Tuesday, September 30, 2014

ဒေသခံချင်းလူမျိုးများကို အလုပ်ခန့်ပေးပါ (အကြံပြုစာ)

ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော်

မင်္ဂလာပါ။ ကျနော်ကတော့ ချင်းပြည်နယ် ဟားခါးမြို့မှာ တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အခု ချင်းပြည်နယ်အစိုးရလောကမှ အဓိက အခက်အခဲဆုံးပြသနာက
အောက်ပြည်အောက်ရွာက ၀န်ထမ်းတွေ အထိန်းအကွပ်မရှိ ချင်းပြည်နယ်မှာ တာဝန်ချ ခန့်ထားတာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ဌါနအသီးသီးမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ဘွဲ့ရလူငယ်
အများအပြားရှိပါတယ်။ ဒါက ကပ်သီးကပ်သပ် အောက်ပြည်က ဆွဲခေါ်ခန့်တာဟာ ဒေသခံချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဌါနအသီးသီးမှာ ဌါနလူကြီး
တွေဟာ လူမျိုးခြားတွေဖြစ်နေတော့ ချင်းပြည်နယ်နှင့် ချင်းလူမျိုးတွေအတွက် အကျိုးရှိမည့် အလုပ်မလုပ်ကြတာ ချင်းဒေသခံတွေ အသိဆုံးဖြစ်ပါတယ်။ ဥပမာ- သစ်တောဌါနမှာ တာဝန်ကျတဲ့
လူကြီးက ရွာသားတွေဆီ ပိုက်ဆံယူပြီး သစ်ခုတ်ခိုင်းတာရှိပါတယ်။ ဒေသခံ ချင်းလူမျိုးဝန်ထမ်းကတော့ အဲဒီလို သစ်ခုတ်ခိုင်းမှာ မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ သစ်တောပြုန်းတီးသွားမှာကို
မကြိုက်လို့ပါ။
အောက်ပြည်က ၀န်ထမ်းတွေဟာ ရာထူးတိုးမြင့်ရေးအတွက်သာ ချင်းပြည်နယ်မှာ ယာယီတာဝန်ထမ်းဆောင်တာဖြစ်ပ်ါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေတဲ့ ဦးသိန်းစိန် အစိုးရ
က အခုချိန်ကတည်းကနေ ဖက်ဒရယ်ကျင့်စဉ်ကို ကျင့်သုံးစေလိုပါတယ်။ ဒီစာက ချင်းဒေသခံဝန်ထမ်းများအားလုံးကိုယ်စားခံစားချက်အပြည့်နဲ့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့် Myanmar Open Letter ကနေတဆင့်
နိုင်ငံတော် သမ္မတကြီးသိရှိစေရန် တင်ပြအပ်ပါသည်။
ဆလိုင်း
ချင်းပြည်

0 comments:

Post a Comment