Thursday, October 15, 2015

နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ကိုင်ပြီး ကိုယ်ကျိုး ဆောင်ရွက်နေသည့်ကိစ္စအတွက် ထိရောက်စွာတားဆီးဖြေရှင်းပေးရန် တိုင်ကြား သည့်ကိစ္စ ဆက်လက်တင်ပြခြင်း

(တိုင်စာ)

 ရက်စွဲ၊ 2015 ခုနှစ်၊ အောက်တိုဘာလ (15) ရက်

 

ယခုတင်ပြမည့်အကြောင်းအရာများနှင့်ပတ်သက် ကျွန်မသည် သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်အား တင်ပြအကူအညီတောင်းခံခဲ့သဖြင့် ဦးသိန်းညွန့်၏ ပါတီမှ ရုံးစာပို့စနစ်ဖြင့် (27-6-2015) ရက်နေ့တွင် တင်ပြစာပေးပို့ခဲ့ပေးခဲ့ပါသော်လည်း ယနေ့ (15-10-2015) ဆိုလျှင်ရက်ပေါင်း (100) ကျော်သို့ပင် ရှိလာပြီဖြစ်ပါသောကြောင့် ထပ်မံတင်ပြအပ်ပါသည်။ စာပါအကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

အကြောင်းအရာ။         နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ကိုင်ပြီး ကိုယ်ကျိုး ဆောင်ရွက်နေသည့်ကိစ္စအတွက် ထိရောက်စွာတားဆီးဖြေရှင်းပေးရန် တိုင်ကြား သည့်ကိစ္စ ဆက်လက်တင်ပြခြင်း

ဟူသော တင်ပြစာအား

 

ဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ လိပ်မူပြီး၊

မိတ္တူကို -

(1)      ဥက္ကဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

(2)      ဦးစိုးမောင်၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်။

(3)      ဦးမြင့်ဆွေ၊ ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးနှင့်

(4)      တင်ပြတိုင်ကြားသူ ဒေါ်စုစုမြတ်

တို့ထံသို့ လွန်ခဲ့သော 2015 ခုနှစ်၊ ဇွန်လ(27)ရက်နေ့ ရက်စွဲပါစာအမှတ် ၁၀၆/လကရ-သဃက/၂၀၁၅ ဖြင့် ပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယနေ့ထပ်မံတင်ပြချိန်အထိ ကြားကာလ (၃) လ ရှိခဲ့ပြီဖြစ်သော်လည်း တစ်စုံ တစ်ရာမျှ စစ်ဆေးဆောင်ရွက်မှုမရှိသေးပါသောကြောင့် ယင်းကဲ့သို့သော အကျင့်ပျက်ဝန်ထမ်းမျိုး မူလတန်း ကျောင်းအုပ်တစ်ယောက်နေရာတွင် ဆက်လက်တာဝန်ယူနေမြဲ ကာလတစ်လျှောက် အဓိကအားဖြင့် နိုင်ငံတော်အစိုးရအတွက်လည်းကောင်း၊ အနာဂါတ်၏သားကောင်းလူငယ်များ ဖြစ်လာကြမည့်မျိုးဆက်သစ် ကျောင်းသားသူငယ်တို့အတွက်လည်းကောင်း၊ ပြည်သူ့ဘဏ္ဍာ ထိခိုက်မှုကိုလည်းကောင်း၊ လက်အောက် ပညာရေးဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ရှိပြည်သူ၊ ပြည်သားတို့မှာ ထိုကဲ့သို့သောပုဂ္ဂိုလ်ကြောင့် ထိခိုက်နစ်နာစေမှုများ ရှိနေမြဲဖြစ်နေသည်မှာ စုံစမ်း စစ်ဆေးမှုမပြုမချင်း ပေါ်ပေါက်နေဦးမည်သာဖြစ် အမြန်ဆုံး စုံစမ်းစစ်ဆေးပေးနိုင်ပါရန် ရိုသေ လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ အချက်အလက်အချို့အား သိသာနိုင်ပါရန် အောက်ပါအတိုင်း ထည့်သွင်းဖော်ပြ အပ်ပါသည် -

