အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်ရ်ျ ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ယန်း-ပါဆာ-စံဖူးလမ်းအပိုင်းအာ ကျွန်တော်များမြန်မာဧရာမွန် ကုမ္ပဏီများအုပ်စုမှ တာဝန်ယူဖောက်လုပ်ခဲ့ပါသည်။ ထိုလမ်းပိုင်း၏ ဝေလေလန်ရွာတွင် ကုမ္ပဏီ၏လမ်းအသုံးပြုခကောက်ခံရေးစခန်းကိုဖွင့်လှစ်ကောက်ခံလျှက်ရှိပါသည်။ ယနေ့(၁၇.၁၀.၂၀၁၄) ညနေ ၅း၄၅ မိနစ်ခန့်အချိန်တွင် ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ) ရဲ/၁၉၂၄ သည် တိုးဂိတ်မှဖြတ်သန်းစဉ် တွင် တာဝန်ထမ်းဆောင်နေသော ကုမ္ပဏီဝန်ထမ်းများအနက် ဦးသက်လွင်ဦးနှင့် ဦးအောင်မျိုးမင်းတို့အား ကားဖြင့် နောက်ပြန်ဝင်တိုက်ခြင်း၊ ပါးရိုက်ခြင်း၊ စာရေးမနှစ်ဦးအားကြိမ်းမောင်းပြောဆိုခြင်းများကို ရိုင်းပြစွာပြုလုပ်ခဲ့ပါသည်။ ထိုဖြစ်စဉ်အား သိရှိလိုပါသဖြင့် မြန်မာဧရာမွန်ကုမ္ပဏီ တာချီလိတ်ရုံးခွဲမှ အထွေထွေ မန်နေဂျာနှင့် ရုံးဝန်ထမ်းနှစ်ဦးသည် ဒုရဲမှူးကြီးအိမ်သို့သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကုမ္ပဏီဝန်ထမ်း(၁)ဦးမှ ဖုန်းဖြင့်အသံသွင်းယူခြင်းပြုလုပ်မိရ်ျ ဒုရဲမှူးကြီးမှ ထိုဝန်ထမ်းအား ပါးရိုက်ခြင်း၊၀န်ထမ်း ၏ဖုန်းအား ရိုက်ခွဲရန်လုယူခြင်း များကို ထပ်မံပြုလုပ်ခဲ့ပါသည်။ထိုသို့ပြည်သူလူထုအား မင်းမဲ့စရိုက်ဆန်စွာပြုမှုနေသော ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ)အား သက်ဆိုင်ရာမှထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။အကြောင်းအရာ။ ။ ကုမ္ပဏိဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။နေပြည်တော်ပြည်ထဲရေးဝန်ကြီးဌာနသို့ရဲချုပ်
Tuesday, October 21, 2014
Re: ကုမ္ပဏီဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။(တိုင်စာ)
Friday, October 17, 2014
ကုမ္ပဏီဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။(တိုင်စာ)
Tuesday, October 7, 2014
Fwd: ပြည်သူဗဟိုပြုဆိုပေမဲ့ဝန်မထမ်းတဲ့စည်ပင်ကြောင့်ကယ်ပါကူပါတစာစာဆိုနေရတဲ့သထုံကမုန့်တီလုပ်သားတွေ
Subject: ပြည်သူဗဟိုပြုဆိုပေမဲ့ဝန်မထမ်းတဲ့စည်ပင်ကြောင့်ကယ်ပါကူပါတစာစာဆိုနေရတဲ့သထုံကမုန့်တီလုပ်သားတွေနဲ့အလုပ်သမားတွေ
Tuesday, September 30, 2014
ဒေသခံချင်းလူမျိုးများကို အလုပ်ခန့်ပေးပါ (အကြံပြုစာ)
သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
