Thursday, October 15, 2015

နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ကိုင်ပြီး ကိုယ်ကျိုး ဆောင်ရွက်နေသည့်ကိစ္စအတွက် ထိရောက်စွာတားဆီးဖြေရှင်းပေးရန် တိုင်ကြား သည့်ကိစ္စ ဆက်လက်တင်ပြခြင်း

0 comments

(တိုင်စာ)

 ရက်စွဲ၊ 2015 ခုနှစ်၊ အောက်တိုဘာလ (15) ရက်

 

ယခုတင်ပြမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကျွန်မသည် သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်အား တင်ပြအကူအညီတောင်းခံခဲ့သဖြင့် ဦးသိန်းညွန့်၏ ပါတီမှ ရုံးစာပို့စနစ်ဖြင့် (27-6-2015) ရက်နေ့တွင် တင်ပြစာပေးပို့ခဲ့ပေးခဲ့ပါသော်လည်း ယနေ့ (15-10-2015) ဆိုလျှင်ရက်ပေါင်း (100) ကျော်သို့ပင် ရှိလာပြီဖြစ်ပါသောကြောင့် ထပ်မံတင်ပြအပ်ပါသည်။ စာပါအကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

အကြောင်းအရာ။         နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ကိုင်ပြီး ကိုယ်ကျိုး ဆောင်ရွက်နေသည့်ကိစ္စအတွက် ထိရောက်စွာတားဆီးဖြေရှင်းပေးရန် တိုင်ကြား သည့်ကိစ္စ ဆက်လက်တင်ပြခြင်း

ဟူသော တင်ပြစာအား

 

ဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ လိပ်မူပြီး၊

မိတ္တူကို -

(1)      ဥက္ကဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

(2)      ဦးစိုးမောင်၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်။

(3)      ဦးမြင့်ဆွေ၊ ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးနှင့်

(4)      တင်ပြတိုင်ကြားသူ ဒေါ်စုစုမြတ်

တို့ထံသို့ လွန်ခဲ့သော 2015 ခုနှစ်၊ ဇွန်လ(27)ရက်နေ့ ရက်စွဲပါစာအမှတ် ၁၀၆/လကရ-သဃက/၂၀၁၅ ဖြင့် ပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယနေ့ထပ်မံတင်ပြချိန်အထိ ကြားကာလ (၃) လ ရှိခဲ့ပြီဖြစ်သော်လည်း တစ်စုံ တစ်ရာမျှ စစ်ဆေးဆောင်ရွက်မှုမရှိသေးပါသောကြောင့် ယင်းကဲ့သို့သော အကျင့်ပျက်ဝန်ထမ်းမျိုး မူလတန်း ကျောင်းအုပ်တစ်ယောက်နေရာတွင် ဆက်လက်တာဝန်ယူနေမြဲ ကာလတစ်လျှောက် အဓိကအားဖြင့် နိုင်ငံတော်အစိုးရအတွက်လည်းကောင်း၊ အနာဂါတ်၏သားကောင်းလူငယ်များ ဖြစ်လာကြမည့်မျိုးဆက်သစ် ကျောင်းသားသူငယ်တို့အတွက်လည်းကောင်း၊ ပြည်သူ့ဘဏ္ဍာ ထိခိုက်မှုကိုလည်းကောင်း၊ လက်အောက် ပညာရေးဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ရှိပြည်သူ၊ ပြည်သားတို့မှာ ထိုကဲ့သို့သောပုဂ္ဂိုလ်ကြောင့် ထိခိုက်နစ်နာစေမှုများ ရှိနေမြဲဖြစ်နေသည်မှာ စုံစမ်း စစ်ဆေးမှုမပြုမချင်း ပေါ်ပေါက်နေဦးမည်သာဖြစ်၍ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးနိုင်ပါရန် ရိုသေ လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ အချက်အလက်အချို့အား သိသာနိုင်ပါရန် အောက်ပါအတိုင်း ထည့်သွင်းဖော်ပြ အပ်ပါသည် -

၁။       ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ အရှေ့ရွှေဂုံတိုင်လမ်းမကြီးနှင့် ဗိုလ်မှူးအောင်လမ်းထောင့်ရှိ အမက(25) ဗဟန်း မူလတန်းကျောင်းအုပ် ဦးအောင်နိုင်ဝင်းသည် ကိုယ်ကျိုးအတွက် နိုင်ငံပိုင်ကျောင်းဆောင်နှင့် မြေတို့ကို ကိုယ်ပိုင်ပစ္စည်းများသဖွယ် အခကြေးငွေယူကာ ယနေ့ထိအငှားချသုံးစွဲနေခြင်း၊ 2002 မှ 2015 (14)နှစ်တာကာလလုံးတွင်လည်း တရားဝင်ချမှတ်ပေးထား သော ၀န်ထမ်းသက်သာဆိုင်ခန်းမျာအား လုပ်ငန်းမီတာတရားဝင်လျှောက်ထားခွင့်ကို နည်းလမ်းမျိုးစုံဖြင့် တားမြစ်ပြီး စီမံခန့်ခွဲခဲ့ပုံမှာ မီတာသုံးစွဲခများကို အစိုးရနှုန်းထားဖြင့် သုံးစွဲရမှုကို အခွင့်ကောင်းယူကာ ကျောင်းသုံးမီတာမှ ဆပ်မီတာများခွဲပြီး ဆိုင်ခန်းများမှသုံးစွဲသော မီတာဘိုးကျသင့်ငွေများကို လုပ်ငန်းသုံးနှုန်းထား (၇၅)ကျပ်နှုန်းဖြင့် အထွေထွေအလုပ်သမ ဒေါ်စန်းစန်းမော်အား ကောက်ခံခိုင်းကာ လျှပ်စစ်ဌာနသို့လည်း ထိုကောက်ခံငွေကြေးတို့အားမသွင်း၊ ပညာရေးဌာနသို့လည်းမပေးသွင်းဘဲ ကိုယ်ပိုင် ငွေကြေးသဖွယ်သုံးစွဲနေခြင်းတို့သည် အစိုးရဘဏ္ဍာငွေအား ရည်ရွယ်ချက်ရှိရှိဖြင့် ဖြုန်းတီးမှုဖြစ်ပြီး နိုင်ငံ/ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု ကိုက်ညီနေပါသည်။ ထို့ပြင် နိုင်ငံတော်မှ အခွင့်အာဏာရရှိသကဲ့သို့ ငါ့အမိန့်ဆိုသော စကားလုံးများကို ရဲဝံ့စွာသုံးစွဲခြင်းစကားရပ်တို့ကို ကိုယ်တိုင်ကြားသိရခြင်း တို့ကြောင့်လည်းကောင်း၊ မူလတန်းကျောင်းအုပ် ဦးအောင်နိုင်ဝင်း၏ နောက်ခံဖြတ်သန်းမှုအချက်တွင် ဖခင်သည် ကွန်မြူနစ်ဟောင်းတစ်ယောက်ဖြစ်ခဲ့ပုံကို ထောက်ရှုခြင်းအားဖြင့်လည်းကောင်း သိသာစေသည် များမှာ-

          (က)    ၀န်ထမ်းတစ်ဦးဖြစ်နေသော်လည်း နိုင်ငံရေးစကားပြောလေ့ရှိပါသည်။ ဥပမာအားဖြင့် ရှေးလွန်ခဲ့သည့် (၂၂-၉-၁၉၅၆) အခါက ကျင်းပခဲ့သော ဗ-တ-လ-စ ပြည်လုံးကျွတ်ညီလာခံကြီးတွင် ပြောကြားသော ဖ-ဆ-ပ-လ ဥက္ကဌကြီး ဦးနု၏ မိန့်ခွန်းကောက်နုတ်ချက်ဖြစ်သော `ကွက်စိပ်ဆရာ သခင်သန်းထွန်းဟာ လူ့ငြိမ်းချမ်းရေးဇာတ်ထုပ်နဲ့ကိုက်ညီအောင်၊ မျက်နှာထားကို ၅ မျိုးပြောင်းပြီး၊ အသံ ၅ မျိုးနဲ့ စကား ၅ မျိုးကို ပြောနေပြီ´ ကို ဖတ်မိသိရသောအခါ ကျွန်မပြန်လည်သုံးသပ်စဉ်းစားမိ၍ မျက်ဝါးထင်ထင် ရုပ်လုံးပေါ်လာမိသည်မှာ ယခုဖြစ်ရပ်မှာလည်း ဥက္ကဌကြီးဦးနု ပြောခဲ့သလိုပင် `ကွက်စိပ်ဆရာ အမက(၂၅)ဗဟန်း ကျောင်းအုပ် ဦးအောင်နိုင်ဝင်းသည် တရားမ၀င် ကိုယ်ကျိုးစီးပွားရရှိရေး ဇာတ်ထုပ်နဲ့ကိုက်အောင် မျက်နှာထားကို ၈ မျိုးပြောင်းပြီး၊ အသံ ၈ မျိုးနဲ့၊ စကား ၈ မျိုး ပြောနေပြီ´ ဟုပြောရမလိုပင် (ထိုခေတ်အခါက ကာတွန်းစာမျက်နှာအားလည်း ပူးတွဲဖော်ပြ အပ်ပါသည်။) ယင်းပုံစံကို အတုယူအသက်သွင်းကာ ခေတ်သစ်ကွန်မြူနစ်ပျက်သဖွယ် မြို့နယ်ပညာရေးမှူး၊ မြို့နယ်လက်ထောက် ပညာရေးမှူး ဦးတင်ဖုန်း၊ အမက(၂၅)ဗဟန်းကျောင်းရှိ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဗိုလ်စိန်မှန်ရပ်ကွက်နေပြည်သူများ၊ ၀န်ထမ်းသက်သာဆိုင်ခန်းရှင်များ၊ အောက်လက်ငယ်သားများကဲ့သို့ဖြစ်သော ကျောင်းအုပ်ရုံးခန်းတွင်းနေထိုင်သူ ဦးမောင်ဦး (ကျောင်းမျက်နှာစာ မြေကွက်လပ်၊ ကျောင်းဝင်းအတွင်းနှင့် ကျောင်းသုံးလျှပ်စစ်မီတာမှ မီတာသုံးစွဲခွင့်ရရှိထားသူ) နှင့် အသံချဲ့စက်ထားသိုငှားရမ်းသူ ဦးခင်မောင်လွင် အစရှိသည်တို့အား ကိုယ်ကျိုးစီးပွားအတွက် အရှက်မဲ့သိက္ခာမရှိ နေထိုင်ဆက်ဆံဆောင်ရွက်မှုများသည် ပြန်လည်စဉ်းစား သုံးသပ် မိကြပါက ဗိုလ်စိန်မှန်ရပ်ကွက်နေ ပြည်သူအားလုံး သိရှိကြမည်ဖြစ်ပါသည်။

          (ခ)     မြို့နယ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းများ

                   (အခြေခံပညာကျောင်း ရုံးများတွင်ဖွင့်လှစ်ထားသည့်ဆိုင်ခန်း၊ မြေများကိစ္စဟု အကြောင်းအရာ ရေးသားထားသော (၅-၄-၂၀၀၇) ရက်စွဲပါစာအမှတ်၊ ဌာနခွဲ (၅က)/၁၄၇၀/ဆိုင်ခန်း(၀၇) တွင်ပါဝင်သော အပိုဒ် (၁)(င)ဖြစ်သော ``ပူးတွဲပါ ဆိုင်ခန်းများစာရင်းတွင်မပါဝင်သည့် ဆိုင်ခန်းများရှိပါက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်များတွင် တာဝန်ရှိမည်ဖြစ်ပါသည်´´ဟူသော ညွှန်ကြားစာရှိခဲ့ပါသည်။ ထိုသို့ထုတ်ပြန်ထားသော ညွှန်ကြားစာကို သိရှိပြီးဖြစ်ပါသော်လည်း ဆိုင်ခန်း(၅)ခန်းရှိပါလျက် ဆိုင်ခန်း (၄)ခန်းသာ တရားဝင်စာရင်းရှိပြီး၊ တရားမ၀င်သော ဆိုင်ခန်းတစ်ခန်းအား စာရင်းတင်ပြခြင်းမရှိဘဲ တရား မ၀င်သောနည်းဖြင့် ဆိုင်ခန်းပိုင်ရှင်ဒေါ်ရီရီတင်နှင့်ပူးပေါင်းကာ (နှစ်ခန်းအားတစ်ခန်းတည်းပုံသဏ္ဍာန် ပြုလုပ်ကာ)(၂၀၀၂ ခုနှစ်မှ ၂၀၁၄/၁၅ခုနှစ်အထိ) ဆိုင်လခ သီးခြားကောက်ခံကာ ဆိုင်ခန်းအပိုမှရရှိသော ဆိုင်လခများအား နိုင်ငံတော်သို့မသွင်းဘဲ (၁၄)နှစ်တိုင် မိမိကိုယ်ကျိုး တစ်ခုတည်းအတွက်သာကြည့်ပြီး ၀န်ထမ်းကျင့်ဝတ်မလိုက်နာဘဲ မြို့နယ်နှင့်ပူးပေါင်းကာ ညွှန်ကြားစာကို ဖောက်ဖျက်ဆောင်ရွက်နေသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ (ဆိုင်ခန်းရှင် ၂၊ ၃၊ ၄ တို့ရှေ့တွင်လည်းကောင်း၊ ကွယ်ရာတွင်လည်းကောင်း (၆)လတစ်ကြိမ် ရဲဝံ့စွာကောက်ခံနေသည်မှာ ၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။)

 

၃။       ယခင်အစိုးရလက်ထက် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး၏ ပညာရေးဝန်ထမ်းများအပေါ် နိုင်ငံတော်လစာအပြင် သက်သာဆိုင်ခန်းများ မြေအငှားချထားမှုမှ တစ်ဖက်တစ်လမ်းဝင်ငွေရရှိအောင် စီမံကိန်းချမှတ် ဆောင်ရွက်ပေးခဲ့မှုအား ထိုစဉ်ကတည်းကပင် မလိုက်နာခဲ့ဘဲ ၂၀၀၂ မှ ၂၀၁၅ အထိ (၁၄)နှစ်တိုင်တိုင် မိမိကိုယ်ကျိုးအတွက်သာ ရယူသုံးစွဲခဲ့ပါသည်။ (လုပ်ဖော်ကိုင်ဖက်ပညာရေး ၀န်ထမ်းများအား အချိုးကျခွဲဝေပေးရန် သတ်မှတ်ထားခြင်းကို လစ်လျှူရှုကာ သုံးစွဲခဲ့ခြင်းမှာ ဆိုးရွားလွန်းလှသည်) ၀န်ကြီးဌာနမှ ချမှတ်မြေငှားရမ်းခနှုန်းအပေါ်တွင် ဌာနသို့စာရင်းပေးသွင်းနှုန်းထက် လစဉ်ထပ်ဆောင်း ၁၀၀% ပိုမိုကောက်ခံကာ ယနေ့ထိသုံးစွဲနေခြင်း။

၎။       ယခုအခါ ပညာရေးဝန်ကြီးဌာနမှ ကျောင်းမျက်နှာစာကို ထိခိုက်နိုင်မည့် ဆိုင်ခန်းများကို မြေဆက်လက် မငှားရမ်းရန် အကြောင်းကြားစာ (၁၀-၄-၂၀၁၄) ရက်နေ့တွင် ထုတ်ပြန်ရာ လူနေဆိုင်ခန်းပေါင်း (၄၇၂၂)ခန်းကျော်မှ အသနားခံစာတင်၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ် အသီးသီးတို့မှတစ်ဆင့် အကူအညီတောင်းခံရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် သည် လွှတ်တော်သို့ ဥပဒေကြောင်းအရ တင်ပြညှိနှိုင်းကာလ တောင်းခံထားခြင်းကာလတွင် ဦးအောင်နိုင်ဝင်း သည် ပညာရေးမြေငှားရမ်းခ တချို့ကို ပညာရေးဝန်ကြီးဌာနမှ တင်းကြပ်စွာတားမြစ်ထားသော မြေငှားရမ်းခ ကောက်ခံမှုမပြုတော့ခြင်း ညွှန်ကြားစာကို သိရှိပါလျက်နှင့် လစ်လျှူရှုကာ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးတင်ဖုန်းနှင့် ပူးပေါင်းကာ ၆ လစာ ဆိုင်လခတို့အား နိုင်ငံတော်တံဆိပ် ခပ်နှိပ်ထားသော အခွန်တံဆိပ်ပေါ်တွင် ကျောင်းအုပ်လက်မှတ်ရေးထိုးပြီး ၂၂-၄-၂၀၁၄ ရက်နေ့တွင် တရားဝင် သဘောမျိုး ကောက်ခံခြင်းရှိခဲ့ရာမှ ကျောင်းများသို့ စစ်ဆေးရေးဝင် မေးမြန်းမည့်သတင်း ပေါ်လာ သောအခါမှသာ ၆ လစာယူထားသော ဆိုင်ခန်းလခတို့အား ဆိုင်ခန်းရှင်တို့အားအသနားခံပြီး ပြန်လည်ရရှိကြောင်းလက်မှတ် ထိုးစေပါသည်။ ပြန်လည်အမ်းခဲ့ရာတွင်လည်း စကားပရိယာယ်တို့ဖြင့် ပြောဆိုကာ တစ်ခန်းလျှင် တစ်လ (၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၂)လစာကို ပြန်လည်ရယူထားပြန်ပါသည်။ ထိုသို့ တရားမ၀င်နည်းဖြင့် ဆက်လက်ရယူနေခြင်းတို့အပြင် ပညာရေးမြေပေါ်ရှိဆိုင်ခန်းများကို ပညာရေးဌာန ရုံးများ နေပြည်တော်သို့ပြောင်းရွှေ့မှုကို အခွင့်ကောင်းယူကာ မြို့နယ်ပညာရေးမှူးနှင့် ညွှန်ချုပ် တို့အား ပိုင်နိုင်သည်ဟု သတင်းလွှင့်ပြီး အမက(၂၅)ဗဟန်း အနောက်ဘက်ရှိ ၀န်ထမ်းသက်သာ ဆိုင်ခန်းများကို မိမိတရားဝင်ပိုင်ဆိုင်သော အဆောက်အဦးကဲ့သို့ ဈေးပြိုင်လေလံစနစ်ဖြင့် အငှားချထားမည်ဟု နိုင်ငံပိုင်ကိုလွဲမှားစွာ သုံးစွဲပြောဆိုနေခြင်းသည် နိုင်ငံ/ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု နှင့်ကိုက်ညီနေခြင်း။

၅။       ရုပ်ရှင်ဆက်တင်အခမ်းအနားများနှင့် ဆပ်ပန်းချီလုပ်ငန်းလုပ်ကိုင်သော ဦးမောင်ဦးဆိုသူကို ၂၀၀၂ ခုနှစ်မှ ၂၀၁၅ ခုနှစ် ယနေ့ထိတိုင် ကျောင်းမျက်နှာစာရှိ မြေကွက်လပ်၊ ကျောင်းဝင်းအတွင်းနှင့် ကျောင်းအုပ်ကြီးရုံးခန်းတွင် နေထိုင်အိပ်ခွင့်ပြုကာ ငှားရမ်းထားပါသည်။ ကျောင်းခြံတံခါးသော့၊ ကျောင်းသုံးဗီဒိုသော့များ၊ စာသင်ခန်းသော့များကိုလည်း နိုင်ငံတော်မှခန့်အပ်ထားသော တာဝန်ရှိဝန်ထမ်း မဟုတ်သည့် ဦးမောင်ဦးကို ပေးအပ်ထားပြီး နေထိုင်စီးပွားရှာခွင့်ပြုထားခြင်း၊ မြို့နယ်ပညာရေးမှူးရုံးကိုမူ သန်းခေါင်စာရင်းဝင်မဟုတ်ဘဲ ညှိနှိုင်းကာ အစ်ကိုတော်စပ် နေထိုင်ခွင့်တောင်းဆိုပြီး ဆောင်ရွက်ထား ပါသည်။