၁။       ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ အရှေ့ရွှေဂုံတိုင်လမ်းမကြီးနှင့် ဗိုလ်မှူးအောင်လမ်းထောင့်ရှိ အမက(25) ဗဟန်း မူလတန်းကျောင်းအုပ် ဦးအောင်နိုင်ဝင်းသည် ကိုယ်ကျိုးအတွက် နိုင်ငံပိုင်ကျောင်းဆောင်နှင့် မြေတို့ကို ကိုယ်ပိုင်ပစ္စည်းများသဖွယ် အခကြေးငွေယူကာ ယနေ့ထိအငှားချသုံးစွဲနေခြင်း၊ 2002 မှ 2015 (14)နှစ်တာကာလလုံးတွင်လည်း တရားဝင်ချမှတ်ပေးထား သော ၀န်ထမ်းသက်သာဆိုင်ခန်းမျာအား လုပ်ငန်းမီတာတရားဝင်လျှောက်ထားခွင့်ကို နည်းလမ်းမျိုးစုံဖြင့် တားမြစ်ပြီး စီမံခန့်ခွဲခဲ့ပုံမှာ မီတာသုံးစွဲခများကို အစိုးရနှုန်းထားဖြင့် သုံးစွဲရမှုကို အခွင့်ကောင်းယူကာ ကျောင်းသုံးမီတာမှ ဆပ်မီတာများခွဲပြီး ဆိုင်ခန်းများမှသုံးစွဲသော မီတာဘိုးကျသင့်ငွေများကို လုပ်ငန်းသုံးနှုန်းထား (၇၅)ကျပ်နှုန်းဖြင့် အထွေထွေအလုပ်သမ ဒေါ်စန်းစန်းမော်အား ကောက်ခံခိုင်းကာ လျှပ်စစ်ဌာနသို့လည်း ထိုကောက်ခံငွေကြေးတို့အားမသွင်း၊ ပညာရေးဌာနသို့လည်းမပေးသွင်းဘဲ ကိုယ်ပိုင် ငွေကြေးသဖွယ်သုံးစွဲနေခြင်းတို့သည် အစိုးရဘဏ္ဍာငွေအား ရည်ရွယ်ချက်ရှိရှိဖြင့် ဖြုန်းတီးမှုဖြစ်ပြီး နိုင်ငံ/ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု ကိုက်ညီနေပါသည်။ ထို့ပြင် နိုင်ငံတော်မှ အခွင့်အာဏာရရှိသကဲ့သို့ ငါ့အမိန့်ဆိုသော စကားလုံးများကို ရဲဝံ့စွာသုံးစွဲခြင်းစကားရပ်တို့ကို ကိုယ်တိုင်ကြားသိရခြင်း တို့ကြောင့်လည်းကောင်း၊ မူလတန်းကျောင်းအုပ် ဦးအောင်နိုင်ဝင်း၏ နောက်ခံဖြတ်သန်းမှုအချက်တွင် ဖခင်သည် ကွန်မြူနစ်ဟောင်းတစ်ယောက်ဖြစ်ခဲ့ပုံကို ထောက်ရှုခြင်းအားဖြင့်လည်းကောင်း သိသာစေသည် များမှာ-

          (က)    ၀န်ထမ်းတစ်ဦးဖြစ်နေသော်လည်း နိုင်ငံရေးစကားပြောလေ့ရှိပါသည်။ ဥပမာအားဖြင့် ရှေးလွန်ခဲ့သည့် (၂၂-၉-၁၉၅၆) အခါက ကျင်းပခဲ့သော ဗ-တ-လ-စ ပြည်လုံးကျွတ်ညီလာခံကြီးတွင် ပြောကြားသော ဖ-ဆ-ပ-လ ဥက္ကဌကြီး ဦးနု၏ မိန့်ခွန်းကောက်နုတ်ချက်ဖြစ်သော `ကွက်စိပ်ဆရာ သခင်သန်းထွန်းဟာ လူ့ငြိမ်းချမ်းရေးဇာတ်ထုပ်နဲ့ကိုက်ညီအောင်၊ မျက်နှာထားကို ၅ မျိုးပြောင်းပြီး၊ အသံ ၅ မျိုးနဲ့ စကား ၅ မျိုးကို ပြောနေပြီ´ ကို ဖတ်မိသိရသောအခါ ကျွန်မပြန်လည်သုံးသပ်စဉ်းစားမိ မျက်ဝါးထင်ထင် ရုပ်လုံးပေါ်လာမိသည်မှာ ယခုဖြစ်ရပ်မှာလည်း ဥက္ကဌကြီးဦးနု ပြောခဲ့သလိုပင် `ကွက်စိပ်ဆရာ အမက(၂၅)ဗဟန်း ကျောင်းအုပ် ဦးအောင်နိုင်ဝင်းသည် တရားမ၀င် ကိုယ်ကျိုးစီးပွားရရှိရေး ဇာတ်ထုပ်နဲ့ကိုက်အောင် မျက်နှာထားကို ၈ မျိုးပြောင်းပြီး၊ အသံ ၈ မျိုးနဲ့၊ စကား ၈ မျိုး ပြောနေပြီ´ ဟုပြောရမလိုပင် (ထိုခေတ်အခါက ကာတွန်းစာမျက်နှာအားလည်း ပူးတွဲဖော်ပြ အပ်ပါသည်။) ယင်းပုံစံကို အတုယူအသက်သွင်းကာ ခေတ်သစ်ကွန်မြူနစ်ပျက်သဖွယ် မြို့နယ်ပညာရေးမှူး၊ မြို့နယ်လက်ထောက် ပညာရေးမှူး ဦးတင်ဖုန်း၊ အမက(၂၅)ဗဟန်းကျောင်းရှိ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဗိုလ်စိန်မှန်ရပ်ကွက်နေပြည်သူများ၊ ၀န်ထမ်းသက်သာဆိုင်ခန်းရှင်များ၊ အောက်လက်ငယ်သားများကဲ့သို့ဖြစ်သော ကျောင်းအုပ်ရုံးခန်းတွင်းနေထိုင်သူ ဦးမောင်ဦး (ကျောင်းမျက်နှာစာ မြေကွက်လပ်၊ ကျောင်းဝင်းအတွင်းနှင့် ကျောင်းသုံးလျှပ်စစ်မီတာမှ မီတာသုံးစွဲခွင့်ရရှိထားသူ) နှင့် အသံချဲ့စက်ထားသိုငှားရမ်းသူ ဦးခင်မောင်လွင် အစရှိသည်တို့အား ကိုယ်ကျိုးစီးပွားအတွက် အရှက်မဲ့သိက္ခာမရှိ နေထိုင်ဆက်ဆံဆောင်ရွက်မှုများသည် ပြန်လည်စဉ်းစား သုံးသပ် မိကြပါက ဗိုလ်စိန်မှန်ရပ်ကွက်နေ ပြည်သူအားလုံး သိရှိကြမည်ဖြစ်ပါသည်။

