Tuesday, July 7, 2015
ပိုင်ရှင်ရှာမရသည့် 11ဘီလီယံ နှင့် မြန်မာပြည်မှ စစ်သူခိုးများ
0 comments
ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထို့သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်းတစ်ခု ပါဝင်နေကြောင်း သတင်းများ အပေါ် မြန်မာသံတော်ဆင့်မှ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက …““သူတို့သတင်းစာ ရှင်းလင်းမယ် လေ။ ၂၀ရက်နေ့ဆိုတော့ မနက်ဖြန်ပေါ့။ အဲဒီမှာပဲ တစ်ခါတည်း မေးလိုက်တာ ကောင်းပါတယ်။ ဘဏ္ဍာ အခွန်က ရှင်းလိမ့်မယ်လေ”” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။
၎င်း ၁၁ ဘီလီယံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၌ ကျင်းပမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ရရှိသော အချက်အလက်များဖြင့် BIC(Bank of Information Center) မှ အာရှ အစီအစဉ် မန်နေဂျာ Mr. Jelson Garcia က ထုတ်ဖော် ပြောကြားခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် -
(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေ ကြောင်း၊ တစ်ဘီလီယံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့် ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလီယံနီးပါး အထိ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့် အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။
““မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ် နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့ လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူ့အကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီ အကောင့်ငါးခုမှာ ၁၁ ဘီလီယံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး””ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအား ကြွေးမြီနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း သုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုနှင့်ပတ်သက်၍ မသိကြသေးကြောင်း ၄င်းက ထုတ်ဖော်ခဲ့သည်။
Mr. Jelson Garcia က ““အဲဒီအတွက် မြန်မာနိုင်ငံကို option သုံးခုထုတ်တယ်။ ၁၁ ဘီလီယံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲက ထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေး ဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့ သူကိုရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေ ပေါင်းပြီး Truth Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီ အကောင့် ငါးခုကို ခုထိ မြန်မာပြည်သူတွေ မသိသေးဘူး”” ဟု Mr. Jelson Garcia က ဆက်လက် ပြောကြားသည်။
ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက်ဖြေရှင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေး ကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့် ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့်ငွေ စုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။
မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး ၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။
နိုင်ငံတွင် အကြွေး ၁၁ ဘီလျံ ရှိနေချိန် နိုင်ငံတော် အစိုးရသည်ပင် အကြွေးဆပ်ရန် မထိရဲခဲ့သော ဘဏ်စာရင်း ငါးခုထဲတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်း ငါးခုကြောင့်လည်း နိုင်ငံတော် အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမည့် ချေးငွေများကိုမူ ရယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့် နိုင်ငံခြားဘဏ်များတွင် သွားရောက်အပ်နှံထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။
အတိုးများများဖြင့် ယူသုံးပြီး အတိုးနည်းနည်းသာ ပြန်ရမည့် ဘဏ်များတွင် ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည် ဆိုခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီ ဖြစ်ကြောင်းနှင့် ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့် ဘဏ်စာရင်း သို့မဟုတ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ဘဏ်စာရင်း ဟုတ်မဟုတ် ရှင်းလင်းရန် လိုအပ်လာသည်။
နိုင်ငံတော်၏ သစ်၊ ကျောက်မျက်၊ တွင်းထွက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့ အပါအ၀င် နိုင်ငံ့သယံဇာတများ ရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊ နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများ ပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများ ပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် သယံဇာတ အရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် ဥပမာအားဖြင့် လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိ မြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းပေါင်း များစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများ အဆိုပါ ဘဏ်စာရင်းများထဲ၌ ပါနေခြင်း ရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့် အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။
နိုင်ငံနစ်နာသည့်အတွက် အဆိုပါ ဘဏ်စာရင်း ငါးခုအား နိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန် လိုအပ်လာကြောင်းနှင့် အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်လာကြောင်း၊ အရေးယူသင့်လျှင်ပင် အရေးယူရမည် ဖြစ်သည်ဟု ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။
ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့် ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။
စီးပွားရေး ပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း အထိပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း ၂၀၀၀ ကျော် ပမာဏအထိ ချေးယူသုံးစွဲ ထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည့် ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူ ရဦးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့် ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင် အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိ ပြန်ဆပ်ရန် ကျန်နေသေးသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း မြင့်မားစွာဖြင့် ယူထားသော ချေးငွေများ အပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိ ရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘ၀ အကျပ်အတည်းများကို အစိုးရသစ် ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊ နိုင်ငံတကာ အကြွေးအားလုံးကို တစ်ချက်တည်းဖြင့် အကြေဆပ်နိုင်သည့် ငွေပမာဏများကို နိုင်ငံခြားတွင် အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင် အများပြည်သူ အနေဖြင့်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။
၁၉၈၈ ခုနှစ် မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အေဒီဘီချေးငွေ ၃၅၆ ဒသမ ၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀ ဒသမ ၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ ဒသမ ၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈ ဒသမ ၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄ ဒသမ ၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆ ဒသမ ၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉ ဒသမ ၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂
စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ
(အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်
၁၉၈၈ ခုနှစ် နောင်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ
(အမေရိကန် ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ ဒသမ ၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ ဒသမ ၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄
စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀
ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်း ပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးကျေသွားပြီ ဖြစ်သော်လည်း အဆိုပါ အကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ဆိုသည့် ပမာဏမှာ မြန်မာ့ သဘာဝဓာတ်ငွေများ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့် ငွေစုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်)ဟု ဖော်ပြထားသည်။
ယင်းကိစ္စရပ်များတွင် ယခင် စစ်အစိုးရလက်ထက် အကြီးအကဲအချို့၊ ၄င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့ ပါဝင် ပတ်သက်လျက် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သံတော်ဆင့်
လယ်သမားများကို ထမင်းတနပ်လျော့စားခိုင်းသော လယ်/ဆယ် ၀န်ကြီး မြင့်လှိုင် ၏ အလွဲသုံးစားမှုများ
0 comments
၂ဝ၁၅ မတိုင်မီ ပြည်သူပိုင်စက်ရုံများကို ငှားရမ်းရောင်းစားခြင်းနှင့် ဌာနမှ စက်-ယန္တရား-ဆီ-လုပ်သားအင်အားများကို ကိုယ်ကျိုးရှာ အလွဲသုံးစားအစွမ်းကုန်လုပ်နေသော လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် လယ်/ဆည်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ- အလုပ်ရုံများ မြေနေရာများကို အရှုံးပေါ်နေသည့်ဟု အကြောင်းပြကာ လာဘ် ပေးသော တရုတ်နောက်ကျောပြု ကုမ္ပဏီများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် အဆောတလျင် နှစ်ရှည်ငှားရမ်း ရောင်းချ၍ အလွဲသုံးစား ပြုနေပါသည်။
ဦးမြင့်လှိုင်သည် ၎င်းနှင့်ပတ်သက်သည့် တရုတ်ကျောထောက်နောက်ခံ ပြုထားသည့်Young Investment Group Industry Co.,Ltd (YIG) အား ၎င်း၏ ဝန်ကြီး ဌာနလက်အောက်ရှိ စက်ရုံ အများအပြားအား နှစ်ရှည်ငှားရမ်း ထား ပါသည်။
- စက်ရုံများအား ငှားရမ်းရာတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းစာထဲမှ တင်ဒါခေါ်ကာ အချိန်(၇)ရက်သာ ပေး၍ ငှားရမ်းပါသည်။ ငှားရမ်းမည့်ကုမ္ပဏီမှလည်း တင်ဒါကြော်ငြာ မပါမှီကပင် မြေတိုင်းခြင်း၊ အခြားနိုင်ငံခြားကုမ္ပဏီများအား တစ်ဆင့်ပြန်လည်ပြသခြင်းများ ပြုလုပ်နေခြင်းသည် နဂိုကပင် စည်းဝါးရိုက်ထားမှန်း သိသာနေပါသည်။
- ဝန်ကြီးဦးမြင့်လှိုင်သည် မိဘအမွေပေးထားသော ခိုင်းနွားများကို အကျိုးရှိစွာ အသုံးမချဘဲ မသုံးတတ်ဘဲ သားသတ်သမားလက်သို့ ရောင်းချစားသောက်နေသူနှင့်တူသော ပြည်ဖျက်ကိုယ်ကျိုး ရှာသူဖြစ်နေပါသည်။