          (က)    ကျောင်းတွင်းရှိ ပညာရေးဌာနမှ ကျောင်းသုံးအထောက်အကူအဖြစ် ပေးအပ်ထားသော ကွန်ပျူတာအား ဂျာနယ်ရောင်းချသူနှင့် ဦးမောင်ဦးတို့အား အချိန်မရွေးသုံးစွဲခွင့်ပြုထားရာမှ ကွန်ပျူတာ System Box ထဲမှ Harddisk ခိုးယူခံရ၍ ကျောင်းအုပ်ရုံးခန်းအတွင်းနေထိုင်ကာ လုပ်ငန်းနေရာ လုပ်ပိုင်ခွင့်ရရှိထားသော ဦးမောင်ဦး ဆိုသူမှ 500 GB, Harddisk ဖိုးကျသင့်ငွေ ၄၉၅၀၀ိ/- ကျပ်ကို စိုက်ပေးခဲ့ရပါသည်။ ထို့အပြင် ကျောင်းအတန်းတင်မေးခွန်းများသည် ခိုးယူလဲလှယ်ခံရသည့် Harddisk တွင် ပါသွား၍ ကျောင်းပြင်ပတွင် ၃ ရက်ဆက်တိုက်မေးခွန်းများကို ရိုက်ပေးခဲ့ရသည်မှာ ကျောင်းတွင်းမေးခွန်းများ တန်ဖိုးမဲ့ရာရောက်ပြီး ကျောင်းတွင်းရှိဆရာမများ ပြင်ပတွင် ကျူရှင်သင်ကြားမှုကို အထောက်အကူပြုစေကာ ကျောင်းသားမိဘများအား ကျောင်း၏ သင်ကြားရေးစနစ်ကို ယုံကြည်မှု ကင်းမဲ့စေပါသည်။ Harddisk လဲလှယ်အခိုးခံရမှုကို ကျောင်းအုပ်အား ဦးမောင်ဦးမှ သက်သေနှင့်တင်ပြမှုကို ရဲရေးပိုင်မှုဖြစ်သော်လည်း ရဲဌာနသို့ တိုင်ကြားခြင်းမရှိသည့်အပြင် မြို့နယ်ရုံးသို့လည်းတင်ပြခြင်းမရှိဘဲ ပြုမူမှုသည်လည်း နိုင်ငံတော်ပိုင်ပစ္စည်းနှင့် ကျောင်းသားမိဘ၊ ပြည်သူတို့၏ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်မှုပင်ဖြစ်ပါသည်။

          (ခ)     ကျောင်းသည် ရပ်ကွက်ကို မျက်နှာမူ၍ ဖွင့်လှစ်ထားသော ကျောင်းမှန်းသိလျက် ရပ်ကွက်နေ လူအများစောင့်ကြည့်ခံရသူ ဖြစ်သည်ကို အရေးမထားဘဲ ကျောင်းချိန်အတွင်းတွင် ကန့်သတ်ချက်မရှိ ကြုံရာလူများနှင့် ရပ်ကွက်ရှိ ရောင်နီ၊ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်တို့တွင် အချိန်ဖြုန်းခြင်းသည် တစ်ရပ်ကွက်လုံးနေ့စဉ် မြင်တွေ့နေရပါသည်။

၆။       စာသင်ကြားမှုနှင့်ပတ်သက်၍

          ပြီးခဲ့သော ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တွေ့ခဲ့ရသော မူလတန်းကျောင်းသားများသည် သတ်မှတ်စာသင်ချိန်ပြီးသော်လည်း ဆရာမများ၏ ကျူရှင်အပြိုင်ပေးမှုကြောင့် ဖြစ်ရပ်တစ်ခုကို ဖော်ပြလိုပါသည်။ ယင်းမှာ ဘာသာရပ်တစ်ခုတည်းကို ဆရာမနှစ်ဦး (အတန်းပိုင်ဆရာမနှင့် ဘာသာရပ်ဆရာမ) ထံ အခကြေးငွေပေးကာ သင်ကြားရမှုတို့ကြောင့် မိဘနှင့်ကျောင်းသားသည် တစ်နေ့တည်းတွင် တစ်ဘာသာတည်းကို ကျူရှင် (၂)ချိန် သင်နေရသဖြင့် နေ့စဉ်အချိန်လင့်ကာ ပြင်ပ ထမင်းဆိုင်များတွင် ထမင်းဝယ်စားရပြီး ည ၇ နာရီကျော်မှသာ အိမ်ပြန်ရခြင်းကို ကျောင်းအုပ်တစ်ယောက် အနေဖြင့် သိလျက်နှင့် ထိရောက်စွာမတားမြစ်ခြင်း၏ သက်ရောက်မှုသည် တိုင်းပြည်အတွက် လူသားမဆန်ဘဲ ငွေကို အဓိကထားသင်ကြားနေခြင်းကြောင့် နိုင်ငံတော်မှ ချမှတ်ထားသော အခမဲ့ ပညာသင်ကြားရေးစနစ်ကို ထုတ်ပြန်ထားသော ပညာရေးဝန်ကြီးဌာနအား စော်ကား၊ သိက္ခာချ အရှက်ရစေသည့်အပြင် တိုင်းပြည်မျိုးဆက် သားကောင်းရတနာများကိုလည်း ပျော်ရွှင်မှုပျောက်ဆုံးစေကာ နေထိုင်မကောင်းခဏခဏဖြစ်ခြင်း၊ ရန်လိုတိုက်ခိုက်တတ်ခြင်း၊ ဆရာမများအား မရိုသေတတ်ခြင်းများ တွေ့မြင်ရပြီး တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားသော အနာဂါတ်မျိုးဆက်သစ်များကို တွေးခေါ်မှုပျောက်ဆုံးစေကာ၊ အသိမှား၊ အတုယူမှား၊ နစ်နာစေသော သင်ကြားမှုတို့ကို ထိန်းသိမ်းခြင်းမရှိဘဲ တမင်ဖြစ်ပေါ်အောင် ဖန်တီးဆောင်ရွက်နေသော ဦးအောင်နိုင်ဝင်းအား အရေးယူစိစစ် ဆောင်ရွက်မှုမပြုဘဲ ယခုလို မူလတန်းကျောင်းအုပ်တာဝန် ထမ်းဆောင်နေစေသမျှ ကာလပါတ်လုံး နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် တာဝန်ထမ်းဆောင်နေသော ကျောင်းတို့အား နစ်နာစေပါသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်စတုတ္တတန်းအောင်မြင်သော ကျောင်းသားများအား ခွဲတန်းရသော အထက (၂) ဗဟန်းသို့ တက်ရောက်ခွင့်ရရန်အတွက် ဦးအောင်နိုင်ဝင်းသည် ကျောင်းသားတစ်ဦးလျှင် မြို့နယ်ပညာရေးမှူးမှ အလှူငွေကောက်ခံသည်ဆိုကာ ၅သောင်းကျပ်နှုန်း ကောက်ခံခဲ့ပါသည်။ သက်သေမှာ ကျောင်းသားမိဘတစ်ဦးဖြစ်သော ဗိုလ်စိန်မှန်ရပ်ကွက်နေ မစန်းစန်းဝေမှ အလှူငွေ ၅သောင်းကျပ်နှုန်း ပေးခဲ့ရသည့်အပေါ်မကျေနပ်သံဖြင့် ရင်ဖွင့်ခြင်းကို နားထောင်သိရှိရပါသည်။ ထို့နောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် သူငယ်တန်းပညာသင်ကြားမည် တင်ပြသူ၏ သားကိုလည်း ထိုကျောင်းသို့မအပ်နှံသင့်ကြောင်း အကြုံပြုခြင်းကြောင့် သင်ကြားမှုကို လေ့လာခဲ့ရာ အကြံပြုချက်နှင့် ကိုက်ညီနေပါသဖြင့် ကျောင်းပြောင်းအပ်နှံခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပါသည်။

၇။       တင်ပြသူသည် သက်ဆိုင်ရာပညာရေးဌာနနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်သို့ လက်ရှိဖြစ်စဉ်ကိုတင်ပြမည်ဆိုပါက အမက(၂၅) ဗဟန်း ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်ဝင်းသည် ``ငါသည် ဗဟန်းမြို့နယ်ကျောင်းစစ်ဆေးရေး အဖွဲ့ဝင်ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် အမက(၂၅)ဗဟန်း ကျောင်းအုပ်ဖြစ်ခဲ့သော ဆရာမကြီး ဒေါ်သန်းသန်း သည် တရားဝင် ဆောက်လုပ်ခဲ့သော ဆိုင်ခန်း(၄)ခန်းနှင့်ကပ်လျက် အပိုတစ်ခန်းဆောက်ခဲ့ခြင်းအား စာရင်းမတင်ပြ ခဲ့သည်ကို အကြောင်းပြု၍ မြို့နယ်သို့တိုင်ပြီး ဤကျောင်းတွင် ကျောင်းအုပ်တာဝန်နဲ့ ရောက်ရှိသည်မို့ ´´ ပညာရေးမှူး၊ ညွှန်ချုပ်နှင့် ဌာနဆိုင်ရာများကို ငါပိုင်သည်၊ ကြိုက်ရာတိုင်ပါ မည်သူမှ ငါဂရုမစိုက်ပါဆိုသည့်စကားသည် မင်းမဲ့တိုင်းပြည်၊ ဥပဒေမဲ့တိုင်းပြည်၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေနိုင်ခြင်းအဖြစ်သို့ ထင်မြင်အဓိပ္ပါယ်သက်ရောက်စေပါသည်။

(သက်ဆိုင်ရာသို့ တိုင်ကြားမှုမဖြစ်စေရန် ညှိနှိုင်းပေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ကိုလည်း ထောက်ထားမှုမရှိဘဲ တိုင်ချင်ရာတိုင်ပါစေ၊ မညှိနှိုင်းနိုင်ဟုသာ ပြောဆိုခဲ့သည်ကို ဦးစိုးနိုင်မှတစ်ဆင့် ပြန်လည်သိရှိခဲ့ရပါသည်။)

၈။       ၂၀၀၈ ခုနှစ် ဇွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာ ရသကဲ့သို့ ငါ့အမိန့်ဟုပြောဆိုခြင်း၊ ကျောင်းအုပ်ဦးအောင်နိုင်ဝင်းမှ ဗိုလ်စိန်မှန်ရပ်ကွက်နေသူတို့အား ငါ့ကျောင်း၊ ငါ့မြေ၊ ငါ့ဆိုင်ခန်းဟု အလွဲသုံးစား ပြုမူပြောဆိုဆောင်ရွက်မှုများကို လက်ရှိကြုံတွေ့ခံစားရသော ဖြစ်စဉ်တစ်ခုအဖြစ်မှန်ကန်သောကြောင့် ခိုင်မာသောသက်သေများဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ရုံးမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန၀န်ကြီး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော်သို့ (၂၇-၆-၂၀၁၅) ရက်စွဲဖြင့်တင်သွင်း တိုင်ကြားခဲ့ရာ ယနေ့ထိတိုင်ဆိုပါက (၈၇) ရက်ရှိပြီဖြစ်ပါသည်။ စစ်ဆေးမေးမြန်း ကွင်းဆင်းအရေးယူမှု မရှိခြင်းကြောင့် တိုင်းပြည်အတွက် နစ်နာမှုဖြစ်ပေါ်နေခြင်းတို့မှာ ရပ်တန့်မနေဘဲ ဆက်ဖြစ်နေမည်သာဖြစ်ခြင်းကြောင့် ကျောင်းအုပ်ဦးအောင်နိုင်ဝင်း၏ အကျင့်ပျက်ခြစားမှုကို ခြစားနေသော သစ်အစားခိုင်မာသောအုတ်များ အလဲလှယ်ပြုလုပ်ကာ နိုင်ငံတော်သမ္မတ၏ ပြည်သူတို့အပေါ်စေတနာထား ကြိုးပမ်းဆောင်ရွက်နေသည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတွင် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြင့် အစားထိုးပြုပြင် ပေးမှသာလျှင် အခြေခံကောင်းမွန်ခိုင်မာပြီး ကမ္ဘာ့အလယ်တွင် မြန်မာသည် ဂုဏ်ဆောင်နိုင်မည် ဖြစ်ပါသည်။

          နိုင်ငံတော်အတွက်သာမက ကျောင်းသား/သူများ၊ မိဘပြည်သူများနှင့် လုပ်ဖော်ကိုင်ဖက် ပညာရေး ၀န်ထမ်းဆရာ/ဆရာမတို့အပေါ် နစ်နာစေမှုတို့ကို အကြိမ်ပေါင်းများစွာ ဆက်လက်ပြုလုပ်နေပြီး ယနေ့ ထက်တိုင် ရပ်တန့်ခြင်းမရှိ ဆောင်ရွက်နေသောကြောင့် ကျောင်းအုပ်ဆရာတစ်ယောက်၏ ကျင့်ဝတ်နှင့် မကိုက်ညီသောပြုမှုလုပ်ဆောင်နေမှုတို့အား အမြန်ဆုံးစိစစ်အရေးယူမှုပြုပေးပါရန် တိုင်းပြည်အကျိုး သယ်ပိုးကာ တိုင်းပြည်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတော်သမ္မတနှင့် အထက်လူကြီးမင်းများအား တာဝန်သိပြည်သူ တစ်ဦးအနေဖြင့် ရိုးသားမှန်ကန်မှုနှင့် ခိုင်မာမှန်ကန်သော သက်သေများအပါဝင် ပူးတွဲတင်ပြအပ်ပါသည်။

 

 

 

မှတ်ချက်

နိုင်ငံတော်မှ ချမှတ်ပေးထားသော ပညာရေးမူဝါဒအရ သင်ကြားမှုတစ်ပြေးညီသင်ကြားကြရန်သင်ရိုးနှင့် စီမံရေး၊ ဘဏ္ဍာရေးငွေသုံးစွဲမှုတို့ စနစ်တကျချမှတ်ထားပါသော်လည်း လိုက်နာခြင်းမရှိသူ နိုင်ငံတော်ပိုင်ကို ကိုယ်ကျိုးအဖြစ် အသုံးချသူ ဦးအောင်နိုင်ဝင်း အား အမြန်ဆုံးကွင်းဆင်းစိစစ် ဆောင်ရွက်၍ စုံစမ်းဖော်ထုတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

အတွေ့အကြုံအရ ဆန္ဒဖြစ်ပေါ်မှု

``အလက (၂) ဗဟန်းကျောင်းအုပ်ဆရာမကြီး၏ ပွင့်လင်မြင်သာမှုအပေါ် လေးစားတန်ဖိုးထားဆက်ဆံ သည့် ကျောင်းသားမိဘတို့အား ကွင်းဆင်းမေးမြန်းနိုင်ပါသည်။ ကျောင်းစည်းကမ်း၊ စတုတ္တတန်း၊ အဌမတန်းအောင်ချက်နှုန်းထား၊ ကျောင်းသားမိဘတို့အပေါ် ပွင့်လင်းမြင်သာစွာဖြင့် ပညာရေးဌာနမှ ခြောက်လတစ်ကြိမ် ဘဏ္ဍာသုံးစွဲခွင့် စာရင်းရှင်းတမ်း၊ လျှပ်စစ်မီတာသုံးစွဲမှုတို့အား ရှင်းလင်းစွာ ဆောင်ရွက်ခြင်း၊ ကျောင်းသားမိဘ ဆရာသမားတို့နှင့် သုံးနားညီသော သင်ကြားသည့်ပညာရေးစနစ် တို့ကြောင့် လွန်စွာဂုဏ်ယူရသော စည်းကမ်းအစအမျိုးသားစာသင်ကျောင်းကပင်ဖြစ်ပါပေသည်။ ထို့ကဲ့သို့ ပွင့်လင်းမြင်သာစွာဖြင့် အနာဂတ်မျိုးဆက်သစ်ကျောင်းသားများအား တိုင်ပြည်နှင့် ကျောင်းသားမိဘ တို့တွက် မွေးထုတ်လေ့ကျင့်ပေးနေသော အလက (၂) ဗဟန်းကျောင်းဆရာမကြီးကဲ့သို့ ကျောင်းအုပ်နှင့် ဆရာများ မြန်မာနိုင်ငံအတွက် မြောက်များစွာလိုအပ်လှပါပေသည်။´´

 

 

 

 

ကျောင်းသားမိဘ၊

 

အထက်ပါတိုင်စာအား အောက်ပါလိပ်စာတို့အတိုင်းတင်ပြအပ်ပါသည်-

-       သမ္မတ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်

-       ဥက္ကဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်၊

-       ဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်၊

-       ညွှန့်ကြားရေးမှူးချုပ်၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနချုပ်ရုံး၊ နေပြည်တော်၊

-       ဦးစိုးမောင်၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်၊

-       ဦးမြင့်ဆွေ၊ ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနချုပ်ရုံး၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အလွဲသုံးစားစုံစမ်းစစ်ဆေးရေးဌာနချုပ်ရုံး၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၊

-       သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်။

-       ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန

-      တိုင်းဒေသကြီးပညာရေးမှူး၊ ရန်ကုန်ုတိုင်းဒေသကြီး

-      ခရိုင်ပညာရေးမှူး၊ အနောက်ပိုင်းခရိုင်

-      မြို့နယ်ပညာရေးမှူး၊ ဗဟန်းမြို့နယ်၊

 

Thursday, October 8, 2015

:: Jawatan Kosong Guru Al-Quran (Kelas Dewasa ATAU Kanak-Kanak) Malam/H.Minggu di Seluruh Malaysia & Singapore ::

0 comments

 

Darul Furqan menawarkan Jawatan Kosong Sambilan atau Part Time sebagai Guru Al-Quran  (Wanita/Lelaki) untuk mengajar di rumah pelajar (Dewasa ATAU Kanak-Kanak) pada hari biasa sebelah malam atau pada hujung minggu di kawasan sekitar...

...Johor, Kedah, Kuala Lumpur, Melaka, N. Sembilan, Pahang, Perak, Perlis, Sabah, Sarawak, Selangor, Terenganu, Pulau Pinang, Labuan, Cyberjaya, Putrajaya, Kelantan, Singapura & Brunei.

Tawaran ini terbuka sepanjang Tahun dan juga terbuka kepada yang tiada pengalaman seperti pelajar IPTA & IPTS yang sedang dalam cuti semester.

Cara Memohon:

Isikan borang permohonan di " http://q.gs/162639/permohonanguruquran "



jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran, jawatan kosong, guru quran, kerja, part time mengajar al-Quran,


 
======================================================================

Khidmat Mencari Jodoh Untuk Wanita - CariJodohClub.co.nr


Adakah anda masih mencari-cari calon jodoh   anda? malu untuk mencari pasangan idaman secara terbuka? 
Cari Jodoh Club (CJC) adalah medium untuk anda meletakkan iklan mencari jodoh,

dan berkenalan dengan ahli-ahli Kelab yang juga sedang mencari Jodoh.


Perkhidmatan mencari jodoh ini terbuka ke seluruh Malaysia :
Johor, Kedah, Kuala Lumpur, Melaka, N. Sembilan, Pahang, Perak,   Perlis, Sabah, Sarawak, Selangor, Terenganu, Pulau Pinang, Labuan,   Cyberjaya, Putrajaya dan Kelantan,
Isikan borang mencari jodoh disini -> http://j.gs/162639/borangahli
 
 
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
~ Daripada Mu'awiyah al-Qusyairi katanya, Rasulullah SAW bersabda yang maksudnya: "Ketahuilah orang yang hadir hendaklah menyampaikan kepada orang yang tidak hadir."

(al-Bukhari Muslim dan Ibnu Majah,)

...mungkin ada kenalan anda sedang mencari Info dalam emel ini, mengapa tidak kongsi  dengan mereka? menerusi.. Gmail / Myspace / Facebook / YM / Twitter.

Monday, October 5, 2015

Kelab Badminton Rekreasi (Suka - suka dan Riadah)

0 comments
 
 
Tujuan kelab ini adalah sebagai alternatif kepada kelab kelab badminton profesional yang mana mereka memfokus kepada aktiviti kejohanan dan sebagainya.

Manakala tujuan Kelab Badminton Rekreasi ini adalah untuk riadah sahaja selain menghilangkan stress, membantu menguruskan badan dan bersosial bersama kawan kawan.