          (ခ)     မြို့နယ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းများ

                   (အခြေခံပညာကျောင်း ရုံးများတွင်ဖွင့်လှစ်ထားသည့်ဆိုင်ခန်း၊ မြေများကိစ္စဟု အကြောင်းအရာ ရေးသားထားသော (၅-၄-၂၀၀၇) ရက်စွဲပါစာအမှတ်၊ ဌာနခွဲ (၅က)/၁၄၇၀/ဆိုင်ခန်း(၀၇) တွင်ပါဝင်သော အပိုဒ် (၁)(င)ဖြစ်သော ``ပူးတွဲပါ ဆိုင်ခန်းများစာရင်းတွင်မပါဝင်သည့် ဆိုင်ခန်းများရှိပါက မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်များတွင် တာဝန်ရှိမည်ဖြစ်ပါသည်´´ဟူသော ညွှန်ကြားစာရှိခဲ့ပါသည်။ ထိုသို့ထုတ်ပြန်ထားသော ညွှန်ကြားစာကို သိရှိပြီးဖြစ်ပါသော်လည်း ဆိုင်ခန်း(၅)ခန်းရှိပါလျက် ဆိုင်ခန်း (၄)ခန်းသာ တရားဝင်စာရင်းရှိပြီး၊ တရားမ၀င်သော ဆိုင်ခန်းတစ်ခန်းအား စာရင်းတင်ပြခြင်းမရှိဘဲ တရား မ၀င်သောနည်းဖြင့် ဆိုင်ခန်းပိုင်ရှင်ဒေါ်ရီရီတင်နှင့်ပူးပေါင်းကာ (နှစ်ခန်းအားတစ်ခန်းတည်းပုံသဏ္ဍာန် ပြုလုပ်ကာ)(၂၀၀၂ ခုနှစ်မှ ၂၀၁၄/၁၅ခုနှစ်အထိ) ဆိုင်လခ သီးခြားကောက်ခံကာ ဆိုင်ခန်းအပိုမှရရှိသော ဆိုင်လခများအား နိုင်ငံတော်သို့မသွင်းဘဲ (၁၄)နှစ်တိုင် မိမိကိုယ်ကျိုး တစ်ခုတည်းအတွက်သာကြည့်ပြီး ၀န်ထမ်းကျင့်ဝတ်မလိုက်နာဘဲ မြို့နယ်နှင့်ပူးပေါင်းကာ ညွှန်ကြားစာကို ဖောက်ဖျက်ဆောင်ရွက်နေသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ (ဆိုင်ခန်းရှင် ၂၊ ၃၊ ၄ တို့ရှေ့တွင်လည်းကောင်း၊ ကွယ်ရာတွင်လည်းကောင်း (၆)လတစ်ကြိမ် ရဲဝံ့စွာကောက်ခံနေသည်မှာ ၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။)

 

