Subject: ယာဉ်မတော်တဆမှုတွေများလွန်းလို့နှစ်လမ်းသွားအမြန်လုပ်သင့်သောဝမ်းတွင်းမြို့နယ်
Monday, July 6, 2015
Fwd: ယာဉ်မတော်တဆမှုတွေများလွန်းလို့နှစ်လမ်းသွားအမြန်လုပ်သင့်သောဝမ်းတွင်းမြို့နယ်
Subject: ယာဉ်မတော်တဆမှုတွေများလွန်းလို့နှစ်လမ်းသွားအမြန်လုပ်သင့်သောဝမ်းတွင်းမြို့နယ်
Sunday, July 5, 2015
ရေတပ်ဦးစီးချုပ်ဘ၀ကနေ ဘောင်းဘီချွတ်ပြီး ၀န်ကြီးဖြစ်လာသူ စိုးသိန်း၏အကြောင်း တစေ့တစောင်း။
ဒီမိုကရေစီနိုင်ငံများရဲ့ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲကာလတွေမှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းများအနေနဲ့ မဲဆွယ်ကြတာတွေ၊ စည်းရုံးဟောပြောတာတွေ၊ စကားစစ်ထိုးပွဲတွေ တွေ့ဖူးကြမှာပါ။ မိမိရွေးချယ်ခံရလျှင် စီးပွားရေးကို ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်မယ်… ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မယ်… ပညာရေးကဏ္ဍကို ဘယ်လိုမြှင့်တင် မယ်… စသဖြင့် ပြောဆိုစည်းရုံးလေ့ရှိပါတယ်။
ကျုပ်တို့နိုင်ငံမှာလည်း သမ္မတရုံးဝန်ကြီးတစ်ယောက်က ၁ နာရီအတွင်းလုပ်ပေးမယ်။ ၁ နှစ်အတွင်းလုပ်ပေးမယ်။ ၃ နှစ်အတွင်းလုပ်ပေးမယ်နဲ့ အာဂကတိကဝတ်တွေနဲ့အတူ သမ္မတလောင်း မဲဆွယ်သလို ဘဝင်လေဟပ်၊ ပက်ပက်စက်စက်ပြောထွက်နေတာ နားခါးလွန်းလှပါတယ်ဗျာ။
သမိုင်းကြောင်းလေးတွေက သိပ်မကြာလှသေးပါဘူး… မေ့ချင်ယောင်မဆောင်ပါနဲ့ဦး… ဖျောက်ဖျက်ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့… ခဲရာခဲဆစ်တူးဖော်ဖို့မလိုတဲ့ မဝေးသေးခင် ကာလကလုပ်ဆောင်မှုလေးတွေကို facebook ပရိတ်သတ်ကြီးအတွက် ရှာဖွေတင်ပေးလိုက်ပါတယ်။ ကျောချမှ ဓားပြမှန်းသိရတယ်လို့ မဖြစ်ရအောင် ပြည်သူများသို့ ကြိုတင်အသိပေးခြင်းသဘောဆိုလည်း မှန်ပါလိမ့်မယ်။
ဦးစိုးသိန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်အချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး အဆင့်ထိရှိခဲ့ပါတယ်ဗျာ။ သူ့ရဲ့ ပြီးစလွယ်လုပ်ရပ်တွေ၊ လက်လွတ်စပယ်ပြောခဲ့တာတွေ၊ တပ်မတော်နဲ့ နိုင်ငံတော်အပေါ် လိမ်လည်ခဲ့တဲ့မှတ်တမ်းတွေက သူ့သမိုင်းကို ပုံဖော်နေမှာမို့ ဦးစိုးသိန်း ဘယ်လိုလူလဲသိရအောင် လေ့လာကြည့်စေ လိုပါတယ် –
– ရေတပ်ဦးစီးချုပ်ဘ၀တုန်းက လိမ်လည်ဝယ်ယူတည်ဆောက်ထားခဲ့တဲ့ 108 m Frigate (၂)စီး အကြောင်း (အခုထိ သုံးလို့မရဘူးလို့ သိရပါတယ်)။
– နာဂစ်တိုက်မည်မှန်း သိသော်လည်းပဲ စစ်သင်္ဘောတွေမောင်းလို့ရအောင် အောက်ခြေကို ဆီအပြည့် မပေးဘဲ ထုတ်စား၊ ရောင်းစားခဲ့တဲ့အတွက် နာဂစ်မှာ စစ်သင်္ဘောတွေ ဆီမရှိလို့မောင်းမရဘဲ နစ်မြုပ် သွားရခြင်းကြောင့် ရေတပ်ဦးစီးချုပ်ရာထူးကနေ ထုတ်ပယ်ခံရခြင်းကိစ္စ။
– စက်မှုဝန်ကြီးဖြစ်လာတော့ အိန္ဒိယနိုင်ငံက တာတာကုမ္မဏီနဲ့ပေါင်းပြီး ၁၀ ဘီးကားတွေ ထုတ်မယ်ပြော၊ မကွေးမှာစက်ရုံတွေဆောက်၊ လိုတဲ့စက်ကိရိယာပစ္စည်းတွေ ဈေးနှုန်းတင်ပြီးမှာ၊ စာရင်းလိမ်ပြ၊ ပွဲစားခယူ၊ နောက်ဆုံး ၁၀ ဘီးကားတွေကို အိန္ဒိယက မှာယူတင်သွင်းပြီး စက်မှုတံဆိပ်ကပ် ပြန်ရောင်း၊ အခုနောက်ဆုံး မကွေးက စက်ရုံကြီးသုံးမရဘဲ ဒီအတိုင်းရှိနေတဲ့ကိစ္စ။
– တရုတ်က Grand Tiger တွေဝယ်ပြီး စက်မှုတံဆိပ်တပ်၊ ချက်ချင်းလက်ငင်း တရုတ်ကားကနေ စက်မှုကား ဖြစ်သွားတဲ့ ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး၊ ၀န်ကြီးဌာနတွေနဲ့ စစ်တပ်ကို ကျွန်တော်ထုတ်တဲ့ ကားတွေပါဆိုပြီး အာပေါင်အာရင်းသန်သန် ပြောဆိုရောင်းချခဲ့တဲ့ကိစ္စ
– တကယ်အလုပ်မလုပ်နိုင်တဲ့စက်ရုံတွေ မြောက်မြားစွာတည်ဆောက်ပြီး ပွဲစားခအိတ်ထဲထည့်ဖို့လောက်သာ စဉ်းစားတဲ့ကိစ္စ (ဥပမာ- ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဂီယာစက်ရုံ၊ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှု စက်ရုံ၊ ဆေးစိမ်စက်ရုံ၊ မြေသယ်ကားကြီးများထုတ်လုပ်မှုစက်ရုံ၊ ချွေလှေ့စက်ရုံ၊ ရေအားလျှပ်စစ် ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်စက်ရုံ…)။
– စက်ရုံတွေတည်ဆောက်ရာမှာ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းကို ရေလမ်းကနေ သယ်ယူတာကို ကုန်းကြောင်းနဲ့ သယ်ယူကြောင်း စရိတ်စကပိုတင်ပြီး သိန်းပေါင်းသောင်းချီ အိပ်ကပ်ထဲထည့်ထားတာကို စာရင်းစစ်အဖွဲ့ဝင်ရာမှာ ဘူးပေါ်သလိုပေါ်တဲ့ကိစ္စ။
– ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဆိုပြီး သူ့လက်ထက်မှာ စာချုပ်ချုပ်ခဲ့တာတွေကို “ ကျွန်တော် အရင်တုန်းက မှားခဲ့ပါတယ် ” လို့ဝန်ခံပြီးမှ ယခုလက်ရှိ တကယ့်တကယ် လက်ပံတောင်းတောင်ကိစ္စ ဖြစ်လာတော့ လုံးဝတာဝန်မယူ ခေါင်းရှောင်နေတဲ့ကိစ္စ။
– ရွှေတောင်အိုက်ထွန်းတို့၊ Asia World ထွန်းမြင့်နိုင်တို့ကို သတင်းတွေ ကြိုတင်ရောင်းစားပြီးမှ ကားဈေးကွက်ကို ကစားခဲ့တဲ့အတွက် မြိုးမြိုးမြက်မြက်လေးရရှိခဲ့တဲ့ကိစ္စ
ဒါတွေဟာ ဦးစိုးသိန်းရေးခဲ့တဲ့ သူ့ရဲ့သမိုင်းတွေပါပဲ၊ ဒါတွေကို လေ့လာကြည့်ရင် ဦးစိုးသိန်းဟာ ဖော်လန်ဖားတတ်တဲ့သူတစ်ယောက်ဖြစ်ကြောင်းနဲ့ သမ္မတကြီးကို သူတတ်ကျွမ်းတဲ့ ကပ်ဖားရပ်ဖားပညာကြောင့်သာ ဒီလိုရာထူးရနေတာဖြစ်ကြောင်း ပေါ်လွင်လာပါလိမ့်မယ်။
တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တပ်မတော်အပေါ် ဘယ်လောက်အထိသစ္စာရှိခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ရင်၊ အခုအစိုးရအဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်နေစဉ်ကော၊ အစိုးရအဖွဲ့အစည်းနဲ့ တိုင်းပြည်အပေါ် ဘယ်လောက်ထိသစ္စာရှိမလဲသိမြင်နိုင်ပါလိမ့်မယ်။
ပရိတ်သတ်ကြိုက်အောင် အလွယ်တကူ ကတိတွေမပေးပါနဲ့… လွယ်လွန်းရင်သူကြွယ်တောင်မွဲသွားတတ်သလို သဘောကောင်းမိလို့ ပလိုင်းနဲ့လိုက်ကောက်ရတဲ့အဖြစ်မျိုးလည်းမဖြစ်စေလိုပါဘူး။
ဒါကြောင့် အူဝဲပြောတဲ့ ၃ မိနစ်ပဲစောင့်ဆိုတာက မာမား Ready Made ခေါက်ဆွဲပါ ဝန်ကြီးရယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မြဲစွာအမြစ်တွယ်ဖို့၊ အတိမ်းအစောင်းမရှိအောင်ဂရုပြုရင်း တည်ငြိမ်စွာနဲ့ဆောင်ရွက်ရမယ့် နိုင်ငံ့ရေးရာ များကိုဖြင့် မာမားခေါက်ဆွဲခြောက်တစ်ထုပ်ကို ရေနွေးဆူဆူထဲ ဖောက်ထည့်တာလောက်လွယ်ကူမယ်လို့ မျှော်လင့် မထားသင့်ပါကြောင်း… နောင်ပြောစကားများ လူကြီးပီပီဆင်ခြင်စဉ်းစားနိုင်ပါရန် လျှာတော်ရှည်ဝန်ကြီးအား သတိပေး လိုက်ပါတယ်။
(မော့ကင်း)။
Golden Triangle
Thursday, July 2, 2015
စဉ်းစားရ ခက် - ခက် - ခက်
Tuesday, June 30, 2015
အရှင်မွေး၍နေ့ချင်းကြီးသလော
အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် နိုင်ငံရေးပါတီဖွဲ့စည်းခွင့် လျှောက်ထားကြောင်း ကြားသိရ ပါတယ်။ ခွင့်ပြုမိန့် မရရှိသေးကြောင်းလည်း သိရှိရပါတယ်။ ၎င်းပါတီမှာ ပြည်ခိုင်ဖြိုးထက် သာတယ်၊ အရည်အချင်းရှိသူများလည်း ပါတယ်ဟု ပြောကြားကြောင်းလည်း သိရပါတယ်။ သူတို့က ပြည်ခိုင်ဖြိုးအတွက် စည်းရုံးပေးတာပါလို့ ပြောတယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ပါတီဥက္ကဋ္ဌက ပြောကြောင်းလည်း သိရပါတယ်။ အမျိုးသားတိုးတက်ရေးပါတီဆိုပြီး နယ်တကာ၊ ရပ်တကာ သွားရောက်ပြီး စည်းရုံးရေးဆင်းနေတာလည်း တွေ့ရတယ်။ စည်းရုံးရေးဆင်းရာမှာ ၀န်ထမ်းအငြိမ်းစားများ၊ ယခင် မ၀တ၊ ခ၀တ တာဝန်ယူခဲ့ဖူးသူ အရာရှိစစ်သည်ဟောင်းများ ပါဝင် နေတာကို တွေ့ရတယ်။ ဒီလိုပါလာဖို့အတွက် ဦးနေဇင်လတ် စွမ်းရည်ရှိပါသလား။ ယခင်က ဤသို့ စွမ်းဆောင်နိုင်ရည်များ၊ လုပ်ကွင်း လုပ်ကွက်များ တစ်ကြိမ်တခါမျှ မရှိခဲ့ဖူးပါ။ ယုံရုပ်ရေးပြသော်လည်း ယုံရခက်ကြီးပါ။ အခုလို ၀န်ထမ်းအငြိမ်းစားတွေ၊ စစ်သည်ဟောင်းတွေ ပါလာတာဟာ သြဇာအာဏာ မရှိဘဲ မဖြစ်နိုင်ပါ။ ဦးနေဇင်လတ် တစ်ဦးတည်းရဲ့ စည်းရုံးရေး စွမ်းရည်ဖြင့် ရနိုင်ဖွယ်ရာမရှိပါ။ အခု အဖွဲ့ဖွဲ့ပြီး အခု လူစုလို့ရနေတဲ့သဘော ဖြစ်နေပါတယ်။ ဒီပါတီနဲ့ သူတို့နဲ့ မပတ်သက်ကြောင်း သမ္မတရုံးကလည်း ကြေညာထားတာ တွေ့ရတယ်။ ဦးနေဇင်လတ်ကလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ပါတီဖွဲ့ခွင့် လျှောက်ထားတယ်ဆိုတော့ အကြံပေးလုပ်နေကတည်းက ပါတီဖွဲ့စည်းရေး၊ ထူထောင်ရေးတွေ ကြိုးစား ပြင်ဆင်နေကြောင်းကို မသိနိုင်ဘူးလား။
လ၊ ရက် အနည်းငယ်အတွင်းမှာ ပါတီစည်းရုံးရေးသမားတွေ များလာအောင် လုပ်နိုင်ခြင်းနှင့် လှုပ်ရှားနိုင်အောင် ငွေကြေး အတော်အတန်ရှိနေသည်ဟု ယူဆရခြင်း၊ သမ္မတရုံးတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင် နေစဉ်မှာကတည်းက ဤလုပ်ငန်းတွေ လုပ်နိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်ခြင်း မရှိဘဲ လုပ်နိုင်ပါ့မလားလို့ သံသယပွားစရာ ဖြစ်ခြင်းများကို အကြံပေးများ၊ ကော်မတီဝင်၊ ကော်မရှင် အဖွဲ့ဝင်များ ၀ိုင်းဝိုင်းလည်နေသော သမ္မတရုံးဝန်ထမ်းများ အဆက်မပြတ်ဝင်ထွက်နေသော ၀န်ကြီးများကြားမှာ မသိလိုက်ဘူး၊ မသက်ဆိုင်ဘူးဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဦးနေဇင်လတ်သည် ဤကဲ့သို့ တာဝန်ထမ်းဆောင်နေစဉ် ပါတီတစ်ခု ထူထောင်ဖို့ အလွန်ပါးနပ်ပြီး အဖက်ဖက်က ကျွမ်းကျင်သော အသိုင်းအ၀ိုင်းကြားမှာ သိုသိပ်လျှို့ဝှက်စွာ ဆောင်ရွက်နိုင်ခြင်းကို အံ့သြ ချီးကျူးရမှာပါပဲ။ သို့မဟုတ် ဤသို့မဟုတ်ဘဲ ဆောင်ရွက်နိုင်ခြေများ ရှိလို့လားဟု စဉ်းစား စရာလည်း ဖြစ်ပါတယ်။ ဤသို့ ပါတီနိုင်ငံရေး ဆောင်ရွက်ချက်များ လုပ်နိုင်ခွင့်ရှိတယ်ဆိုပါက အခြေခံဥပဒေနှင့် ငြိစွန်းမှုမရှိဘူးလား လို့လည်း မေးစရာ ရှိပါတယ်။
မှန်၏၊ မမှန်၏တော့မသိ သတင်းများ ထွက်ပေါ်လာတာတော့ ကြားလိုက်ဖူးပါတယ်။ ကြားလိုက်ရတဲ့ သတင်းများကတော့ အမျိုးသားတိုးတက်ရေးပါတီရယ်လို့ မပေါ်မီ ကာလအနည်းငယ် လောက်က NLD ကိုယှဉ်ပြိုင်ဖို့ ကိုယ်ခွဲပါတီ ထောင်မည်ဟူသောသတင်း၊ အင်အား အသင့်အတင့်ရှိ ပါတီတစ်ခုကိုလည်း မျက်နှာသာပေး၍ ချဉ်းကပ်စည်းရုံးပြီး ထောက်ခံမှုရယူမည် ဟူသောသတင်း၊ အာဏာရယူလိုသော အုပ်စုတစ်စုက ပြည်ခိုင်ဖြိုးပါတီ အင်အားတစ်ချို့ကိုလည်း ဖဲ့ထုတ်ယူသွားရန် ကြံစည်နေသောသတင်း၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများရဲ့ အကူအညီကိုလည်းပဲ အချိန် အခါ သင့်ချိန်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အကူအညီများ ရယူသွားမည်ဟူသော သတင်းများပဲ ဖြစ်ပါတယ်။
အမျိုးသားတိုးတက်ရေးပါတီဟာ ကော်မရှင်မှ တရားဝင်ခွင့်ပြုမိန့် တစ်စုံတရာထုတ်ပြန်ခြင်း မရှိသေးခင် ကတည်းက မီဒီယာနှင့် နိုင်ငံရေးလောကတွင်သာမက ပြည်သူလူထုကြားတွင် ယခု အချိန်မှာ ရေပန်းအစားဆုံး ပါတီကဲ့သို့ဖြစ်နေတာတော့ သေချာပါတယ်။ ထို့ကြောင့် အမျိုးသား တိုးတက်ရေးပါတီသည် အရှင်မွေး၍နေ့ချင်းကြီးသလောဟု စဉ်းစားစရာပါပဲ။
နိုင်ငံရေးလေ့လာသူတစ်ဦး
Friday, June 5, 2015
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးစာ
ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ရွှေဘို အ မ က ကျောင်းအား အ လ က
ကျောင်းအဖြစ် အဆင့်တိုးမြှင့် ချထားရာ
ချစ်တီးကုလားပိုင်မြေဖြစ်ခြင်းကြောင့် ဆိုင်းငံ့ထားခြင်းအပေါ်
ပြန်လည်စိစစ်၍ အ လ က ကျောင်းအဖြစ် အဆင့်တိုးမြင့် ပေးပါရန်
တင်ပြအပ်ပါသည်။
ထိုကျောင်းခြံမြေနေရာတွင် ယခင်(န ဝ တ)ခေတ် ၁၉၈၉-၉၀နှစ်အထိ အိမ်ခြေပေါင်း
၇၀ ဝန်းကျင်ခန့်နေထိုင်ခဲ့သော ချစ်တီးမြေဖြစ်ပါသည်။ထို့ကြောင့်
နယ်မြေတာဝန်ခံဖြစ်သော ဗိုလ်မှူး သာအေး မှအစိုးရပိုင်မြေဖြစ်သည်ဟုဆိုကာ
ထိုအိမ်များအား တိုးချဲ့ကွက်သစ်အဖြစ်နေရာပေး ပြောင်းရွှေ့စေကာ အ မ က
ကျောင်းဆောက်လုပ်ခဲ့ပါသည်။ယခုအခါ လိုအပ်ချက်ကြောင့် အ လ က ကျောင်းအဖြစ်
အဆင့်တိုးမြင့်သတ်မှတ်ခဲ့ရာတွင် ချစ်တီးကုလားမဟုတ်ဘဲ အခြားကုလားများမှ
တားမြစ်သောကြောင့် ဆိုင်းငံ့ခဲ့ခြင်းအပေါ်
လွန်စွာစိတ်မကောင်းဖြစ်မိပါသည်။အဘယ့်ကြောင့်ဆိုသော် အမျိုးသားပညာရေးအတွက်
နှောင့်နှေးခဲ့ပါသည်။
သို့ဖြစ်ပါ၍ထိုကျောင်းခြံမြေအား ပိုင်ဆိုင်မှူ့
အမြန်ဆုံးသတ်မှတ်ပေးပါရန်နှင့် အ လ က ကျောင်းအဖြစ်သတ်မှတ်ပေးပါရန်
တင်ပြအပ်ပါသည်။
ပညာရေး လိုလားသူများ
Monday, March 16, 2015
ပေးစာ၊ တိုင်စာ၊ ပစ်စာ


'ဒါလေးတွေကို သာအေးသိအောင်ပြောပေးကြပါအုံး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ကျေးရွာ ကတော့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မှာတည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး နယ်စပ်မှာရှိပါတယ်။ မလယ်ဒေသဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မှာရှိတဲ့ သပိတ်ကျဉ်းမြို့နယ်၊ တွင်းငယ် ဒေသနဲ့ ကပ်လျက်ဆက်စပ်ပြီး ရှိနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာတော့ နွားမှောင်ခိုသမားများက ဇီးကုန်း-မလယ်-တွင်းငယ်-မဘိမ်း လမ်းကြောင်းများကတဆင့် တရုတ်နိုင်ငံကိုသွားတဲ့ နွားမှောင်ခိုပို့ဆောင်ရာ လမ်းကြောင်းတစ်ခုဖြစ်နေတာကြာပါပြီ။ အဲဒီနွားမှောင်ခိုလမ်းကြောင်းများမှ တဆင့် မူးယစ်ဆေးဝါးများ ပြန်လည် သယ်ဆောင်လာခြင်းကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းကို တရားမ၀င် မူးယစ်ဆေးများ ၀င်ရောက်လာတာဟာ နောင်အနာဂါတ် လူငယ်များအတွက် ရင်လေးစရာတစ်ခုဖြစ်သလို၊ နိုင်ငံတော်အတွက် သက်ရှိသယံဇာတများ ပြုန်းတီးမှုအတွက်လည်း ရင်လေးစရာတစ်ခုဖြစ်နေပါတယ်။ သက်ဆိုင်ရာ ခရိုင်အဆင့် တိုင်းအဆင့်သို့ တာဝန်ရှိပြည်သူများမှ တာဝန်သိသိ တိုင်ကြားသော်လည်း ဒေသခံ ရဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အထက်ပါ မှောင်ခိုလမ်းကြောင်းများ မှ ရရှိသောငွေ အလွန်များပြားသောကြောင့် အထက်အောက်ညှိနှိုင်းပြေလည်သွားတာမျိုး အကြိမ်ကြိမ် ဖြစ်နေလျက်ပါ။ နွားမှောင်ခိုသမားများ အတွက် ပေးဆောင်ရသော တရားမ၀င် သတ်မှတ် ပေါက်ကြေးများမှာ နွားတစ်ကောင် လျှင် ရဲကြေး ၂၀၀၀၀ကျပ် ၊ မလယ်ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀၀၀ ကျပ် ၊ စသုံးလုံး ၂၀၀၀ကျပ်၊ မလယ်ကျေးရွာ သားသတ်လုပ်ငန်းရှင် ၂၀၀၀ကျပ်၊ ဇီးကုန်းမှ ကိုကျော်သူ က တိုင်းဒန၊ ခရိုင်မှူး ၊ မြို့နယ်မှူး ၊ နယ်လွန် စသည့် ခေါင်းစဉ်ကြေးများဖြင့် ၁၅၀၀၀ကျပ် ပေးဆောင်ပြီး မလယ်ရဲစခန်းပိုင် နယ်မြေများအတွင်း မှောင်ခိုသမားများ ဖြတ်သန်းလျက်ရှိနေပါတယ်။
မလယ်တိုက်နယ် မှ နေ့စဉ် နွားကောင်ရေ ရာချီပြီး ဖြတ်သန်းနေတာ ဖြစ်တဲ့ အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ ၀င်များ ဟာ ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး အလုပ်များ ကိုလုပ်ဆောင်ရန်စိတ်ဝင်စားခြင်း မရှိတော့ပဲ၊ နေ့စဉ်နဲ့ အမျှ မလယ် နယ်မြေအတွင်း တောတောင် လမ်းကြားများသို့ လှည့်လည် သွားလာပြီး တရားမ၀င် မှောင်ခိုလာဘ်ငွေများ ကောက်ခံရန်အတွက်ကိုသာ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က မလယ်ကျေးရွာမှ ရှေးဟောင်း ဘုရား များပျောက်ဆုံးခြင်း၊ ကျေးရွာအတွင်း ညနက်သန်းခေါင် အချိန်များတွင် အမည်မသိ ခေါင်းကို ပုဆိုးများ ခြုံ ပြီး ရုပ်ဖျက် သောင်းကျန်းမှုများရှိနေခြင်း၊ ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ တို့ အား လစ်လျှူရှုထားပါတယ်။ မလယ်ကျေးရွာ ပတ်ဝန်းကျင်ရှိ အိုင်မဆိပ်ကမ်း၊ ကြက်သန်းချောင်းဆိပ်ကမ်း၊ ကျောက်လုံးကြီးဆိပ်ကမ်းများမှ ဧရာဝတီမြစ်ကို နွားမှောင်ခို များ ညစဉ် ညနက်သန်းခေါင် အချိန်များ တွင် စက်လှေသံများ ဆူညံစွာ ဖြင့် ဖြတ်သန်းလျက် ရှိနေတာကို ခရိုင်အဆင့် တိုင်းအဆင့် များအထိ တာဝန်ရှိပြည်သူများမှ အကြိမ်ကြိမ်တိုင်ကြားသော်လည်း ၊ အရေးယူဆောင်ရွက်ခြင်းမရှိပဲ၊ အပေးအယူလုပ်ပြီး အဆုံးသတ် သွားသည်မှာ အကြိမ်ကြိမ် ရှိပြီဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မှ ဦးသာအေးကြီး မသိချင်ယောင်ဆောင်ပြီးမနေစေချင်တဲ့အတွက် အခုလို တင်ပြလိုက်ပါတယ်ဗျာ။
တာဝန်ရှိပြည်သူတစ်ဦး
Saturday, December 20, 2014
စာနာတတ်သူ၊ ဘ၀မမေ့တတ်သူတစ်ဦး
သူဟာဘယ်သူလဲ၊ သူ့လုပ်ဆောင်ချက်တွေကဘာလဲ၊ ဘာကြောင့်လုပ်သလဲ ဆိုတာတွေကို တင်ပြ လိုပါတယ်။
သူဟာ မြို့ကြီးပြကြီးမှာ မွေးဖွားကြီးပြင်းခဲ့သူမဟုတ်ပါဘူး။ သာမန်မိသားစုတစ်စုကနေ မွေးဖွား လာခဲ့တာဖြစ်ပြီး သာမန်မိသားစုတို့ရဲ့ ဘ၀ပေးအခြေအနေအတိုင်း အများသူငါလိုပဲ ကြိုးစားရင်းနဲ့ ဘ၀ကို တည်ဆောက်လာခဲ့ရတာဖြစ်ပါတယ်။ ခက်ခဲခဲ့တယ်၊ ကြမ်းတမ်းခဲ့တယ်၊ များစွာ ကြိုးစားခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ သူ့လိုလူတွေရဲ့ ဘ၀တွေကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ စိတ်မကောင်းစွာ နဲ့ပဲ တစ်နေ့တော့….. ဆိုပြီး ဆထက်ထမ်းပိုး သူပိုကြိုးစား တည်ဆောက်ပြန်တယ်။ အောင်မြင်ခဲ့တယ်။ မျှော်မှန်းတည်ဆောက်ခဲ့တာနဲ့ ထပ်တူနီးပါးဖြစ်လာခဲ့တယ်။
ယနေ့ သူ့မှာ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူ့ကို ယုံကြည်လေးစားသူ၊ ချစ်ခင်သူပေါင်း မြောက်များ စွာ ဖြစ်ပေါ်လာခဲ့တယ်။ သူ့ကိုကူညီချင် သူတွေ လည်း များစွာပါပဲ။ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အင်အားတွေပါ။ ဒီအင်အားတွေကပဲ သူ့လုပ်ဆောင်ချက်တွေအတွက် အထောက်အပံ့ဖြစ်ခဲ့ ပါတယ်။
လုပ်ငန်းတာဝန်အရရော ချစ်မြတ်နိုးစိတ်နဲ့ပါ သူ့မွေးဇာတိနဲ့ ဇာတိပတ်ဝန်းကျင်ကကျေးရွာတွေကို နှစ်ပေါင်း၊ အခေါက်ပေါင်းမြောက်များစွာ လှည့်လည်သွားလာခဲ့ပါတယ်။ ကျေးရွာလူထုတွေရဲ့ အခြေအနေ၊ နယ်မြေရဲ့ အခြေအနေတွေကို အနီးကပ်လေ့လာတွေ့မြင်ခဲ့တယ်။ လိုအပ်ချက်တွေ များစွာရှိနေသေးတာကို တွေ့ခဲ့ရတယ်။ တတ်စွမ်းသလောက် ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။ စားရေးမှာ အဓိကလိုအပ်တဲ့ "ဆန်" လှူဒါန်း၊ ထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့တယ်။
၁၉၉၃ ခုနှစ်ကစတင်ပြီး ယခုနှစ်အထိ ၂၁ နှစ်တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှမပျက်ကွက်စေဘဲ ဆန် လှူဒါန်းထောက်ပံ့မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ဆောင်ရွက်တော်မူနေကြသော သံဃာတော် အရှင်သူမြတ်များကိုလည်း သာသနာ ဆိုင်ရာကိစ္စရပ်များ မပင်မပမ်းထမ်းရွက်တော်မူနိုင်ကြစေရန်ရည်ရွယ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းလိုတဲ့ အတွက် ဆွမ်းလောင်းသင်းများကို ဆွမ်းဆန်တော်လှူဒါန်းခြင်း၊ ဆွမ်းဆန်ရှားပါးသော ဘုန်းတော်ကြီး ကျောင်းများကို ဆွမ်းဆန်တော်များ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါတယ်။ သက်ကြီးဘိုးဘွားများ၊ ဘိုးဘွား ရိပ်သာများကို အဟာရဆန်လှူဒါန်းခြင်း၊ နွမ်းပါးအိမ်ထောင်စုများကို ဆန်ထောက်ပံ့ပေးခြင်း၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများကို ဆန်ထောက်ပံ့ခြင်း၊ ဆေးရုံဝန်ထမ်းများကို ဆန်ထောက်ပံ့ခြင်း၊ အခြား လိုအပ်နေရာများသို့ ဆန်ထောက်ပံ့ခြင်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပေးတဲ့နေရာမှာလည်း အိတ်လိုက်၊ တင်းလိုက်ပေးတာပါ။
ယခုနှစ်မှာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၄၆ ကျောင်း၊ ဆွမ်းလောင်းအသင်း ၄ သင်း၊ ဘိုးဘွား ရိပ်သာ ၂ ခု၊ အခြေခံပညာကျောင်း ၄ ကျောင်းမှ ဆရာ၊ ဆရာမ ၁၇၀ဦး၊ ဆေးရုံ ၂ ရုံမှ ၀န်ထမ်း ၇၀ဦး၊ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စုပေါင်း ၁၉၃၃စုသို့ ဆန်အိတ်ပေါင်း ၃၁၂၅ အိတ် လှူဒါန်းထောက်ပံ့ ပေးခဲ့ကြောင်း သိရပါတယ်။
၁၉၉၃ ခုနှစ်မှ ယခု ၂၀၁၄ ခုနှစ်အထိ ၂၁ နှစ်တာကာလအတွင်း ဆန်အိတ်ပေါင်း ၆၃၀၈၅ အိတ် လှူဒါန်းပြီးဖြစ်ကြောင်း သိရတဲ့အတွက် နှစ်စဉ် တစ်နှစ်လျှင် ပျမ်းမျှ ဆန်အိတ် ၃၀၀၀ ကျော်လှူဒါန်းခဲ့ တယ်လို့ သိနိုင်ပါတယ်။
ဒီဆောင်ရွက်ချက်အပေါ်မှာ ခုလို ဇာတိနယ်မြေကိုပြန်ကြည့်သူ ဘ၀မမေ့တတ်သူတစ်ဦးကို အားလုံးက သာဓုအနုမောဒနာခေါ် ဆိုကြောင်း၊ ကျေးဇူးတင် ၀မ်းမြောက်ကြပါကြောင်း၊ နောက်နောင်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ ဒီလို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆုတောင်းမေတ္တာ ပို့သကြပါကြောင်း ပီတိဖုံး၊ အပြုံးမျက်နှာ များနဲ့ ပြောကြားနေကြတဲ့ နယ်သူနယ်သားအပေါင်းကို တွေ့မြင်ခဲ့ရပါတယ်။
တော်ရုံစွမ်းဆောင်ရည်နဲ့မဖြစ်နိုင်တဲ့ လုပ်ဆောင်မှုကို ဆယ်စုနှစ် ၂ ခုကျော် စဉ်တိုက်ဆက်တိုက် ဆောင်ရွက်နိုင်ခဲ့တယ်။ မိသားစု၊ မိတ်ဆွေများ၊ ချစ်ခင်ကြည်ညိုသူများကလည်း ၀ိုင်းဝန်းဆောင် ရွက် ပေးခဲ့ကြတယ်။ ရှေ့ ဆက်ပြီးတော့လည်း တက်ညီလက်ညီဆောင်ရွက်ကြဦးမယ် ဆိုတာ လည်း မြေကြီး လက်ခတ်မလွဲနိုင်ပါ။
မိမိနယ်မြေဒေသအပေါ် သံယောဇဉ်ကြီးမားစွာနဲ့ နယ်မြေရဲ့လို အပ်ချက် များစွာထဲက မိမိ တတ်စွမ်းသလောက် ကွက်လပ်ကလေး တစ်ခုကို နှစ်ပေါင်းများစွာဖြည့်ဆည်ပေးလာသူကတော့ ပြည်သူ ချစ်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီး ဦးအောင်သောင်းဖြစ် ပါကြောင်း လေးစား ဂုဏ်ယူစွာ တင်ပြလိုက်ရ ပါတယ်ခင်ဗျာ။
Sunday, November 30, 2014
ကျင့်ဝတ်မညီ၊ မာနထောင်လွှားနေသော စစ်ကိုင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း ပညာရေးဝန်ကြီးဌာန နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ
စစ်ကိုင်းမြို့နယ် ပဲကတိုးကျေးရွာအနီး ..
စစ်ကိုင်းတက္ကသိုလ်ရှိ .. ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့ရဲ့ တဖက်လက်ဖြင့်ကျူရှင်သင်ခြင်း .. သူတို့ဆီ ကျူရှင်ယူတဲ့ ကျောင်းသားတွေကို မျက်နှာသာပေးခြင်း .. ပညာရေးကို စိတ်ကြိုက်ဖန်တီး လုပ်ချင်ရာလုပ်နေခြင်း .. ဆရာမအချင်းချင်း .. ပါမောက္ခအချင်းချင်း မာနထောင်လွှားနေခြင်းများမှာ .. အလွန်ပင်စိတ်ဆင်းရဲစရာအကြောင်း လူအများသိစေရန်နှင့် .. .. ပြုပြင်ပြောင်းလဲရေးတွေုလုပ်နေပါတယ်ဆိုတဲ့ အစိုးရ နှင့် ကျောင်းသားထု အလိုမရှိတဲ့ အကျင့်ပျက် အစိုးရ၀န်ထမ်း ပညာရေးဝန်ထမ်းတွေ အကြောင်းကို စိတ်ပျက်ဖွယ်ရာ အများပြည်သူသိစေလိုခြင်းငြာ တင်ပြလိုက်ရပါသည်။ ..
ပဲကတိုးကျေးရွာအနီး စစ်ကိုင်းတက္ကသိုလ် တွင် တာဝန်ကျနေသည့် .. ပါမောက္ခ ဒေါ်နွယ်နွယ်အေး သည် စစ်ကိုင်းမြို့အတွင်းတွင် နောက်ကွယ်မှ ကျူရှင်ဖွင့်ထားပြီး ကျူရှင်တတ်သူများကို မျက်နှာသာပေးခြင်း .. လာရောက် ကန်တော့သူများကို အမှတ်တိုးပေးခြင်း .. အဆင့်တိုးပေးခြင်း .. ကျူရှင်မတက်သူများကို .. ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ဒေါက်တာ ဒေါ်ခင်တိုးတိုးအောင်မှာလည်း .. အတူတူဖြစ်ပြီး .. ဒေါ်နွယ်နွယ်အေး အရှိန်နဲ့ စစ်ကိုင်းတက္ကသိုလ်အတွင်း ကျောင်းသားများကို ကျင့်ဝတ်မညီစွာနဲ့ စိတ်ကြိုက်ဖန်တီးနေပါသည်။
ဒေါ်နွယ်နွယ်အေးမှာ တခြားပါမောက္ခများကိုလည်း .. အချင်းချင်းလေးစားခြင်းမရှိပဲ မထီမဲ့မြင် ဆက်ဆံခြင်း .. မာနထောင်လွှားခြင်း .. ဆရာဆရာမများအပေါ် .. အာဏာပြခြင်းများကို ပြုလုပ်လျှက်ရှိပါသည် ..
အဲဒီအကြောင်းကို မြို့နယ် ပညရေးမှု့ ပြည်နယ်ပညာရေးမှု .. နှင့် .. ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း .. ယခုအချိန်ထိ . ဒေါ်နွယ်နွယ်အေး နင့် ဒေါ်ခင်တိုးတိုးအောင်တို့ အမူအကျင့်မှာ ပြောင်းလဲခြင်းမရှိသေးပါ ..
ဒေါ်နွယ်နွယ်အေးနဲ့ ဒေါ်ခင်တိုးတိုးအောင်တို့ကြောင့် စစ်ကိုင်းတက္ကသိုလ်ထဲက .. ကျောင်းသားတွေရော ဆရာတွေပါ .. သဘောထားတင်းမာနေကြပြီး မကြာခင်မှာ ပေါက်ကွဲမယ့်အနေအထားကို ရောက်နေပြီဖြစ်ပါသည် .. ကျောင်းသားအချို့က .. စစ်ကိုင်းခရိုင်ကျောင်းသားများသမဂ္ဂကနဲ့ ဆက်သွယ်လာပြီး .. ဆရာများကလည်း ကျောင်းသားများဘက်က ရပ်တည်လာပါသည်။
အဲဒါကြောင့် အမြဲတန်း အကျင့်ပျက်ကာ .. ပါမောက္ခဆိုပြီး အခြားဆရာမများအပေါ် .. တပည့်များအပေါ် .. တပည့်များအပေါ် လုပ်ချင်တိုင်းလုပ်နေတဲ့ ဒေါ်နွယ်နွယ်အေး နဲ့ ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း သက်ဆိုင်ရာ ပညာရေးဌာနမှ .. အထက်လူကြီးများ သိစေရန် အသိပေး တိုင်ကြားအပ်ပါသည်။
ဝန်ထမ်းတွေ လစာတိုးဖို့ ဆွေးနွေးနေတဲ့ လွှတ်တော်အမတ်များကိုရော .. Clean Gov , Good Gov ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန် ကိုရော .. သိစေချင်ပါသည်။ .. .
By/
ကျောင်းသားဟောင်းတစ်ယောက် ...
Thursday, November 20, 2014
မြန်မာပိတောက် company ၏ ယုတ်မာမှုများ
မတရား အမြတ်ထုတ် ၀ါးစားနေသော mpt sim card ဖြန့်ချီနေသော နေပြည်တော်မှ မြန်မာပိတောက်၏ လုပ်ရပ်အား အမြန်ဆုံးဖော်ပြပေးရန် လေးစားစွာ တောင်းပန်ပါသည် ခင်ဗျား။
မြန်မာပိတောက်သည် မည်သည့် နေရာ အခြေစိုက်သည်ကိုလည်း မိမိ မသိပါ။ mpt sim card ကျလာမှ သာ ပေါ်လာခြင်းဖြစ်သည်။ မြန်မာပိတောက်သည် အစိုးရမှ တရားဝင် 1500 ကျပ် နှင့် ချပေးသော sim card များကို ပြည်သူလူထူလက်ထဲသို့ မှန်ကန်စွာ မထည့်ပဲနှင့် sim card တစ်ကဒ်ကို နှစ်သောင်းပေါက်ချိန်မှာ ရှမ်းကန်ရှေ့မှ လေဆာ မိုဘိုင်း ဆိုင်သို့ sim card ပေါင်းသောင်းနှင့်ချီ ရောင်းစားပစ်ခဲ့ပါသည်။ ကဒ် ၅၀ လောက်ကို အရောင်းပြလိုက်ပါသည်၊ လူကြည့်ကောင်းအောင်ပါ။ မြန်မာပိတောက်မှ နည်း (၃) မျိုးနှင့် sim card ရောင်းပါသည်။ ၄င်းတို့မှာ
(၁) ငွေဖြည့်ကဒ် ၄ percent နှင့် တစ်သိန်းဝယ် တစ်ကဒ်
သိန်းတရာဝယ် ကဒ်လေးဆယ်
(၂) အရောင်း အနည်းငယ် ပြ ၄င်းတို့နှင့် ရင်းနှီးသောဆိုင်နှင့် တစ်ဝက်စားစီ မှောင်ခိုထုတ်။
(၃) အဆိုးဆုံးမှာ သူတို့ ခိုးစား မတရားသဖြင့် လုပ်စားနေသော ဇတ်လမ်းကြီး ပေါ်ပေါက်မည်စိုးသဖြင့် လူယုတ်မာတွေကို ဟိုရွေ့ သည်ရွေ့ ချိန်းလိုက်ပါသည်။ ရုံးချုပ်ကစိုပီး ဆိုင်ပေါက်စေ့ရောက်လာပါသည်။ လူမြင်ကောင်းအောင် လေးငါးကဒ် ငွေဖြည့်ကဒ်နှင့် တွဲပေးလိုက်ပါသည်။ ပီးလျှင် ဆိုင်ကို အတင်းဓါတ်ပုံရိုက်ပါသည်။ လက်မှတ်အတင်းထိုးခိုင်းပါသည်။ လေး ငါး ကဒ် ရောင်း ပေးတဲ့ဆိုင်တွေ ၅၀ / ၁၀၀ စားရင်းသွင်းလိုက်ပါသည်။ စဉ်းစားကြည့်လိုက်ပါ ဘယ်လောက်မိုက်ရိုင်းသလည်းဆိုတာ…၊
အများဆုံး သူတို့ သွင်းသော ဆိုင်မှာ လေဆာ မိုဘိုင်း ဖြစ်ပါသည်။ သူတို့မှလည်း အများပြည်သူများ သုံးနိုင်စေရန်အတွက် တောင်လိုပုံနေသော mpt simcard များကို လာဝယ်သူများအား ဗြောင်ငြင်းပီး မရှိဘူး အကုန်လုံးရောင်းပီးသားဆိုပီး ပြောလိုက်ပါသည်။ နေ့မကူးခင် နေပြည်တော် mpt sim card များက မန်းလေး ရောက်သွားပါသည်။ တစ်ကဒ်နှစ်သောင်းနှင့် ။ နမူနာ တွက်ပြပါမည်။