ဥပမာ(၁) ပျဉ်းမပင်ပန်ကာကြိုးစက်ရုံ (မြန်မာ့စက်မှုလုပ်ငန်းသုံးရာဘာ ပစ္စည်းစက်ရုံ)ကို အရှုံးပေါ်သည်ဟု အကြောင်းပြကာ( YIG) သို့ တစ်လလျှင် ၂၅သိန်းနှင့် ငှားရမ်းထားပါသည်။ ၂ဝ၁၁ ဧပြီလမှ စတင် ငှားရမ်းထားပြီး စက်ရုံမှာ ယခုထိ ပြန်လည်လည်ပတ်ခြင်းမရှိဘဲ စက်ရုံအား ပိတ်ထား ခြင်းမှာ မြန်မာတို့၏ ကုန်ထုတ်လုပ်ငန်းအား ပိတ်ထားပြီး တရုတ်ပစ္စည်းများ သွင်းနိုင်ရန် ရည်ရွယ်ချက်နှင့် လုပ်နေသလား ထင်မှတ်ရပါသည်။ 
၎င်းစက်ရုံသည် ယခင်က လယ်ယာသုံးတာယာများ ၊ ပန်ကာကြိုးများကို စွမ်းအားပြည့် ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး ရပ်နားထားသည်မှာ (၁)နှစ်ခွဲ ကျော်နေပြီ ဖြစ်ပါသည်။ လုပ်ကိုင်မစားတတ်သော ဝန်ကြီးသည် အဆင်ခြင်မဲ့စွာ မိမိကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားလိုက်ပါသည်။
စက်ရုံရပ်ထားခြင်းသည် ငှားရမ်းစဉ်က စာချုပ်ပါစည်းကမ်းနှင့် မကိုက်ညီပါ။ တိုင်းပြည်၏ GDP ကျဆင်းစေပါသည်။ သို့သော်လဲ မိမိပိုက်ဆံရပြီးဖြစ်၍ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ YIG မှ လက်ညှိုးထိုးသမျှ အကုန်ငှား ရမ်း၍ ကိုယ်ကျိုးရှာနေ ပါသည်။
ဥပမာ(၂) (၉)မိုင် အမှတ်(၁) လယ်ယာသုံးစက်ကိရိယာစက်ရုံ သည်လည်း (၁ဝ-၃-၁၉၅၆)နှစ်တွင် သခင်ကျော်ထွန်းမှ အုတ်မြစ်ချပြီး မြန်မာ့စက်မှုလယ်ယာကဏ္ဍကို အစဉ်အလာဖြင့် အကျိုးပြုခဲ့သော စက်ရုံဖြစ်ပါသည်။ အမျှော်အမြင်ကြီးသောနိုင်ငံခေါင်းဆောင်များဝန်ကြီးများ အစဉ်အဆက်ပြုစုပျိုးထောင်ခဲ့ သောစက်ရုံဖြစ်ပါသည်။
ယခုလဲ နှစ်စဉ် လယ်ယာသုံးလက်တွန်းထွန်စက်များ ၂ဝဝဝ ကျော် လုပ်ပြီး အမြတ်ရအကျိုး ဖြစ်ထွန်းနေသော စက်ရုံဖြစ်ပါသည်။ အဆင်ခြင်မဲ့သော ဦးမြင့်လှိုင်သည် YIG ကုမ္ပဏီမှ လိုချင်နေသဖြင့် စက်ရုံအရှုံးပေါ်နေပါသည်ဟု စာရင်းလိမ်ပြကာ ခိုင်းနွားအား သားသတ်သမားသို့ လက်လွှဲပေးနိုင်ရန် အသည်းအသန် ကြိုးစား နေပါသည်။
Young Investment Group Industry Co.,Ltd (YIG) အား သည် (၉) မိုင် လယ်ယာသုံးစက်ကိရိယာ စက်ရုံ(၁)ကို လိုချင်သည်မှာ လယ်ယာသုံးစက် ထုတ်လုပ်ရန်မဟုတ်ဘဲ နေရာကောင်းသဖြင့် ဟိုတယ်ဆောက်ရန် (သို့) လက်လွှဲရောင်းချရန်ဖြစ်ပါသည်။
YIG သည် လယ်ယာသုံး စက်ကိရိယာထုပ်လုပ်မှုအတွေ့အကြုံမရှိပါ။ မြန်မာများ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုရပ်တန့်သွားစေရန်နှင့် နေရာကို ဦး၍ ရောင်းစားရန်သာ ဖြစ်ပါသည်။ စာချုပ်ပါ စည်းကမ်းလိုက်နာမှု ရှိမရှိကို စောင့်ကြည့်ပါ။
ဥပမာ(၃) မကွေး(ပွင့်ဖြူ)ဝါစက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
ဥပမာ(၄) သင်္ဃန်းကျွန်းဆီသန့်စက်ရုံကိုလည်း YIG သို့ ငှားရမ်းထားပါသည်။ထုပ်လုပ်မှုရပ်ထားပါသည်။
လုပ်ငန်းမတူသော အတတ်ပညာခြင်းမတူသောဈေးကွက်ခြင်းမတူသော စက်ရုံများကို ကုမ္ပဏီ တစ်ခုတည်းမှ ငှားရမ်း နေခြင်းသည် မရိုးသားပါ။ နောက်ကွယ်တွင် ရည်ရွယ်ချက်ကြီးကြီးတစ်ခု ရှိနေပါသည်။ ၎င်းရည်ရွယ်ချက်ကို မမြင်ဘဲ မိမိကိုယ်ကျိုးစီးပွားအတွက် မိမိမပြုတ်ခင် အားလုံးလုပ်သွားမည်ဟု ရည်ရွယ်ချက်ဖြင့် တိုင်းပြည်မျက်နှာ ပြည်သူမျက်နှာ ဝန်ထမ်းများမျက်နှာကို မကြည့်ဘဲ ထင်ရာစိုင်းနေသော ဦးမြင့်လှိုင်သည် ဝန်ကြီးနေရာနှင့်မတန်ဘဲ နွားပွဲစားသာ လုပ်သင့်ပါသည်။
စက်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်လည်း မိမိလက်အောက်ရှိ ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ အတင်းအဓမ္မ အရှုံးပေါ် နေသည်ဟု စာရင်းလိမ်ပြခိုင်းကာ မိမိနှင့်ဆက်နွယ်နေသော ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါသည်။ ငှားရမ်းပြီးသော စက်ရုံများကိုလည်း စာချုပ်ပါစည်းကမ့်း လိုက်နာခြင်း ရှိမရှိ မစစ်ဆေးဘဲ ၎င်းင်းကုမ္ပဏီအား မည်သို့အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ တစ်ရုံပြီးနောက်တစ်ရုံဆက်တိုက် ငှားရမ်းရောင်းချလျှက် ရှိပါသည်။
ဦးမြင့်လှိုင်၏ အကျင့်ပျက်ချစားမှုများ
ဦးမြင့်လှိုင်သည် မိမိပိုင်(သို့)မိမိနှင့် ဆက်နွယ်နေသော ကုမ္ပဏီများသည် သူတစ်ပါး လယ်ယာမြေများကို အဓမ္မသိမ်းယူထားပါသည်။ မြင့်ဇေယျာကုမ္ပဏီသည် ဦးမြင့်လှိုင်ပိုင် ကုမ္ပဏီဖြစ်ပြီး ဂျာနယ်များက ရေးကြသဖြင့် ဆန်းမွန်းစတား (Sun Moon Star) နာမည်ပြောင်းကာ လိမ်ပြန်ပါသည်။
၎င်းပိုင်လယ်ယာထွန်ယက်စိုက်ပျိုးရေးအား ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်း အင်အားများကို သုံးစွဲကာ ကိုယ်ကျိုးရှာပါသည်။
နိုင်ငံတော်သမ္မတ၏လယ်ယာကိုလည်း ဌာနပိုင်စက်ယန္တရားများ၊ ဒီဇယ်ဆီများ၊ ဝန်ထမ်းများကို အလွဲသုံးစားပြုကာ ၎င်းရာထူး တည်မြဲရေးအတွက် ဖေါ်လံဖားပြန်ပါသည်။
၎င်းနေထိုင်မည့် အိမ်ကိုလည်း ၎င်းအောက်မှ ညွှန်ကြားရေးမှူးချုပ်များအား တစ်ယောက်တစ်မျိုးစီ လုပ်ခိုင်းပါသည်။
စပါးဈေးကျ၍ တောင်သူများ ဒုက္ခရောက်နေချိန်တွင် စပါးအထွက်တိုး အကြောင်းပြကာ တတ်သိပညာရှင်များအား ဘေးချိတ်ပြီး နိုင်ငံပိုင်သတင်း၊ ရုပ်မြင်သံကြားများတွင် ၎င်းနာမည် ပါရေးအတွက် မတတ်မသိဘဲ ထင်ရာစိုင်းကာ တောင်သူများ၊ လုပ်ငန်းရှင်များကို အတင်းအဓမ္မ စပါးစိုက်ခိုင်းကာ နာမည်ကောင်းရရန် ကြိုးစားနေပါသည်။
သဘောကောင်း၊ စေတနာကောင်း တိုင်းပြည်အကျိုးလိုလား၍ အားနာတတ်သော နိုင်ငံတော်သမ္မတကြီးအား လိမ်လည် လှည့်ဖြား နေပါသည်။
ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တတ်သိပညာရှင် ညွှန်ကြားရေးမှူးချုပ်များ၏ အကြံဥာဏ်များကို ရယူခြင်းမရှိဘဲ ယခင်ခေတ်ဟောင်းကလို တစ်သွေးတစ်သံတစ်မိန့်ဖြင့် ကပ်ပါးကုမ္ပဏီများအလိုကျ မိမိကိုယ်ကျိုးစီးပွားအတွက် အဆင်ခြင်မဲ့စွာ ဆောင်ရွက်နေပါသည်။ ဌာနတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေပါသည်။
နိုင်ငံခြားကုမ္ပဏီများမှ ဝန်ကြီးဌာနအား လက်ဆောင်ပေးသော စက်ယန္တရားများကိုလည်း မိမိပိုင်ကုမ္ပဏီ မိမိ၏လယ်ယာထဲတွင် ဌာနစက်သုံးဆီများနှင့် လုပ်ငန်းဆောင်ရွက်လျှက် ရှိနေပါသည်။
ဦးမြင့်လှိုင်သည်မိမိနှင့်မိမိဆက်စပ်သူများပိုင်လယ်ယာများကိုဌာနမှစက်ယန္တရားများ၊ဒီဇယ်ဆီ၊လူအင်အားဖြင့် မြေပြုပြင်ပြင်ခြင်း၊ ထွန်ယက်ခြင်း အလွဲသုံးစားမှုမှာ (၂)နှစ်စာ ခန့်မှန်းတွက်ကြည့်ရာ ကျပ် သန်း ရှစ်ရာ ခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ယင်းသတင်းအား (စစစ)မှ စုံစမ်းဖေါ်ထုတ်ရာစုံစမ်းသူ တာဝန်ခံအရာရှိအရေးယူခံရပါသည်။
ခေတ်ပြောင်းစနစ် ပြောင်းသော်လည်း မပြောင်းလဲသော ဦးမြင့်လှိုင်၊ မိဘအမွေပေးထားသော ခိုင်းနွားအား လုပ်ကိုင်မစားတတ်ဘဲ ရေတို မိမိအကျိုးအတွက် သားသတ်သမားလက်သို့ အပ်သော အဆင်ခြင်နည်းသော လူတစ်ယောက်နှင့်တူသော ဦးမြင့်လှိုင်သည် ပြည်ထောင်စုဝန်ကြီးဟူသော ရာထူးနှင့် ထိုက်တန်ပါ၏လောဟု သမ္မတနှင့် အစိုးရတစ်ဖွဲ့လုံး စဉ်းစားဆွေးနွေးရမည့် အချိန်ဖြစ်ပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်မည့်ကိန်းမဆိုက်ခင် ဆောင်ရွက်ကြစေလိုပါသည်။
လယ်/ဆည်မှ အငြိမ်းစားဝန်ထမ်းတဦး
ဘောင်းဘီချွတ် ချိပ်ထမီဝတ် အစိုးရအဖွဲ့၏ အတွင်းရေး အရှုပ်တော်ပုံများ - သံဖနောင့်
0 comments
သမ္မတရုံးတွင် ၀န်ကြီးငါးဦး ရှိသည့်အနက် ဦးစိုးသိန်းသည် သမ္မတ၏ အခန်းသို့ တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရသည်။ အခြား ၀န်ကြီးများ ၀င်လိုက ကိုယ်ရေးအရာရှိ မှတစ်ဆင့် ခွင့်တောင်းပြီးမှ ၀င်ရသော်လည်း ဦးစိုးသိန်းမူ သမ္မတ ရုံးခန်းတံခါးကို သူကိုယ်တိုင်ဖွင့်ပြီး ၀င်လိုသည့် အချိန် ၀င်နိုင်သည်။ နာဂစ်ကာလက ရေတပ်မှ စစ်သင်္ဘော သုံးစီး နစ်မြုပ်သွားသဖြင့် ရေတပ်ဦးစီးချုပ် ရာထူးမှ ဖယ်ရှားခံရတော့မည့် ဦးစိုးသိန်းကို တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသနားခံပြီး ကယ်တင် ထားခဲ့သည်ဟုလည်း အတွင်းသိများက ပြောဆိုနေကြသည်။
သို့သော် ဦးစိုးသိန်းသည် သူ၏ ကယ်တင်ရှင် ဦးသူရရွှေမန်းကို မောက်မာစွာ ဆက်ဆံသည်။ ဦးရွှေမန်းက စကားပြောလျှင်ပင် ပြန်ပြောချင်မှ ပြောသည်ဟုလည်း နာမည်ကြီးသည်။ အစိုးရ ၀န်ကြီးများ အတွင်းတွင် အမောက်မာဆုံး ပုဂ္ဂိုလ်ဟုလည်း နာမည်တစ်လုံး ရထားသူဖြစ်သည်။ စီးပွားကူးသန်း ၀န်ကြီးကား အခြား ၀န်ကြီးများနှင့် ယှဉ်တိုင်း အပြောဆိုခံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်တွေကြားမှာ ကျွန်တော် တစ်ယောက်ပဲ ရိုးရိုးသားသား စစ်သားပါဟု ရင်ဖွင့်လေ့ရှိသည်။ ပြည်ထောင်စု ၀န်ကြီး ၃၆ဦးတွင် ပညာရေး ၀န်ကြီး၊ စီးပွားကူးသန်း ၀န်ကြီး၊ အမျိုးသား စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး၊ ကျန်းမာရေး ၀န်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး၊ ဆောက်လုပ်ရေး ၀န်ကြီး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး၊ အားကစား ၀န်ကြီးတို့ ၈ဦးသာ အရပ်သားများ ဖြစ်ပြီး ကျန်ဝန်ကြီး ၂၈ပါးမှာ စစ်ဗိုလ်များ ဖြစ်ကြသည်။ ထိုအထဲတွင်လည်း စစ်တက္ကသိုလ်မှ ဆင်းသည့် ၀န်ကြီးက ၂၅ဦးပါပြီး ဗိုလ်သင်တန်း ကျောင်းဆင်း ၀န်ကြီးမှာ ၃ပါးသာ ပါရှိသည်။ စစ်ဗိုလ်ဝန်ကြီး ၂၅ပါးတွင် လေတပ်မှ ၂ဦး၊ ရေတပ်မှ ၂ဦးပါဝင်သည်။ ထို့ကြောင့် ၀န်ကြီးများကို အချိုးကျ ကြည့်လျှင် စစ်ဗိုလ်များက ၇၇.၂ ရာခိုင်နှုန်းနှင့် အရပ်သားများက ၂၂.၈ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ တစ်ဖန်စစ်ဗိုလ်များကို အချိုးချကြည့်လျှင် စစ်တက္ကသိုလ် ကျောင်းဆင်းများက ၈၉.၂ရာခိုင်နှုန်း ၀န်ကြီးများ နေရာများ ရရှိထားပြီး ဗိုလ်သင်တန်း ကျောင်းဆင်းများက ၁၀၁.၈ ရာခိုင်နှုန်းသာ ရရှိထားသည်။
သမ္မတကြီးသည် စစ်တက္ကသိုလ် အမှတ် ၉မှဖြစ်ပြီး သတ္တုတွင်း ၀န်ကြီး ဦးမြင့်အောင်မှာ သမ္မတနှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပို့ဆောင်ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်၊ သမ၀ါယမ ၀န်ကြီး ဦးကျော်ဆန်းတို့သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၁ သင်တန်းဆင်းများ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းနှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်းများ ဖြစ်ကြသည်။ ယဉ်ကျေးမှု ၀န်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၀မှဖြစ်သည်။ သမ္မတ၀န်ကြီးရုံး ဦးသိန်းညွန့် သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၂မှဖြစ်သည်။ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၃မှဖြစ်ပြီး ဦးနေ၀င်း လက်ထက် ထောက်လှမ်းရေးများကို ဖြိုခွင်းခဲ့စဉ် ကျန်ခဲ့သူ ဖြစ်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် ၁၅တွင် ၀န်ကြီးများအဖြစ် ဦးလှထွန်း၊ ဦးဆန်းဆင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဌေးအောင်တို့ ဖြစ်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် ၁၆မှ နိုင်ငံခြားရေး ၀န်ကြီး တစ်ဦးရှိပြီး စစ်တက္ကသိုလ် အမှတ်စဉ် ၁၇မှ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ဦးစိုးမောင်၊ ဦးတင်နိုင်သိန်း ၀န်ကြီး ၇ပါးရှိသည်။ ကာကွယ်ရေး ၀န်ကြီသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၈မှ ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၉မှ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။ စက်မှုဝန်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၀မှဖြစ်ပြီး ဦးဇေယျာအောင်သည် စစ် တက္ကသိုလ် အမှတ်စဉ် ၂၂မှဖြစ်သည်။ ဗိုလ်သင်တန်း ကျောင်းဆင်းများမှ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီးနှင့် အလုပ်သမား ၀န်ကြီးတို့ ၃ဦး ဖြစ်သည်။