၃။       ယခင်အစိုးရလက်ထက် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး၏ ပညာရေးဝန်ထမ်းများအပေါ် နိုင်ငံတော်လစာအပြင် သက်သာဆိုင်ခန်းများ မြေအငှားချထားမှုမှ တစ်ဖက်တစ်လမ်းဝင်ငွေရရှိအောင် စီမံကိန်းချမှတ် ဆောင်ရွက်ပေးခဲ့မှုအား ထိုစဉ်ကတည်းကပင် မလိုက်နာခဲ့ဘဲ ၂၀၀၂ မှ ၂၀၁၅ အထိ (၁၄)နှစ်တိုင်တိုင် မိမိကိုယ်ကျိုးအတွက်သာ ရယူသုံးစွဲခဲ့ပါသည်။ (လုပ်ဖော်ကိုင်ဖက်ပညာရေး ၀န်ထမ်းများအား အချိုးကျခွဲဝေပေးရန် သတ်မှတ်ထားခြင်းကို လစ်လျှူရှုကာ သုံးစွဲခဲ့ခြင်းမှာ ဆိုးရွားလွန်းလှသည်) ၀န်ကြီးဌာနမှ ချမှတ်မြေငှားရမ်းခနှုန်းအပေါ်တွင် ဌာနသို့စာရင်းပေးသွင်းနှုန်းထက် လစဉ်ထပ်ဆောင်း ၁၀၀% ပိုမိုကောက်ခံကာ ယနေ့ထိသုံးစွဲနေခြင်း။

၎။       ယခုအခါ ပညာရေးဝန်ကြီးဌာနမှ ကျောင်းမျက်နှာစာကို ထိခိုက်နိုင်မည့် ဆိုင်ခန်းများကို မြေဆက်လက် မငှားရမ်းရန် အကြောင်းကြားစာ (၁၀-၄-၂၀၁၄) ရက်နေ့တွင် ထုတ်ပြန်ရာ လူနေဆိုင်ခန်းပေါင်း (၄၇၂၂)ခန်းကျော်မှ အသနားခံစာတင်၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ် အသီးသီးတို့မှတစ်ဆင့် အကူအညီတောင်းခံရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် သည် လွှတ်တော်သို့ ဥပဒေကြောင်းအရ တင်ပြညှိနှိုင်းကာလ တောင်းခံထားခြင်းကာလတွင် ဦးအောင်နိုင်ဝင်း သည် ပညာရေးမြေငှားရမ်းခ တချို့ကို ပညာရေးဝန်ကြီးဌာနမှ တင်းကြပ်စွာတားမြစ်ထားသော မြေငှားရမ်းခ ကောက်ခံမှုမပြုတော့ခြင်း ညွှန်ကြားစာကို သိရှိပါလျက်နှင့် လစ်လျှူရှုကာ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးတင်ဖုန်းနှင့် ပူးပေါင်းကာ ၆ လစာ ဆိုင်လခတို့အား နိုင်ငံတော်တံဆိပ် ခပ်နှိပ်ထားသော အခွန်တံဆိပ်ပေါ်တွင် ကျောင်းအုပ်လက်မှတ်ရေးထိုးပြီး ၂၂-၄-၂၀၁၄ ရက်နေ့တွင် တရားဝင် သဘောမျိုး ကောက်ခံခြင်းရှိခဲ့ရာမှ ကျောင်းများသို့ စစ်ဆေးရေးဝင် မေးမြန်းမည့်သတင်း ပေါ်လာ သောအခါမှသာ ၆ လစာယူထားသော ဆိုင်ခန်းလခတို့အား ဆိုင်ခန်းရှင်တို့အားအသနားခံပြီး ပြန်လည်ရရှိကြောင်းလက်မှတ် ထိုးစေပါသည်။ ပြန်လည်အမ်းခဲ့ရာတွင်လည်း စကားပရိယာယ်တို့ဖြင့် ပြောဆိုကာ တစ်ခန်းလျှင် တစ်လ (၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၂)လစာကို ပြန်လည်ရယူထားပြန်ပါသည်။ ထိုသို့ တရားမ၀င်နည်းဖြင့် ဆက်လက်ရယူနေခြင်းတို့အပြင် ပညာရေးမြေပေါ်ရှိဆိုင်ခန်းများကို ပညာရေးဌာန ရုံးများ နေပြည်တော်သို့ပြောင်းရွှေ့မှုကို အခွင့်ကောင်းယူကာ မြို့နယ်ပညာရေးမှူးနှင့် ညွှန်ချုပ် တို့အား ပိုင်နိုင်သည်ဟု သတင်းလွှင့်ပြီး အမက(၂၅)ဗဟန်း အနောက်ဘက်ရှိ ၀န်ထမ်းသက်သာ ဆိုင်ခန်းများကို မိမိတရားဝင်ပိုင်ဆိုင်သော အဆောက်အဦးကဲ့သို့ ဈေးပြိုင်လေလံစနစ်ဖြင့် အငှားချထားမည်ဟု နိုင်ငံပိုင်ကိုလွဲမှားစွာ သုံးစွဲပြောဆိုနေခြင်းသည် နိုင်ငံ/ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု နှင့်ကိုက်ညီနေခြင်း။