မင်္ဂလာပါ။ ကျနော်ကတော့ ချင်းပြည်နယ် ဟားခါးမြို့မှာ တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အခု ချင်းပြည်နယ်အစိုးရလောကမှ အဓိက အခက်အခဲဆုံးပြသနာက
အောက်ပြည်အောက်ရွာက ၀န်ထမ်းတွေ အထိန်းအကွပ်မရှိ ချင်းပြည်နယ်မှာ တာဝန်ချ ခန့်ထားတာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ဌါနအသီးသီးမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ဘွဲ့ရလူငယ်
အများအပြားရှိပါတယ်။ ဒါက ကပ်သီးကပ်သပ် အောက်ပြည်က ဆွဲခေါ်ခန့်တာဟာ ဒေသခံချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဌါနအသီးသီးမှာ ဌါနလူကြီး
တွေဟာ လူမျိုးခြားတွေဖြစ်နေတော့ ချင်းပြည်နယ်နှင့် ချင်းလူမျိုးတွေအတွက် အကျိုးရှိမည့် အလုပ်မလုပ်ကြတာ ချင်းဒေသခံတွေ အသိဆုံးဖြစ်ပါတယ်။ ဥပမာ- သစ်တောဌါနမှာ တာဝန်ကျတဲ့
လူကြီးက ရွာသားတွေဆီ ပိုက်ဆံယူပြီး သစ်ခုတ်ခိုင်းတာရှိပါတယ်။ ဒေသခံ ချင်းလူမျိုးဝန်ထမ်းကတော့ အဲဒီလို သစ်ခုတ်ခိုင်းမှာ မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ သစ်တောပြုန်းတီးသွားမှာကို
မကြိုက်လို့ပါ။
အောက်ပြည်က ၀န်ထမ်းတွေဟာ ရာထူးတိုးမြင့်ရေးအတွက်သာ ချင်းပြည်နယ်မှာ ယာယီတာဝန်ထမ်းဆောင်တာဖြစ်ပ်ါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေတဲ့ ဦးသိန်းစိန် အစိုးရ
က အခုချိန်ကတည်းကနေ ဖက်ဒရယ်ကျင့်စဉ်ကို ကျင့်သုံးစေလိုပါတယ်။ ဒီစာက ချင်းဒေသခံဝန်ထမ်းများအားလုံးကိုယ်စားခံစားချက်အပြည့်နဲ့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့် Myanmar Open Letter ကနေတဆင့်
နိုင်ငံတော် သမ္မတကြီးသိရှိစေရန် တင်ပြအပ်ပါသည်။
ဆလိုင်း
ချင်းပြည်
Thursday, August 14, 2014
လူမျိုးရေးအရ ခွဲခြားဆက်ဆံသူ ဒုရဲအုပ်မြင့်ဇော်ကို အရေးယူပေးပါ (တိုင်စာ)
ဒေသခံလူငယ်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများကလည်း အဆိုပါ ဒုရဲအုပ်မြင့်ဇော်ကို မကြေ မနပ်ဖြစ်နေကြပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ လူကြီးများထံ သိသာစေရန် တိုင်ကြားအပ်ပါသည်။
ဆလိုင်းကေးပါးမီ၊ မင်းတပ်မြို့
Friday, July 4, 2014
တိုင်စာ
နိုင်ငံတော်သမ္မတဦးသိန်းစိန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။၅.၇.၂၀၁၄
အကြောင်းအရာ။
။အုပ်စုဖြင်ပစ္စည်း/ဘုရားခိုးမှု၊လုယက်မှုနှင့်မုဒိန်းမှုပါကျူးလွန်သေတရားခံများထပ်မ
