင့် အပ်လိုက်ပုံရသည်။ မြန်မာပိတောက်ကလည်း လေဆာမိုဘိုင်း ကို တရုတ်တစ်ပြည်လုံး ထမင်း အ၀ကျွေးနိုင်စေရန် ကဒ်တွေအကုန်အပ်လိုက်ပါသည်။ စာတော့ မိမိလည်း သိပ်မရေးတက်ပါ..ဆက်သွယ်ရေးဝန်ကြီးတွေလည်း မိမိတို့ မစားထားဘူးဆိုလည်း ၀င်ဖြေရှင်းသင့်ပါပီ။ စားထားလျှင်တော့ ငြိမ်နေတာ ကောင်းပါသည်။ မြန်မာပိတောက် ၏ စာရင်းကို တောင်းမကြည့်ပါနှင့် mobile team ဖွဲ့ ဖမ်းသကဲ့သို့ ဆင်းကဒ် များကို မည်သို့ ရောင်းချသည်ဆိုသည်ကို ဆိုင်ငယ် လေး တွေကို မေးကြည့်စေချင်ပါသည်။

                                      လေးစားလျှက် မတရားသဖြင့် လက်ဝါးအုပ် စီးပွားရှာသူများကို မနှစ်မြို့သူ တစ်ဦး

Wednesday, November 19, 2014

ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၂)

0 comments
ဦးအောင်သောင်းက ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို
နှောင့်ယှက်ဟန့်တားနေတယ်လို့ စွပ်စွဲပြန်ပါတယ်။ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီပေါ်ပေါက်ရေး စတင်ဆောင်ရွက်ခဲ့သူများထဲမှာ ဦးအောင်သောင်းဟာ
ထိပ်ဆုံးကပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ထဲထဲဝင်ဝင်လေ့လာ
ကြည့်မယ်ဆိုရင် သိနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီပေါ်ပေါက်လာပြီးတော့လည်း
ဒီမိုကရေစီကို ကျင့်သုံး နိုင်ရေး ဆောင်ရွက်တဲ့အခါမှာလည်း အဓိက
အခန်းကဏ္ဍကနေ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကနေ
ဒီမိုကရေစီအရေးကိုကူးပြောင်းရေးဆောင်ရွက်တဲ့နေရာမှာ မည်သူတွေပါဝင်ပြီး
မည်သူတွေမပါဘူးဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါတွေဟာ
သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ် နေမှာဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။

ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၁)

0 comments
မီဒီယာများဖြစ်ကြတဲ့ ဂျာနယ်၊ သတင်းစာ၊ Website အမျိုးမျိုးကနေ
ဦးအောင်သောင်းနဲ့ ပတ်သက် ပြီးတော့ ဝေဖန်ပုတ်ခတ် တိုက်ခိုက်ရေးသားနေတာတွေ
တွေ့နေရပါတယ်။ ဒါတွေကိုလည်း တစ်ကြိမ်မက အကြိမ်ကြိမ် အပ်ကြောင်းထပ်အောင်
ရေးသားဖော်ပြနေတာကိုတွေ့ရပါတယ်။ အခါအခွင့်သင့်တိုင်း လည်း
ရေးသားနေကြတာကိုတွေ့ရတယ်။ ဒီနေရာမှာ အာဃာတအမုန်းတရား၊ ၀ါဒရေးရာ
မတိုက်ဆိုင်မှုတွေနဲ့ ရေးသားနေကြတယ်လို့ သုံးသပ်ပါတယ်။ ဒါတွေဟာ မှန်ကန်မှု
မရှိပါဘူး။ အမှန်တရား ကိုဖော်ပြချင်တယ်ဆိုရင် ဦးအောင်သောင်းနဲ့
ဆွေးနွေးကြည့်ပါ၊ မေးမြန်း ကြည့်ပါ၊ စကားပြောကြည့်ပါ အဲဒီအခါမှာ
အမှန်တရားကိုသိလာပါမယ်။ သိလာတဲ့ အမှန်တရား အတိုင်း မီဒီယာတွေမှာ
ရေးသားဖော်ပြ လို့ရပါတယ်။ မည်သူပဲဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်။
ပကတိအမှန်တရားကို လိုလားသူဖြစ်တဲ့အတွက် အမှန်တရား ပေါ်ပေါက်ရေး
ဝိုင်းဝန်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မက အကြိမ်ကြိမ်ဆက်သွယ်၊
ဆက်ဆံဆောင်ရွက် နိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်။