ပြည်သူ အများစုက အစိုးရ အဖွဲ့အစည်းအဝေး ကက်ဘိနပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို လူသိများသော်လည်း နိုင်ငံတော် စီးပွားရေး ကော်မတီဆိုသည့် ဦးစိုးသိန်း ဥက္ကဋ္ဌ လုပ်နေသော အဖွဲ့ကို လူသိနည်းသည်။ ထိုအဖွဲ့သည် ၀န်ကြီးဌာနများနှင့် အစိုးရ အဖွဲ့အစည်းများက တင်ပြလာသော ငွေကြေးသုံးစွဲခွင့်နှင့် စီးပွားရေး လုပ်ငန်းများကို အဆုံးအဖြတ်ပေးသည်။ ဆိုရလျှင် စစ်အစိုးရခေတ်က ကုန်သွယ်ရေး မူဝါဒ ကောင်စီ၏ အလုပ်ကို လုပ်သည်။ ထိုနေရာမှ သတင်းဦး ရသူသည် စီးပွားရေးလောကတွင် နေ့ချင်းသူဌေး ဖြစ်သွားနိုင်သည့် စီးပွားရေး မူဝါဒ ချမှတ်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ကားအိုကားဟောင်းများ အပ်ပြီး ကားသစ်များ ပါမစ်ထုတ်ပေးသည့် သတင်းကို ကြိုတင်ရရှိသူများက နယ်အနှံ့ ကားအိုကားဟောင်းများ ဆင်းဝယ်ပြီး အချီကြီးပွသွားသည့် ကိစ္စမျိုးဖြစ်သည်။
အစိုးရ အဖွဲ့အတွင်းတွင်လည်း သမ္မတ၏ သဘောကောင်းမှုကို အခွင့်အရေး တစ်ရပ်အဖြစ် ယူနေသူများလည်း ရှိသည်။ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို အပုပ်နံ့ အထွက်များသဖြင့် ရာထူးမှ ဖယ်ရှားရန် ကြံစည်ခဲ့သော်လည်း ဦးကျော်ဆန်းက သူ့ကို ရာထူးမှ ဖယ်ရှားပါက လည်ပင်းတွင် စာဆွဲပြီး လွှတ်တော်ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြမည်ဟု ပြန်လည် ခြိမ်းခြောက်သဖြင့် ၀န်ကြီးဌာနသာ ပြောင်းလဲလိုက်ရသည်ဟုလည်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။ လက်ရှိတွင်လည်း ကျန်းမာရေး ၀န်ကြီး ဌာနသည် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ လာဘ်ပေးလာဘ်ယူ အသံများ ထွက်ခြင်းကြောင့် ကျန်းမာရေး ၀န်ကြီးကို သမ္မတရုံးတွင် တွဲဖက် ထိုင်စေပြီး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ကျန်းမာရေး ၀န်ကြီးဌာနကို ကိုင်တွယ်နေရသည်။ ထို့ကြောင့် ဒုသမ္မတက ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်ကို ရာထူးမှ ထွက်စာတင်ရန်ပြောရာ ဒေါက်တာ ဖေသက်ခင်က မထွက်ဘူးဆိုရင်ရောဗျာဟု ပြန်လည် တုန့်ပြန်သဖြင့် ရာထူးမှ မဖယ်ရှားရဲပဲ ထားနေရသည်ဟု ဆိုသည်။
အထူးသဖြင့် သမ္မတအနီးမှ အကြံပေးများနှင့် ၀န်ကြီးအချို့သည် လုပ်ပိုင်ခွင့်များကို နည်းအမျိုးမျိုးနှင့် ရယူနေကြသည်။ ယခုလည်း သန္တိသုခကျောင်း ကိစ္စတွင် ကိုင်တွယ် ဖြေရှင်းသော ဦးအံ့မောင်သည် သမ္မတရုံး အကြံပေး မဟုတ်ပါဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုသွားသည်။ သို့သော် ဦးအံ့မောင်သည် ရန်ကုန် ကမ္ဘာအေးရှိ သာသနာရေး ဦးစီးဌာနတွင် ရုံးတက်နေပြီး ရုံးခန်းတွင် နိုင်ငံတော် သမ္မတ အကြံပေး ပုဂ္ဂိုလ်ဟု မည်သည့်အတွက် ဆိုင်းဘုတ် ချိတ်ထားသည်ကို စဉ်းစားရန် ဖြစ်လာသည်။ သန္တိသုခကျောင်းကို စစ်ပွဲပုံစံညဘက် စီးနင်းရာတွင် တာဝန်ရှိသော သာသနာရေး ၀န်ကြီးကိုလည်း ရာထူးမှ အနားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်၏ စိတ်နေစိတ်ထားအရ တစ်နှစ်သာ ကျန်တော့သည့် အစိုးရ သက်တမ်းတွင် ၀န် ကြီး အားလုံးကို အတတ်နိုင်ဆုံး မဖြုတ်ပဲ လက်တွဲခေါ်ယူသွားမည့် အခြေအနေက ပိုဖြစ်နိုင်သည်ဟု အတွင်းသိများက ပြောကြသည်။
နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုတွင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း လုပ်ချင်ရာ လုပ်နေသည်။ လွှတ်တော်တွင် တရားစီရင်ရေး မဏ္ဍိုင်သည် ပြိုလုဖြစ်နေပြီဟု ဆွေးနွေးခဲ့ကြသော်လည်း တရားရေးမှ တာဝန်ရှိသူများက မည်သူ့ကိုမျှ မကြောက်၊ ချချင်သည့် အမိန့်တွေ ချနေကြသည်။ လာဘ် စားမြဲစားနေကြသည်။ ယခင်က အုပ်ချုပ်ရေး မဏ္ဍိုင်၏ လက်အောက်တွင် နေခဲ့သဖြင့် အညှိုးနှင့် လက်စားချေနေသလား ထင်ရအောင် မတော်မတရား အမိန့်များချသည်။ လက်နက်မှုသည် အာမခံ မပေးရဟု ဆိုသော်လည်း ပြောင်ပြောင်တင်းတင်း အာမခံပေးပစ်သည်။ စီရင်ချက်အတွက် အနည်းဆုံး ပြစ်ဒဏ်နှင့် အများဆုံး ပြစ်ဒဏ်ကြားတွင် တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ ပျော်ပျော်ကြီး ခရီးနှင် နေကြသည်။ အုပ်ချုပ်ရေးမှ တာဝန်ရှိသူ လူကြီးတစ်ဦးက ဒီတရားစီရင်ရေး မဏ္ဍိုင်ကြောင့် ဘာမှအုပ်ချုပ်လို့ကို မရတော့ပါဘူးဟု ငြီးတွားရသည့် အခြေအနေ ရောက်နေသည်။
တစ်ချိန်တည်းတွင် အစိုးရသည် တစ်ပါတီတည်း ဖြစ်သော ကြံ့ခိုင်ရေး ပါတီဝင် လွှတ်တော် အမတ်များ၊ လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် နာယကတို့နှင့်လည်း အဆင်မပြေ ဖြစ်နေသည်။ လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတနှင့် တရားဝင် တွေ့ဆုံခွင့် တောင်းထားသည်မှာ ခြောက်လကျော်ပြီ ဖြစ်သော်လည်း သမ္မတက တွေ့ခွင့်မပေးဟု အမျက်ထွက်သည်။ သမ္မတကလည်း သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ် ၇ ကျော် အဘယ်ကြောင့် တွေ့ဆုံသနည်းဟု မေးခွန်း ထုတ်ပြန်သည်ဟု ကြားရသည်။ မေလတွင် တပ်မတော်က စာမျက်နှာ ခြောက်မျက်နှာပါသော စာတစ်စောင်ကို သမ္မတနှင့် လွှတ်တော် နာယကထံပို့သည့် သတင်းများ ထွက်ပေါ်သည်။ စာထဲတွင် မည်သည်တို့ကို ရေးထားသည်ကို မသိသော်လည်း ထိုစာရပြီးနောက် သမ္မတ၊ လွှတ်တော် နာယကနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးပွင့်ဆိုင်တွေ့ကြသည်ဟု သတင်းရရှိသည်။ မေလ နောက်ဆုံးအပတ်တွင် ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို တံခါးပိတ် ကျင်းပပြီး ပါတီ လျှောက်လှမ်းမည့် အနာဂတ်လမ်းကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဟာဗျူဟာများ ချမှတ်လိုက်သည်ဟု သိရသည်။ 
သံဖနောင့်
အငိုကျော်ဆန်း ၊ လွှတ်တော်ရှေ့ တစ်ကိုယ်တော် ဆန္ဒပြ မယ့် ကျော်ဆန်း အကြောင်းပါ။
0 comments
၂၀၀၂ ခုနှစ် စက်တင်ဘာလ တွင် ဗိုလ်မှုးချုပ် ဘ၀ ဖြင့်
ပြန်ကြားရေး ၀န်ကြီး ရာထူး ကို စတင်ရယူ စဉ်ကသူ၏ နိုင်ငံ တကာ မီဒီယာ ဗဟု သု တ
မှ အတော် ပင် နည်း ပုံ ရသည်။ ဆိုးဆိုးရွားရွား ဖြစ်နေသည့် သူ၏ ဗဟုသုတ က ဘရစ်
တနီ စပီးယား နှင့် ရှိတ် စပီးယား ကို ပင် သား အဖ ဟုထင်ထား ပုံ ရသည် ဟု သူ နှင့်
လက်ပွန်း တတီး နေ ခဲ့ ဖူး သူ တို့  က ဆိုကြသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် မပြုတ်ခင် အချိန်
အထိ သူ၏ ပြန်ကြား ရေး ၀န် နေရာ မှာ ထောက်လှမ်း ရေး တပ်မှုး တစ်ယောက် လောက်
ပင်သြဇာ အာဏာ မရှိ ခဲ့ ပေ။ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ တစ်နေ့ တာ သတင်း များ
နှင့် စစ်ထောက်လှမ်း ရေး မှ ပေးသည့် သတင်း များ ကိုသာ ဦးစား ပေး ဖော် ပြ ရ ပြီး မည်
သည့် သတင်း ကို မည်ကဲ့ သို့  ဖော်ပြ ရမည် ဆို သည့် ထောက်လှမ်းရေး ၏ လမ်းညွှန် မှု
ကို လည်း နေ့ စဉ် ပင် ဗိုလ်ကျော်ဆန်း တစ်ယောက် လိုက် နာ ရ သည် ဟု ဆိုသည်။
နောက် ၀န်ကြီးချုပ် အဖြစ် မှ သည် ထောင်နန်းစံ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် ဘဝ
ပြောင်းသွား သည့်အခါ ဗိုလ်ကျော်ဆန်း တစ်ယောက် အကြီး အကျယ် ပျော် ရသည်။
ဗိုလ်ချုပ် သူရ ရွှေမန်း က ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွန့် ကို လာဘ်စား ၍ အမိန့် မနာခံ ၍
ဖြုတ် လိုက်သည် ဆိုသည့် သတင်း ကို ကြေး မုံ နှင့် မြန်မာ့ အလင်း တွင် သူ ကိုယ်တိုင်
သေသေချာ ထည့်သွင်း ဖော် ပြ ခဲ့ သည်။
ဗိုလ်ခင်ညွန့် အင်ပါယာ ပျက် သုဉ်း မှု သည် ဗိုလ် ကျော်ဆန်း ၏ အာဏာ နှင့် လုပ် ပိုင် ခွင့်
ကို ပို ပြီး ကြီးမား လာစေခဲ့ ကြောင်း MRTV 4 မှ အရာရှိ တစ်ဦး က FNG သို့  ပြောသည်။
ဗိုလ်ကျော်ဆန်း သည် ဗိုလ်ခင်ညွန့် ဖြုတ် ချရေး တွင် အင်တိုက် အား တိုက် ပါဝင် ခဲ့ သည့်
အတွက် ဆုတော် လာဘ်တော် အဖြစ် စစ်ထောက်လှမ်းရေး ပိုင် စေတမန် တေးထုတ်လုပ်
ရေး နှင့် မော်ကင်း ဥဒါန်း ရုပ်ရှင် ကား ကို ရိုက်ကူး ခဲ့ သည့် သိန်းထောင် ချီတန် သည့် ရုပ်
ရှင် လုပ်ငန်း သုံး ပစ္စည်းများ ရရှိ ခဲ့ သည်။
ထောက်လှမ်းရေး အရာရှိ တစ်ဦး ဖြစ်သည့် ဗိုလ်မှုးချုပ် သိန်းဆွေ ပိုင် သည့် အော်ဒီ အမျိုး
အစား မော်တော် ကား ကို ပင် ဗိုလ်ကျော်ဆန်း ရရှိ လိုက် သည် သတင်း များ ထွက် ပေါ်
ခဲ့သည်။
ထိုစဉ် က ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက် တွင် ရှိ မနေ ခဲ့ သည့် စာပေ စီစစ်ရေး
ကို ပြန်ကြား ရေး ၀န်ကြီးဌာ န လက်အောက် ခံ အဖြစ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ်
တိုင် က ပြောင်း ရွှေ့ ပေး ခဲ့ သည့် အခါ ဗိုလ်ကျော်ဆန်း မှာ ပြည်တွင်း သတင်းဂျာနယ်
ဈေးကွက် ကို ချုပ် ကိုင် နိုင် ရန် မရွယ် ဘဲ နှင့် စော်ကဲ မင်း ဖြစ် ခဲ့ ရသည်။
အရပ် ပု သော်လည်း အကွက် မြင်လှသည့် ဗိုလ် ကျော်ဆန်း က စာပေ စိစစ်ရေး ကို မောင်
ပိုင် စီးပြီး မရှေး မနှောင်းမှာ ပင် သွားလေသူ ဗိုလ်ခင်ညွန့် က လက်ရွေးစင် စိတ်ကြိုက် ခန့် 
ထား သည့် စာပေ စိစစ်ရေး ညွှန်ကြား ရေး မှု ဗိုလ်မှုး အေးထွန်း ကို ရာထူးမှ ဖယ်ရှား ပစ်
ခဲ့ သည်။
စာပေ စိစစ်ရေး ကို သူ့  သြဇာ လွှမ်းမိုး မှု ရာ နှုန်းပြည့် ဖြစ်ချိန် တွင် ပြည်တွင်း သတင်း ဂျာ
နယ် နှင့် မီဒီယာများ ကို သတင်းစာ ရှင်းလင်း ပွဲ များ ၊ သတင်း ထုတ် ပြန်မှု များ နှင့် အစိုးရ
၇ ပွဲလန်း သဘင် များ သတင်းယူ ခွင့် ကို စာပေ စိစစ်ရေး မှ တစ်ဆင့် ပေး ရာ ပြန်ကြားရေး
ဝန်ကြီးဌာန ၏ သြဇာ ပို ကြီးလာ သည်။
ဗိုလ်ခင်ညွန့် အလွန် တွင် ပြည်တွင်း စာနယ်ဇင်း များ အတွက် စစ်အစိုးရ သတင်း စာရှင်း
လင်းပွဲ သတင်း များ ရေး ခွင့် နှင့် စာပေ စိစစ်ရေး မျက် နှာ သာ ပေး ခံ ရခွင့် ရရှိ ရေး တို့ 
အတွက် မီဒီယာ များ က သူ့  ကို အကြီး အကျယ် ဂါကြ ရသည်။
ဤနည်းဖြင့် ဗိုလ်ကျော်ဆန်း သူ၏ အင်ပါအတွက် ပထမ ဆုံး အုတ်မြစ် ကို ချခဲ့ သည်။
သည့် နောက်တော့ မီဒီယာ ကို မီဒီယာ နှင့် တိုက် မည် ဟု သူက ကြွေးကျော် ခဲ့ သည်။
လန်ဒန် မြို့ တွင် ဆေးရုံတွင် ဆေး ကုသခံရင်း ကွယ်လွန် ခဲ့ သည့် ဗိုလ်ချုပ် အေးကျော် လက်
ထက် ပြန်ကြား ရေး ၀န်ကြီးဌာန မှာ နေ့ စဉ် မြန်မာ ဘာသာဖြင့် သတင်း စာ နှစ်စောင် အင်္ဂ
လိပ် ဘာသာ ဖြင့် သတင်းစာ တစ်စောင် ကို ထုတ် ရုံ လောက် သာ တာဝန် ရှိ ပြီး ရံဖန်ရံခါ
တွင် မြန်မာ့ ရုပ်မြင် သံကြား တွင် ဆိုကြမယ် ပျော်ကြ မယ် လို မျိုး ကဏ္ဍ တစ်ခု နှစ်ခု လောက်
ပါရှိ ရင် လုံ လောက် သွားပြီ ဖြစ်သည်။
ထိုစဉ် က မြန်မာ့ ရုပ်မြင် သံ ကြား နှင့် စစ်အစိုး ရ အာ ဘော် သတင်း စာ များ ကို မည် သူ မျှ
မည် သည့် သတင်း ဌာ န မှ ကိုးကား ကြခြင်း မရှိ သေး ချေ။
နောက်ပိုင်း တွင် အကွက် မြင်သည့် ဗိုလ်ကျော်ဆန်း က မြန်မာ့ ရုပ်မြင်သံကြား မှ သတင်းထူး
များ ထုတ် လွှင့် ရန် ရှိ က နိုင်ငံခြား သတင်း ထောက် များ ၊ ပနံ သင့် သည့် မီဒီယာ အချို့  ကို