ံ ဖော်ထုတ် အရေးယူပေးပါရန်နှင့် ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခြင်း။
၁။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း
ဧရာဝတီမြစ်ကူးတံတားသစ်နှင့် ရှမ်းကလေးကျွန်းကြား ကမ်းနားလမ်း ဘေး
(ဘယ်/ညာ) တလျှောက်ရှိ ဆီတွဲများနှင့်ကျေးရွာများတွင်အုပ်စုဖြင့်
ပစ္စည်း/ဘုရားခိုးမှု လုယက် မှုနှင့် မုဒိန်းမှုပါကျူးလွန်သော
ပြစ်မှုများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပါသည်။
၂။ (၃/၂၀၁၄)လပိုင်းရှမ်းကလေးကျွန်းအနောက်ဘက်သဲသောင်ပြင်မှသူခိုးအဖွဲ့(၁၇)ဦးအားဖမ်းဆီး
အရေး ယူဆဲဖြစ်ပါသည်။
၃။ ပြစ်မှုကျူးလွန်သောကျန်အဖွဲ့များမှာစစ်ကိုင်းတံတားအဟောင်းနှင့်အသစ်ကြားမန္တလေးဘက်ခြမ်းရှိရွာသစ
် အဖ၊ွဲ့ စစ်ကိုင်း ဘက်ခြမ်းရှိနောက်ကြည့်ကျွန်း အဖွဲ့တို့ဖြစ်ပြီး
နေ့စဉ်ရက်ဆက် ည(၁၁)နာရီမှမနက်(၄)နာရီ အတွင်း လူအင်အား (၇)
ယောက်မှ(၂၀)ကျော်ထိ၊စက်လှေ(၁)စီးမှ(၅)စီးထိလာလေ့ရှိပါသည်။
တုတ်၊ဓါး၊လေးခွ (ကျောက်ဖြတ်စ/စက်ဘီးမှကုန်းသီး)များကိုယ်စီကိုင်ဆောင်ပြီးကျူးလွန်သဖြင့်ပြည်သူလူထုမှာမိမိပစ္စည်းယူနေသည်ကို
မြင်နေပါလျက်ပြန်မပြောရဲသောအဖြစ် သို့ရောက်ရှိခံစားနေရပါသည်။
၎။ (၁.၇.၂၀၁၄)ရက်နေ့(၀၁၀၀)ချိန်ခန့်တွင်ခြောက်သွေးသောက်ရပ်ရှိဦးကျော်စိုးလှဈေးဆိုင်ရှိဆန်အိတ်များ၊
ပုဆိုးများ၊အချိုရည်ဗူးများနှင့်အခြားပစ္စည်းများစွာအားလူ(၈)ဦးခန့်မှအနုကြမ်းစီးလုယူမှုဖြစ်ပွားခဲ့ပါသည်။
၅။ သို့ဖြစ်ပါသဖြင့် ပြည်သူလူထုများ
စိုးရိမ်ထိတ်လန့်မှု/နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ဦးမျိုးမြင့် (၉/အမရ(နိုင်)၀၇၄၅၉၇)
အမှတ်(၃၄)၊ကွက်(၅၃၀)၊ရတနာမ္မိ
အရှေ့ရပ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး။
Thursday, July 3, 2014
တိုင်စာ
ဦးဝင်းထွန်း
ပြည်ထောင်စုဝန်ကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
ရက်စွဲ။ ။၃.ရ.၂၀၁၄
အကြောင်းအရာ။
။။သစ်မှောင်ခိုမော်တော်(၃)စီးအားအမြန်ဖမ်းဆီးရမိရေးလိုအပ်သလိုလမ်းညွှန်
ပေးနိုင်ပါရန်တင်ပြခြင်း။
၁။ ထီးချိုင့်-ကသာမှထွက်ခွာလာသော သစ်မှောင်ခိုမော်တော်(၃)စီးသည်
စဉ့်ကူးနှင့် မလယ်
ကြားသို့ရောက်ရှိနေပါသည်။
၂။ သို့ဖြစ်ပါသဖြင့်တရားမ၀င်သစ်နှင့်ပိုင်ရှင်ဖမ်းဆီးရမိရေး၊နယ်မြေခံနှင့်မြစ်ကြောင်းတာဝန်ကျ
သစ်တော ဦးစီးဌာနမှအကျင့်ပျက်ဝန်ထမ်းများအားလိုအပ်သလိုစိစစ်
အရေးယူပေးပါရန်တင်ပြအပ်
ပါသည်။
လေးစားစွာဖြင့်