500 ကဒ် × 20000 = 10000000 (သိန်းတရာကျပ်) အမြတ်ဖြစ်ပါသည်။ လေဆာကလည်း ငွေဖြည့်ကဒ်ကို ဘယ်လို ပြန်ထုတ်လည်း ဆိုတော့ ၁၀ percent နှင့်ပြန်ထုတ်ပါသည်။ ငွေဖြည့်ကဒ် percent က အစိုးရပေးတာမှ ၄ ပါစန့် ဖြစ်ပါသည်။ သိန်းတရာ မြတ်မှတော့ ၁၀ ပါစန့် ပေးနိုင်တာပေါ့ဗျာ။ ဘယ်လောက် ၀ရုန်းသုန်းကား နိုင်ပီး ဖြစ်ပျက်နေသလည်း ဆိုတာ စဉ်းစားကြည့်ပါခင်ဗျား။
ဆိုင်ငယ်လေးတွေမှာ ဓါတ်ပုံ အရိုက်ပြခံ ထိုးကျွေးခံ ပဲ ဖြစ်နေသည်။ ဆက်သွယ်ရေး ၀န်ကြီး လည်း ယခု ကိတ်စ ကိုသိသလား မသိသလား မသိပါ။ မသိလျှင် တော် တော် တုံးလို့ဖြစ်ပါလိမ့်မည်။ သိလျှင်တော့ လည်း သန်းပေါင်းများစွာ ထောသွားပြန်မည်သာဖြစ်သည်။ ဒီမှ ချီးကျူးစရာကောင်းတာက တော့ ooredoo နှင့် telenor သာ ဖြစ်ပါသည်။ မှောင်ခိုရောင်းသံကြားပါက ချက်ချင်းရောက်သွားပီး ဖြေရှင်းပါသည်။ ချက်ချင်း အရေးယူပါသည်။ ဆိုင်တိုင်းလည်း သူတို့ sim card ရကြပါသည်။ ရောင်းရပါသည်။ ဆိုင်တိုင်းလည်း ပျော်ရပါသည်။ mpt ကတော့ ဘယ်လူကြီး မှ ဆင်းမကြည့်ပါ။ မြန်မာ ပိတောက် ကို အပ်လိုက်ပါသည်။ ပုတ်ပြတ်နှင့် အပ်လိုက်ပုံရသည်။ မြန်မာပိတောက်ကလည်း လေဆာမိုဘိုင်း ကို တရုတ်တစ်ပြည်လုံး ထမင်း အ၀ကျွေးနိုင်စေရန် ကဒ်တွေအကုန်အပ်လိုက်ပါသည်။ စာတော့ မိမိလည်း သိပ်မရေးတက်ပါ..ဆက်သွယ်ရေးဝန်ကြီးတွေလည်း မိမိတို့ မစားထားဘူးဆိုလည်း ၀င်ဖြေရှင်းသင့်ပါပီ။ စားထားလျှင်တော့ ငြိမ်နေတာ ကောင်းပါသည်။ မြန်မာပိတောက် ၏ စာရင်းကို တောင်းမကြည့်ပါနှင့် mobile team ဖွဲ့ ဖမ်းသကဲ့သို့ ဆင်းကဒ် များကို မည်သို့ ရောင်းချသည်ဆိုသည်ကို ဆိုင်ငယ် လေး တွေကို မေးကြည့်စေချင်ပါသည်။
လေးစားလျှက် မတရားသဖြင့် လက်ဝါးအုပ် စီးပွားရှာသူများကို မနှစ်မြို့သူ တစ်ဦး
Wednesday, November 19, 2014
ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၂)
နှောင့်ယှက်ဟန့်တားနေတယ်လို့ စွပ်စွဲပြန်ပါတယ်။ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီပေါ်ပေါက်ရေး စတင်ဆောင်ရွက်ခဲ့သူများထဲမှာ ဦးအောင်သောင်းဟာ
ထိပ်ဆုံးကပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ထဲထဲဝင်ဝင်လေ့လာ
ကြည့်မယ်ဆိုရင် သိနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီပေါ်ပေါက်လာပြီးတော့လည်း
ဒီမိုကရေစီကို ကျင့်သုံး နိုင်ရေး ဆောင်ရွက်တဲ့အခါမှာလည်း အဓိက
အခန်းကဏ္ဍကနေ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကနေ
ဒီမိုကရေစီအရေးကိုကူးပြောင်းရေးဆောင်ရွက်တဲ့နေရာမှာ မည်သူတွေပါဝင်ပြီး
မည်သူတွေမပါဘူးဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါတွေဟာ
သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ် နေမှာဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။
ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၁)
ဦးအောင်သောင်းနဲ့ ပတ်သက် ပြီးတော့ ဝေဖန်ပုတ်ခတ် တိုက်ခိုက်ရေးသားနေတာတွေ
တွေ့နေရပါတယ်။ ဒါတွေကိုလည်း တစ်ကြိမ်မက အကြိမ်ကြိမ် အပ်ကြောင်းထပ်အောင်
ရေးသားဖော်ပြနေတာကိုတွေ့ရပါတယ်။ အခါအခွင့်သင့်တိုင်း လည်း
ရေးသားနေကြတာကိုတွေ့ရတယ်။ ဒီနေရာမှာ အာဃာတအမုန်းတရား၊ ၀ါဒရေးရာ
မတိုက်ဆိုင်မှုတွေနဲ့ ရေးသားနေကြတယ်လို့ သုံးသပ်ပါတယ်။ ဒါတွေဟာ မှန်ကန်မှု
မရှိပါဘူး။ အမှန်တရား ကိုဖော်ပြချင်တယ်ဆိုရင် ဦးအောင်သောင်းနဲ့
ဆွေးနွေးကြည့်ပါ၊ မေးမြန်း ကြည့်ပါ၊ စကားပြောကြည့်ပါ အဲဒီအခါမှာ
အမှန်တရားကိုသိလာပါမယ်။ သိလာတဲ့ အမှန်တရား အတိုင်း မီဒီယာတွေမှာ
ရေးသားဖော်ပြ လို့ရပါတယ်။ မည်သူပဲဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်။
ပကတိအမှန်တရားကို လိုလားသူဖြစ်တဲ့အတွက် အမှန်တရား ပေါ်ပေါက်ရေး
ဝိုင်းဝန်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မက အကြိမ်ကြိမ်ဆက်သွယ်၊
ဆက်ဆံဆောင်ရွက် နိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်။
Tuesday, October 21, 2014
Re: ကုမ္ပဏီဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။(တိုင်စာ)
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်ရ်ျ ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့တွင် မယ်ယန်း-ပါဆာ-စံဖူးလမ်းအပိုင်းအာ ကျွန်တော်များမြန်မာဧရာမွန် ကုမ္ပဏီများအုပ်စုမှ တာဝန်ယူဖောက်လုပ်ခဲ့ပါသည်။ ထိုလမ်းပိုင်း၏ ဝေလေလန်ရွာတွင် ကုမ္ပဏီ၏လမ်းအသုံးပြုခကောက်ခံရေးစခန်းကိုဖွင့်လှစ်ကောက်ခံလျှက်ရှိပါသည်။ ယနေ့(၁၇.၁၀.၂၀၁၄) ညနေ ၅း၄၅ မိနစ်ခန့်အချိန်တွင် ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ) ရဲ/၁၉၂၄ သည် တိုးဂိတ်မှဖြတ်သန်းစဉ် တွင် တာဝန်ထမ်းဆောင်နေသော ကုမ္ပဏီဝန်ထမ်းများအနက် ဦးသက်လွင်ဦးနှင့် ဦးအောင်မျိုးမင်းတို့အား ကားဖြင့် နောက်ပြန်ဝင်တိုက်ခြင်း၊ ပါးရိုက်ခြင်း၊ စာရေးမနှစ်ဦးအားကြိမ်းမောင်းပြောဆိုခြင်းများကို ရိုင်းပြစွာပြုလုပ်ခဲ့ပါသည်။ ထိုဖြစ်စဉ်အား သိရှိလိုပါသဖြင့် မြန်မာဧရာမွန်ကုမ္ပဏီ တာချီလိတ်ရုံးခွဲမှ အထွေထွေ မန်နေဂျာနှင့် ရုံးဝန်ထမ်းနှစ်ဦးသည် ဒုရဲမှူးကြီးအိမ်သို့သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကုမ္ပဏီဝန်ထမ်း(၁)ဦးမှ ဖုန်းဖြင့်အသံသွင်းယူခြင်းပြုလုပ်မိရ်ျ ဒုရဲမှူးကြီးမှ ထိုဝန်ထမ်းအား ပါးရိုက်ခြင်း၊၀န်ထမ်း ၏ဖုန်းအား ရိုက်ခွဲရန်လုယူခြင်း များကို ထပ်မံပြုလုပ်ခဲ့ပါသည်။ထိုသို့ပြည်သူလူထုအား မင်းမဲ့စရိုက်ဆန်စွာပြုမှုနေသော ဒုရဲမှူးကြီးအောင်ဇော်မြင့်(ရေကြောင်းရဲတပ်ဖွဲ့စုမှူး-၀မ်ပုံ)အား သက်ဆိုင်ရာမှထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။အကြောင်းအရာ။ ။ ကုမ္ပဏိဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။နေပြည်တော်ပြည်ထဲရေးဝန်ကြီးဌာနသို့ရဲချုပ်
Friday, October 17, 2014
ကုမ္ပဏီဝန်ထမ်းများအားပါးရိုက်သောဒုရဲမှူးကြီးအားအရေးယူပေးပါရန်။(တိုင်စာ)
Tuesday, October 7, 2014
Fwd: ပြည်သူဗဟိုပြုဆိုပေမဲ့ဝန်မထမ်းတဲ့စည်ပင်ကြောင့်ကယ်ပါကူပါတစာစာဆိုနေရတဲ့သထုံကမုန့်တီလုပ်သားတွေ
Subject: ပြည်သူဗဟိုပြုဆိုပေမဲ့ဝန်မထမ်းတဲ့စည်ပင်ကြောင့်ကယ်ပါကူပါတစာစာဆိုနေရတဲ့သထုံကမုန့်တီလုပ်သားတွေနဲ့အလုပ်သမားတွေ
Tuesday, September 30, 2014
ဒေသခံချင်းလူမျိုးများကို အလုပ်ခန့်ပေးပါ (အကြံပြုစာ)
သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
မင်္ဂလာပါ။ ကျနော်ကတော့ ချင်းပြည်နယ် ဟားခါးမြို့မှာ တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အခု ချင်းပြည်နယ်အစိုးရလောကမှ အဓိက အခက်အခဲဆုံးပြသနာက
အောက်ပြည်အောက်ရွာက ၀န်ထမ်းတွေ အထိန်းအကွပ်မရှိ ချင်းပြည်နယ်မှာ တာဝန်ချ ခန့်ထားတာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ဌါနအသီးသီးမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ဘွဲ့ရလူငယ်
အများအပြားရှိပါတယ်။ ဒါက ကပ်သီးကပ်သပ် အောက်ပြည်က ဆွဲခေါ်ခန့်တာဟာ ဒေသခံချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဌါနအသီးသီးမှာ ဌါနလူကြီး
တွေဟာ လူမျိုးခြားတွေဖြစ်နေတော့ ချင်းပြည်နယ်နှင့် ချင်းလူမျိုးတွေအတွက် အကျိုးရှိမည့် အလုပ်မလုပ်ကြတာ ချင်းဒေသခံတွေ အသိဆုံးဖြစ်ပါတယ်။ ဥပမာ- သစ်တောဌါနမှာ တာဝန်ကျတဲ့
လူကြီးက ရွာသားတွေဆီ ပိုက်ဆံယူပြီး သစ်ခုတ်ခိုင်းတာရှိပါတယ်။ ဒေသခံ ချင်းလူမျိုးဝန်ထမ်းကတော့ အဲဒီလို သစ်ခုတ်ခိုင်းမှာ မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ သစ်တောပြုန်းတီးသွားမှာကို
မကြိုက်လို့ပါ။
အောက်ပြည်က ၀န်ထမ်းတွေဟာ ရာထူးတိုးမြင့်ရေးအတွက်သာ ချင်းပြည်နယ်မှာ ယာယီတာဝန်ထမ်းဆောင်တာဖြစ်ပ်ါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေတဲ့ ဦးသိန်းစိန် အစိုးရ
က အခုချိန်ကတည်းကနေ ဖက်ဒရယ်ကျင့်စဉ်ကို ကျင့်သုံးစေလိုပါတယ်။ ဒီစာက ချင်းဒေသခံဝန်ထမ်းများအားလုံးကိုယ်စားခံစားချက်အပြည့်နဲ့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့် Myanmar Open Letter ကနေတဆင့်
နိုင်ငံတော် သမ္မတကြီးသိရှိစေရန် တင်ပြအပ်ပါသည်။
ဆလိုင်း
ချင်းပြည်
Thursday, August 14, 2014
လူမျိုးရေးအရ ခွဲခြားဆက်ဆံသူ ဒုရဲအုပ်မြင့်ဇော်ကို အရေးယူပေးပါ (တိုင်စာ)
ဒေသခံလူငယ်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများကလည်း အဆိုပါ ဒုရဲအုပ်မြင့်ဇော်ကို မကြေ မနပ်ဖြစ်နေကြပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ လူကြီးများထံ သိသာစေရန် တိုင်ကြားအပ်ပါသည်။
ဆလိုင်းကေးပါးမီ၊ မင်းတပ်မြို့