လက်တို့ ကာ နိုင်ငံ တကာ မီဒီယာ များ တွင် MRTV နှင့် စစ်အစိုးရ သတင်း စာများ ကို ကိုး
ကား ရန် ဆောင် ရွက် ခဲ့သည်။
၂၀၀၇ ခုနှစ် နှစ်ဆန်း ပိုင်း တွင် တိုင်းမှုး နှင့် ၀န်ကြီး ရာထူး အပြောင်းအလဲ များ ဖြစ်လာ ခဲ့ သည့်
အခါ သူ လည်း ရာထူး မှ ဖယ်ရှား ခံ ရမည် ဟု သတင်း ထွက် ပေါ် လာသော် လည်း သူ ပါဝင်
ခြင်း မရှိ ခဲ့ ပါ။
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ ကို သူက အပိုင် ပေါင်းထား ပြီး ဗိုလ်ကျော်ဆန်း
က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ လူ ယုံ ဟု ပင် ဆိုကြသည်။
ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ နှင့် ဗိုလ်ကျော်ဆန်း တို့  ၏ ဆက်ဆံ ရေး ကို သတိပြု မိသည့် ရန်ကုန်
မြို့  မှ ဆောက်လုပ်ရေး လုပ်ငန်း ရှင် တစ်ဦး က ” ဦးကျော်ဆန်း ရှိ နေ သမျှ ဦးသန်းရွှေ ရဲ့  အာဏာ
ဟာ ခိုင်မာ နေ တုန်း ပဲ လို့  ယူ ဆ လို့  ရတယ်။ ဦးသန်း ရွှေ က တိုက်လောယာဉ် တွေ စစ်လက်
နက် တွေ ၀ယ် သလို မီဒီယာ ဟာ အရမ်းအရေး ပါတယ် ဆိုတာ သူ ကောင်းကောင်း သဘော
ပေါက်တယ် ဟု သုံးသပ် ပြောသည်။
သူ၏ ၀ါဒဖြန့် ချိရေး ဉ် ပထမ ဦးဆုံး အောင် မြင် မှု ရရှိ သည် က နာဂစ် လေမုန် တိုင်း တိုက်ခတ်
ခဲ့ သည့် အချိန် က ဖြစ်သည်။ ပြည်ပ မီဒီယာ များ က (သတင်း ရယူ ရန် အခက် အခဲ ရှိ သည့် အ
လျှောက် ) သေဆုံး သူ ဦးရေ ငါးထောင် ထက် ပို ၍ ကြေငြာခြင်း မလုပ် ခင် က ပင် ဗိုလ်ကျော်ဆန်း
က မြန်မာ့ အသံ ဉ် ကြားဖြတ် သတင်း အနေဖြင့် သေဆုံး သူ ခြောက်သောင်း ကျော် ရှိ ကြောင်း
ကြေငြာခဲ့ သည်။
နိုင်ငံ တကာ မီဒီယာ တို့  က MRTV ထုတ်လွှင့် မှု များ ကို ကိုးကား လာရသည်။ နိုင်ငံခြား သတင်း
ထောက်များ ကို ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ သွားခွင့် မပြု ခဲ့ ဖြင့် NHK, Al Jazera,
CNN အစရှိ သည် တို့ မှာ ထို အချိန် က MRTV ၏ ထုတ်လွှင့် မှု များ ကို သာ ကိုးကား ခဲ့ရသည်။
၂၀၀၉ ခုနှစ် လောက် တွင် ပြည်ပ မီဒီယာ များ ကို တန် ပြန် ချေဖျက် နိုင် မည့် အား ကောင်း သော
ပြည်တွင်း မီဒီယာ များ ကို ပိုမို မြေတောင် မြှောက် ပေး ရန် ရည် ရွယ် ခဲ့ သော် လည်း ကျကျ နန လုပ်
တတ် ကိုင် တတ် သည့် မီဒီယာများ မှ ပြည်တွင်း ဉ် မရှိ ဟု သူ ကိုယ်တိုင် နိုင်ငံခြားသတင်း ထောက်
တစ်ဦး ကို သူ၏ မွေး နေ့  ဧည့် ခံ ပွဲ ဉ် ပြောခဲ့ သည်။
ထို ဧည့် ခံ ပွဲ ဉ် အဆို ပါ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်း ထောက် က ” ၀န်ကြီး ရဲ့  ကို မြတ်
ခိုင် က အား မကိုး ရ ဘူး လား ဟု မေးသည့် အခါ သည့် လူ ဦးဏှောက် နဲ့  ဘာသွား လုပ် လို့  ရမလဲ
အပြင်က ကောင် တွေ က အယား တောင် ပြေ မှာ မဟုတ် ဘူး ” ဟု ပြောခဲ့ သည်။
နောက်ပိုင်း တွေ သူ စာ တွေ ပိုဖတ်လာ သည် နိုင်ငံ တကာရုပ် သံ ထုတ်လုပ် မှု နှင့် သတင်း တင်ဆက်
မှု များ ကို ပို လေ့လာ လိုက်စား လာ သည် ဟောင် ကောင် နှင့် ဂျပန် မှ ရုပ်သံ ထုတ် လုပ်မှု ပညာရှင်
များ ကို နေ ပြည်တော် သို့  ပင့် ဖိတ် ပြီး လေ့လာခဲ့ သည် ဟု ဆို သည်။
သတင်း ပညာ နှင့် ပတ်သက် သည့် စာ အုပ် များ ကို ပို လေ့လာ လာပြီး သူ့  ရုံးခန်း သို့  ရောက်ဖူးသူ
တစ်ဦးက ဖတ်လား မဖတ် လား တော့ မသိဘူး သိုးဆောင်း ဘာသာ နဲ့  ရေး ထား တဲ့ စာအုပ်
ဓတွေ အများ ကြီး ပဲ ဟု FNG ကို ပြောသည်။
ပြည်တွင်း သတင်းမီဒီယာ နယ် ကို လွှမ်း မိုး နိုင်ခဲ့ သလို မြန်မာ နိုင်ငံ ရုပ်ရှင် ထုတ်လုပ်
ရေး နယ် ပယ် တွင် လည်း သမာသမတ် မကျ သော ရုပ်ရှင် ထူးချွန် ဆု ပေး မှု စနစ်
ကြောင့် သူ့ ခြေ သူ့ လက် ဖြစ်ခဲ့ ရသည်။
တပ်တွင်း ရှိ စစ်ခေါင်းဆောင် ငယ်များ ၏ သားသမီးများ စစ်တပ် မှ အရာ ရှိ ငယ် များ ပြန်
ကြားရေး ၀န်ကြီးဌာ န သို့ ရောက်လာ ပြီး ချိန် တွင် ဖျော်ဖြေရေး နယ်ပယ် မှ သရုပ်ဆောင်
ငယ် အချို့  နှင့် စုံစဖီ နဖာ ဇာတ်လမ်း တွေ ဖြစ် ကုန် တော့ သည် ထို ဇာတ်လမ်း များ ကို
မီးလောင် ရာ လေပင့် ပေး သူက ဗိုလ် ကျော်ဆန်း က မီးဗျို့  ….မီးဗျို့  ဟု အော်သူက
ပွဲ တိုင်း ကျော် မြတ် ခိုင် ဟု ပြောကြ သည်။
ဗိုလ်ချုပ် ကျော် ဆန်း သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့် ၂၀၁၀ ရွေကောက် ပွဲ များ တွင်
သူ၏ ၀ါဒ ဖြန့် ချီ မှု များ ကို တေး သီချင်း များ ဇာတ် လမ်း များ ဖြင့် ဆက် တိုက် ပြု လုပ် ခဲ့
သည်။
သရုပ်ဆောင် နှင့် ဂီတ အဆိုတော် များ ကိုလည်း သိမ်းသွင်း ထား နိုင် ခဲ့ ပြီး ၀ါဒဖြန့် ချိရေး
ရုပ်ရှင် ဇာတ်ကား တစ်ခု ဖြစ်သည့် ” အရုဏ် ဦး တွင် ဖူး သည့် ကြာ ” ဉ် သရုပ် ဆောင် ရန်
သူ ကား တိုက်တွန်း နိုင် ခဲ့ သည်။ ဒါရိုက် တာ တင်သန်းဦး ရိုက် ကူး သည့် ထို ဇာတ်ကား
ကို နောက်ပိုင်း တွင် သူက မောင်ပိုင်စီးပြီး ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ထံ တွင် အမှတ် ယူ
ခဲ့ သည် ဟု ဆိုသည်။
သည့် အတွက် ကြောင့် လည်း မြန်မာ စစ်ခေါင်းဆောင် အိုကြီး က ဖါးတစ်ပိုင်း ၊ ငါးတစ်
ပိုင်း အစိုးရ သစ် တွင် အပိုဆောင်း ၀န်ကြီး ရာထူး နေရာ တစ်ခု ကို အပို ဆောင်း ချီးမြှင့်
ခဲ့ ခြင်း ဖြစ် သည်။
ပြည်တွင်း သတင်း ဂျာနယ် အချို့  မှာ သတင်း နှင့် အခွင့် အရေး တစ်ချို့  အတွက် သူ့  ကို
ကော် မရှင် ပေး ရသည်။ အစိုးရသစ် လက်ထက် တွင် ၀န်ကြီးရာ ထူးနေရာ ဆက်လက်
မြဲ နေ သည့် အခါ သူ့  ၏ ဆက်ကြေး မှာ ဈေးပို တက်လာသည်။
ဗိုလ်ကျော်ဆန်း ၏ မရိုးသား မှု များ ကြောင့် မြန်မာ့ သတင်း ဂျာနယ် လောက တွင် အခွင့်
ထူး ခံ ဂျာနယ် များ ပေါ်ပေါက် လာရသည် ဟု စာနယ်ဇင်း သမား များ က သုံးသပ်ကြသည်။
၂၀၁၀ ရွေးကောက်ပွဲ ပြီး နောက်ပိုင်း တွင် သူ၏ အင်ပါယာ ကို ပိုမို ချဲ့  ထွင် ခဲ့ သည်။ သူ
သြဇာ ညောင်း သည့် ဂျာနယ် အချို့  ကို သူ၏ အလို ကျ ဖြစ်စေခဲ့ သည်။
နေအိမ် အကျယ် ချုပ် မှာ ပြန်လည် လွတ်မြောက် လာခဲ့ သည့် မြန်မာ့ ဒီမို ကရေစီ ခေါင်း
ဆောင် ဒေါ်အောင် ဆန်းစုကြည် ၏ ကျော်ကြား မှု ကို သူကား မနှစ် မြို့ ။ သတင်း ဂျာနယ်
များ တွင် ဒေါ်စု သတင်း နှင့် ဓာတ်ပုံ ကို ရံဖန် ရံ ခါ ခွင့် ပြု ပြီး အခါ အား လျှော်စွာ ပိတ်ပင်
ခြင်း ဖြင့် ဆိုးတစ်လှည့် ၊ ကောင်း တစ်ခါ ၀ါဒ ဖြန့် ချိ ရေး နည်း လမ်း ကို သူ ကျင့် သုံး ခဲ့
သည်။
ဒေါ်အောင်ဆန်းစုကြည် ဆန့် ကျင် ရေး ဆောင်း ပါးများ နှင့် တိုက် ခိုက် ဝေဖန် မှု များ ကို
ထည့် သွင်း ဖော်ပြ ရန် စာနယ် ဇင်း သမား အချို့  ကို သူ တိုက် တွန်း သော် လည်း တစ်
ဦး နှစ် ဦးစ ကပင် သူ့  စီမံ ကိန်း ကို အကောင် အထည် ဖော် ပေး ခဲ့ သည်။
သူ ၏ အတ္တ ကို အကောင် အထည် ဖော် ပေး ခဲ့ သည့် စာနယ် ဇင်း သမား ၏ သတင်းဂျာနယ်
ကြော်ငြာ ကို ရုပ် သံ နှင့် သတင်းစာ တွင် သူက ကြော်ငြာ ခ မယူခြင်း ဖြင့် ပြန်လည် ဆု ချ
ခဲ့ သည်။
ဝါဒဖြန့် ချိရေး လက်ရဲ ဇက်ရဲုဖြစ်လာ သည့် ဗိုလ်ကျော် ဆန်း သည် ကချင် နှင့် မြန်မာ အစိုးရ
စစ်တပ် တိုက်ပွဲ များ ဉ် ကချင် ပြည်နယ် ၏ အခြေအနေ ကို အမှောင် ချ ခဲ့ ပြီး နိုင်ငံ တကာ
ရုပ်သံ အချို့  နှင့် ဖုတ် ပူ မီးတိုက် တွေ့ ဆုံ ကာ ကချင် လွတ်မြောက် ရေး တပ် မတော် ၏
ရုန်းကန် ရ မှု များ ကို မေ့ လျှော့ ခံ ဖြစ်စေရန် သူ ကြိုးပမ်း အား ထုတ် နိုင် ခဲ့ သည်။
ကချင် တိုက် ပွဲ များ အတွင်း ကချင် ခေါင်း ဆောင် များ ကို သွေး ခွဲ ရန် အတွက် KIA အဖွဲ့ 
အတွင်း ပြဿနာ များ ဖြစ် နေသည် ဆိုသည့် သတင်း ကို သတင်းစာ တွင် ပုံ နှိပ် ဖော် ပြ
ခဲ့ သည်။
ကချင် တပ် သား များ လက်နက် ချ သည် ဆို သည့် သတင်း များ ကို လည်း သူက ကြံဖန်
ဖော်ပြ ခဲ့ သည်။
သူ နှင့် ပတ်သက် ပြီး ရန် ကုန် မြို့  ရှိ ၀ါရင့် စာနယ်ဇင်း သမား တစ်ဦးက ” ဆယ်စု နှစ်
တစ်ခု လောက် ဒီမိုကရေစီ ဆန့် ကျင်ရေး ၊ ဒေါ်စု ဆန့် ကျင် ရေး လုပ် လာ သူ တစ်ယောက်
ကို ပြန်ကြား ရေး ၀န်ကြီး နေရာ ဆက် ပေး ထား တာ ကို က ဒီအစိုးရ အနေ နဲ့  ဒီမိုကရေစီ
စနစ် ကို ဖော်ဆောင် နေပါတယ် ဆိုတာ ဘယ်လို သွား ယုံ ရ မတုန်း ဟု FNG သို့  ပြောသည်။
သူ့  ကို သဘောထားကြီး သူ ၊ အရည် အချင်း ရှိ သည့် ၀န်ကြီး တစ်ဦး အဖြစ် နိုင်ငံ တကာ နှင့်
ပြည်တွင်းက မြင်လာ အောင် ပုံဖော် ခဲ့ သော် လည်း အရာ မရောက် ခဲ့ ချေ။
ဝန်ကြီး နှင့် စစ်တိုင်း မှုး အချို့ ၏ သတင်း များ ကို လည်း သူ့ ခြေ သူ့ လက် သတင်းစာ နှစ်စောင်
နှင့် ရုပ်သံ တွင် မလို တစ်မျိုး လို တစ်မျိုး ဖော်ပြ ခဲ့ သည်။
သူ့  ကို ဗီလိန် လူကြမ်း တစ်ဦး အဖြစ် အမြင် ကို သတင်းစာ ရှင်းလင်း ပွဲ တစ်ခု ဉ် ဧရာဝတီ
မြစ်ဆုံ ဆည် ကိစ္စ မေးမြန်း မှု ဖြင့် ငိုပွဲ ဆင်ပြ ခဲ့ သည်။ လုပ် ဇာတ်က သူ လည်း ဧရာဝတီ
ကို ချစ်ပါသည် ဆို သည့် သဘောပင် ဖြစ်သည်။
သိပ်မကြာပါ ဇာတိက ပြ လာ ပြီ မြစ်ဆုံ ဆည် တည် ဆောက် မှု ကောင်းကြောင်း
ဆောင်း ပါး များ သတင်း စာ ထဲ တွင် ပါလာ သည့် အခါ သူ ၏ သဘော ထား မှန် ကို
အား လုံး သိရှိ ခွင့် ရခဲ့ သည်။
ပိုပြီး ပါးနပ် လာသည့် ဗိုလ်ကျော်ဆန်း က ယခု အနား ယူသွား ပြီ ဖြစ်သည့် မြန်မာ စ
စ်ခေါင်းဆောင် အိုကြီး နှင့် တွေ့ ဆုံကာ BBC, VOA နှင့် RFA ဆန့် ကျင်ရေး ကြွေး
ကျော် သံ များ ကို သတင်း စာ များ တွင် ဖော် ပြ ခြင်း ရုပ်သံ တွင် ထည့် သွင်း ခြင်းမှ
ပယ် ဖျက် လိုက်သည်။
သူ နှင့် လက်ပွန်း တစ်တီး ဖြစ်နေ သည့် စာနယ်ဇင်း သမား များ ကို အထူး အခွင့် အရေး
များ ပေး ပြီး များ စွာ သော ကော်မတီ များ နှင့် အဖွဲ့  အစည်း များ ဉ် ရာထူး အမျိုးမျိုး
လှည့်ပတ် ပေး ခဲ့ သည်။
ဗိုလ်ကျော် ဆန်း ကြောင့် ပြည်တွင်း သတင်း မီဒီယာ များ တွင် အခွင့် ထူး ခံ ဂျာနယ်များ
ပေါ် ပေါက် ခဲ့ သည် ဟု စာနယ် ဇင်း သမား များ က စွပ်ဆွဲ ကြသည်။
သူ၏ အင်ပါယာ ကို ပိုမို ချဲ့  ထွင် မှု များ နှင့် နိုင်ငံ တကာ ရုပ် သံ ဌာနများ ၊ သတင်းစာ
တိုက် များ ဉ် တွေ့ ဆုံ ခဲ့ သည်။ အဆိုပါ တွေ့ ဆုံ မှု များ ကို သူကား အမှောင် ချထား
နိုင် ခဲ့ သည်။
ထို တွေ့ ဆုံ မှု ဉ် အချို့  မှာ နိုင်ငံ နှင့် ပြန်ကြား ရေး ၀န်ကြီး ဌာန အကျိုးထက် သူ ၏
အကျိုးအတွက် ပို များ နေ သည် ဟု သိရသည်။
နိုင်ငံ တကာ မှာ နာမည် ကျော် သတင်း ထောက် များ သတင်း တင် ဆက် သူ များ ကို
သူ က ရန်ကုန် မြို့  သို့  ဖိတ်ခေါ်ပြီး လှို့ ဝှက် တွေ့ ဆုံ ခဲ့ သည်။ နိုင်ငံ တကာ ရောက်
မြန်မာ သတင်း သမား အချို့  ကို လည်း သူက တွေ့ ဆုံ ခဲ့ သည် ဟု သိရသည်။
အစိုးရသစ် ၏ ဌာန နှစ်ခု ကိုင် သက်တော်ရှည် ၀န်ကြီး ကျော်ဆန်း ၏ တိတ်ဆိတ်သော
ခြေလှမ်း များ နှင့် ကြောင်လက်သည်း ၀ှက် လှုပ်ရှား မှု များ ကို မည် သူ မှ မရိပ် မိကြ။
(ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ အစီအစဉ် များ ဖြစ်ကောင်း ဖြစ် မည် ဟု လည်း အချို့  က
ဆို ကြသည်)
CNN, Fox News, BBC, Al Jazerra တို့  လို အင်္ဂလိပ် ဘာသာ ဖြင့် အသံ လွှင့် ပြီး
နိုင်ငံ တကာ ဉ် သတင်းထောက် များ ထား သည့် နိုင်ငံ တကာ ရုပ် သံ တစ် ခု တစ်
ခု ကို ရန်ကုန် ဉ် အခြေစိုက် ပြီး ဒေါ်လာ သိန်းထောင် ချီ ရင်း နှီးမြုပ် နှံ ရန် စီစဉ် နေခြင်း