ဦးမြင့်(ရှိမ်းမကား)
၅/စကန(နိုင်)၁၂၆၂၆၇
မိတ္တူ
ညွှန်မှူး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊မန္တလေးတိုင်းဒေသကြီး။
ညွှန်မှူး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး။
Monday, June 30, 2014
ဇီးစက်ရွှေ့ပြောင်းပေးရန် တိုင်ကြားလွာ
အကြောင်းအရာ။ ။ဇီးစက်ရွှေ့ပြောင်းပေးရန် တိုင်ကြားခြင်း
Sunday, June 29, 2014
Wednesday, June 25, 2014
တိုင်စာ
သို့
ညွှန်ကြားရေးမှူးချုပ်
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
နေပြည်တော်။
ရက်စွဲ။ ။၂၀၁၄ခုနှစ်ဇွန်လ(၂၅)ရက်
အကြောင်းအရာ။ ။သစ်မှောင်ခိုမော်တော်(၃)စီးအားအမြန်ဖမ်းဆီးရမိရေးလိုအပ်သလိုလမ်းညွှန်ပေးနိုင်ပါရန်
တင်ပြခြင်း။
၁။ ထီးချိုင့်-ကသာမှထွက်ခွာလာသောသစ်မှောင်ခိုမော်တော်(၃)စီးသည်စဉ့်ကူးနှင့်မလယ်ကြားသို့ရောက်ရှိ
နေပါသည်။
၂။ သို့ဖြစ်ပါသဖြင့်တရားမ၀င်သစ်နှင့်ပိုင်ရှင်ဖမ်းဆီးရမိရေး၊နယ်မြေခံနှင့်မြစ်ကြောင်းတာဝန်ကျသစ်တော
ဦးစီးဌာနမှအကျင့်ပျက်ဝန်ထမ်းများအားလိုအပ်သလိုစိစစ်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ဦးမြင့် ( ရှိမ်းမကား)
တာဝန်သိပြည်သူတစ်ဦး
မိတ္တူ
ညွှန်မှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(အထက်မြန်မာပြည်)၊မန္တလေးတိုင်းဒေသကြီး။
Monday, June 16, 2014
internet customer
ကျွန်တော်သည် Red link Communications မှ Wimax Internet line
ကို ကနဦးတပ်ဆင်ခ
င်္FEC 1500 / လစဉ်ကြေး FEC 75 / ပေးဆောင်ခဲ့သည့် customer တဦး
ဖြစ်ပါသည်။ သို့အတွက်
နောက်ပိုင်းတပ်ဆင်ခွင့်ပြု သည့် နှုန်းထားများထက် တပ်ဆင်ခ ရော
လစဉ်ကြေးများ ပိုမို များပါသည်။
ပေးသွင်းရသည့် FEC 75 သည် 256 KB အတွက်ပေးဆောင်ရသော်လည်း
ရရှိသော မြန်နှန်း
မှာ 256 KB မ၇ဘဲ 100 KB ပါတ်ဝန်းကျင်သာ ရရှိပါသည်။ တခါတရံ အလွန်ပင်
သုံးမရအောင် နှေး
လွန်းပါသည်။( မူလတပ်စဉ်ခါစ တနှစ်လောက်က မြန်နှန်းကောင်းပါသည်။) REDLINK
အနေဖြင့် ရယူ
ထားသည့် နှုန်းထားအတိုင်း ၀န်ဆောင်မှု ပေးနိုင်ခြင်းမရျိပါ။
၎င်းအပြင် Annual fees အဖြစ်လည်း နှစ်စဉ်ပေးသွင်းရပါသဖြင့်
နစ်နာမှုများအပေါ် လစဉ်ကြေး
နှန်းထား လျော့ချ သတ်မှတ်ပေးခြင်း သို့မဟုတ် Annual fees
များပါယ်ဖျက်ပေးခြင်း တို့ကို ဆောင်ရွက်
ပေးနိုင်ပါရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။
Redlink customer .
