အကြောင်းအရာ။ ။ ကုမ္ပဏိဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်ရ်ျ ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ယန်း-ပါဆာ-စံဖူးလမ်းအပိုင်းအာ ကျွန်တော်များမြန်မာဧရာမွန် ကုမ္ပဏီများအုပ်စုမှ တာဝန်ယူဖောက်လုပ်ခဲ့ပါသည်။ ထိုလမ်းပိုင်း၏ ဝေလေလန်ရွာတွင် ကုမ္ပဏီ၏လမ်းအသုံးပြုခကောက်ခံရေးစခန်းကိုဖွင့်လှစ်ကောက်ခံလျှက်ရှိပါသည်။ ယနေ့(၁၇.၁၀.၂၀၁၄) ညနေ ၅း၄၅ မိနစ်ခန့်အချိန်တွင် ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ) ရဲ/၁၉၂၄ သည် တိုးဂိတ်မှဖြတ်သန်းစဉ် တွင် တာဝန်ထမ်းဆောင်နေသော ကုမ္ပဏီဝန်ထမ်းများအနက် ဦးသက်လွင်ဦးနှင့် ဦးအောင်မျိုးမင်းတို့အား ကားဖြင့် နောက်ပြန်ဝင်တိုက်ခြင်း၊ ပါးရိုက်ခြင်း၊ စာရေးမနှစ်ဦးအားကြိမ်းမောင်းပြောဆိုခြင်းများကို ရိုင်းပြစွာပြုလုပ်ခဲ့ပါသည်။ ထိုဖြစ်စဉ်အား သိရှိလိုပါသဖြင့် မြန်မာဧရာမွန်ကုမ္ပဏီ တာချီလိတ်ရုံးခွဲမှ အထွေထွေ မန်နေဂျာနှင့် ရုံးဝန်ထမ်းနှစ်ဦးသည် ဒုရဲမှူးကြီးအိမ်သို့သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကုမ္ပဏီဝန်ထမ်း(၁)ဦးမှ ဖုန်းဖြင့်အသံသွင်းယူခြင်းပြုလုပ်မိရ်ျ ဒုရဲမှူးကြီးမှ ထိုဝန်ထမ်းအား ပါးရိုက်ခြင်း၊၀န်ထမ်း ၏ဖုန်းအား ရိုက်ခွဲရန်လုယူခြင်း များကို ထပ်မံပြုလုပ်ခဲ့ပါသည်။ထိုသို့ပြည်သူလူထုအား မင်းမဲ့စရိုက်ဆန်စွာပြုမှုနေသော ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ)အား သက်ဆိုင်ရာမှထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
0 comments:
Post a Comment