Game biasanya diadakan pada hari Ahad petang untuk sejam. Pakaian bebas asalkan bersesuaian. Raket dan bulu tangkis bawa sendiri.
Venue (akan diupdate SEHARI sebelum game):
1. Gelanggang 1 : DEWAN SERBAGUNA MBSA Alamat Jalan Setia Damai U13/15, Seksyen U13, 40150 Shah Alam, Selangor Darul Ehsan. (KLIK PETA DISINI)
ATAU
2. Gelanggang 2 : KOMPLEKS SUKAN SUKSES SEKSYEN 6 SHAH ALAM (KLIK PETA DISINI)
Masa : Setiap Ahad (3.00 petang - 4.00 petang)


Untuk JOIN Game Ahad ini ,

SILA KLIK > DISINI

 
======================================================================

Khidmat Mencari Jodoh Untuk Wanita - CariJodohClub.co.nr


Adakah anda masih mencari-cari calon jodoh   anda? malu untuk mencari pasangan idaman secara terbuka? 
Cari Jodoh Club (CJC) adalah medium untuk anda meletakkan iklan mencari jodoh,

dan berkenalan dengan ahli-ahli Kelab yang juga sedang mencari Jodoh.


Perkhidmatan mencari jodoh ini terbuka ke seluruh Malaysia :
Johor, Kedah, Kuala Lumpur, Melaka, N. Sembilan, Pahang, Perak,   Perlis, Sabah, Sarawak, Selangor, Terenganu, Pulau Pinang, Labuan,   Cyberjaya, Putrajaya dan Kelantan,
Isikan borang mencari jodoh disini -> http://j.gs/162639/borangahli
 
 
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
~ Daripada Mu'awiyah al-Qusyairi katanya, Rasulullah SAW bersabda yang maksudnya: "Ketahuilah orang yang hadir hendaklah menyampaikan kepada orang yang tidak hadir."

(al-Bukhari Muslim dan Ibnu Majah,)

...mungkin ada kenalan anda sedang mencari Info dalam emel ini, mengapa tidak kongsi  dengan mereka? menerusi.. Gmail / Myspace / Facebook / YM / Twitter.

Wednesday, September 23, 2015

Khidmat Mencari Jodoh Wanita - www.CariJodohClub.co.nr

0 comments

Adakah anda masih mencari-cari calon jodoh   anda? malu untuk mencari pasangan idaman secara terbuka? 
Cari Jodoh Club (CJC) adalah medium untuk anda meletakkan iklan mencari jodoh,

dan berkenalan dengan ahli-ahli Kelab yang juga sedang mencari Jodoh.


Perkhidmatan mencari jodoh ini terbuka ke seluruh Malaysia :
Johor, Kedah, Kuala Lumpur, Melaka, N. Sembilan, Pahang, Perak,   Perlis, Sabah, Sarawak, Selangor, Terenganu, Pulau Pinang, Labuan,   Cyberjaya, Putrajaya dan Kelantan,
Isikan borang mencari jodoh disini -> http://j.gs/162639/borangahli
 
 
 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
~ Daripada Mu'awiyah al-Qusyairi katanya, Rasulullah SAW bersabda yang maksudnya: "Ketahuilah orang yang hadir hendaklah menyampaikan kepada orang yang tidak hadir."

(al-Bukhari Muslim dan Ibnu Majah,)

...mungkin ada kenalan anda sedang mencari Info dalam emel ini, mengapa tidak kongsi  dengan mereka? menerusi.. Gmail / Myspace / Facebook / YM / Twitter.

Thursday, September 3, 2015

Wear Fear added you to his circles and invited you to join Google+

0 comments
Wear Fear added you to his circles and invited you to join Google+.
Join Google+
Google+ makes sharing on the web more like sharing in real life.
Circles
An easy way to share some things with college buddies, others with your parents, and almost nothing with your boss. Just like in real life.
Hangouts
Conversations are better face-to-face. Join a video hangout from your computer or mobile phone to catch up, watch YouTube videos together, or swap stories with up to 9 of your friends at once.
Mobile
Lightning-fast group chat. Photos that upload themselves. A bird's-eye view of what's happening nearby. We built Google+ with mobile in mind.
You received this message because Wear Fear invited mmopenletter.send@blogger.com to join Google+. Unsubscribe from these emails.
Google Inc., 1600 Amphitheatre Pkwy, Mountain View, CA 94043 USA

Saturday, August 29, 2015

အခွင့်အရေးသမားများကို သတိထားကြပါ

0 comments
ကျနော်သည် ဟားခါးသားစစ်စစ်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ တစ်လလုံးရွာသွန်းသော မိုးကြောင့် တစ်မြို့လုံး ပျက်စီးသွားပါပြီ၊ တချို့က ငလျှင်၊ တချို့က မိုးရေ စသည်ဖြင့်အမျိုးမျိုး ထင်ကြေးပေးနေကြသည်။ အိမ်ခြေ ထောင်ချီပျက်စီးပြီး အများသူငါ အတိဒုက္ခရောက်ကြသည်။ ထိုစဉ် Hakha Rescue Committee ကို ဖွဲ့စည်းပြီး ကော်မတီဝင်တို့သည် မိမိနှင့် သွေးသားတော်စပ်သူကို ထည့်ကြသည်။ အလှူငွေ စားနပ်ရိက္ခာ ခွဲဝေသည့်အခါတွင်လည်း နီးစပ်ရာကို တိုးတိုးတိတ်တိတ် ပေးကြသည်။
အခု သြဂုတ်လကုန်တွင် HRC အကြီးအကဲပိုင်း အနားယူမည်ဟုသိရသည်။ မည်သည့်အကြောင်းပြချက်ကြောင့် အနားယူမည်ကို မသိရသော်လည်း ကော်မတီင်္ဝင် တစ်ဦးကမူ ရရှိသည့် ငွေများဖြင့် စီးပွါးရေးလုပ်ငန်းများ စတင်မည်ဟု သိရသည်။ သူများ မျက်ရည်ကျနေတဲ့အချိန်မှာ အခွင့်အရေးယူတဲ့လူတွေလည်း ရှိသေးကြောင်းပါခင်ဗျား။ ဒီစာကို ဖေ့ဘုတ်ပေါ်မှာလည်း တင်ပေးကြပါ။ ကျနော် ဖေ့ဘုတ်မသုံးတတ်သေးလို့ပါ။

Tuesday, July 28, 2015

ဦးရွှေမန်းကြီးတော့အပြောနဲ့အလုပ်မညီတော့ပါ

0 comments

ဦးရွှေမန်းကြီးတော့အပြောနဲ့အလုပ်မညီတော့ပါ
လားပြောတော့လွတ်လပ်မျှတသန့််ရှင်းတဲ့ရွေးကောက်ပွဲလုပ်ရမယ်ဆို..,..
ခုတော့၂၅.၇.၂၀၁၅ ဖြူးမြို့ခန်းမ၌ဦးရွှေမန်း
သည်ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ရပ်ကျေးအုပ်ချုပ်ရေး
မှုးများနှင့်ရပ်မိရပ်ဖများအားနေ့လည်၂နာရီခွဲခန့်တွင်
ခေါ်ယူတွေ့ဆုံ၍ဖြူးမြို့နယ်မှရွေးကောက်ပွဲဝင်မည်ဟုပြောကြားခဲ့ပါတယ်ဆက်လက်၍အုပ်ချုပ်ရေးမှုး
များအားတဦးချင်းမတ်တပ်ရပ်ခိုင်ပီးစကားထပြောခိုင်း
တယ်အုပ်ချုပ်ရေးမှုးများကလည်းနီးရာဓါးကိုကြောက်တာလားဖါးတာလားမသိ
"အဘကိုတော့တာဝန်ယူပါတယ်ကျန်လူများကို
တော့တာဝန်မယူနိုင်ဟု" ပြောကြပါတယ်ဒါကိုကြည့်
ခြင်းအားဖြင့်ရွေးကောက်ပွဲဝင်မည့်ဦးရွှေမန်းဟာလုပ်ပိုင်ခွင့်နဲ့အာဏာကိုအလွဲသုံးစားပြုလုပ်နေတာဖြစ်ပါ
တယ်.,..ပြီးတော့လည်းဆယ်အိမ်မှုးရာအိမ်မှုးများ
အားကိုယ်ရေးအကျဉ်းများတင်ခိုင်းထားပါတယ်
၎င်းတို့အားမဲရုံမှုးနဲ့အခြားအရေးကြီးတဲ့တာဝန်များ
ပေးရန်ဖြစ်ပါတယ်။
ဖြူးမြို့နယ်အတွင်းရှိဟိန္ဒူလူမျိုးအား FRCမှ
NRC ဖြစ်ရန်လည်းလုပ်ဆောင်ပေးနေပါတယ်
မှတ်ပုံတင်လုပ်ပေးပြီးမဲဝယ်နေခြင်းဖြစ်ပါတယ်
ဦးရွှေမန်းဟာဖြူးမြို့နယ်မှဝင်ပြိုင်ပြီးညစ်နည်း
ပေါင်းစုံသုံးပြီးညစ်တော့မှာဖြစ်ပါတယ်
ဖြူးမြို့နယ်မှာရှိတဲ့ရပ်မိရပ်ဖအချို့ကလည်းဦး
ရွှေမန်းအားကူညီလုပ်ဆောင်ပေးနေကြပါတယ်
ဒါကြောင့်ဖြူးမြို့နယ်မှာရှိတဲ့ပြည်သူများထပ်
အလိမ်မခံကြပါနဲ့ဖြူးမြို့နယ်ရဲ့သမိုင်းအရိုင်းမခံကြ
ပါနဲ့သမိုင်းတရားခံအဖြစ်မခံကြပါနဲ့....,

Sunday, July 19, 2015

ခွေးနင်းလို့ ပေါက်သွားတဲ့ ကွန်ကရစ်လမ်းအတွက် ဘယ်သူ တာဝန်ယူမှာလဲ

0 comments


ရွှေပြည်သာမြို့နယ် အမှတ် ၇ ရပ်ကွက် နန်းမြိုင်ပန်းခြံက လမ်းတွေကို အခု ကွန်ကရစ်လမ်းခင်းနေပါတယ်။ နန်းမြိုင်ပန်းခြံမှာ လမ်း ၄လမ်းရှိတဲ့အနက် အခုလက်ရှိမှာတော့ နန်းမြိုင် ၂လမ်းကို ခင်းနေတာဖြစ်ပါတယ်။ လမ်းခင်းထားတာ လေး၊ ငါးရက်ပဲရှိသေးတယ်။ ဒီမနက်မှာ လမ်းကပေါက်နေပါပြီ။ ခွေးနင်းလို့ ကျွံပြီးပေါက်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေကတော့ ပြောနေကြပါတယ်။ ဒါနဲ့ ကိုယ်တိုင်သွားပြီး တိုင်းထွာကြည့်တော့ လမ်းကွန်ကရစ်ထုဟာ လက်မ၀က်လောက်ပဲရှိတာ တွေ့ရပြီး လက်ညှိုးနဲ့နှိုက်သမျှ သဲတွေထွက်လာပါတယ်။

အမှန်တကယ်ခင်းရမယ့်ကွန်ကရစ်ထုက ခြောက်လက်မပါ။
လမ်းခင်းဖို့ကုန်ကျစရိတ်ကို မြို့နယ်စည်ပင်သာယာရေးဌာနကကျခံပြီး လမ်းခင်းလုပ်ငန်းကိုတော့ ကန်ထရိုက်ငှားရမ်းလုပ်ကိုင်စေတယ်လို့ သိရပါတယ်။ လမ်းကို ၆ လက်မထုနဲ့ ၁၂ ပေအကျယ် ခင်းပေးရမှာဖြစ်ပြီး ကုန်ကျစရိတ်ကို စည်ပင်သာယာဌာနက ကန်ထရိုက်ကိုပေးချေထားတယ်လို့လည်း သိရပါတယ်။

ကန်ထရိုက်အဖွဲ့ဟာ တနေ့ကို ပေ၂၀၊ ပေ၄၀နှုန်းလောက်နဲ့ခင်းနေတာဖြစ်ပါတယ်။ ကန်ထရိုက်အလုပ်သမားတွေဟာ မဆလာဖျော်စက်နားကို သဲ၊ ကျောက်ပုံပေးမှ အလုပ်လုပ်ပြီး သဲ၊ ကျောက်ကုန်သွားရင် အလုပ်ဆက်မလုပ်တော့ပါဘူး။ (ဒီကိစ္စတွေအတွက် စည်ပင်နဲ့ ကန်ထရိုက် ဘယ်လိုစာချုပ် ချုပ်ဆိုထားတယ်ဆိုတာ ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက မသိဘူးလို့ဆိုပါတယ်။) ဒီအတွက် ရပ်ကွက်လမ်းဖြစ်မြောက်ရေးကော်မတီက ရပ်ကွက်နေပြည်သူတွေဆီကကောက်ခံထားတဲ့ ရန်ပုံငွေနဲ့ သဲသယ်၊ ကျောက်သယ် အလုပ်ကြမ်းသမားတွေကို သပ်သပ် ထပ်ငှားပေးနေရပါတယ်။ ဒါ့အပြင် ပန်းခြံကွက်မှာနေထိုင်တဲ့ ပြည်သူအချို့ကလည်း လမ်းခင်းကုသိုလ်လိုချင်လို့ ၀ိုင်းဝန်းလုပ်အားပေးတာတွေလည်းရှိပါတယ်။ ဒါကလမ်းခင်းလုပ်ငန်း လုပ်ဆောင်တဲ့အပိုင်းမှာ ရပ်ကွက်ပြည်သူတွေက ပံ့ပိုးပေးတာပါ။

အလုပ်သမားတွေစားသောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပန်းခြံဓမ္မာရုံမှာ ချက်ပြုတ်ကျွေးတာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်ကို ပြည်သူတွေဆီကကောက်ခံထားတဲ့ပိုက်ဆံနဲ့ အသုံးပြုတာဖြစ်ပါတယ်။ (ကျွန်တော်တို့ပန်းခြံက တစ်အိမ် ခြောက်သောင်းပေးထားရပါတယ်။) ဒါ့အပြင် အလုပ်လုပ်နေချိန်မှာလည်း အိမ်တွေကနေ မုန့်၊ သောက်ရေ၊ ဖျော်ရည် စသဖြင့် ဧည့်ခံကြပါသေးတယ်။

ပြည်သူက ဒီလောက်အထိ ဖြည့်ဆီးပံ့ပိုးပေးနေတာတောင် ကန်ထရိုက်အဖွဲ့ဟာ လုပ်ငန်းလုပ်ဆောင်ရာမှာ စေတနာမပါဘဲ ပြီးပြီးရော လုပ်ဆောင်နေပါတယ်။ ကွန်ကရစ်မလောင်းခင် အောက်ခြေမှာ သဲတွေဖို့ပြီး အပေါ်ကနေကွန်ကရစ်နည်းနည်းပဲ ခင်းတာပါ။ လမ်းရဲ့ဘေးအစွန်နှစ်ဘက်နားမှာပဲ ကွန်ကရစ်ထုအပြည့်ထားပြီး အလယ်မှာ သဲတွေဖို့ထားပါတယ်။ ကျွန်တော်လေ့လာခဲ့သလောက်ဆိုရင် ရပ်ကွက်ထဲက ကွန်ကရစ်လမ်းအများစုကို အဲ့ဒီလို ပုံစံမျိုးနဲ့ပဲ ခင်းနေကြတာဖြစ်ပါတယ်။ ၇ရပ်ကွက် န၀ရတ်လမ်းမကြီးဆိုရင်လည်း ကိုးလက်မထု အပြည့်မရှိပါဘူး။ ကွန်ကရစ်ထုဟာ သုံးလက်မ ၀န်းကျင်ပဲရှိမှာပါ။ အောက်ပိုင်းက သဲတွေပဲ ဖြည့်ထားတာပါ။

ဒီလမ်းတွေဟာ ဘယ်လိုမှ ရေရှည်မခံနိုင်ပါဘူး။ ခင်းပြီးကာစ ခဏပဲကောင်းပြီး လေး၊ ငါးလကြာရင် ပြန်ပျက်တာပါပဲ။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ခင်းတဲ့လမ်းကို ပြည်သူတွေ အချိန်ကာလ အပြည့်အ၀မသုံးစွဲလိုက်ရပါဘူး။

ဒီကိစ္စတွေမှာ အဓိကတာဝန်ရှိတာ စည်ပင်သာယာရေးဌာနပါပဲ။ သက်ဆိုင်ရာတာဝန်ရှိသူဟာ လုပ်ငန်းလုပ်ကိုင်မဲ့ ကန်ထရိုက်ကို လက်သင့်ရာစားတော်ခေါ်တာမျိုးမဟုတ်ဘဲ အမှန်တကယ်လုပ်ကိုင်နိုင်မယ့်သူကို တာဝန်ယူမှု၊ တာဝန်ခံစေမှုနဲ့သာ လုပ်ငန်းအပ်နှံသင့်ပါတယ်။ ဒီအတွက် ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူသင့်ပါတယ်။ အခုတော့ ဘယ်လို ကန်ထရိုက်မျိုးကို ဘယ်လိုစံနဲ့ရွေးချယ်ပြီး လုပ်ငန်းအပ်နှံသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။ လမ်းအကျယ်၊ ထု၊ ခံနိုင်ရည်၊ နှစ်ကာလအကန့်အသတ်နဲ့ စာချုပ် ချုပ်ဆိုရမှာဖြစ်ပြီး ပျက်ဆီးမှုတွေအတွက်ကိုလည်း ကန်ထရိုက်ကို တာဝန်ယူ၊ တာဝန်ခံစေရမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အမြတ်ကျန်ဖို့ကိုပဲကြည့်ပြီး အလုပ်ကို ပြီးပြီးရော လုပ်ဆောင်မယ့်ကန်ထရိုက်မျိုးကို လုပ်ငန်းမအပ်နှံသင့်ပါဘူး။ ဒီလိုကန်ထရိုက်တွေကိုသာ ဆက်ပြီးလုပ်ငန်းအပ်နှံနေမယ်ဆိုရင် ဌာနရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။

အခုချိန်ခါဟာ ဌာနဆိုင်ရာနဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ကာလခေတ်စနစ်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတကလည်း တရားဝင်ပြောဆိုညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကန်ထရိုက်နဲ့ ဌာနဆိုင်ရာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စဉ်းမျဉ်းစဉ်းကမ်းတွေကို သက်ဆိုင်ရာရပ်ကွက်ရဲ့ လမ်းကော်မတီတွေကို ပွင့်လင်းမြင်သာစွာ အသိပေးပြောပြသင့်ပါတယ်။ ဒါမှသာ ပြည်သူလူထုက အရည်အသွေးပြည့်မှီစွာနဲ့ လုပ်ငန်းအလျှင်အမြန်ပြီးမြောက်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။(အခုဆို စည်ပင်က ဘိလပ်မြေ ဘယ်နှအိတ်ချပေးထားလို့ ကန်ထရိုက်က ဘယ်နှအိတ်သုံးသလဲ၊ ဘယ်လောက်ပိုလဲ၊ ပိုတာတွေကို ပြန်အပ်၊ မအပ် ပြည်သူလူထုဖြစ်တဲ့ လမ်းကော်မတီက မသိရပါဘူး။ သဲ၊ ကျောက်မသယ်ပေးလို့ လမ်း ဆက်မခင်းပေးဘူးဆိုတာကလည်း တော်တော်ကို လွန်တယ်လို့ပြောရပါလိမ့်မယ်။နိုင်ငံတော်ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်ပေးနေရတဲ့ ကန်ထရိုက်က ပြည်သူကို ဒီလိုအကြပ်ကိုင်လို့ရလား။ ဒါတွေဟာ ဌာနနဲ့ ကန်ထရိုက်တို့ရဲ့ လုပ်ငန်းစာချုပ်ချုပ်ဆိုမှုတွေ ပွင့်လင်းမြင်သာမှုမရှိလို့ပါ။) ဌာနဆိုင်ရာဟာ ပြည်သူလူထုနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေတယ်လို့ အပြုသဘောဆောင် ဝေဖန်ရမှာဖြစ်ပါတယ်။