မှာ သူ၏ အဓိက ရည် မှန်း ချက် ပင် ဖြစ်သည်။
အရပ် ပု သော် လည်း ရည်မှန်း ချက် ကား မပု မီဒီယာ ကို မီဒီယာ ဖြင့် တိုက် မည့် သူ
၏ ရည် မှန်း ချက် များ ထဲ မှ တစ်ခု ပင် ဖြစ် သည်။
ထိုရည် မှန်း ချက် ကား အခု ၃၀ ရာ ခိုင် နှုန်း ခန့် ပြီး စီး နေ ပြီး မကြာခင် အကောင် အထည်
ပေါ် လာ တော့ မည် ဟု FNG မှ စုံစမ်း သိရှိ ရသည်။ သူ၏ စီမံ ကိန်း ကို သိရှိ သူ အနည်း
စု မှား လည်း ဗိုလ်ကျော် ဆန်း ၏ မြန်မာ စီအန်အန် အိပ်မက် ကို အကောင် အထည် ဖော်
ပေး နေကြ သူ များပင် ဖြစ်သည်။
ဤဆောင်းပါ ဖြစ်မြောက်ရေး အတွက် အကူညီ ပေးသည့် ပြည်တွင်း သတင်းစာဆရာများ၊
MRTV 4 မှ ၀န်ထမ်းများ ၊ ရုပ်ရှင် နယ်ပယ် တွင် အသက် မွေးဝမ်းကျောင်း နေသူ အချို့ ၊
မြန်မာ စစ်တပ် အရာရှိ များ နှင့် မြန်မာ ၀ီကီလိခ် ကို အထူး ကျေးဇူးတင် ရှိပါသည်။
ဒေါက်တာနေဇင်လတ် နှင့် Wall Stret Journal တွေ့ ဆုံ မှု ကို သူက စီစဉ် ပေး သည် ဟု သိရသည်။
တင်ကျော်ကျော်စိုး
နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ
0 comments
မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်းများကြောင့် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က အကြွေးလျှော်ပေးမည့် အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့် ဘဏ်စာရင်း ငါးခုအတွက် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိသော ဘဏ်အကောင့်ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေကြောင်း၊ တစ်ဘီလျံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။
၎င်းကဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့်အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။
"မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ်နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူအကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီအကောင့် ငါးခုမှာ ၁၁ ဘီလျံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး" ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအား ကြွေးမြီနှင့်ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းသုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုနှင့် ပတ်သက်၍ မသိကြသေးကြောင်း ၎င်းကထုတ်ဖော်ခဲ့သည်။
Mr.Jelson Garcia က "အဲဒီအတွက် မြန်မာနိုင်ငံကို Option သုံးခု ထုတ်တယ်။ ၁၁ ဘီလျံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲကထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေးဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့သူကို ရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေပေါင်းပြီး Trust Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီအကောင့် ငါးခုကို ခုထိမြန်မာပြည်သူတွေ မသိသေးဘူး" ဟု Mr.Jelson Garcia က ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက်ဖြေရှင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေး ကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့် ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့်ငွေ စုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။
မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး ၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။
နိုင်ငံတွင် အကြွေး ၁၁ ဘီလျံ ရှိနေချိန် နိုင်ငံတော် အစိုးရသည်ပင် အကြွေးဆပ်ရန် မထိရဲခဲ့သော ဘဏ်စာရင်း ငါးခုထဲတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်း ငါးခုကြောင့်လည်း နိုင်ငံတော် အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမည့် ချေးငွေများကိုမူ ရယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့် နိုင်ငံခြားဘဏ်များတွင် သွားရောက်အပ်နှံထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။
အတိုးများများဖြင့် ယူသုံးပြီး အတိုးနည်းနည်းသာ ပြန်ရမည့် ဘဏ်များတွင် ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည် ဆိုခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီ ဖြစ်ကြောင်းနှင့် ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့် ဘဏ်စာရင်း သို့မဟုတ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ဘဏ်စာရင်း ဟုတ်မဟုတ် ရှင်းလင်းရန် လိုအပ်လာသည်။
နိုင်ငံတော်၏ သစ်၊ ကျောက်မျက်၊ တွင်းထွက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့ အပါအ၀င် နိုင်ငံ့သယံဇာတများ ရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊ နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများ ပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများ ပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် သယံဇာတ အရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် ဥပမာအားဖြင့် လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိ မြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းပေါင်း များစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများ အဆိုပါ ဘဏ်စာရင်းများထဲ၌ ပါနေခြင်း ရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့် အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။
နိုင်ငံနစ်နာသည့်အတွက် အဆိုပါ ဘဏ်စာရင်း ငါးခုအား နိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန် လိုအပ်လာကြောင်းနှင့် အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်လာကြောင်း၊ အရေးယူသင့်လျှင်ပင် အရေးယူရမည် ဖြစ်သည်ဟု ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။
ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့် ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။
စီးပွားရေး ပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း အထိပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း ၂၀၀၀ ကျော် ပမာဏအထိ ချေးယူသုံးစွဲ ထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည့် ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူ ရဦးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့် ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင် အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိ ပြန်ဆပ်ရန် ကျန်နေသေးသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း မြင့်မားစွာဖြင့် ယူထားသော ချေးငွေများ အပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိ ရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘ၀ အကျပ်အတည်းများကို အစိုးရသစ် ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊ နိုင်ငံတကာ အကြွေးအားလုံးကို တစ်ချက်တည်းဖြင့် အကြေဆပ်နိုင်သည့် ငွေပမာဏများကို နိုင်ငံခြားတွင် အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင် အများပြည်သူ အနေဖြင့်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။
၁၉၈၈ ခုနှစ် မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အေဒီဘီချေးငွေ ၃၅၆ ဒသမ ၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀ ဒသမ ၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ ဒသမ ၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈ ဒသမ ၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄ ဒသမ ၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆ ဒသမ ၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉ ဒသမ ၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂
စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏ
(အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်
၁၉၈၈ ခုနှစ် နောင်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပချေးငွေများ
(အမေရိကန် ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ပမာဏ
အိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ ဒသမ ၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ ဒသမ ၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄
စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀
Monday, July 6, 2015
Fwd: ယာဉ်မတော်တဆမှုတွေများလွန်းလို့နှစ်လမ်းသွားအမြန်လုပ်သင့်သောဝမ်းတွင်းမြို့နယ်
0 comments
Subject: ယာဉ်မတော်တဆမှုတွေများလွန်းလို့နှစ်လမ်းသွားအမြန်လုပ်သင့်သောဝမ်းတွင်းမြို့နယ်
                          မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊၀မ်တွင်းမြို့နယ်အတွင်းမှာ
ယာဉ်မတော်တဆမှုတွေများပြားနေပါသည်။မိုင်တိုင်အမှတ်၃၅၄မှ၃၈၆အထိမိုင်၃၀ဆယ်
ကျော်ရန်မန်းလမ်းဟောင်းဝမ်တွင်းမြို့နယ်အပိုင်အတွင်းရှည်လျားလွန်းပါတယ်။အများအားဖြင့်
လမ်းကျဥင်္းမှာယာဉ်ကျော်တက်ရာမှမျက်နှာခြင်းဆိုင်လာသောယာဉ်ဖြင့်ထိခိုက်မိခြင်းများဖြစ်
ပေါ်တတ်ပါတယ်။ဇူလိုင်လ-၂-၂၀၁၅နေ့မိုင်တိုင်အမှတ်၃၆၃/၀မှာညနေ၅-နာရီ၃၅မိနစ်မှာRLG2412မော်တော်ယာဉ်မောင်အောင်ဖုန်းပိုင်နှင့်မောင်ကျော်ရဲအောင်တို့
မောင်းနှင်လာပြီးယာဥင်္ကျော်တက်ရာမှမျက်နှာခြင်းဆိုင်မှလာသောCZI125အမျိုးအစား
၂၇ယ/၉၉၈၁၀-နှင့်တိုက်မိပြီးဆိုင်ကယ်စီးနင်းလာသောကိုညွှန့်ဝင်း(၅၀)နှစ်ဘ-ဦးမောင်မြင့်ကျောက်ဆည်မြို့နှင့်ကိုကျော်မောင်(၅၅)နှစ်ဘ-ဦးသာရင်ဘုရားစုဝမ်းတွင်းမြို့တို့နေရာတွင်ဦးခေါင်းဒဏ်ရာများဖြင့်သေဆုံးခဲ့ပါသည်။အမှုကို
ယာဉ်(ပ)၂၇/၂၀၁၅ဖြင့်ဒုရဲအုပ်ကိုကြည်မင်းနိုင်မှတရားလိုပြုလုပ်ဖွင့်လှစ်ခဲ့ပါသည်။
ဝမ်းတွင်းမြို့နယ်အတွင်းနှစ်လမ်းသွားစနစ်ရှိနေပါသောလည်းလမ်းတခုမှာကတ္တရာမခင်းရသေး
သဖြင့်အသုံးမပြုနိုင်သေးပါ။၎င်းလမ်းအသုံးပြုနိုင်ခဲ့ပါလျှင်ယာဉ်အန္တရာယ်ကင်ရှင်းပြီးခရီး
သွားလာမှုသက်တောင့်သက်သာရှိစေမယ်လို့ပြည်သူတွေပြောကြားနေတာကိုသတင်းရရှိ
ပါတယ်။ဝမ်းတွင်းမြို့နယ်လမ်းပိုင်းရန်မန်းလမ်းဟောင်းကိုBOTစနစ်ဖြင့်သော်တာဝင်းကုမ္မ
ဏီမှရယူထားပြီး၂၀၁၅ခုနှစ်အတွင်းနှစ်လမ်းသွားစနစ်အပြီးလို့လည်းသိရှိရပါတယ်။ယခုအ
ချိန်အထိကူမဲလမ်းအထိနှစ်လမ်းသွားစနစ်ပြီးစီးနေပြီြး့ဖစ်ပါတယ်။
                                                         ဦးမျိုးလင်း(၉/၀တန-နိုင်၀၉၈၈၇၀)
                                                       ၀၉-၇၉၈၃၁၈၇၃၄
Sunday, July 5, 2015
ရေတပ်ဦးစီးချုပ်ဘ၀ကနေ ဘောင်းဘီချွတ်ပြီး ၀န်ကြီးဖြစ်လာသူ စိုးသိန်း၏အကြောင်း တစေ့တစောင်း။
0 comments