၅။       ရုပ်ရှင်ဆက်တင်အခမ်းအနားများနှင့် ဆပ်ပန်းချီလုပ်ငန်းလုပ်ကိုင်သော ဦးမောင်ဦးဆိုသူကို ၂၀၀၂ ခုနှစ်မှ ၂၀၁၅ ခုနှစ် ယနေ့ထိတိုင် ကျောင်းမျက်နှာစာရှိ မြေကွက်လပ်၊ ကျောင်းဝင်းအတွင်းနှင့် ကျောင်းအုပ်ကြီးရုံးခန်းတွင် နေထိုင်အိပ်ခွင့်ပြုကာ ငှားရမ်းထားပါသည်။ ကျောင်းခြံတံခါးသော့၊ ကျောင်းသုံးဗီဒိုသော့များ၊ စာသင်ခန်းသော့များကိုလည်း နိုင်ငံတော်မှခန့်အပ်ထားသော တာဝန်ရှိဝန်ထမ်း မဟုတ်သည့် ဦးမောင်ဦးကို ပေးအပ်ထားပြီး နေထိုင်စီးပွားရှာခွင့်ပြုထားခြင်း၊ မြို့နယ်ပညာရေးမှူးရုံးကိုမူ သန်းခေါင်စာရင်းဝင်မဟုတ်ဘဲ ညှိနှိုင်းကာ အစ်ကိုတော်စပ် နေထိုင်ခွင့်တောင်းဆိုပြီး ဆောင်ရွက်ထား ပါသည်။

          (က)    ကျောင်းတွင်းရှိ ပညာရေးဌာနမှ ကျောင်းသုံးအထောက်အကူအဖြစ် ပေးအပ်ထားသော ကွန်ပျူတာအား ဂျာနယ်ရောင်းချသူနှင့် ဦးမောင်ဦးတို့အား အချိန်မရွေးသုံးစွဲခွင့်ပြုထားရာမှ ကွန်ပျူတာ System Box ထဲမှ Harddisk ခိုးယူခံရ ကျောင်းအုပ်ရုံးခန်းအတွင်းနေထိုင်ကာ လုပ်ငန်းနေရာ လုပ်ပိုင်ခွင့်ရရှိထားသော ဦးမောင်ဦး ဆိုသူမှ 500 GB, Harddisk ဖိုးကျသင့်ငွေ ၄၉၅၀၀ိ/- ကျပ်ကို စိုက်ပေးခဲ့ရပါသည်။ ထို့အပြင် ကျောင်းအတန်းတင်မေးခွန်းများသည် ခိုးယူလဲလှယ်ခံရသည့် Harddisk တွင် ပါသွား ကျောင်းပြင်ပတွင် ၃ ရက်ဆက်တိုက်မေးခွန်းများကို ရိုက်ပေးခဲ့ရသည်မှာ ကျောင်းတွင်းမေးခွန်းများ တန်ဖိုးမဲ့ရာရောက်ပြီး ကျောင်းတွင်းရှိဆရာမများ ပြင်ပတွင် ကျူရှင်သင်ကြားမှုကို အထောက်အကူပြုစေကာ ကျောင်းသားမိဘများအား ကျောင်း၏ သင်ကြားရေးစနစ်ကို ယုံကြည်မှု ကင်းမဲ့စေပါသည်။ Harddisk လဲလှယ်အခိုးခံရမှုကို ကျောင်းအုပ်အား ဦးမောင်ဦးမှ သက်သေနှင့်တင်ပြမှုကို ရဲရေးပိုင်မှုဖြစ်သော်လည်း ရဲဌာနသို့ တိုင်ကြားခြင်းမရှိသည့်အပြင် မြို့နယ်ရုံးသို့လည်းတင်ပြခြင်းမရှိဘဲ ပြုမူမှုသည်လည်း နိုင်ငံတော်ပိုင်ပစ္စည်းနှင့် ကျောင်းသားမိဘ၊ ပြည်သူတို့၏ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်မှုပင်ဖြစ်ပါသည်။

          (ခ)     ကျောင်းသည် ရပ်ကွက်ကို မျက်နှာမူ ဖွင့်လှစ်ထားသော ကျောင်းမှန်းသိလျက် ရပ်ကွက်နေ လူအများစောင့်ကြည့်ခံရသူ ဖြစ်သည်ကို အရေးမထားဘဲ ကျောင်းချိန်အတွင်းတွင် ကန့်သတ်ချက်မရှိ ကြုံရာလူများနှင့် ရပ်ကွက်ရှိ ရောင်နီ၊ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်တို့တွင် အချိန်ဖြုန်းခြင်းသည် တစ်ရပ်ကွက်လုံးနေ့စဉ် မြင်တွေ့နေရပါသည်။