Friday, June 13, 2014
လမ်းမဟုတ်တဲ့ ကျောက်လမ်းတို
လေးပါ။ ဒီလမ်းက ဗထူးအားကစားကွင်းနဲ့ နန်းတော်ဆေးရုံကြီး နှစ်ခုကြားမှာပါ။
နန်းတော်ဆေးရုံ့ကို လာကြတဲံ့ ကားများဟာ လမ်းအနောက်ထိပ်က စပြီး
လမ်းပြအလယ်လောက်အ
ထိ အမြဲတမ်း ပိတ်ဆို့ရပ်တန့်ထားပါတယ်။ ဒီအတွက် ၂၉ လမ်း အ၀င်အထွက်
လုပ်နေကြရတဲံ့ ယာဉ် များ
ဆိုင်ကယ်များ လူများ အခက်အခဲတွေ့နေကြရပါတယ်။
ပိုဆိုးတာက လမ်းအနောက်ထိပ် နန်းတော်ဆေးရုံကားများကြောင့် လမ်း
၇၀ ကို ဖြတ်ရတာ အင်မ
တန် အန္တရာယ် များလှပါတယ်။ါကြောင့် တာဝန်ရျှိ လူကြီးမင်းများအနေနဲ့
လိုအပ်သလို စီစဉ်ဆောင်ရွက်ပေး
ပါရန်နှင့် ၄င်း ၂၉ လမ်း လမ်းတို (တစ်ပြ) လမ်းကို ကတ္တရာလမ်း ခင်းပေးပါရန်
တင်ပြအပ်ပါသည်။
၎င်းကဲ့သို့ ကတ္တရာလမ်းခင်းလိုက်ပါ စည်းကမ်းမဲ့စွာ
မော်တော်ယာဉ်များ ရပ်နားခြင်း မရှိနိုင်တော့မှာ
ဖြစ်တဲံ့ အတွက် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မှာကဖြစ်ပါတယ်။
၂၉ လမ်း ပြည်သူတဦး
Wednesday, June 11, 2014
မီဒီယာကျင့်ဝတ်ထိန်းသိမ်းပါ သိက္ခာရှိရှိရေးပါ
ယနေ့ ခေတ်စားလျက်ရှိသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ ပြင်ရေးမပြင်ရေးဆိုပြီး ကျယ်ပြန့်စွာ လုပ်ဆောင်နေကြသည်ကို အားလုံးအသိပင်ဖြစ်သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ပြင်မည့်ဘက်မှ လော်ဘီလုပ်သူများလည်း Online တွင် များစွာတွေ့ရှိနေရသည်။ ပြင်ဆင်လိုသည့်အတွက် လော်ဘီလုပ်သည်ကို အထူးပြောစရာ မရှိသော်လည်း မိမိတို့အကြံအစည် အောင်မြင် ရေးအတွက် မသက်ဆိုင်သူများကို စွပ်စွဲ ပုတ်ခတ် ရေးသားလာကြသည်ကိုတော့ လက်ခံနိုင်စရာမရှိပါ။
ဆိုလိုသည်မှာ တောင်သာနယ်တွင် ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ် တစ်ခုမှမရစေရဆိုပြီး ဦးအောင်သောင်းက တားဆီးထားသည်ဟု သရုပ်ဖော်ပုံဖြင့် ဖော်ပြ ထားသည်ကိုတွေ့ရှိရသည်။ ဤစကား မည်သူ့ကိုပြောသလဲ? မည်သည့်နေရာတွင်ပြောသလဲ? မီဒီယာနှင့်အင်တာဗျူး တွင်ပြောတာလား စသည်ဖြင့် ကွဲကွဲပြားပြားဖော်ပြမထားပါ။ လူတစ်ဦးတစ်ယောက်ကို မိမိ Popular ဖြစ်ရေးအတွက် အထောက်အထားမဲ့၊ ခန့်မှန်းစွပ်စွဲ ပြောဆိုရေးသားခြင်းသည် လွန်စွာအောက်တန်းကျသောလုပ်ရပ်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် ဂုဏ်သိက္ခာထိခိုက် သည်အထိ ထင်ကြေးဖြင့်မှန်းဆပြောဆိုခြင်းသည် မီဒီယာကျင့်ဝတ်နှင့်မညီသည့်အပြင် မီဒီယာ အပေါ် ပြည်သူ၏ယုံကြည်အားကိုးမှုလည်း ကျဆင်းသွားပါမည်။