ဒီမိုကရေစီနိုင်ငံများရဲ့ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲကာလတွေမှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းများအနေနဲ့ မဲဆွယ်ကြတာတွေ၊ စည်းရုံးဟောပြောတာတွေ၊ စကားစစ်ထိုးပွဲတွေ တွေ့ဖူးကြမှာပါ။ မိမိရွေးချယ်ခံရလျှင် စီးပွားရေးကို ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်မယ်… ဆင်းရဲမွဲတေမှုကို ဘယ်လိုတိုက်ဖျက်မယ်… ပညာရေးကဏ္ဍကို ဘယ်လိုမြှင့်တင် မယ်… စသဖြင့် ပြောဆိုစည်းရုံးလေ့ရှိပါတယ်။
ကျုပ်တို့နိုင်ငံမှာလည်း သမ္မတရုံးဝန်ကြီးတစ်ယောက်က ၁ နာရီအတွင်းလုပ်ပေးမယ်။ ၁ နှစ်အတွင်းလုပ်ပေးမယ်။ ၃ နှစ်အတွင်းလုပ်ပေးမယ်နဲ့ အာဂကတိကဝတ်တွေနဲ့အတူ သမ္မတလောင်း မဲဆွယ်သလို ဘဝင်လေဟပ်၊ ပက်ပက်စက်စက်ပြောထွက်နေတာ နားခါးလွန်းလှပါတယ်ဗျာ။
သမိုင်းကြောင်းလေးတွေက သိပ်မကြာလှသေးပါဘူး… မေ့ချင်ယောင်မဆောင်ပါနဲ့ဦး… ဖျောက်ဖျက်ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့… ခဲရာခဲဆစ်တူးဖော်ဖို့မလိုတဲ့ မဝေးသေးခင် ကာလကလုပ်ဆောင်မှုလေးတွေကို facebook ပရိတ်သတ်ကြီးအတွက် ရှာဖွေတင်ပေးလိုက်ပါတယ်။ ကျောချမှ ဓားပြမှန်းသိရတယ်လို့ မဖြစ်ရအောင် ပြည်သူများသို့ ကြိုတင်အသိပေးခြင်းသဘောဆိုလည်း မှန်ပါလိမ့်မယ်။
ဦးစိုးသိန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်အချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး အဆင့်ထိရှိခဲ့ပါတယ်ဗျာ။ သူ့ရဲ့ ပြီးစလွယ်လုပ်ရပ်တွေ၊ လက်လွတ်စပယ်ပြောခဲ့တာတွေ၊ တပ်မတော်နဲ့ နိုင်ငံတော်အပေါ် လိမ်လည်ခဲ့တဲ့မှတ်တမ်းတွေက သူ့သမိုင်းကို ပုံဖော်နေမှာမို့ ဦးစိုးသိန်း ဘယ်လိုလူလဲသိရအောင် လေ့လာကြည့်စေ လိုပါတယ် –
– ရေတပ်ဦးစီးချုပ်ဘ၀တုန်းက လိမ်လည်ဝယ်ယူတည်ဆောက်ထားခဲ့တဲ့ 108 m Frigate (၂)စီး အကြောင်း (အခုထိ သုံးလို့မရဘူးလို့ သိရပါတယ်)။
– နာဂစ်တိုက်မည်မှန်း သိသော်လည်းပဲ စစ်သင်္ဘောတွေမောင်းလို့ရအောင် အောက်ခြေကို ဆီအပြည့် မပေးဘဲ ထုတ်စား၊ ရောင်းစားခဲ့တဲ့အတွက် နာဂစ်မှာ စစ်သင်္ဘောတွေ ဆီမရှိလို့မောင်းမရဘဲ နစ်မြုပ် သွားရခြင်းကြောင့် ရေတပ်ဦးစီးချုပ်ရာထူးကနေ ထုတ်ပယ်ခံရခြင်းကိစ္စ။
– စက်မှုဝန်ကြီးဖြစ်လာတော့ အိန္ဒိယနိုင်ငံက တာတာကုမ္မဏီနဲ့ပေါင်းပြီး ၁၀ ဘီးကားတွေ ထုတ်မယ်ပြော၊ မကွေးမှာစက်ရုံတွေဆောက်၊ လိုတဲ့စက်ကိရိယာပစ္စည်းတွေ ဈေးနှုန်းတင်ပြီးမှာ၊ စာရင်းလိမ်ပြ၊ ပွဲစားခယူ၊ နောက်ဆုံး ၁၀ ဘီးကားတွေကို အိန္ဒိယက မှာယူတင်သွင်းပြီး စက်မှုတံဆိပ်ကပ် ပြန်ရောင်း၊ အခုနောက်ဆုံး မကွေးက စက်ရုံကြီးသုံးမရဘဲ ဒီအတိုင်းရှိနေတဲ့ကိစ္စ။
– တရုတ်က Grand Tiger တွေဝယ်ပြီး စက်မှုတံဆိပ်တပ်၊ ချက်ချင်းလက်ငင်း တရုတ်ကားကနေ စက်မှုကား ဖြစ်သွားတဲ့ ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး၊ ၀န်ကြီးဌာနတွေနဲ့ စစ်တပ်ကို ကျွန်တော်ထုတ်တဲ့ ကားတွေပါဆိုပြီး အာပေါင်အာရင်းသန်သန် ပြောဆိုရောင်းချခဲ့တဲ့ကိစ္စ
– တကယ်အလုပ်မလုပ်နိုင်တဲ့စက်ရုံတွေ မြောက်မြားစွာတည်ဆောက်ပြီး ပွဲစားခအိတ်ထဲထည့်ဖို့လောက်သာ စဉ်းစားတဲ့ကိစ္စ (ဥပမာ- ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဂီယာစက်ရုံ၊ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှု စက်ရုံ၊ ဆေးစိမ်စက်ရုံ၊ မြေသယ်ကားကြီးများထုတ်လုပ်မှုစက်ရုံ၊ ချွေလှေ့စက်ရုံ၊ ရေအားလျှပ်စစ် ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်စက်ရုံ…)။
– စက်ရုံတွေတည်ဆောက်ရာမှာ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းကို ရေလမ်းကနေ သယ်ယူတာကို ကုန်းကြောင်းနဲ့ သယ်ယူကြောင်း စရိတ်စကပိုတင်ပြီး သိန်းပေါင်းသောင်းချီ အိပ်ကပ်ထဲထည့်ထားတာကို စာရင်းစစ်အဖွဲ့ဝင်ရာမှာ ဘူးပေါ်သလိုပေါ်တဲ့ကိစ္စ။
– ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဆိုပြီး သူ့လက်ထက်မှာ စာချုပ်ချုပ်ခဲ့တာတွေကို “ ကျွန်တော် အရင်တုန်းက မှားခဲ့ပါတယ် ” လို့ဝန်ခံပြီးမှ ယခုလက်ရှိ တကယ့်တကယ် လက်ပံတောင်းတောင်ကိစ္စ ဖြစ်လာတော့ လုံးဝတာဝန်မယူ ခေါင်းရှောင်နေတဲ့ကိစ္စ။
– ရွှေတောင်အိုက်ထွန်းတို့၊ Asia World ထွန်းမြင့်နိုင်တို့ကို သတင်းတွေ ကြိုတင်ရောင်းစားပြီးမှ ကားဈေးကွက်ကို ကစားခဲ့တဲ့အတွက် မြိုးမြိုးမြက်မြက်လေးရရှိခဲ့တဲ့ကိစ္စ
ဒါတွေဟာ ဦးစိုးသိန်းရေးခဲ့တဲ့ သူ့ရဲ့သမိုင်းတွေပါပဲ၊ ဒါတွေကို လေ့လာကြည့်ရင် ဦးစိုးသိန်းဟာ ဖော်လန်ဖားတတ်တဲ့သူတစ်ယောက်ဖြစ်ကြောင်းနဲ့ သမ္မတကြီးကို သူတတ်ကျွမ်းတဲ့ ကပ်ဖားရပ်ဖားပညာကြောင့်သာ ဒီလိုရာထူးရနေတာဖြစ်ကြောင်း ပေါ်လွင်လာပါလိမ့်မယ်။
တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တပ်မတော်အပေါ် ဘယ်လောက်အထိသစ္စာရှိခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ရင်၊ အခုအစိုးရအဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်နေစဉ်ကော၊ အစိုးရအဖွဲ့အစည်းနဲ့ တိုင်းပြည်အပေါ် ဘယ်လောက်ထိသစ္စာရှိမလဲသိမြင်နိုင်ပါလိမ့်မယ်။
ပရိတ်သတ်ကြိုက်အောင် အလွယ်တကူ ကတိတွေမပေးပါနဲ့… လွယ်လွန်းရင်သူကြွယ်တောင်မွဲသွားတတ်သလို သဘောကောင်းမိလို့ ပလိုင်းနဲ့လိုက်ကောက်ရတဲ့အဖြစ်မျိုးလည်းမဖြစ်စေလိုပါဘူး။
ဒါကြောင့် အူဝဲပြောတဲ့ ၃ မိနစ်ပဲစောင့်ဆိုတာက မာမား Ready Made ခေါက်ဆွဲပါ ဝန်ကြီးရယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မြဲစွာအမြစ်တွယ်ဖို့၊ အတိမ်းအစောင်းမရှိအောင်ဂရုပြုရင်း တည်ငြိမ်စွာနဲ့ဆောင်ရွက်ရမယ့် နိုင်ငံ့ရေးရာ များကိုဖြင့် မာမားခေါက်ဆွဲခြောက်တစ်ထုပ်ကို ရေနွေးဆူဆူထဲ ဖောက်ထည့်တာလောက်လွယ်ကူမယ်လို့ မျှော်လင့် မထားသင့်ပါကြောင်း… နောင်ပြောစကားများ လူကြီးပီပီဆင်ခြင်စဉ်းစားနိုင်ပါရန် လျှာတော်ရှည်ဝန်ကြီးအား သတိပေး လိုက်ပါတယ်။
(မော့ကင်း)။
Golden Triangle
Thursday, July 2, 2015
Help us
0 comments
Pls Urgently do .for us
thank you
စဉ်းစားရ ခက် - ခက် - ခက်
0 comments
      ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့လောက်က အင်တာနက်သတင်းတစ်ခုမှာ အမျိုးသားတိုးတက် ရေးပါတီ "မူဝါဒ၊ ရပ်တည်ချက် အကျဉ်းချုပ်"ဆိုပြီး ရေးသားထုတ်ပြန်တာ ဖတ်လိုက်ရတယ်။ အဲဒီပါတီဟာ ကော်မရှင်က ပါတီဖွဲ့စည်းခွင့်၊ ခွင့်ပြုမိန့်လည်း မရရှိသေးဘဲ ဒီလိုထုတန်ပြန်တာကို ပါတီအမည်၊ ခေါင်းစည်းတပ်ပြီး ထုတ်ပြန်ရေးလို့ရသလား။ ဒါ့အပြင် အမျိုးသားတိုးတက်ရေး ပါတီကဆိုပြီး အရင်က ခယက၊ နယက ဥက္ကဋ္ဌ စစ်သည်ဟောင်းတွေ၊ ၀န်ထမ်းအငြိမ်းစားတွေနဲ့ စုစည်းပြီး နယ်ဒေသတွေကို စည်းရုံးရေးဆင်းတဲ့သဘောမျိုး သွားလာလှုပ်ရှားလို့ ရသလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
      အဲဒီလိုလုပ်နိုင်အောင် ဘယ်သူက ခွင့်ပြုထားလို့လဲ၊ ဒီလိုဆောင်ရွက်တာဟာ တရားဝင်သလား၊ သူတို့ အဲဒီလိုလုပ်တာကို မည်သူကမျှ တားမြစ်ခြင်းလည်းမရှိ၊ ပိတ်ပင် ဟန့်တားခြင်းလည်းမရှိ မသိချင်ယောင်ဆောင်နေတာ ဘယ်လိုသဘောပါလိမ့် စဉ်းစားရ အတော့ကိုခက်ပါတယ်။
Tuesday, June 30, 2015
အရှင်မွေး၍နေ့ချင်းကြီးသလော
0 comments
အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် နိုင်ငံရေးပါတီဖွဲ့စည်းခွင့် လျှောက်ထားကြောင်း ကြားသိရ ပါတယ်။ ခွင့်ပြုမိန့် မရရှိသေးကြောင်းလည်း သိရှိရပါတယ်။ ၎င်းပါတီမှာ ပြည်ခိုင်ဖြိုးထက် သာတယ်၊ အရည်အချင်းရှိသူများလည်း ပါတယ်ဟု ပြောကြားကြောင်းလည်း သိရပါတယ်။ သူတို့က ပြည်ခိုင်ဖြိုးအတွက် စည်းရုံးပေးတာပါလို့ ပြောတယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ပါတီဥက္ကဋ္ဌက ပြောကြောင်းလည်း သိရပါတယ်။ အမျိုးသားတိုးတက်ရေးပါတီဆိုပြီး နယ်တကာ၊ ရပ်တကာ သွားရောက်ပြီး စည်းရုံးရေးဆင်းနေတာလည်း တွေ့ရတယ်။ စည်းရုံးရေးဆင်းရာမှာ ၀န်ထမ်းအငြိမ်းစားများ၊ ယခင် မ၀တ၊ ခ၀တ တာဝန်ယူခဲ့ဖူးသူ အရာရှိစစ်သည်ဟောင်းများ ပါဝင် နေတာကို တွေ့ရတယ်။ ဒီလိုပါလာဖို့အတွက် ဦးနေဇင်လတ် စွမ်းရည်ရှိပါသလား။ ယခင်က ဤသို့ စွမ်းဆောင်နိုင်ရည်များ၊ လုပ်ကွင်း လုပ်ကွက်များ တစ်ကြိမ်တခါမျှ မရှိခဲ့ဖူးပါ။ ယုံရုပ်ရေးပြသော်လည်း ယုံရခက်ကြီးပါ။ အခုလို ၀န်ထမ်းအငြိမ်းစားတွေ၊ စစ်သည်ဟောင်းတွေ ပါလာတာဟာ သြဇာအာဏာ မရှိဘဲ မဖြစ်နိုင်ပါ။ ဦးနေဇင်လတ် တစ်ဦးတည်းရဲ့ စည်းရုံးရေး စွမ်းရည်ဖြင့် ရနိုင်ဖွယ်ရာမရှိပါ။ အခု အဖွဲ့ဖွဲ့ပြီး အခု လူစုလို့ရနေတဲ့သဘော ဖြစ်နေပါတယ်။ ဒီပါတီနဲ့ သူတို့နဲ့ မပတ်သက်ကြောင်း သမ္မတရုံးကလည်း ကြေညာထားတာ တွေ့ရတယ်။ ဦးနေဇင်လတ်ကလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ပါတီဖွဲ့ခွင့် လျှောက်ထားတယ်ဆိုတော့ အကြံပေးလုပ်နေကတည်းက ပါတီဖွဲ့စည်းရေး၊ ထူထောင်ရေးတွေ ကြိုးစား ပြင်ဆင်နေကြောင်းကို မသိနိုင်ဘူးလား။
          လ၊ ရက် အနည်းငယ်အတွင်းမှာ ပါတီစည်းရုံးရေးသမားတွေ များလာအောင် လုပ်နိုင်ခြင်းနှင့် လှုပ်ရှားနိုင်အောင် ငွေကြေး အတော်အတန်ရှိနေသည်ဟု ယူဆရခြင်း၊ သမ္မတရုံးတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင် နေစဉ်မှာကတည်းက ဤလုပ်ငန်းတွေ လုပ်နိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်ခြင်း မရှိဘဲ လုပ်နိုင်ပါ့မလားလို့ သံသယပွားစရာ ဖြစ်ခြင်းများကို အကြံပေးများ၊ ကော်မတီဝင်၊ ကော်မရှင် အဖွဲ့ဝင်များ ၀ိုင်းဝိုင်းလည်နေသော သမ္မတရုံးဝန်ထမ်းများ အဆက်မပြတ်ဝင်ထွက်နေသော ၀န်ကြီးများကြားမှာ မသိလိုက်ဘူး၊ မသက်ဆိုင်ဘူးဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဦးနေဇင်လတ်သည် ဤကဲ့သို့ တာဝန်ထမ်းဆောင်နေစဉ် ပါတီတစ်ခု ထူထောင်ဖို့ အလွန်ပါးနပ်ပြီး အဖက်ဖက်က ကျွမ်းကျင်သော အသိုင်းအ၀ိုင်းကြားမှာ သိုသိပ်လျှို့ဝှက်စွာ ဆောင်ရွက်နိုင်ခြင်းကို အံ့သြ ချီးကျူးရမှာပါပဲ။ သို့မဟုတ် ဤသို့မဟုတ်ဘဲ ဆောင်ရွက်နိုင်ခြေများ ရှိလို့လားဟု စဉ်းစား စရာလည်း ဖြစ်ပါတယ်။ ဤသို့ ပါတီနိုင်ငံရေး ဆောင်ရွက်ချက်များ လုပ်နိုင်ခွင့်ရှိတယ်ဆိုပါက အခြေခံဥပဒေနှင့် ငြိစွန်းမှုမရှိဘူးလား လို့လည်း မေးစရာ ရှိပါတယ်။
          မှန်၏၊ မမှန်၏တော့မသိ သတင်းများ ထွက်ပေါ်လာတာတော့ ကြားလိုက်ဖူးပါတယ်။ ကြားလိုက်ရတဲ့ သတင်းများကတော့ အမျိုးသားတိုးတက်ရေးပါတီရယ်လို့ မပေါ်မီ ကာလအနည်းငယ် လောက်က NLD ကိုယှဉ်ပြိုင်ဖို့ ကိုယ်ခွဲပါတီ ထောင်မည်ဟူသောသတင်း၊ အင်အား အသင့်အတင့်ရှိ ပါတီတစ်ခုကိုလည်း မျက်နှာသာပေး၍ ချဉ်းကပ်စည်းရုံးပြီး ထောက်ခံမှုရယူမည် ဟူသောသတင်း၊ အာဏာရယူလိုသော အုပ်စုတစ်စုက ပြည်ခိုင်ဖြိုးပါတီ အင်အားတစ်ချို့ကိုလည်း ဖဲ့ထုတ်ယူသွားရန် ကြံစည်နေသောသတင်း၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများရဲ့ အကူအညီကိုလည်းပဲ အချိန် အခါ သင့်ချိန်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အကူအညီများ ရယူသွားမည်ဟူသော သတင်းများပဲ ဖြစ်ပါတယ်။