Tuesday, October 21, 2014

Re: ကုမ္ပဏီဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။(တိုင်စာ)

0 comments


2014-10-17 23:58 GMT+06:30 Wailin Htat <nayminthurein87@gmail.com>:
သို့
ရဲချုပ်
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်

 အကြောင်းအရာ။  ။ ကုမ္ပဏိဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။

    အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်ရ်ျ ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ယန်း-ပါဆာ-စံဖူးလမ်းအပိုင်းအာ ကျွန်တော်များမြန်မာဧရာမွန် ကုမ္ပဏီများအုပ်စုမှ တာဝန်ယူဖောက်လုပ်ခဲ့ပါသည်။ ထိုလမ်းပိုင်း၏ ဝေလေလန်ရွာတွင် ကုမ္ပဏီ၏လမ်းအသုံးပြုခကောက်ခံရေးစခန်းကိုဖွင့်လှစ်ကောက်ခံလျှက်ရှိပါသည်။ ယနေ့(၁၇.၁၀.၂၀၁၄) ညနေ ၅း၄၅ မိနစ်ခန့်အချိန်တွင် ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ) ရဲ/၁၉၂၄ သည် တိုးဂိတ်မှဖြတ်သန်းစဉ် တွင် တာဝန်ထမ်းဆောင်နေသော ကုမ္ပဏီဝန်ထမ်းများအနက် ဦးသက်လွင်ဦးနှင့် ဦးအောင်မျိုးမင်းတို့အား ကားဖြင့် နောက်ပြန်ဝင်တိုက်ခြင်း၊ ပါးရိုက်ခြင်း၊ စာရေးမနှစ်ဦးအားကြိမ်းမောင်းပြောဆိုခြင်းများကို ရိုင်းပြစွာပြုလုပ်ခဲ့ပါသည်။ ထိုဖြစ်စဉ်အား သိရှိလိုပါသဖြင့် မြန်မာဧရာမွန်ကုမ္ပဏီ တာချီလိတ်ရုံးခွဲမှ အထွေထွေ မန်နေဂျာနှင့် ရုံးဝန်ထမ်းနှစ်ဦးသည် ဒုရဲမှူးကြီးအိမ်သို့သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကုမ္ပဏီဝန်ထမ်း(၁)ဦးမှ ဖုန်းဖြင့်အသံသွင်းယူခြင်းပြုလုပ်မိရ်ျ  ဒုရဲမှူးကြီးမှ ထိုဝန်ထမ်းအား ပါးရိုက်ခြင်း၊၀န်ထမ်း ၏ဖုန်းအား ရိုက်ခွဲရန်လုယူခြင်း များကို ထပ်မံပြုလုပ်ခဲ့ပါသည်။ထိုသို့ပြည်သူလူထုအား မင်းမဲ့စရိုက်ဆန်စွာပြုမှုနေသော ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ)အား သက်ဆိုင်ရာမှထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။     



                                                                                                  
                                                                                                                 
                                                                                                
                             

Friday, October 17, 2014

ကုမ္ပဏီဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။(တိုင်စာ)