ဦးအောင်သောင်းအနေဖြင့် တောင်သာနယ်သို့မရောက်ဖြစ်ခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ် သည်။ ၄၃၆ နှင့် ပတ်သက်ပြီး မည်သည့်ဝေဖန်ချက်မျှမပေးခဲ့ဘူးသလို မည်သူ့ကိုမျှ တားဆီး ပိတ်ပင်ခဲ့ခြင်းလည်းမရှိပါ။ လွှတ်တော်ရေးရာကိစ္စများ၊ ပါတီ အရေးကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အခြားကိစ္စများ အတွက် အချိန်ပေး ရန်မရှိပါ။
အထက်တွင်ဖော်ပြခဲ့ပြီးသလို လူတစ်ဦး၏ဂုဏ်သိက္ခာထိခိုက်စေရန်၊ လူထုယုံကြည်မှုကျ ဆင်းစေရန်၊ အချင်းချင်း သံသယဖြစ်ပွားစေရန် တမင်ရည်ရွယ်၍ အထောက်အထားမဲ့ဝေဖန် တိုက်ခိုက်ခြင်းသည် လူသားမဆန်သောလုပ်ရပ်သာဖြစ်၍ နောက်နောင် ဤကဲ့သို့မပြုလုပ်ရန် သတိပေးတားမြစ်သည်။ ဖြစ်ရပ်မှန် သိလိုပါက ကာယကံရှင်နှင့် အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြပါသည်။
Thursday, May 8, 2014
ရန်ကုန်စည်ပင်စက်ရုံနှင့်မော်တော်ယဉ်ဌာနသတင်း
ရန်ကုန်စည်ပင်စက်ယဉ်ဌာနမှာရန်ကုန်တိုင်းဒေသကြီးစာရင်းရုံးကစစ်ဆေးရေးတွေဝင်နေကြောင်းသိရပါတယ်
အမှန်အကန်စစ်မလားအကြံအဖန်စစ်မလားမသိဘူးလို့ဆိုပါတယ်
ဝန်ထမ်းအများစုကတော့အမှန်အကန်စစ်စေချင်ကြပါတယ်တဲ့
ပီပြင်စေချင်လို့ဆိုပြီးသတင်းလာပေးကြလို့တင်ပေးလိုက် တာပါ်
လူကြီးတွေနာမည်အလွဲသုံးပြီးကိုယ့်သဘောနဲ့ကိုယ်ဆီတွေသုံးတဲ့ကိစ္စ
ဝန်ထမ်းတွေကိုအချိန်ပိုဆင်းလို့လိုက်ပို့ရသလိုလို၊ရုံးလုပ်ငန်းတွေသုံးသလိုလို၊အုပ်ချုပ်မှုလုပ်ငန်းသုံးသလိုလို၊လိုင်စင်လုပ်ငန်းသုံးသလိုလို၊ယဉ်ပြင်ဘို့ပစ္စည်းဝယ်သလိုလို၊ဘရိတ်ဒေါင်းကားသုံးသလိုလို၊လုပ်ငန်းခွင်ကယဉ်တွေလိုက်စစ်သလိုလိုနဲ့သုံးလိုက်ကြတာ၊ယဉ်မောင်းတွေ
ကိုယ်တိုင် သူတို့ကားနဲ့အသုံးပြပြီးဆီတွေထုတ်တာကိုမသိလိုက်ရပါ
ဘူးတဲ့၊ယဉ်စုမှုး၊တာဝန်ခံနဲ့ဆီပန့်တွေဘဲလူပ်ရှားကြတာပါတဲ့
ဒီအခွင့်အရေးကလည်းဌာနမူးတပြည့်ဖြစ်တဲ့ယဉ်စု ၁ နဲ့ ၂ တို့ဘဲရတာ
ပါတဲ့၊တကယ်သုံးမသုံးဂိတ်မှာစောင့်ကြည့်ရင်သိပါတယ်တဲ့
ပိုဆိုးတာကယဉ်စု ၁ မှာအရာရှိတွေထုတ်ပေးထားတဲ့ကားတွေအပြင်
ပိုနေသေးတဲ့ကားတွေကိုအရာရှိကားတွေလိုမျိုးပုံသေခွဲတမ်းမှာ
ရောင်တော်ပြန်နဲ့ထည့်ပြီး ဌာနမူးနဲ့တာဝန်ခံကြိတ်နေကြတာပါတဲ့
တစ်လ ဒီဇယ်နဲ့ဓါတ်ဆီနှစ်မျိုးပေါင်းဂါလံ တစ်ထောင်ကျော် ပါတဲ့