          အမျိုးသားတိုးတက်ရေးပါတီဟာ ကော်မရှင်မှ တရားဝင်ခွင့်ပြုမိန့် တစ်စုံတရာထုတ်ပြန်ခြင်း မရှိသေးခင် ကတည်းက မီဒီယာနှင့် နိုင်ငံရေးလောကတွင်သာမက ပြည်သူလူထုကြားတွင် ယခု အချိန်မှာ  ရေပန်းအစားဆုံး ပါတီကဲ့သို့ဖြစ်နေတာတော့ သေချာပါတယ်။ ထို့ကြောင့် အမျိုးသား တိုးတက်ရေးပါတီသည် အရှင်မွေး၍နေ့ချင်းကြီးသလောဟု စဉ်းစားစရာပါပဲ။
နိုင်ငံရေးလေ့လာသူတစ်ဦး
Friday, June 5, 2015
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးစာ
0 comments
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ခင်ဗျာ
ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ရွှေဘို အ မ က ကျောင်းအား အ လ က
ကျောင်းအဖြစ် အဆင့်တိုးမြှင့် ချထားရာ
ချစ်တီးကုလားပိုင်မြေဖြစ်ခြင်းကြောင့် ဆိုင်းငံ့ထားခြင်းအပေါ်
ပြန်လည်စိစစ်၍ အ လ က ကျောင်းအဖြစ် အဆင့်တိုးမြင့် ပေးပါရန်
တင်ပြအပ်ပါသည်။
ထိုကျောင်းခြံမြေနေရာတွင် ယခင်(န ဝ တ)ခေတ် ၁၉၈၉-၉၀နှစ်အထိ အိမ်ခြေပေါင်း
၇၀ ဝန်းကျင်ခန့်နေထိုင်ခဲ့သော ချစ်တီးမြေဖြစ်ပါသည်။ထို့ကြောင့်
နယ်မြေတာဝန်ခံဖြစ်သော ဗိုလ်မှူး သာအေး မှအစိုးရပိုင်မြေဖြစ်သည်ဟုဆိုကာ
ထိုအိမ်များအား တိုးချဲ့ကွက်သစ်အဖြစ်နေရာပေး ပြောင်းရွှေ့စေကာ အ မ က
ကျောင်းဆောက်လုပ်ခဲ့ပါသည်။ယခုအခါ လိုအပ်ချက်ကြောင့် အ လ က ကျောင်းအဖြစ်
အဆင့်တိုးမြင့်သတ်မှတ်ခဲ့ရာတွင် ချစ်တီးကုလားမဟုတ်ဘဲ အခြားကုလားများမှ
တားမြစ်သောကြောင့် ဆိုင်းငံ့ခဲ့ခြင်းအပေါ်
လွန်စွာစိတ်မကောင်းဖြစ်မိပါသည်။အဘယ့်ကြောင့်ဆိုသော် အမျိုးသားပညာရေးအတွက်
နှောင့်နှေးခဲ့ပါသည်။
သို့ဖြစ်ပါ၍ထိုကျောင်းခြံမြေအား ပိုင်ဆိုင်မှူ့
အမြန်ဆုံးသတ်မှတ်ပေးပါရန်နှင့် အ လ က ကျောင်းအဖြစ်သတ်မှတ်ပေးပါရန်
တင်ပြအပ်ပါသည်။
ပညာရေး လိုလားသူများ
Monday, March 16, 2015
ပေးစာ၊ တိုင်စာ၊ ပစ်စာ
1 comments
'ဒါလေးတွေကို သာအေးသိအောင်ပြောပေးကြပါအုံး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ကျေးရွာ ကတော့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မှာတည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး နယ်စပ်မှာရှိပါတယ်။ မလယ်ဒေသဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မှာရှိတဲ့ သပိတ်ကျဉ်းမြို့နယ်၊ တွင်းငယ် ဒေသနဲ့ ကပ်လျက်ဆက်စပ်ပြီး ရှိနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာတော့ နွားမှောင်ခိုသမားများက ဇီးကုန်း-မလယ်-တွင်းငယ်-မဘိမ်း လမ်းကြောင်းများကတဆင့် တရုတ်နိုင်ငံကိုသွားတဲ့ နွားမှောင်ခိုပို့ဆောင်ရာ လမ်းကြောင်းတစ်ခုဖြစ်နေတာကြာပါပြီ။ အဲဒီနွားမှောင်ခိုလမ်းကြောင်းများမှ တဆင့် မူးယစ်ဆေးဝါးများ ပြန်လည် သယ်ဆောင်လာခြင်းကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းကို တရားမ၀င် မူးယစ်ဆေးများ ၀င်ရောက်လာတာဟာ နောင်အနာဂါတ် လူငယ်များအတွက် ရင်လေးစရာတစ်ခုဖြစ်သလို၊ နိုင်ငံတော်အတွက် သက်ရှိသယံဇာတများ ပြုန်းတီးမှုအတွက်လည်း ရင်လေးစရာတစ်ခုဖြစ်နေပါတယ်။ သက်ဆိုင်ရာ ခရိုင်အဆင့် တိုင်းအဆင့်သို့ တာဝန်ရှိပြည်သူများမှ တာဝန်သိသိ တိုင်ကြားသော်လည်း ဒေသခံ ရဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အထက်ပါ မှောင်ခိုလမ်းကြောင်းများ မှ ရရှိသောငွေ အလွန်များပြားသောကြောင့် အထက်အောက်ညှိနှိုင်းပြေလည်သွားတာမျိုး  အကြိမ်ကြိမ် ဖြစ်နေလျက်ပါ။ နွားမှောင်ခိုသမားများ အတွက် ပေးဆောင်ရသော တရားမ၀င် သတ်မှတ် ပေါက်ကြေးများမှာ နွားတစ်ကောင် လျှင် ရဲကြေး ၂၀၀၀၀ကျပ် ၊ မလယ်ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀၀၀ ကျပ် ၊ စသုံးလုံး ၂၀၀၀ကျပ်၊ မလယ်ကျေးရွာ သားသတ်လုပ်ငန်းရှင် ၂၀၀၀ကျပ်၊ ဇီးကုန်းမှ ကိုကျော်သူ က တိုင်းဒန၊ ခရိုင်မှူး ၊ မြို့နယ်မှူး ၊ နယ်လွန် စသည့် ခေါင်းစဉ်ကြေးများဖြင့် ၁၅၀၀၀ကျပ် ပေးဆောင်ပြီး မလယ်ရဲစခန်းပိုင် နယ်မြေများအတွင်း မှောင်ခိုသမားများ ဖြတ်သန်းလျက်ရှိနေပါတယ်။
မလယ်တိုက်နယ် မှ နေ့စဉ် နွားကောင်ရေ ရာချီပြီး ဖြတ်သန်းနေတာ ဖြစ်တဲ့ အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ ၀င်များ ဟာ ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး အလုပ်များ ကိုလုပ်ဆောင်ရန်စိတ်ဝင်စားခြင်း မရှိတော့ပဲ၊ နေ့စဉ်နဲ့ အမျှ မလယ် နယ်မြေအတွင်း တောတောင် လမ်းကြားများသို့ လှည့်လည် သွားလာပြီး တရားမ၀င် မှောင်ခိုလာဘ်ငွေများ ကောက်ခံရန်အတွက်ကိုသာ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က မလယ်ကျေးရွာမှ ရှေးဟောင်း ဘုရား များပျောက်ဆုံးခြင်း၊ ကျေးရွာအတွင်း ညနက်သန်းခေါင် အချိန်များတွင် အမည်မသိ ခေါင်းကို ပုဆိုးများ ခြုံ ပြီး ရုပ်ဖျက် သောင်းကျန်းမှုများရှိနေခြင်း၊ ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ တို့ အား လစ်လျှူရှုထားပါတယ်။ မလယ်ကျေးရွာ ပတ်ဝန်းကျင်ရှိ အိုင်မဆိပ်ကမ်း၊ ကြက်သန်းချောင်းဆိပ်ကမ်း၊ ကျောက်လုံးကြီးဆိပ်ကမ်းများမှ  ဧရာဝတီမြစ်ကို နွားမှောင်ခို များ ညစဉ် ညနက်သန်းခေါင် အချိန်များ တွင် စက်လှေသံများ ဆူညံစွာ ဖြင့် ဖြတ်သန်းလျက် ရှိနေတာကို ခရိုင်အဆင့် တိုင်းအဆင့် များအထိ တာဝန်ရှိပြည်သူများမှ အကြိမ်ကြိမ်တိုင်ကြားသော်လည်း ၊ အရေးယူဆောင်ရွက်ခြင်းမရှိပဲ၊ အပေးအယူလုပ်ပြီး အဆုံးသတ် သွားသည်မှာ အကြိမ်ကြိမ် ရှိပြီဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မှ ဦးသာအေးကြီး မသိချင်ယောင်ဆောင်ပြီးမနေစေချင်တဲ့အတွက် အခုလို တင်ပြလိုက်ပါတယ်ဗျာ။
                                                                   တာဝန်ရှိပြည်သူတစ်ဦး
Saturday, December 20, 2014
စာနာတတ်သူ၊ ဘ၀မမေ့တတ်သူတစ်ဦး
0 comments
သူဟာဘယ်သူလဲ၊ သူ့လုပ်ဆောင်ချက်တွေကဘာလဲ၊ ဘာကြောင့်လုပ်သလဲ ဆိုတာတွေကို တင်ပြ လိုပါတယ်။
          သူဟာ မြို့ကြီးပြကြီးမှာ မွေးဖွားကြီးပြင်းခဲ့သူမဟုတ်ပါဘူး။ သာမန်မိသားစုတစ်စုကနေ မွေးဖွား လာခဲ့တာဖြစ်ပြီး သာမန်မိသားစုတို့ရဲ့ ဘ၀ပေးအခြေအနေအတိုင်း အများသူငါလိုပဲ ကြိုးစားရင်းနဲ့ ဘ၀ကို တည်ဆောက်လာခဲ့ရတာဖြစ်ပါတယ်။ ခက်ခဲခဲ့တယ်၊ ကြမ်းတမ်းခဲ့တယ်၊ များစွာ ကြိုးစားခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ သူ့လိုလူတွေရဲ့ ဘ၀တွေကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ စိတ်မကောင်းစွာ နဲ့ပဲ တစ်နေ့တော့….. ဆိုပြီး ဆထက်ထမ်းပိုး သူပိုကြိုးစား တည်ဆောက်ပြန်တယ်။ အောင်မြင်ခဲ့တယ်။ မျှော်မှန်းတည်ဆောက်ခဲ့တာနဲ့ ထပ်တူနီးပါးဖြစ်လာခဲ့တယ်။
          ယနေ့ သူ့မှာ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူ့ကို ယုံကြည်လေးစားသူ၊ ချစ်ခင်သူပေါင်း မြောက်များ စွာ ဖြစ်ပေါ်လာခဲ့တယ်။ သူ့ကိုကူညီချင် သူတွေ လည်း များစွာပါပဲ။ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အင်အားတွေပါ။ ဒီအင်အားတွေကပဲ သူ့လုပ်ဆောင်ချက်တွေအတွက် အထောက်အပံ့ဖြစ်ခဲ့ ပါတယ်။
          လုပ်ငန်းတာဝန်အရရော ချစ်မြတ်နိုးစိတ်နဲ့ပါ သူ့မွေးဇာတိနဲ့ ဇာတိပတ်ဝန်းကျင်ကကျေးရွာတွေကို နှစ်ပေါင်း၊ အခေါက်ပေါင်းမြောက်များစွာ လှည့်လည်သွားလာခဲ့ပါတယ်။ ကျေးရွာလူထုတွေရဲ့ အခြေအနေ၊ နယ်မြေရဲ့ အခြေအနေတွေကို အနီးကပ်လေ့လာတွေ့မြင်ခဲ့တယ်။ လိုအပ်ချက်တွေ များစွာရှိနေသေးတာကို တွေ့ခဲ့ရတယ်။ တတ်စွမ်းသလောက် ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။ စားရေးမှာ အဓိကလိုအပ်တဲ့ "ဆန်" လှူဒါန်း၊ ထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့တယ်။
          ၁၉၉၃ ခုနှစ်ကစတင်ပြီး ယခုနှစ်အထိ ၂၁ နှစ်တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှမပျက်ကွက်စေဘဲ ဆန် လှူဒါန်းထောက်ပံ့မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ဆောင်ရွက်တော်မူနေကြသော သံဃာတော် အရှင်သူမြတ်များကိုလည်း သာသနာ ဆိုင်ရာကိစ္စရပ်များ မပင်မပမ်းထမ်းရွက်တော်မူနိုင်ကြစေရန်ရည်ရွယ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းလိုတဲ့ အတွက် ဆွမ်းလောင်းသင်းများကို ဆွမ်းဆန်တော်လှူဒါန်းခြင်း၊ ဆွမ်းဆန်ရှားပါးသော ဘုန်းတော်ကြီး ကျောင်းများကို ဆွမ်းဆန်တော်များ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါတယ်။ သက်ကြီးဘိုးဘွားများ၊ ဘိုးဘွား ရိပ်သာများကို အဟာရဆန်လှူဒါန်းခြင်း၊ နွမ်းပါးအိမ်ထောင်စုများကို ဆန်ထောက်ပံ့ပေးခြင်း၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများကို ဆန်ထောက်ပံ့ခြင်း၊ ဆေးရုံဝန်ထမ်းများကို ဆန်ထောက်ပံ့ခြင်း၊ အခြား လိုအပ်နေရာများသို့ ဆန်ထောက်ပံ့ခြင်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပေးတဲ့နေရာမှာလည်း အိတ်လိုက်၊ တင်းလိုက်ပေးတာပါ။
          ယခုနှစ်မှာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၄၆ ကျောင်း၊ ဆွမ်းလောင်းအသင်း ၄ သင်း၊ ဘိုးဘွား ရိပ်သာ ၂ ခု၊ အခြေခံပညာကျောင်း ၄ ကျောင်းမှ ဆရာ၊ ဆရာမ ၁၇၀ဦး၊ ဆေးရုံ ၂ ရုံမှ ၀န်ထမ်း ၇၀ဦး၊ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စုပေါင်း ၁၉၃၃စုသို့  ဆန်အိတ်ပေါင်း ၃၁၂၅ အိတ် လှူဒါန်းထောက်ပံ့ ပေးခဲ့ကြောင်း သိရပါတယ်။
၁၉၉၃ ခုနှစ်မှ ယခု ၂၀၁၄ ခုနှစ်အထိ ၂၁ နှစ်တာကာလအတွင်း ဆန်အိတ်ပေါင်း ၆၃၀၈၅ အိတ် လှူဒါန်းပြီးဖြစ်ကြောင်း သိရတဲ့အတွက် နှစ်စဉ် တစ်နှစ်လျှင် ပျမ်းမျှ ဆန်အိတ် ၃၀၀၀ ကျော်လှူဒါန်းခဲ့ တယ်လို့ သိနိုင်ပါတယ်။
ဒီဆောင်ရွက်ချက်အပေါ်မှာ ခုလို ဇာတိနယ်မြေကိုပြန်ကြည့်သူ ဘ၀မမေ့တတ်သူတစ်ဦးကို အားလုံးက သာဓုအနုမောဒနာခေါ် ဆိုကြောင်း၊ ကျေးဇူးတင် ၀မ်းမြောက်ကြပါကြောင်း၊ နောက်နောင်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ ဒီလို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆုတောင်းမေတ္တာ ပို့သကြပါကြောင်း ပီတိဖုံး၊ အပြုံးမျက်နှာ များနဲ့ ပြောကြားနေကြတဲ့ နယ်သူနယ်သားအပေါင်းကို တွေ့မြင်ခဲ့ရပါတယ်။
တော်ရုံစွမ်းဆောင်ရည်နဲ့မဖြစ်နိုင်တဲ့ လုပ်ဆောင်မှုကို ဆယ်စုနှစ် ၂ ခုကျော် စဉ်တိုက်ဆက်တိုက် ဆောင်ရွက်နိုင်ခဲ့တယ်။ မိသားစု၊ မိတ်ဆွေများ၊ ချစ်ခင်ကြည်ညိုသူများကလည်း ၀ိုင်းဝန်းဆောင် ရွက် ပေးခဲ့ကြတယ်။ ရှေ့ ဆက်ပြီးတော့လည်း တက်ညီလက်ညီဆောင်ရွက်ကြဦးမယ် ဆိုတာ လည်း မြေကြီး လက်ခတ်မလွဲနိုင်ပါ။
မိမိနယ်မြေဒေသအပေါ် သံယောဇဉ်ကြီးမားစွာနဲ့ နယ်မြေရဲ့လို အပ်ချက် များစွာထဲက မိမိ တတ်စွမ်းသလောက် ကွက်လပ်ကလေး တစ်ခုကို နှစ်ပေါင်းများစွာဖြည့်ဆည်ပေးလာသူကတော့ ပြည်သူ ချစ်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီး ဦးအောင်သောင်းဖြစ် ပါကြောင်း လေးစား ဂုဏ်ယူစွာ တင်ပြလိုက်ရ ပါတယ်ခင်ဗျာ။
Sunday, November 30, 2014
ကျင့်ဝတ်မညီ၊ မာနထောင်လွှားနေသော စစ်ကိုင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း ပညာရေးဝန်ကြီးဌာန နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ
0 comments
စစ်ကိုင်းမြို့နယ် ပဲကတိုးကျေးရွာအနီး  ..