၆။       စာသင်ကြားမှုနှင့်ပတ်သက်

          ပြီးခဲ့သော ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တွေ့ခဲ့ရသော မူလတန်းကျောင်းသားများသည် သတ်မှတ်စာသင်ချိန်ပြီးသော်လည်း ဆရာမများ၏ ကျူရှင်အပြိုင်ပေးမှုကြောင့် ဖြစ်ရပ်တစ်ခုကို ဖော်ပြလိုပါသည်။ ယင်းမှာ ဘာသာရပ်တစ်ခုတည်းကို ဆရာမနှစ်ဦး (အတန်းပိုင်ဆရာမနှင့် ဘာသာရပ်ဆရာမ) ထံ အခကြေးငွေပေးကာ သင်ကြားရမှုတို့ကြောင့် မိဘနှင့်ကျောင်းသားသည် တစ်နေ့တည်းတွင် တစ်ဘာသာတည်းကို ကျူရှင် (၂)ချိန် သင်နေရသဖြင့် နေ့စဉ်အချိန်လင့်ကာ ပြင်ပ ထမင်းဆိုင်များတွင် ထမင်းဝယ်စားရပြီး ည ၇ နာရီကျော်မှသာ အိမ်ပြန်ရခြင်းကို ကျောင်းအုပ်တစ်ယောက် အနေဖြင့် သိလျက်နှင့် ထိရောက်စွာမတားမြစ်ခြင်း၏ သက်ရောက်မှုသည် တိုင်းပြည်အတွက် လူသားမဆန်ဘဲ ငွေကို အဓိကထားသင်ကြားနေခြင်းကြောင့် နိုင်ငံတော်မှ ချမှတ်ထားသော အခမဲ့ ပညာသင်ကြားရေးစနစ်ကို ထုတ်ပြန်ထားသော ပညာရေးဝန်ကြီးဌာနအား စော်ကား၊ သိက္ခာချ အရှက်ရစေသည့်အပြင် တိုင်းပြည်မျိုးဆက် သားကောင်းရတနာများကိုလည်း ပျော်ရွှင်မှုပျောက်ဆုံးစေကာ နေထိုင်မကောင်းခဏခဏဖြစ်ခြင်း၊ ရန်လိုတိုက်ခိုက်တတ်ခြင်း၊ ဆရာမများအား မရိုသေတတ်ခြင်းများ တွေ့မြင်ရပြီး တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားသော အနာဂါတ်မျိုးဆက်သစ်များကို တွေးခေါ်မှုပျောက်ဆုံးစေကာ၊ အသိမှား၊ အတုယူမှား၊ နစ်နာစေသော သင်ကြားမှုတို့ကို ထိန်းသိမ်းခြင်းမရှိဘဲ တမင်ဖြစ်ပေါ်အောင် ဖန်တီးဆောင်ရွက်နေသော ဦးအောင်နိုင်ဝင်းအား အရေးယူစိစစ် ဆောင်ရွက်မှုမပြုဘဲ ယခုလို မူလတန်းကျောင်းအုပ်တာဝန် ထမ်းဆောင်နေစေသမျှ ကာလပါတ်လုံး နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် တာဝန်ထမ်းဆောင်နေသော ကျောင်းတို့အား နစ်နာစေပါသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်စတုတ္တတန်းအောင်မြင်သော ကျောင်းသားများအား ခွဲတန်းရသော အထက (၂) ဗဟန်းသို့ တက်ရောက်ခွင့်ရရန်အတွက် ဦးအောင်နိုင်ဝင်းသည် ကျောင်းသားတစ်ဦးလျှင် မြို့နယ်ပညာရေးမှူးမှ အလှူငွေကောက်ခံသည်ဆိုကာ ၅သောင်းကျပ်နှုန်း ကောက်ခံခဲ့ပါသည်။ သက်သေမှာ ကျောင်းသားမိဘတစ်ဦးဖြစ်သော ဗိုလ်စိန်မှန်ရပ်ကွက်နေ မစန်းစန်းဝေမှ အလှူငွေ ၅သောင်းကျပ်နှုန်း ပေးခဲ့ရသည့်အပေါ်မကျေနပ်သံဖြင့် ရင်ဖွင့်ခြင်းကို နားထောင်သိရှိရပါသည်။ ထို့နောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် သူငယ်တန်းပညာသင်ကြားမည် တင်ပြသူ၏ သားကိုလည်း ထိုကျောင်းသို့မအပ်နှံသင့်ကြောင်း အကြုံပြုခြင်းကြောင့် သင်ကြားမှုကို လေ့လာခဲ့ရာ အကြံပြုချက်နှင့် ကိုက်ညီနေပါသဖြင့် ကျောင်းပြောင်းအပ်နှံခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပါသည်။