ဌာနမူးကိုယ်တိုင်ကလည်း ဌာနနဲ့ဆက်စပ်လုပ်ကိုင်နေကြတဲ့စီးပွား ရေးသမားတွေဆီကအကြောင်းအမျိုးမျိုးပြပြီးဒဏ်ကြေးရိုက်စီးပွာ့း
ရှာအလွဲသုံးစားပြုလုပ်နေကြောင်းလဲသိရှိရပါတယ်
နောက်ဆုံးသိရှိရတာက ဌာနမူးကဆင်သေကိုဆိတ်သားရေနဲ့ဖုံးဘို့
လုပ်ရာမှာ ယ္ခင်ဌာနမူးအဆက်ဆက်နဲ့ လက်အောက်ငယ်သားတွေ
အပေါ် နည်းမျိုးစုံအသုံးပြုပြီးလွှဲချရှောင်တိမ်းဘို့စီစဉ် နေကြောင်းသိ
ရှိရပါတယ်
Friday, May 2, 2014
တိုင်စာပေးပို့ ခြင်း
ပြည့်တန်ဆာလုပ်ငန်း အရေးယူပေးစေချင်
( တိုင်စာ )
မိတ္ထီလာမြို့  ပြည်သာယာမြောက်ပိုင်းရပ်ကွက်( က ) နယ်မြေ ၁ လမ်းနှင့်
မြင်းခြံလမ်းမအနီးတွင် ပြည့်တန်ဆာလုပ်ငန်း
အား တရားဝင်လုပ်ငန်းကဲ့သို့  လုပ်ကိုင်နေသဖြင့် သက်ဆိုင်ရာမှ
အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်
လျက်ရှိကြောင်း သိရသည်။
ပြည်သာယာမြောက်ပိုင်း ၁ လမ်းက အိမ်တစ်အိမ်မှာ လုပ်ကိုင်နေတဲ့
ပြည့်တန်ဆာလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး
အဆင့်က တာဝန်ရှိသူတွေ လာရောက် စစ်ဆေးအရေးယူဆောင်ရွက်သွားတာမို့ 
အဲဒီနားမှာ မလုပ်တော့ဘူး။ဒီဘက်နား
မှာလည်း လာရောက်လုပ်ကိုင်နေကြတာ။ ၁လမ်း နဲ့ မြင်းခြံလမ်းမအနီးမှာ ရှိတဲ့
ရွှေမိုးတိုက်ပျက်ကြီးအနောက်ဘက်က
တိုက်အိမ် နှစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတာ သိပေမယ့်
ရပ်ကွက်က မပြောရဲဘူး။ တော်ကြာ ရဲစခန်းကို
လိုင်းကြေးပေးပြီး လုပ်ကိုင်နေတာများဖြစ်ခဲ့ရင် ပြောတဲ့သူပါ ဒုက္ခရောက်မှာ
စိုးနေကြလို့  ရပ်ကွက်ဒေသခံတွေက မပြော
ရဲဘူး။ တာဝန်ရှိသူတွေကို မတိုင်ကြားရဲဘူးဖြစ်နေတယ်။ ရပ်ကွက်ထဲမှာလည်း
အမျိုးသား အမျိုးသမီးငယ်တွေရှိတယ်။
မိကောင်းဖခင်သားသမီးတွေလည်း ယုန်ထင်ကြောင်ထင် အထင်ခံရနိုင်လို့ 
အသွားအလာဆင်ခြင်ဖို့  ပြောဆိုဆုံးမနေရ
တယ်။ အဲဒီ ပြည့်တန်ဆာလုပ်ငန်းကို တာဝန်ရှိသူတွေ အနေနဲ့  မျက်စိမှိတ်
ကြည့်မနေဘဲ အရေးယူဆောင်ရွက်ပေးရင်
တော့ အကောင်းဆုံးပေါ့ဗျာ ဟု ပြည်သာယာမြောက်ပိုင်း ဒေသခံတစ်ဦးဖြစ်သူ
ကိုမိုး ( အမည်လွဲက ) က ပြောသည်။
အဆိုပါ ပြည်သာယာမြောက်ပိုင်းရပ်ကွက် ၁ လမ်းနှင့် မြင်းခြံလမ်းမအနီးရှိ
တိုက်အိမ်နှစ်ခုအနက် မြင်းခြံလမ်းမအနီး
မှနေအိမ်တွင် လူနေပြီး ၄င်း နေအိမ်၏တောင်ဘက် တိုက်အိမ် အမှတ် က/၁၉၁ တွင်
ပြည့်တန်ဆာလုပ်ငန်းအလို
ငှာ အမျိုးသမီးငယ်များထားရှိ လုပ်ကိုင်ခြင်းဖြစ်ပါသည်။
နေ့စဉ် ည ၁၂ နာရီ မှ နံနက် ၄ နာရီဝန်းကျင်အချိန်ထိ အဆိုပါ
ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့်နေအိမ်သို့  လာရောက်
ပျော်ပါးသူများ၏ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်သံများဆူညံခြင်း၊
ပြည့်တန်ဆာအမျိုးသမီးများနှင့်လိင်ဆက်ဆံရာတွင်
အသုံးပြုသည့် ကွန်ဒုံးများကို တွေ့ကရာ နေရာတွင် လွှင့်ပစ်ရာမှ
ကွန်ဒုံးများအား ရပ်ကွက်အတွင်းမှ ခွေးများက စားစရာအမှတ်
ဖြင့် စားသောက်ကာ ပျို့ အန်ခြင်း၊ ကွန်ဒုံးမစင်များ
စွန့်ပစ်ခြင်းပြုလုပ်သဖြင့် ဒေသခံရပ်ကွက်နေပြည်သူများအနေဖြင့် စိတ်
ဒုက္ခ နေ့စဉ်ဖြစ်လျက်ရှိရာ ပြည်သာယာမြောက်ပိုင်းရပ်ကွက် အမှတ် ၃
ရဲစခန်းမှူး၊မြို့ နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများမှ
အဆိုပါ ကိစ္စအား လစ်လျူရှုနေပါသဖြင့် မန္တလေးတိုင်းဒေသကြီးအဆင့်
တာဝန်ရှိသူများ သိရှိအရေးယူဆောင်ရွက်ပေးနိုင်ပါရန်
ဤတိုင်စာအား ရေးသားပေးပို့ ခြင်း ဖြစ်ပါသည်။
ရပ်ကွက်နေပြည်သူတစ်ဦး
Tuesday, April 29, 2014
(တိုင်စာ)

Saturday, April 12, 2014
တိုင်ကြားလွှာ
သို့
ဦးနေမြတ်သူ
မြို့နယ်အုပ်ချုပ်ရေးမှူး
အမရပူရမြို့နယ်၊မန္တလေးမြို့။
ရက်စွဲ။ ။ ၁၃.၄.၂၀၁၄
အကြောင်းအရာ။ ။လမ်းသွားလမ်းလာများအား စိတ်အနှောင့်အယှက်ဖြစ်စေသော ၀ါးရုံခြုံများအား
ရှင်းလင်းပေးရေး လိုအပ်သလို စီစဉ်ညွှန်ကြားပေးပါရန် တင်ပြခြင်း။
၁။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုး ကျေးရွာအုပ်စု၊ မင်းကြီးရပ်နှင့်ယမ်းပျံရပ်ကြားတောင်-မြောက်
လမ်းပေါ်တွင် ရွှေကြက်ယက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၏ မယားကြီး နေအိမ်အရှေ့ဘက်ခြမ်းတွင်
ခြံစည်းရိုးခတ်ထားခြင်းမရှိဘဲ ၀ါးရုံခြုံများသာရှိပါသည်။ ၄င်းဝါးရုံခြုံများအား ရှင်းလင်းခြင်းမပြုသဖြင့်လမ်းပေါ်
်တွင် ပိတ်ဆို့လျက်ရှိပါသည်။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကလည်း မိမိရပ်ကွက်သန့်ရှင်း သာယာရေး
စည်းရုံးလှုံ့ဆော်ခြင်းမရှိဘဲ လစ်လျူရှုထားလျက် ရှိပါသည်။
၂။ သို့ဖြစ်ပါí လိုအပ်သလို စီစဉ်ညွှန်ကြားပေးပါရန် တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
အမြင်မတော်သူတစ်ဦး
မိတ္တူ
- ဦးရဲမြင့်၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊၊
- ဦးကျော်ဆန်း၊မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး။