ဒုတိယတာဝန်ရှိသူက လုပ်ငန်းကြီးကြပ်သူအရာရှိပါပဲ။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းလုပ်ဆောင်နေချိန်မှာ အနီးကပ် ကြီးကြပ်နေရမှာဖြစ်ပါတယ်။ မိမိတာဝန်ယူလုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခု အရည်အသွေးပြည့်ဝစွာနဲ့ ကောင်းမွန်ခိုင်ခန့်အောင် ကြီးကြပ်ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ခုတော့ လုပ်ငန်းကြီးကြပ်သူဟာ လုပ်ငန်းခွင်မှာ အချိန်ပြည့် ရှိမနေပါဘူး။ သူလာရောက်စစ်ဆေးချိန်မှာ လမ်းက တချို့တ၀က် ခင်းပြီးနေပါပြီ။ ဘာမှ စစ်ဆေးလို့ မရတော့ပါဘူး။ လာရောက်စစ်ဆေးသူကို ပြသဖို့အတွက် ကန်ထရိုက်က ခင်းပြီးသားလမ်းအဆုံးကနေ နောက်ထပ် ၅ လက်မလောက်ကို ခြောက်လက်မထု ဟန်ပြလောင်းထားတာမျိုးလည်း ရှိနေပါတယ်။ အကျယ် ပေ ၂၀၊ ပေ၄၀ လောက်ကို အထက်ကပြောထားတဲ့အတိုင်း သဲဖို့ခင်းထားပြီးကာမှ အဆုံးနေရာ အကျယ် ၅ လက်မလောက်ကို ခြောက်လက်မထု အပြည့်ခင်းပြထားတာမျိုးပါ။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကန်ထရိုက်နဲ့ လုပ်ငန်းကြီးကြပ်သူတို့အကြား လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိ၊ မရှိဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။

လက်ရှိမှာသေချာတာကတော့ ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျခံပြီး ခင်းတဲ့လမ်းဟာ အရည်အသွေးပြည့်ဝတဲ့လမ်း မဟုတ်တော့ပါဘူး။ ဒါဟာ ၀န်ထမ်းတွေရဲ့ တာဝန်မကျေပွန်မှုကြောင့်ပါ။ ဒါ့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းလုပ်ဆောင်ချိန်မှာ လုပ်ငန်းခွင်အတွင်း သေချာစွာကြပ်မတ်ပေးဖို့ တိုက်တွန်းလိုပါတယ်။
ဒါမှသာ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးတာကို ကာကွယ်နိုင်ပြီး ပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။

Tuesday, July 14, 2015

ရန်ကုန်တိုင်းဒေသကြီဝန်ကြီးချုပ်မြင့်ဆွေ အညိုးဖြင့်လက်စားချေခဲ့ ချင်းတပ်ကြပ်ကြီးကိုဌေးအောင်မိသားစုအားလုံးအတိဒုက္ခရောက်ခဲ့ရ။

0 comments

2006ခုနှစ်စက်တင်္ဘာလ လောက်ကကျတော်နှင့်ဆုံတွေခဲ့ရတယ်
နေရာကတော့ တွန်တေးတောကြီးတန်းအကျဉ်းထောင်ရဲဘက်စခန်း
ကျတော်ကဘောလုံးပွဲဒိုင်ဆိုပြီတရားစွဲထောင်ချခဲ့လို့ရဲဘက်စခန်းမှာဆုံတွေ
ခဲ့ရတယ်ကျတော်တို့က(၁၆) လလောက်အတူနေလိုက်ရတယ်၊
တစ်ခါတစ်လေစကားစပ်မိလို့၊အမှုအကြောင်းပြောမိကြတယ်၊အခန်းထဲမှာ
(၉)နှစ်တစ်ယောက်၊ကိုဌေးအောင်က(၁၀)နှစ်အဆောင် (တစ်)မှာသူတို့က
နှစ်ကြီးသမားတွေ၊ကိုဌေးအောင်ကရန်ကုန့်တိုင်းစစ်ဌာနချုပ်ကတပ်ကြပ်ကြီး
တစ်ယောက်ဖြစ်ပြီးရန်ကုန်တိုင်မှုးဗိုလ်ချုပ်မြင့်ဆွေအိမ်မှလူယုံတော်၊
အိမ်မှုကစ္စ၊ဈေးသွားတာတို့ ဗိုလ်ချုပ်မြင့်ဆွေသမီးကျောင်းပို့/ ကြို့ရည်းစားနဲ့
ချိန်းတွေ့ ရင်တောင်မှဘော်ဒီဂတ်အဖြစ်လိုက်ပေးခဲ့ရတဲ့ တပ်ကြပ်ကြီးဌေးအောင်
အလုပ်ကြမ်းနဲ့ထောင်(၁၈)နှစ်ချခဲ့တဲ့တိုင်းမှုးဗိုလ်မူးချုပ်မြင့်ဆွေ၊ပုဒ်မ က ၂ခုနဲ့ချလိုက်တာ
ထောင်ရောက်တော့မှပြစ်ဒါဏ်ကသီးခြားလား??ပေါင်းရမှာလားလို့ပြန်မေးပြီး
တပေါင်းတည်းလို့ပြောလို့(၁၀)နှစ်ကျခဲ့တာ၊ပိုင်ဆိုင်မှုတွေကိုအကုန်သိမ်းတယ်၊
တိုက်ခန်းသိမ်းတယ်.ချိပ်ပိတ်၊ပြီးအတွင်းပစ္စည်းတစ်ခုမှမရဘူး....
မိန်းမနှင့်သမီိးငယ်(၅တန်း)နေစရာမရှိ၊မှီခိုစရာမရှိ၊ယောင်္ကျားကထောင်နှစ်ရှည်ကျခံနေ
ရပြီး.မိန်မကရွှမျိုးအိမ်မှာတည်းခိုရပြီး၊ရရာအလုပ်တစ်ခုဖြင့်စားဝတ်နေရေး၊
ထောင်ဝင်စာတွေဖို့ရုန်းကန်နေရတယ်။
ကိုဌေးအောင်ခင်ဗျားကဘယ်လိုဖြစ်တာလဲ?မေးကြည်တဲ့အခါ.....
သူဟာဗေဒင်တွက်ကြည့်တဲ့အခါထောင်ကျကိန်းမြင်တယ်လို့ဟောတယ်ဗျ
ဆိုပြီးအစချီပြီး..ကျနော်က ရန်ကုန်တိုင်းစစ်ဌာနာချုပ်နားက. ဖ.ဆ.ဖ..လ
တိုက်ခန်းမှာနေတယ်..ဗေဒင်ဆရာတွေကိုမေးတဲ့အခါတိုင်းထောင်ကျကိန်းမြင်တယ်
ဆိုတာဘဲ....ဒါကြောင့်မနက်စောစောထပြီး. ဆူးလေ ရွှေတိဂုံ ဗိုလ်တစ်ထောင်
ဘုရားတွေကိုမနက်စောစောစောလမ်းလျှောက် ပြီးလင်မယားနှစ်ယောက်
ယျတြာယာချေတယ်၊ဗေဒင်တွက်တိုင်းလဲထောင်ကျကိန်းရှိတယ်လို့ပြောတယ်
တစ်ရက်တော့ကစ္စတစ်ခုနဲ့တိုင်းမူးနဲ့စကားပြောရာက ဗိုလ်ချုပ်မြင့်ဆွေကသူ၏
ကော်လံစကိုဆွဲခဲ့ကြောင်းကျတော်လဲအနီးမှာရှိတဲ ဂျီသရီးကိုဆွဲယူပစ်ခတ်ရန်ယူခဲ့ကြောင်း
ထိုအချိန်မှာပင်သူ၏အပေါ်သို၅ယောက်လောက်ခုန်အုပ်ကာဖိထပ်ထားခဲတယ်။
မြင့်ဆွေကံကောင်းသွားသလိုကျနော်လဲကံကောင်းခဲ့တယ်လို့ဆိုရမှာဘဲ။
မေး။။သေနတ်ထဲမှာကျည်ဆံကောရှိလိုလား????ဟာရှိတာပေါ့အပြည်ရှိတယ်
ဒါကြောင့်သူသေရင်ကျတော်လဲသေမှာဘဲ.....
ကျွန်တော်ကအကျင့်တစ်ခုရှိတယ်ဗျ...ကျွန်တော့ကော်လံစကိုဆွဲရင်ဘယ်လိုမှသီးခံလို့
မရဘူးဗျ..ဘာမဟုတ်တဲ့စကားပြောရာကနေ...တိုင်းမှုဆိုပြီးအနိုင်ကျင့်ခဲ့လို
ပြဿနာဖြစ်ပြီးတပ်ကြပ်ကြီးကိုဌေးအောင်မိသားတစ်စုဘဝမှာအထိနာခဲ့ရတယ်
အဲ့ဒီအချိန်မှာဗိုလ်မူချုပ်မြင့်ဆွေဟာတိုင်းမှုးဘဝကနေရာထူးတဆင့်တက်ပြီးသွားရတော့မှာ
အမှုကိုနောက်ထပ်လာမဲ့တိုင်းမှုးအရေးယူခဲ့လျှင်ပြစ်ဒါဏ်လျှောပေါ့နေမှာစိုးလို့
ကိုဌေးအောင်အမှုကိုနောက်နေ့မှာဘဲချက်ချင်းကိုယ်တိုင်စစ်ခုံရုံးတင်ပြီးကိုယ်တိုင်
အမှုနှစ်မူကိုတစ်မူ့က(၁၀)နှစ်နောက်တစ်မှုက.(၈)နှစ်ချခဲ့တယ်.....
တိုင်းမှုးဘဝကနေအခု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင်ဆွေဖြစ်လာခဲ့တယ်
အညိုးနဲ့အောက်လက်ငယ်သားမိသားစုတစ်စုလုံးလုပ်ခဲ့တဲ့သူ.....တိုင်းမှုးမြင့်ဆွေ
ပြည်သူတွေကိုလဲအညိုးဘာလုပ်မလဲဆိုတာ.....မသိနိုင်တဲ့ ကြံ့ခိုင်ရေးပါတီမှဖြစ်ပြီး
အညိုးအာဂဃတရားကြီးမားစွာလက်စားချေတတ်သူတစ်ယောက်ဖြစ်ပါကြောင်း
မှတ်ချက်။။......၎င်းအကြောင်းအရာများသည်အမှန်တကယ်ဖြစ်ခဲ့ပါကြောင်း
ကျော်လွင်..အရှင်သခင်ပြည်သူတစ်ဦး

Wednesday, July 8, 2015

ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်းသိဘို့လိုအပ်ပြီ

0 comments

ဖြူး မြို့နယ် ကညွတ်ကွင်းမြို့လေးဟာ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွေမန်း၏ မွေးဖွားရာမြို့ဖြစ်ပြီး ယင်းမြို့လေးမှာ နေထိုကြတဲ့ ဦးရွေမန်း ဆွေတော်မျိုးတော်များကတော့ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေ လုပ်နေခြင်းဟာ နိုင်ငံတော်အာဏာကို ခုတုံးလုပ်အသုံးချနေတယ်ဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးရွေမန်းကိုယ်တိုင် သိဖို့လိုအပ်သလို ဥပဒေအကြောင်းအရလည်း ထိထိရောက်ရောက် အရေးယူသင့်ပြီဖြစ်လို့ ဒီ post လေးကို တင်လိုက်ပါတယ်...
သတင်းဆိုးတွေကို ကြားသိလိုက်တာနဲ့ ပြည်သူတို့ အော့နှလုံးနာစရာဖြစ်ပုံလေးတွေ တင်ပြပါ့မယ်.....
ပထမအကြိမ် အစိုးရဝန်ထမ်း EPC ၀န်ထမ်းတစ်ဦးကို ပါးရိုက်လိုက်တာကတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်. အရပ်အခေါ် (ဗိုက်ကြီး) ဖြစ်ပါတယ်..လူမိုက်လူရမ်းကားဆန်စွာ အနိုင်ကျင့်ဗိုလ်ကျခြင်းဆိုတာ ဖြူးမြို့နယ် တစ်နယ်လုံး အသိဖြစ်ပါတယ် နာယကကြီး မသိလေရော့သလား။
ဒုတိယအကြိမ် ပါးရိုက်အနိုင်ကျင့်တာ ကတော့ နာယကကြီး၏ တူတော်စပ်သူ ကညွတ်ကွင်းမြို့ ကွင်းအနောက်အုပ်ချုပ်ရေးမှူး ဦးဝေမိုး (ဦးရွေမန်း၏တူ)တော်စပ်သူ ဖြစ်ပါတယ်။
၂၃.၆.၂၀၁၅ ရက်နေ့ဖြူးမြို့ အထွက်တွင် ဦးဝေမိုးမောင်းသောကားအား ဆိုင်ကယ်ဖြင့် ကျော်တတ်သူ စတုထ္ထနှစ် (သမိုင်း)ကျောင်းသား မောင်ကျော်ဝင်းကိုမှ ဖြတ်ကျော်တတ်စဉ် ၎င်းကားအား ကျော်တတ်ရပါ့မလားဟု ဆဲဆို၍ ဆိုင်ကယ်အား ပြန်လည်ဖြတ်ကျော် လမ်းပိတ်ရပ်ပြီး ကားပေါ်မှဆင်းကာ ပါးရိုက်ပြီး တပည့်ဖြစ်သူများမှ ၀ိုင်းဝန်းထိုးကြိတ်ခြင်း ဖြစ်ပါတယ်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မောင်ကျော်ဝင်းကို မှ ဖြူးမြို့မရဲစခန်းတွင် ၂၄.၆.၂၀၁၅ ရက်နေ့တွင် ပ/၂၀၅/၂၀၁၅ ပုဒ်မ ၂၉၄/၃၂၃ ဖြင့် တရားစွဲဆိုထားသည်ဟု သိရှိရပါသည်။
တရားဥပဒေအထက်တွင် မည်သူ ရှိနေသလဲ စောင့်ကြည့်ရပါမည်။နယကကြီး သူရဦးရွေမန်းအနေဖြင့် မသက်ဆိုင်သလို မျက်နှာလွှဲနေပါက နာယကကြီး ဦးရွေမန်း၏ ပုံရိပ်သည် ဖြူးမြို့နယ်တွင် တဖြည်းဖြည်း ကျဆင်းလာမည်မှာ အသေအချာဖြစ်ပါကြောင်း သိစေအပ်ပါသည်။

Tuesday, July 7, 2015

အပြောကတော့ ရွှေမန်းပဲ ဆိုတဲ့ လွှတ်တော်ဥက္ကဌကြီး အလွန်ဒေါသထွက်ရတဲ့နေ့လေးရှိခဲ့ပါတယ်။

0 comments

လွှတ်တော် အသီးသီးရဲ့ ပထ မအကြိမ် ပြည်သူ့ လွှတ်တော် ဆဌမပုံမှန် အစည်း အဝေး ကျင်းပနေချိန် တရက် မှာ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် အမျက်ဒေါသ ထွက်ခဲ့ပါတယ်။
သူရဦးရွှေမန်းတယောက် ဘယ်သူ့ကြောင့်များ ဒေါသထွက်ရသလဲ၊ ဘာအကြောင်းကြောင့် များ ဒေါသ ထွက် ရသလဲ။ ဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြ သွားမှာ ဖြစ် ပါ တယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယပိုင်းမှာ ဥက္ကဋ္ဌ သူရဦးရွှေ မန်းဟာ လွှတ်တော်ကို ပုံမှန်ရောက်ရမယ့် အချိန်ထက် နောက်ကျပြီးမှ ရောက်လာပါတယ်။ ဒီအတွက် အခုလို နောက်ကျရောက်လာရတဲ့အကြောင်း ရှင်းပါတယ်။ သူက အဲဒီနေ့မှာ အစိုးရအဖွဲ့က ထုတ်ပြန် ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ” နဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေ လုပ် မှာ ဖြစ်ကြောင်း၊ ဒီအတွက် လွှတ်တော်ထဲမှာ အချိန်ကုန်သက်သာအောင် ၀န်ကြီးဌာန တာဝန် ရှိသူ တချို့၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လူတချို့နဲ့ သူကိုယ်တိုင် ပါဝင်ပြီး သူရုံးခန်းမှာ အပြင်းအထန် ညှိနှိုင်းနေရတဲ့အတွက် အချိန်ကြာသွားကြောင်း၊ ဒါကြောင့် သူ့ကိုနားလည်ပေးပါ ဆိုပြီး ပြော ဆိုခဲ့ပါ တယ်။ ပြီးတာနဲ့ သူက အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ”ကို ပြင် ဆင် မယ့်ကိစ္စ စပြီး လုပ်ကိုင်ဖို့ ဥပဒေကြမ်းကော်မတီကို ခေါ်ယူပါတယ်။
ဒီအချိန်မှာ ထင်မှတ်မထားဘဲနဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က “နည်း ဥပဒေ” ပြင်ဆင်မယ့် ကိစ္စ ဆွေးနွေးတာကို ရွှေ့ဆိုင်းပေးဖို့ အဆိုတင်သွင်းလိုတဲ့ အကြောင်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးသိန်းညွန့်တင်ပြတာက လွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေတရပ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က “နည်းဥပဒေ” ထုတ်ပြန်နိုင်ကြောင်း၊ ဒီ ထုတ်ပြန်တဲ့ နည်းဥပဒေပါ အချက်တရပ်ရပ် ဒါမှမ ဟုတ် အချက်တချို့ဟာ မူလဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေရင် အခြခံဥပဒေ ပုဒ်မ ၁၃၇ (ခ) အရ ပယ် ဖျက်ရန်၊ ဒါမှမဟုတ် ပြင်ဆင်ရန် လွှတ်တော်က ဆုံးဖြတ်နိုင်ကြောင်း၊ ဒါပေမယ့် လက်ရှိ လွှတ်တော်ကော် မတီက ဖြန့်ဝေထားတဲ့ နည်းဥပဒေကို ပြင်ဆင်မယ့် အချက် ၆၃ ချက်ဟာ မူလဥပဒေပါ ဘယ်အချက်နဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာ ဖော်ပြမထားကြောင်း၊ ဒါ့အပြင် အဲဒီ အချက် ၆၃ ချက်မှာ အသစ် ဖြည့် စွက် တာတွေ ပါဝင်နေပြီး ဒီလို ဖြည့်စွက်ဖို့ အခြေခံဥပဒေက ခွင့်ပြုမ ထားကြောင်း၊ ပြင် ဆင် ဖြည့်စွက် မှုတွေမှာလည်း မူလဥပေဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတာတွေပါကြောင်း ဥပမာတွေနဲ့တကွ တင်ပြခဲ့ပါတယ်။
ဒါတင်မက ဦးသိန်းညွန့်က စီးပွားရေးသမားတချို့ဟာ သူတို့အကျိုးစီးပွား အမြင်ကျဉ်းကျဉ်းလေးနဲ့ မူလ ဥပဒေကို ပြင်ဆင်ကန့်ကွက်တာတွေ လုပ်တယ်။ ဒီလိုလုပ်တာဟာ လွှတ်တော်အနေနဲ့ လုပ်ပိုင် ခွင့်ချဲ့ ယူနေတာဖြစ်လို့ နောင် အစဉ်အလာ မကောင်းဖြစ်သွားမယ်၊ ဒါကြောင့် သူရဦးရွှေမန်း ရုံးခန်းထဲမှာ ညှိရုံနဲ့ မလုံလောက်ဘူး၊ ကျယ်ပြန့်တဲ့ အမြင်တွေ ရယူဖို့ ဆွေးနွေးတာတွေ ရက်ရွှေ့ဆိုင်းပေးဖို့ တင်ပြခဲ့ တာ ဖြစ် ပါတယ်။
ဦးသိန်းညွန့် ဒီလို ပြောလိုက်တာဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အရှိုက်ကို ထိုးနှက်လိုက် သ လို ဖြစ် သွားပြီး အလွန်ဒေါသထွက်သွားခဲ့ပါတယ်။ ချက်ချင်းပဲ အခြေခံဥပဒေနဲ့ ကိုက်ညီတာ၊ မညီတာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆိုင်တယ်။ သူကတော့ လက်မခံနိုင်ဘူး။ ဒီနည်းဥပဒေကိစ္စ အစိုးရ အဖွဲ့ တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိထားလို့ အခုလို ရွှေ့ဆိုင်းဖို့ တင်ပြတာကို လက်မခံနိုင်ပါဘူး ဆိုပြီး လွှတ်တော် သဘောတောင်မယူဘဲ ယတိပြတ် ပယ်ချလိုက်ပါတယ်။ အဲဒီနောက် နည်းဥ ပဒေ ပြင် ဆင် တာတွေ ဆက်လုပ်ပါတယ်။
သူရဦးရွှေမန်းက ဒီလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး။ လွှတ်တော် နားပြီး နောက်တချိန် ပြန်စတော့လည်း ဦးသိန်းညွန့်ကို ရည်ရွယ်ပြီး ဒီကိစ္စ ထပ်ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပြင်ဆင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်၊ မညီဘူးဆိုတာ “ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး” နဲ့ပဲ ဆိုင်တယ် ဆို တာလောက် ပြောပြီး ဦးသိန်းညွန့်က တင်ပြချင်ရင် ခုံရုံးကို သူတင်ပြပေးမယ်လို့တော့ မပြောခဲ့ပါဘူး။ ဖွဲ့စည်းပုံခုံရုံးကို ပြဿနာတွေ တင်ပြနိုင်တာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်၊ တရားသူကြီးချုပ် နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ စုစုပေါင်း ၅ ယောက်ကပဲ တင်ပြပိုင်ခွင့်ရှိတဲ့အတွက် ဦးသိန်းညွန့် အနေ နဲ့ ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်ပါတယ်။ ဒီအတွက် လက်ရှိ အတည်ပြုနေတဲ့ နည်းဥ ပဒေကို ဦးသိန်းညွန့်အနေနဲ့ ထကန့်ကွက်ရင် လွှတ်တော်အမတ် ဂုဏ်သိက္ခာ မထိခိုက်ရအောင် သတိပေးရ တာ ဖြစ်တယ်လို့ ပြောပြီး မဆီမဆိုင် ဒေါနဲ့မောနဲ့ တုံးကို ခပ်ပြင်းပြင်းလေး ထုလိုက်ပါသေးတယ်။
တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ ပြဿနာ ဆိုတာ လွှတ်တော်ထဲက ခရိုနီတွေ၊ ခရိုနီကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ ကျယ်ကျယ်ဖွင့်ပေးချင်တဲ့ သမ္မတအကြံပေးအဖွဲ့တွေကြားက အားပြိုင်မှုဖြစ်ပါတယ်။ ဒီ အားပြိုင်မှုကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့ပင် ဆိုစေကာမူ အစိုးရအဖွဲ့နဲ့ ညှိပြီးလုပ်ရင်ရတယ် ဆိုတဲ့ သူရဦးရွှေမန်းကို ခရိုနီတွေ အကျိုးစီးပွား အတွက် ဥပဒေ အထက်ရောက်နေတဲ့သဘော ပြောဆိုမိခဲ့တာကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီး ဒေါသအလွန် ထွက်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

"ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ မိုးကျရွှေကိုယ်များကြောင့် ဧရာဝတီတိုင်းရဲ့ စိုးရိမ်ဖွယ်ရာ အနာဂတ် နေ့ရက်များအတွက် သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ" (ပေးစာ)

0 comments

"စိုးရိမ်ဖွယ်ရာ ဧရာဝတီတိုင်းရဲ့ အနာဂတ် နေ့ရက်များအတွက် ဧရာဝတီတိုင်းသား တစ်ဦးရဲ့ သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ"
ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သစ်တော သိပ္ပံဘွဲရရှိခဲ့ကာ မိမိတိုင်းမှာ ပြန်လည် ထမ်းဆောင်ခွင့်မရပဲ မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ခဲ့ရာမှ ယခင်သစ်တော ၀န်ကြီးဟောင်း ဗိုလ်မှုးချုပ်သိန်းအောင် သစ်တောသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ချိန်မှ စလို့ ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး၊ ဗိုလ်မှုးလေးတွေနဲ့ ဗိုလ်ကြီးပေါက်စလေးတွေရဲ့ နေရာယူမှု၊ ဦးသိန်းအောင်မိန်းမနဲ့ သမီးကို ကပ်ဖားနိင်သူများသာ ရာထူးရရှိမှုတွေနဲ့ သစ်တောဝန်ကြီးဌာန တခုလုံးလဲ ပျက်စီးခဲ့ရပါတယ်။ ဇနီးနှင့်သမီးများမှာလည်း လူမှုဆက်ဆံရေးညံဖျင်းပြီး အလွန်မောက်မာကျသည်ကို ကြားသိရပါသည်။ ရာထူးနေရာယူမှုတွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေကြောင့် ကျွန်တော်တို့ သစ်တောကျောင်းဆင်းများ အားလုံး နင်းပြားဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတာ အားလုံးအသိပါ။ စုံစမ်းမေးမြန်းနိုင်ပါတယ်..
အထင်ရှားဆုံး ဥပမာပြောရမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ ညွန်မှုးရာထူးဆိုတာ ပင်စင်ယူခါနီး(၃)-(၄)နှစ်လိုမှ ရကြတာပါ။ ဦးသိန်းအောင်ရဲ့ တပည့်တွေကတော့ ဘွဲ့ရစရာတောင်မလိုပဲ ညွန်မှုးရာထူးကို အလွယ်တကူ ရကြပါတယ်။ Foresterများနဲ့ ထာဝစဉ်ကြိုးစားပြီး နိုင်ငံရဲ့ ၀င်ငွေရှာရတဲ့ သစ်ထုတ်လုပ်ရေး ဌာနမှာလည်း ကျွန်တော်တို့ Forester များ တသက်လုံး ကုန်းရုံးပြီး ပင်စင်ယူခါနီးအထိ တောထဲတောင်ထဲမှာ နေခဲ့ပြီး ကြိုးစား အားထုတ် ကုန်းရုန်း အပင်ပန်းခံခဲ့ရလေသမျှ ပင်စင်ယူခါနီးကျတော့ ဦးသိန်းအောင်ခေါ်လာတဲ့ မိုးကျရွှေကိုယ် ဗိုလ်ကြီး ဗိုလ်လေးတွေက နေရာအခန့်သား ၀င်ယူပြီး ကျွန်တော်တို့ကို နှိမ့်ချလေတော့ Forester မိသားစုများ မျက်နှာငယ်စွာ ရင်နာစွာနဲ့ အလုပ်က ထွက်ခဲ့ကြရသူတွေ မနည်းပါဘူးခင်ဗျာ။
အထူးသဖြင့် ဦးသိန်းအောင် လက်ထက်မှာတော့ သစ်တောဘွဲ့ရတွေကို မသုံးပဲ သစ်တောအကြောင်း နားမလည်ပဲဘာမှမတတ်တဲ့သူ လူယုံတွေနဲ့ သစ်တောတွေကို အကုန်ပြောင်သွားအောင် ခုတ်ပြီး သူတို့ မိသားစုနဲ့ လူယုံ လက်တဆုတ်စာ အတ္တဝါဒီတွေ စီးပွားရေး သောင်းကျန်းပြီး တိုင်းပြည်ကို ဖျက်သွားတယ်ဆိုတာ အထောက်အထားတွေ ရှိပါတယ်.. ငြင်းလို့မရပါဘူး။ အဲဒီ့ကာလရဲ့ သစ်တောတွေ ပြုန်းတီးမှုကို စစ်ဆေးကြည့်ရှုမယ်ဆိုရင် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ထားလို့ ရပါတယ်။ ကျွန်တော်တို့ Forester ပညာနဲ့ ပြောပြရှင်းပြသမျှ လက်မခံပဲ ကိုယ်အလုပ်ကို လုပ်လို့ မရလောက်အောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဆိုပြီး ဗိုလ်ချုပ်မှုးကြီးအမိန့်နဲ့ အမြဲချိန်းခြောက် တားဆီးခဲ့ပါတယ်။
သူ့မိသားစု၊ သူ့တပည့်တွေနဲ့ နီးစပ်ရာ လုပ်ငန်းရှင်ကြီးတွေကတော့ ဦးသိန်းအောင် သစ်တောကို ကိုင်သွားတဲ့ (၅)နှစ်အတွင်း အလွန်ချမ်းသာမှုကတော့ မရေတွက်နိုင်အောင် ချမ်းသာသွားကြတယ်လို့ ကြားသိထား ရပါတယ်။ ကျွန်တော်တို့ကတော့ မပေးနိုင်တော့ အဝေးမှာပဲ နေရပါတယ်။ ကျွန်တော်တို့ သစ်တောတခုလုံး ၀န်ကြီး အဆက်ဆက် နေလာခဲ့သမျှ စိတ်ချမ်းသာခဲ့ရပြီး ဦးသိန်းအောင် မိသားစုနဲ့ သူတပည့်တွေကြောင့် စိတ်ဆင်းရဲသောကဖြစ်ပြီး အလုပ်ထဲနေ မပျော်ခဲ့ကြပါဘူး။ ကိုယ်မှန်နေပါလျှက်နဲ့ ဘယ်အချိန် ငါ့တို့ကို ပြသာနာရှာ ဒုက္ခပေးမလဲဆိုပြီး စိုးထိတ်နေခဲ့ ရပါတယ်။
နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီခေတ် ဖော်ဆောင် လုပ်ကိုင်နေသော်လည်း ကျွန်တော်တို့ ဧရာဝတီတိုင်း အတွင်းမှာတော့ ဦးသိန်းအောင် ၀န်ကြီးချုပ်ဖြစ်လာပြီး ထူးခြားသော တိုးတက်မှုများ ပြောင်းလဲမှုများ မရှိသေးပါခင်ဗျာ။ အပေါ်ယံ လှုပ်ရှားမှုလေးတွေနဲ့ ပြည်သူလူထုကို လိမ်လည်ပြီး နောက်တကြိမ်၂၀၁၅ကျလျှင် သူမဲနိုင်ဖို့အတွက်သူကိုယ်ကျိုး အတွက်သာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ်နေထိုင် ကြီးပြင်းခဲ့ရာ ဆန်ရေစပါးပေါများတဲ့ ဧရာဝတီတိုင်းကို တိုးတက် ဖွံဖြိုးစေချင်တဲ့ဆန္ဒနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်။ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌသည်လည်း တပ်မတော်မှအငြိမ်းစားယူထားသောပုဂ္ဂိုလ်ဟု သိရပါသည်။ ဂျာနယ်တခုထဲတွင် ဦးသိန်းအောင်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ညစ်ကျယ်မှုများ ကို ဖွင့်ချထားပြီး ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌမှ တရားစွဲဆိုထားတယ်လို့ ဖတ်ရှု့လိုက်ရပါတယ်ခင်ဗျာ။ ဦးသိန်းအောင်ရဲ့ စိတ်နေသဘောထားကို လေ့လာထားမိလို့ အခုလဲ ဧရာဝတီတိုင်းမှာ စစ်တပ်က လာတဲ့သူ အချင်းချင်းတောင် သီးမခံနိုင်အောင် ဖြစ်နေကြတယ်ဆိုတာ သဘောပေါက် လက်ခံလိုက်ပါတယ်။
ဦးသိန်းအောင် သစ်တောကို စရောက်လာတဲ့ အချိန်မှာ စွမ်းအင်ကနေ တပည့် (၄)ယောက်ပါလာပါတယ်။ ဦးအေးမြင့်မောင်၊ ဦးလွင်ဦးမောင်၊ ဦးပုံဇာစွမ်းနဲ့ ဦးသန်းဦးဆိုတဲ့ ကိုယ်ရေးအရာရှိတွေ ဖြစ်ပါတယ်။ အဲဒီလူတွေနေရာမှာ ယခုတော့ သူ့မိသားစုကို ရှာကျွေးနိုင် ဝေယျာဝစ္စ လုပ်ပေးနိုင်တဲ့ နောက်ထပ်ပေါ်လာတဲ့ တပည့်တွေက တိုက်ထုတ်လိုက်လို့ အားလုံးစိတ်ဆင်းရဲစွာနဲ့ အဝေးသို့ လွင့်ထွက် သွားကြပါပြီခင်ဗျာ။
ကျန်တဲ့ ဌာနတွင်းမှာလဲ ဘယ်သူနဲ့မှ မတည့်ပဲ သူတပည့်များ ပြောသမျှ မစဉ်းမစားပဲ ဖြုတ်ထုတ် သတ်ခဲ့တဲ့ အတွက် မိသားစုများ ဘ၀ပျက် ဒုက္ခရောက်ခဲ့ရတာ မနည်းတော့ပါဘူး။ ဌာနတွင်းလဲ အကြောက်တရားနဲ့ အုပ်ချုပ်နေပြီး သူ့မိန်းမ သူသမီးတွေ၊ နောက်သူတပည့် ဗိုလ်မှုးကလေးမောင်ငွေ လင်မယားနဲ့ အဆင်မပြေသူများဟာ အဝေးသို့ပြောင်းရွှေ့ လွှင့်ပါးရတာ ထုံးစံလို ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ဗိုလ်မှုးလေးမောင်ငွေ လင်မယားကြောင့် ဦးသိန်းအောင်ရဲ့ တပ်တွင်း နေစဉ်ကတည်းက သားသမီး ပမာနေလာတဲ့ ဗိုလ်ကြီးသန်းဦးပါ လွင့်စင် ထွက်သွားရပါတယ်.။ ကျွန်တော်တို့ နယ်တွေကို ဦးသိန်းအောင်မိသားစု ခရီးထွက်လာလျှင်လည်း နောက်တော်ပါ တပည့်တွေကိုပါ ကြောက်ရွံရပြီး ကျန်ဝန်ထမ်းများမှ ပြုစုလုပ်ကျွေး ခဲ့ရပါသည်။ ဦးသိန်းအောင်၏ ဇနီးနှင့်သားသမီးများမှာလည်း အလွန်မောက်မာ လှပါသည်။ အောက်ခြေ၀န်ထမ်းများ အပေါ်ဆက်ဆံရေး လုံးဝမကောင်းပါခင်ဗျား။
သစ်တောဌာနမှာရော မြန်မာသစ်လုပ်ငန်း ဘက်မှာပါ အောက်ခြေ အဆင့်ဆင့်ကနေ စပြီးကြိုးစားလာရတဲ့ ၀န်ထမ်းတွေကို ပေးသင့်တဲ့ ရာထူးနဲ့ထိုက်တန်စွာ လုံးဝမပေးပါပဲ ဦးသိန်းအောင်မိသားစုနဲ့ သူခေါ်လာတဲ့ ဗိုလ်မှုးကလေး မောင်ငွေတို့နှင့် အဆင်ပြေသော လူမျိုးတွေကို နေရာကောင်းများ ပေးပြီး ကျွန်တော်တို့လို FORESTER များကို နှိမ့်ချထားခဲ့ပါတယ်။
ယခုလဲ သစ်တောသို့ ရောက်သော အချိန်မှစပြီး သစ်တောဌာန တခုလုံး စိတ်ဆင်းရဲအောင် နှိပ်စက် ဒုက္ခပေးခဲ့ပါသည်။ ယခု သစ်တောဝန်ကြီး ဖြစ်နေသူ ဦးဝင်းထွန်းနှင့်လည်း အဆင်မပြေဘူးဟု ကြားသိရပြီး ဦးဝင်းထွန်းနှင့်သူမိသားစုမှာ မြန်မာသစ်လုပ်ငန်းတွင် နေထိုင်စဉ်ကတည်းက ရိုးသားအေးဆေးပြီး ၀န်ထမ်းများအပေါ် ညှာတာစွာ ဆက်ဆံတတ်သော စိတ်ရင်းကောင်းမွန်သော ပုဂ္ဂိုလ်ဟု ကျွန်တော်တို့ သိရှိခဲ့ဖူးပါသည်။ လူတိုင်းနှင့် အဆင်ပြေသော ဦးဝင်းထွန်းအား သူတပည့်ကိစ္စဖြင့် နည်းမျိုးစုံဖြင့် ရန်ရှာ သိက္ခာချနေသည်ကိုလည်း လူတိုင်း သိရှိနေကြပြီးဖြစ်ပါသည်။
အခုတဖန် ဧရာလွှတ်တော် ဥက္ကဌနှင့်လည်း အဆင်မပြေခြင်းများအား ဂျာနယ်တွင် လွှတ်တော်ဥက္ကဌမှ ပြောကြားထားသည်ကို ဖတ်ရှုရပါသည်.။ ဧရာဝတီတိုင်းတွင်း တိုင်းညွန်မှုးများလည်း လွန်စွာ စိတ်ညစ်နေကြကြောင်း ကြားသိနေရပါသည်။
ဒီလိုပုံစံနဲ့သာဆိုရင် ကျွန်တော်တို့ ဧရာဝတီတိုင်း၏ တိုးတက်ဖွံဖြိုးရေးမှာ (၁)နှစ်အတွင်း မည်ကဲ့သို့မှ တိုးတက်ပြောင်းလဲ လာခြင်းမရှိခဲ့ပါဘူး၊ ဦးသိန်းအောင်ဟာ သူ့ကိုယ်ကျိုးနှင့် ၂၀၁၅ မဲရရှိရေး အနိုင်ရရေးသာ ကြိုးစားနေသော ၀န်ကြီးချုပ်ဦးသိန်းအောင် အကြောင်းကို အမှန်အတိုင်း သိရှိစေရန် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် တကွ လူကြီးများအား တင်ပြအပ်ပါသည်ခင်ဗျား။
လေးစားစွာဖြင့်
အငြိမ်းစား သစ်တောဝန်ထမ်း
(ဧရာဝတီတိုင်းသားတစ်ဦး)
Credit : ဒီမိုဝေယံ

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၁)

