HWH ဥုံ For Android / Windows |
- တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး(၁၀၅)အိတ်၊ စုစုပေါင်း အလေးချိန်ကီလို (၂၆၂၅) အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်(ဗဟို)၊ ဟုမ္မလင်း(မူးယစ်)တို့မှ သိမ်းဆည်းရမိခဲ့… >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
- နေရာတွင်ပွဲခြင်းပြီး လူသေဆုံးသွားအောင် တိုက်ခဲ့သော ယာဉ်အမှတ် ၈ည-၁၅၁၁ အဖြူနံ့သာရောင် စူပါကာစတန် အားတွေ့ရှိပါက/သိရှိ အကြောင်းကြားပေးပါက ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။ >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
- ကောလင်းမြို့တွင် ကြက်ခြေပြာသင်တန်းဖွင့်.... >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
- သုတ၊ ရသ By Eagle Breeze
- အမေ သို့ ...။ ဘ၀ခရီးသည် ...။ By အောင်ခိုင်မြင့်(sa.lay) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
Posted: 25 Aug 2013 06:30 PM PDT မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မူးယစ်(ဗဟို)၊ ဟုမ္မလင်း(မူးယစ်) တို့၏ ချပြသတင်းအရမော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဦး၊ မော်လိုက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင့်ဝေ အနီးကပ်လိုက်ပါကြီးကြပ်မှုဖြင့် မော်လိုက် မြို့မရဲစခန်းမှ ရဲအုပ် ဌေးလှိုင်နှင့် ဦးစီးအဖွဲ့သည် မြို့နယ်သစ်တောမှ ၀န်ထမ်း(၁)ဦး၊ မြို့မ(၁) အုပ်ချုပ်ရေးမှူး ဦးလွမ်းဝေ ပါအုပ်ချုပ်ရေးမှူးများနှင့်အတူ (၂၀.၈.၂၀၁၃) ရက်နေ့၊(၀၂၃၀) အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါး ဒေသမှ ချင်းတွင်းမြစ်ကြောင်း အတိုင်းစုန်ဆင်း လာသော "သရဖူ" (သံခွန်ပက်လက်) ကုန်တင်အမြန်ရေယာဉ်အား မော်လိုက်မြို့၊ကမ်းနားဆိပ်ကမ်း တွင် ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ပါသည်။ထိုသို့ရှာဖွေစစ်ဆေးခဲ့ရာရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ အမှတ်(၂)ရပ်ကွက်နေ အာဝူ(ခ) သိန်းဝင်း မှ တရားမ၀င်သယ်ဆောင် လာသောပီနံအိတ်များဖြင့် ထည့်လျှက် (တစ်)အိတ်လျှင်(၂၅)ကီလိုခန့်ပါ ကျောက်စိမ်းအရိုင်းတုံး(၁၀၅)အိတ်၊ စုစုပေါင်း အလေးချိန်ကီလို (၂၆၂၅) အား ရေယာဉ်ဆလင်ခန်းအတွင်း နှင့် ၀မ်းဗိုက်အတွင်း မှ ရှာဖွေတွေ့ရှိခဲ့သဖြင့် ရဲအုပ် ဌေးလှိုင် မှ တရားလိုပြုလုပ်၍ မော်လိုက်မြို့မရဲစခန်းမှ (ပ) ၆၄/၂၀၁၃၊ ကျောက်မျက်ဥပဒေပုဒ်မ- ၄၂(က) အရ ပစ္စည်းပိုင်ရှင် အာဝူ(ခ) သိန်းဝင်း နှင့် စက်လှေပိုင်ရှင် သိန်းနိုင်ဦး တို့ အား အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။ ဝေဖြိုးအောင် 09-400513102 မော်လိုက်မြို့ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> "ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) |