0 comments
သို့
ရဲချုပ်
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်

 အကြောင်းအရာ။  ။ ကုမ္ပဏိဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။

    အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်ရ်ျ ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ယန်း-ပါဆာ-စံဖူးလမ်းအပိုင်းအာ ကျွန်တော်များမြန်မာဧရာမွန် ကုမ္ပဏီများအုပ်စုမှ တာဝန်ယူဖောက်လုပ်ခဲ့ပါသည်။ ထိုလမ်းပိုင်း၏ ဝေလေလန်ရွာတွင် ကုမ္ပဏီ၏လမ်းအသုံးပြုခကောက်ခံရေးစခန်းကိုဖွင့်လှစ်ကောက်ခံလျှက်ရှိပါသည်။ ယနေ့(၁၇.၁၀.၂၀၁၄) ညနေ ၅း၄၅ မိနစ်ခန့်အချိန်တွင် ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ) ရဲ/၁၉၂၄ သည် တိုးဂိတ်မှဖြတ်သန်းစဉ် တွင် တာဝန်ထမ်းဆောင်နေသော ကုမ္ပဏီဝန်ထမ်းများအနက် ဦးသက်လွင်ဦးနှင့် ဦးအောင်မျိုးမင်းတို့အား ကားဖြင့် နောက်ပြန်ဝင်တိုက်ခြင်း၊ ပါးရိုက်ခြင်း၊ စာရေးမနှစ်ဦးအားကြိမ်းမောင်းပြောဆိုခြင်းများကို ရိုင်းပြစွာပြုလုပ်ခဲ့ပါသည်။ ထိုဖြစ်စဉ်အား သိရှိလိုပါသဖြင့် မြန်မာဧရာမွန်ကုမ္ပဏီ တာချီလိတ်ရုံးခွဲမှ အထွေထွေ မန်နေဂျာနှင့် ရုံးဝန်ထမ်းနှစ်ဦးသည် ဒုရဲမှူးကြီးအိမ်သို့သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကုမ္ပဏီဝန်ထမ်း(၁)ဦးမှ ဖုန်းဖြင့်အသံသွင်းယူခြင်းပြုလုပ်မိရ်ျ  ဒုရဲမှူးကြီးမှ ထိုဝန်ထမ်းအား ပါးရိုက်ခြင်း၊၀န်ထမ်း ၏ဖုန်းအား ရိုက်ခွဲရန်လုယူခြင်း များကို ထပ်မံပြုလုပ်ခဲ့ပါသည်။ထိုသို့ပြည်သူလူထုအား မင်းမဲ့စရိုက်ဆန်စွာပြုမှုနေသော ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ)အား သက်ဆိုင်ရာမှထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။     



                                                                                                                     လေးစားစွာဖြင့်
                                                                                                                     ဦးဝင်းမျိုးအောင်
                                                                                                                 ၁၂/မရက(နိုင်)၁၄၂၉၈၂
                                                                                                                  ဖုန်း-၀၉၄၂၀၂၃၄၄၄၆

Tuesday, October 7, 2014

Fwd: ပြည်သူဗဟိုပြုဆိုပေမဲ့ဝန်မထမ်းတဲ့စည်ပင်ကြောင့်ကယ်ပါကူပါတစာစာဆိုနေရတဲ့သထုံကမုန့်တီလုပ်သားတွေ

0 comments














သို့အယ်ဒီတာ
Subject: ပြည်သူဗဟိုပြုဆိုပေမဲ့ဝန်မထမ်းတဲ့စည်ပင်ကြောင့်ကယ်ပါကူပါတစာစာဆိုနေရတဲ့သထုံကမုန့်တီလုပ်သားတွေနဲ့အလုပ်သမားတွေ