၇။       တင်ပြသူသည် သက်ဆိုင်ရာပညာရေးဌာနနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်သို့ လက်ရှိဖြစ်စဉ်ကိုတင်ပြမည်ဆိုပါက အမက(၂၅) ဗဟန်း ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်ဝင်းသည် ``ငါသည် ဗဟန်းမြို့နယ်ကျောင်းစစ်ဆေးရေး အဖွဲ့ဝင်ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် အမက(၂၅)ဗဟန်း ကျောင်းအုပ်ဖြစ်ခဲ့သော ဆရာမကြီး ဒေါ်သန်းသန်း သည် တရားဝင် ဆောက်လုပ်ခဲ့သော ဆိုင်ခန်း(၄)ခန်းနှင့်ကပ်လျက် အပိုတစ်ခန်းဆောက်ခဲ့ခြင်းအား စာရင်းမတင်ပြ ခဲ့သည်ကို အကြောင်းပြု မြို့နယ်သို့တိုင်ပြီး ကျောင်းတွင် ကျောင်းအုပ်တာဝန်နဲ့ ရောက်ရှိသည်မို့ ´´ ပညာရေးမှူး၊ ညွှန်ချုပ်နှင့် ဌာနဆိုင်ရာများကို ငါပိုင်သည်၊ ကြိုက်ရာတိုင်ပါ မည်သူမှ ငါဂရုမစိုက်ပါဆိုသည့်စကားသည် မင်းမဲ့တိုင်းပြည်၊ ဥပဒေမဲ့တိုင်းပြည်၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေနိုင်ခြင်းအဖြစ်သို့ ထင်မြင်အဓိပ္ပါယ်သက်ရောက်စေပါသည်။

(သက်ဆိုင်ရာသို့ တိုင်ကြားမှုမဖြစ်စေရန် ညှိနှိုင်းပေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ကိုလည်း ထောက်ထားမှုမရှိဘဲ တိုင်ချင်ရာတိုင်ပါစေ၊ မညှိနှိုင်းနိုင်ဟုသာ ပြောဆိုခဲ့သည်ကို ဦးစိုးနိုင်မှတစ်ဆင့် ပြန်လည်သိရှိခဲ့ရပါသည်။)

၈။       ၂၀၀၈ ခုနှစ် ဇွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာ ရသကဲ့သို့ ငါ့အမိန့်ဟုပြောဆိုခြင်း၊ ကျောင်းအုပ်ဦးအောင်နိုင်ဝင်းမှ ဗိုလ်စိန်မှန်ရပ်ကွက်နေသူတို့အား ငါ့ကျောင်း၊ ငါ့မြေ၊ ငါ့ဆိုင်ခန်းဟု အလွဲသုံးစား ပြုမူပြောဆိုဆောင်ရွက်မှုများကို လက်ရှိကြုံတွေ့ခံစားရသော ဖြစ်စဉ်တစ်ခုအဖြစ်မှန်ကန်သောကြောင့် ခိုင်မာသောသက်သေများဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ရုံးမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန၀န်ကြီး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော်သို့ (၂၇-၆-၂၀၁၅) ရက်စွဲဖြင့်တင်သွင်း တိုင်ကြားခဲ့ရာ ယနေ့ထိတိုင်ဆိုပါက (၈၇) ရက်ရှိပြီဖြစ်ပါသည်။ စစ်ဆေးမေးမြန်း ကွင်းဆင်းအရေးယူမှု မရှိခြင်းကြောင့် တိုင်းပြည်အတွက် နစ်နာမှုဖြစ်ပေါ်နေခြင်းတို့မှာ ရပ်တန့်မနေဘဲ ဆက်ဖြစ်နေမည်သာဖြစ်ခြင်းကြောင့် ကျောင်းအုပ်ဦးအောင်နိုင်ဝင်း၏ အကျင့်ပျက်ခြစားမှုကို ခြစားနေသော သစ်အစားခိုင်မာသောအုတ်များ အလဲလှယ်ပြုလုပ်ကာ နိုင်ငံတော်သမ္မတ၏ ပြည်သူတို့အပေါ်စေတနာထား ကြိုးပမ်းဆောင်ရွက်နေသည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတွင် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြင့် အစားထိုးပြုပြင် ပေးမှသာလျှင် အခြေခံကောင်းမွန်ခိုင်မာပြီး ကမ္ဘာ့အလယ်တွင် မြန်မာသည် ဂုဏ်ဆောင်နိုင်မည် ဖြစ်ပါသည်။

