ပညာရေးဝန်ထမ်းများအထူးဂရုပြုလိုက်နာရသောစည်းကမ်းများအနက် စာမေးပွဲကိစ္စသည်အလွန်အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ပေသည်။ စာမေးပွဲမေးခွန်းများကို စာမေးပွဲမဖြေဆိုမှီ ပေါက်ကြားခြင်းမရှိအောင်လျို့ဝှက်ကိစ္စတစ်ခုအနေဖြင့် ထားရှိဆောင်ရွက်ကြရသည်။ ယခုမှာမူ ခွဲ-အထက မံစီလေး ပင်လည်ဘူးမြို့နယ်မှ စာမေးပွဲရက်မတိုင်မှီကြိုတင်စစ်ဆေးမှုကြောင့် မေးခွန်းများမှာ နှစ်စဉ်ပေါက်ကြားနေပါသည်။ ခွဲ-အထက မံစီလေး ပင်လည်ဘူးမြို့နယ် အတွက်ဖြေဆိုမည့်မေးခွန်းများကို အထက ပင်လည်ဘူးမှ ထုတ်ပေးပါသည်။ ၂၀၁၅-၂၀၁၆ပညာသင်နှစ် ပထမနှစ်ဝက်ဆုံးစာမေးပွဲအတွက် သတ်မှတ်ထားသောစာမေးပွဲဖြေဆိုရမည့်ရက်မှာ ၁၉.၁၀.၂၀၁၅မှ ၂၆.၁၀.၂၀၁၅ထိဖြစ်ပါသည်။ ၂၀.၁၀.၂၀၁၅နှင့်၂၁.၁၀.၂၀၁၅နှစ်ရက်သည်အဖိတ်နေ့နှင့်ဥပုသ်နေ့ဖြစ်သဖြင့် ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ထားပါသည်။ သို့သော် ခွဲ-အထက မံစီလေး ပင်လည်ဘူးမြို့နယ်၊ ကျောင်းမှာ ကျောင်းပိတ်ရက်တွင်စာမေးပွဲ ဆက်လက်ဖြေဆိုခဲ့သည်ဟု သိရပါသည်။ ခွဲ-အထက မံစီလေး၏စာမေးပွဲကျင်းပရက်မှာ ၁၉.၁၀.၂၀၁၅မှ ၂၃.၁၀.၂၀၁၅ထိသာကျင်းပခဲ့သည်ဟုလည်းသိရပါသည်။ မံစီလေးကျောင်းအတွက် ဖြေဆိုရန်မေးခွန်းများကို ကျွန်မတို့အထက ပင်လည်ဘူးမှထုတ်ပေးခြင်းဖြစ်သဖြင့် မံစီလေးကျောင်းတွင်စစ်ဆေးသည့် မေးခွန်းနှင့် အထကပင်လည်ဘူးတွင်စစ်ဆေးသည့်မေးခွန်းမှာ အတူတူပင်ဖြစ်ပါသည်။ ထိုသို့ကြိုတင်စစ်ဆေးမှုကြောင့် အထကပင်လည်ဘူးတွင်မဖြေဆိုရသေးသည့်ဘာသာအတွက် မေးခွန်းများမှာမံစီလေးမှပင်လည်ဘူးသို့ပြန်လည်ပေါက်ကြားခဲ့ပါသည်။ အထကပင်လည်ဘူးမှကျောင်းသားကျောင်းသူများမှာ မံစီလေးမှမေးခွန်းသိနိုင်ရန်ဖုန်းဖြင့်ဆက်သွယ်၍၄င်း၊ အချို့ဘော်ဒါဆောင်များမှာလူကိုယ်တိုင်သွားရောက်၍မိတ္တူကူးခြင်းဖြင့်၎င်း နည်းအမျိုးမျိုးဖြင့်မဖြေဆိုရသေးသောဘာသာများအတွက် မေးခွန်းများကြိုတင်ရယူကြပါတော့သည်။ မံစီလေးကျောင်းသည် အထကပင်လည်ဘူးနှင့်၁၉.၁၀.