0 comments

၊မြန်မာ စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  ကိုရာ
ထူး မှ ဖယ်ရှားခဲ့ သည့် ၂၀၀၄ ခုနှစ် တွင် ကာကွယ်ရေး ၀န်ကြီး ဌာန ဉ် မထင်မရှား
စစ်အရာရှိကြီး နှင့် တိုင်းမှုး ဟောင်း ဗိုလ်ချုပ် သိန်းစိန် မှာ သူ ၏ ပိုင်ဆိုင်မှု များ ကို
ပေါ်ပေါ်ထင်ထင် စီမံ ခန့် ခွဲ ဖို့  အကြောင်း ဖန် လာခဲ့ သည်။
သူလျှို ၊ စပိုင် အကြီး အကဲ ဦးခင်ညွန့်  တစ်ဇာတ်သိမ်း သွား သည် တွင် စကား
နည်း ပြီး အထက် ဗိုလ်ချုပ် ကြီး များ ၏ ဆဲ ဆို မှု ကို တစ်ချက် မတွန် ခံ နိုင်ရည်
ရှိသည့် ဗိုလ်ချုပ် သိန်းစိန် မှာ စစ်အစိုးရ လက်ထက် တွင် ဘုန်းတန်းခိုး ကြီးသည့်
အတွင်းရေး မှုး ၁ ဆို သည့် ရာ ထူး ကို ရရှိ ခဲ့ သည်။
အတွင်း ရေး မှုး ၁ ရာ ထူး ရ ပြီး မကြာခင် မှာ ပင် ရန်ကုန် ၊ မန္တလေး တွင် စီးပွား
ရေး လုပ်ငန်းများ အခြေ စိုက် ထား သည့် ချမ်းသာ သော တိုင်းရင်းသား လက်
နက် ကိုင် ခေါင်းဆောင် များ နှင့် စီးပွား ရေး လုပ်ငန်း ရှင် များ ၏ လက်ဆောင်
ပဏ္ဏများ ကို ရရှိခဲ့ သည်။
ကွယ်လွန် သွား ရှာ ပြီ ဖြစ်သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ထံ ချဉ်းကပ်
ရန် အတွက် ဦးစွာ ပထမ ချဉ်းကပ် ရ သူမှာ ဒုဗိုလ်ချုပ်ကြီး သိန်းစိန် ဖြစ် သည် ။
အတွင်းရေးမှုး ၁ လက်မှတ် ပါ မှ ကျန်တာ ဆက် လုပ် လို့  ရ တယ် ဆိုသည့်
စကား မှာ လည်း ရန်ကုန် စီးပွားရေး လောက တွင် ပြောစမှတ် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်  တန်ခိုးထွား စဉ် မှာ သူ ခွင့် ပြု လိုက် လျှင် ကိစ္စ အားလုံး
ပြီး သည် ဗိုလ်ချုပ်ကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး မောင်အေး တို့  ပင် မလို သော်
လည်း ဒုဗိုလ်ချုပ်ကြီး သိန်းစိန် လက်ထက် ရောက် သည့် အခါ တွင် မူ သူ့  အား
အောင်မြင် စွာ ချဉ်းကပ် နိုင်ခြင်း သည် မြန်မာ စစ်ခေါင်းဆောင် များ ကို ရင်းနှီး
ခွင့် ရရှိ မှု အတွက် ပထမ ဦးဆုံး တံ ခါး ပေါက် တစ်ချပ် ပင် ဖြစ်သည်။
ဗိုလ်သိန်းစိန် ၏ စာမေး ပွဲ ကို အောင်မြင် စွာ ဖြေ ဆို နိုင် သူ များ မှာ ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှုး ကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူ ရ ရွှေမန်း နှင့် ၀န်ကြီး
ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ ထံ သို့  ဆက် လက် ချဉ်းကပ် ရန် အတွက် အခွင့် အလမ်း
ရရှိ ကြ သူများ ဖြစ်ကြသည်။
အချို့  ကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန် အမျက် ဒေါသ နှင့် ကြုံရ ပြီး “ နိုင်ငံတော်
က ချပေး သည့် လုပ် ငန်း” ဆိုသော မြိုးမြိုး မျက်မျက် ရနိုင်သည့် လုပ်ငန်းကြီး
များ နှင့် ဝေးခဲ့ ကြသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန် မြို့  နေအိမ် ဉ် အတွင်းရေး မှုး ၁ ဗိုလ်ချုပ်
ကြီး သိန်းစိန် နှင့် ဆုံစည်း ဖြစ်ခဲ့ သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က ” ဗိုလ်
ချုပ်ကြီး ခင်ညွန့် လက်ထက် ကတည်း က ကျွန်တော် မျက်မှန်း တမ်းမိ ပါတယ်။
သူ ၀န်ကြီး ချုပ် ဖြစ် ပြီး သီလ၀ါ ဆိပ်ကမ်း ကို ပထမ ဆုံးအကြိမ် လာစစ်ဆေးပြီး
တဲ့ နောက် မှာ သူ့  ကို ချဉ်းကပ် ဖို့  ပိုပြီး လွယ် ကူသွားတယ် ၊ ရန်ကုန် အိမ် မှာ
ပထမ ဆုံး အကြိမ် တွေ့ ပြီး တဲ့ နောက် နေ ပြည်တော် အိမ် အထိ အခေါက် ပေါင်း
မရေ နိုင် တော့ ဘူး “ဟု အဆို ပါ စီးပွား ရေး လုပ် ငန်း ရှင် က FNG ကို ပြောသည်။
“စကား ပြော လို့  ကောင်း တဲ့ လူ ပါပဲ ၊ အထက်လူကြီး (ဗိုလ်ချုပ်ကြီး တွေ နဲ့  ဆုံတဲ့အခါ)
သူတို့  ကို ဘယ် လို ဆက်ဆံ ရ မယ် ၊ ဦးသန်းရွှေ က ဘယ် လို ၊ ဦးမောင်အေး က ဘာ
ကြိုက် တယ် စသဖြင့် ကျွန်တော့် ကို လမ်းညွန် ပါတယ်” ဟု စီးပွား ရေး လုပ် ငန်းရှင်
က ထပ် လောင်း ပြောသည်။
” ပထမ ဦးဆုံး အကြိမ် အတွင်း ရေးမှုး ၁ ခေါ် ဗိုလ်ချုပ်ကြီး သိန်းစိန် ” ကို တွေ့ ဆုံစဉ်
က ထို စီးပွား ရေး လုပ်ငန်း ရှင် ၏ ဂါရ၀ ပြု လက်ဆောင် မှာ ခြင်း ဟု ခေါ် သည့် စား
သောက် ဖွယ် များ နှင့် အတူ သူ၏ ကိုယ်ရေး အရာရှိ ဗိုလ်မှုးကြီး ကို ပေးခဲ့သည့်
ငွေ ကျပ် သိန်း ၁၀၀၀ ဖြစ်သည်။
သူ့  လိုပင် အခြား စီးပွားရေး လုပ်ငန်း ရှင် များ က လည်း အာဏာ ရခါစ ဗိုလ်ချုပ်ကြီး သိန်းစိန်
အိမ် ကို ၀င် ထွက် သွား လာ မှု များ ရှိခဲ့သည်။ စစ်အစိုးရ အဖွဲ့  အတွင်း ဉ် ပဉ္စမ မြောက် အာဏာ
အရှိ ဆုံး ဖြစ်သည့် ဦးသိန်းစိန် ကို ဘရုနိုင်း စော်ဘွား က လည်း တန်ဖိုး ကြီး မော်တော်
ကား တစ်စီး လက်ဆောင်ပေး ခဲ့ပြန်သည်။
မြန်မာ နိုင်ငံတွင်း ဉ် စော်ဘွားကြီး ဆူလတန် ဘိုကီးယား ၏ စီးပွားရေး လုပ်ငန်း များများ
စားစား မရှိ သော် လည်း ချမ်းသား သော နိုင်ငံ ခေါင်းဆောင် တစ်ယောက် အနေ ဖြင့်
အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များ ကို မိတ် ဖြစ်ဆွေ ဖြစ် ပေး ခြင်း ဖြစ် နိုင်သည် ဟု
ဘန်ကောက် မြို့  တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် မြန်မာ သံ အရာ ရှိ တစ်ဦး က
ပြောသည်။
ဗိုလ်ချုပ်ကြီး သိန်းစိန် က စော်ဘွားကြီး လက်ဆောင်ပေး သည့် ကား လက်ဆောင် အား
ထုံးစံ အတိုင်း ပင် ပြည်သူ ကို အသိမပေး ခဲ့ သော် လည်း တာဝန်သိစွာ ဖြင့် ဗိုလ်ချုပ်မှုး
ကြီး ထံ အစီရင် ခံခဲ့သည်။ ဗိုလ်ချုပ် မှုး ကြီး က ” ဗိုလ်ချုပ်ကြီး မကြိုက်ရင် လည်း ပြန်
ရောင်း လိုက် ၊ ကြိုက်ရင် လည်း စီး” ဟု သာ ပြော ပြီး ခွင့် ပြု ခဲ့ သည် ဟု သိရသည်။
နောက်တွင်တော့ စူလတန် စော်ဘွား ကြီး ၏ မော်တော် ကား မှာ သူ ၏ ကားဂိုဒေါင်
ထဲ တွင် သာ သိမ်းဆည်းထား ခဲ့ ပြီး သမ္မတ ဖြစ် ပြီး နှစ် အတန် ကြာ မှ သာ ရံဖန် ရံ
ခါ ထုတ် စီး သည် ဟု သိရသည်။
ဝန်ကြီး ချုပ် တာဝန် မထမ်းဆောင် ခင် ကာ လ တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ၏ ဘဏ္ဍာ
တိုက် အသွင်း အများ ဆုံး စီးဝင် သည့် ငွေ ရင်းမြစ် များ အနက် မှ အဓိက အကျ ဆုံး
မှာ နေပြည်တော် မြို့  သစ် တည်ဆောက်ရေး လုပ်ငန်း ခွင်များ အတွက် ဖြစ်သည်။
နေပြည်တော် တည်ဆောက်ရေး အတွက် ကန်ထရိုက်ရသည့် ကုမ္ပဏီ များနှင့် လူပု
ဂ္ဂိုလ် များ မှာ အတွင်းရေး မှုး ၁ ၏ အိမ် ကို ၀င် ထွက် သွား လာ ဖူးကြသူများ ချဉ်း
ဖြစ်သည်။ သို့  သော် လက်ကြီး သက်သက် ၀င် ထွက် ၍ မရ လက်ဆောင်လေး တစ်
ခုတော့ ပါမှ ဖြစ်သည်။ အနည်းဆုံးတော့ Rolex Oyster Perpetual လိုနာရီ မျိုး
လေးလောက် မှ ဖြစ်သည် ဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ဇနီး ဒေါ်ခင်ခင်ဝင်း နှင့် သား
သမီးများ သုံးဦး နှင့် ပါ ရင်းနှီး သူ တစ်ဦး က FNG ကို ပြောပြသည်။
စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်  နှင့် ရင်းနှီးပြီး
သွင်းကုန် ၊ ထုတ် ကုန် နှင့် အခြား စီးပွားရေး အကြီး အကျယ် လုပ်ခွင့် ရသူ
များ သည် ၊ စပိုင် အကြီး အကဲ ရာထူးမှ ဖယ်ရှား ခံ ရသည့် အခါ ဗိုလ်ချုပ်ကြီး
သိန်းစိန် ကို ပိုပြီး ချဉ်း ကပ် လာခဲ့ ကြသည်။
ထိုအထဲ တွင် ရန်ကုန် ဉ် စီးပွားရေး များ အခြေတည် နေ ပြီ ဖြစ်သည့် ဘိန်းဘုရင်
လော်စစ်ဟန် တို့  လို ပုဂ္ဂိုလ်များ ပင် ပါဝင်သည်။ ၁၉၈၇ ခုနှစ် ဉ် ရှမ်းပြည် မြောက်
ပိုင်း ခလရ ၈၉ တွင် ဗိုလ်မှုး အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ် က ပင် ဘိန်းဘုရင် အချို့  နှင့် သိ
ကျွမ်း ခဲ့သည့် ဗိုလ်ချုပ်ကြီး သည် ၁၉၉၈ ခုနှစ် ၊ တြိဂံဒေသတိုင်း ၏ တိုင်းမှူး
တာဝန် ထမ်းဆောင် သည့် အခါ တွင် မတော့ ဘိန်းဘုရင် အိုကြီး နှင့် ပိုပြီး ခင်
မင်ခဲ့သည်။ လောစစ်ဟန် ၏ Asia World ကုမ္ပဏီမှ တင်သွင်း လိုသည့် တရုတ်
နိုင်ငံ မှ ပစ္စည်း များ ကို တြိဂံဒေသတိုင်း တိုင်းမှုး ကြီး မိမိ ဥစ္စာဓန လိုပင် ကာကွယ်
စောင့်ရှောက် ကာ ချောချောမွေ့  မွေ့  တင်သွင်းခွင့် ပြု ခဲ့သည်။
အတွင်းရေး မှု ၁ တာဝန် ထမ်းဆောင် ပြီး လအနည်း ငယ်အကြာ တွင်
ဗိုလ်ချုပ်ကြီး သိန်းစိန် အား ဘိန်းဘုရင် အိုကြီး က သွားရောက် တွေ့ ဆုံ ပြီး
သူ ၏ ဥစ္စာ ဓန များ အတွက် အာမခံ ချက် ပေး ပါ ရန် ပွင့် ပွင့် လင်းလင်း ပင် ပြော
ကြား ခဲ့သည်။ သား ဖြစ်သူ စတီဗင် လော နှင့် ဇနီး လည်း ပါဝင်သည့် ထိုတွေ့ ဆုံ
မှု တွင်ဗိုလ်ချုပ်ကြီး သိန်းစိန် က ဘိန်းဘုရင် အိုကြီး ၏ စီးပွားရေး လုပ်ငန်း များ
အတွက် အာမခံ ချက် ပေး ခဲ့ ပြီး နောင် လ အနည်း အကြာ တွင် တော့ ရန်ကုန်
နိုင်ငံ တကာ လေဆိပ် အဆင့် မြှင့် ရေး ၊ နေပြည်တော် ဆောက်လုပ် ရေး လုပ်ငန်း
များ အတွက် အမေရိကန် ဒေါ်လာ သန်းချီ တန် သည့် လုပ်ငန်း များကို
ချပေး ခဲ့သည်။
(လော်စစ်ဟန် သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှုး ကြီး မောင်အေး ၊
ဗိုလ်ချုပ်ကြီး သူ ရ ရွှေမန်း တို့  နှင့် ပါ ရင်းနှီးခဲ့ ပြီး ထိုကာလ အတွင်း ဉ် ထို ဗိုလ်
ချုပ်ကြီးများ နှင့် တွေ့ ဆုံ ခဲ့ကာ သိန်းထောင် ချီ အသုံး ပြု ပြီး သူ ၏ ဓန ဥစ္စာများ
ကို ကာကွယ် မှု ပြုခဲ့သည်)
သူတို့  နှစ်ဦး တွေ့ ဆုံ မှု တွင် မြန်မာ ဗိုလ်ချုပ်ကြီး အား ကိုးကန့်  စော် ဘွား ကြီး
၏ သက်တော်စောင့် ဟောင်း က များ ပြား လှ သည် ငွေကြေး ပမာဏာ ကို လက်
ဆောင် အဖြစ် ပေး လိမ့် မည် ဟု တပ်တွင်း အရာရှိ ကြီး တစ်ချို့  က ခန့် မှန်းကြ
သည်။
ဝန်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ အပါးတော်မြဲ ဟောင်း တစ်ဦးက
အနဲ ဆုံး မြန်မာ ငွေ သိန်း နှစ်ထောင် လောက် ပဲ ဟု FNG ကို ပြောပြသည်။
အောင်မြင်သော တွေ့ ဆုံ မှု အပြီး တွင် ဘိန်းဘုရင် အိုကြီး က အချက် ပြ
လိုက် ရာ ကိုးကန့်  ခေါင်းဆောင် ဖုန်ကြားရှင် ၊ ပိုင်စိုးချိန် နှင့် ၀ ခေါင်း
ဆောင် ပေါက် ယူချန်းတို့  လည်း မြန်မာ ဗိုလ်ချုပ်ကြီး ကို အလျှိုအလျှို သွား
ရောက် တွေ့ ဆုံ ခဲ့သည်။
နောက်တော့ ဖားကန့် ဒေသ နယ်မြေ အချို့  ကို စိုးမိုးထား သည့် KIA အရာရှိ
များ လည်း ပါဝင် ခဲ့သည်။ သူတို့  ကား စစ်ထောက်လှမ်းရေး ခောတ်လွန် မြန်မာ
ဗိုလ်ချုပ်ကြီးများ နှင့် တွေ့ ဆုံ မှု တွင် ဗိုလ်ချုပ်ကြီးများ အကြိုက် အမေရိကန်
ဒေါ်လာ များ ကို သယ်ဆောင် သွားကြသူများ ဖြစ်သည်။
မြန်မာ့ တပ်မတော် မှအရာရှိ ဟောင်း တစ်ဦး က မူ ဗိုလ်ခင်ညွန့် ကို ဖြုတ်လိုက်
ခြင်း ဟာ ဘိန်းဘုရင် တွေ ၏ ရန်ကုန်ရှိ စီးပွားရေး လုပ်ငန်းများ ၏ ဆက် ကြေး
ကို တပ်မက် ၍ ဖြစ်သည် ဟု ဆိုသည်။
ဤ သည် ကား အတွင်းရေးမှုး ၁ အဖြစ် တာဝန်ထမ်းဆောင် ပြီး နောက် ပထမ တစ်နှစ်
အတွင်း မှာ ပင် သူ ရရှိ ခဲ့သည့် တန်စိုး လက် ဆောင်များ ပင် ဖြစ်သည်။
၂၀၀၇ ခုနှစ် အောက်တို ဘာ လ တွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် သည့် အခါ
ဦးသိန်းစိန် တစ်ယောက် မရွယ် ဘဲ နှင့် စော် ကဲ မင်း ဖြစ်လာ သည်။ ဗိုလ်ချုပ်မှုး
ကြီး နှစ်ဦး က သူ့  ကို ၀န်ကြီးချုပ် ရာ ထူး သို့  တိုးမြှင့် ပေး ခဲ့သည်။
စစ်တပ် အရာရှိ ကြီးများ သတင်း ရပ် ကွက် တွင် တော့ အသံ မထွက် အောင် အရိုး
ပါ မကျန် ကိုတ်တတ် မှု ကြောင့် ရာထူး တိုး သည် ဟု ဆိုကြသည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ ချမ်းသာကြွယ်ဝမှု – အပိုင်း(၁) သည် FNG
နှင့် Myanmar Corruption Report တို့  ၏ ပူးတွဲ အစီရင်ခံစာ ဖြစ်သည့်
မြန်မာ အစိုးရ ဌာန များ ၏ အကျင့်ပျက် ချစား မှု ငွေကြေး အမေရိကန် ဒေါ်လာ တစ်ဘီလျှံ နီးပါး ရှိ
မှ အစိတ် အပိုင်း တစ်ခု ဖြစ်သည်။
FNG

အာဏာရူးတဲ့ ကြံ့ဖွတ်အတွင်းရေးမှူး ငအောင်သောင်း

0 comments

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ စက်မှုကဏ္ဍဟာ အတိုးတက် အမြင့်မားဆုံး ခေတ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေကတော့ စက်စွမ်းအား (၇ဝ) ရာခိုင်နှုန်းအထိ ကျဆင်းနေလို့ (၁၁၅) ရာခိုင်နှုန်း ကုန်ထုတ်လုပ်မှု ကို မရနိုင်မှန်း သိလျက်နဲ့ ဝန်ကြီးက မျက်စိမှိတ်ပြီး ထုတ်လုပ် သည့် ကုန်ပစ္စည်းတန်ဖိုးအား အရေအတွက် တိုးတက်မှုဖြင့် ပြရမယ့်အစား ပစ္စည်းဈေးနှုန်းကို အဆမတန်မြှင့်ပြီး ကိန်းဂဏန်း စာရင်းဇယားတွေကို လိမ်လည်ပြသခိုင်း နေတာတွေကြောင့် မြန်မာပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ် တိုးတက်မှု အမှန်မရှိတာ တွေ့ရပါတယ်။
စက်မှု (၁) နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ကျော်သာ၊ ရတနာသိင်္ဂီ၊ လွယ်ဟိန်း၊ ရွှေသံလွင်၊ မားသား ထရေးဒင်းစတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်အား သီးခြား မရရှိနိုင်လို့ စက်မှု (၁) ဝန်ကြီးနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုး စီးပွား ရှာကြပါတယ်။ စက်မှု (၁) ကို အကြောင်းပြကာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းနေကြပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေး မြင့် ကုန်ကြမ်းပစ္စည်းကို ရောင်းစားပြီး ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ ကုန်ကြမ်းပစ္စည်းတွေကို အစားထိုးသုံးခြင်းနဲ့ ရောနှောသုံးခြင်းတွေ ပြုလုပ်ကြပါတယ်။
အဲဒီလို ၀န်ကြီးနဲ့ သူ့တပည့် ၀န်ထမ်းတွေဟာ ကုန်သည်များနဲ့ ပေါင်းပြီး မသမာမှုလုပ်နေတာတွေကြောင့် စက်မှု (၁) ကထုတ်နေတဲ့ ကုန် ပစ္စည်းတွေရဲ့  အရည်အသွေးတွေဟာ ညံ့ဖျင်း ကျဆင်းနေကာ အရှုံးပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မသမာမှုတွေအမျိုး မျိုးနဲ့ အစွမ်းကုန် ကိုယ်ကျိုးစီးပွားရှာတဲ့ စက်ရုံမှူး အများစုကြောင့် စက်ရုံတွေဟာ အရှုံးပေါ်ပြီး နာလန်မထူနိုင်အောင် ဖြစ်နေရပါ တယ်။
“င” လေးလုံးကိုရှောင်ဆိုတဲ့ ဗိုလ်သန်းရွှေရဲ့  ဆောင်ပုဒ်ကို လိုက်နာရမယ့်အစား “င” လေးလုံးကို ဆောင်ပြီးတော့ ငါ့အတွက်၊ ငါ့မိန်းမ အတွက် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက် မရှက်မကြောက် ပေါ်ပေါ်ထင်ထင် အစွမ်းကုန် လုပ်ဆောင်နေတဲ့ ဦးအောင်သောင်းလို အာဏာရူးအား ဗိုလ်သန်းရွှေက ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးစရာရှိနေပါတယ်။
သူ့ရဲ့ အမျိုးကောင်းစားရေးမူဝါဒနဲ့ တကယ့်ပညာရှင်တွေကို လုပ်ပိုင်ခွင့်မပေးဘဲ ဘေးဖယ် ချောင်ထိုးထားတဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေ ကြောင့်လည်း စက်မူ (၁) ရဲ့  လုပ်ငန်းတွေဟာ အခုလို ဆုံးရှုံးရတာလို့လည်း ၀န်ထမ်းတွေက ထင်မြင်ချက် ပေးပြန်ပါတယ်။ ဦးအောင်သောင်းအနေနဲ့ အရှက်ရှိတယ်ဆိုရင် သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ဖို့ သင့်ပေမယ့် နောင်လာမယ့် အစိုးရအဖွဲ့ထဲမှာ ဆက် လက် ခြယ်လှယ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတဲ့အထိ အာဏာကို မတန်မရာ ယစ်မူးနေဆဲ ဖြစ်နေပါတယ်။
စက်မှု (၁) လက်အောက်ခံ သာပေါင်းစက္ကူစက်ရုံကြီးဟာ ကြီးမားတဲ့စက်ရုံကြီးဖြစ်ပြီး ကြိတ်ဝါးမှု စွမ်းအား မြင့်မားလို့ နွေရာသီမှာ နေ့ စဉ်ဝါး တွေကို ကားအစီးပေါင်း (၆ဝ) မှ (၁ဝဝ) အထိ သယ်ယူဖို့ လိုအပ်ပေမယ့် ကားများနဲ့ စက်သုံးဆီများ မရှိဘဲ အခက်အခဲ ကြုံတွေ့ နေကြောင်း သိရပါတယ်။ မူလကတည်းက ကုန်ကြမ်းသယ် ဖို့ ဘတ်ဂျတ်မှာ ထည့်မဆွဲတာလား၊ ထည့်ဆွဲလျက်သားနဲ့ ငွေတွေ ပျောက် သွားတာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်၊၊
အဲဒီစီမံကိန်းမှာ ပူးပေါင်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီကို ဝန်ကြီးက လာဘ်လာဘအဖြစ် နအဖဥက္ကဋ္ဌကို ဖားရန် ရဟတ်ယာဉ်တစင်း၊ သူ့အ တွက် တစင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ ပညာရေးအတွက်ကိုတော့ စက်မှု (၁) ကထုတ်တဲ့ ခပ်ညံ့ညံ့ ဗလာစာအုပ်တွေကိုတောင် အလုံအလောက် ထုတ်မပေး နိုင်တာ ပြည်သူတွေ အားလုံးသိကြပါတယ်။ သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ ၎င်းရဲ့သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာအကွယ်ယူခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နှိပ်ကွပ်မဲ့ အန္တရာယ်ကို စိုးရိမ်ပြီး စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင်နဲ့အထည်စက်ရုံမှူးအား အထူး တာဝန်ပေးကာ ဗိုလ်သန်းရွှေမိသားစုရဲ့ မီးဖိုချောင်ကိစ္စကို တာဝန်ယူ လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးအိမ်တော်ကြီးဟာ ဦးအောင် သောင်း ချက်ပြုတ်စီမံမှ စားရတဲ့ဘဝ ရောက်ရှိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချရာမှာလည်းကောင်း၊ သူ့ရဲ့  ဆရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည်ကို ဖြုတ်ချရာမှာလည်းကောင်း၊ ဒီပဲယင်း အရေးအခင်းဖြစ်အောင် အကောင်အထည်ဖော်ရာမှာ လည်းကောင်း၊ ဦးအောင် သောင်းဟာ အဓိက အခန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဂျုံလုပ်ငန်း စက်ရုံမှူးဟာ ဆီချေးစော် နံနေတဲ့ စက်ရုံထုတ်ခေါက်ဆွဲတွေနဲ့ မုန့်တွေရောင်း မ ကောင်းလို့ အရှုံးပေါ်မှာ စိုးရိမ်ပြီး ဂျုံကုန်ကြမ်းတွေကို နှစ်စကတည်းက ဝယ်ယူထားကာ ထုတ်လုပ်မှုနည်းစဉ်အတိုင်း ကုန်ချောကို မ ထုတ်လုပ်တော့ဘဲ ကုန်ကြမ်းကိုသာ နှစ်ကုန်မှာ ဈေးတက်လို့ အမြတ်ရရှိဖို့ ရောင်းစားခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှု ဖြစ်ပြီး ဝန်ကြီးအနေနဲ့ ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီများနဲ့ လာဘ်စားထားတာပေါ်မှာ စိုးရိမ်ကာ စက်ရုံမှူးကို ပင်စင်တောင်မပေးဘဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်သောင်းရ့ စီးပွားရေးသောင်းကျန်းမှုဟာ သူတဦးတည်းမဟုတ်ဘဲ သူ့ရဲ့သား ကိုနေအောင် ဦးစီးတဲ့ အောင်ရီဖြိုး ကုမ္ပဏီ ဟာလည်း ပြဿနာဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။သူ့ရဲ့ ဖခင် အရှိန်အဝါကို သုံးပြီး Export/ Import ဆန်တွေကို လုပ်ကိုင် နေစဉ် မသမာမှု ရှိနေကြောင်း သတင်းရလို့ အထူးရဲက ဖမ်းဆီးစစ်ဆေး ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ ထိပ်တိုက်တွေ့ကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းလိုက်ရ ကြောင်း သိရှိရပါတယ်။
ဝန်ကြီးဦးအောင်သောင်းဟာ ရန်ကုန်မြို့ ရန်ကင်းမှာရှိတဲ့ ကျောင်းကြီးကျောင်းတိုက်မှာ ကျောင်းဒကာအဖြစ် ဆည်းကပ်ကိုးကွယ်နေပြီး စက်မှု (၁) ရဲ့ အလှူပွဲတွေကို အဲဒီ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းရာမှာ ဦးအောင်သောင်းဟာ အဓိကပါဝင် လှုပ်ရှားခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ကိုအေးလွင် ဦးစီးတဲ့ (၈၈) မျိုး ဆက်စင်ပြိုင်ကျောင်းသားအဖွဲ့၊ ဒေါက်တာစိုးလင်း၊ ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်းတို့ ပါဝင်တဲ့ စင်ပြိုင် အန်အယ် လ် ဒီအဖွဲ့၊ စင်ပြိုင်အမျိုးသားရေးအဖွဲ့ စတာတွေကို စုစည်းစေကာ ဖျက်မြင်းအသွင် အတိုက်အခံများအား တန်ပြန်တဲ့ အစီအမံများအား ကြပ်မတ် ဆောင်ရွက်ခဲ့တာဟာ ဦးအောင်သောင်းရဲ့ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။
ဒါ့အပြင် ဦးအောင်သောင်းဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာလည်း ရဟန်းသံဃာတွေရဲ့  ကြီးမားတဲ့စွမ်းအားကြောင့် ကြံ့ဖွံ့ တွေ မနိုင်မနင်းဖြစ်နေလို့  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု (၁) ဝန်ကြီးရုံးအဟောင်းမှာ စက်မှု (၁) ရွှေတောင် စက်ရုံ ၀န်ထမ်း များအား အမာခံထားကာ ဝန်ထမ်းတွေကို အသင့်ပြင်၊ စုဖွဲ့နေခိုင်းပြီး လိုအပ်လာရင် ကြ့ဖွံ့တွေနဲ့ ရောနှောကာ စွမ်းအားရှင် အမည် ခံ၍ ချေမှုန်းနိုင်ရေး စီစဉ်ခဲ့သူဖြစ်ပါတယ်။
ဦးအောင်သောင်းဟာ ကြံ့ဖွံ့အတွင်းရေးမှူးပီပီ နောင်ပေါ်လာမယ့် အစိုးရအဖွဲ့အသစ်မှာ နေရာရရှိဖို့အတွက် မီးကုန်ယမ်းကုန် အစွမ်းပြကာ သောင်းကျန်းနေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရရှိနေ တဲ့အပေါ်မှာလည်း မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပအားကိုးသူအဖြစ် စွပ်စွဲကာ နောင်ဖွဲ့မယ့် အစိုးရအသစ်မှာ မထိုက်တန်ကြောင်း ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တွေကို အစည်းအဝေးတိုင်းမှာ မကြာခဏ တိုက်ခိုက် ပြောကြားနေတယ်လို့ သိရပါတယ်။
ဝန်ကြီး ဦးအောင်သောင်းဟာ ဘုရားသားရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာတော့ အကြပ်ရိုက်ခဲ့ပါတယ်။ မန္တလေးနဲ့ကျောက်ပန်းတောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အပြေးအလွှား သွားရောက်ပြီး ဆွမ်းကပ်လှူခဲ့၊ စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မရှုမလှ ဆုတ်ခွာခဲ့ရပါတယ်။ ပြည်သူလူထုဟာ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များကို အင်တာနက်တွင် နာမည် နှင့်တကွ ချေမှုန်းဖို့ ဖော်ပြခဲ့သလို ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်တဲ့ ငပွကြီး မောင်အောင်သောင်း အကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်

စက်မှူ (၁) ဝန်ကြီး ဦးအောင်သောင်းဆိုတာ တစ်ချိန်က ကကလှမ်းရဲ့ အဆင့်မြင့် သတင်းပေး ပါဘဲ။

0 comments

နအဖ ဗျူရိုကရက် စစ်ပဒေသရာဇ် အုပ်စုအတွင်း မကောင်းသတင်းများဖြင့် နာမည်ကျော်ကြား လူကြောက်များနေသော ဝန်ကြီးတဦးဖြစ်သူ အမှတ်(၁) စက်မှူဝန်ကြီး ဦးအောင်သောင်း သည် တပ်မတော်တွင် ဗျူဟာမှူး (ဗိုလ်မှူးကြီး) အဆင့်မှ မကွေးတိုင်းငြိမ်ဝပ်ပိပြားမှူတည်ဆောက်ရေးအဖွဲ့  ဥက္ကဌ တာဝန်ပူးတွဲ ထမ်းဆောင်ရင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှူဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ရင်း ဘောင်းဘီချွတ်၊ တိုက်ပုံ ဝတ်ဘဝ ရောက်ခဲ့သူ ဖြစ်သည်။
၎င်းအနေဖြင့် အရပ်ဘက်ဌာနဆိုင်ရာတွင် ညွှန်ကြားရေးမှူးချုပ်ဘဝဖြင့် ဂိတ်ဆုံးတော့မည့်အရေးကို မြင်လာသည့်အတွက် ဘက်ပြောင်းလှုပ်ရှားမှုများစတင်ရာတွင် ထိုစဉ်က တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ၏ အဆင့်မြင့်သတင်းပေးအဖြစ် မရှက်မကြောက် လုပ်စားခဲ့ခြင်းပင် ဖြစ်သည်။ ဖြစ်စဉ်မှာ ထိုစဉ်က စစ်အုပ်စုအတွင်း အရိုးရင့် အမွေးရှည် အာဏာသိမ်းခေါင်းဆောင် တစ်ဦးဖြစ်သူ ယခင် အနောက်မြောက်တိုင်း/အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်သည် ကကလှမ်း ညွှန်မှူး(အတွင်းရေးမှူး-၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  နှင့် အဆင်ပြေသူမဟုတ်ပေ။
ထိုအချက်ကိုသိထားသော ဦးအောင်သောင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ နားသို့  ပေါက်နိုင်သည့် လမ်းကြောင်းမှတဆင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ အတွင်းရေး များ၊ ဝန်ကြီးဌာနအတွင်းမှ ချွတ်ယွင်းချက် အားနည်းချက်များကို ကြမ်းခင်းဈေးပေါပေါဖြင့် ချကြွေးကာ တာဝန်သိ ပြည်သူ့  ဝန်ထမ်းကောင်းကြီး လုပ်ခဲ့သူ ဖြစ်သည်။ ဦးအောင်သောင်း ပေးပို့ လာသော အတွင်းသတင်းများအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အတွင်းမှ မသမာမှူများ၊ အကျင့် ပျက်မှူများ အားလုံးကို ကကလှမ်း က ဖိုင်ဖွင့် နိုင်ခဲ့တော့သည်။
ထိုစဉ်က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ရန်ပုံငွေရှာ ဦးဆောင်ထူထောင်ခဲ့သည့် ဂရုဏာဖောင်ဒေးရှင်းသည် ကျန်းမာရေးဝန်ကြီးဌာနကို မြောင်းထဲရောက်အောင် ပို့ နိုင်ခဲ့သည်သာမက ပြည်သူလူထုအတွင်း၌လည်း စည်းရုံးရေးအရ အထူးအောင်မြင်ခဲ့ရာ အမျိုးသားကျန်းမာရေးကော်မတီဥက္ကဌ တာဝန်ကိုပါ ပူးတွဲယူထားသော အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကို ပွဲသိမ်းရိုက်ချနိုင်မည့် ဒုတ် ရလာသည်နှင့် ကကလှမ်းရှိ ဖိုင်များကို တပ်ချုပ်ကြီးထံ တင်ပေးလိုက်တော့သည်။ ထိုအခြေအနေကို မသိသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကမူ ဂရုဏာဖောင်ဒေးရှင်းအကြောင်း အမွှန်းတင်ရိုက်ကူးနေသည့် ရုပ်ရှင်ဇာတ်ကားကြီး၏ မြန်မာပြည်အနှံ့  ရိုက်ကွင်းများတွင် ဒါရိုက်တာ ဇင်ယော်မောင်မောင် ဦးဆောင်သော ရုပ်ရှင်မင်းသားမင်းသမီး တစ်အုပ်တစ်မနှင့်အတူ ပျော်သလားဟေ့မောင်တို့ ရေ . ပျော်တယ်ဟေ့  ...ပျော်တယ်ဟေ့ ...လုပ်ကောင်းဆဲ။
ခမျာ ကြာကြာမပျော်လိုက်ရ။ အမျိုးသားထောက်လှမ်းရေးအဖွဲ့  ၏ ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးနှင့် ထိပ်တိုက်တွေ့ လေပြီ။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ လက်ရင်းတပည့်များဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်မှူးတင်ဖေ၊ ဗိုလ်မှူးမိုးကျော်၊ ဗိုလ်ကြီးကျော်ကျော်ဦး၊ ဗိုလ်ကြီးအောင်မင်းနိုင်၊ ဗိုလ်ကြီးသန်းဌေးအောင် နှင့် ဒုဗိုလ်မှူးကြီး ကျော်မြင့် တို့ ကို အမျိုးသားထောက်လှမ်းရေးအဖွဲ့  ပူးပေါင်းအဖွဲ့ များက စတင်ဖမ်းဆီးစစ်ဆေးတော့သည်။ ထိုအခြေအနေကို သိသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ထိုစဉ်က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် (၄င်းလက်အောက်တွင် ဗျူဟာမှူး၊ ဒုတိုင်းမှူးလုပ်ခဲ့ဖူးသူ) အား ဖုန်းဖြင့်ဆက်သွယ်ကာ ဖမ်းဆီးစစ်ဆေးခြင်းများ ရပ်ဆိုင်းရန် အမိန့် ပေးခဲ့သော်လည်း အရာမရောက်တော့ပေ။ ဗိုလ်မှူးကြီးတင်လှိုင်က ကကလှမ်း အမိန့် အရ လုပ်ရခြင်းဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့မှု အပေါ် မခံမရပ်နိုင်ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ၄င်းနှင့်စစ်တက္ကသိုလ် အပါတ်စဉ် (၁) ကျောင်းဆင်းဘက် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးမောင်အေး အား အားကိုယ်းရှာခဲ့သေးသော်လည်း ဆရာအေးက နာအတိဖူး နှာမှူးနေဒယ် ဇာတ်လမ်း ရိုက်ပြလိုက်သည်။
ဤသို့ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် တယောက် ကကလှမ်း၏ ကံစမ်းမဲပေါက်ကာ နဝတ ပေါ်လစ်ဗျူရို အဖွဲ့ မှ အရှင်ထွက် ထွက်သွားခဲ့ရ သည်။ သက်သေများထံမှ စစ်ကြောချက်များအရ မူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် တွင် ဦးအောင်သောင်းသတင်းပေးခဲ့သလို ငွေကြေးမသမာမှူနှင့် ဘာညာမြှာကိစ္စများ လုံးဝညိစွန်းမှူ မတွေ့ ခဲ့ရပေ။ မဆီမဆိုင် ကြားညှပ်သွားခဲ့သူက ပူပူနွေးနွေး ဒုဝန်ကြီးဖြစ်လာသူ ဗိုလ်မှူးကြီးကျော်ရွှေပင် ဖြစ်သည်။ အမြတ်တကယ် ထွက်သွားသူများက အခြားမဟုတ်၊ ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) မှ အမှူကိုင် တရားလို ဦးစီးအရာရှိများပင် ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ၏ တပည့်များဖြစ်သော အထက်တွင်ဖေါ်ပြခဲ့ပြီးသူ အရာရှိများက အမှုသေးအောင် ကြောက်ကြေးအဖြစ် လိုင်းကြေးပေးလိုက်ရသည်မှာ နဲနဲနောနော ငွေများမဟုတ်။
ဆင်ဖြူတော် (၉၇) စစ်ဆင်ရေးအပြီး လူဝတ်ကြောင်ဘဝရောက်သွားသော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် က ၄င်းအရေခွံချွတ်ခံလိုက်ရသည့် ပွဲသည် ဦးအောင်သောင်းစနက်မှန်း သိလာပြီးနောက် မှတ်ချက်ချ ပြောသောစကားက မှတ်သားစရာပင်။ အောင်သောင်းရှောင် အိုအောင်မဆင်းရဲ ဟူ၏။
မည်သို့ ဆိုစေ ဦးအောင်သောင်းကမူ ပန်းပန်ခလျက် ရှိနေဆဲပင်။ လူမိုက်သေခဲ ကျောင်းအိုပြိုခဲ စကားအရ ၂၀၁၀ ရွေးကောက်ပွဲအထိ ဦးအောင်သောင်း သက်ဆိုးရှည်ခဲ့ပါလျင် မြန်မာ့နိုင်ငံရေးစဉ်မြင့်တွင် ၄င်းကို မည်သို့ သော မျက်နှာဖုန်းစွပ်မျိုးဖြင့် တွေ့ ရပေလိမ့်ဦးမည် ဆိုခြင်းမှာ နိုင်ငံတော်အတွက် ကောင်းသော အလားအလာ မဟုတ်ပေ။
ယခုသော်ကား ဦးအောင်သောင်းဝဋ္ဋ် စလည်နေပေပြီ။ ၄င်း၏မကောင်းသတင်းအမှန်များက ပြည်ပမီဒီယာ အင်တာနက်စာမျက်နှာများတွင် ပလူပျံနေပေသည်။ သူ့ အတွင်းရေးများကို သူ့ အတွင်းလူများကဘဲ သတင်းပေးနေခြင်းသာ ဖြစ်တော့၏။
နောင်ရိုး

ဦးအောင်သောင်း (သို့  မဟုတ်) မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် (အပိုင်း-၂)