                  မွန်ပြည်နယ်သထုံခရိုင်သတုံမြို့မှာစည်ပင်သာယာကြောင့်
မုန့်ဖတ်လုပ်ငန်းလုပ်သူတွေနဲ့အလုပ်သမားမိသားစုလူဦးရေ(၂၀၀)ယောက်
လောက်အလုပ်လက်မဲ့ဖြစ်ရတော့မယ်အခြေအနေမှာဌာနကြီးကဲများနှင့်နိုင်ငံ
တော်အဆင့်အထိတိုင်ကြားခဲ့ပါတယ်။ပြည်သူဗဟိုပြုတတိယအဆင့်တည်ထောင်
လုပ်ကိုင်ခြင်းလို့သိထားပါတယ်။သထုံမှာတော့သထုံစည်ပင်သာယာကြောင့်
ပြည်သူတွေဖြစ်တဲ့ဈေးသူဈေးသားတွေမှာလည်းဒုက္ခဖြစ်ရပါတယ်လိုင်းခန်းတွေနေ
ရိပ်မိုးတွေကိုတဖက်လှည့်အမည်ခံပြီးတည်ဆောက်ပြုပြင်လုပ်ပါတယ်.။လိုင်စင်စီတွေ
မှာလည်းသတ်မှတ်ဈေးနဲ့မလုပ်နိုင်တော့လာဘ်ငွေထိုးပြီးခိုင်းနွာမဟုတ်ကြောင်း
မသန်မစွမ်းနွားဖြစ်ကြောင်းလီဆည်ပြီလုပ်နေရသလိုဈေးတက်ရောင်းလို့ရအောင်
လည်းလာဘ်ငွေပေးထားရပါတယ်။နေ့စေ့လစေ့ကိုယ်ဝန်ဆောင်သည်မချိုချိုဦး(၃-၆-၂၀၁၄)တွင်တောင်စွန်းရွာမှအရံသားဖွားဆရာမမခင်စန်းဝေအားဗိုက်နာခေါင်းမူး
ဖြစ်နေလို့ပြသခဲ့ပါတယ်။သွေးပေါင်ချိန်တော့၁၄၀/၂၀၀ဆေးရုံသွားပါဆိုလို့
သထုံပြည်သူ့ဆေးရုံကိုတက်ရောက်ခဲ့ပါတယ်။ဆေးတစ်လုံးလာထိုးပြီးနောက်နေ့
မသက်သာလို့တာဝန်ကျကိုသွားပြောပေမဲ့သန့်ရှင်းရေးလုပ်သားပဲလာပါတယ်။
မည်သူမျှမလာပါနောက်နေ့နံနက်ဆရာဝန်ကြီးများလှည့်တော့ထပ်ပြောချင်ပေမဲ့
နှင်ထုတ်လို့ထွက်ပေးရပြီးခဏနေတော့လူနာအသက်မရှိတော့ကြောင်းလာပြောပါ
တယ်မိခင်ဖြစ်တဲ့ဒေါ်နွယ်နီစိုး(၁၀/သထန-နိုင်-၂၂၇၃၆၇)အပြေးသွား
ခဲ့ပါတယ်ဆရာဝန်တစ်ယောက်ကရင်ဘတ်ကိုဖိပြီးအသက်ရှုအောင်လုပ်နေတာတွေ့
ပါတယ်အသက်ကတော့မရှိတော့ပါ။ငိုတဲ့အခါတရားစွဲမယ်လို့တောင်အပြောခံရပါ
တယ်။အသက်ရှင်နိုင်ပါရက်နဲ့၂၃နာရီလောက်အချိန်ရရက်နဲ့မိခင်ရောကလေးနှစ်ဦးလုံး
အသက်ဆုံးရတာကိုတိုင်ကြားမယ်ဆိုတော့စည်ပင်အဖွဲ့တွေကမတိုင်နဲ့ဆိုပြီး
တောင်းပန်သလိုလိုချိန်းခြောက်သလိုမို့ကြောက်တတ်သူမို့မတိုင်ရဲခဲ့ပါ။ဆေးရုံရှိ
ဝန်ထမ်းတွေရဲ့ပေါ့ဆမှုကိုတိုင်ရင်ဈေးဆိုင်တောင်ပိတ်ရမဲ့အဖြစ်မျိုးဆိုလာကြတာတရား
ပါရဲ့လားတွေးမိပါတယ်။ဒီလိုပါပဲလှေဆိပ်(ကတို့ဆိပ်)ပေါ်တော်မူကျေးရွာ။ကျောက်လုံးကြီး
ချောင်းကိုအမှီပြုပြီးလှေဆွဲစားဝတ်နေရေးဖြေရှင်းရပါတယ်။ပေါ်တော်မူ၊ဇိုက္ကရဲ၊
သုံးအိမ်စု၊ထိန်ပင်၊အောင်ကံသာ၊ကျေးရွာ(၅(ရွာဆက်သွယ်ကူးလူးသွားလာရာလှေ
ကိုသာအားကိုးခဲ့ရပါတယ်။၂၀၀၇/၀၈ကစပြီးစည်ပင်လေလံဆိုပြီးလုပ်လာပါတယ်။
၂၀၁၄ရောက်တော့သိန်းတစ်ရာ့ရှစ်ဆယ်အထိလေလံဈေးတက်တောင်းလာပါတယ်။
ကျေးလက်နေပြည်သူတွေသွားလာခက်အောင်လုပ်လာလို့ဦးတင်ဝင်း(၁၀/သထန-နိုင်
၈၇၅၈၇၆)ထိန်ပင်ကျေးရွာနှင့်ဦးမင်းဦး(၁၀/သထန-နိုင်-၁၁၃၂၃၇)ထိန်ပင်ကျေးရွာပါလူ(၇၀)လက်မှတ်ထိုးပြီးသထုံစည်ပင်သာယာကိုနိုင်ငံတော်
အကြီးအကဲများထံတိုင်တန်းခဲ့ပေမဲ့သထုံစည်ပင်လာရောက်စစိဆေးတာမရှိသေးပါဖူး
အခွန်တွေကောက်ပါတယ်မိုးရွာတော့မြောင်းတွေပိတ်ပြီူရေမထွက်တာကိုလုပ်မပေးပါဖူး
လျှပ်စစ်လမ်းမီးတိုင်တွေမီးမလင်းတော့ညမှာသွားလာရတာဒုက္ခရောက်ရပါတယ်။
မုန့်တီမုန်ဖတ်ဖိုတွေကိုတရားဝင်အခွန်အခပေးလုပ်ခဲ့တာပါနှစ်ခြောက်ဆယ်လောက်ရှိနေ
ပါပြီပိတ်ချင်တော၂၀၁၄မှာလုပ်ငန်းလိုင်စင်မပေးပဲပြသာနာလုပ်ပါတယ်။
ကျိုက္ကော်ကပဲပြားဖိုလည်းဒီလိုပဲလုပ်ခဲ့ပါတယ်။စည်ပင်သာယာကနောက်မှပေါ်တာပါ
မုန့်ဖတ်လုပ်ငန်းတွေနဲ့ပြည်သူတွေရဲ့စားဝတ်နေရေးဖြေရှင်းလုပ်ဆောင်မှုတွေကစည်ပင်ရဲ့
အရင်ကတည်းကလုပ်ကိုင်စားသောက်လာကြတာပါ။ဒါတွေကိုအဂတိလိုက်စားမှု
တိုက်ဖျက်ရေးနှင့်အခြားကော်မတီတွေနိုင်ငံတော်အဆင့်အကြီးအကဲတွေတိုင်ပါတယ်ခု
ထက်အောင်ထိထိရောက်သောအရေးယူမှုစစ်ဆေးမှုမရှိသေးလေတော့ကယ်ပါကူညီကြပါလို့
အော်ဟစ်ခါအကူအညီတောင်းခံမိပါတော့တယ်ခင်ဗျာ။
                                                       သထုံသား
                                                     (ဦးဝင်းအောင်-ဘ-ဦးလှမောင်
                                                    ၉/၀တန-နိုင်-၀၃၁၅၇၆
                                                    ဖုန်း-၀၉-၃၃၁၆၁၃၂၈
                                  ဘင်လှိုင်ရပ်-မုန့်တီချောင်-သထုံမြို့)                  
                                                     