၂၀၁၅နေ့တစ်ရက်သာစာမေးပွဲဖြေဆိုရက်တူ၍ ကျန်ကျောင်းပိတ်ရက်နှစ်ရက်တွင်ကြိုတင်ဖြေဆိုမှုကြောင့် ပင်လည်ဘူးအထကမှ ကျောင်းသူကျောင်းသားများနှင့် ဘော်ဒါဆောင်များမှာ မဖြေဆိုရသေးသောဘာသာအတွက်မေးခွန်းများကို နှစ်ရက်ကြိုတင်၍ရရှိကြပါသည်။ ဤသို့စာမေးပွဲရက်မတိုင်မှီကြိုတင်စစ်ဆေးနေသည်မှာနှစ်စဉ်နှစ်တိုင်းဖြစ်နေပါသည်။ ဤအချက်ကိုသိထားသော အထက ပင်လည်ဘူးမှ ကျောင်းသားကျောင်းသူများမှာ ကျောင်းတွင်သင်သောသင်ခန်းစာများကိုဂရုမစိုက်ဘဲ မံစီလေးမှကြိုတင်မေးခွန်းကိုရယူရန်သာကြိုးစားကြပါတော့သည်။ စာမေးပွဲကိစ္စသည် ကြီးသည်ငယ်သည်မဟူ အလေးထားဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။ သို့သော် ခွဲ-အထက မံစီလေးမှ ပေါ့လျော့စွာဆောင်ရွက်မှုကြောင့် ပင်မကျောင်းဖြစ်သောကျွန်မတို့ အထကပင်လည်ဘူးမှ ကျောင်းသူကျောင်းသားများသည် သင်ခန်းစာထက်မေးခွန်းရရှိရေးကိုသာ အာရုံစိုက်လိုသောစိတ်ထားများဖြစ်ပေါ်လာရပါသည်။ အချို့သောကျောင်းသားများမှာ ကျောင်းတက်နေလည်းဘာမှမထူးဘူး။ အချိန်တန်ရင်မံစီလေးကအရင်ဖြေမှာမို့မေးခွန်းရမှာပဲဟုပင် ပြောဆိုကာ သက်ဆိုင်ရာဘာသာရပ်ပြဆရာဆရာမများကိုစော်ကားပြောဆိုခြင်း များကိုပင်ပြုလာကြပါသည်။ အချို့သောကျောင်းသားကျောင်းသူများမှာ ကြိုတင်မေးခွန်းရရှိပြီးဖြစ်သဖြင့် မေခွန်းမဝေမှီ သက်ဆိုင်ရာအဖြေများကိုကြိုတင်ရေးသားခြင်းမျိုးအထိဖြစ်လာပါသည်။ ပင်လည်ဘူးမြို့မှ ဘော်ဒါဆောင်တစ်ခုဆိုလျှင် ပင်လည်ဘူးမှထုတ်ပေးလိုက်သောနဝမတန်းမေးခွန်းများကို စာမေးမွဲမဖြေဆိုမှီကပင် ခွဲ-အထက မံစီလေး မှကျောင်းအုပ်ဒေါ်မြင့်မြင့်စန်းထံမှ ကြိုတင်ဝယ်ယူရရှိပြီးဖြစ်သည်ဟု ဆိုပါသည်။ ဝယ်ယူခဲ့ရသောဈေးနှုန်းကိုမူပြောကြားခြင်းမရှိပေ။ သို့ဖြစ်ပါ၍ ဝန်ထမ်းကျင့်ဝတ်နှင့်မလျော်ညီစွာ မေးခွန်းပေါက်ကြားစေခြင်း၊ အထက ပင်လည်ဘူးမှကျောင်းသားကျောင်းသူများအားအကျင့်စာရိတ္တပျက်ပြားစေခြင်း၊ စာမေးပွဲရက်မတိုင်မှီကြိုတင်ဖြေဆိုခွင့်ပေးခြင်းများပြုလုပ်သော ခွဲ-အထကမံစီလေးပင်လည်ဘူးမြို့နယ်မှ ကျောင်းအုပ်ဒေါ်မြင့်မြင့်စန်းအား ပညာရေးဌာနမှတာဝန်ရှိသူများမှလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် တင်ပြလိုက်ရပါသည်။
ပင်လည်ဘူးသူ
Wednesday, October 28, 2015
စာမေးပွဲကိစ္စမမှန်မကန်ဆောင်ရွက်နေသူအားအရေးယူပေးပါ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment