Monday, June 30, 2014

ဇီးစက်ရွှေ့ပြောင်းပေးရန် တိုင်ကြားလွာ

0 comments
သို့ /
ဝန်ကြီးချုပ်
စစ်ကိုင်းတိုင်းဒေသကြီး                                              ရက်စွဲ ။    ။၃၀.၆.၂၀၁၄

 အကြောင်းအရာ။              ။ဇီးစက်ရွှေ့ပြောင်းပေးရန် တိုင်ကြားခြင်း
မုံရွာမြို့ စည်သူလမ်း နန္ဒ၀န်ရပ်ကွက် နယ်မြေ ၆

 လူနေရပ်ကွက် အတွင်း ဆန်းဝင်း ၏ နေအိမ်တွင် နမခ တိုင်းမှုး မိသားစုပိုင် ဟု သတင်းလွင့်ပြီး ဇီးခွဲစက် တည်ကာ နေ့စဉ် စက်သံဆူညံ နေပါသည်။ ရပ်ကွက်ထဲရှိ ပတ်ဝန်းကျင် အိမ်များမှ လက်မှတ်ထိုးပြီး စည်ပင်ရုံးသို့ အကြောင်းကြားပြီးဖြစ်ပါသည်။ ဧပြီလတွင် စည်ပင်မှ လာရောက်ပြီး စစ်ဆေးပါသည် သို့သော် ယနေ့အချိန်ထိ နေ့စဉ်စက်သံ ဆူညံနေဆဲ ဖြစ်ပါသည်။ ထိရောက်စွာအရေးယူပေးရန် စက်မှုဇုံသို့ ရွှေ့ပြောင်းပေးရန် တိုင်ကြားအပ်ပါသည်။

Wednesday, June 25, 2014

တိုင်စာ

0 comments

သို့

     ညွှန်ကြားရေးမှူးချုပ်

     အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

     နေပြည်တော်။

                                                                                       ရက်စွဲ။     ။၂၀၁၄ခုနှစ်ဇွန်လ(၂၅)ရက်

အကြောင်းအရာ။     ။သစ်မှောင်ခိုမော်တော်(၃)စီးအားအမြန်ဖမ်းဆီးရမိရေးလိုအပ်သလိုလမ်းညွှန်ပေးနိုင်ပါရန်

                           တင်ပြခြင်း။

၁။     ထီးချိုင့်-ကသာမှထွက်ခွာလာသောသစ်မှောင်ခိုမော်တော်(၃)စီးသည်စဉ့်ကူးနှင့်မလယ်ကြားသို့ရောက်ရှိ

နေပါသည်။

၂။     သို့ဖြစ်ပါသဖြင့်တရားမ၀င်သစ်နှင့်ပိုင်ရှင်ဖမ်းဆီးရမိရေး၊နယ်မြေခံနှင့်မြစ်ကြောင်းတာဝန်ကျသစ်တော

 

ဦးစီးဌာနမှအကျင့်ပျက်ဝန်ထမ်းများအားလိုအပ်သလိုစိစစ်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။

 

                                                                                                        

     

 

 

                                                                                                            လေးစားစွာဖြင့်

 

                                                                                                         ဦးမြင့် ( ရှိမ်းမကား)

                                                                                                         

                                                                                                       တာဝန်သိပြည်သူတစ်ဦး

 

 

မိတ္တူ

        ညွှန်မှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(အထက်မြန်မာပြည်)၊မန္တလေးတိုင်းဒေသကြီး။

  

Monday, June 16, 2014

internet customer

0 comments
REDLINK COMMUNICATIONS ( အကြံပြု တင်ပြချက် )
ကျွန်တော်သည် Red link Communications မှ Wimax Internet line
ကို ကနဦးတပ်ဆင်ခ
င်္FEC 1500 / လစဉ်ကြေး FEC 75 / ပေးဆောင်ခဲ့သည့် customer တဦး
ဖြစ်ပါသည်။ သို့အတွက်
နောက်ပိုင်းတပ်ဆင်ခွင့်ပြု သည့် နှုန်းထားများထက် တပ်ဆင်ခ ရော
လစဉ်ကြေးများ ပိုမို များပါသည်။
ပေးသွင်းရသည့် FEC 75 သည် 256 KB အတွက်ပေးဆောင်ရသော်လည်း
ရရှိသော မြန်နှန်း
မှာ 256 KB မ၇ဘဲ 100 KB ပါတ်ဝန်းကျင်သာ ရရှိပါသည်။ တခါတရံ အလွန်ပင်
သုံးမရအောင် နှေး
လွန်းပါသည်။( မူလတပ်စဉ်ခါစ တနှစ်လောက်က မြန်နှန်းကောင်းပါသည်။) REDLINK
အနေဖြင့် ရယူ
ထားသည့် နှုန်းထားအတိုင်း ၀န်ဆောင်မှု ပေးနိုင်ခြင်းမရျိပါ။
၎င်းအပြင် Annual fees အဖြစ်လည်း နှစ်စဉ်ပေးသွင်းရပါသဖြင့်
နစ်နာမှုများအပေါ် လစဉ်ကြေး
နှန်းထား လျော့ချ သတ်မှတ်ပေးခြင်း သို့မဟုတ် Annual fees
များပါယ်ဖျက်ပေးခြင်း တို့ကို ဆောင်ရွက်
ပေးနိုင်ပါရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။

Redlink customer .

Friday, June 13, 2014

0 comments
မန္တလေးမြို ၇၀x၇၁ ကြား ၂၉ လမ်းဟာ မြို့လယ်ခေါင်က ကတ္တရာ
လမ်းမဟုတ်တဲ့ ကျောက်လမ်းတို
လေးပါ။ ဒီလမ်းက ဗထူးအားကစားကွင်းနဲ့ နန်းတော်ဆေးရုံကြီး နှစ်ခုကြားမှာပါ။
နန်းတော်ဆေးရုံ့ကို လာကြတဲံ့ ကားများဟာ လမ်းအနောက်ထိပ်က စပြီး
လမ်းပြအလယ်လောက်အ
ထိ အမြဲတမ်း ပိတ်ဆို့ရပ်တန့်ထားပါတယ်။ ဒီအတွက် ၂၉ လမ်း အ၀င်အထွက်
လုပ်နေကြရတဲံ့ ယာဉ် များ
ဆိုင်ကယ်များ လူများ အခက်အခဲတွေ့နေကြရပါတယ်။
ပိုဆိုးတာက လမ်းအနောက်ထိပ် နန်းတော်ဆေးရုံကားများကြောင့် လမ်း
၇၀ ကို ဖြတ်ရတာ အင်မ
တန် အန္တရာယ် များလှပါတယ်။ါကြောင့် တာဝန်ရျှိ လူကြီးမင်းများအနေနဲ့
လိုအပ်သလို စီစဉ်ဆောင်ရွက်ပေး
ပါရန်နှင့် ၄င်း ၂၉ လမ်း လမ်းတို (တစ်ပြ) လမ်းကို ကတ္တရာလမ်း ခင်းပေးပါရန်
တင်ပြအပ်ပါသည်။
၎င်းကဲ့သို့ ကတ္တရာလမ်းခင်းလိုက်ပါ စည်းကမ်းမဲ့စွာ
မော်တော်ယာဉ်များ ရပ်နားခြင်း မရှိနိုင်တော့မှာ
ဖြစ်တဲံ့ အတွက် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မှာကဖြစ်ပါတယ်။


၂၉ လမ်း ပြည်သူတဦး

Wednesday, June 11, 2014

မီဒီယာကျင့်ဝတ်ထိန်းသိမ်းပါ သိက္ခာရှိရှိရေးပါ

0 comments

      ယနေ့ ခေတ်စားလျက်ရှိသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ ပြင်ရေးမပြင်ရေးဆိုပြီး ကျယ်ပြန့်စွာ လုပ်ဆောင်နေကြသည်ကို အားလုံးအသိပင်ဖြစ်သည်။


          ၎င်းကိစ္စနှင့်ပတ်သက်၍  ပြင်မည့်ဘက်မှ လော်ဘီလုပ်သူများလည်း Online တွင် များစွာတွေ့ရှိနေရသည်။ ပြင်ဆင်လိုသည့်အတွက် လော်ဘီလုပ်သည်ကို အထူးပြောစရာ မရှိသော်လည်း မိမိတို့အကြံအစည် အောင်မြင် ရေးအတွက် မသက်ဆိုင်သူများကို စွပ်စွဲ ပုတ်ခတ် ရေးသားလာကြသည်ကိုတော့ လက်ခံနိုင်စရာမရှိပါ။


      ဆိုလိုသည်မှာ တောင်သာနယ်တွင် ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ် တစ်ခုမှမရစေရဆိုပြီး ဦးအောင်သောင်းက တားဆီးထားသည်ဟု သရုပ်ဖော်ပုံဖြင့် ဖော်ပြ ထားသည်ကိုတွေ့ရှိရသည်။ ဤစကား မည်သူ့ကိုပြောသလဲ? မည်သည့်နေရာတွင်ပြောသလဲ? မီဒီယာနှင့်အင်တာဗျူး တွင်ပြောတာလား စသည်ဖြင့် ကွဲကွဲပြားပြားဖော်ပြမထားပါ။ လူတစ်ဦးတစ်ယောက်ကို မိမိ Popular ဖြစ်ရေးအတွက် အထောက်အထားမဲ့၊ ခန့်မှန်းစွပ်စွဲ ပြောဆိုရေးသားခြင်းသည် လွန်စွာအောက်တန်းကျသောလုပ်ရပ်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုဖြင့် ဂုဏ်သိက္ခာထိခိုက် သည်အထိ ထင်ကြေးဖြင့်မှန်းဆပြောဆိုခြင်းသည် မီဒီယာကျင့်ဝတ်နှင့်မညီသည့်အပြင် မီဒီယာ အပေါ် ပြည်သူ၏ယုံကြည်အားကိုးမှုလည်း ကျဆင်းသွားပါမည်။


      ဦးအောင်သောင်းအနေဖြင့် တောင်သာနယ်သို့မရောက်ဖြစ်ခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ် သည်။ ၄၃၆ နှင့် ပတ်သက်ပြီး မည်သည့်ဝေဖန်ချက်မျှမပေးခဲ့ဘူးသလို မည်သူ့ကိုမျှ တားဆီး ပိတ်ပင်ခဲ့ခြင်းလည်းမရှိပါ။ လွှတ်တော်ရေးရာကိစ္စများ၊ ပါတီ အရေးကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အခြားကိစ္စများ အတွက် အချိန်ပေး ရန်မရှိပါ။


         အထက်တွင်ဖော်ပြခဲ့ပြီးသလို လူတစ်ဦး၏ဂုဏ်သိက္ခာထိခိုက်စေရန်၊ လူထုယုံကြည်မှုကျ ဆင်းစေရန်၊ အချင်းချင်း သံသယဖြစ်ပွားစေရန် တမင်ရည်ရွယ်၍ အထောက်အထားမဲ့ဝေဖန် တိုက်ခိုက်ခြင်းသည် လူသားမဆန်သောလုပ်ရပ်သာဖြစ်၍ နောက်နောင် ဤကဲ့သို့မပြုလုပ်ရန် သတိပေးတားမြစ်သည်။ ဖြစ်ရပ်မှန် သိလိုပါက ကာယကံရှင်နှင့် အချိန်မရွေးဆက် သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြပါသည်။

Thursday, May 8, 2014

0 comments

ရန်ကုန်စည်ပင်စက်ရုံနှင့်မော်တော်ယဉ်ဌာနသတင်း

ရန်ကုန်စည်ပင်စက်ယဉ်ဌာနမှာရန်ကုန်တိုင်းဒေသကြီးစာရင်းရုံးကစစ်ဆေးရေးတွေဝင်နေကြောင်းသိရပါတယ်
အမှန်အကန်စစ်မလားအကြံအဖန်စစ်မလားမသိဘူးလို့ဆိုပါတယ်
ဝန်ထမ်းအများစုကတော့အမှန်အကန်စစ်စေချင်ကြပါတယ်တဲ့        
ပီပြင်စေချင်လို့ဆိုပြီးသတင်းလာပေးကြလို့တင်ပေးလိုက် တာပါ်
လူကြီးတွေနာမည်အလွဲသုံးပြီးကိုယ့်သဘောနဲ့ကိုယ်ဆီတွေသုံးတဲ့ကိစ္စ
ဝန်ထမ်းတွေကိုအချိန်ပိုဆင်းလို့လိုက်ပို့ရသလိုလို၊ရုံးလုပ်ငန်းတွေသုံးသလိုလို၊အုပ်ချုပ်မှုလုပ်ငန်းသုံးသလိုလို၊လိုင်စင်လုပ်ငန်းသုံးသလိုလို၊ယဉ်ပြင်ဘို့ပစ္စည်းဝယ်သလိုလို၊ဘရိတ်ဒေါင်းကားသုံးသလိုလို၊လုပ်ငန်းခွင်ကယဉ်တွေလိုက်စစ်သလိုလိုနဲ့သုံးလိုက်ကြတာ၊ယဉ်မောင်းတွေ
ကိုယ်တိုင် သူတို့ကားနဲ့အသုံးပြပြီးဆီတွေထုတ်တာကိုမသိလိုက်ရပါ
ဘူးတဲ့၊ယဉ်စုမှုး၊တာဝန်ခံနဲ့ဆီပန့်တွေဘဲလူပ်ရှားကြတာပါတဲ့
ဒီအခွင့်အရေးကလည်းဌာနမူးတပြည့်ဖြစ်တဲ့ယဉ်စု ၁ နဲ့ ၂ တို့ဘဲရတာ
ပါတဲ့၊တကယ်သုံးမသုံးဂိတ်မှာစောင့်ကြည့်ရင်သိပါတယ်တဲ့
ပိုဆိုးတာကယဉ်စု ၁ မှာအရာရှိတွေထုတ်ပေးထားတဲ့ကားတွေအပြင်
ပိုနေသေးတဲ့ကားတွေကိုအရာရှိကားတွေလိုမျိုးပုံသေခွဲတမ်းမှာ
ရောင်တော်ပြန်နဲ့ထည့်ပြီး ဌာနမူးနဲ့တာဝန်ခံကြိတ်နေကြတာပါတဲ့
တစ်လ ဒီဇယ်နဲ့ဓါတ်ဆီနှစ်မျိုးပေါင်းဂါလံ တစ်ထောင်ကျော် ပါတဲ့
ဌာနမူးကိုယ်တိုင်ကလည်း ဌာနနဲ့ဆက်စပ်လုပ်ကိုင်နေကြတဲ့စီးပွား     ရေးသမားတွေဆီကအကြောင်းအမျိုးမျိုးပြပြီးဒဏ်ကြေးရိုက်စီးပွာ့း
  ရှာအလွဲသုံးစားပြုလုပ်နေကြောင်းလဲသိရှိရပါတယ်
နောက်ဆုံးသိရှိရတာက ဌာနမူးကဆင်သေကိုဆိတ်သားရေနဲ့ဖုံးဘို့
လုပ်ရာမှာ ယ္ခင်ဌာနမူးအဆက်ဆက်နဲ့ လက်အောက်ငယ်သားတွေ
အပေါ် နည်းမျိုးစုံအသုံးပြုပြီးလွှဲချရှောင်တိမ်းဘို့စီစဉ်  နေကြောင်းသိ
ရှိရပါတယ်

Friday, May 2, 2014

တိုင်စာပေးပို့ ခြင်း

0 comments
မိတ္ထီလာမြို့  ပြည်သာယာမြောက်ပိုင်း ၁ လမ်း နှင့် မြင်းခြံလမ်းမအနီးက
ပြည့်တန်ဆာလုပ်ငန်း အရေးယူပေးစေချင်

( တိုင်စာ )