စစ်ကိုင်းတက္ကသိုလ်ရှိ .. ပါမောက္ခ ဒေါ်နွယ်နွယ်အေး နှင့် ဒေါ်ခင်တိုးတိုးအောင် တို့ရဲ့ တဖက်လက်ဖြင့်ကျူရှင်သင်ခြင်း .. သူတို့ဆီ ကျူရှင်ယူတဲ့ ကျောင်းသားတွေကို မျက်နှာသာပေးခြင်း .. ပညာရေးကို စိတ်ကြိုက်ဖန်တီး လုပ်ချင်ရာလုပ်နေခြင်း .. ဆရာမအချင်းချင်း .. ပါမောက္ခအချင်းချင်း မာနထောင်လွှားနေခြင်းများမှာ .. အလွန်ပင်စိတ်ဆင်းရဲစရာအကြောင်း လူအများသိစေရန်နှင့် ..  .. ပြုပြင်ပြောင်းလဲရေးတွေုလုပ်နေပါတယ်ဆိုတဲ့ အစိုးရ နှင့် ကျောင်းသားထု အလိုမရှိတဲ့ အကျင့်ပျက် အစိုးရ၀န်ထမ်း ပညာရေးဝန်ထမ်းတွေ အကြောင်းကို စိတ်ပျက်ဖွယ်ရာ အများပြည်သူသိစေလိုခြင်းငြာ တင်ပြလိုက်ရပါသည်။  ..
ပဲကတိုးကျေးရွာအနီး စစ်ကိုင်းတက္ကသိုလ် တွင် တာဝန်ကျနေသည့် ..  ပါမောက္ခ ဒေါ်နွယ်နွယ်အေး သည် စစ်ကိုင်းမြို့အတွင်းတွင် နောက်ကွယ်မှ ကျူရှင်ဖွင့်ထားပြီး ကျူရှင်တတ်သူများကို မျက်နှာသာပေးခြင်း .. လာရောက် ကန်တော့သူများကို အမှတ်တိုးပေးခြင်း .. အဆင့်တိုးပေးခြင်း .. ကျူရှင်မတက်သူများကို .. ခွဲခြားဆက်ဆံခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ဒေါက်တာ ဒေါ်ခင်တိုးတိုးအောင်မှာလည်း  .. အတူတူဖြစ်ပြီး .. ဒေါ်နွယ်နွယ်အေး အရှိန်နဲ့ စစ်ကိုင်းတက္ကသိုလ်အတွင်း ကျောင်းသားများကို ကျင့်ဝတ်မညီစွာနဲ့ စိတ်ကြိုက်ဖန်တီးနေပါသည်။
ဒေါ်နွယ်နွယ်အေးမှာ တခြားပါမောက္ခများကိုလည်း  .. အချင်းချင်းလေးစားခြင်းမရှိပဲ မထီမဲ့မြင် ဆက်ဆံခြင်း .. မာနထောင်လွှားခြင်း .. ဆရာဆရာမများအပေါ် .. အာဏာပြခြင်းများကို ပြုလုပ်လျှက်ရှိပါသည် ..
အဲဒီအကြောင်းကို မြို့နယ် ပညရေးမှု့ ပြည်နယ်ပညာရေးမှု  .. နှင့်  .. ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ..  ယခုအချိန်ထိ . ဒေါ်နွယ်နွယ်အေး နင့် ဒေါ်ခင်တိုးတိုးအောင်တို့ အမူအကျင့်မှာ ပြောင်းလဲခြင်းမရှိသေးပါ ..
ဒေါ်နွယ်နွယ်အေးနဲ့ ဒေါ်ခင်တိုးတိုးအောင်တို့ကြောင့် စစ်ကိုင်းတက္ကသိုလ်ထဲက  .. ကျောင်းသားတွေရော ဆရာတွေပါ  .. သဘောထားတင်းမာနေကြပြီး မကြာခင်မှာ ပေါက်ကွဲမယ့်အနေအထားကို ရောက်နေပြီဖြစ်ပါသည် .. ကျောင်းသားအချို့က  .. စစ်ကိုင်းခရိုင်ကျောင်းသားများသမဂ္ဂကနဲ့ ဆက်သွယ်လာပြီး  .. ဆရာများကလည်း ကျောင်းသားများဘက်က ရပ်တည်လာပါသည်။
အဲဒါကြောင့် အမြဲတန်း အကျင့်ပျက်ကာ ..  ပါမောက္ခဆိုပြီး အခြားဆရာမများအပေါ် .. တပည့်များအပေါ် .. တပည့်များအပေါ် လုပ်ချင်တိုင်းလုပ်နေတဲ့ ဒေါ်နွယ်နွယ်အေး နဲ့ ဒေါ်ခင်တိုးတိုးအောင် တို့အကြောင်း သက်ဆိုင်ရာ ပညာရေးဌာနမှ  .. အထက်လူကြီးများ သိစေရန် အသိပေး တိုင်ကြားအပ်ပါသည်။
ဝန်ထမ်းတွေ လစာတိုးဖို့ ဆွေးနွေးနေတဲ့ လွှတ်တော်အမတ်များကိုရော .. Clean Gov , Good Gov ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန် ကိုရော .. သိစေချင်ပါသည်။ .. .
By/
ကျောင်းသားဟောင်းတစ်ယောက် ...
Thursday, November 20, 2014
0 comments
မြန်မာပိတောက် company ၏ ယုတ်မာမှုများ
          မတရား အမြတ်ထုတ် ၀ါးစားနေသော mpt sim card ဖြန့်ချီနေသော နေပြည်တော်မှ မြန်မာပိတောက်၏ လုပ်ရပ်အား အမြန်ဆုံးဖော်ပြပေးရန် လေးစားစွာ တောင်းပန်ပါသည် ခင်ဗျား။
မြန်မာပိတောက်သည် မည်သည့် နေရာ အခြေစိုက်သည်ကိုလည်း မိမိ မသိပါ။ mpt sim card ကျလာမှ သာ ပေါ်လာခြင်းဖြစ်သည်။ မြန်မာပိတောက်သည် အစိုးရမှ တရားဝင် 1500 ကျပ် နှင့် ချပေးသော sim card များကို ပြည်သူလူထူလက်ထဲသို့ မှန်ကန်စွာ မထည့်ပဲနှင့် sim card တစ်ကဒ်ကို နှစ်သောင်းပေါက်ချိန်မှာ ရှမ်းကန်ရှေ့မှ လေဆာ မိုဘိုင်း ဆိုင်သို့ sim card ပေါင်းသောင်းနှင့်ချီ ရောင်းစားပစ်ခဲ့ပါသည်။ ကဒ် ၅၀ လောက်ကို အရောင်းပြလိုက်ပါသည်၊ လူကြည့်ကောင်းအောင်ပါ။ မြန်မာပိတောက်မှ နည်း (၃) မျိုးနှင့် sim card ရောင်းပါသည်။ ၄င်းတို့မှာ
(၁)     ငွေဖြည့်ကဒ် ၄ percent နှင့် တစ်သိန်းဝယ် တစ်ကဒ်
          သိန်းတရာဝယ် ကဒ်လေးဆယ်
(၂)     အရောင်း အနည်းငယ် ပြ ၄င်းတို့နှင့် ရင်းနှီးသောဆိုင်နှင့် တစ်ဝက်စားစီ မှောင်ခိုထုတ်။
(၃)     အဆိုးဆုံးမှာ သူတို့ ခိုးစား မတရားသဖြင့် လုပ်စားနေသော ဇတ်လမ်းကြီး ပေါ်ပေါက်မည်စိုးသဖြင့် လူယုတ်မာတွေကို ဟိုရွေ့ သည်ရွေ့ ချိန်းလိုက်ပါသည်။ ရုံးချုပ်ကစိုပီး ဆိုင်ပေါက်စေ့ရောက်လာပါသည်။ လူမြင်ကောင်းအောင် လေးငါးကဒ် ငွေဖြည့်ကဒ်နှင့် တွဲပေးလိုက်ပါသည်။ ပီးလျှင် ဆိုင်ကို အတင်းဓါတ်ပုံရိုက်ပါသည်။ လက်မှတ်အတင်းထိုးခိုင်းပါသည်။ လေး ငါး ကဒ် ရောင်း ပေးတဲ့ဆိုင်တွေ ၅၀ / ၁၀၀ စားရင်းသွင်းလိုက်ပါသည်။ စဉ်းစားကြည့်လိုက်ပါ ဘယ်လောက်မိုက်ရိုင်းသလည်းဆိုတာ…၊
အများဆုံး သူတို့ သွင်းသော ဆိုင်မှာ လေဆာ မိုဘိုင်း ဖြစ်ပါသည်။ သူတို့မှလည်း အများပြည်သူများ သုံးနိုင်စေရန်အတွက် တောင်လိုပုံနေသော mpt simcard များကို လာဝယ်သူများအား ဗြောင်ငြင်းပီး မရှိဘူး အကုန်လုံးရောင်းပီးသားဆိုပီး ပြောလိုက်ပါသည်။ နေ့မကူးခင် နေပြည်တော် mpt sim card များက မန်းလေး ရောက်သွားပါသည်။ တစ်ကဒ်နှစ်သောင်းနှင့် ။  နမူနာ တွက်ပြပါမည်။
500 ကဒ် × 20000  = 10000000 (သိန်းတရာကျပ်) အမြတ်ဖြစ်ပါသည်။ လေဆာကလည်း ငွေဖြည့်ကဒ်ကို ဘယ်လို ပြန်ထုတ်လည်း ဆိုတော့ ၁၀ percent နှင့်ပြန်ထုတ်ပါသည်။ ငွေဖြည့်ကဒ် percent က အစိုးရပေးတာမှ ၄ ပါစန့် ဖြစ်ပါသည်။ သိန်းတရာ မြတ်မှတော့ ၁၀ ပါစန့် ပေးနိုင်တာပေါ့ဗျာ။ ဘယ်လောက် ၀ရုန်းသုန်းကား နိုင်ပီး ဖြစ်ပျက်နေသလည်း ဆိုတာ စဉ်းစားကြည့်ပါခင်ဗျား။
ဆိုင်ငယ်လေးတွေမှာ ဓါတ်ပုံ အရိုက်ပြခံ ထိုးကျွေးခံ ပဲ ဖြစ်နေသည်။ ဆက်သွယ်ရေး ၀န်ကြီး လည်း ယခု ကိတ်စ ကိုသိသလား မသိသလား မသိပါ။ မသိလျှင် တော် တော် တုံးလို့ဖြစ်ပါလိမ့်မည်။ သိလျှင်တော့ လည်း သန်းပေါင်းများစွာ ထောသွားပြန်မည်သာဖြစ်သည်။ ဒီမှ ချီးကျူးစရာကောင်းတာက တော့ ooredoo နှင့် telenor သာ ဖြစ်ပါသည်။ မှောင်ခိုရောင်းသံကြားပါက ချက်ချင်းရောက်သွားပီး ဖြေရှင်းပါသည်။ ချက်ချင်း အရေးယူပါသည်။ ဆိုင်တိုင်းလည်း သူတို့ sim card ရကြပါသည်။ ရောင်းရပါသည်။ ဆိုင်တိုင်းလည်း ပျော်ရပါသည်။ mpt ကတော့ ဘယ်လူကြီး မှ ဆင်းမကြည့်ပါ။ မြန်မာ ပိတောက် ကို အပ်လိုက်ပါသည်။ ပုတ်ပြတ်နှင့် အပ်လိုက်ပုံရသည်။ မြန်မာပိတောက်ကလည်း လေဆာမိုဘိုင်း ကို တရုတ်တစ်ပြည်လုံး ထမင်း အ၀ကျွေးနိုင်စေရန် ကဒ်တွေအကုန်အပ်လိုက်ပါသည်။ စာတော့ မိမိလည်း သိပ်မရေးတက်ပါ..ဆက်သွယ်ရေးဝန်ကြီးတွေလည်း မိမိတို့ မစားထားဘူးဆိုလည်း ၀င်ဖြေရှင်းသင့်ပါပီ။ စားထားလျှင်တော့ ငြိမ်နေတာ ကောင်းပါသည်။ မြန်မာပိတောက် ၏ စာရင်းကို တောင်းမကြည့်ပါနှင့် mobile team ဖွဲ့ ဖမ်းသကဲ့သို့ ဆင်းကဒ် များကို မည်သို့ ရောင်းချသည်ဆိုသည်ကို ဆိုင်ငယ် လေး တွေကို မေးကြည့်စေချင်ပါသည်။
                                      လေးစားလျှက် မတရားသဖြင့် လက်ဝါးအုပ် စီးပွားရှာသူများကို မနှစ်မြို့သူ တစ်ဦး
Wednesday, November 19, 2014
ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၂)
0 comments
ဦးအောင်သောင်းက ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို
နှောင့်ယှက်ဟန့်တားနေတယ်လို့ စွပ်စွဲပြန်ပါတယ်။ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီပေါ်ပေါက်ရေး စတင်ဆောင်ရွက်ခဲ့သူများထဲမှာ ဦးအောင်သောင်းဟာ
ထိပ်ဆုံးကပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ထဲထဲဝင်ဝင်လေ့လာ
ကြည့်မယ်ဆိုရင် သိနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီပေါ်ပေါက်လာပြီးတော့လည်း
ဒီမိုကရေစီကို ကျင့်သုံး နိုင်ရေး ဆောင်ရွက်တဲ့အခါမှာလည်း အဓိက
အခန်းကဏ္ဍကနေ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကနေ
ဒီမိုကရေစီအရေးကိုကူးပြောင်းရေးဆောင်ရွက်တဲ့နေရာမှာ မည်သူတွေပါဝင်ပြီး
မည်သူတွေမပါဘူးဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါတွေဟာ
သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ် နေမှာဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။
ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၁)
0 comments
မီဒီယာများဖြစ်ကြတဲ့ ဂျာနယ်၊ သတင်းစာ၊ Website အမျိုးမျိုးကနေ
ဦးအောင်သောင်းနဲ့ ပတ်သက် ပြီးတော့ ဝေဖန်ပုတ်ခတ် တိုက်ခိုက်ရေးသားနေတာတွေ
တွေ့နေရပါတယ်။ ဒါတွေကိုလည်း တစ်ကြိမ်မက အကြိမ်ကြိမ် အပ်ကြောင်းထပ်အောင်
ရေးသားဖော်ပြနေတာကိုတွေ့ရပါတယ်။ အခါအခွင့်သင့်တိုင်း လည်း
ရေးသားနေကြတာကိုတွေ့ရတယ်။ ဒီနေရာမှာ အာဃာတအမုန်းတရား၊ ၀ါဒရေးရာ
မတိုက်ဆိုင်မှုတွေနဲ့ ရေးသားနေကြတယ်လို့ သုံးသပ်ပါတယ်။ ဒါတွေဟာ မှန်ကန်မှု
မရှိပါဘူး။ အမှန်တရား ကိုဖော်ပြချင်တယ်ဆိုရင် ဦးအောင်သောင်းနဲ့
ဆွေးနွေးကြည့်ပါ၊ မေးမြန်း ကြည့်ပါ၊ စကားပြောကြည့်ပါ အဲဒီအခါမှာ
အမှန်တရားကိုသိလာပါမယ်။ သိလာတဲ့ အမှန်တရား အတိုင်း မီဒီယာတွေမှာ
ရေးသားဖော်ပြ လို့ရပါတယ်။ မည်သူပဲဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်။
ပကတိအမှန်တရားကို လိုလားသူဖြစ်တဲ့အတွက် အမှန်တရား ပေါ်ပေါက်ရေး
ဝိုင်းဝန်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မက အကြိမ်ကြိမ်ဆက်သွယ်၊
ဆက်ဆံဆောင်ရွက် နိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်။