                                                







Tuesday, September 30, 2014

ဒေသခံချင်းလူမျိုးများကို အလုပ်ခန့်ပေးပါ (အကြံပြုစာ)

0 comments
ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော်

မင်္ဂလာပါ။ ကျနော်ကတော့ ချင်းပြည်နယ် ဟားခါးမြို့မှာ တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အခု ချင်းပြည်နယ်အစိုးရလောကမှ အဓိက အခက်အခဲဆုံးပြသနာက
အောက်ပြည်အောက်ရွာက ၀န်ထမ်းတွေ အထိန်းအကွပ်မရှိ ချင်းပြည်နယ်မှာ တာဝန်ချ ခန့်ထားတာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ဌါနအသီးသီးမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ဘွဲ့ရလူငယ်
အများအပြားရှိပါတယ်။ ဒါက ကပ်သီးကပ်သပ် အောက်ပြည်က ဆွဲခေါ်ခန့်တာဟာ ဒေသခံချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဌါနအသီးသီးမှာ ဌါနလူကြီး
တွေဟာ လူမျိုးခြားတွေဖြစ်နေတော့ ချင်းပြည်နယ်နှင့် ချင်းလူမျိုးတွေအတွက် အကျိုးရှိမည့် အလုပ်မလုပ်ကြတာ ချင်းဒေသခံတွေ အသိဆုံးဖြစ်ပါတယ်။ ဥပမာ- သစ်တောဌါနမှာ တာဝန်ကျတဲ့
လူကြီးက ရွာသားတွေဆီ ပိုက်ဆံယူပြီး သစ်ခုတ်ခိုင်းတာရှိပါတယ်။ ဒေသခံ ချင်းလူမျိုးဝန်ထမ်းကတော့ အဲဒီလို သစ်ခုတ်ခိုင်းမှာ မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ သစ်တောပြုန်းတီးသွားမှာကို
မကြိုက်လို့ပါ။
အောက်ပြည်က ၀န်ထမ်းတွေဟာ ရာထူးတိုးမြင့်ရေးအတွက်သာ ချင်းပြည်နယ်မှာ ယာယီတာဝန်ထမ်းဆောင်တာဖြစ်ပ်ါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေတဲ့ ဦးသိန်းစိန် အစိုးရ
က အခုချိန်ကတည်းကနေ ဖက်ဒရယ်ကျင့်စဉ်ကို ကျင့်သုံးစေလိုပါတယ်။ ဒီစာက ချင်းဒေသခံဝန်ထမ်းများအားလုံးကိုယ်စားခံစားချက်အပြည့်နဲ့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့် Myanmar Open Letter ကနေတဆင့်
နိုင်ငံတော် သမ္မတကြီးသိရှိစေရန် တင်ပြအပ်ပါသည်။
ဆလိုင်း
ချင်းပြည်