မိတ္ထီလာမြို့  ပြည်သာယာမြောက်ပိုင်းရပ်ကွက်( က ) နယ်မြေ ၁ လမ်းနှင့်
မြင်းခြံလမ်းမအနီးတွင် ပြည့်တန်ဆာလုပ်ငန်း
အား တရားဝင်လုပ်ငန်းကဲ့သို့  လုပ်ကိုင်နေသဖြင့် သက်ဆိုင်ရာမှ
အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်
လျက်ရှိကြောင်း သိရသည်။
ပြည်သာယာမြောက်ပိုင်း ၁ လမ်းက အိမ်တစ်အိမ်မှာ လုပ်ကိုင်နေတဲ့
ပြည့်တန်ဆာလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး
အဆင့်က တာဝန်ရှိသူတွေ လာရောက် စစ်ဆေးအရေးယူဆောင်ရွက်သွားတာမို့ 
အဲဒီနားမှာ မလုပ်တော့ဘူး။ဒီဘက်နား
မှာလည်း လာရောက်လုပ်ကိုင်နေကြတာ။ ၁လမ်း နဲ့ မြင်းခြံလမ်းမအနီးမှာ ရှိတဲ့
ရွှေမိုးတိုက်ပျက်ကြီးအနောက်ဘက်က
တိုက်အိမ် နှစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတာ သိပေမယ့်
ရပ်ကွက်က မပြောရဲဘူး။ တော်ကြာ ရဲစခန်းကို
လိုင်းကြေးပေးပြီး လုပ်ကိုင်နေတာများဖြစ်ခဲ့ရင် ပြောတဲ့သူပါ ဒုက္ခရောက်မှာ
စိုးနေကြလို့  ရပ်ကွက်ဒေသခံတွေက မပြော
ရဲဘူး။ တာဝန်ရှိသူတွေကို မတိုင်ကြားရဲဘူးဖြစ်နေတယ်။ ရပ်ကွက်ထဲမှာလည်း
အမျိုးသား အမျိုးသမီးငယ်တွေရှိတယ်။
မိကောင်းဖခင်သားသမီးတွေလည်း ယုန်ထင်ကြောင်ထင် အထင်ခံရနိုင်လို့ 
အသွားအလာဆင်ခြင်ဖို့  ပြောဆိုဆုံးမနေရ
တယ်။ အဲဒီ ပြည့်တန်ဆာလုပ်ငန်းကို တာဝန်ရှိသူတွေ အနေနဲ့  မျက်စိမှိတ်
ကြည့်မနေဘဲ အရေးယူဆောင်ရွက်ပေးရင်
တော့ အကောင်းဆုံးပေါ့ဗျာ ဟု ပြည်သာယာမြောက်ပိုင်း ဒေသခံတစ်ဦးဖြစ်သူ
ကိုမိုး ( အမည်လွဲက ) က ပြောသည်။
အဆိုပါ ပြည်သာယာမြောက်ပိုင်းရပ်ကွက် ၁ လမ်းနှင့် မြင်းခြံလမ်းမအနီးရှိ
တိုက်အိမ်နှစ်ခုအနက် မြင်းခြံလမ်းမအနီး
မှနေအိမ်တွင် လူနေပြီး ၄င်း နေအိမ်၏တောင်ဘက် တိုက်အိမ် အမှတ် က/၁၉၁ တွင်
ပြည့်တန်ဆာလုပ်ငန်းအလို
ငှာ အမျိုးသမီးငယ်များထားရှိ လုပ်ကိုင်ခြင်းဖြစ်ပါသည်။
နေ့စဉ် ည ၁၂ နာရီ မှ နံနက် ၄ နာရီဝန်းကျင်အချိန်ထိ အဆိုပါ
ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့်နေအိမ်သို့  လာရောက်
ပျော်ပါးသူများ၏ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်သံများဆူညံခြင်း၊
ပြည့်တန်ဆာအမျိုးသမီးများနှင့်လိင်ဆက်ဆံရာတွင်
အသုံးပြုသည့် ကွန်ဒုံးများကို တွေ့ကရာ နေရာတွင် လွှင့်ပစ်ရာမှ
ကွန်ဒုံးများအား ရပ်ကွက်အတွင်းမှ ခွေးများက စားစရာအမှတ်
ဖြင့် စားသောက်ကာ ပျို့ အန်ခြင်း၊ ကွန်ဒုံးမစင်များ
စွန့်ပစ်ခြင်းပြုလုပ်သဖြင့် ဒေသခံရပ်ကွက်နေပြည်သူများအနေဖြင့် စိတ်
ဒုက္ခ နေ့စဉ်ဖြစ်လျက်ရှိရာ ပြည်သာယာမြောက်ပိုင်းရပ်ကွက် အမှတ် ၃
ရဲစခန်းမှူး၊မြို့ နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများမှ
အဆိုပါ ကိစ္စအား လစ်လျူရှုနေပါသဖြင့် မန္တလေးတိုင်းဒေသကြီးအဆင့်
တာဝန်ရှိသူများ သိရှိအရေးယူဆောင်ရွက်ပေးနိုင်ပါရန်
ဤတိုင်စာအား ရေးသားပေးပို့ ခြင်း ဖြစ်ပါသည်။


ရပ်ကွက်နေပြည်သူတစ်ဦး

Tuesday, April 29, 2014

(တိုင်စာ)

0 comments
မုံရွာမြို့ စည်သူလမ်း နန္ဒ၀န်ရပ်ကွက် နယ်မြေ ၆ လူနေရပ်ကွက် အတွင်း ဆန်းဝင်း ၏ နေအိမ်တွင် နမခ တိုင်းမှုး မိသားစု ရှယ်ယာပိုင် ဇီးခွဲစက်မှ နေ့စဉ် စက်သံဆူညံ နေပါသည်။ ရပ်ကွက်အတွင်း နေ့စဉ် ဇီးကြိတ်ခွဲသံ ပတ်ဝန်းကျင်ရှိ နေအိမ်များ အနှောက်အယှက် ဖြစ်နေပါသည်။ စက်မှုဇုံသို့ ရွှေ့ပြောင်းပေးပါရန်။ (သက်ဆိုင်ရာသို့ သိစေရန် သတင်းပေးပါသည်)။ အရင်ကတော့ ဇီးဂိုဒေါင်ပါ မနှစ်ကစပြီး ကြိတ်ခွဲစက် လုပ်လိုက်တော့ ပတ်ဝန်းကျင်က လူတွေ နားငြီးကုန်တာပေါ့ ။ တိုင်းမှုး PA လို့ပြောတာဘဲ နမခ က ဗိုလ်ကြီး ညီညီ အမြဲလာတယ်။ စစ်ကားတွေနဲ့ ဇီးအိပ်တွေ တခါတရံ လာပို့လိုက် ပြန်သယ်လိုက် တွေ့ရတယ်။ ဆန်းဝင်းက စာမတတ်ဘူး မှုလတန်းအဆင့်ဘဲရှိတာ။ ပတ်ဝန်းကျင်ကို လေးစားတဲ့ အသိလေးတော့ ရှိသင့်တယ် ဂရုမစိုက်ရင် ဒဏ်ခတ်ခံရမယ် နားအေးအေး နေချင်လို့ ရှိတာရောင်းပြီး ခြံလေးဝယ်နေပါတယ် နားငြီးလိုက်တာ ပြောပေးပါအုံး တဲ့ ။ (စက်လည်ချင်ရင် စက်မှုဇုံ သွားပေါ့

Saturday, April 12, 2014

တိုင်ကြားလွှာ

0 comments

သို့

     ဦးနေမြတ်သူ

     မြို့နယ်အုပ်ချုပ်ရေးမှူး

     အမရပူရမြို့နယ်၊မန္တလေးမြို့။

                                                                                                            ရက်စွဲ။  ။ ၁၃.၄.၂၀၁၄

 အကြောင်းအရာ။              ။လမ်းသွားလမ်းလာများအား  စိတ်အနှောင့်အယှက်ဖြစ်စေသော  ၀ါးရုံခြုံများအား

ရှင်းလင်းပေးရေး  လိုအပ်သလို စီစဉ်ညွှန်ကြားပေးပါရန် တင်ပြခြင်း။

၁။     မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုး   ကျေးရွာအုပ်စု၊ မင်းကြီးရပ်နှင့်ယမ်းပျံရပ်ကြားတောင်-မြောက်

လမ်းပေါ်တွင် ရွှေကြက်ယက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၏ မယားကြီး  နေအိမ်အရှေ့ဘက်ခြမ်းတွင်

ခြံစည်းရိုးခတ်ထားခြင်းမရှိဘဲ ၀ါးရုံခြုံများသာရှိပါသည်။ ၄င်းဝါးရုံခြုံများအား   ရှင်းလင်းခြင်းမပြုသဖြင့်လမ်းပေါ်

 

်တွင်   ပိတ်ဆို့လျက်ရှိပါသည်။  ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကလည်း   မိမိရပ်ကွက်သန့်ရှင်း    သာယာရေး

 

စည်းရုံးလှုံ့ဆော်ခြင်းမရှိဘဲ လစ်လျူရှုထားလျက် ရှိပါသည်။

 

၂။     သို့ဖြစ်ပါí လိုအပ်သလို စီစဉ်ညွှန်ကြားပေးပါရန် တင်ပြအပ်ပါသည်။

 

                                                                                                            လေးစားစွာဖြင့်

 

                                                                                                         အမြင်မတော်သူတစ်ဦး

 

 

မိတ္တူ

 

-       ဦးရဲမြင့်၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊၊

 

-       ဦးကျော်ဆန်း၊မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး။

 

 

 

 

 

 

 

 

Monday, March 3, 2014

တိုင်ကြားလွှာ

1 comments
သို့
နိုင်ငံတော်သမ္မတဦးသိန်းစိန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ။၎.၃.၂၀၁၄
အကြောင်းအရာ။ ။အုပ်စုဖြင့်
ပစ္စည်း/ဘုရားခိုးမှု၊လုယက်မှုနှင့်မုဒိန်းမှုပါကျူးလွန်သောပြစ်မှုများ
ဖော်ထုတ်အရေးယူပေး
ပါရန်နှင့်ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခြင်း။
၁။ မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်အတွင်း
ဧရာဝတီမြစ်ကူးတံတားနှင့် ရှမ်းကလေးကျွန်းကြား ကမ်းနားလမ်း
ဘေး(ဘယ်/ညာ)တလျှောက်ရှိ
သစ်ကုမ္ပဏီလှေတွဲများ၊ဆီတွဲများနှင့်ကျေးရွာများတွင်အုပ်စုဖြင့်ပစ္စည်း/ဘုရားခိုးမှု၊လုယက်
မှုနှင့် မုဒိန်းမှုပါကျူးလွန်သော ပြစ်မှုများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပါသည်။
၂။ (၂၀၁၂)ခုနစ်မှယခုတင်ပြသည့်ကာလအတွင်းပျောက်ဆုံးမှုများမှာဘုရားခေါင်း/ဆင်းတု(၅)ကြိမ်၊စက်ဘီး/ဆိုင်ကယ်
(၃၂)ကြိမ်၊လုယက်မှု(၂၁)ကြိမ်၊အခြားပစ္စည်းပျောက်ဆုံးမှု(၁၇၀)ကြိမ်နှင့်
မုဒိန်းမှု(၁)ကြိမ် ဖြစ်ပွားခဲ့ပါသည်။
၃။ ပြစ်မှုကျူးလွန်သောအဖွဲ့များမှာစစ်ကိုင်းတံတားအဟောင်းနှင့်အသစ်ကြားမန္တလေးဘက်ခြမ်းရှိ
ရွာသစ်အဖွဲ့၊စစ်ကိုင်း
ဘက်ခြမ်းရှိနောက်ကြည့်ကျွန်း အဖွဲ့တို့ဖြစ်ပြီး နေ့စဉ်ရက်ဆက် ည(၁၁)နာရ
ီမှမနက်(၄)နာရီအတွင်း လူအင်အား (၇)
ယောက်မှ(၂၀)ကျော်ထိ၊စက်လှေ(၁)စီးမှ(၅)စီးထိလာလေ့ရှိပါသည်။
တုတ်၊ဓါး၊လေးခွ(ကျောက်ဖြတ်စ/စက်ဘီးမှကုန်းသီး)
များကိုယ်စီကိုင်ဆောင်ပြီးကျူးလွန်သဖြင့်
ပြည်သူလူထုမှာမိမိပစ္စည်းယူနေသည်ကို မြင်နေပါလျက်ပြန်မပြောရဲသောအဖြစ်
သို့ရောက်ရှိခံစားနေရပါသည်။
၎။ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ကံတော်ရွာ
မျက်နှာချင်းဆိုင်ရှိဧရာဝတီမြစ်ဆိပ်တွင်နောက်ကြည့်ကျွန်းရွာ အနီးမှ
ဖြစ်သော ဦးကျော်ကြီး(ခ)ဒေးဗစ်(ခ)ဓူဝံ (ခိုးမှုကျူးလွန်သဖြင့်
ခြေတစ်ဖက်နှင့်လက်တစ်ဖက်ဖြတ်ခံထားရသူ)သည်ဇနီး၊
တပည့်(၅)ယောက်နှင့်အတူ ဧည့်စာရင်းမတိုင်ဘဲ စက်လှေတစ်စင်းပေါ်တွင်
အိမ်သဖွယ်ပြုလုပ်နေထိုင်လျက်ရှိပါပြီးပျောက်
ဆုံးပစ္စည်းများအား တစ်ဝက်ကြေးဖြင့်ရွေးပေးခြင်း၊
ခိုးယူနိုင်ရန်လက်ထောက်ချခြင်းများ ပြုလုပ်နေသော်လည်း နယ်မြေခံ
ရဲတပ်ဖွဲ့မှာ သိသိကြီးဖြင့်မသိကျိုးကျွန်ပြုနေသည်မှာ
စက်စုပ်ရွံရှာဖွယ်ကောင်းလှပါသည်။
၅။ နယ်မြေခံရဲတပ်ဖွဲ့မသုံးဘဲ ယုံကြည်စိတ်ချရသော အဖွဲ့ဖြင့်
ဦးကျော်ကြီးပါ(၅)ဦးအား ၀င်ရောက်စီးနင်းရှာဖွေပြီး
၂
တစ်ဦးစီလူခွဲစစ်ဆေးပါက ပြစ်မှုကျူးလွန်သောအဖွဲ့များအား
ဖမ်းဆီးနိုင်မည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
၆။ သို့ဖြစ်ပါသဖြင့် ပြည်သူလူထုများ
စိုးရိမ်ထိတ်လန့်မှု/နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရေး
လိုအပ်သလိုအရေးယူ
ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
စာကြွင်း။ ။၂.၁ ၂၀၁၄
ရက်နေ့တွင်ဂေါ်ဒန်ဆိပ်တွင်သစ်စာရင်းမ၀င်သောအင်တိုင်များအားတိုင်းရဲသတင်းတပ်ဖွဲ့မှ
အင်အား(၃၀)ခန့်ဖြင့်ဖမ်းပြီးအကျယ်ချဲ့တရားစွဲဆိုထားပါသည်။မယောင်ရာဆီလူးမှုတင်ပြခြင်းဖြစ်ပါသည်။

လေးစားစွာဖြင့်



ဦးမျိုးမြင့် (၉/အမရ(နိုင်)၀၇၄၅၉၇) အမှတ်(၃၄)၊ကွက်(၅၃၀)၊ရတနာမ္မိ
အရှေ့ရပ်
၊မဟာအောင်မြေမြို့နယ်၊
မန္တလေး။

Sunday, February 16, 2014

တိုင်ကြားလွှာ

0 comments

သက်ဆိုင်ရာ လူကြီးမင်းများ ခင်ဗျာ

ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့ပုန်းထွန် ရပ်ကွက်တွင် ဖွင့်လစ်ထားသော Allure resort ဟိုတယ်သည် တရားဝင် ခွင့်ပြုထားခြင်းမရှိသော အလောင်းအစားလုပ်ငန်းများဖြစ်သော ကာစီနိုဝိုင်းများ gameခုံများကို ဖွင့်လစ်ထားသော်လည်း တာချီလိတ်မှတာဝန်ရှိပုဂ္ဂိုလ်များမှ မသိကျိုးကျွန်ပြုထားပါသည် ၎င်းလောင်းကစားဝိုင်းများကြောင့် လူအများ ဘဝပျက်ခဲ့ရပါတယ် ထိုကြောင့် သက်ဆိုင်ရာ လူကြီးမင်းများအနေဖြစ် လာရောက်စစ်ဆေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်

Monday, January 27, 2014

Fwd: မန်းတိုင်းပြည်ကြီးတံခွန်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကူညီပေးစေချင်ပါတယ်

0 comments









Date: 2014/1/17
Subject: မန်းတိုင်းပြည်ကြီးတံခွန်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကူညီပေးစေချင်ပါတယ်



                           မန္တလေးတိုင်းဒေသကြီး ၊မန္တလေးခရိုင် ၊ပြည်ကြီးတံခွန်မြို့နယ် နံနက်ခင်း-၇နာရီနဲ့၁၁နာ
ရီကြားမှာဖေါက်ထွင်းခိုးယူခံခဲ့ရတဲ့ဖြစ်စဉ်လေးကို(၁၀-၁-၁၄)နေ့မှာသိရှိခဲ့ရပါတယ်။ဖေါက်ထွင်းအခိုးခံရတဲ့
ငွေသိန်းနှစ်ဆယ်ကျော်ပါတယ် ။ပြည်ကြီးတံခွန်မြို့နယ်(ဆ)ရပ်ကွက်။၁၆/၁၆နေဒေါ်ကြည်ကြည်ဆန်းနေအိမ်
၏သေတ္တာထဲထည့်သိမ်းဆည်းထားသော   ငွေတနည်းအားဖြင့်လက်လုပ်လက်စားဆင်းရဲသား/သူတွေရဲ့စု
ကြေးငွေများဖြစ်ပါတယ်။ပိုက်ဆံတွေဖေါက်ထွင်းအခိုးခံရတယ်ဆိုတော့ခေါင်းမီးတောက်မတတ်ဖြစ်ပြီးပူလောင်နေ
လို့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့တဲ့အခြေအနေတွေနဲ့ရူးသလိုခံစားခဲ့ရပါတယ်။ပတ်ဝန်းကျင်မှာဒီလိုဖြစ်
ကြတာတွေကြားရတာခဏခဏကြုံဖူးပါတယ်။ကိုယ်တွေ့ကြုံတော့ဘာမှမလုပ်တတ်တော့ပါ။
                               သမီးဖြစ်သူမစန်းယုခိုင်(မူကြိုဆရာမ)ကအမေရဲစခန်းတိုင်ရမယ်ပြောလို့(၁၃-၁-၁၄)
နေ့မှာပြည်ကြီးတံခွန်အဆင့်မြင့်ရဲစခန်းတာဝန်မှူးဆီတိုင်တန်းချက်ပေးအမှုဖွင့်ခဲ့ရပါတယ်။ကျနော်တို့အတတ်
နိုင်ဆုံးကူညီပေးပါမယ်လို့တာဝန်မှုးကြီးရဲ့အားပေးစကားကိုလည်းကျေနပ်ခဲ့ရပါတယ်။ဒါပေမဲ့ယနေ့အထိတိုင်
(၁၇-၁-၁၄)ထိသံသယရှိသူနှင့်ခြေရာလက်ရာပျက်ယွင်းနေသောဖေါက်ထွင်းရယူသွားသောအခြေအနေ၊အမှု
ဖြစ်စဉ်မှတ်တမ်းတင်ခြင်းစုံစမ်းခြင်း၊စသောရဲလုပ်ငန်းများအလျင်အမြန်လုပ်ကိုင်ပေးစေလိုခဲ့ပါတယ်ခုထက်ထိဘာမှ
လာရောက်လုပ်ဆောင်ပေးခြင်းမရှိသေးပါ.။ဖေါက်ထွင်းခိုးယူခံရတာကငွေဖြစ်နေပါသဖြင့်ပျောက်ပျက်လွယ်လို့
စိုးရိမ်ပူပန်မှုများပြားနေရပါတယ်။အမှုဖွင့်တဲ့ရဲမှတ်တမ်း(ပ)နံပါတ်ဘယ်လောက်ဆိုတာလည်းမသိရှိခဲ့ရပါဖူး။နေအိမ်
ဖက်ကူးတဲ့မကျည်းပင်ရဲ့ကိုင်းတွေကျိုးကျနေပါတယ်လို့အမှုဖွင့်စဉ်အချင်းဖြစ်အခြေအနေတွေတောင်အညွှန့်ပြန်
ထွက်လာတော့မှာမို့ပြည်ကြီးတံခွန်ရဲ့အဆင့်မြင့်ရဲစခန်ကြီးရဲ့ကူညီမှုကို  လိုအပ်နေပါသဖြင့် အကူအညီ
တောင်းခံမျှော်နေပါကြောင်းသတင်းရရှိထားပါတယ်။ ။  ၁၃-၁-၁၄ရက်နေ့အမှုလက်ခံသူဒုရဲအုပ်ကျော်လွင်ဆိုတာ  
၂၁-၁-၁၄-နေ့တာဝန်မှူးကျတဲ့ဒုရုအုပ်ပြောပြမှသိရပါတယ်။အမည်တွေချိတ်မထားတော့မေးနေရပါတယ်။ငွေပျောက်တာ
အခိုးခံ၇တာဆိုရင်ဆုံးပီမပေါ်နိုင်ဖူးလို့တာဝန်မဲ့စကားပြောတဲ့ကူညီပါရစေတွေဘာကိုပြည်သူကယုံရတောမှာလဲဗျာ
ဒီသတင်းလေးကိုအထက်လူကြီးတွေသိအောင်ကူညီပါဦးဗျာ။ပိုက်ဆံမရှိလို့စုကြေးလုပ်ပါတာရော်ရမှာနဲ့တိုးနေရပါတယ်။

                                                                  ဒေါ်စန်ယုခိုင်(မိခင်-ဒေါ်ကြည်ကြည်စန်း)
                                                                ဖုန်း-၀၉-၄၃၁၅၆၄၁၀
                                                                   ဆ-ရပ်ကွက်-၁၆/၁၆ပြည်ကြီူတံခွန်မြို့နယ်
   



Friday, January 24, 2014

စိန်နားကပ်ရောင်တွေကြောင့် ဂုဏ်ရှိန်ထည်ဝါလာတော့မည့် NDF ပါတီ

0 comments

ယခုတလော NDF ဥက္ကဋ္ဌကြီး ဒေါက်တာ သန်းငြိမ်းတစ်ယောက် မှိုရသော မျက်နှာကြီးနဲ့ ထောင်ထောင် ထောင်ထောင် ဖြစ်နေတာကိုမြင်ရသဗျ။


သူများပျော်တော့ ကိုယ်လည်းအပျော်တွေကူးစက်ရင်းကနေ ဘာကြောင့် များပါလိမ့် ဆိုတာ သိချင်တာနဲ့ နည်းနည်းပါးပါး လေ့လာကြည့်မိတယ်ပေါ့။


အဲ ခပ်ပါးပါးလေးတော့ သိလာရတယ်ဗျ။ ဘာတဲ့ သူ့နောက်မှာ ကြောထောက်နောက်ခံ (Back Ground) ကောင်းကောင်း၊ တောင့်တောင့် တင်းတင်းတွေရှိတယ်ဆိုပဲ။ စိတ်ဝင်စားစရာတော့ ကောင်းတယ်ဗျို့။ ဆက် ဖတ်ကြည့်ပါဦး။


သိရသလောက်ကတော့ သမ္မတကြီးနားမှာရှိတဲ့ အရေးပါအရာရောက်သော ၀န်ကြီးမင်း ၁ ပါး၊ ၂ ပါး လောက်က ၎င်းတို့ရဲ့အရှိန်အ၀ါ၊ အာဏာတွေကို အသုံးပြုပြီး ပြည်တွင်းလုပ်ငန်း ရှင် များကို တစ်ဖက်လှည့်နဲ့ NDF ပါတီကို ရန်ပုံငွေတွေထောက်ပံ့ခိုင်းဆိုပဲ။


ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ နိုင်ငံခြားသားတွေကပါ အထောက် အပံ့တွေ ပေးနေသေးသတဲ့။ ရန်ပုံငွေတွေ တော်တော် တောင့်တောင့် တင်းတင်းရနေပြီလို့ သိရသဗျ။ ဟုတ်ပြီ ဘာတွေ လုပ်ကြမလို့လဲ။ ဆက်ပြော မယ်ဗျာ။


သူတို့က သမ္မတကြီးနားက အရာရောက်သောဝန်ကြီးများပေါ့။ သူတို့က လက်ရှိ ကြံ့ဖွတ်က CEC တဲ့။ ကြံ့ဖွတ်မှာ သူ့တို့ကို အရေးမပေးဘူး။ အရေးမပေးတော့ အရာမရောက်ဘူးပေါ့ဗျာ။ အဲဒါကို ၀န်ကြီးမင်းများက စိတ်တွေဆိုး၊ မုန်းတီးမှုတွေပွားများပြီး သူတို့ ဆရာလုပ်လို့ရမယ့် ပါတီ တစ်ခုကို ထောက်ပံ့ရင်း မသိ မသာ Shadow ပါတီပုံစံမျိုးထောင်နေတာဖြစ်မယ်တဲ့။ ကိုင်း...


ပါတီထောင်ပြီးပြီဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ အဲဒီဖက်ကများ ၀င်ကြမလို့လားဆိုတာ စဉ်းစား စရာဖြစ်လာတယ်။ ကြံ့ဖွတ်အနေနဲ့လည်း ကိုယ်မွေးတဲ့မြောက်က ကိုယ့်ပြန်ခြောက် နေပြီ ဆိုတာ ကိုရော သိကြရဲ့လား မသိပါ ဘူးဗျာ။


ဒါကြောင့် လာမယ့်ရွေးကောက်ပွဲကြီးကို ကျုပ်ကတော့ စိတ်ဝင်စားလွန်း အားကြီးလို့ မျှော်တော်ဇောနဲ့ မောနေရပြီလို့ပဲ ပြောလိုက်ချင်ပါတော့တယ်ဗျာ။


 

                                                                                                 မင်းမနိုင်

Sunday, January 12, 2014

စောက်ပေါ (ငပေါ) တွေအကြောင်း

0 comments
၂၀၁၄ အတွက် ကံဇာတာအညွှန်း- မြန်မာနိုင်ငံအနောက်ဖက်အခြမ်းနေ
တိုင်းရင်းသားများအတွက် ကံဇာတာဂြိုလ်စီးနေသည်။ ၂၀၁၃ မိုးရာသီ အတွင်း
မတူပီ ဘုံတလာဒေသတွင် အမျိုးအရင်း၏ အမျိုး သမီးအပေါ်
လိင်ဖောက်ပြန်မှုကျူးလွန်သူ ချင်းအဖွဲ့အစည်းရှိ
ထိပ်ပိုင်းခေါင်းဆောင်ကြောင့် ငယ်သား ရဲဘော် များအပေါ် လိင်ပုံစံဖြစ်သော
ကျည်ဆံ ထိပ်ဖူးများ ဦးတည်နေသည်။ စီးပွါးရေးဌါန ကောင်း စားနေသောကြောင့်
အဖွဲ့ဝင်တိုင်း လုပ်ကိုင်ချင် နေကြသည်။ အပြစ်ကြီး
အပြစ်ငယ်များရှာကြံကြပြီး စီးပွါးရေး ဌါနတွင် အစားထိုး
ဝင်ရောက်ချင်ကြသည်။ နိုင်ငံရေးကစားလာကြပြီး ဌါနချုပ်ရုံးကို ပိတ်ရန်ပင်
ဇက်ရဲလက်ရဲ လုပ်လာကြပြီ။ စီးပွါးရေးဌါနတွင် လုပ်ကိုင်သူများကြောင့်
ထိုကဲ့သို့ဖြစ်ရသည်ဟု အကြောင်းပြလိုသောကြောင့်ဖြစ်သည်။ ရာထူး ပါဝါ ဖြင့်
ယစ်မူးနေကြသော အဓိပတိကောင်စီ ၀င်များ မြန်မာနိုင်ငံသားခံယူရမည်လော၊ တတိယ
နိုင်ငံသား ခံယူရမည်လော၊ သို့လောသို့လောဖြင့် ဗေဒင်တွက် နေကြသည်။
မုန့်ဝေတာမရဘဲ တုတ်ဝေ တာရမှာကိုလည်း စိုးရိမ်နေကြသည်။ ထာဝရငြိမ်းချမ်း
ရေးရခဲ့သော် ပြည်တွင်း အစိုးရဌါနတွင် နေရာ သတ် သတ်မှတ်မှတ် မရှိသဖြင့်
စိတ်ပူပင်ကာ ငြိမ်းချမ်းရေး အမှန်တကယ် မလိုချင်သော
အဖွဲ့ဝင်ခေါင်းဆောင်များ စိတ်သောက ရောက်နေကြသည်။ သူပုန်ဘ၀တွင် အရာရှိ၊
လူကြီးနေရာကို လွယ်လွယ်ကူကူ ရရှိသော သူများသည် ငြိမ်း ချမ်းရေးရရှိပြီး
အစိုးရ၀န်ထမ်းရရှိရေးသည် မသေချာမရေရာဖြစ်နေသည်။ ညစောင့်၊ ရုံးစောင့်၊
ပြာတာ၊ တခါးစောင့် နေရာမှအပ အခြားနေရာမရှိတော့ပေ။ တပ်ဦး
ထိပ်ပိုင်းခေါင်းဆောင်များတွင် မူလတန်းအဆင့်ပင် မအောင်မြင်နိုင်သည့်
သူများရှိနေသည်။ သူပုန်ဘ၀တွင် ထီးကြီးနန်းကြီးဖြင့် နေလာပြီး
တိုင်းပြည်ကောင်းခါမှ တဲနန်းတွင် လူ့ဘ၀ဇတ်မသိမ်းချင်ကြ။
နာမည်ကျော်ကြားမှုကို ဦးထိပ်ပန်ဆင်တတ်သော သူအချို့၏ အဖြစ်မှန်ကို
ပြည်သူများက သိလာသောအခါ ငပေါ (စောက်ပေါ) ဖြစ်လာကြသည်။ ယခင်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြုလုပ်ခင် ထိုင်းနိုင်ငံသို့ အစည်းအဝေး
မကြာခဏ တက်ရင်း ပြည့်တန်ဆာများနှင့် ပျော်ပါးကြ သော
တပ်ဦးခေါင်းဆောင်များသည် ထိုနိုင်ငံသို့ အစည်းအဝေး တက်ရန်
မရှိတော့သဖြင့် ငတ်ပြတ် နေကြ သည်။ ထို့ကြောင့်
အကြောင်းမရှိအကြောင်းရှာပြီး ပြည်တွင်းသို့ လိပ်ခေါင်းပမာ ၀င်ထွက် သွားလာ
ကြသည်။

အားလုံးသိအောင်သုံးပေးပါ။

0 comments

---------- Forwarded message ----------
From: curve snow <curvewavesnow@gmail.com>
Date: Sun, 12 Jan 2014 19:44:31 +0630
Subject: Fwd: အားလုံးသိအောင်သုံးပေးပါ။
To: editor.hittai@gmail.com

---------- Forwarded message ----------
From: curve snow <curvewavesnow@gmail.com>
Date: Thu, 9 Jan 2014 18:59:30 +0630
Subject: အားလုံးသိအောင်သုံးပေးပါ။
To: thithtoolwin9@gmail.com