Posted: 25 Aug 2013 06:05 PM PDT လမ်းမတော်မြို့နယ်-ဘုန်းကြီးလမ်း ရိုးမဘဏ်ရှေ့တည့်တည့် လမ်းအလယ်ကောင်တွင် လမ်းဖြတ်ကူးသူ ဦးအောင်ကျော်မြင့် အသက်(၄၃)မှာ နေရာတွင်ပွဲခြင်းပြီး သေဆုံးသွားပါသည်။ အဆိုပါယာဉ်တိုက်မှု ဖြစ်သောယာဉ်အမှတ်မှာ ၈ည-၁၅၁၁ မော်တော်ယာဉ် အဇြူနံ့သာရောင်စူပါကာစတန် ယာဉ်မှာမောင်းပြေးသွားပါသည်။ အဆိုပါယာဉ်အားတွေ့ရှိပါက လမ်းမတော်ရဲစခန်း(သို့မဟုတ်) နီးစပ်ရာယာဉ်ထိန်းရဲများသို့အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံပါသည်။ အကြောင်းကြားပါက ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။ နံနက်ကိုးနာရီခွဲတွင် ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ပါသည် ... အဆိုပါကားအား တွေ့ ရှိခဲ့ပါက ဖုန်းနံပါတ် 0973059489 ... 0943197748 အားကျေးဇူးပြုပြီးဆက်သွယ်ပေးပါရန် အနူးအညွတ်တောင်းဆိုအပ်ပါသည် ... >>>>>>>>>>>>>>>>>>>>>>>>>>> "ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) |
ကောလင်းမြို့တွင် ကြက်ခြေပြာသင်တန်းဖွင့်.... >>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ” Posted: 25 Aug 2013 06:00 PM PDT ကောလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှကြီှးမှူးဖွင့်လှစ်သည့် အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်း(ကြက်ခြေပြာ) ဖွင့်ပွဲအခမ်းအနားကို(၂၅.၈.၂၀၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်ကကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဇာတိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ တ.စ.ညပါတီမှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်မြင့်၊ မြို့န်ာအထွေထွေအုပ်ချုပ်ရေးမှူးဦးအေးလွင်၊ ရဲမှူးဦးညွန့်ဇော်၊ပြည်ခိုင်ဖြိုးမှမြို့နယ် အမှုဆောင်များဖြစ်သည့်ဦးကျော်သန်း၊ဦးခင်မောင်တိုး၊ဦးထွန်းမင်း၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား(၄၁)ဦးတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှမြို့နယ်ဦးစီးဌာနမှူး ဒေါက်တာဦးတင်ဝင်းရွှေတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ကောလင်း.....ကိုကိုထွန်း tunminaung13@gmail.com >>>>>>>>>>>>>>>>>>>>>>>>>>>>>> "ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) |
Posted: 25 Aug 2013 05:30 PM PDT မင်္ဂလာမနက်ခင်းပါ။ အချိန်တွေကလည်း တစ်ခုခုကို စောင့်စားနေရင်သာ ကြာတယ်ထင်ရတာပါ။ အမှုမဲ့ အမှတ်မဲ့ဖြတ်သန်းလို့ကတော့ တစ်ရက်၊ တစ်လ၊ တစ်နှစ်ဆိုတာ ခဏလေးလိုပါပဲ။ လက်ရှိကိုယ်ဝတ်ဆင်ထားရတဲ့ လူနေမှုဘဝပုံစံဝတ်စုံကိုရော မိတ်ဆွေကြိုက်ပါရဲ့လား။ ဝတ်ရတာ အဆင်ပြေပြေ သက်တောင့်သက်သာရော ရှိရဲ့လား။ ကျွန်တော် တွေးနေမိတာလေးပါ... မိတ်ဆွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် မိတ်ဆွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် မိတ်ဆွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပိမိတ်ဆွေကလည်း စိတ်ဝင်စားရူးသွပ်ပြီး အောင်လည်းအောင်မြင်တယ်ဆိ ဘုရားပေးတဲ့ ဆုဖြစ်ပါတယ်။ စာဖတ်သူက ငယ်ရွယ်သူတစ်ယောက်ဖြစ်ေ ၂၅၊ ၈၊ ၂၀၁၃ Facebook >>> အမှတ်တရ မိုင်တိုင်များ |