Thursday, August 14, 2014

လူမျိုးရေးအရ ခွဲခြားဆက်ဆံသူ ဒုရဲအုပ်မြင့်ဇော်ကို အရေးယူပေးပါ (တိုင်စာ)

1 comments
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် တာဝန်ကျနေသောမြို့နယ်ရဲစခန်းမှူး ဒုရဲအုပ်မြင့်ဇော်သည် ချင်းလူမျိုးများအပေါ် မှိုချိုးမျှစ်ချိုးပြောဆိုလေ့ရှိသည်ကို ဒေသခံချင်းလူမျိုးများက မကြေမနပ်ဖြစ်နေကြသည်။ မြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံချင်းအမျိုးသားများ၏ သာရေးနာရေးကိစ္စအတွက် ခွင့်တိုင်ခြင်းတွင် ‘မင်းတို့ချင်းတွေ အကုန်မသေကြသေးဘူးလား’ ဟု လူမျိုးရေးအရ အမြဲ ဆဲရေး တိုင်ထွာပြုလျက်ရှိသည်။ မနက်တိုင်းတန်းစီချိန်တွင်လည်း ‘မင်းတို့က ရိုးရာခေါင်ရည်ဆိုလား၊ ရိုးရာစားစရာဆိုလား၊ မင်းတို့ရဲ့အစား အသောက်တွေဟာ ၀က်တောင်စားချင်မှာမဟုတ်ဘူး’ ဟု ပြောဆို လေ့ရှိသည်။ ယနေ့ ဦးသိန်းစိန်အစိုးရမှ ဖောက်လုပ်နေသော လောကပါလတရားနှင့်ပြည့်စုံသော ဒီမိုကရေစီလမ်းကြောင်းကို ဒုရဲအုပ်မြင့်ဇော် လိုလူစားမျိုးက တဖက်တလမ်းက ဖြိုဖျက်နေသည်မှာ သေချာလှပါသည်။
ဒေသခံလူငယ်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများကလည်း အဆိုပါ ဒုရဲအုပ်မြင့်ဇော်ကို မကြေ မနပ်ဖြစ်နေကြပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ လူကြီးများထံ သိသာစေရန် တိုင်ကြားအပ်ပါသည်။


ဆလိုင်းကေးပါးမီ၊ မင်းတပ်မြို့

Friday, July 4, 2014

တိုင်စာ

0 comments
သို့
နိုင်ငံတော်သမ္မတဦးသိန်းစိန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



ရက်စွဲ။၅.၇.၂၀၁၄
အကြောင်းအရာ။
။အုပ်စုဖြင်ပစ္စည်း/ဘုရားခိုးမှု၊လုယက်မှုနှင့်မုဒိန်းမှုပါကျူးလွန်သေတရားခံများထပ်မ
ံ ဖော်ထုတ် အရေးယူပေးပါရန်နှင့် ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခြင်း။
၁။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း
ဧရာဝတီမြစ်ကူးတံတားသစ်နှင့် ရှမ်းကလေးကျွန်းကြား ကမ်းနားလမ်း ဘေး
(ဘယ်/ညာ) တလျှောက်ရှိ ဆီတွဲများနှင့်ကျေးရွာများတွင်အုပ်စုဖြင့်
ပစ္စည်း/ဘုရားခိုးမှု လုယက် မှုနှင့် မုဒိန်းမှုပါကျူးလွန်သော
ပြစ်မှုများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပါသည်။
၂။ (၃/၂၀၁၄)လပိုင်းရှမ်းကလေးကျွန်းအနောက်ဘက်သဲသောင်ပြင်မှသူခိုးအဖွဲ့(၁၇)ဦးအားဖမ်းဆီး
အရေး ယူဆဲဖြစ်ပါသည်။
၃။ ပြစ်မှုကျူးလွန်သောကျန်အဖွဲ့များမှာစစ်ကိုင်းတံတားအဟောင်းနှင့်အသစ်ကြားမန္တလေးဘက်ခြမ်းရှိရွာသစ
် အဖ၊ွဲ့ စစ်ကိုင်း ဘက်ခြမ်းရှိနောက်ကြည့်ကျွန်း အဖွဲ့တို့ဖြစ်ပြီး
နေ့စဉ်ရက်ဆက် ည(၁၁)နာရီမှမနက်(၄)နာရီ အတွင်း လူအင်အား (၇)
ယောက်မှ(၂၀)ကျော်ထိ၊စက်လှေ(၁)စီးမှ(၅)စီးထိလာလေ့ရှိပါသည်။
တုတ်၊ဓါး၊လေးခွ (ကျောက်ဖြတ်စ/စက်ဘီးမှကုန်းသီး)များကိုယ်စီကိုင်ဆောင်ပြီးကျူးလွန်သဖြင့်ပြည်သူလူထုမှာမိမိပစ္စည်းယူနေသည်ကို
မြင်နေပါလျက်ပြန်မပြောရဲသောအဖြစ် သို့ရောက်ရှိခံစားနေရပါသည်။
၎။ (၁.၇.၂၀၁၄)ရက်နေ့(၀၁၀၀)ချိန်ခန့်တွင်ခြောက်သွေးသောက်ရပ်ရှိဦးကျော်စိုးလှဈေးဆိုင်ရှိဆန်အိတ်များ၊
ပုဆိုးများ၊အချိုရည်ဗူးများနှင့်အခြားပစ္စည်းများစွာအားလူ(၈)ဦးခန့်မှအနုကြမ်းစီးလုယူမှုဖြစ်ပွားခဲ့ပါသည်။
၅။ သို့ဖြစ်ပါသဖြင့် ပြည်သူလူထုများ
စိုးရိမ်ထိတ်လန့်မှု/နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်


ဦးမျိုးမြင့် (၉/အမရ(နိုင်)၀၇၄၅၉၇)

အမှတ်(၃၄)၊ကွက်(၅၃၀)၊ရတနာမ္မိ
အရှေ့ရပ်

မဟာအောင်မြေမြို့နယ်၊ မန္တလေး။

Thursday, July 3, 2014

တိုင်စာ

0 comments
သို့
ဦးဝင်းထွန်း
ပြည်ထောင်စုဝန်ကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန

ရက်စွဲ။ ။၃.ရ.၂၀၁၄
အကြောင်းအရာ။
။။သစ်မှောင်ခိုမော်တော်(၃)စီးအားအမြန်ဖမ်းဆီးရမိရေးလိုအပ်သလိုလမ်းညွှန်
ပေးနိုင်ပါရန်တင်ပြခြင်း။
၁။ ထီးချိုင့်-ကသာမှထွက်ခွာလာသော သစ်မှောင်ခိုမော်တော်(၃)စီးသည်
စဉ့်ကူးနှင့် မလယ်
ကြားသို့ရောက်ရှိနေပါသည်။
၂။ သို့ဖြစ်ပါသဖြင့်တရားမ၀င်သစ်နှင့်ပိုင်ရှင်ဖမ်းဆီးရမိရေး၊နယ်မြေခံနှင့်မြစ်ကြောင်းတာဝန်ကျ
သစ်တော ဦးစီးဌာနမှအကျင့်ပျက်ဝန်ထမ်းများအားလိုအပ်သလိုစိစစ်
အရေးယူပေးပါရန်တင်ပြအပ်
ပါသည်။


လေးစားစွာဖြင့်


ဦးမြင့်(ရှိမ်းမကား)

၅/စကန(နိုင်)၁၂၆၂၆၇
မိတ္တူ
ညွှန်မှူး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊မန္တလေးတိုင်းဒေသကြီး။
ညွှန်မှူး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး။

Monday, June 30, 2014

ဇီးစက်ရွှေ့ပြောင်းပေးရန် တိုင်ကြားလွာ

0 comments
သို့ /
ဝန်ကြီးချုပ်
စစ်ကိုင်းတိုင်းဒေသကြီး                                              ရက်စွဲ ။    ။၃၀.၆.၂၀၁၄

 အကြောင်းအရာ။              ။ဇီးစက်ရွှေ့ပြောင်းပေးရန် တိုင်ကြားခြင်း
မုံရွာမြို့ စည်သူလမ်း နန္ဒ၀န်ရပ်ကွက် နယ်မြေ ၆