          နိုင်ငံတော်အတွက်သာမက ကျောင်းသား/သူများ၊ မိဘပြည်သူများနှင့် လုပ်ဖော်ကိုင်ဖက် ပညာရေး ၀န်ထမ်းဆရာ/ဆရာမတို့အပေါ် နစ်နာစေမှုတို့ကို အကြိမ်ပေါင်းများစွာ ဆက်လက်ပြုလုပ်နေပြီး ယနေ့ ထက်တိုင် ရပ်တန့်ခြင်းမရှိ ဆောင်ရွက်နေသောကြောင့် ကျောင်းအုပ်ဆရာတစ်ယောက်၏ ကျင့်ဝတ်နှင့် မကိုက်ညီသောပြုမှုလုပ်ဆောင်နေမှုတို့အား အမြန်ဆုံးစိစစ်အရေးယူမှုပြုပေးပါရန် တိုင်းပြည်အကျိုး သယ်ပိုးကာ တိုင်းပြည်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတော်သမ္မတနှင့် အထက်လူကြီးမင်းများအား တာဝန်သိပြည်သူ တစ်ဦးအနေဖြင့် ရိုးသားမှန်ကန်မှုနှင့် ခိုင်မာမှန်ကန်သော သက်သေများအပါဝင် ပူးတွဲတင်ပြအပ်ပါသည်။

 

 

 

မှတ်ချက်

နိုင်ငံတော်မှ ချမှတ်ပေးထားသော ပညာရေးမူဝါဒအရ သင်ကြားမှုတစ်ပြေးညီသင်ကြားကြရန်သင်ရိုးနှင့် စီမံရေး၊ ဘဏ္ဍာရေးငွေသုံးစွဲမှုတို့ စနစ်တကျချမှတ်ထားပါသော်လည်း လိုက်နာခြင်းမရှိသူ နိုင်ငံတော်ပိုင်ကို ကိုယ်ကျိုးအဖြစ် အသုံးချသူ ဦးအောင်နိုင်ဝင်း အား အမြန်ဆုံးကွင်းဆင်းစိစစ် ဆောင်ရွက်၍ စုံစမ်းဖော်ထုတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

အတွေ့အကြုံအရ ဆန္ဒဖြစ်ပေါ်မှု

``အလက (၂) ဗဟန်းကျောင်းအုပ်ဆရာမကြီး၏ ပွင့်လင်မြင်သာမှုအပေါ် လေးစားတန်ဖိုးထားဆက်ဆံ သည့် ကျောင်းသားမိဘတို့အား ကွင်းဆင်းမေးမြန်းနိုင်ပါသည်။ ကျောင်းစည်းကမ်း၊ စတုတ္တတန်း၊ အဌမတန်းအောင်ချက်နှုန်းထား၊ ကျောင်းသားမိဘတို့အပေါ် ပွင့်လင်းမြင်သာစွာဖြင့် ပညာရေးဌာနမှ ခြောက်လတစ်ကြိမ် ဘဏ္ဍာသုံးစွဲခွင့် စာရင်းရှင်းတမ်း၊ လျှပ်စစ်မီတာသုံးစွဲမှုတို့အား ရှင်းလင်းစွာ ဆောင်ရွက်ခြင်း၊ ကျောင်းသားမိဘ ဆရာသမားတို့နှင့် သုံးနားညီသော သင်ကြားသည့်ပညာရေးစနစ် တို့ကြောင့် လွန်စွာဂုဏ်ယူရသော စည်းကမ်းအစအမျိုးသားစာသင်ကျောင်းကပင်ဖြစ်ပါပေသည်။ ထို့ကဲ့သို့ ပွင့်လင်းမြင်သာစွာဖြင့် အနာဂတ်မျိုးဆက်သစ်ကျောင်းသားများအား တိုင်ပြည်နှင့် ကျောင်းသားမိဘ တို့တွက် မွေးထုတ်လေ့ကျင့်ပေးနေသော အလက (၂) ဗဟန်းကျောင်းဆရာမကြီးကဲ့သို့ ကျောင်းအုပ်နှင့် ဆရာများ မြန်မာနိုင်ငံအတွက် မြောက်များစွာလိုအပ်လှပါပေသည်။´´

 

 

 

 

ကျောင်းသားမိဘ၊

 

အထက်ပါတိုင်စာအား အောက်ပါလိပ်စာတို့အတိုင်းတင်ပြအပ်ပါသည်-

-       သမ္မတ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်

-       ဥက္ကဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်၊

-       ဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်၊

-       ညွှန့်ကြားရေးမှူးချုပ်၊ အမှတ်() အခြေခံပညာဦးစီးဌာနချုပ်ရုံး၊ နေပြည်တော်၊

-       ဦးစိုးမောင်၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်၊

-       ဦးမြင့်ဆွေ၊ ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနချုပ်ရုံး၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အလွဲသုံးစားစုံစမ်းစစ်ဆေးရေးဌာနချုပ်ရုံး၊ နေပြည်တော်၊

-       ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၊

-       သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်။

-       ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန

-      တိုင်းဒေသကြီးပညာရေးမှူး၊ ရန်ကုန်ုတိုင်းဒေသကြီး

-      ခရိုင်ပညာရေးမှူး၊ အနောက်ပိုင်းခရိုင်

-      မြို့နယ်ပညာရေးမှူး၊ ဗဟန်းမြို့နယ်၊

 

0 comments:

Post a Comment