Saturday, August 29, 2015

အခွင့်အရေးသမားများကို သတိထားကြပါ

0 comments
ကျနော်သည် ဟားခါးသားစစ်စစ်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ တစ်လလုံးရွာသွန်းသော မိုးကြောင့် တစ်မြို့လုံး ပျက်စီးသွားပါပြီ၊ တချို့က ငလျှင်၊ တချို့က မိုးရေ စသည်ဖြင့်အမျိုးမျိုး ထင်ကြေးပေးနေကြသည်။ အိမ်ခြေ ထောင်ချီပျက်စီးပြီး အများသူငါ အတိဒုက္ခရောက်ကြသည်။ ထိုစဉ် Hakha Rescue Committee ကို ဖွဲ့စည်းပြီး ကော်မတီဝင်တို့သည် မိမိနှင့် သွေးသားတော်စပ်သူကို ထည့်ကြသည်။ အလှူငွေ စားနပ်ရိက္ခာ ခွဲဝေသည့်အခါတွင်လည်း နီးစပ်ရာကို တိုးတိုးတိတ်တိတ် ပေးကြသည်။
အခု သြဂုတ်လကုန်တွင် HRC အကြီးအကဲပိုင်း အနားယူမည်ဟုသိရသည်။ မည်သည့်အကြောင်းပြချက်ကြောင့် အနားယူမည်ကို မသိရသော်လည်း ကော်မတီင်္ဝင် တစ်ဦးကမူ ရရှိသည့် ငွေများဖြင့် စီးပွါးရေးလုပ်ငန်းများ စတင်မည်ဟု သိရသည်။ သူများ မျက်ရည်ကျနေတဲ့အချိန်မှာ အခွင့်အရေးယူတဲ့လူတွေလည်း ရှိသေးကြောင်းပါခင်ဗျား။ ဒီစာကို ဖေ့ဘုတ်ပေါ်မှာလည်း တင်ပေးကြပါ။ ကျနော် ဖေ့ဘုတ်မသုံးတတ်သေးလို့ပါ။