0 comments

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဦးအောင်သောင်း တို့  နှစ် ဦး တွေ့ ဆုံမှု တွင်
မည် သည့် အကြောင်း အရာများ ဆွေး နွေး ခဲ့ ကြသည် ကို မည်သူ မျှ မသိ နိုင်
သော်လည် လည်း ဦးစိန်အောင် ကွယ်လွန် သွား သောကြောင့် လစ်လပ် နေသည့်
စက်မှု ၁ ၀န်ကြီး ဌာန ၀န်ကြီး အဖြစ် ချီးမြှင့် ခြင်း ခံရသည်။ စက်မှု ၁ ၀န်ကြီး အဖြစ်
သူ့  ကို တာဝန်ပေး ရခြင်း မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ လက်ကိုင်တုတ် အဖွဲ့ (နောင်တွင်
ပါတီ) ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့  ဖြို့းရေး ပါတီ တည်ထောင်ခါ စ တွင် လိုအပ်
သည့် ငွေကြေး ရံပုံ ငွေ ကို စက်မှု ၁ ၀န်ကြီး ဌာန ၏ အကျိုး အမြတ် များ မှ ရရှိ ရန်
သူ့  ကို နေရာ ချ ထား ပေး လိုက်ခြင်း ဖြစ်သည်။ မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ်လာ
သည့် ဦးအောင်သောင်း သည် ကြံ့ဖွံ့  အဖွဲ့  ရံ ပုံ ငွေ ဟု ဆို ကာ စက်မှု ၁ မှ စာရင်းမရှိ
အင်းမရှိ ခိုးယူ နိုင်ခဲ့သည်။
စက်မှု ၀န်ကြီး ဖြစ်ကာ စ တွင် ပင် တစ်နေ့  လျှ င် ၎င်း ၏ အိပ် ကပ်ထဲ
သိန်းထောင် ချီ သော ၀င်ငွေ ကို ဖန်တီး နိုင်ခဲ့ သည်။ အရှုံး ပြ သည် ဟု ဆိုကာ
ပိတ်လိုက် သော ပြည်သူ ပိုင် စက်ရုံများ သော် လည်းကောင်း စက်ရုံများမှ
ပစ္စည်း များ သည် နောင် တွင် ၎င်း ပိုင် ဖြစ်သွားခဲ့သည်။
ဘိလပ် မြေ စက်ရုံ ပေါင်း များ စွာ ကို တည်ဆောက်ခဲ့ ပြီး ထို ဘိလပ် မြေစက်ရုံ များ
မှ ထွက် သော ဘိလပ် မြေ များ ကို မြန်မာ ဆောက် လုပ် ရေး လုပ်ငန်း ရှင် တို့  ကို
အတင်း အဓမ္မ ၀ယ် ယူစေခဲ့ ပြီး ရရှိ သော ငွေကြေး များ ကို ဓားပြ များ တိုက်ရာပါ
ပစ္စည်း ခွဲ သလိုပင် ဦးအောင်သောင်း၊ ကြံ့ဖွတ် ပါတီ နှင့် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ တို့ 
သုံး ဦး ခွဲ ဝေယူခဲ့ ကြသည် ဟု ကြံ့ခိုင်ရေး ပါတီ ၀င် တစ်ဦး က FNG ကို ပြော ပြသည်။
” အသင်း တည်ခါ စ မှ ပါတီ ရံပုံငွေ နည်း တယ်လေ ၊ ထင်သလောက် လည်း ဘာမှ မလုပ်
နိုင်ဘူး၊ ရုံးခန်း ဆိုရင် တောင် တစ်ချို့  မြို့ နယ် တွေ မှာ ရပ်ကွက် ရ၀တ ရုံး နဲ့  တွဲ ဖွင့်ထား
ရတာ ၊ ငွေရေး ကြေးရေး ပိုင်း ကို ဦးအောင်သောင်း က စီမံ ခန့် ခွဲ တော့ ပို ပြီး အင်အား
တောင့်လာတယ်။ ဦးပိုင် က စစ်တပ် အတွက် ရံပုံငွေ ရှာပေး သလို မျိုး ပဲ စက်မှု က လည်း
ကြံ့ခိုင်ရေး ပါတီ ရဲ့ အသက်သွေးကြော ဖြစ်လာ ခဲ့ တယ် ဟု ပြောသည်။
ထိုစဉ် က ဗိုလ်ချုပ်ကြီး ခင်ညွန့် ကို ဘုရား ထင် နေကြသူ များ မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ
နှင့် ဦးအောင်သောင်း တို့  ၏ ကြောင် လက်သည်း ၀ှက် ပိပိရိရိ နှင့် တရိပ်ရိပ် ကြီး ထွား
လာအောင် စွမ်းဆောင် ခဲ့ ကြသည် ကို မည်သူမျှ သတိမမူ မိလိုက်ကြ။ ရလဒ် ကတော့
နောင် နှစ် အတန်ကြာ တွင်ဗိုလ်ချုပ်ကြီး ခင်ညွန့် နှင့် မြန်မာ စစ်ထောက်လှမ်းရေး အဖွဲ့ 
ဖယ်ရှား ရှင်းလင်း ခံ လိုက်ရခြင်း ဖြစ်သည်။
ရန်ကုန် မြို့ စစ်ရုံး ချုပ် တွင် ရှိသည့် စစ်မဟာ ဗျုဟာ လေ့လာရေး ဌာန မှ
ဒုတိယ ဗိုလ်မှုးကြီး လှမင်း က ဗိုလ်ချုပ်ကြီး ခင်ညွန့် အားဦးအောင်သောင်း
ကို လျှော့မတွက် ရန် သတိပေး ခဲ့ ဖူးသည် ဟု FNG မှ သိရသည်။
စစ်ထောက်လှမ်းရေး မှ ဦးအောင်သောင်း နှင့် ပတ်သက် ပြီး စတင် စုံစမ်းရန် စီစဉ်
ချိန် တွင် စွမ်းအားရှင် ဆိုသည့် နိုင်ငံရေး အကြမ်းဖက် အင်အားစု တစ်ခု ကို ဗိုလ်
ချုပ်မှုး ကြီး သန်းရွှေ ၏ လမ်း ညွန် ချက် ဖြင့် ဦးအောင်သောင်း က ဖန်တီးထား ပြီး
ဖြစ်သည်။
စစ်ထောက်လှမ်း ရေး ၇ နှင့် လေတပ် ထောက်လှမ်း ရေး ၁ ၏ အစီရင်ခံစာ တွင်
ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့  ဖြို့းရေး ပါတီ က စွမ်းအားရှင် ဆို သည့် အဖွဲ့ 
ကိုထောင်ထွက် များ နှင့် ရာဇ၀တ် မှု မကင်းသည့် ရပ်ကွက် လူမိုက်များ ဖြင့် ဖွဲ့ စည်းထား
သည် ဟု စစ်ထောက်လှမ်း ရေး အကြီး အကဲ ထံ တင်ပြသည့် အခါ ဗိုလ်ချုပ်ကြီး ခင်ညွန့် 
က ” ရေတော် ဆရာတော် ကိစ္စမှာ ငါတို့  လုပ်ခဲ့ တဲ့ ပုံ မျိုး ပဲ ” ဟု ဗိုလ်မှုးကြီး အောင်
ဇော် ကို ပြောရာ တွင် ” ဟုတ်တယ် ဗိုလ်ချုပ် ဟု ပြန်ဖြေခဲ့သည်။
၁၉၉၇ ခုနှစ် ရေတော် ဆရာတော် ၊ မဟာမြတ်မုနိ ဘုရားကြီး ဌာပနာ နှင့် အာဆီယံဝင်
ခွင့် ရရေး အစိုးရ ၏ လှို့ ဝှက် ကြံစည်မှု ဂယက် တွင် မန္တလေး စစ်ထောက်လှမ်း ရေး
များ မှ ဘာသာရေး ပဋိပက္ခ အသွင် ဖန်တီး ပြီး ကုလား – ဗမာ အဓိကရုန်း ဖန်တီး
ခဲ့သည်။ ထို ပဋိပက္ခ တွင် ဘုန်းတော်ကြီး ဦးဝီရသူ စတင် ပါဝင်ခဲ့သည်။
မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ်လာသည့် ဦးအောင်သောင်း သည် စက်မှု ၁ နှင့် စက်
မှု ၂ လက်အောက် ရှိ ၀န်ကြီးဌာန မ် ား မွ စက္ရံု မ် ား ၏ ၀င်ငွေ ထွက် ငွေ အားလုံး
နှင့် စက်ရုံ သစ် တည်ဆောက် မှု အားလုံး တို့  အတွက် ထိမ်းချုပ် ခွင့် ရလာခဲ့သည်။
စက်ရုံ များ အတွက် စက်မှု ဇုန် ဆိုသည် ကို အကောင်အထည် ဖော်ရာ တွင်
ဦးအောင်သောင်း သည် စက်မှု ဇုန် များ တွင် စက်ရုံ သစ် များ ကို နေရာ ချထား ပေး
မှု အတွက် ပင် ရရှိသည် သည့် တန်းစိုးလက်ဆောင် များ မှာ တစ်နှစ် လျှင် မြန်မာ
ငွေ ကျပ် သန်း ပေါင်း ထောင် နှင့် ချီ ရရှိသည် ဟု စစ်ထောက်လှမ်း ရေး အဖွဲ့  ၀င်
ဟောင်း တစ်ဦး က FNG ကို ပြောပြသည်။
ထိုစက်ရုံ နှင့် လုပ်ငန်းများ မှ ရရှိ သောငွေများ နှင့် စွမ်းအား ရှင် ဆိုသည့် အဖွဲ့  ကို
စတင် ဖွဲ့ စည်း ကာ ရန်ကုန် ၊ မန္တလေး ၊ မကွေး နှင့် ၎င်း ၏ ဇာတိ တောင်သာ ၊ ၀ဲ
လောင် တို့  တွင် လေ့ကျင့် ပေး ခဲ့သည်။
ထိုကဲ့ သို့  စွမ်းအားရှင်များ ကို လေ့ကျင့် ပေးနေသည် ကို စစ်ထောက်လှမ်းရေး အဖွဲ့  က
သိသော်လည်း နယ်မြေခံ ထောက်လှမ်းရေး နှင့် အရာရှိ ငယ် အချို့  တို့  မှာ နိုင်ငံရေးလှုပ်ရှား
သူတို့  ကိုသာ အဓိက ဦးတည် ပစ်မှတ်ထား သောကြောင့် ဦးအောင်သောင်း ၏ စွမ်းအားရှင်
အဖွဲ့  ကို အန္တရယ် မရှိ ဟု သတ်မှတ် ပြီး အထက်အဆင့်အဆင့် ကို သတင်းပို့  ရန် ပျက် ကွက်
ခြင်းသည် နောင်တွင် ဒီပဲယင်း ဟူ သည့် လူကြံသတ်ဖြတ် မှု ကြီး အဆင့် ထိ ပင် ပေါ် ပေါက်
ခဲ့သည်။
၂၀၀၂ ခုနှစ် တွင် အာဏာရှင် ဟောင်း ဦးနေ၀င်း နှင့် မိသားစုများ ကို ဖမ်းဆီးထောင်ချ ပြီး
သည့် အခါ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ၎င်း ကိုယ် ခြိမ်းခြောက် နိုင်စွမ်း ရှိသေး သူ တစ်ဦး
ကို အပြီး တိုင်း ဖြို လှဲ နိုင်ခဲ့သည်။
အာဏာရှင် ဦးနေ၀င်း ကွယ်လွန် ပြီး နောက်ပိုင်း တွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ၎င်း ၏ အတွင်း
စည်း ကို ပိုမို ကျစ်လစ် ခိုင်မာ စေရန် တည်ဆောက် ခဲ့ရာ ဦးအောင်သောင်း ၊ ဗိုလ်ချုပ်သိန်းစိန် ၊
ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒုတိယ
ဗိုလ်ချုပ်ကြီး ခင်မောင်သန်း ၊ ဗိုလ်ချုပ်ဌေးဦး တို့  မှာ အရေး ပါသူများ ဖြစ်လာခဲ့သည်။
ဦးအောင်သောင်း ၏ သား ဦးပြည်အောင် သည် သည် IGE ဆိုသည့်
International Group of Entrepreneur Pte Ltd ကို ၁၉၉၄ ခုနှစ် ကတည်း က
စတင် တည်ထောင် သည် ဟု မှတ်တမ်းများ အရ သိရသည်။ ၂၀၀၀ ပြည့် နှစ် အလွန်
တွင် သစ် လုပ်ကွက် များ ရရှိ လာခဲ့ ပြီး ၂၀၀၅ ခုနှစ် တွင် မြန်မာ နိုင်ငံ ၏ အကြီး ဆုံး
သစ် ထုတ်လုပ် ရေး ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့သည်။ IGE ကုမ္ပဏီ သည် ဟိုတယ် များ
တည်ဆောက် မှု တွင် လည်း ပါဝင်ခဲ့ ပြီး အမာရာ ဟိုတယ် သည် ၎င်း တို့  ပိုင် ဖြစ်လာ
ခဲ့သည်။
ဗိုလ်ချုပ်ကြီး မောင်အေး ၏ သမီး မနန္ဒာအေး နှင့် လက်ဆက် ပြီးသည့် အခါ ဦးအောင်သောင်း
သည် စစ်ထောက်လှမ်းရေး ၏ စောင့်ကြည့် အရေးယူခံ ရ မှု များ မှ လုံးဝ ကင်းလွတ်သွား
ခဲ့ ပြီး စစ်မှု ၁ ၏ ဘဏ္ဍာငွေကြေးများ ကို ၎င်း ၏ စီးပွားရေး လုပ်ငန်းများ အတွက် ပေါ်ပေါ်
ထင် အသုံး ပြု လာနိုင်ခဲ့ ပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ၏ ယုံကြည် စိတ် ချ မှု လည်း ရှိလာခဲ့
သည်။
၂၀၀၃ ခုနှစ် မေလ ဒီပဲ ယင်း လုပ်ကြံ မှု ကို မတိုင်ခင် တစ်လ အလို လောက် တွင် ဗိုလ်ချုပ်မှုး
ကြီးသန်းရွှေ က ထိုလုပ်ကြံ မှု အတွက် ဗိုလ်ချုပ် စိုးဝင်း ၊ ဗိုလ်ချုပ် သာအေး ၊ ဦးအောင်သောင်း
တို့  နှင့် တိုင် ပင် ပြီး စွမ်းအားရှင် ဆိုသူ များ ကို ရန်ကုန် နှင့် မန္တလေး တွင် တစ်လ ကြာ လှို့ ဝှက်
သင်တန်းပေး ခဲ့ ပြီး စီစဉ် စေခဲ့ သည်။
ဒီပဲယင်း တိုက်ခိုက်မှု ပြီး နောက် အဓိက စီစဉ် ခဲ့သူများမှာ ဘုန်းတန်ခိုး ပိုထွား လာခဲ့ ကြပြီး
ထိုတိုက်ခိုက် မှု အတွက် မည်သည့် စုံစမ်း စစ်ဆေးမှု များ ကို မှ စစ်ထောက်လှမ်း ရေး က
မပြု လုပ် နိုင်ခဲ့ ဟု သိရသည်။
စစ်ထောက်လှမ်းရေး အရာရှိ တစ်ဦး က ” ဒီပဲယင်းမှာ ပါဝင်တဲ့ သူတွေ က ဒီတိုက်ခိုက်မှု
စမယ် ဆိုတော့ မှ ရှာထားတဲ့ သူတွေ မဟုတ် ဘူး ၊ စွမ်း အားရှင် ဆိုတဲ့ နာမည် အောက် မှာ
လစာ ရိက္ခာ ပါရ ပြီး စနစ်တကျ လေ့ကျင့် မွေးထား တဲ့ သူ တွေ ၊ ဒီပဲယင်း ၊ ရွှေဘို ၊ မုံရွာ မှာ
ထောက်လှမ်းရေး တပ်ဆွယ် တွေ ရှိတယ် လေ ၊ သူတို့  စုံစမ်းတော့ ဒီဒေသ က လူတွေ မပါဘူး၊
ဒီပဲယင်း မှာ ဖမ်းမိ တဲ့ NLD တွ ကို ဖမ်းဆီး ထောင်ချ လို့  ပဲ ရတယ်လို့  FNG ကို ပြောသည်။
စွမ်းအား ရှင် တွေ ကို သူတို့  တွေ့ လဲ မတွေ့ လိုက် ဘူး ၊ မြင်လဲ မမြင် လိုက်ဘူး ၊ ဘယ်က
လာ ပြီး ဘယ်ကို ထွက် သွား မှန်းတောင် မသိဘူး ၊ ဟု ထပ်လောင်း ဖြည့်စွက် ပြောပါသည်။
စွမ်းအားရှင် ဆိုသည့် စစ်အစိုးရ လက်ကိုင်တုတ် အမာခံ လူမိုက်များ ကို ကြံ့ခိုင်ရေး ပါတီမှ တစ်
ဆင့် ဦးအောင်သောင်း က စနစ် တကျ ရွေးချယ် မွေးမြူ ခဲ့ ခြင်း ဖြစ် ပြီး ၎င်း တစ်ယောက် တည်း
သာ အမိန့် ပေး နိုင်ခွင့် ရှိသည့် အင်အားစုလည်း ဖြစ်သည် ဟု စစ်ထောက်လှမ်းရေး မှတ်တမ်း
အချို့  တွင် တွေ့ ရသော်လည်း ဒီပဲယင်း အပြီး နှစ် နှစ် အကြာတွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ လည်း
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင် ပြီ ဟု အပြည့် အ၀ ယုံကြည် ကာ စစ်တပ် အရာရှိကြီး
များ လည်း စစ်ထောက်လှမ်းရေး ကို ဖယ်ရှား ပြီး ထောင်သွင်း အကျဉ်းချ မှု ပင် ပြု လုပ်ခဲ့သည်။
သူ က ဒီပဲယင်း အရေး အခင်း အကြောင်း ပေါက်ကြားမှာ စိုးတယ်လေ ၊ စွမ်းအားရှင် အုပ်စု
ပိုပြီး လှုပ်ရှား နိုင်လေ လေ သူ့  အာဏာတည် မြဲဖို့  ပိုပြီး ခိုင်မာလေလေ လို့  ယူဆ ပုံရတယ်
ကျွန်တော် တို့  ကို အလိုမရှိ တော့ဘူး ပေါ့ ဟု ပြောပြသည်။
၂၀၀၇ သံဃာ့ အရေး အခင်း ဉ် နိုင်ငံ တကာ တွင် Junta Thug ဟု ကြော်ကြားခဲ့သည့်
ဦးအောင်သောင်း စွမ်းအားရှင် များ မှာ နိုင်ငံရေး ပါတီ အဖြစ် ကူးပြောင်းမည့် ကြံ့ခိုင်ရေး
ပါတီ အတွက် ပါ အမည်း စက်လို ဖြစ်လာချိန် တွင် ဦးအောင်သောင်း က ထို အဖွဲ့ ကို ပိုပြီး
ကျစ်လစ်ခိုင်မာစေရန် နှင့် အရေး ပေါ် အသုံးချ နိုင်ရန် အတွက် ပင် ထပ်မံ ပျိုးထောင်ပေး
ခဲ့သည်။
မြန်မာ စစ်တပ် က နိုင်ငံရေး မှ ထွက်ခွာ ချိန် ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန် က သမ္မတ အဖြစ်
စတင် တာဝန် ထမ်းဆောင် ချိန် ဉ် ဦးအောင်သောင်း က စွမ်းအားရှင် က မှတ်ပုံတင် ပြီး ဖွဲ့ 
စည်းထားတာ လည်း မဟုတ်တော့ ဖျက် စရာ လည်း မလို ပါဘူး၊ ပြည်သူ့  စစ်လို အရေးပေါ်
တပ် ဖြစ်တော့ နောင်လို ရာသုံး ဖို့  အမြူ တွေ အင်အားစု ကို ဆက်ထားဖို့  လိုတယ်။ အရေး
ကြုံ လာတဲ့ အခါ သုံးဖို့  လိုလိုမယ်မယ် ဆောင်ထားရမယ် လို့  ကြံ့ခိုင်ရေး ပါတီ ရဲ့ အရာရှိအဆင့်
အစည်းအဝေး တစ်ခု တွင် ပြောကြားခဲ့သည်။
ဦးအောင်သောင်း (သို့  မဟုတ်) မြန်မာ စစ်ဗိုလ်ချုပ်များ ၏ လက်မရွံ့  လူမိုက် (အပိုင်း-၃) ကို စောင့်မျှော် ဖတ်ရှု ပါ
ကျေးဇူးတင်ရှိပါသည်။
FNG