 လူနေရပ်ကွက် အတွင်း ဆန်းဝင်း ၏ နေအိမ်တွင် နမခ တိုင်းမှုး မိသားစုပိုင် ဟု သတင်းလွင့်ပြီး ဇီးခွဲစက် တည်ကာ နေ့စဉ် စက်သံဆူညံ နေပါသည်။ ရပ်ကွက်ထဲရှိ ပတ်ဝန်းကျင် အိမ်များမှ လက်မှတ်ထိုးပြီး စည်ပင်ရုံးသို့ အကြောင်းကြားပြီးဖြစ်ပါသည်။ ဧပြီလတွင် စည်ပင်မှ လာရောက်ပြီး စစ်ဆေးပါသည် သို့သော် ယနေ့အချိန်ထိ နေ့စဉ်စက်သံ ဆူညံနေဆဲ ဖြစ်ပါသည်။ ထိရောက်စွာအရေးယူပေးရန် စက်မှုဇုံသို့ ရွှေ့ပြောင်းပေးရန် တိုင်ကြားအပ်ပါသည်။

Wednesday, June 25, 2014

တိုင်စာ

0 comments

သို့

     ညွှန်ကြားရေးမှူးချုပ်

     အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

     နေပြည်တော်။

                                                                                       ရက်စွဲ။     ။၂၀၁၄ခုနှစ်ဇွန်လ(၂၅)ရက်

အကြောင်းအရာ။     ။သစ်မှောင်ခိုမော်တော်(၃)စီးအားအမြန်ဖမ်းဆီးရမိရေးလိုအပ်သလိုလမ်းညွှန်ပေးနိုင်ပါရန်

                           တင်ပြခြင်း။

၁။     ထီးချိုင့်-ကသာမှထွက်ခွာလာသောသစ်မှောင်ခိုမော်တော်(၃)စီးသည်စဉ့်ကူးနှင့်မလယ်ကြားသို့ရောက်ရှိ

နေပါသည်။

၂။     သို့ဖြစ်ပါသဖြင့်တရားမ၀င်သစ်နှင့်ပိုင်ရှင်ဖမ်းဆီးရမိရေး၊နယ်မြေခံနှင့်မြစ်ကြောင်းတာဝန်ကျသစ်တော

 

ဦးစီးဌာနမှအကျင့်ပျက်ဝန်ထမ်းများအားလိုအပ်သလိုစိစစ်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။

 

                                                                                                        

     

 

 

                                                                                                            လေးစားစွာဖြင့်

 

                                                                                                         ဦးမြင့် ( ရှိမ်းမကား)

                                                                                                         

                                                                                                       တာဝန်သိပြည်သူတစ်ဦး

 

 

မိတ္တူ

        ညွှန်မှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(အထက်မြန်မာပြည်)၊မန္တလေးတိုင်းဒေသကြီး။

  

Monday, June 16, 2014

internet customer

0 comments
REDLINK COMMUNICATIONS ( အကြံပြု တင်ပြချက် )
ကျွန်တော်သည် Red link Communications မှ Wimax Internet line
ကို ကနဦးတပ်ဆင်ခ
င်္FEC 1500 / လစဉ်ကြေး FEC 75 / ပေးဆောင်ခဲ့သည့် customer တဦး
ဖြစ်ပါသည်။ သို့အတွက်
နောက်ပိုင်းတပ်ဆင်ခွင့်ပြု သည့် နှုန်းထားများထက် တပ်ဆင်ခ ရော
လစဉ်ကြေးများ ပိုမို များပါသည်။
ပေးသွင်းရသည့် FEC 75 သည် 256 KB အတွက်ပေးဆောင်ရသော်လည်း
ရရှိသော မြန်နှန်း
မှာ 256 KB မ၇ဘဲ 100 KB ပါတ်ဝန်းကျင်သာ ရရှိပါသည်။ တခါတရံ အလွန်ပင်
သုံးမရအောင် နှေး
လွန်းပါသည်။( မူလတပ်စဉ်ခါစ တနှစ်လောက်က မြန်နှန်းကောင်းပါသည်။) REDLINK
အနေဖြင့် ရယူ
ထားသည့် နှုန်းထားအတိုင်း ၀န်ဆောင်မှု ပေးနိုင်ခြင်းမရျိပါ။
၎င်းအပြင် Annual fees အဖြစ်လည်း နှစ်စဉ်ပေးသွင်းရပါသဖြင့်
နစ်နာမှုများအပေါ် လစဉ်ကြေး
နှန်းထား လျော့ချ သတ်မှတ်ပေးခြင်း သို့မဟုတ် Annual fees
များပါယ်ဖျက်ပေးခြင်း တို့ကို ဆောင်ရွက်
ပေးနိုင်ပါရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။

Redlink customer .