အမေ သို့ ...။ ဘ၀ခရီးသည် ...။ By အောင်ခိုင်မြင့်(sa.lay) >>>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ” Posted: 25 Aug 2013 05:00 PM PDT အမေ သို့  ။။။။။။။။။။။။။။။။။ အူဝဲဆိုတဲ့အသံ ကြားကတည်းက နာကျင်မှုကို အမှုမထား ချိုသာရွှင်ပြ. အပြုံးမျက်နှာ အားမာန်အပြည့်နဲ့  နို့ ချိုတိုက်ကျွေး နွေးထွေးရင်ခွင်နဲ့ ထွေးပွေ့ ထားတဲ့အမေ ကျောင်းနေအရွယ် ထမင်းချိုင့်လာပို့  ပင်ပန်းမှုကိုအမှုမထား"သား"မျက်နှာမြင် အမောတွေ ပျောက်ခဲ့တဲ့အမေ.... တစ်ခါတလေ. အမေ ဖျားလို့  ချောင်းသံတွေ ကြားက ကျောင်းမှန်မှန်သွား သား တဲ့ အမေ့ရှေ့ မှာ ဟုတ်ကဲ့ ဆိုပြီး ကျောင်းကိုမရောက် ဘောလုံးကွင်း ရောက်ခဲ့တဲ့သားကို အမေသိတော့ မျက်ရည်စို့ လျက် မရိုက်နှက်ပဲ အမေ့စကားနာထောင်ပါသားရယ်တဲ့..... အချိန်တန်လို့  အရွယ်ရောက်သော် ၀မ်းတထွာ အတွက် နေရပ်စွန့် မယ့် သားကို တစ်နယ်တစ်ကျေးမှာ လိမ်လိမ်မာမာနေပါ သား ရယ်တဲ့.... အမေ့ မှာစကား နားမှာကြား အမေ့ကို ရည်မှန်းဦးခိုက်ကန်တော့ရင်း အမေကျန်းမာဖို့  အဝေးမှ သား ဆုတောင်းလိုက်ပါတယ် အမေ... .. အောင်ခိုင်မြင့်(sa.lay) (09403706975) >>>>>>>>>>>>>>>>>>>>>> ဘ၀ခရီးသည် ... ။။။။။။။။။။။။။။။။။။။ ဆေးလိပ်တို လက်ကြားညှပ် အတွေးတွေနဲ့  ကမ္ဘာကြီးကိုထိုင်ငေး ငယ်ဘ၀နဲ့ လဲ ဝေးခဲ့ပြီ 25 ခါသင်္ကြန်ကျခဲ့ပေမယ့် ဘ၀စစ်စစ်နဲ့  လူမဖြစ်ရသေးဘူး ... အကြိမ်ကြိမ်ကြဲချခဲ့တာတောင် တစ်ပင်မှပေါက်မလာတဲ့ မျိုးစေ့တွေ အတွက်ဘယ်သူ့ ကိုအပြစ်တင်ရမလဲ တစ်ခါတလေ ပျော်ရွှင်မူ၊စာနာမှု၊နွေးထွေး မှု၊နှစ်သိမ့်မှု တွေကို တောင့်တတိုင်း ဆန္ဒတွေဟာ ချောင်ကုပ်ကုပ်အခန်းငယ် ထဲ သော့ခတ်ခံခဲ့ရတယ် ဦးနှောက်မှာဗဟုသုတကနည်း ၀မ်းဗိုက်မှာအဟာရကနည်း အိတ်ကပ်မှာ ဘောဂဗေဒကနည်း ရင်ထဲမှာမျှော်လင့်ချက်တွေကနည်း ချို့ တဲ့နေတဲ့ ခန္ဒာကိုယ်ကိုထမ်းပိုးလို့  ဘ၀လမ်းဆက်လျှောက်ရင်း သောကတွေ အနည်မထိုင်သရွေ့  ပျော်ရွှင်မှုဆိုတာ အိပ်မက်ထဲတောင်အလည် မလာတာ ကြာခဲ့ပြီ..... အောင်ခိုင်မြင့်(sa.lay) >>>>>>>>>>>>>>>>>>>>>>>>>>>> "ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ"သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) |
You are subscribed to email updates from HWH ဥုံ For Android / Windows To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
0 comments:
Post a Comment